Switch Mode

Chapter – 98

ပြိုင်ဘက်ကင်းသိုင်းပညာဂိုဏ်း

Chapter – 98 ပြိုင်ဘက်ကင်းသိုင်းပညာဂိုဏ်း

ချန်ရှန်သွားဖို့ ဆုံးဖြတ်ချိန်မှာပင် သာမန် အ၀တ်အ စား ၀တ်ဆင်ထား သော မိန်းမကြီးတစ်ယောက် ရုတ်တ ရက် ပေါ်လာကာ –
“ရှောင်ဒို ၊ မင်းမျိုးနွယ်ထဲမှာ ကိစ္စတစ်ခု ဖြစ်နေတယ် ၊ မင်းပြန်လာဖို့ လိုနေပြီ”
ဒီမိန်းမကြီးကတော့ ရှောင်ဒို၏ ဆရာမ ပဲ ဖြစ်ပါတယ် ၊ စစ်မှန်သော သိုင်းပညာနယ်ပယ်က သိုင်းဆရာမကြီး ဖြစ် ပါ တော့တယ် ။
ရှောင်ဒို စိတ်မပါတပါဖြင့် ကြည့်နေတယ် ။ ဒီမိန်းမကြီး သာ အစွမ်းကြီးသူ မဟုတ်ဘူးဆိုပါက သူပြန်လိမ့်မည် မဟုတ်ပေ ။ ယခုတော့ အံကြိတ်ကာဖြင့်ပင် လိုက်ပါသွား ပြီ ဖြစ်ပါတော့တယ် ။
“အကိုတော် ချန် ၊ ဒီတစ်ချိန်တော့ ကျွန်တော့ကို သွား ခွင့်ပြုပါဦး ၊ နောက်တစ်ကြိမ်ဆိုရင် ကျွန်တော် ခင်ဗျားရဲ့ အလုပ်ကို သေချာပေါက် ကူညီပါ့မယ်”
ရှောင် ဒို ပြောခဲ့သော စကားတွေပါ ။
“ညီတော်လေး ချန် ၊ မင်းရှာတွေ့ တဲ့ အရာက စိတ်ဝင် စားစရာ ကောင်းမယ်ဆိုလည်း မင်းကိုယ်တိုင်ပဲ သွားပါ ။ ငါ့ မလိုက်တော့ပါဘူး ၊ မင်းကိုလည်း ဒီလိုလုပ်ဖို့ တောင်းဆို ချင်တယ်”
ဇုရွန်လည်း ပြောပြီးတာနဲ့ လျင်မြန်စွာပင် ထွက်သွားပါ တယ် ။ လူကောင်ကြီးနဲ့ မလိုက်အောင်ကို လျင်မြန်လှတာ ပဲ ဖြစ်ပါတယ် ။
ချန်ရှန် သက်ပြင်းတစ်ချက် ချလိုက်တယ် ။ ထို့နောက် မှာတော့ မြေပုံအား ခေါက်ကာ ဂိုဏ်းထဲမှ ထွက်လာပါ တယ် ။ ဒီဂိုဏ်းမှ တာဝန်ပေးတဲ့ အလုပ်များကို နောက် လိုက် တော်တော် များများဟာ အောင်မြင်ကြတာ များပါ တယ် ။ အချိန်ကြာချင်ကြာနိုင်ပေမယ့် အောင်မြင်ကြပါ တယ် ။
မရဏ နဂါး တောင် ဟာ ပြင်းထန်သော သိုင်းပညာ စီရင်စု နဲ့ ထိစပ်နေတယ့် နေရာ တစ်ခုပဲ ဖြစ်ပါတယ် ။ ၎င်း နေရာဟာ သားရဲသိုင်းပညာဂိုဏ်းထဲမှ စီရင်စုနဲ့ လည်း တော်တော် နီး ပါတယ် ။ ဒီစီရင်စု ဟာ သားရဲများနဲ့ ဆက် စပ်မှု ရှိကြပါတယ် ။ ၎င်းတို့ဟာ သားရဲကောင်များဖြင့် ဆက်နွယ်ကြပြီး သိုင်းစွမ်းရည်များကို သင်ကြား လေ့ကျင့် ကြတာပဲ ဖြစ်ပါတော့တယ် ။
ချန်ရှန် လျှောက်ရမယ့် ခရီးဟာ တော်တော် ဝေးပါ တယ် ။ ဒါပေမယ့်လည်း ညအချိန်တွေမှာ သူဟာ အနီရင့် ငှက်၏ တောင်ပံများကို အသုံးပြုကာဖြင့် တောင်များစွာ တောများစွာကို ဖြတ်သန်းသွားပါတော့တယ် ။
ချန်ရှန် ခရီးရှည်ကြီးအား ၁၀ ရက်လောက် နှင်ပြီးချိန် မှာ တော့ ဂွမ်လောင်မြို့ ကို ရောက်ရှိတော့မှာပါ ။ ဒီနေရာ ဟာ မရဏ နဂါးတောင်များ နဲ့ သိပ်မဝေးတော့ ပါဘူး ။ မကြာသေးမီကပဲ ဒီနေရမှာ စုဝေးနေကြတာကို တွေ့ လိုက် ရတယ် ။ ချန်ရှန်လည်း မေးမြန်ကြည့်တယ့်အခါမှာတော့ ဒီ လူအများကြီး ဒဏ္ဍာရီလာ နဂါး ရတနာသိုက်ကို ဘာကြောင့် ယုံကြည်နေကြလဲဆိုတာကို သိသွားပါတော့ တယ် ။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော တစ်လ က ဂွမ် လောင်မြို့ က လူအများအပြားဟာ ထူးဆန်းလှတယ့် အငွေ့ တစ်ခု မရဏ နဂါးတောင်ဘက်မှ ထွက်ပေါ်လာတာ ကို တွေ့ လိုက်ကြရပြီး နဂါးတစ်ကောင်၏ ဟိန်းဟောက် သံမျိုးကို ကြားလိုက်ကြရတာပဲ ဖြစ်ပါတယ် ။ ဒီလိုအရာ မျိုး ဟာ လျို့ ဝှက်ဆန်းကြယ်နယ်ပယ်၏ ၀င်ပေါက်ကို ဖွင့်ပေး တဲ့ လက္ခဏာနဲ့ တော်တော် တူနေလို့ပါပဲ ။
ဒီကိုလာပြီးတဲ့နောက်မှာတော့ ချန်ရှန်ဟာ ပြင်းထန် သော သိုင်းပညာဂိုဏ်းနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တချို့ ကို သိလိုက်ရတယ် ။ ပြိုင်ဘက်ကင်း သိုင်း ပညာဂိုဏ်း လို့ ခေါ်တယ့် ဂိုဏ်းတစ်ခုဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းနဲ့ ပူးပေါင်းထားတယ်ဆိုတဲ့သတင်း ပါပဲ ။
ပြိုင်ဘက်ကင်း သိုင်းပညာဂိုဏ်း ဆိုတာ ပထမတန်း စား ဂိုဏ်းတစ်ခုဖြစ်ပြီး ချန်ဝူ နယ်မြေကြီးတစ်ခုလုံးရှိ ထိပ် သီး ဂိုဏ်းကြီး ၈ ဂိုဏ်းနောက်မှာ ရပ်တည်လျက် ရှိတယ် ။ ဒီဂိုဏ်းဟာ အင်အားတောင့်တင်းပြီး ပြင်းထန်သော သိုင်း ပညာစီရင်စုရဲ့ ကမ်းခြေပိုင်းဖက်မှာ တည်ရှိနေတာ ဖြစ်ပါ တယ် ။ ကံဆိုးစွာပဲ ပင်လယ်ရေကြီးတဲ့အချိန်မှာ ပင်လယ် ၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ တော်တော်ထိခိုက် ဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ရပါတယ် ။ ဒီလို ပြင်းထန်သော သိုင်းပညာဂိုဏ်းနှင့် မပူးပေါင်းခင်က ၎င်းတို့၏ ဂိုဏ်းနဲ့နောက်လိ်ုက် ဂိုဏ်းသားများ ဆက်လက် တည်မြဲနိုင်ရန် ဂိုဏ်းချုပ်ဟာ ဂိုဏ်းသားများ၏ သဘော တူ ညီချက်ကို ယူခဲ့တယ် ။
ဒီဂိုဏ်းချုပ်ဟာ အရင်ကတည်းက ပြင်းထန်သော သိုင်း ပညာဂိုဏ်း နဲ့ ဆက်ဆံမှုများ ရှိခဲ့တာပါ ။ ပြင်းထန် သော သိုင်းပညာဂိုဏ်းရဲ့ အကူအညီကို လက်ခံလိုက်ခြင်း ဟာ ၎င်းတို့ အတွက် ဆိုးရွားသော အရာမဟုတ်ပါပေ ။ ပျော်ရွှင်စွာပင် လက်ခံသင့်သော အရာပဲ ဖြစ်ပါတယ် ။
“တောက် ၊ ဘယ်လိုတောင် သောက်ရေးမပါတဲ့ အလုပ်မျိုးကို ငါက ပြီးအောင် လုပ်ရမှာလဲ ။ ပြင်းထန်တဲ့ သိုင်းပညာဂိုဏ်းက ဒီ ပြိုင်ဘက်ကင်းဂိုဏ်းကို ကြိုဆိုတဲ့ စားသောက်ပွဲကြီး ကျင်းပမှာပဲ ဖြစ်မယ်”
ချန်ရှန် တွေးနေမိတယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ နောက်လိုက်များ အတွက် ဒီလိုကိစ္စဟာ ပျော်စရာပါ ။ အဘယ်ကြောင့်ဆို သော် ပြိုင်ဘက်ကင်းဂိုဏ်းမှာ မိန်းကလေး များစွာ ပါဝင် နေ သောကြောင့်ပဲ ဖြစ်ပါတယ် ။ ပြင်းထန်သော သိုင်းပ ညာဂိုဏ်းဟာ ယခုအခါမှာ မူဝါဒ သစ်များ ချမှတ်လိုက်ပြီ ဖြစ်ပါတယ် ။ အဲဒါကတော့ ပြိုင်ဘက်ကင်းဂိုဏ်း မှ ပူးပေါင်းလာနိုင်စေရန် အမျိုးသမီး နောက်လိုက်များ ကို လက်ခံလိုက်တာပါ ။
ယခုတော့ အတွင်းစည်းခြံဝန်းကြီးဟာ ဆက်လက် အသက်မမဲ့တော့ဘူးလို့ ချန်ရှန်တစ်ယောက် တွေးနေမိ တယ် ။ ဇုရွန်ပါ ရောက်လာသောကြောင့် သူ့အတွက် အဖော်ရနေတာပါ ။
ချန်ရှန်ဟာ ဂွမ်လောင်မြို့ မှာ ရက်အချို့ နေခဲ့ပြီး သတင်းအချက်အလက်များ စုဆောင်းခဲ့တယ် ။
“အမတော်တို့ ၊ နဂါးရတနာသိုက်ကို သွားကြည့်သင့် လား”
ချန်ရှန် မေးလိုက်တယ် ။ စစ်မှန်သော သိုင်းပညာနယ် ပယ်မှ ပညာရှင်များစွာဟာ ဒီနေရာကို ရောက်နေတယ်လို့ သူ ကြားသိခဲ့ပါတယ် ။ အဆင့် ၉ လောက်ရှိတယ့် ပညာရှင် ပေါက်စလေးက ရတနာ သွားရှာမယ်ဆိုရင် ဘာမှ မရနိုင် ဘူးဆိုတာ သူအသေချာ သိနေတယ် ။
“သွားကြည့်ပါ ။ တစ်ခုခုရဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် လည်း ရှုထောင့်အသစ်တွေ နဲ့ အပြင်ဘက်ကမ္ဘာကြီး ကို မင်း မြင်ခွင့် ရနိုင်မယ် ။ မင်းအတွက် ဆိုးကျိုး မရှိပါဘူး”
ဘိုင်ယုယု ကပြောတာပါ ။
“တကယ်သာ လျို့ ဝှက်ဆန်းကြယ်နယ်ပယ် တစ်ခု ဖြစ် နေမယ် ဆိုရင် မင်းအတွက် တစ်ခုခု အကျိုးရှိနိုင်မှာပါ ၊ ဒါပေမယ့် တစ်ခုခု မှားနေတယ်လို့ စိတ်ထဲက ထင်နေရင် တော့ ချက်ချင်းသာ ပြေး”
စုမေးယို က လည်း ထောက်ခံပါတယ် ။
ချန်ရှန် လည်း ခေါင်းညိမ့်လိုက်တယ် ။ သူ့အလုပ်လဲ ပြီးစီး ရာ ရောက်မှာပါ ။ သူဟာ သွားကြည့်ရုံက လွဲပြီး ဘာမှ လုပ်စရာ မရှိပါပေ ။
ဂွမ်လောင်မြို့ မှ ထွက်လာပြီးနောက် ချန်ရှန် တောထဲ ၀င်ခဲ့ပြန်တယ် ။ သူဟာ တခြားလူများလို လမ်းရိုးအတိုင်း မသွားပါဘူး ။ အဘယ်ကြောင့်ဆိုသော် ဒီမရဏ နဂါး တောင်မှာ ဆေးဖက်ဝင်အပင်အချို့ ရှိတယ်ဆိုတာ သိလို့ ပါပဲ ။ ဒါကြောင့် ဒီလို သွားခြင်းဟာ သူ့အတွက် ဆေးပင် များ ရနိုင်မယ့် အခွင့်အရေး ရနိုင်ပါတယ် ။
တောထဲသို့ ၀င်လာပြီး မကြာခင်မှာတော့ ချန်ရှန် သားရဲကြီးတစ်ကောင်၏ ခြေရာတစ်စုံကို တွေ့ လိုက်ရပါ တယ် ။ ခြေရာ၏ အနေအထားကို ကြည့်ချင်းအားဖြင့် ခပ် သေးသေး အကောင်မဟုတ်ဘူးလို့ ကောက်ချက်ချမိလိုက် တာနဲ့အတူ သိချင်စိတ်လဲ ပြင်းပြလာတယ် ။ ဂိုဏ်းရဲ့ အပြင်ဘက်မှာ ဒီလို သားရဲကြီးတွေကို အမဲလိုက် သတ် ဖြတ်ခြင်း မလုပ်ဖူးသေးပါ ။ ဒါ့အပြင် ဒီကောင်တွေဟာ ဆေးပင်ရှာတဲ့နေရာမှာ အလွန်တော်ကြပါတယ် ။ ဒီခြေရာ အတိုင်းသာ လိုက်သွားမယ် ဆိုပါက လှပသော ကံတရား က သူ့ကိုစောင့်နေနိုင်ပါတယ် ။
ချန်ရှန် လည်း ခြေရာနောက်သို့ ၃ နာရီခန့်ကြာအောင် လိုက်ခဲ့ပြီးတဲ့အချိန်မှာပဲ မှောင်လာပါတော့တယ် ။ ဒါပေ မယ့်လည်း သူဟာ တောထဲမှ အရာအားလုံးကို ရှင်းလင်း စွာ မြင်နိုင်တုန်းပါ ။
သိပ်မကြာခင်မှာပဲ လူတစ်ရပ်လောက်ရှိတယ့် အနက် ရောင် ခြင်္သေ့ကြီးတစ်ကောင်ကို မြင်လိုက်ရတယ် ။
ချန်ရှန်ဟာ အတွင်းစည်းခြံဝန်းမှာ နေထိုင်စဉ်အတွင်း သားရဲတွေနဲ့ ပတ်သက်သော စာအုပ်တစ်အုပ်ကို ဖတ်ခဲ့ ဖူး ပါတယ် ။ ဒီခြင်္သေ့ဟာ အရမ်းကို ရက်စက်သော အဆင့် ၁၀ ရှိ သားရဲကောင်ကြီးပါ ။ ဒါတင်မက ဝိဉာဉ်တော် သားရဲ အဖြစ် ပြောင်းလဲဖြစ်ပေါ်ကောင်း ဖြစ်ပေါ် နိုင်ပါသေး တယ် ။ ၎င်းကို ‘မဟူရာမုဆိုးခြင်္သေ့’ ဟု ခေါ်ပါတယ် ။
“ဘယ်သူလဲ”
အေးစက်တဲ့ အသံတစ်သံဟာ ထွက်ပေါ်လာတယ် ။ ချန်ရှန် သစ်ပင်ပေါ်မှ ခြင်္သေ့ကြီးဆင်းလာတာကို မြင်လိုက် ရပြီး ထိုခြင်္သေ့ကြီး ကျောပေါ်မှာတော့ မိန်းကလေးတစ် ယောက် ထိုင်လျက်ရှိကာ ပတ်ဝန်းကျင်အား ခပ်တင်းတင်း မျက်နာထားဖြင့် အကဲခတ်နေတာကိုပါ တွေ့ လိုက်ရပါ တယ် ။
ဒီအချိန်မှာတော့ ချန်ရှန်ဟာ သစ်ပင်နောက်ကို ၀င်ပုန်း လိုက်တယ် ။ တော်တော်လဲ အံ့အားသင့်လျက်ပါ ။ အဘယ်ကြောင့် ဆိုသော် ခုနက ခြင်္သေ့ကြီးစားနေတယ့် အရာကို မြင်လိုက်ရလို့ ဖြစ်ပါတယ် ။
“သားရဲဂိုဏ်းက နောက်လိုက်ဂိုဏ်းသားပဲ ၊ သူတို့ ရဲ့ အကောင်တွေကို အစာကျွေးဖို့ လူသားအလောင်းတွေ အသုံးပြုနေတယ်ဆိုတာ ဘယ်သူမှ ထင်မှာမဟုတ်ဘူးပဲ”
ချန်ရှန် စိတ်ထဲတွေးနေမိတယ် ။ သူဟာတော်တော် ဝေးဝေးမှ ဖြစ်သော်လည်း လူသေအလောင်း၏ အ၀တ် အစားများကို ကောင်းကွာ မြင်ရပါပေတယ် ။
သိုင်းပညာဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက် အနေဖြင့် ဒီလို ပြည်သူအချို့ ကို ဖမ်းဆီးပြန်ပေးဆွဲဖို့ဆို အလွန်လွယ် ကူပါတယ် ။ ချန်ရှန်ဟာ အလောင်းများစွာကို ခုနကပဲ မြင် တွေ့ လိုက်ရတာ ဖြစ်ပါတယ် ။
ချန်ရှန် သူ၏ လက်သီးများကို တင်းတင်း ဆုပ်မိတယ် ။ သူဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ နောက်လိုက် ဂိုဏ်းသား တစ်ယောက်ဖြစ်ပြီး သူ၏ စီရင်စုမှ ပြည်သူတွေ ကို ကာကွယ်ရမည့် တာဝန်ရှိပေတယ် ။ အခု သူ၏ ပြည် သူတွေကို သားရဲဂိုဏ်းမှ လူက သားရဲတွေကို အစာကျွေး ရန် ဖမ်းဆီးသတ်ဖြတ်ခြင်းကို သူ စိတ်တိုသင့်ပေတယ် ။
ဒီကိစ္စသာ ပြန့်သွားပါက ပြင်းထန်သော သိုင်းပညာ ဂိုဏ်းမှ လူများသာမက ပြည်သူများပါ ဒေါသဖြစ်ကြမှာပဲ ဖြစ်ပါတယ် ။
ချန်ရှန် ထွက်လာပြီးနောက် ခြင်္သေ့ကြီးဆီသို့ အေး စက်စက် မျက်နာပေး ဖြင့် လျှောက်သွားပါတယ် ။ ခြင်္သေ့ ပေါ်တွင် ထိုင်နေသော မိန်းကလေးအား အေးစက်စက် ဖြင့် ကြည့်မိတယ် ။ ဒီမိန်းကလေးဟာ လှပပုံပေါ်သော်လည်း တော်တော် အကျည်းတန်ပေတယ်လို့ ချန်ရှန် တွေးမိပါ တယ် ။
“ဘယ်သူလဲ ၊ မြန်မြန်ပြော ၊ မဟုတ်ရင် ဒီလူသေတွေ လို လုပ်ပြီး ငါ့ရဲ့ မဲလုံးလေးကို ကျွေးလိုက်မယ်”
ကောင်မလေးက ဓားကို ထုတ်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။
“သောက် ပါးစပ်ကို ပိတ်ထားစမ်း”
ခြင်္သေ့တစ်ကောင်က လူသားကို စားနေတာကို ကြည့် ရင်း ချန်ရှန် သွေးထဲသားထဲကကို ဒေါသတွေ အလိပ်လိုက် ထွက်နေမိတယ် ။ချီဓာတ်များဟာ သူ၏ ခြေထောက်မှ ထွက်လာပြီး ချက်ချင်းပင် ခုန်တက်ကာဖြင့် ခြင်္သေ့၏ ဘေး သို့ ရောက်သွားပါတယ် ။ လျှပ်စီးလို လျင်မြန်သော လက်ချောင်းများဖြင့် ထိုးချလိုက်တယ် ။ အဆိုပါလက် ချောင်းများမှာ မမြင်ရသော စကြာဝဠာ ချီဓာတ်များ ပါဝင် ပြီး ခြင်္သေ့၏ ဦးခေါင်းခွံအား ဖောက်သွားပါတော့တယ် ။
ဒီတစ်ချက်တည်းဖြင့် ချန်ရှန်ဟာ နူးညံ့သော အငွေ့ လက်ချောင်း တိုက်ကွက်အား စကြာဝဠာချီဓာတ်များ ထည့်ကာ အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ် ။ ဒီလိုပြင်းထန်လှ သော လက်ချောင်းများဖြင့် ခြင်္သေ့အား တိုက်ခိုက်မှု ကြောင့် သွေးများစွာဟာ အပေါက် အတွင်းမှ ထွက်လာ ပါ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset