Switch Mode

Chapter – 97

ကောင်းကင်နဂါးရတနာသိုက်

Chapter – 97 ကောင်းကင်နဂါးရတနာသိုက်

ချန်ရှန်ရဲ့ ပုံစံဟာ တည်တည်ငြိမ်ငြိမ်ပါပဲ ။ ရှောင်ဒို နဲ့ ဇုရွန် တို့၏ ညီမများ အမများကို စိတ်မ၀င်စားပါချေ ။
နောက်တစ်နေ့ အရုဏ်မတက်မီ အချိန်မှာတော့ ချန် ရှန် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲသို့ ခပ်မြန်မြန်ပဲ လာခဲ့ ပါတယ် ။ ဆေးဘုရင်ခြံဝန်းဟာ ဒီနယ်ပယ်ထဲမှာ ဆိုတာကို သိသော်လည်း ဘယ်နားလောက်မှာလဲ ဆိုတာတော့ မသိ ချေ ။
“ကောင်းတယ်ဟေ့ ၊ မင်းလာတာ စောသားပဲ ၊ ငါနဲ့ လိုက်ခဲ့ပါ”
ဆရာကြီး ဝု ခပ်ပြုံးပြုံးပင် ပြောပါတယ် ။ ချန်ရှန် နဲ့ ပတ်သက်ပြီး သူဟာ တော်တော် စိတ်ဝင်စားနေပုံပါပဲ ။ မူလက ချန်ရှန်အား ဆေးဆရာမကြီးမှ တပည့်အဖြစ် မည် သူမျှ လက်မခံရန် ကြုံးဝါးထားသော်လည်း ယခုအခါမှာ တော့ ချန်ရှန်ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်၏ ပညာသင် တပည့် ဖြစ်သွားရုံမက ဆေးဘုရင်ခြံဝန်းကိုပင် ၀င်နိုင်သော အခွင့်အရေး ရရှိခဲ့ပါပြီ ။
ချန်ရှန် ဒီ ဆေးဘုရင်ခြံဝန်းထဲကို ၀င်ရတယ်ဆိုတာ ဘာကို ဆိုလိုမှန်း သူမသိသေးပါဘူး ။ ဒါပေမယ့် ဆရာကြီး ဝု ကတော့ ကောင်းကောင်း သိမယ်ထင်ပါတယ် ။
ပြင်းထန်သော ဆေးဘုရင်ခြံဝန်းဟာ သာမန် အိမ်လို ပါပဲ ။ ၀င်ပေါက်အပေါ်မှာတော့ ‘ပြင်းထန်သော ဆေးဘုရင် ခြံဝန်း’ ဆိုသည့် စာလုံးများကိုသာ ရေးသား ထားခြင်းမှ လွဲပြီး ထူးထူးခြားခြား မမြင်တွေ့ ရပါချေ ။
“ဆရာကြီးဝု ၊ ဒါက ဘယ်လိုနေရာမျိုးလဲဗျ”
ချန်ရှန် မေးလိုက်ပါတယ် ။
“ဟဲဟဲ ၊ မင်းအထဲရောက်ရင် သိပါလိမ့်မယ် ။ ခုငါသွား တော့မယ် ။ ဂရုစိုက်ပါ”
ဆရာကြီး၏ အပြုံးက တော်တော် လျို့ ဝှက်နေပုံပါပဲ ။ ချန်ရှန် စိတ်ထဲ တမျိုးတမည် ခံစားသွားရတယ် ။
လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲက ဝိဉာဉ်တော်ချီ ဓာတ်များဟာ တော်တော်ကို များပြားလှပါတယ် ။ သူသာ ဒီမှာ ကြာကြာနေပါက ချီဓာတ်များစွာကို စုဆောင်းအသုံး ပြု နိုင်လိမ့်မယ်ဟု တွေးနေမိတယ် ။ ဆေးတွေသာသုံး မယ် ဆိုပါက ပိုမိုပင် တိုးတက်လာနိုင်ပါသေးတယ် ။
“မင်းလာတာ စောသားပဲ ၊ ဆရာကြီး ဝု လိုက်ပို့တာ လား”
အနီးနားတစ်နေရာမှ ဆရာမကြီး၏ အသံ ထွက်ပေး လာပါတယ် ။
ချန်ရှန် လည်း အသံကြားရာဆီသို့ လျှောက်သွားကာ –
“ဟုတ်ပါတယ် ၊ ခင်ဗျား ကျွန်တော့ကို အတင်းခေါ် ချင် နေတာ ဘာကြောင့်လဲဗျ”
“ငါက ဒီ ဆေးဘုရင် ခြံဝန်းထဲမှာ နေတယ့် တစ်ဦး တည်းသော သူပဲ ၊ ခု မင်းလည်း ဒီမှာ နေရလိမ့်မယ်”
ဆရာမကြီးက ပြန်ဖြေတယ် ။ သူမအသံဟာ ခပ်လောလော ဖြစ်နေပုံပါပဲ ။
“ဘာကြောင့်လဲ”
ချန်ရှန် တုန်လှုပ်သွားပါတယ် ။ ဒီနေရာမှာ နေ့တိုင်း သူမ နဲ့ အတူတူ နေရမယ်ဆိုတာ သိပ်တော့ ကောင်းလှတဲ့ အရာ မဟုတ်ပေ ။
“ငါက တံခါးပိတ်ပြီး အချိန်အတော်ကြာကြာ ဆေးလုပ် ဖို့ ပြင်ဆင်နေတာ ၊ မင်းက ဒီမှာနေပြီး ဒီနေရာကို စောင့် ရှောက်ရမှာ”
ဆေးဆရာမကြီးက ပြန်ဖြေတယ် ။
“မင်းဒီ မှာ ဘာမှ အများ ကြီး လုပ်စရာမလိုပါဘူး ။ သူ့ နေရာနဲ့ သူ ကျွမ်းကျင်သူတွေ ရှိပြီးသား ။ ဆေးပင်စိုက်တဲ့ လူဆိုလည်း သူတို့ဘာသာ စိုက်နေကြမှာ ။ တခြားကိစ္စ အားလုံးကိုလည်း ကြီးကြပ်တဲ့လူတွေ ရှိကြတယ် ။ မင်း လုပ် ရမယ့် အရေးအကြီးဆုံးအရာက ဒီဆေးဘုရင်ခြံဝန်း ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဖို့ပဲ ၊ မင်းနည်းနည်းကြာ ရင် နေသားကျပြီး နားလည်သွားမှာပါ”
ချန်ရှန် စက္ကန့် အနည်းငယ်လောက် ဆွံ့ အသွားမိတယ် သူဟာ ဆေးဆရာမကြီးက သူ့ကို ဒီလို အရေးကြီးကိစ္စ ကို ယုံကြည်စွာ လွှဲအပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ သူမ စကားလုံးများ ကို ကြည့်ခြင်းအားဖြင့် သူမဟာ ချန်ရှန် အပေါ် သိပ်မမုန်းတော့သလိုပါပဲ ။
“ဒါတွေအားလုံးက ငါလုပ်ခဲ့တာတွေကြောင့်လား ၊ သူမ ဒေါသတွေထွက်ပြီး လုပ်ခဲ့တာတွေကြောင့်လား မသိ တော့ပါဘူး”
ချန်ရှန် စိတ်ထဲ တွေးနေတယ် ။ သက်ပြင်းတစ်ချက်ချ ကာဖြင့် မေးလိုက်ပြန်ပါတယ် ။
“ဆရာမကြီး ၊ အခြေခံတည်ဆောက်ရေး ဆေးတွေ ကို ကော . . .”
“မင်းဘယ်ချိန်တည်းက ဒါကို မေးဖို့စဉ်းစားနေတာလဲ ၊ ငါဆေးလုပ်ပြီးလို့တောင် မင်း ချစ်ချစ် ၂ ယောက် ဆီကို ပို့ ပြီးပြီ”
သူမ အသံဟာ နည်းနည်း ဒေါသဖြစ်နေသလိုပါပဲ ။ သူမ ဟာ ချန်ရှန် ဒီကိစ္စကို စိတ်ပူနေလိမ့်ဦးမယ်လို့ မထင် ခဲ့မိပါဘူး ။
ချန်ရှန် လည်း ခေါင်းညိမ့်ကာဖြင့် ပြုံးကာ –
“ကျေးဇူးပါဗျာ ၊ ခင်ဗျား စိတ်ချပါ ၊ အေးအေးဆေးဆေး လုပ်စရာရှိတာ ကို လုပ်ပါ”
“ချန်ရှန် ၊ ငါမင်းကို တစ်ကြိမ်ထပ်မေးမယ် ။ ငါ့ကို မင်း ဆရာအဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိလား ၊ ငါဟာ ဘယ်တော့ မှ ပညာသင် လက်မခံဘူးဆိုတာကို မင်းသိသင့်တယ်”
ဆေးဆရာမကြီးက မေးလိုက်တယ် ။ ပျော့ပျောင်းမှု အနည်းငယ်အား သူမအသံထဲတွင် တွေ့ နိ်ုင်ပါတယ် ။
ချန်ရှန် ခေါင်းခါယမ်းကာဖြင့် –
“မရှိဘူး ။ နောက်ပြီး ခင်ဗျားဟာ ခင်ဗျားတပည့်အဖြစ် လက်ခံမယ့် လူရဲ့ ဘ၀ကို ခက်ခဲအောင် လုပ်ခဲ့တယ် မလား ၊ ခင်ဗျား ဘာသာစဉ်းစားပေါ့”
“ဟဟ ၊ မင်း သဘောပဲ”
ဆရာမကြီးလည်း ကျောက်စိမ်း ပြားလေးတစ်ခုအား ချန်ရှန် ဆီသို့ ပစ်ပေးလိုက်တယ် ။ ထို့နောက်မှာတော့ ထွက် ခွာ သွားပါတော့တယ် ။
ချန်ရှန်လည်း ကျောက်စိမ်းပြားလေးအား ဖမ်းလိုက် ကာ သေချာကြည့်လိုက်တယ် ။ အပြားအပေါ်မှာတော့ ဝိဉာဉ်တော်အကြောလေးတွေလို့ ပြောလို့ရနိုင်သော မျဉ်း များရှိနေပါတယ် ။ စွမ်းအားတစ်ခုခု ကိန်းအောင်းနေသလို ပါပဲ ။ “ပြင်းထန်သော ဆေးဘုရင် ခြံဝန်း ၊ ချန်ရှန်” ဆိုပြီး ရေးထားတာကိုလည်း တွေ့ လိုက်ရပါတယ် ။
ထို့နောက်မှာတော့ ချန်ရှန်ဟာ ဆေးဘုရင်ခြံဝန်းထဲမှာ တစ်ယောက်ထဲ နေထိုင်သည့် တစ်ဦးတည်းသော လူ ဖြစ် ကာ တော်တော်လည်း လွတ်လပ်မှု ရှိလှတယ် ။
ယောင်ဟိုင်ရှန်း အား တပည့်အဖြစ် လက်ခံလိုက် က တည်းက ယောင်ဟိုင်ရှန်း ကို သိပ်မတွေ့ ရတော့ချေ ။ ကြည့်ရတာတော့ ဆေးပညာအား ကြိတ်ကျင့်ကာဖြင့် သူ၏ အရိပ်မည်းကြီးမှ လွတ်မြောက်ရန် ကြိုးစားနေပုံပါပဲ ။ ချန်ရှန်အား ဆရာအဖြစ် လက်ခံပြီးကတည်းက တခြား လူ များကို မျက်နာချင်း မဆိုင်ရဲတော့တာလည်း ပါပါလိမ့်မယ်။
ချန်ရှန် နဲ့ ရှောင်ဒို တို့ဟာ တွေ့ ရခဲလှပေမယ့် ၎င်းတို့ ဟာ ခြံဝန်း အမှတ် ၃၂၉ ရဲ့ အဖွဲ့ ဝင်တွေ ဖြစ်တုန်းပါပဲ ။ အံသြစရာ အချက်တစ်ခုကတော့ ဇုရွန်ဟာ သူ၏ အမှတ် ၂၀၀ မှ အကျိုးအမြတ်များကို စွန့်လွှတ်ကာ ချန်ရှန် တို့နဲ့ အတူတူ လာနေခြင်းပါပဲ ။ ချန်ရှန် နှင့် သူ၏ညီမတို့အား ပေး ဆုံစေချင်တယ့် ရည်ရွယ်ချက်နဲ့ ပဲ ဖြစ်မှာပါ ။
ဒီလိုနဲ့ပဲ ချန်ရှန် ၊ ရှောင်ဒို နဲ့ ဖက်တီး ဇုရွန် တို့ဟာ သူငယ်ချင်းကောင်းများ ဖြစ်လာကြတယ် ။ အမြဲတစ်ဦးနဲ့ တစ်ဦး ဆဲဆိုနေကြပေမယ့်လည်း ညီအကို အရင်းများလို ပင် ချစ်ခင်ကြပါတယ် ။
“အကိုတော် ချန် ၊ ခင်ဗျားကို ကျွန်တော်တို့ စောင့်နေ တာ ကြာပြီဗျ”
ရှောင်ဒို တစ်ယောက် ချန်ရှန် ၎င်းတို့ဆီ လျှောက်လာ တာကို ကြည့်ရင်း ပြောလိုက်တယ် ။ ချန်ရှန်ဟာ ယခု လျို့ ၀ှက်ဆန်းကြယ် နယ်ပယ်ထဲက ဆေးဘုရင် ခြံဝန်းထဲမှာ နေ ထိုင်နေပြီ ဖြစ်တယ့် အတွက် ဒီကို သိပ်မလာဖြစ်ပေ ။ ဇုရွန် နဲ့ ရှောင်ဒိုကတော့ ထိုနေရာအား ၀င်ခွင့်မရှိပါချေ ။ တစ်ခုခု ပြောစရာ ရှိမယ်ဆိုရင်တောင်မှ သွားခေါ်လို့ မရ နိုင်ပါ ။
“ဘာဖြစ်လို့လဲ”
ချန်ရှန် မေးလိုက်တယ် ။
ဇုရွန် လက်များကို ဖုန်များခါသလို လုပ်ကာဖြင့် –
“ဟုတ်တယ် ။ ဒီ ဂရုတစိုက် ရွေးချယ်တတ်တယ့် မျိုး မစစ်လေး ယန် ကြောင့် ငါတို့ အရမ်းပျင်းစရာကောင်းပြီး အဓိပ္ပာယ် မရှိလှတယ့် အလုပ်တစ်ခု လက်ခံရရှိတယ်
ချန်ရှန် ယခုမှပင် မှတ်မိသွားပါတယ် ။ သူတို့ အတွင်း စည်းကို ရောက်တာ တစ်လလောက်ရှိပြီ ဖြစ်ပြီး ဂိုဏ်းမှ စီစဉ်တဲ့ တာဝန်တစ်ခုကို လုပ်ဆောင်ရန် လိုအပ်ပါတယ် ။ ဒီတစ်လမှာ သူဟာ အမည်းရောင်လိပ်နတ်အတွင်းအား ကျင့်စဉ်နဲ့ ဆိုင်တဲ့ စွမ်းရည်များကို လေ့ကျင့် သင်ကြားခဲ့ပြီး ဖြစ်တယ် ။ အဓိက စွမ်းရည်ကတော့ ခုခံကာကွယ်ရေး အတွက် ဖြစ်ပြီး ၎င်းဟာ အမျိုးအစား တစ်မျိုး ၂ မျိုးသာ ရှိ ပါတယ် ။
ချန်ရှန်လည်း စဉ်းစားရင်း အလုပ်အကြောင်း မေး လိုက်ပါတယ် ။ ရှောင်ဒိုမှ ရယ်မောကာဖြင့် –
“ဒါကတော်တော်ကောင်းတယ့် အလုပ်ဗျ ၊ ကောင်း ကင် နဂါး ရတနာသိုက်နဲ့ ပက်သတ်နေတယ် ။”
“ကောင်းကင်နဂါး ရတနာသိုက်” တဲ့လား ။ ဒီအရာဟာ သိပ်မကြာခင်အချိန်က အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့တဲ့ အရာ တစ်ခုပါ ။ ၎င်းရတနာသိုက်ဟာ ရှေးနှစ်ပေါင်းများ စွာ ကတည်းက ရှိလာခဲ့တာဖြစ်ပါတယ် ။ နဂါးကြီးတစ်ကောင် ဟာ ချန်ဝူနယ်မြေကြီးပေါ် လာရောက်ခဲ့ပြီး ၎င်း ရတနာ သိုက်ကို ချန်သွားခဲ့တာပါ ။ ဒီရတနာသိုက်နဲ့ ပက်သတ် သော မြေပုံဟာလည်း ကောလဟာလ အနေနဲ့ ပေါ်လာခဲ့ ပါတယ် ။ ဒါပေမယ့် ဒီမြေပုံရဲ့ တန်ကြေးဟာ အရမ်းကို ကြီး မြင့်ပြီး မိတ္တူ တစ်စောင်အတွက်ပင် သလင်းကျောက် တစ်သိန်းခန့် တန်ကြေးရှိပါတယ် ။
အစက မျိုးနွယ်ကြီးများဟာ ဒီအရာကို မယုံကြပဲ တစ်စုံတစ်ယောက်မှ သလင်းကျောက်များရရန် လုပ်ကြံ ဖန်တီးထားတယ်လို့ ထင်နေကြတာပါ ။ ဒါပေမယ့်လည်း တချို့ သော သက်ကြီးဝါကြီးများ၏ အသေးစိတ် အခြေခံ ကျကျ ခွဲခြမ်းစိတ်ဖြာလိုက်တယ့် အခါမှာတော့ ဒဏ္ဍာရီ လာ နဂါးကြီး ချန်သွားတယ့် ရတနာသိုက်နေရာဟာ တစ်ခါ ပြန်လည်ပြီး ခေတ်စားလာပြန်ပါတယ် ။
ဒီနေရာကိုတော့ မရဏနဂါးတောင်များ ဒေသလို့ ခေါ် ပြီး အရမ်းအန္တရာယ်ရှိသော နေရာလို့ သတ်မှတ်ထားကြပါ တယ် ။
“ဘယ်က နဂါးရတနာသိုက်က ဘယ်လို ရှိမှာလဲ ၊ ဒီ ကောလဟာလ တွေ မပြန့်ခင် ကတည်းက ငါတို့ ဇုမျိုးနွယ် ဟာ သွားရှာခဲ့ပြီးပြီ ၊ ဘာသောက်ရတနာမှ မရှိဘူး”
ဇုရွန် စိတ်မရှည်စွာ ပြောပါတယ် ။
“ဟဟ ၊ ကျွန်တော်တို့ ယန် မျိုးနွယ်က ခင်ဗျားတို့ မရှာ ခင် နှစ်ရာပေါင်းများစွာ ကတည်းက ရှာခဲ့တာပဲ”
ရှောင်ဒို က ပြန်ပြောလိုက်တယ် ။
မရဏ နဂါးတောင်များ မှာ လျို့ ဝှက်ဆန်းကြယ်လှတဲ့ ရတနာသိုက်တစ်ခု ရှိတယ် ဆိုတာ ရှေးဟောင် ဒဏ္ဍာရီ ထဲ က ဆိုစမှတ်ပြုလာကြတာပါ ။ လူများစွာဟာ သွားရောက် ရှာဖွေခဲ့သော်လည်း မည်သည့် အရာမျှ မတွေ့ ခဲ့ပါချေ ။
ချန်ရှန် ရှောင်ဒို ဆီမှ မြေပုံ စာရွက်ကို ယူကာ ကြည့် လိုက်ပါတယ် ။ ဂိုဏ်း၏ တာဝန်နဲ့ ပတ်သက်သည့် ညွှန်ကြားချက်များလည်း အသေးစိတ် ပါဝင်နေတယ် ။ ဒီ ရတနာသိုက် ရှိရှိ မရှိရှိ ဒါနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမယ့် တာဝန်ကတော့ သူတို့ အပေါ် ရှိနေပါတယ် ။
“ကောလ ဟာ လ ဖြစ်နိုင်ပေမယ့် ဒါကို လုပ်ဖို့က တော် တော် လွယ်ပါတယ် ။ အဲဒိနေရာကို များစွာသော ဂိုဏ်းများက လူတွေ သွားနေကြပြီလို့ ကြားတယ် ။ ဒီသတင်းဟာ စီရင်စုထဲမှာ တော်တော် အုတ်အော်သောင်း နင်းဖြစ်နေတယ် ။ တခြားစီရင်စုတွေကိုလည်း ပြန့် နေ လောက်ပြီ”
“ဒီလူတွေဟာ ရူးနေကြတာကွ ၊ တချို့ ဆို အဝေးကြီး ကကို လာကြသေးတာ”
ဇုရွန် က ရယ်မော ပြောဆိုပါတယ် ။
“ဒီလို လူတွေ အများကြီး ဒီအရာကို ရှာတယ် ဆို က တည်းက ကောလဟာလက အမှန်ဖြစ်ဖို့ များတယ် ။ အရင် က ကျွန်တော့ မျိုးနွယ် ရှာတာ ဘာမှ မတွေ့ ဘူ ။ အဲဒိနေ ရာမှာ လျို့ ဝှက်ဆန်းကြယ်နယ်ပယ် လို ဖြစ်နေလို့ပဲ ဖြစ် တယ် ။ ခင်ဗျားတို့က ဒီလို နယ်ပယ်တွေနဲ့ အကျွမ်းတ၀င် ရှိတယ်မလား”
ဒီလို လျို့ ဝှက်ဆန်းကြယ်နယ်ပယ်များဟာ ထူးဆန်းလှ ပါတယ် ။ တစ်ခါတလေမှာ ၎င်းတို့ဟာ ရုတ်တရက်ပေါ်လာ တတ်ပြီး တစ်ခါတလေမှာ ပျောက်ကွယ်နေတတ်တယ် ။ ဒီ လို ပျောက်ကွယ်နေတဲ့ အရာကို တွေ့ ရှိဖို့ဆိုတာ အရမ်း စွမ်းအားကြီးလှတယ့် စွမ်းအင် တစ်မျိုးလိုအပ်မှာပဲ ဖြစ်ပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset