Switch Mode

Chapter – 95

ရလဒ်

Chapter – 95 ရလဒ်

“မင်းအရင်က ချီဓာတ်ဆေး လုပ်ဖူးလား”
ဆေးဆရာမကြီး အံ့သြစွာ မေးလိုက်ပါတယ် ။
“ဒါပေါ့ ၊ ကျွန်တော် ဒီကို ကစားဖို့လာတာမှ မဟုတ် တာ”
ချန်ရှန် အေးဆေးစွာပင် ပြန်ပြောလိုက်တယ် ။ မျက်စိ တမှိတ်အတွင်းမှာပင် ဆေးပင်အစုံလိုက်များအဖြစ် ခွဲခြမ်း စိတ်ဖြာပြီးသွားပြီ ဖြစ်ကာ မီးဖိုထဲကို စတင် နေရာချနေပါ ပြီ ။
မျက်နာဖုံးအောက်က ဆရာမကြီး၏ မျက်နာမှာတော့ သိသိသာသာ ကို ပျက်ယွင်းနေပါပြီ ။ အသက် ၁၇ နှစ်ဖြင့် အဆင့်နိမ့် ဝိဉာဉ်တော် အဆင့်ဆေးကို ပြုလုပ်နိုင်နေခြင်း ပါ ။ ဒီအချက်က သူမကို တော်တော် အံ့အားသင့်စေတယ်။ ဒါကြောင့်ပဲ သူမမွေးကတည်းက ယခုချိန်ထိ ဒီလို ပါရမီ ရှင် လူတော်တစ်ယောက်ကို ပထမဆုံး တွေ့ ဖူးခြင်းပါပဲ ။
ဆေးဆရာမကြီး တိတ်ဆိတ်နေတယ် ။ ချန်ရှန် ဆေး ပြုလုပ်နေတာကို ကြည့်နေရင်းဖြင့် မြင်ကွင်းတစ်ခုကြောင့် သူမသွေးများ ဆူပွက်သွားပါတယ် ။ ချန်ရှန်ဟာ တကယ် ကိုပင် ဆေးပြုလုပ်နေတုန်းမှာ သူ ၏ အာရုံများဖြင့် ဆေး ပင်များအား ခွဲခြမ်းနေပါတော့တယ် ။
“မင်းတကယ်ပဲ ဒီ ဆေးလုပ်ဖူးတာလား”
ဆရာမကြီးမီးဖိုအတွင်းမှ ထွက်လာတယ့် မီးတောက် တွေကို အာရုံခံမိနေတယ် ။ မီးတောက်ဟာ ရုတ်တရက် ကြီးလာပြီး ထို့နောက်ရုတ်တရက် သေးငယ်သွားပြန်တယ် ၊ ဒီလို နူးညံ့လှတဲ့ ပြောင်းလဲမှုများအား သူမ သိပ်အာရုံမခံ နိုင်တော့ပေ ။ ချန်ရှန်ရဲ့ ထိန်းချုပ်နိုင်စွမ်းဟာ လက်ဖျား ခါ ပါပေတယ် ။
ချန်ရှန်က သိပ်စိတ်မ၀င်စား ဟန် ဖြင့် –
“ဆေးပညာက တကယ်ကို အချိန်တွေကုန်ပြီး ၊ ပျင်းစ ရာကောင်းတယ် ၊ ခုလို မြန်မြန်ဆန်ဆန် ဆိုတော့ စိတ် ၀င် စားစရာ အနည်းငယ် ဖြစ်တာပေ့ါ”
“မင်း မီးဖို ပေါက်ကွဲမှာ မင်းမကြောက်ဖူးလား ၊ အာရုံ ၂ ခွ ဖြစ်နေတာက မင်း လွယ်လွယ် ကျရှုံးလိမ့်မယ်”
ဆေးဆရာမက ခနဲ့တဲ့တဲ့ ပြောပါတယ် ။
“ဟဲဟဲ ၊ အခုကျွန်တော် က အာရုံ ၃ မျိုး ဖြစ်နေတာဗျ ၊ တစ်ခုက ဆေးလုပ်နေတယ် ၊ တစ်ခုက ဆေးပင်တွေကို ခွဲ ခြမ်းနေတယ် ၊ နောက်တစ်ခုကတော့ ခင်ဗျားနဲ့ စကား အခု စကားပြောနေတာလေ”
ချန်ရှန် ရယ်မောကာ ပြောလိုက်တယ် ။ ဒီလိုပြောတာ နားထောင်ပြီး ဆရာမကြီးဟာ ချန်ရှန် အား ရိုက်ပစ်ချင်စိတ် ကို မနည်းထိန်းထားရပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန် ပြောသလိုပင် ဆေးလုပ်ရတာ တစ်ကယ်ပျင်းဖို့ကောင်း တယ် ဆိုတာကိုတော့ သူမ လက်ခံမိပါတယ် ။
ချန်ရှန် သူ၏ အရှိန်ကို လျော့ချလိုက်တယ် ။ သူဟာ မီး ဖိုအား အကျွမ်းတ၀င်ပင် အသုံးချနေကာ ဆေးများ ကို ပြု လုပ်နေလျက်ရှိပါတယ် ။ သူ၏ စိတ်အာရုံများအား နေရာ များစွာကို ပို့လွှတ်ကာ ဆေးပြုလုပ်တယ့် လုပ်ငန်းစဉ်တစ် ခုလုံးအား ထိန်းချုပ်နေတယ် ။ ဒီလိုတွေ လုပ်နိုင်ခြင်းဟာ သူ၏ ထူးခြားလှသော ပါရမီ ကြောင့်ပါ ၊ ဆေးပညာကို အရမ်းပဲ အပတ်တကုတ် ကြိုးစားခဲ့လို့တော့ မဟုတ်ပါချေ။
ချန်ရှန် အား ဆရာမကြီး ပေးခဲ့တာကတော့ ဆေး ဆယ် စုံ စာ ပင် ဖြစ်ပါတယ် ။ အခြေအနေကို အကဲခတ်ရန် ပေးလိုက်ခြင်း ဖြစ်ပြီး ဒါပေမယ့်လည်း ချန်ရှန်ဟာ လျင်မြန် စွာပင် ၎င်းတို့အား နေရာတကျလုပ်ပြီး ဖြစ်နေပါတယ် ။ ဒီ သီးသန့် အခန်းထဲမှာတော့ လေးထောင့်ပုံ သေတ္တာလေး ဆယ်ခု မြေကြီးပေါ် မှာ ရှိနေတယ် ။ အထဲမှာတော့ ဆေး ပြုလုပ်ရန် ဆေးပင်များ ထားရှိထားပါတယ် ။
“ဆရာမကြီး ၊ ကျွန်တော့ အသက်အရွယ်နဲ့ ဆေးဘု ရင် ခြံဝန်းကို ရောက်တဲ့အခါကျ ကျွန်တော့ အတွက် အကျိုးကျေးဇူးက ဘာရှိမလဲ ၊ ကျွန်တော် ဘာတွေ ရမလဲ”
ချန်ရှန် မေးလိုက်တယ် ။ စိတ်ထဲတွင် ဒီလိုလျို့ ဝှက် ဆန်းကြယ်သည့် မိန်းမတစ်ယောက်နဲ့ ၁၀ ရက်ခန့် အတူတူ နေထိုင်နိုင်ရမည့်အရေးတွေးကာ အနည်းငယ် စိတ် လှုပ်ရှားနေမိတယ် ။
“မင်းတကယ်လို့ ၀င်နိုင်ခဲ့ရင် ၊ အကျိုးတော့ ရှိမယ် ဒါ ပေမယ့် ငါ့အပေါ်မှာ ပဲ မူတည်တယ် ဘာလို့လဲဆိုတော့ ဒီ ဆေးပညာခြံဝန်းကြီးတစ်ခုလုံးကို ငါကပဲ စီမံခန့်ခွဲတာမို့လို့ ပဲ”
ဆရာမကြီးက ခပ်လှောင်လှောင် ပြောလိုက်တယ် ။
“ဆရာမကြီး ၊ ကျွန်တော် ခင်ဗျားကို ငရဲဝိဉာဉ်တော် မြက် နည်းနည်း ပေးမယ်ဆိုရင် ကျွန်တော်တို့ ဖြစ်ပျက်ခဲ့ သမျှ အရာအားလုံး သင်ပုန်းချေပေးနိုင်မလား”
ဆေးဆရာမကြီး၏ လျို့ ဝှက်လှသော အမုန်းတရားများ က ချန်ရှန် အတွက် ကောင်းမွန်စေလိမ့်မည် မဟုတ်ပေ ။
“ငါတို့ကြားမှာ အမုန်းတရားတွေ မရှိပါဘူး ၊ ငါက ငါ စိတ်ထဲ ရှိတာ လုပ်နေတာပဲ”
ဆေးဆရာမကြီးက ပြောပါတယ် ။
ချန်ရှန်လည်း သက်ပြင်းချကာဖြင့် –
“ကျွန်တော် အဖြေ တစ်ခုကို ငရဲဝိဉာဉ်တော်မြက် နဲ့ အလဲအလှယ်လုပ်မယ် ။ ခင်ဗျား ကျွန်တော့ကို ဘာကြောင့် မုန်းလဲဆိုတာ ပြောပြပါ ၊ အရင်ကပြောခဲ့သလို ခင်ဗျားကို ကျွန်တော် နိုင်ရင် မေးလို့ ရမယ်ဆိုပေမယ့် အဲလောက် အကြာကြီး မစောင့်နိုင်တော့ဘူး”
“ငရဲ ဝိဉာဉ်တော် မြက် ဆိုတာ အရမ်းကို တန်ဖိုး ရှိလှ ပေမယ့် ငါ့အတွက်တော့ မရှားဘူး”
ဆေးဆရာမကြီး က ခပ်လှောင်လှောင် ပြောလိုက် တယ် ။
“မင်းဘာလို့ ဒီ လို လုပ်နေလဲ”
ချန်ရှန် မှာ စကားလုံး မရှိတော့ချေ ။ ရုတ်တရက်ပင် ဆေးဆရာမကြီး သူ့ကို ဒေါသထွက်လာသလိုကို ခံစား လိုက် မိပါတယ် ။ တကယ့် ငယ်ရွယ်သူ ကောင်မလေး တစ် ယောက်လိုပါပဲ ။
“မင်း အမှားတွေကို ၀န်ခံပြီးတောင်းပန် ၊ ဒါဆို ငါ ကျေ နပ်မယ် ၊ မင်း ကို ငါ့ပညာသင် အဖြစ်တောင် လက်ခံလိုက် ဦးမယ်”
ဆေးဆရာမကြီးအသံဟာ မာန ကြောင့် ခပ်တင်းတင်း ပါပဲ ။
“အိပ်မက် မက် မနေနဲ့ ၊ သေတောင် မလုပ်နိုင်ဘူး”
ချန်ရှန်လည်း ဆရာမကြီးအား ဂရုမစိုက်တော့ပဲ လုပ် စရာရှိတာ ဆက်လုပ်နေလျက်ပါ ။ ခုနက ဆရာမကြီး၏ အပြုအမူများဟာ ကလေးဆန်နေတာကိုတော့ ထူးဆန်း စွာ ခံစားမိလိုက်ပါတယ် ။
တစ်နာရီလောက် ကြာပြီးနောက်မှာတော့ ချန်ရှန်ဟာ မီးဖိုကို ဖွင့်လိုက်ကာ အတွင်းမှ ခရမ်းရောင် ဆေးလုံး ၆ လုံး အား ထုတ်ယူပြီး ကျောက်စိမ်းသေတ္တာလေးထဲ ထည့်လိုက် ပါတယ် ။ ထို့နောက်မှာတော့ ဆေးပင်များ တဖန် ပြန်ထည့် နေပါတော့တယ် ။
သူ၏ အပြုအမူများဟာ သာမန် လုပ်ရိုးလုပ်စဉ် ကို လုပ် နေသလိုပါပဲ ။ လမ်းပေါ်က ဆေးရောင်းနေသူတွေ ကျွမ်းကျင်စွာ လုပ်ငန်း စဉ်များလုပ်နေတာနဲ့ ပင် တူနေပါ သေးတယ် ။ ဒါကို ကြည့်နေတယ့် ဆေးဆရာမကြီးကတော့ တကယ်ကို အံ့သြမိနေတယ် ။ အဘယ်ကြောင့်ဆိုသော် ချန်ရှန်ဟာ တကယ်ကိုပဲ ချီဓာတ်ဆေးအား ပြုလုပ်နိုင်နေ တာ ဖြစ်ပြီး ဒါတင်မက ဆေးတစ်စုံကို တစ်နာရီခန့်သာ ကြာကာ တစ်ခါလုပ် ၆ လုံး ရရှိသောကြောင့်ပါ ။ ဆေး တစ် စုံ စာ အတွက် အပိုအလိုမရှိ ကွက်တိ ရရှိနိုင်အောင် ပြု လုပ် ခဲ့တာဖြစ်ပါတယ် ။ ဒီဖြစ်စဉ်ဟာ ကြားရသူတိုင်းကို အံ့ အားသင့်စေမှာ အမှန်ပါပဲ ။
ဒါတောင် ချန်ရှန်ဟာ နားနားနေနေ ပဲ လုပ်ခဲ့တာ ဖြစ်ပြီး ဆေးဆရာမကြီးကတော့ နှုတ်ဆိတ်လို့ နေပါတယ် ၊ ချန်ရှန်၏ အေးဆေး ဖြစ်နေပုံကို ကြည့်ရင်း သူမ သိပ် မပျော် ရွှင်နိုင်တော့ပါဘူး ။ ယခုလုပ်ခဲ့သော ဆေးတစ်စုံစာ ကို ကြည့်ရင်း အနိုင်ရရှိမည့်လူဟာ ချန်ရှန် ပဲ ဆိုတာ သူမ ကြိုသိနှင့်နေပါပြီ ။
ချန်ရှန်လည်း ဆရာမကြီးအား ဂရုစိုက်လွန်းခြင်းမရှိလှ ပါ ။ သူမတစ်ခုခုမေးရင် ပုံမှန်သာ ပြန်ဖြေဖြစ်နေတယ် ။ ချန်ရှန် သိပ်စိတ်မကြည်ပုံကို ကြည့်ရင်း ဆရာမကြီး အံကြိတ်နေမိပါတယ် ။
နောက်တစ်နာရီအကြာမှာလည်း ဆေးနောက်တစ်စုံ စာ ဟာလည်း ပြုလုပ်ပြီးဖြစ်နေပါတယ် ။ ချန်ရှန် တစ်နေ့ လုံး တစ်ညလုံး နားနေခြင်းမရှိပဲ ဆေးများ ပြုလုပ်လျက် ရှိ တယ် ။ တစ်ရက်ကြာပြီးနောက်မှာတော့ ချန်ရှန် ဆေးပင် ၁၁ စုံ စာကို လုပ်ပြီး ဖြစ်နေပါတယ် ။ ဒီလိုနှုန်းကြောင့် ဆေး ဆရာမကြီး တစ်ယောက် ဆွံ့ အကာဖြင့် အံ့သြနေပါ တော့တယ် ။ ချန်ရှန် တစ်ခါမျှ ကျရှုံးခြင်း မရှိခဲ့ပါချေ ။
ချန်ရှန် မျက်လုံးထဲမှာတော့ ချီဓာတ်ဆေးဆိုတာ သူ့ အ တွက် ဆန်စေ့လေးတွေလိုပါပဲ ။ ဒါပေမယ့် အဆင့်နိမ့် ဝိဉာဉ်တော်ဆေးတွေထဲမှာ ချီဓာတ်ဆေးကိုသာ ဘယ်လို လုပ်ရတယ်ဆိုတာ ကောင်းကောင်းသိတာပါ ။ တခြား ဆေး များဟာ ဆေးပင်များစွာ လိုအပ်တာဖြစ်ပြီး ယခု လောလောဆယ်မှာတော့ ဒီလို ဆေးပင်များစွာကို ၀ယ်ယူ ဖို့ သူမတတ်နိုင်သေးပါဘူး ။
၁၀ ရက်ကြာပြီးနောက်မှာတော့ ချန်ရှန် ဟာ စုစုပေါင်း ဆေးပင် အစုံ ၁၀၀ ကို ပြုလုပ်နိုင်ခဲ့ပြီး ဆေးလုံး ၆၀၀ ကို ပြုလုပ်နိုင်ခဲ့တာပါပဲ ။ ဒါတောင် နားတဲ့အချိန်များ ပါပါသေး တယ် ။ ဒီလိုနှုန်းဟာ ဒီစီရင်စု အတွင်းမှာတော့ ပထမပါပဲ။ ချန်ရှန်သာ မျိုးနွယ်စုများကို ချီဓာတ်ဆေး ပြုလုပ်ပေးမည် ဆိုပါက သူဌေးပင် ဖြစ်နိုင်ပါသေးတယ် ။
ပြိုင်ပွဲ အဆုံးမှာတော့ ရှောင်ဒို နဲ့ ဇန်ဒီတို့ ရောက်လာ ကြပြီး ချန်ရှန် ၏ အေးအေးဆေးဆေး ဖြစ်နေပုံကို မြင်တွေ့ လိုက်ကြရပါတယ် ။ သူတို့စိတ်ထဲ အနည်းငယ် ထူးဆန်း နေသလို ဖြစ်နေပေမယ့် ချန်ရှန်တော့ ရှုံးမယ်ဟုသာ ထင် နေမိကြပါတယ် ။
“ညီတော် ယောင် ၊ မင်းကို ၁၀ ရက်အတွင်းမှာ ငါ လုံးဝ လိုက်မမီတော့ပါဘူးကွာ ၊ ဒီရက်အတွင်း ချီဓာတ်ဆေး အလုံး ၄၀၀ တောင် လုပ်နိုင်ပေတာပဲ ၊ မင်းအရင်နှစ်က လုပ်ခဲ့တဲ့ နှုန်းထက်တောင် အလုံး ၅၀ ပိုများသွားတယ် ။ ဒီ နှစ်အတွက် ပထမဆု ဆိုတာလည်း မင်းအတွက်ပဲပေ့ါ”
လူကြီးတစ်ယောက်ဟာ ယောင်ဟိုင်ရှန်း အား ကြည့် ရင်း လေးလေးစားစား ပြောနေတယ် ။
ယောင်ဟိုင်ရှန်း ရဲ့ မျက်နာမှာတော့ မာနများဖြင့် ပြည့် လို့ နေပါတယ် ။ ပြုံးလျက်ပင် –
“ဟားး ဟားးး ၊ ကံကောင်းလို့ပါဗျာ ၊ နောက် ပြီး ဟို ကောင်းကင်နဲ့ မြေကြီး ရဲ့ အင်အား ကြီးမားမှုကို မသိတဲ့ ကောင်လေး နဲ့ လောင်းထားသေးတယ်လေ ။ ဒါကြောင့် ကျွန်တော် နိုင်အောင် တတ်နိုင်သရွေ့ လုပ်ခဲ့တာပဲ”
“ယောင်ဟိုင်ရှန်း ၊ အရင်က ခင်ဗျားပြောခဲ့တယ်မလား ၊ ခင်ဗျား ကျွန်တော့ကို ရှုံးရင် တပည့်ခံမယ်လို့လေ ၊ ယခု ထိ အဲဒိစကား တည်သေးရဲ့ လား”
ချန်ရှန် လမ်းလျှောက်လာရင်း ပြုံးကာမေးလိုက်တယ်။
“ဒါပေါ့ ၊ တည်ပကွာ”
ယောင်ဟိုင်ရှန်း ရယ်မောရင်ပြောလိုက်တယ် ။
“မင်း ၁၀ ရက်လုံး ဆေးဆက်တိုက် လုပ်နိုင်တယ် ဆို ရင်ပဲ ငါတော်တော် အံ့သြမိမှာကွ”
ဒီအချိန်မှာ ယှဉ်ပြိုင်သူများဟာ သူတို့ လုပ်နိုင်တယ့် အရေ အတွက် များကို ထုတ်ဖော် ပြောကြားနေကြတယ် ။ ယောင်ဟိုင်ရှန်း ကလွဲပြီး ကျန်သူများဟာ အများဆုံး အလုံး ၂၀၀ လောက်သာ လုပ်နိုင်ကြပါတယ် ။ အနည်းဆုံး ကတော့ အလုံး ၃၀ လုပ်နိုင်သူပါ ။ လူအများကြီး ယှဉ်ပြုင် ခဲ့တာမဟုတ်ပဲ လူ ၃၀ သာ ယှဉ်ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်၊ ၎င်းတို့ အားလုံးဟာ ဒီဆေးပညာခြံဝန်းအတွင်းမှ ဆေး ဆရာ တွေပဲ ဖြစ်ကြတယ် ။
ယောင်ဟိုင်ရှန်း နဲ့ တခြား လူများဟာ ချန်ရှန်ကို ရယ် မောနေကြတယ် ။ ဒါပေမယ့် ထွက်ပေါ်လာသော ဆေးဆရာမကြီး၏ အသံကြောင့် ၎င်းတို့အားလုံး၏ အပြုံး တွေဟာ အေးခဲသွားပါတော့တယ် ။
“ယောင် ဟိုင် ရှန်း ၊ ရှင် ရှုံးပြီ ၊ ဒီကောင်လေးက ဆေး အလုံး ၆၀၀ လုပ်နိုင်ခဲ့တယ်”
ဆေးဆရာမကြီး ပြောလိုက်တာပါ ။ သူမ၏ အသံမှာ အမုန်းတရားများ ပါဝင်နေသလိုပါပဲ ။ အဘယ်ကြောင့် ဆို သော် ဒီရလဒ်ကို သူမလည်း မလိုချင်လို့ပဲ ဖြစ်ပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset