Switch Mode

Chapter – 94

ဆေးပညာရပ်ပြိုင်ပွဲကြီး

Chapter – 94 ဆေးပညာရပ်ပြိုင်ပွဲကြီး

ဒီအသံကတော့ ဆေးဆရာမကြီးထံမှ ထွက်လာခြင်းပါ ။ ချန်ရှန် ဒီ အဖြစ်ကို သူသေသည်ထိ မေ့ နိုင် မည်မဟုတ်ပေ။ သူမ၏ အသံကြောင့် ဆေး ပညာ ခြံဝန်းငယ် ၈ ခုလုံး အုတ် အုတ်ကျက်ကျက် ဖြစ်သွား ပါတယ် ။ ပြင်းထန်သော ဆေး ပညာခြံဝန်းဆိုတာ ခြံဝန်းငယ် ၈ ခု ဖြင့် ဖွဲ့ စည်းထားခြင်း ဖြစ်တယ် ။ အဲဒိ ရှစ်ခု အထက်မှာမှ ဆေးဘုရင် ခြံဝန်းဆိုတာရှိတာပါ ။ ထိုနေရာ ကိုဝင်နိ်ုင်ရန်အတွက် ဆေးဆရာမကြီးကသာ ဆုံးဖြတ်ပေး နိုင်တာပဲ ဖြစ်တယ် ။
“မင်းရှုံးသွားရင်တော့ မင်းခုရရှိနေတယ့် အကျိုး အမြတ် အားလုံးကို ယောင်ဟိုင်ရှန်းကို ပေးရမယ် ဘယ်လို လဲ”
ဆေးဆရာမကြီးက လှောင်သလို ပြောလိုက်တယ် ။
ချန်ရှန်ကလည်း ခပ်ပြုံးပြုံးပင် –
“ဒါပေါ့ ၊ ကျွန်တော်သာ နိုင်ရင် နေရာအသစ်ကို ရောက် နိုင် ရုံမက ပညာသင် တပည့်တစ်ယောက်ပါ ရဦး မယ်”
“မင်းဘယ်တော့မှ မနိုင်နိုင်ဘူးကွ ၊ ငါဒီပထမဆုကို ရ နေတာ ငါးနှစ်ဆက်တိုက်ရှိပြီ ၊ နိုင်ချင်ရင်တော့ ဆုသာ တောင်းတော့”
ယောင်ဟိုင်ရှန်း က အေးစက်စက် အပြုံးဖြင့် ပြောပါ တယ် ။ သူဟာ ချန်ရှန် ရှုံးမှာပင် ကြိုသိနေသလို ပုံစံ ဖြင့် သိပ်ကို ယုံကြည်မှုရှိနေပုံပါပဲ ။
ဒီကိစ္စ ဟာ ဆေးဆရာမကြီးမှ ချန်ရှန် အား တမင် အ ခက်တွေ့ အောင် ပြုလုပ်လိုက်တယ်ဆိုတာ ဂိုဏ်းတစ်ခုလုံး အသိပါ ။ ဒါပေမယ့် ချန်ရှန်ဟာလည်း အတွင်းစည်းကို ၀င် နိုင်ခဲ့သူဖြစ်ပြီး တန်ဖိုးကြီးပစ္စည်းများစွာလည်း ရှိနေတယ် ဆိုတာ သိနေကြတယ် ။ ဆရာမကြီးဟာ ဒီလို ဂိုဏ်းကပေး တဲ့ အထောက်အပံများကို ဖြတ်တောက်ပစ်ချင်ပုံပါပဲ ။ ချန် ရှန် ဒီလို လွယ်လင့်တကူ ချက်ချင်း သဘောတူလိမ့်မယ်လို့ မည်သူမျှ မထင်ကြပါဘူး ။
“လူငယ်တွေက အမြဲဒီလိုပဲ ။ အရှုံးကို ၀န်မခံ ချင်ကြ ဘူး ။ တစ်နေ့ သူတို့ နာကျင်မှုတွေနဲ့ ပြန်ပေးဆပ်ရမှာ”
ဆရာကြီး ဝု အဆိုပါလောင်းကြေး ကို သိပြီးနောက် တော်တော်လန့်သွားတယ် ။
“ဆရာမ ကို ပြောဦးမယ် ၊ ဒီကောင်လေးက ခင်ဗျားကို မိုးပြာအသီး ၂ လုံးပေးပြီး ငြိမ်းချမ်းရေးယူချင်နေတာကို ဘာလို့ သူနဲ့ ဆက်အတိုက်အခံ လုပ်နေရတာလဲ”
“ဟဟ”
ဆရာမကြီး ခပ်လှောင်လှောင် ပြုံးလိုက်တယ် ။
“ဒီကောင်လေး သူ့ကိုယ်ပိုင် ဘယ်အရာကို မှ မဆုံး ရှုံး ဘူးသေးဘူး ၊ ကျွန်မ အခြေခံတည်ဆောက်ရေးဆေး လုပ် တုန်းက လိုအပ်တယ့် ပစ္စည်းတွေ တော်တော် များများ ရှိ ခဲ့ တယ် ။ သူပေးတယ့် မိုးပြာရောင်သိမ်မွေ့ သီးကတော့ အရှားဆုံးပေ့ါ ။ ကျွန်မက ဒီအသီးကို ရှာနေတာ နှစ်ပေါင်း များစွာ ကြာပြီ ။ ရှာမတွေ့ ခဲ့ဘူး ၊ ဒါကြောင့်ပဲ သူ့လက် ဆောင်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်တာပဲ ။ သူသာ ကျွန်မ နဲ့ တကယ် ငြိမ်းချမ်းရေး ယူချင်ရင် သူ့ချာတိတ်မတွေ အတွက် ဆေး ၂ လုံးလုပ်ဖို့ တောင်းဆိုမှာမဟုတ်ဘူး”
ဆရာကြီး ဝု ဒီစကားတွေ ကြားတဲ့အခါ ဆရာမကြီးရဲ့ သဘောထားကို ရိပ်မိသွားတယ် ။
“သူ့ခေါင်း ကျွန်မရှေ့ ဦးညွှတ်လာအောင်ကို လုပ်ပြ မယ် ။ သူသာ သူ့အမှားသူ ၀န်ခံပြီး တောင်းပန်ရင် သူ့ကို ကျွန်မ ပညာသင် အဖြစ်တောင် လက်ခံဖို့ ၀န်မလေးဘူး”
ဆရာမကြီးလည်း ပြောပြီးတာနဲ့ ထွက်ခွာသွားပါတော့ တယ် ။
“ဒီလို မိန်းကလေး ဒီတသက် အိမ်ထောင်ပြုလိမ့်မယ် မထင်မိဘူးဟေ့”
ဆရာကြီး ဝု ရယ်မောကာ ပြောနေပါတော့တယ် ။
ဆေးပညာပြိုင်ပွဲကြီးကို သုံးရက်နေရင် စမှာဖြစ်ပြီး ယခု ဆေးပညာခြံဝန်းငယ် ၈ ခုအတွင်းမှာပဲ ပြုလုပ်ကျင်းပ မှာ ဖြစ်ပါတယ် ။ ထိုသုံးရက်အတွင်း ချန်ရှန်ဟာ တံခါးပိတ် ကာ အစီအစဉ်ဆွဲနေတယ် ။ လူတိုင်းက သူဒီပြိုင်ပွဲ အ တွက် ပြင်ဆင်နေတယ်ထင်နေမှာပါပဲ ။ ဒါပေမယ့် ဒီ အတွေးဟာ လုံးလုံးကို မှားယွင်းနေမှာပဲ ဖြစ်ပါတယ် ။ လက်နက်ပြုလုပ်နည်းမှတ်ဉာဏ်ထဲမှ ဝိဉာဉ်တော် သွေး ကြော များ အကြောင်းကို လေ့လာနေတာပါ ။
“အမတော် မေးယို ၊ အမတော် ယုယု ၊ ဒီဝိဉာဉ်တော် အကြောတွေ နဲ့ ပက်သက်ပြီး အမတော်တို့ က ကျွန်တော့ ထက် ပိုနားလည်ကြမှာပါ ။ ဒီအရာတွေက သိမ်မွေ့ နက်နဲ လှပြီး စွမ်းရည်အမျိုးမျိုးရှိကြမှာပဲ ၊ ဒီဝိဉာဉ်တော် အကြော တွေကို ဆေးလုံးပေါ်မှာ ဒါမှမဟုတ် ဆေးပြုလုပ်နေတယ့် အချိန် ခွဲခြမ်းစိတ်ဖြာပြီး အသုံးပြုမယ်ဆို ဘယ်လိုနေမလဲ”
ကွင်းအတွင်း စုမေးယို နဲ့ ဘိုင်ယုယု ခဏတာ ဆွံ့အ သွားကြတယ် ။ ဒီလိုအတွေးမျိုး သူမတို့ တခါမျှ မတွေးခဲ့ ဖူးကြပါ ။ သူမတို့ တွေးတာက အမျိုးမျိုးသော ဆေးပင် များ ကို အခဲပြုလုပ်တဲ့ဖြစ်စဉ် လို့ ပဲ မှတ်ယူထားကြတာဖြစ် တယ် ။ ဒီထက်မပိုပါချေ ။
စုမေးယို အသက်တစ်ချက်ရှူကာဖြင့် –
“ငါလည်း မသိဘူး ၊ ဒါပေမယ့် မင်းကြိုးစားကြည့်သင့် တယ် ။ ဒီလိုလုပ်မယ်ဆိုရင်တော့ မင်း နတ်အတွင်းအား အာရုံကို တော်တော်လိုအပ်လိမ့်မယ် ။ ဒါမှ ဝိဉာဉ်တော် အကြောတွေကို ဆေးခဲမယ့် အချိန်မှာ ခွဲခြမ်းစိတ်ဖြာ ထည့်သွင်းနိုင်ပေလိမ့်မယ် ။ ဒါကြောင့် ဒီလိုလုပ်နိုင်ဖို့ အားကောင်းလှတယ့် နတ်အတွင်းအား အာရုံကို ရှိအောင် ကြိုးစား ရမယ်”
“မှန်တယ် ။ ဒါတင်မကသေးဘူး ၊ သင့်တော်မယ့် ဝိဉာဉ်တော် အကြောတွေကို ထည့်သွင်းနိုင်ဖို့လည်း လို သေးတယ် ။ ငါ့ဆရာ တစ်ခါပြောဖူးတယ် ။ ရှေးချိန်များစွာ ထဲက ဆေးမှာ ထည့်သွင်းနိုင်မယ့် တချို့ သော မှော် ဝိဉာဉ် တော်တွေ ရှိတယ် ။ ဒီ မှော်ဝိဉာဉ်တော်တွေကို စွမ်းအင် သိုလှောင်ရာမှာ အလေးအနက် နှလုံးသွင်းလိုက်မယ်ဆို များစွာသော စစ်မှန်တဲ့ ချီဓာတ်တွေကို လျင်မြန်စွာ စုဆောင်း ရရှိနိုင်လိမ့်မယ် ။ အဲဒါတွေကို လက်မှာ အားပြု လိုက်မယ်ဆိုရင် ကြီးမားလှတယ့် စွမ်းအင်ကို ရရှိနိုင်လိမ့် မယ်”
ဘိုင်ယုယု က ပြောပြပါတယ် ။
ချန်ရှန် ကြားရတယ့် စကားကြောင့် စိတ်အားတက်ကြွ သွားတယ် ။ သူသာ ဒီမှော်ဝိဉာဉ်တော်တွေကို ဆေးမှာ ဖန်တီးနိုင်မယ်ဆိုရင် ဆေးကြီးလှတယ့် ဆေးပင်များကို အသုံးပြုစရာမလိုပဲ ဆေးရဲ့ အာနိသင်ကို ပိုမိုတိုးတက် အောင် လုပ်နိုင်ပေလိမ့်မယ် ။ ယခုတော့ ဒီမှော်ဝိဉာဉ် တော် တွေ အကြောင်းကို နည်းနည်း နားလည်စပြုလာပါ ပြီ ။
သုံးရက်ကြာပြီးနောက်မှာတော့ ချန်ရှန် ထွက်လာခဲ့ တယ် ။ အဆိုပါ မှော်ဝိဉာဉ်တော်တွေဟာ တော်တော်ကို ရှုပ်ထွေးကာ ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ နဲ့ ၎င်းတို့ရဲ့ ကွဲပြားခြားနားလှတယ့် အချက်အလက်တွေကို ခြုံငုံမိဖို့ အတွက် အားကောင်းလှတယ့် စိတ်စွမ်းအင် လိုအပ်မှာပါ ။ ဒီလို အချိန်တိုတွင်းမှာ လုပ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး ။
ယခု ဆေးပညာပြိုင်ပွဲဟာ တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲ ငယ်တစ်ခုပဲ ဖြစ်တယ် ။ ပြိုင်ပွဲကြီးတွေကို တော့ ဆယ်နှစ် တစ်ကြိမ် ကျင်းပလေ့ ရှိကြပါတယ် ။ ယခုအခါ မှာတော့ ဂိုဏ်းထဲရှိ ဆေးဆရာအားလုံးဟာ ပါဝင်ယှဉ်ပြိုင် ကြတာဖြစ်ပြီး စီရင်စု အတွင်းမှ ဆေးဆရာများဟာလည်း လာရောက် လေ့လာကြပါတယ် ။ လူတိုင်းဟာ ဒီ ဆေး ပညာ ပြိုင်ပွဲကို သိပ်ပြီး စိတ်ဝင်စားလှတယ်တော့ မဟုတ် ပါဘူး ။ အဘယ်ကြောင့်ဆိုသော အချိန်ကြာပြီး ပျင်းရိဖွယ် ကောင်းလို့ပါပဲ ။ ပြိုင်ပွဲကြီးမှသာ တကယ့်ကို စိတ်လှုပ်ရှား ဖွယ်ကောင်းကာ အသက်ဝင်လှတာ ဖြစ်ပါတယ် ။ ဒါတင် မက ရင်သပ်ရှုမောဖွယ် မြင်ကွင်းမျိုးများလည်း မြင်တွေ့ရ တတ် ပါသေးတယ် ။
“အကိုတော် ချန် ၊ ခင်ဗျား လုပ်နိုင်မှာပါ ။ ကျွန်တော့ တို့ ဆယ်ရက်ပြည့်ရင် ဒီနေရာကနေ စောင့်နေမယ်နော်”
ရှောင်ဒိုလည်း ချန်ရှန် ၏ လောင်းကြေးကြောင့် တော် တော် စိုးရိမ်ပူပန်နေပုံပါပဲ ။ သူဟာ ချန်ရှန် နိုင်မယ်လို့ ကျိန်း သေပြောခဲ့ပေမယ့်လည်း တကယ်လို့ ရှုံးသွားမည် ဆိုပါက တော်တော်ကြီးကို ဆုံးရှုံးသွားနိုင်မှာပါ ။
ဆေးဆရာမကြီး ရောက်လာကာ အေးစက်စက် ပြော ပါတယ် ။
“ချန်ရှန် ၊ မင်းရဲ့ ဆေးလုပ်မယ့်အရာကို ငါကိုယ်တိုင် ကြီးကြပ်မယ် ။ မင်း ချီဓာတ်ဆေး အလုံး ၁၀၀၀ နိုင်ထား တယ်လို့ ကြားတယ် ။ ဒါကြောင့် မဟုတ်မမှန်လုပ်ခြင်းက ကာကွယ်ရမှာပဲ”
ချန်ရှန် သက်ပြင်းချကာဖြင့် –
“ဆရာမကြီး ၊ ချီဓာတ်ဆေးက အလုံး ၇၀၀ ပဲကျန် တော့တယ် ၊ အလုံး ၁၀၀ ကို ရှောင်ဒိုကိုပေးလိုက်တယ် ။ ဇုရွန်နဲ့ ဇန်ဒီကို အလုံး ၂၀၀ ရောင်းလိုက်တယ်ဗျ ။ ဒီမှာ ကျန်တယ့် အလုံး ၇၀၀ ၊ ဒါကြောင့် ခင်ဗျားကျွန်တော့ ကို မဟုတ်တာ စွပ်စွဲလို့ မရတော့ဘူးပေါ့”
ချန်ရှန် သေတ္တာငယ်လေး ၇ ခုအား ထုတ်ပေးလိုက်တဲ့ အခါမှာတော့ ဆေးဆရာမကြီး တော်တော် အံ့အားသင့် သွားပါတယ် ။ တခြားလူများမှာလည်း ချန်ရှန် ချီဓာတ်ဆေး အလုံး ၇၀၀ ပိုင်ဆိုင်တာကို မြင်တဲ့အခါ သိပ်မနာလိုနေကြ ပုံပါပဲ ။ ဒါပေမယ့်လည်း ချန်ရှန်ကို အတိုက်အခံ လုပ်ဖို့ စိတ်တောင် မကူးဝံ့ကြပါဘူး ၊ သူတို့ရဲ့ ပျော်ရွှင်စရာ နေ့ ရက်တွေ ပျောက်ဆုံးမှာ ကြောက်ကြလို့ပါပဲ ။
ဆေးဆရာမကြီးလည်း သေတ္တာများကို ဖွင့်ကာဖြင့် ဆေး လုံး ၇၀၀ အား အတည်ပြုလိုက်တယ် ။ ထို့နောက် ထို အရာများအား သူမ၏ လက်ကောက်ဝတ်မှ အိတ်လေး ထဲ သို့ ထည့်လိုက်ပါတော့တယ် ။ ဒီလို ခေါင်းဆောင်အဆင့် တွေမှာ ယခုလို ဆန်းပြားပြီး လှပလှတယ့် အိတ်မျိုးလေး တွေ ရှိတတ်ကြပါတယ် ။
ဆေးဆရာမကြီးဟာ ချန်ရှန်နောက်ဆုံးမှာ ချီဓာတ် ဆေး အား ဘယ်လိုပြုလုပ်မလဲဆိုတာကို ကြည့်ချင်နေမိ တယ် ။ ဒီလို အသက်အရွယ်နဲ့ ချီဓာတ်ဆေးလုပ်နိုင်တယ် ဆိုတာကို သူမအနေဖြင့် မယုံကြည်နိုင်ဖြစ်နေတာပါ ။
ပြိုင်ပွဲစတင်တာနဲ့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီဟာ အစောင့် တစ်ယောက်စီဖြင့် သီးသန့် အခန်းငယ်တစ်ခု အတွင်းတွင် ဆေးပြုလုပ်ရတာပဲ ဖြစ်ပါတယ် ။ ဆေးဆရာ အိုကြီးများ ၏ ကြီးကြပ်မှုဖြင့် မည်သူမျှ မဟုတ်မမှန် မလုပ် နိုင်ကြပါ ။
ရှန်ရှန် သိထားတာက တော့ အမြန်ဆုံးလူဟာ ချီဓာတ် ဆေး တစ်စုံစာကို နာရီဝက်ဖြင့် ပြုလုပ်နိုင်တယ် လို့ပဲ ဖြစ် ပါတယ် ။ သူသာ နဂါးမီးတောက် မီးဖိုကို အသုံးပြုမည်ဆို ပါက ဆေး ၂ စုံစာကို နာရီဝက်ဖြင့် ပြုလုပ်နိုင်မှာပါ ။ အလောတကြီး မဖြစ်ပဲ သူလည်းနားနားနေနေ လုပ်နိုင်ဖို့ ဆေး တစ်စုံစာကို တစ်နာရီဖြင့် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါ တယ် ။
ဆေးဆရာမကြီး မီးဖိုအား ဖွင့်ကာ စစ်ဆေးကြည့် နေ တယ် ။ လှပလှတဲ့ မီးဖိုလေးအတွင်းမှာ မသင်္ကာစရာ တစ် စုံ တစ်ခုမျှ မတွေ့ ရပါချေ ။ ဒီမီးဖိုကို လူတော်တော် များ များ မတွေ့ ဖူးကြပါဘူး ။ အဘယ်ကြောင့်ဆိုသော မန်ဘို ဟာ သူ၏ မီးဖိုအား လူရှေ့ မှာ အလောင်းအစားအနေဖြင့် ဘယ်တော့ မှ ထုတ်မသုံးဘူးလို့ပါပဲ ။
‘ဆရာမကြီး ၊ ပုံမှန် ခင်ဗျား ချီဓာတ်ဆေး တစ်စုံ ကို လုပ်ဖို့ ဘယ်လောက်ကြာလဲ ။ နောက် တစ်ခါလုပ်ရင် ဘယ်နလုံးရလဲဗျ”
ချန်ရှန် မေးလိုက်တယ် ။
“ငါအမြန်ဆုံး လုပ်နိုင်တာကတော့ ဆေး ၂ စုံစာကို တစ် နာရီခွဲလောက်နဲ့ ပဲ ။ အများဆုံးက ကတော့ ခြောက် လုံး ရမယ် ။ ဒါပေမယ့် အချိန်တော့ ပိုကြာနိုင်မယ်”
ဆရာမကြီးဟာ အမှန်တိုင်းဖြေတာပါ ။ သူမဟာ ဒီရ လဒ်ကို ကျေနပ်နေတာပဲ ဖြစ်တယ် ။ သူမအဆင့်က ဆေး ပညာရှင်များဟာ အဆင့်မြင့် ဆေးတွေကို အမြဲပြုလုပ်လေ့ မရှိပဲ တခါတရံ ဂိုဏ်းလိုအပ်ချက်ရှိတယ့်အခါမှာတော့ ဒီလို ဆေးတွေ လုပ်ဖို့ လိုအပ်ကြပါတယ် ။
အဆင့်မြင့်ဆေးတွေကို ပြုလုပ်တဲ့အခါ ၎င်းတို့ဟာ သီးသန့် တိတ်တဆိတ် ပြုလုပ်လေ့ရှိကြပါတယ် ။ ဒါပေမဲ့ ဆရာမကြီးကတော့ ဒီလို မလုပ်တာကြာပါပြီ ။ သူမဟာ ဆေးပင်တွေ စုဆောင်းနေလို့ပဲ ဖြစ်ပါတယ် ။
ယခု ပြိုင်ပွဲမှာ အသုံးပြုမယ့် ဆေးပင်တွေကို ဂိုဏ်းက ထောက်ပံ့ပေးတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဆေးပြုလုပ် ရာမှာ မအောင်မြင်ဖူးဆိုရင်တော့ တန်ဖိုးကို ပြန်လည် ပေး ရမှာဖြစ်ပြီး ဒီလိုလုပ်ခြင်းဟာ ပြိုင်ပွဲဝင်သူများ ဖြစ်ကတတ် ဆန်း လုပ်ခြင်းမှ ကင်းဝေးရန်ပဲ ဖြစ်ပါတယ် ။ ပြိုင်ပွဲဝင်သူ များဟာလည်း ပြီးပြီးရော အမြန် မလုပ်ဝံ့ကြပါဘူး ။ ဒါပေ မယ့် ချန်ရှန် မှာက ထူးကဲကောင်းမွန်လှသော နဂါးမီး တောက် မီးဖို ရှိနေပါတယ် ။ သူမြန်မြန်ပြီးချင်ရင် မြန်မြန် ပြီး လို့ရနိုင်ပြီး တကယ်လို့ သူသာ တကယ်လုပ်မည်ဆိုပါ က ဆေးပင်သုံးစုံစာကိုတောင် နာရီဝက်ဖြင့် လုပ်နိုင်မှာပါ ။
ဆေးဆရာမကြီးဟာ ချန်ရှန်တစ်ယောက် ဆေးပင်များ အား အကြည့်တစ်ချက်နဲ့ပင် ကျွမ်းကျင်စွာ ခွဲခြမ်းစိတ်ဖြာ နေတာကို မြင်နေရတယ် ။ တစ်ချိန်တည်းမှာပဲ တစ်စုံစာ စီ များကို စနစ်တကျ ခွဲခြမ်းပြီး တစ်စုံစာများဟာလည်း အပို အလို မရှိ ကွက်တိကို ဖြစ်နေပါတယ် ။ သူ၏ အပြုအမူများ ဟာ လျင်မြန်လွန်းသောကြောင့် လူများဟာ ပါးစပ်အ ဟောင်းသားကို ဖြစ်နေကြတယ် ။ ဆေးပညာနဲ့ တဘ၀လုံး ရင်းနီးလာသော လူများသာ ဒီလို လုပ်နိုင်လောက်တာပါ ။ ဒီဂိုဏ်းအတွင်းမှတောင် ဆေးဆရာကြီးများ အချို့ သာပဲ ယခုလို လုပ်နိုင်တာပဲ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset