Switch Mode

Chapter – 96

တပည့်ရရှိခြင်း

Chapter – 96 တပည့်ရရှိခြင်း

“ဟဲဟဲ ၊ ဆရာမကြီးက တော်တော် ကြင်နာတတ် တာပဲ ။ ကျွန်တော် က ဆရာမကြီးတော့ တစ်ခုခု အခက် တွေ့ အောင် လုပ်မယ်လို့ ထင်နေတာဗျ”
ချန်ရှန် အသက်ပြင်းပြင်း ရှူကာဖြင့် သေတ္တာလေး ၆ ခုကို ထုတ်ကာ ပြလိုက်တယ် ။ တစ်ခုစီတွင်တော့ ဆေး အလုံး ၁၀၀ ပါ ၀င်နေပါတယ် ။
ခြံဝန်းကြီး တစ်ခုလုံး တိတ်ဆ်ိတ် ဆွံ့ အသွားကြတယ်။ ချန်ရှန် ဒီလို ဆေးအလုံး ၆၀၀ လုပ်နိုင်တယ်ဆိုတာကို မည် သူမျှ မယုံနိုင်ကြပါဘူး ။
လူတိုင်းဟာ ဆေးဆရာမကြီးကို သံသယ မျက်လုံး များ ဖြင့် ကြည့်နေကြတယ် ။ သူတို့ဟာ ဆရာမကြီးမှ ချန် ရှန်အား တိတ်တဆိတ် ကူညီပေးတယ်လို့ ထင်သွားကြ လို့ ပါ ။ ဒါပေမယ့်လည်း ဆရာမကြီး ရဲ့ ချန်ရှန် အပေါ် ထားတဲ့ အမုန်းတရားကို သတိရသွားတယ့် အခါမှာတော့ ၎င်း အထင် ဟာ လုံးဝ မဖြစ်နိုင်တော့ပါဘူး ။
ဒီအချိန်မှာ ၊ ဆေးဆရာမကြီး ရဲ့ လက်ထဲမှာတော့ သေတ္တာလေး ၇ ခု ရှိနေပါတယ် ။ ဒီအရာတွေကတော့ ချန် ရှန် မပြိုင်မီက သူပေးခဲ့သော ချီဓာတ်ဆေးများပဲ ဖြစ်ပါ တယ် ။ ထို့နောက် သေတ္တာများကို ဖွင့်ပြကာ လူတိုင်းအား လုပ်ကြံမှု မပါဝင်ကြောင်း သက်သေပြပါတော့တယ် ။
“ကျွန်မကိုယ်တိုင် ဒီရလဒ်ကို မလိုချင်ပေမယ့်လည်း ချန်ရှန် ဟာ တကယ်ကိုပဲ ဆေး အလုံး ၆၀၀ ကို ပြုလုပ်ခဲ့ တာပါ ။ စုစုပေါင်း ဆေးပင်အစုံ ၁၀၀ တိတိ ကို အသုံးပြု သွားခဲ့ပါတယ်”
ဆေးဆရာမကြီး၏ စကားကြောင့် လူတိုင်းဟာ ထပ်မံ အံ့အားသင့်သွားကြပြန်တယ် ။
ဆေးပင် အစုံ ၁၀၀ ဖြင့် ဒီလို အရေအတွက်ရတယ် ဆို တာ တစ်စုံလျှင် ၆ လုံးရပေလို့သာ ဖြစ်ပေတယ် ။
“တကယ့် လူထူးလူဆန်းပဲ”
ဇုရွန် တီးတိုး ရေရွတ်နေမိတယ် ။ ရှောင်ဒိုမှာလည်း ပါး စပ်အဟာင်းသားဖြင့် ပါ ။ သူ့မှာ ဒီလို မျိုး ကောင်းကင်ကို ပင် စိန်ခေါ်နိုင်သော သူငယ်ချင်းမျိုး အနီးကပ် ရှိနေလိမ့် မယ် ဟု မမျှော်လင့်ခဲ့ပါဘူး ။
ယောင်ဟိုင်ရှန်း အံကြိတ်လျက်ပါ ။ မျက်လုံးအပြူး သားဖြင့် မြေကြီးပေါ်မှ ဆေးများကို စိုက်ကြည့်နေတယ် ။ သူတုိ့အားလုံးဟာ ဆေးဆရာများ ဖြစ်တယ့်အတွက် ယခု ဆေးများဟာ မကြာသေးမီကမှ ပြုလုပ်ထားခြင်းဆိုတာကို သိနေပါတယ် ။ သေတ္တာများမှာ ပူပူနွေးနွေးပင် ရှိနေသေး တာကို တွေ့ ကြရပါတယ် ။
ယောင်ဟိုင်ရှန်း နဲ့ တခြားေ ဆးဆရာတို့ ယခုဆေးများ ဟာ အရည်အသွေးပိုင်းဆိုင်ရာမှာ အတော်ပဲ ကောင်းမွန် တယ်ဆိုတာကို သိကြတယ် ။ အားလုံးဟာ ထိပ်တန်း အဆင့် အရည်အသွေးလို့ သတ်မှတ်လို့ ရနေတယ် ။
ဆေးဆရာမကြီးဟာလည်း အေးစက်စွာဖြင့် –
“အခု ကျွန်မကို ယုံကြပြီလား ။ ဒီကောင်လေးရဲ့ ဆေး ပညာ အဆင့်အတန်းဟာ အတော့်ကို မြင့်တယ်လို့ ၀န်ခံ ပါ တယ် ။ ကျွန်မတောင် ဒီလို အခြေအနေ လုပ်နိုင်မှာ မဟုတ်ပါဘူး ။ သူလုပ်ခဲ့တဲ့ ဆေးတစ်လုံးချင်းစီရဲ့ အရည် အသွေး ဟာ တကယ့်ကို ထိပ်တန်းပါပဲ ။ အချိန်တိုအတွင်း မှာ ဆေးတစ်စုံစာနဲ့ ဆေး ၆ လုံး ပြုလုပ်သွားတာပါ”
ယောင်ဟိုင်ရှန်း ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်လာ တယ် ။ သူ၏ မျက်လုံးများဟာ နီရဲကာ နှလုံးသားပါ သေ ဆုံး သွားသလို ခံစားနေရပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန် ကို လေးစားစိတ်ပင် ၀င်လာမိသလိုပါပဲ ။ ဆေးဆရာမကြီး ကိုယ်တိုင်ပင် အရှုံးပေးအောင် သူ ဘယ်လိုများ လုပ်ခဲ့ တာ ပါလိမ့် . . . ။
ထို့နောက်မှာတော့ ယောင်ဟိုင်ရှန်း ဒူးထောက်ချကာ ခေါင်းငုံ့ပြီး ချန်ရှန်အား အရိုအသေပေးရင်း အော်ပြော လိုက်ပါတယ် ။
“ဆရာ ၊ တပည့်ရဲ့ အရိုအသေပေးမှုကို လက်ခံပါ”
ယောင်ဟိုင်ရှန်း မှ အရိုအသေပေးတာကို ကြည့်ရင်း များစွာသော ဆေးဆရာများဟာလည်း ငုံ့နေလျက် ရှိကြပါ တယ် ။ သူတို့ကိုယ်သူတို့ အိပ်မက်လားဟုပင် မသဲကွဲ ဖြစ် နေကြပုံပါပဲ ။
စစ်မှန်သောသိုင်းပညာနယ်ပယ်က ဆေးဆရာတစ်ဦး ဟာ အဆင့် ၉ သာရှိတယ့် လူငယ်တစ်ယောက်ကို ဆရာ တင်တာဟာ တကယ်ရယ်စရာပါပဲ ။ ဂိုဏ်းကြီးတစ်လုံးမှာ ရယ်ရွှင်ဖွယ်ရာ အဖြစ်ဆုံး ဖြစ်ပါတော့တယ် ။
ချန်ရှန်လည်း အနည်းငယ်ကြောင်သွားပါတယ် ။ ယောင်ဟိုင်ရှန်း ဒီလို ချက်ချင်း ဆရာတင်မယ်လို့ မထင်မိ ခဲ့ပါ ။ ဒါဟာ ဆေးဆရာမကြီးနဲ့ တခြားလူများရှေ့ မှာမို့ ကတိတည်သူအဖြစ် ပြသကာ အရှုံးကို လက်ခံလိုက်ခြင်း ပင် ဖြစ်ပါတယ် ။ သူ့ရင်ထဲမှတော့ သေတာထက်ပင် ဆိုး ရွားနေပါလိမ့်မယ် ။
ရှောင်ဒို ဇုရွန်၏ လက်မောင်းကြီးအား ရိုက်ကာဖြင့် –
“ဟဟ ၊ ဒါအိပ်မက် မဟုတ်ပေဘူး ၊ အကိုတော်ချန် နိုင်ပြီ”
ရှောင်ဒို တစ်ယောက် ရယ်မောနေပြီး ဇုရွန် ကတော့ သက်ပြင်းချလျက် ရှိပါတယ် ။
“ဟဲဟဲ ၊ ထပါ တပည့်ကြီးရဲ့ ”
ချန်ရှန် လည်း ရယ်မောကာဖြင့် ယောင်ဟိုင်ရှန်းဆီ သွားကာ ဆွဲထူပေးလိုက်ပါတယ် ။ ဒီအချိန်မှာ ယောင်ဟိုင် ရှန်း ၏ ၀မ်းနည်းမှုအား မည်သို့မျှ မဖော်ပြနိုင်ပေ ။ သူအ မုန်းဆုံး လူတစ်ယောက်အား ဆရာအဖြစ်တင်ရမည်ဟု သူ ဘယ်တော့မှ မတွေးခဲ့ဘူးပါဘူး ။ ဒီဖြစ်ရပ်ဟာ သူ၏ ခေါင်း ဘယ်တော့မှ ပြန်မမော့နိုင်အောင် လုပ်လိုက်သလိုပါပဲ ။
“ဒါ ခင်ဗျားအတွက် ကျွန်တော့ လက်ဆောင်ပါ”
ချန်ရှန် လည်း ပြောပြောဆိုဆိုဖြင့် ချီဓာတ်ဆေး အလုံး ၁၀၀ နဲ့ မိုးပြာရောင် သိမ်မွေ့ သစ်သီး တစ်လုံး အား ပေး လိုက်ပါတယ် ။
ဒီလက်ဆောင်ကြောင့်လူတိုင်းဟာ ခဏတာ ဆွံအ သွားကြတယ် ။ အားလုံး၏ မျက်လုံးများဟာ အသီးပေါ် ရောက်ရှိနေပြီး လူတိုင်းဟာ ဆေးဆရာများ ဖြစ်တယ့် အတွက် ဒီအသီးရဲ့ တန်ဖိုးကို ကောင်းကောင်း သိနေကြပါ တယ် ။
ယောင်ဟိုင်ရှန်း၏ လက်များဟာ တုန်ရီနေလျက် ပါးစပ်ကလည်း တတွတ်တွတ်ပြောနေတယ် ။ သူဟာ မူ လက အတော် ၀မ်းနည်းနေပေမယ့် ယခုတော့ အခြေအနေ တည်ငြိမ်လာပါပြီ ။ ချန်ရှန် ကို ဒီလိုလုပ်ရုံ ဖြင့် သိပ်တော့ အဆိုးကြီးမဟုတ်လှ ဟု ခံစားမိလာပါတယ် ။ သူဟာလည်း အရူးတစ်ယောက် မဟုတ်သောကြောင့် ချန်ရှန်တစ်ယောက် သူတို့ ၂ ယောက်ကြားက ပဋိပက္ခ ကို ပြေလည်ချင်နေတယ်ဆိုတာ သိနေတယ် ။
“ကျေးဇူးတင်ပါတယ် ဆ . . . ဆရာ”
ယောင်ဟိုင်ရှန်း အထစ်ထစ်အငေါ့ငေါ့ ဖြင့် ဖြစ်နေပါ တယ် ။
“ချန်ရှန် ၊ ဒီမှာ မင်းအတွက် ပထမဆု ၊ မနက်ဖြန် မနက် စောစော ဆေးဘုရင်ခြံဝန်းကို သတင်းပို့ပါ ။ မင်းနောက်ကျ ရင် အပစ်ပေးခံရမယ်”
ဆေးဆရာမကြီးမှ သေးငယ်သော ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် သေတ္တာလေးအား ပစ်ပေးလိုက်ပါတယ်။
“ဆရာမကြီး ၊ ကျွန်တော် ဒီ ဆေးဘုရင် ခြံဝန်းကို ၀င်မ၀င်ဆိုတာ ရွေးချယ်လို့ရနိုင်မလား”
ချန်ရှန် အနည်းငယ် စိုးရိမ်မိတာကတော့ ဒီဆေးဆရာ မကြီးမှ သူ၏ ဘ၀ကို အခက်တွေ့ အောင် ထိုနေရာမှာ ဖိ နှိပ်မည်ကို ပါပဲ ။
“ဒီလို မရဘူး ၊ ဒါက မင်းနဲ့ ငါကြားမှာ သဘောတူထား တဲ့ လောင်းကြေးပဲ ။ မင်း ငြင်းမယ်ဆိုရင် ဒီဂိုဏ်းကနေ ထွက်တော့”
ခနဲ့တဲ့တဲ့ဖြင့် ဆေးဆရာမကြီးမှ ပြောလိ်ုက်ပါတယ် ။
ချန်ရှန် သက်ပြင်းချမိတယ် ။ ဒီလောင်းကစားဟာ သူ့အတွက် ဘာကောင်းကျိုးမှ မရရှိလိုက်ဘူးဆိုတာကို ရုတ်တရက် ခံစားလိုက်ရပါတယ် ။
“ဟိုင်ရှန်း ၊ ကျွန်တော်က ခင်ဗျား ဆရာဖြစ်ပေမယ့် ကျွန်တော်ဟာ ချီဓာတ်ဆေးကိုသာ ကောင်းကောင်းပြု လုပ်နိုင်တာ ဖြစ်တယ် ။ နောင်များမကြာခင်မှာ ခင်ဗျားဆီ က အကြံဉာဏ်တွေကို ရယူရဦးမှာပါ ။ ကျွန်တော့ကို ဆရာ အဖြစ်မမှတ်ယူပါနဲ့တော့ ၊ အဲဒိအစား ကျွန်တော့ကို နာမည်သာ ခေါ်ပါဗျာ ၊ တကယ့် ဆရာလို့ ခေါ် ထိုက်မယ့် အရည်အသွေးတွေ ရှိလာမှာကို ကျွန်တော် စောင့်နေပါ တယ် ။ ဒီအချိန်ရောက်မှသာ ခင်ဗျား ဆရာလို့ ခေါ်ပါ”
ချန်ရှန် ပြောလိုက်ပါတယ် ။
ယောင်ဟိုင်ရှန်း မှ သူ့အား ဆရာအဖြစ် ခေါ်ခြင်းဟာ ချန်ရှန်ကို အနည်းငယ်တမျိုးဖြစ်နေစေပါတယ် ။ ကာယကံ ၇ှင်ဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့ချေ ။
ဒီအချက်ကြောင့်ပဲ ယောင်ဟိုင်ရှန်ဟာ တော်တော်ကို ကျေးဇူး တင်နေပါတယ် ။ ယခုအချိန်မှစပြီး ချန်ရှန်အား မဆန့်ကျင်နိုင်တော့ပါဘူး ။
သိပ်မကြာခင်ကပဲ ချန်ရှန်ဟာ အတွင်းစည်းကို ရောက်လာ ခဲ့ပြီး သူ၏ ပုံရိပ်ဟာ ဂိုဏ်းအတွင်း ပြန့်နှံ့ခဲ့ပါ တယ် ။ ယခု သူဟာ ဆေးပညာပြိုင်ပွဲမှာ အနိုင်ရရုံမက ဆေး ဘုရင် ခြံဝန်းကို ပါ ၀င်ခွင့် ရရှိခဲ့ပါတယ် ။ ဒါဟာ ချန်ရှန်ကို ပိုမို ကျော်ကြားသွားပါစေတော့တယ် ။
ချန်ရှန် နဲ့ ရှောင်ဒိုတို့ သူတို့၏ ခြံဝန်းကို ပြန်လာခဲ့တယ် ၊ လမ်းလျှောက်လာရင်းဖြင့် ရှောင်ဒို ရုတ်တရက်ပြုံးကာ –
“အကိုတော် ချန် ၊ သိပ်မကြာခဲ့တဲ့အချိန်က ကျွန်တော့် မှာ အမ အလန်းလေးတွေ ရှိတယ် လို့ ပြောခဲ့တာ မှတ်မိ လား”
ချန်ရှန် လည်း ခေါင်းညိမ့်ကာဖြင့် –
“မှတ်မိတယ် ဒါပေမယ့် မင်းပြောတော့ သူတို့က ကြီး ကြီး ကျယ်ကျယ်တွေဆို”
“ကျွန်တော် က ရယ်စရာပြောတာပါ ။ ကျွန်တော် ခင်ဗျားကို သူတို့နဲ့ မျက်နာချင်းဆိုင် တွေ့ အောင် စီစဉ်ပေး မယ် ။ ခင်ဗျားက လူပျိုပဲ ၊ ကြိုက်တာရွေးပေါ့”
ရှောင်ဒို စပ်ဖြဲဖြဲဖြင့် ပြောနေပါတယ် ။ ဒီလို နည်းလမ်း ဖြင့် ယောက်ဖတော်ကာ အဆုံးမရှိတဲ့ ခင်မင်မှု မျိုး ရချင်နေတာပဲ ဖြစ်ပါတော့တယ် ။
“ဟဟ ၊ ငါ့မှာ သတိုးသမီး ရွှီရှန်းရှန်း ရှိတယ် ။ တကယ် လို့ မင်းအမတွေက ငါ့ကို လက်ထပ်ချင်တယ်ဆို တောင် သူတို့က ရှန်းရှန်း ဆီက ခွင့်တောင်းမှရမယ်”
ချန်ရှန် နှုတ်ခမ်းများကွေးကာ ပြောလိုက်တယ် ။ ယခု လက်ရှိမှာ သူဟာ စစ်မှန်သော သိ်ုင်းပညာနယ်ပယ်ကို လျင်မြန်စွာ ၀င်ရောက်ကာ ရွှီရှန်းရှန်းကို ရှာချင်နေပြီပဲ ဖြစ် ပါတယ် ။
“ယောက်ဖကြီး ၊ လုပ်စမ်းပါဗျာ ၊ ကျွန်တော့ အမတွေ က ရွှီရှန်းရှန်း လောက် ပါရမီ မပါပေမယ့် အတော် လှသူတွေ ပါဗျ”
ချန်ရှန်တော်တော် အံ့သြသွားတယ် ။ တကယ်ကိုပဲ အတင်းတွေ ယောက်ဖ လို့ ခေါ်နေပြီ ဖြစ်လို့ပါ ။
ဇုရွန် လည်း ရောက်လာပြီးနောက် –
“မင်းအမတွေက တကယ်လှပပေမယ့် သူတို့ဟာ မာန ခဲတွေကွ ၊ ချန်ရှန် နဲ့ ဖြစ်မှာ မဟုတ်ဘူး ၊ ချန် ညီတော် ၊ ငါ့မှာ လဲ ညီမတစ်ယောက်ရှိတယ် ။ သူ့ ပါရမီကလည်း သိပ် တော့ မဆိုးလှပါဘူး ။ သူမပုံစံက ဒီ မျိုးမစစ်ကောင်လေးရဲ့ အမတွေ ထက် သာပါတယ် ကွ”
ဇု ရွန် ပြုံးလျက် ပြောနေတာပါ ။
“ချစ်လှစွာသော ယောက်ဖလေး ၊ မင်း ငါတို့ ဇုမျိုးနွယ် ထဲ မ၀င်ချင်ပေဘူးလား”
“၀တ်စုတ်ကြီး ၊ ခင်ဗျားကို အရှင်မထားဘူး”
ရှောင်ဒို ဒေါသတကြီး အော်ပါတယ် ။
ဒီလို ဖြစ်ပျက်နေတာကို ကြည့်ရင်း ချန်ရှန် တစ် ယောက် ဒီ လူတွေရဲ့ အမတွေ ညီမတွေနဲ့ မဆုံတော့ဟု တွေးလိုက်မိပါတယ် ။ အထူးသဖြင့် ဇုရွန် ညီမဟာ သူ့လို ၀၀ တုတ်တုတ်ကြီး ဆိုပါက သူ့ဘ၀သူ မတွေးရဲ ဖြစ်နေပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset