Chapter – 100 အဆုံးသတ်
ချန်ရှန် မရဏနဂါးတောင်ကမ်းပါးမှာ ဂူတစ်ခုကို တွေ့ မိ လိုက်တယ် ။ ထို့နောက်မှာတော့ သူ၏ ချီဓာတ် ဆေး ၄ လုံးကို ထုတ်သောက်လိုက်ပြီး ဆေးအာနိသင် ကြောင့် ချီဓာတ်များစွာကို အစာချေဖျက်နိုင်လိုက်ပါတယ်။
ဒီအချိန်မှာ သူလုပ်ဖို့လိုအပ်နေတာကတော့ ယခု ချီ ဓာတ်များစွာအား ကောင်းစွာ ဖိနှိပ်ကာ နတ်သားရဲများ ပုံ ဆောင်ခဲတို့ထံသို့ ပို့လွှတ်ရမှာဖြစ်ပါတယ် ။ ထိုမှသာ ထို သားရဲ ပုံရိပ်များမှာ ပိုမို ပီပြင်လာမှာပဲ ဖြစ်ပါတယ် ။ သူ့မှာ ယင် နဲ့ ယန် နတ်အတွင်းအားသွေးကြောများရှိပြီး ထိုက်ကျိ နတ်အတွင်းအား ကျင့်စဉ်တို့ကြောင့် ချီဓာတ်များစွာကို လျင်မြန်စွာ သန့်စင်နိုင်ပါတယ် ။ တချိန်တည်းမှာပင် သူ့ ၀န်းကျင်မှာရှိတယ့် ဝိဉာဉ်တော်ချီဓာတ်များကိုလည်း စုပ် ယူ နိုင်နေပါသေးတယ် ။
ချန်ရှန်ဟာ ယခု ချီဓာတ်များကို သန့်စင်နေရုံသာမက တချိန်တည်းမှာပင် များစွာသော ချီဓာတ်များကို အသုံးပြု ကာ သူ၏ ကိုယ်အတွင်းရှိ အရိုးများအား ကြံ့ခိုင်အောင် လုပ်နေပါတယ် ။ ထိုကဲ့သို့ များစွာသော ချီဓာတ်များကို သူ၏ ကိုယ်နှင့်ပေါင်းစပ်ကာ ခန္ဓာကိုယ်အား ကြံ့ခိုင်ဖွံ့ဖြိုး လာစေတာပါ ။
လေးရက်ခန့်ကြာပြီးနောက်မှာတော့ ချန်ရှန်၏ ကိုယ်မှ ရုတ်တရက် အရောင်ကိုယ်စီရှိတယ့် အခိုးအငွေ့ လေးခု ထွက်ပေါ်လာတယ် ။ အငွေ့ များဟာ ရေနွေးငွေ့ များလိုပင် ပျံ့ လွင့်လျက် ချန်ရှန်၏ ကိုယ်မှ စွမ်းအားကြီး ချီဓာတ်များ ဟာ ရုတ်တရက် ထွက်ပေါ်နေပါတယ် ။
ချန်ရှန်ဟာ သားရဲလေးကောင်၏ ပုံစံကို ထောင့်လေး ထောင့်တွင် ပီပြင်စွာ ဖော်ဆောင်နိုင်လိုက်ပြီပဲ ဖြစ်ပါတယ် ၊ အသက်ဝင်လွန်းစွာ ပေါ်ထွက်လာတာလည်း ဖြစ်တယ် ။
သူဟာ သူ၏ ထိုက်ကျိ ယင် နဲ့ ယန် ပုံသေချပ်အတွင်း မှ အရာတစ်ခုကဲ့သို့ သူ့ကိုယ်သူ စီးမျောနစ်ဝင်ကြည့်ကာ တချိန်တည်းမှာ သူဟာ ယင်နဲ့ယန် ပုံသေချပ်၏ အလယ် တွင် ထိုင်လျက် ရှိနေပါတယ် ။ သူဟာ စကြာဝဠာ၏ အ လယ် ဗဟိုကို ရောက်ရှိနေသလိုဖြစ်ကာ သားရဲလေး ကောင်မှာလည်း အရပ်လေးမျက်နှာ မှ တောက်ပလျက် ရှိ နေကြပါတယ် ။ အရမ်းကို မှော်ဆန်ကာ အံ့အားသင့်ဖွယ် ပဲ ဖြစ်ပါတယ် ။
အရှေ့ ဘက်မှာတော့ မိုးပြာရောင် အလင်းတန်းဟာ တောက်ပလျက်ရှိပြီး မိုးပြာရောင်နဂါးဟာ ပါးစပ်ကြီးကို ဟ ကာ သူ၏ လက်သည်းများအား လှုပ်ရမ်းနေပါတယ် ။
တောင်ဖက်မှာတော့ ကြီးမားလှတဲ့ အနီရောင် ငှက်ကြီး ဟာ တစ်ကိုယ်လုံးမှ မီးလျှံများ ထွက်လျက် တောက် လောင်နေပြီး ဒါဟာ အနီရင့်ရောင် ငှက်ကြီးပဲ ဖြစ်ပါတယ် ။
အနောက်အရပ်မှာတော့ အဖြူရောင်အလင်းတန်းကြီး ဟာ တောက်ပနေပြီး ကြောက်စရာကောင်းလှကာ မှော် ဆန်လှတဲ့ အဖြူရောင်ကျားကြီး ရှိနေပါတယ် ။
မြောက်အရပ်တွင် ကြီးမားလှသော နဂါးကြီးနှင့် လိပ် ကြီးဟာ ပေါင်းစပ်နေသယောင်ပုံစံရှိပြီး ၎င်းကတော့ အမည်းရောင် လိပ်ကြီး ပဲ ဖြစ်ပါတော့တယ် ။
ယင် နဲ့ ယန် တို့ဟာ စကြာဝဠာကြီးကို ကိုယ်စားပြုပါ တယ် ။ ဒီကမ္ဘာကြီးကိုတော့ ၎င်း သားရဲလေးကောင် က အရပ်လေးမျက်နာမှ စောင့်ရှောက်လျက်ရှိနေပါတယ် ။
ချန်ရှန်ဟာ ထိုက်ကျိ ယင်နဲ့ယန် ပုံသေချပ် ၏ အခရာ ဖြစ်ပြီး ဒီရှေးကျလှတယ့် နတ်သားရဲကောင်များဟာ သူ၏ ကျင့်စဉ်များကြောင့် ဖြစ်ပေါ်နေခြင်းပါပဲ ။
ထိုက်ကျိ နတ်အတွင်းအား ကျင့်စဉ် နဲ့ နတ်အတွင်း အား သင်္ကေတ လေးခုတို့ဟာ သူ၏ ယင် နဲ့ ယန် နတ်အ တွင်းအားသွေးကြောများဖြင့် ပေါင်းစပ်လိုက်တဲ့အခါမှာ တော့ ပိုမိုစွမ်းအားကြီးလာတယ် ဆိုတာကို ချန်ရှန်တစ် ယောက် သိခဲ့ပါပြီ ။ သူဟာ ပုံမှန်မဟုတ်တဲ့ သိုင်းပညာခရီး လမ်းကို ရောက်နေသလို ခံစားရကာ သူသာ ဒီ သားရဲ လေးကောင် ၏ စွမ်းအင်များကို ပြည့်ဝစွာ အသုံးပြုနိုင်ပါက ကမ္ဘာကြီးကိုတောင် ခြယ်လှယ်နိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ် ။
“မြေကြီးဓာတ် နတ်ဆင် ပဲ ကျန်တော့တယ်”
ချန်ရှန် ချီဒြပ်စင်ဆေး၏ အစွမ်းကို တော်တော် အံ့သြ သွားတယ် ။ ၎င်းဟာ ချီဓာတ်ဆေးထက် အဆင့် ၂ ခုမျှသာ မြင့်သော်လည်း တော်တော် ကွာခြားလှတယ် ။
ချန်ရှန် သူ၏ ချီဓာတ်ဆေးများအားလုံးကို ထုတ်လိုက် တယ် ။ ထို့နောက် အစာတစ်ခုစားပြီးချိန်မှာပဲ အားလုံးကို ပါးစပ်ထဲထည့်ဝါးလိုက်ပါတော့တယ် ။ တချိန်တည်းမှာပင် နတ်အတွင်းအား ကျင့်စဉ်များကို ကျင့်ပြီး ၎င်းတို့အား သန့် စင်နေပါတယ် ။ ကံကောင်းတာကတော့ သူချီဓာတ်ဆေး များ အားလုံး မျိုချနေချိန်မှာ တစ်စုံတစ်ယောက်မှ မမြင် လိုက်မိတာပါ ။ ဒီလိုမှ မဟုတ်ရင် မြင်လိုက်သူ ကိုယ့်ကို ကိုယ်ပင် သတ်သေသွားလောက်ပါတယ် ။
ချန်ရှန်လို ကျွမ်းကျင်လှပြီး ပါရမီရှိလှတယ့် ဆေးပညာ ရှင်မို့လို့သာ ဒီလို ဆေးများစွာကို မြိုချရဲတာပါ ။
ချန်ရှန် သူ၏ အလယ်ဗဟိုမှာ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ သလို ခံစားလိုက်ရတယ် ။ ယခုလိုအပ်တယ့် ချီဓာတ်ဟာ အရင်သားရဲများလုပ်တုန်းက လိုအပ်တယ့် ချီဓာတ်များ ထက် များစွာ လိုအပ်ပါတယ် ။ ထိုက်ကျိပုံသေချပ် အ လယ်မှာ ဝါးတားတားသားရဲပုံတစ်ခုဟာ ရွှေရောင်အခိုး များ ရစ်ပတ်လျက် ပေါ်နေတာကို မြင်တွေ့ နိုင်ပါတယ် ။
၂ ရက်ကြာပြီးနောက်မှာတော့ ရွှေရောင်ချီဓာတ်တစ်ခု ဟာ ချန်ရှန်၏ ကိုယ်မှ ထွက်ပေါ်လာပြီး အရောင်မရှိတဲ့ ချီ ဓာတ်များဟာလည်း သူ့အ၀တ်များကိုဖောက်ထွက်နေပါ တယ် ။ သူ၏ကြွက်သားများဟာလည်း ဖောင်းတက်လာပြီး အရမ်းကို ကြောက်စရာကောင်းနေပါတော့တယ် ။
သူ၏ ကိုယ်အရောင်ဟာ ခပ်မြန်မြန်ပဲ ပြောင်းလဲနေ တယ် ။ သူ ၏ ချွေးပေါက်များမှ မီးခိုရောင် အချွဲများ ထွက် ကာ သူ၏ ကြွက်သားများဟာလည်း တောင့်တင်းနေပါ တော့တယ် ။
ပေါက်ကွဲသံတစ်ခု သူ၏ စိတ်ထဲ ဖြစ်ပေါ်သွားပြီး ဒီ အချိန်မှာပဲ ကြောက်စရာကောင်းပြီး ကြီးမားလှတဲ့ စွမ်းအင် တစ်ခု သူ၏ခြေလက်များ အရိုးများ သို့ ၀င်ရောက်သွား သလို ခံစား လိုက်ရပါတယ် ။ သူ၏ စိတ်တွင်းမှာတော့ နတ် သားရဲ ၅ ကောင်၏ အော်သံများ မြည်ဟည်းနေပြီး ၎င်းတို့ အော်သံများဟာ ကျယ်လောင်ပြီး စွမ်းအားပြည့်ဝလျက် ရှိ နေတယ် ။
ချန်ရှန် သူ၏ မျက်လုံးများကို ဖွင့်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်တယ် ။ သူ၏ မျက်နာမှာလည်း ပျော်ရွှင် နေပုံပေါ်ပါတယ် ။ အဘယ်ကြောင့်ဆိုသော နောက်ဆုံး တော့ သူဟာ အဆင့် ၁၀ သိုင်းပညာနယ်ပယ်ကို ၀င်နိုင်ခဲ့ ပြီပဲ ဖြစ်ပါတယ် ။ အဆုံးသတ်မှာတော့ စစ်မှန်သော သိုင်း ပညာနယ်ပယ်ကို သာ ၀င်ရောက်နိုင်ဖို့ပဲ ကျန်ပါတော့ တယ် ။
ကြီးမားလှတယ့် ဆင်ကြီး သူ၏စွမ်းအင်သိုလှောင်ရာ ရဲ့ ထိုက်ကျိ ပုံသေချပ်ပေါ်မှာ တည်ရှိနေတာကို ကြည့်ရင်း ချန်ရှန် ပြုံးမိပါတယ် ။ နတ်သားရဲငါးကောင်၏ ပုံစံကို သူ၏ စွမ်းအင်သိုလှောင်ရာတွင် အောင်မြင်စွာ လုပ်နိုင်လိုက်ပြီ ပဲ ဖြစ်ပါတယ် ။ ၎င်းတို့ပုံစံ အသေးစိတ်ကိုပင် ရှင်းလင်းစွာ မြင်နိုင်နေတယ် ။ ထိုက်ကျိပုံသေချပ်ဟာလည်း ဖြည်း ညင်းစွာပင် လည်ပတ်နေပြီး ကောင်းကင်နဲ့မြေကြီးကြားမှ ဝိဉာဉ်တော် ချီဓာတ်များကို ဆွဲငင်နေပါတော့တယ် ။
“စစ်မှန်သော သိုင်းပညာနယ်ပယ် ၊ အဲလိုလူတွေနဲ့ တောင် ရင်ဆိုရဲတယ်ကွ”
ချန်ရှန် လက်သီး တင်းတင်း ဆုပ်ကာ မကြာသေးမီ အ ချိန်က မိန်းမ ၂ ယောက်ကို သတိရသွားတယ် ။ ဒေါသတွေ သာ ဖြစ်လို့ လာပါတော့တယ် ။
“မင်း အဆင့် ၁၀ ရောက်ပြီး တကယ်ကို စွမ်းအားကြီး လာပေမယ့် စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်က ပညာရှင် တွေကို နိုင်ရမယ်ဆိုတဲ့ အခွင့်အလမ်းကတော့ မရှိသေးပေ ဘူး ၊ မင်းမှာ စွမ်းအင် ပြည့်ဝတဲ့ ဝိဉာဉ်တော် လက်နက် တစ်ခု ရှိမယ် ဆိုရင်တော့ မင်း အလစ်သုတ်တိုက်ပြီး နိုင် ကောင်း နိုင်နိုင်လိမ့်မယ်”
စုမေးယိုက ပြောတာပါ ။ ချန်ရှန် ၏ စိတ်ထဲ ယခု အချိန်တွင် ဖြစ်ပေါ်နေမည့် ခံစားချက်ကို ရိပ်မိသဖြင့် စုမေး ယို က ပြောလိုက်တာပါပဲ ။ ဒါပေမယ့် သူမဟာ ချန်ရှန် နှင့် စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင်များ၏ ကွာခြား ချက်ကို သိနေပါတယ် ။
စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င်ရောက်ပြီးပါက သိုင်းပညာရှင်များဟာ တဖန်ပြန်လည်မွေးဖွား လိုက်သလို ဖြစ်သွားကာ သာမန်ချီဓာတ်များကို စွန့်ထုတ်လိုက်သဖြင့် နှစ်ပေါင်း ၁၀၀၀ လောက်ကို အသက်ရှင်နိုင်မှာပါ ။ ဒါ့အ ပြင် မော်တယ်အဆင့် သိုင်းပညာရှင်များမှာ ၎င်းတို့ကို ဆန့် ကျင်ဖို့ဆိုတာ မဖြစ်နိုင်သလိုပါပဲ ။
ချန်ရှန်လည်း ခေါင်းကို ညိမ့်ကာ ၀တ်ရုံဝတ်လိုက်ကာ ဂူတွင်းမှ ခုန် ချလိုက်ပါတယ် ။ ထို့နောက်မှာတော့ မြေပုံ အတိုင်းပဲ ကောင်းကင်နဂါး ရတနာသိုက်ရှိရာသို့ လျှောက် သွားပါတော့တယ် ။
မြေပုံဟာ အတော်ကို အသေးစိတ်ကျလှပါတယ် ။ မကြာခင်မှာပဲ ပျောက်ကွယ်နေတယ့် ရတနာသိုက်ကို မှတ် ထားသော နေရာသို့ ရောက်နိုင်တော့မှာပါ ။ ၎င်းဟာ နက် ရှိုင်းလှသာချောက်ကြီး တစ်ခု ဖြစ်ပြီး ထိုအ၀င်ဝမှာတော့ လူထောင်ပေါင်းများစွာဟာ စုရုံးရောက်ရှိနေကြတယ် ။ ထို လူများထဲမှ လူတော်တော်များများ၏ လက်ထဲမှာ မြေပုံလို့ ယူဆရသော စာရွက်ပြားများကို ကိုင်ထားကြတယ် ။ ဒီမြေ ပုံဟာ ဘယ်လိုကြောင့် ပြန့်နှံ့သွားတယ်ဆိုတာကို ချန်ရှန် နားမလည် နိုင်ဖြစ်နေတယ် ။
လူအုပ်ကြီးထဲ ရောနှောရင်း ချန်ရှန်ဟာ ကြီးမားလှတဲ့ ချောက်ကမ်းပါးကြီးကို မြင်နေရတယ် ။ သူ့ကို အံ့အားသင့် သွားစေတယ့် အရာကတော့ ထို ချောက်ကြီး၏ အလယ် တွင် အနီးရောင်အငွေ့ တစ်ခု လင်းလက်နေတာပါပဲ ။ တစ်ခါတရံ အနီရောင်အလင်းတန်းများဟာ တစ်ခုပြီးတစ်ခု လင်းလက်နေပြီး ပူပြင်းပြီး အားကောင်းလှတဲ့ ချီလှိုင်းများ ဟာ လည်း ထွက်ပေါ်နေတယ် ။ ဒီအချိန်မှာပဲ ရတနာ သိုက် ဟာ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှာ ရှိနိုင်တယ်ဆိုတာ ချန်ရှန် အသေချာ သိလိုက်ပါတယ် ။ အဆိုပါ ကြီးမားလှ သော ချောက်ကမ်းပါးကြီးမှာ ရှိနေတယ့် အနီရောင် အငွေ့ ဟာ ၀င်ပေါက် ဖြစ်နိုင်ပါတယ် ။
ချန်ရှန်ဟာ မကြာခင်မှာပဲ ၀င်ပေါက်နားမှာ အလွန် အင်အားကြီးလှတယ့် အနှောက်အယှက်တစ်ခုကို တွေ့ လိုက်ရတယ် ။ စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်မှ သိုင်းပညာ ရှင်တို့ ချဉ်းကပ်ရန် ကြိုးစားကြပြီး ၎င်းတို့ဟာ ထိလိုက်တာ နဲ့ ကြီးမားလှသော စွမ်းအားကြောင့် ပြန်ကန်ထွက်လာ ကြ တယ် ။ ပြင်းပြင်းထန်ထန်ကြိုးစားပါက အဆိုပါအားကြောင့် တစစီဖြစ်သွားမှာပဲ ဖြစ်ပါတယ် ။
ဒီသတင်းတွေကို သိပြီးနောက်မှာတော့ ချန်ရှန် ကျေ နပ် သွားမိတယ် ။ ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်ကို ဖြတ် ခနဲ တွေ့ လိုက်ရတာဖြစ်ပြီး ၎င်းကတော့ သူ၏ ရန်သူတော် ကောင်မလေးပဲ ဖြစ်ပါတယ် ။
ကောင်မလေးဟာ စစ်မှန်သောသိုင်းပညာနယ်ပယ် ရဲ့ အောက်မှာ ရှိနေပြီး သူမ၏ ဆရာမ က သာ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ဖြစ်ပါတယ် ။ ဒါကြောင့်ပဲ သူမဆရာ ဟာ ရတနာလာရှာတာ ဖြစ်နိုင်ပြီး ကောင်မလေးကို လွယ် ကူစွာ ရှာတွေ့ ကာ သတ်နိုင်တော့မှာပါ ။
ချန်ရှန်လည်း အချိန်မဆွဲနေတော့ပါ ။ ခပ်လှမ်းလှမ်း မှာတော့ လူများစွာထိုင်လျက် ရှိနေပြီး အများစုကတော့ လူငယ်တွေပါ ။ မိုးပြာရောင် ၀တ်ရုံဝတ်ကောင်မလေး ဘေး မှာတော့ ကောင်လေးများစွာ ရှိနေပြီး လမင်းကြီး ဘေးမှာ ရှိနေတယ့် ကြယ်လေးများလိုပါပဲ ။
ချန်ရှန်ဟာ ခပ်လှမ်းလှမ်းမှာ ရှိနေပြီး သူမ၏ မျက်နာ သိပ်မကောင်းလှတာကို တွေ့ လိုက်ရပါတယ် ။ အဘယ် ကြောင့် ဆိုသော် သူမ၏ သားရဲကောင်အား အသတ်ခံ လိုက်ရပြီး ချန်ရှန်အား မည်သို့မျှ မလုပ်နိုင်လိုက်သဖြင့် စိတ် ဆင်းရဲ နေပုံပါပဲ ။
ကောင်မလေး လူအုပ်ကြားထဲကို ကြည့်ရင်း ချန်ရှန်၏ မျက်နာကို မြင်လိုက်ရတယ့် အခါ သွေးမရှိတော့သလို ဖြစ် သွားပါတယ် ။ တော်တော်လည်း အံ့အားသင့်သွားပေမယ့် သူမကို သတ်နိုင်လိမ့်မယ်လို့ တော့ မထင်မိပါချေ ။ ဒါ့အ ပြင် ချန်ရှန်ဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်ဆိုတာကိုလည်း သိနေပါ တယ် ။
“အကိုတော် မောင်တော် တို့ ၊ ကျွန်မရဲ့ သားရဲကို သတ်တာ အဲဒိလူပဲ ။ သူဟာ နည်းနည်း အစွမ်းထက်ပေ မယ့် ကျွန်မဆရာရဲ့ ရိုက်ချက်ကို ခံထားရတဲ့ အတွက် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေမှာပဲ ။ သူ့ကို ဖမ်း ပေးကြပါ ။ ကျွန်မ သူ့ကို တစ်စစီ လုပ်ပစ်ချင်တယ်”
ကောင်မလေးဟာ ချန်ရှန်ကို ရက်စက်တဲ့ အကြည့်နဲ့ ကြည့်ရင်း ပြောလိုက်ပါတော့တယ် . . . ။