Switch Mode

Chapter – 99

စွမ်းအားကြီးရန်သူ

Chapter – 99 စွမ်းအားကြီးရန်သူ

ကောင်မလေးဟာ သွေးများစွာ ပန်းထွက်လာတာ ကိုမြင်တဲ့အခါမှာတော့ ကြောင်သွားတယ် ။ တဖက်မှာ လည်း ခြင်္သေ့ကြီးဟာ နောက်ဆုံးထွက်သက်အဖြစ် အသံ ကျယ်ကြီး အော်မြည်ကာဖြင့် လဲကျသွားတာကြောင့် ကောင်မလေး တော်တော် အံ့အားသင့်သွားပါတယ် ။
“သေတော့”
ချန်ရှန်၏ လျှပ်စီးလို လျင်ပြန်လှသော လက်သီးဟာ ကျားခေါင်းကြီးအသွင်ပြောင်းသွားကာဖြင့် ပြေးဝင်သွားပါ တော့တယ် ။ အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များဟာ သူ၏ တစ်ကိုယ်လုံးမှာ ဖုံးလွှမ်းနေပြီး ပြင်းထန်လှသော လက်သီးဟာ ခြင်္သေ့ကြီး၏ ခေါင်းအား ထိမှန်ကာ ကျယ် လောင်လှသော အသံကြီး မြည်ဟည်းကာဖြင့် မြေကြီးများ ပင် တုန်လှုပ်သွားပါတော့တယ် ။
အဖြူရောင်ကျား နတ်လက်သီး ဟာ အဆုံးမရှိတဲ့ ချီဓာတ်များကို သယ်ဆောင်ကာ အလွန်ပြင်းထန်လှသဖြင့် ယခုအခါမှာတော့ ခြင်္သေ့ကြီးဟာ သေဆုံးသွားပြီပဲ ဖြစ်ပါ တယ် ။
ချန်ရှန်ဟာ မီးတောက်များ ထုတ်လွှတ်ကာ အသေ ကောင်အား ရှို့ ရင်း မိုးပြာရောင် ၀တ်စုံဝတ် ကောင်မလေး အား ကြည့်လိုက်တယ် ။
ခြင်္သေ့ကြီး သေဆုံးသွားပြီးနောက်မှာတော့ ကောင်မ လေး၏ အမူအရာ ပြောင်းသွားပါတယ် ။
“ရှင် ဘယ်လို လုပ်လိုက်တာလဲ”
“သားရဲကောင်ကြီးကို သတ်လိုက်တာလေ”
ချန်ရှန် ခပ်အေးအေးပဲ ပြန်ဖြေလိုက်တယ် ။
“မင်းတို့သားရဲဂိုဏ်းဟာ ပြင်းထန်သောသိုင်းပညာ စီ ရင်စု အတွင်းမှာ ဒီလိုတွေလုပ်နေတာကို ငါဂိုဏ်းကို သတင်း ပို့ရလိ့မ်မယ်”
“ရှင်က ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ နောက် လိုက် ဂိုဏ်းသားတစ်ယောက်လား”
ကောင်မလေး၏ မျက်ခုံးများ မြင့်တက်သွားပြီး မေး ပါ တယ် ။
“ဟုတ်တယ်”
“ကျွန်မရဲ့ မဲလုံးလေးက လူနည်းနည်းပဲ စားရသေးတာ ကို ရှင်တို့ဂိုဏ်းက နှောက်ယှက်တယ် ပေါ့ ၊ ကျွန်မတို့ အ တွက် ဒီလိုအရာတွေက ဖြစ်နေကျပဲ ။ သာမန်လူ ၁၀၀၀၀ နဲ့တောင် ကျွန်မရဲ့ မဲလုံးနဲ့ မနှိုင်းယှဉ်နိုင်ဘူး ။ ရှင်ကတော့ ဒီလို လူသေကောင်တွေအတွက် ကျွန်မရဲ့ အကောင်လေး ကို တကယ် သတ်ပစ်တယ် ။ ကျွန် . . . ကျွန်မ ရှင့်ကို သတ်မယ်”
ကောင်မလေးဟာ ဒေါသအပြည့်ဖြင့်ပြောကာ သူမ၏ တစ်ကိုယ်လုံးဟာ တုန်နေလျက်ရှိတယ် ။
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားတယ် ။ အံ့သြစရာ ကောင်းစွာပဲ ဒီိဂိုဏ်းဟာ ဒီလိုအရာတွေ မကြာခဏ လုပ် တယ်တဲ့ ၊ သူ့ဒေါသကို ပိုမို ဆွပေးလိုက်သလိုပါပဲ ။
“ဟဟ ၊ မင်း ဒီဟာ ပြင်းထန်သော သိုင်းပညာစီရင်စု ဆိုတာ မသိဘူးလား ၊ ငါသာ ဂိုဏ်းကို သတင်းပို့ရင် မင်းတို့ ဂိုဏ်း ဘာဖြစ်သွားမလဲ စောင့်ကြည့်လိုက်ပေါ့”
ချန်ရှန် ပြောလိုက်တယ် ။
“မင်း မပြန် နိုင်တော့ပါဘူး”
ခပ်ဝေးဝေးမှ အက်ကွဲကွဲ အသံတစ်ခု ထွက်လာတယ် ၊ အရိပ်မည်းတစ်ခု ဖြတ်ခနဲပြေးသွားကာ ကောင်မလေး၏ အရှေ့ မှာ ပေါ်လာပါတယ် ။ သက်လတ်ပိုင်းအရွယ် အမျိုး သမီး တစ်ယောက်ဖြစ်ပြီး အမည်းရောင် ၀တ်ရုံကို ၀တ်ဆင် ထားတယ် ။
စစ်မှန်သော သိုင်းပညာနယ်ပယ်က ပညာရှင်တစ် ယောက်ပဲ ၊ ချန်ရှန် လက်သီး ကျစ်ကျစ် ပါအောင် ဆုပ်မိ တယ် ။ ဒီလို ပညာရှင်မျိုး ဒီနားတဝိုက်ရှိနေမယ်လို့ သူ မမျှော်လင့်ခဲ့ပါဘူး ။ တချိန်တည်းမှာပဲ သူသေချာပြောနိုင် တာကတော့ ဒီမိန်းမဟာ ကောင်မလေးရဲ့ အမေ သို့မ ဟုတ် ဆရာ ဖြစ်နိုင်တယ် ဆိုတာပါပဲ ။
ချန်ရှန်ကို ပိုပြီး ကျောချမ်းစေတဲ့အရာကတော့ အနီရောင်ဦးခေါင်းခွံ ရှိတယ့် မြွေကြီးတစ်ကောင်ဟာ မိန်း မကြီး၏ လက်မှာ ရစ်ပတ်လျက် ရှိနေတာပါပဲ ။ အမည်း အရောင် အကြေးခွံရှိပြီး ခေါင်းအပြားမျိုး ဖြစ်ပါတယ် ။ ရှား ပါးတဲ့ဝိဉာဉ်တော်သားရဲတစ်ကောင်ဖြစ်ပြီး “ခြေရာခံ ဝိဉာဉ်မြွေ” လို့ ခေါ်ပါတယ် ။ ၎င်း၏ စွမ်းအားကတော့ စစ်မှန်သောသိုင်းပညာနယ်ပယ် အဆင့်လောက်ဖြစ်ပြီး ၎င်းအဆိပ်ဟာ တကယ်ကိုပဲ ကြောက်စရာကောင်းလှပါ တယ် ။
“ဆရာမ . . . ဆရာမ ၊ သူ သမီးရဲ့ မဲလုံးကို သတ် လိုက်တယ် ၊ သမီး သူ့ရဲ့ ကံကြမ္မာကို သေတာထက်ကို ဆိုးရွားစေချင်တယ် ။ သူ့အသားတွေကို တစ်စစီကို လှီး ထုတ်ပစ်လိုက်ချင်တာ”
ကောင်မလေးက ချန်ရှန်အား ကြည့်ကာ နာကျည်းစွာ ပြောပါတယ် ။
“မင်း ရဲ့ ဂိုဏ်းကို ပြန်ပြီး သတင်းပေးနိုင်ရင် ငါတို့ အတွက် အန္တရာယ်ရှိတယ် ။ ဒါပေမယ့် အခုတော့ မင်း မပြန်နိုင်တော့ပါဘူး”
ပြောပြီးပြီးချင်းမှာပဲ ထိုမိန်းမဟာ အမည်းရောင် အရိပ် အဖြစ် ပြောင်းလဲသွားကာ ချန်ရှန်၏ နောက်မှာ ပေါ်လာပြီး ပုံရိပ်တစ်ခုကို ထုတ်လိုက်တယ် ။
ထိုအချိန်မှာပဲ ၊ ချန်ရှန်ဟာ သူ၏ အတွင်း ကလီစာ များ အားလုံး စွဲကိုင်လှုပ်ရမ်းလိုက်သလိုကို ခံစားလိ်ုက်ရပြီး ပေါက်ထွက်တော့မလိုကို ဖြစ်သွားပါတယ် ။ သူ၏ ကိုယ် ဟာလည်း ကောင်မလေးဆီသို့ လွင့်ထွက်သွားကာ သွေး များစွာဟာလည်း ပါးစပ်မှ အန်ထွက်လာပါတော့တယ် ။
ကောင်မလေးဟာ သူမ၏ ဓားကို ဆွဲထုတ်ကာ ချန်ရှန် ဆီသို့ အရှိန်ပြင်းစွာ ထိုးချလိုက်တယ် ။ ချန်ရှန်၏ ရင်ဘတ် ကိုစိုက်ဝင်ကာ ထုတ်ချင်းပင် ပေါက်ထွက်သွားပါတော့ တယ် ။
ချန်ရှန် ကောင်မလေး၏ ခပ်စိမ်းစိမ်းမျက်လုံးများကို စိုက် ကြည့်နေမိတယ် ။ သူမဟာ ဓားကို ပြန်ဆွဲထုတ်လိုက် ပြီး ပြင်းထန်လှသော ကန်ချက်ဖြင့် ချန်ရှန်၏ ဗိုက်အား ကန် လိုက်ပါတယ် ။ ချန်ရှန်လည် အဝေးသို့ လွင့်ထွက်သွားပြန် ပါတော့တယ် ။
ခုနကပဲ ချန်ရှန်ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာရှင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းဖြစ်ပြီး ဒဏ် ရာ အတော် ရကာ သူ၏ အားအင်များလည်း ပျောက်ဆုံး သွားသလို ဖြစ်သွားပါတယ် ။ ဒီလိုပညာရှင်ဟာ အဆင့် ၁၀ ၏ အားထက်ပင် များစွာ သာလွန်ကြောင်း သူယခု ကောင်း ကောင်း သဘော ပေါက်သွားပါပြီ ။
ကောင်မလေးဟာ ချန်ရှန် မလှုပ်နိုင်မှန်းကို မြင်တဲ့အ ခါ သူမ၏ ဓားကို ဆွဲထုတ်ပြီး ချန်ရှန်ဆီသို့ လျှောက်လာ တယ် ။
“ရှင့်ရဲ့ အသားတွေကို တစ်စစီ လှီးထုတ်ပစ်မယ်”
အမည်းရောင်ဝတ်ရုံဝတ် မိန်းမဟာ ဒီတိုင်းသာ ရပ်နေ တယ် ။ သူမ၏ အေးစက်စက် ပုံစံကို ကြည့်ချင်းအားဖြင့် ချန်ရှန်တစ်ယောက် မလွတ်မြောက်နိုင်ဘူးဆိုတာ လုံးဝ သေ ချာ နေပါတယ် ။
ချန်ရှန် သူ့ကိုယ်သူ မုန်းတီးမိနေပါတယ် ။ သူ၏ ညံ့ဖျင်း မှု နဲ့ စွမ်းအင်များ ကုန်ဆုံးနေမှုကို မုန်းတီးနေမိပါ တယ် ။ ဒီကောင်မလေးနဲ့ ၀တ်ရုံမည်းဝတ် မိန်းမတို့ အား သူ့မျက်စိရှေ့ မှာပဲ သတ်ပစ်မယ်ဟု စိတ်ထဲက ကျိန်ဆိုနေ ပါတယ် ။
“ငါ . . . ငါ မင်းတို့ ၂ ယောက် လုံးကို မှတ်ထားတယ် ။ မင်းတို့ သေတောင် ငါ ကျေနပ်မှာမဟုတ်ဘူး”
ချန်ရှန် ရုတ်တရက် ကြုံးဝါးလိုက်ပါတယ် ။ မိန်းမကြီးမှ ချက်ချင်းပင် သူမ၏ မြွေအား ထုတ်လိုက်တယ် ။ ဒါပေမယ့် ၎င်း မရောက်ခင်မှာပင် ချန်ရှန်၏ ကိုယ်မှ ကြီးမားလှသော ရေနံရံကြီး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပါတယ် ။
ချန်ရှန်ဟာ အမည်းရောင်လိပ်နတ်အတွင်းအားကျင့် စဉ်မှ ရေနံရံ တိုက်ကွက်အား အသုံးပြုလိုက်တာပဲ ဖြစ်ပါ တယ် ။ ပြင်းထန်လှသော အမည်းရောင်လိပ် ချီဓာတ်များ ဟာ များပြားလှတဲ့ ရေများအဖြစ် ပြောင်းလဲသွားကာ မြွေ လာရာ လမ်းကြောင်းကို ပိတ်ဆို့ လိုက်ပါတယ် ။
ဒီလို လုပ်ပြီးတဲ့အချိန်မှာပဲ ချန်ရှန်အောက်ရှိ မြေကြီး ဟာ ရေကန်ငယ်တစ်ခုလို ဖြစ်သွားကာ ချန်ရှန်လည်း နစ် မြုပ် ပျောက်ကွယ်သွားတယ် ။ ထို့နောက်မှာတော့ ထိုရေ များပါ ပျောက်သွားပါတော့တယ် ။
“ဆရာမ ၊ သူဘယ်လို တိုက်ကွက်ကို သုံးသွားတာလဲ ၊ သမီးတို့ ခု ဘာလုပ်ကြမလဲ”
ကောင်မလေးဟာ အံ့လည်းအံ့သြ ဒေါသလည်း ဖြစ် စွာဖြင့် မေးလိုက်ပါတယ် ။
“စိတ်အေးအေးထားပါ ။ အချိန်ကျလာရင် ငါတို့ ခုလုပ် ခဲ့တာတွေကို ငြင်းလိုက်ကြမယ် ။ ဒီကောင်လေးက အတွင်းစည်းက နောက်လိုက်လေး တစ်ယောက်ပါ ။ ငါက သားရဲဂိုဏ်းက စစ်မှန်တဲ့ အတွင်းစည်း ကဖြစ်ပြီး စစ်မှန် တဲ့ သိုင်းပညာနယ်ပယ်က ပညာရှင် တစ်ယောက်လည်း ဖြစ် တယ် ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းက ဒီလိုကောင် လေးရဲ့ စကားတွေကို ဘယ်တော့မှ ယုံကြမှာ မဟုတ်ဘူး”
မိန်းမကြီးမှ သူမ၏ မြွေအား ပြန်သိမ်းနေရင်း ခပ် လှောင် လှောင် ပြောပါတယ် ။
ချန်ရှန်ဟာ အမည်းရောင်လိပ်ကျင့်စဉ်ထဲက လွတ် မြောက်ခြင်း ရေ တိုက်ကွက်ကို သုံးသွားတာဖြစ်ပါတယ် ။ ၎င်းဟာ အရမ်းကို မှော်ဆန်လှပြီး ရုတ်တရက် ရေအိုင် လေး ဖြစ်အောင် ပြုလုပ်လိုက်တာပါ ။ တိုက်ကွက်ကို အသုံးပြုသူဟာ ရေဝဲတစ်ခုရဲ့ ခေါ်ဆောင်ရာကို လိ်ုက်သွား ကာ မြေကြီးထဲသို့ နက်နက်နဲနဲ ၀င်ရောက်လိုက်တာပဲ ဖြစ် ပါတယ် ။ ထိုမှတဆင့် အဝေးတစ်နေရာရှိ နေရာတစ်ခုကို လွတ်မြောက်မှုရှိရန်အတွက် သယ်ဆောင်ပေးလိုက်တာပဲ ဖြ စ်ပါတယ် ။
ချန်ရှန် သူ၏ အမည်းရောင် လိပ် ချီဓာတ်အားလုံးကို သုံးလိုက်ပြီး ဒီလို လုပ်နိုင်လိုက်တယ့် အတွက် သူ့ကိုသူပင် ဂုဏ်ယူမိခဲ့တယ် ။ တနည်းအားဖြင့် ယခု အခြေအနေဟာ သူ့အတွက် ဘယ်လိုမှ လွတ်မြောက်နိုင်စရာမရှိတဲ့ အခြေ အနေပါပဲ ။
ချန်ရှန် ကမ်းစပ်တစ်ခုမှာ လှဲလျောင်းနေပါတယ် ။ တစ် ကိုယ်လုံး ရွှဲရွှဲစိုလျက် ဖြူဖတ်ဖြူလျော်ကို ဖြစ်နေပါပြီ ။ သူ ဟာ နုံးချိနေပြီး ငရဲဝိဉာဉ်တော်မြက် အနည်းငယ်အား ပါး စပ်ထဲထည့် လိုက်ပါတယ် ။ လျင်မြန်စွာပင် သက်သာလာ ပြီး တခြား အားဖြည့်ဆေးများကိုလည်း သောက်လိုက်ပါ တော့တယ် ။
မကြာခင်မှာပဲ သူ၏ အားအင်တချို့ ကို ပြန်လည် ရရှိ လာပြီး သစ်ပင်တစ်ပင်ကို မှီလျက် နားနေပါတော့တယ် ။
“ခြေနေကောင်းပြီလား”
ဘိုင်ယုယု ကွင်းအတွင်းမှ ထွက်လာပြီး နူးနူးညံ့ညံ့ပဲ မေးပါတယ် ။ စုမေးယိုလည်း ထွက်လာကာ သူ၏ မျက်နာမှာ စွန်းထင်းပေကျံနေသည်များကို သုတ်ပေး ရင်း စိုးရိမ်မှုဖြင့် မေးလိုက်တယ် ။
“နောက်တစ်ခါ သေချာ ဂရုစိုက် ၊ လုပ်လိုက်ရင် အဲဒိလို ချည်းပဲ ၊ စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်က ပညာရှင်တွေ ဟာ မင်းကို လက်ချောင်းလေးတွေနဲ့ တောင် သတ်နိုင် တယ် ကွ”
ချန်ရှန် လက်သီးကို ကျစ်ကျစ် ပါအောင်ဆုပ်လျက် သူ၏မျက်နာမှာလည်း သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်လို့ နေပါတ ယ် ။
“ကျွန်တော် ဒီထက် စွမ်းအားကြီးလာရင် ဒီ အမျိုးသမီး ၂ ယောက်ကို မရရအောင်သတ်မယ်”
“မင်းမှာ ချီဒြပ်စင်ဆေး လေးလုံး ရှိတယ်မလား ၊ စား လိုက်”
ဘိုင်ယုယု က ပြောတာပါ ။
ဒီလို အလှအဂေး ၂ ယောက် သူ့ အပေါ် အစိုးရိမ်လွန် နေ တာကို ကြည့်ရင်း ချန်ရှန် ရင်ထဲ နွေးထွေးမိပါတယ် ။ နောက်ထပ် ဒီလို သူမတို့ စိုးရိမ်စရာ ဖြစ်အောင် ဘယ်တော့မှ မလုပ်တော့ဟု သူဆုံးဖြတ်လိုက်တယ် ။ ဒါ့ အပြင် သူဆိုသည်မှာလည်း သူမတို့၏ မျှော်လင့်ချက်ပင် မဟုတ်ပါလား ။
“ကျွန်တော် တောင်းပန်ပါတယ် ဗျာ ၊ သေကို သေသင့် တာပါ”
ချန်ရှန် ၀မ်းပန်းတနည်း ဆိုပါတယ် ။
“ကိစ္စမရှိပါဘူး ။ မင်းအသက်ရှင်နေသမျှ အရာအားလုံး ဟာ အေးဆေးပါ ။ နောက်တစ်ကြိမ်သာ သေချာ ဂရုစိုက် ပါ”
ဘိုင်ယုယု က ပြောတာပါ ။ သူမ၏ အသံဟာ အရင် ပြောနေကျ ရေခဲတုံးအသံနဲ့ နှိုင်းယှဉ်မယ်ဆိုပါက အရည် ပျော်နေပုံပါပဲ ။
“မင်းရဲ့ ချီဓာတ်ဆေး အလုံး ၇၀၀ နဲ့ ချီဒြပ်စင်ဆေး လေးလုံးကို စားလိုက် ၊ မင်း အဆင့် ၁၀ ကိုတောင် ရောက် နိုင်လိမ့်မယ် ။ ဒါပေမယ့်လည်း မင်း ဒီလို ပညာရှင်တွေကို ခုခံဖို့ အားအင်တွေ ရလာမယ်ဆိုရင်တောင် ခုနမိန်းမကို တိုက်ဖို့ဆိုတာ တော်တော် လိုဦးမယ်”
စုမေးယို ကပြောပါတယ် ။
ချန်ရှန် လည်း ခေါင်းညိမ့်လျက် တုန့်ပြန်လိုက်ပြီး သူ့ ကိုယ်သူ ပြန်လည် အားဖြည့်နေပါတယ် ။ အလှပဂေး ၂ ယောက်လည်း ချန်ရှန် ကြီးကြီးမားမား ဒဏ်ရာမဖြစ်တာကို ကြည့်ရင်း သက်ပြင်း ရှည်ကြီး များ ကိုယ်စီချကာ ကွင်း အ တွင်း သို့ ပြန်ဝင် သွားကြပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset