Chapter – 93 ပြင်းထန်သောဆေးပညာခြံဝန်း
ချန်ရှန်မှာ ယခု အဆင့်မြင့် ဝိဉာဉ်တော်ဆေးဖြစ်တဲ့ စစ်မှန်သော ဒြပ်စင်ဆေး ၂ လုံးရှိနေပါပြီ ။ ဒီလိုဂိုဏ်းထဲမှာ တောင် ဒီဆေးဟာ တော်တော် ကို ရှားပါးပါတယ် ။ အဘယ်ကြောင့်ဆိုသော် ပြုလုပ်ရန် တော်တော် ခက်ခဲ သောကြောင့် ပါပဲ ။ ဒီလိုပြုလုပ်ဖို့ရန်လည်း ကိုယ့်ဆေးပင် ကိုယ်ပေးကာဖြင့် လုပ်နိုင်တယ့် ဆေးဆရာကို ငှားရမ်းကြ ရပါသေးတယ် ။
“ဒီဆေးတွေကို မစားနဲ့ဦး ၊ မကြာသေးခင်ကမှ မင်းက အဆင့် ၉ ကို ရောက်ထားတာ ၊ ဒီအဆင့်နဲ့ နည်းနည်း နေ သားကျ ရင်းနီးအောင်နေပြီး အဆင့် ၁၀ ရောက်မယ့်အချိန် ကို စောင့်နေ ၊ အဲဒိအချိန်ကျမှ သောက်ပေတော့”
စုမေးယို က ပြောပြတာပါ ။
ချန်ရှန် သက်ပြင်းချမိတယ် ။ သူဒီဆေးတွေကို ရတိုင်း ဘယ်လို အရသာ ရှိလဲဆိုတာ တော်တော် သိချင်နေမိပါ တယ် ။
ကောင်းကင်ဖြို ပုံဆောင်ခဲ စွမ်းရည်ဟာ ကြောက်စရာ တိုက်ကွက် တစ်ခုပါပဲ ။ မျက်စိတမှိတ်အတွင်းမှာ ကိုယ် တွင်းမှ ချီဓာတ်များစွာကို ထုတ်လွှတ်စေပြီး ခပ်ကွာကွာမှ ပင် ကြီးမားကာ မမြင်ရသည့် လှိုင်းကြီးဖြင့် တိုက်ခိုက် ခြင်း ဖြစ်ပါတယ် ။ တစ်ချိန်တည်းမှာပင် ထိုအရာကို ခုခံ မည် ဆိုပါက ချီဓာတ်များစွာကို ဆုံးရှုံးစေမည် ဖြစ်ပါတယ်။
“ကောင်းကင်ဖြို ပုံဆောင်ခဲ”
ချန်ရှန်၏ လက်ငါးချောင်းဟာ ဆန့်ထုတ်လိုက်ပြီး ပုံ ဆောင်ခဲသဏ္ဍာန်ကြီး ထုတ်လွှတ်လိ်ုက်ပါတယ် ။ မျက်စိ တမှိတ်အတွင်းမှာပင် သူ့ရှေ့ မှာရှိသော သစ်ပင်ကြီးများ ဟာ တစ်စစီဖြစ်ကာ မြေကြီးများမှာလည်း ပင်လယ်လှိုင်း များလိုပင် ဖြစ်လို့သွားတယ် ။ တကယ်ကို စွမ်းအားလွန် တစ်ရပ်ပါပဲ ။
ချန်ရှန်ဟာ ဂိုဏ်းမှပိုင်တဲ့ တောင်ခြေတောထဲမှာ လေ့ ကျင့်နေခြင်းဖြစ်ပါတယ် ။
“သုံးရက်ထဲနဲ့ ဒီလို လုပ်နိုင်ပြီကွ ၊ တယ်တော်တဲ့ ငါပါ လား”
ချန်ရှန် သူ့အခြေအနေကို သူ့ဘာသာ ကျေနပ်နေပါ တယ် ။
“နောက် အကွက်တစ်ခု ၊ နူးညံ့သော အငွေ့ လက် ချောင်း ကို ကျင့်ဦးမှ”
မိုးပြာရောင် ချီငွေ့ အလင်းတန်းတစ်ခု သူ၏ လက် ချောင်း ပတ်ပတ်လည်မှ ထွက်လာပါတယ် ။ ဒီအချိန်မှာ ထွက်လာတဲ့ ချီအငွေ့ တွေဟာ အရမ်းကို တည်ငြိမ်ပုံပေါ် နေသော်လည်း ၎င်းဟာ အရမ်းကို လေထုကို အတော် ကို ဖိနှိပ်ထားတာပါ ။
ချန်ရှန် ဒီလက်ချောင်းဖြင့် အတုံးလေးတစ်ခုကို ထိ လိုက်ပါတယ် ။ သေးငယ်သောအပေါက်လေးဖြစ်ပေါ်သွား ပြီး ဒီအတုံးဟာဆိုရင် အဆင့် ၉ သာမန်လက်နက် တစ်မျိုး ပဲ ဖြစ်ပါတယ် ။ ဒီလက်နက်ဟာ ချန်ရှန် လက်ချောင်းကြား မှာပဲ ကွဲကြေသွားရပါတော့တယ် ။
“ဟဲဟဲ ၊အရောင်မရှိ မမြင်ရတယ့် ချီဓာတ်ကို သာ သုံးရင် ပိုပြီး စွမ်းအားမကြီးသွားနိုင်ဘူးလား ၊ ဝိဉာဉ် တော် လက်နက်တောင် ကျိုးနိုင်မယ် ထင်တယ်”
ချန်ရှန် ရယ်မောကာ ပြောလိုက်တယ် ။ သူဒီ အဆင့် နိမ့် မြေကြီးအဆင့် သိုင်းစွမ်းရည်ကို တော်တော် ကျေနပ် နေမိပါတယ် ။
မိုးပြာနဂါးလက်သည်း တိုက်ကွက်နဲ့ ဆင်တူသော် လည်း မိုးပြာနဂါးလက်သည်းဟာ တိုက်ခိုက်ထုတ်ပါက တော်တော်ကြီးပြင်ဆင်ရကာ စွမ်းအားကလည်း ကြီးလှပါ တယ် ။ ဒီနုးညံ့သော အငွေ့ လက်ချောင်းကတော့ တိ်ုက် ကွက် ထုတ်ရာမှာလည်း မြန်ဆန်လှပြီး ၎င်းကို အသုံးပြုပါ က ပိုမိုပြီး ရုတ်တရက် တိုက်ခိုက်မှုမျိုး ပြုလုပ်လို့ ရတာပါပဲ။
ချန်ရှန် ခြံဝန်းထဲ ပြန်ရောက်တဲ့အခါမှာတော့ ရှောင်ဒိ နှင့် ဇန်ဒီတို့၏ မျက်နာဟာ တော်တော် ကျေနပ်ပျော်ရွှင်နေ ပုံပါပဲ ။ သူသိလိုက်ရတာကတော့ ၎င်းတို့ ၂ ယောက်လုံး ဆရာကောင်းကောင်း ရသွား ကြလို့ပါ ။
“အကိုတော်ချန် ၊ အချိန်ကောင်းကို ရောက်လာတာပဲ ၊ နောက်သာကျရင် လူကြီးမင်းဇန်ကို မြင်ဖို့ မလွယ်တော့ ဘူး ဗျို့ ”
ရှောင်ဒို က ပြောပါတယ် ။
“အိုး ၊ ဘာလို့တုန်းကွ”
ချန်ရှန်လည်း ပြန်မေးလိုက်တယ် ။
“ငါ့ဆရာက ပြင်းထန်သော သိုင်းပညာစီရင်စု နယ်စပ် ကို လှည့်လည်သွားလာနေတယ့် လူပဲ ၊ ဒါကြောင့် ငါသူ့ နောက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ် ။ ဒီလိုလုပ်ခြင်းအားဖြင့် ငါလဲ လောကအတွေ့ အကြုံတွေ အများကြီးရပြီး ငါ့ကိုငါ တိုးတက်အောင် လုပ်နိုင်တာပေ့ါ”
ဇန် ဒီ က ပြုံးကာ ပြောပါတယ် ။
“ကောင်းပါတယ် ဗျာ ၊ အစစအရာရာ ဂရုစိုက်ပါ”
ချန်ရှန် ပြုံးကာ ပြောလိုက်ပါတယ် ။
ဇန်ဒီ လည်း ထွက်ခွာသွားပြီးနောက် ရှောင်ဒိုက ပြုံး ကာဖြင့် –
“အကိုတော်ချန် ၊ ကျွန်တေ့ာ် ဆရာကို သိချင်လား”
“ဘယ်သူတုန်းက ၊ ဆေးဆရာမကြီး လို့တော့ မပြောနဲ့”
ချန်ရှန် ရယ်မောကာ ပြောလိုက်တယ် ။
“ဟုတ်ပါဘူးဗျ ၊ တတိယမြောက် ခြံဝန်းက ခေါင်း ဆောင် တစ်ဦးပဲ ၊ သူမနဲ့ ကျွန်တော်တို့ မိသားစုဟာ အနည်း ငယ် ဆက်ဆံရေးလေး ရှိတော့ သူမက ကျွန်တော့ ကို ပညာသင်အဖြစ် လက်ခံလိုက်တာပဲ ၊ ဒါပေမယ့် စစ် ဆေးမှုလုပ်တုန်းက ကျွန်တော့မှာ တော်တော် ခံလိုက်ရ သေးတာ ၊ နောက်ပြီး ကျွန်တော့ သိမ်းငှက်ပါ ပါသွားလေရဲ့ ဗျာ”
ရှောင်ဒို စိတ်ဓာတ်ကျနေပုံဖြင့် ပြောပါတယ် ။
တတိယ ခြံဝန်းမှ လူဆိုတာ တော်တော် ကို စွမ်းအား ကြီးသူဟု သတ်မှတ်နိုင်ပါတယ် ။ ချန်ရှန်ပင် အတော် အံ့ အားသင့်မိသွားတယ် ။
“အကိုတော် ချန် ၊ ခင်ဗျားမှာ ဆရာမရှိဘူးလား ၊ ဒါ ကြောင့် တော့ အားမငယ်ဘူးမလား”
ရှောင်ဒို လေသံ တီးတိုး ဖြင့် မေးပါတယ် ။
ချန်ရှန် လည်း ရယ်မောကာဖြင့် –
“ရှောင်ဒို ၊ မင်းသာ မြန်မြန် တိုးတက်အောင်လုပ် ၊ ဒီ လို မှ မဟုတ်ရင် ငါ့ထက်နောက်ကျပြီး ကျန်နေလိမ့်မယ် ။ ငါ က ငါ့ဟာငါ ဒီအဆင့်တွေ ကျော်လွှားနိုင်တယ်ကွ”
“ရှောင်ဒို ၊ မင်းက ဆရာရသွားတာကို အစားအ သောက်လေးဘာလေး ကျွေးမယ် မပြောဘူး ၊ တော်တော် ကပ်စီးကုတ် အကျင့်မကောင်းတဲ့ ကောင်ပဲ”
ဇုရွန် ပြုံးလျက် ၀င်လာတယ် ။
ချန်ရှန်ဟာ ဆေးပညာရှင်တစ်ယောက်ဖြစ်ပြီး တန်ဖိုး ကြီးပစ္စည်းများစွာ ရှိတယ်ဆိုတာ သိကတည်းက ဇုရွန် ဟာ နေ့တိုင်းလိုကို လာနေတာပါ ။ ချန်ရှန် မှာ ချီဓာတ်ဆေး အလုံး ၇၀၀ လောက်ရှိနေတယ့်အတွက် ဒီ အတွင်းစည်း မှာ တော်တော် လေး ချမ်းသာတယ်လို့ ဆိုနိုင်ပါတယ် ။
“ဖက်တီးစုတ် ၊ ခင်ဗျား ကျွန်တော့ ဆီက ဘယ်လို အမြတ်ထုတ်ကမလဲပဲ သိတယ် ။ ခင်ဗျားနဲ့ ကျွန်တော် သိ တာကြာပြီ ။ ကျွန်တော့်ကို တစ်ခါတောင် ဖိတ်ဖူးလား”
ရှောင်ဒို ကျိန်ဆဲနေပါတော့တယ် ။
“ဘယ်သူပြောလဲ ၊ ငါတို့ နောက်ဆုံးတစ်ခေါက် ထွက် တုန်းက မင်းကို ခေါက်ဆွဲပြုတ်ဖိတ်ကျွေးဖူးတယ်လေ”
ဇုရွန် ချက်ချင်းပင် ပက်ခနဲ ပြန်ပြောပါတယ် ။ သူ့မျက် နာမှာလည်း မကျေနပ်ပုံ ပေါ်နေပါသေးတယ် ။
“တော်တော်ကောင်းရှာတာကိုး ၊ ငါးတစ်ဖက် အသား တစ်ဖက်မပါ ၊ တော်တော် စုတ်ပြတ်တဲ့ ခေါက်ဆွဲ”
ရှောင်ဒို ဇုရွန် ဆီသို့ သွားကာ ကန်နေပါတယ် ။
“ဇုရွန်လဲ လှောင်ပြောင်နေကာဖြင့် –
“ဖိတ်ကျွေးတာက ဖိတ်ကျွေးတာပဲ ၊ မင်းဟာ ငါ့ဘ၀ရဲ့ ပထမဆုံး ဖိတ်ကျွေးခြင်း ခံရဘူးတဲ့ လူပဲ”
“ချန်ရှန် ၊ ဆေးပညာခြံဝန်းထဲမှာ ဆေးပညာပြိုင်ပွဲတစ် ခု ကျင်းပနေတယ် ။ မင်းမသွားချင်ဘူးလား ၊ ဆုက ဒြပ်စင် ဆေး ၂ လုံးတောင်ရမှာနော်”
“စည်းမျဉ်းတွေက ဘယ်လိုတဲ့တုန်း”
ချန်ရှန် စိတ်လှုပ်ရှားစွာ မေးလိုက်တယ် ။
“ထုံးစံအတိုင်းပေါ့ ၊ အချိန်တစ်ခုအတွင်းမှာ ၊ ချီဓာတ် ဆေး အများဆုံးနဲ့ အကောင်းဆုံး အရည်အသွေး ဖြစ် အောင် လုပ်နိုင်သူက အနိုင်ပဲ”
ဇုရွန် သူ၏ လက်များကို ပွတ်ရင်း ပြောပါတယ် ။
ချန်ရှန် မျက်ခုံး အနည်းငယ်မြင့်တက်ကာဖြင့် သူ့ကိုယ် သူယုံ ကြည်မှု ရှိစွာ ပြုံးလိုက်တယ် ။ ထို့နောက် ချက်ချင်း ပင် –
“သွားမယ်ဗျာ”
ပြောပြီးတာနဲ့ ချက်ချင်းပင် ခြံဝန်းထဲမှ ထွက်ကာ ဆေး ပညာခြံဝန်းဆီ ဦးတည်သွားပါတယ် ။ ဒီရက်ပိုင်းတွေမှာ သူ ဟာ ဆေးပညာခြံဝန်းရဲ့ နေရာကို သိခဲ့ပြီးဖြစ်တယ် ။ ခြံဝန်း တစ်စိတ် တပိုင်းဟာ လျို့ ဝှက်ဆန်းကြယ်နယ်ပယ် အနီးမှာ ရှိပြီး တစ်ပိုင်းဟာ နယ်ပယ်ထဲမှာ ရောက်နေတာပါ ။
ချန်ရှန် ခြံဝန်းငယ် ၈ ခုရှိတယ့် ဆေးပညာခြံဝန်းကြီး ထဲ ၀င်လာခဲ့တယ် ။ တော်တော်ပဲ သူတို့ကို အံ့အားသင့် သွားစေတယ့် အရာကတော့ ယောင်ဟိုင်ရှန်း ကို တွေ့ လိုက်ကြရလို့ပါပဲ ။
“မင်းဘာလာလုပ်ပြန်ပြီလဲ”
ဒီနေရာမှာလည်း စာရင်းသွင်း လက်ခံသူဟာ ယောင် ဟိုင်ရှန်း ဖြစ်နေတာဟာ တော်တော် အံ့သြစရာပါပဲ ။ ဒီလူ ဟာ အရင်တခါ ချန်ရှန် ကို ပြုမူခဲ့ပုံများဖြင့် ပတ်သက်ပြီး သူ တော်တော် ပြသနာ တက်ခဲ့ပုံပါ ။ ဒါကြောင့် တခြား အပြင် အလုပ် မရှိတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။
ရန်သူတွေဟာ တစ်ယောက် လမ်းကြောင်းမှာ တစ် ယောက် ပိတ်နေတတ်ကြပါတယ် ။ ချန်ရှန် ယောင်ဟိုင် ရှန်း နဲ့ တွေ့ ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါ ။ ဒါပေမယ့် ဒီလူ ဟာ အဆင့် ဆေးပညာရှင်ဖြစ်ကြောင်း ကြားဖူးနေပါတယ် ၊ သူဟာ အလယ်အလတ်အဆင့် ဝိဉာဉ်တော်ဆေးများကို လုပ်နိုင်သူ ဖြစ်ကာ ဒီဂိုဏ်းရဲ့ နေရာတစ်နေရာ မှာ အခိုင် အမာ ရပ်တည်နေသူပဲ ဖြစ်ပါတယ် ။ ယခင်နေ့က အပြု အမူမျိုး ၎င်းအနေဖြင့် လုပ်ခြင်းဟာ သိပ်တော့ အံ့သြစရာ မဟုတ်ပါချေ ။
ယောင်ဟိုင်ရှန်း ချန်ရှန် ကို တွေ့ တဲ့အခါ တော်တော် ကို လှုပ်လှုပ်ရှားရှား ဖြစ်လာတယ် ။ ယခုအခါမှာ သူဟာ ချန်ရှန်၏ ၀င်ကြေးကို ပေးနေရတာဖြစ်ပြီး ချန်ရှန်ကို အ တော် မကျေမနပ်ဖြစ်နေမယ်ဆိုတာ ငြင်းစရာမရှိပါချေ ။
ရှောင်ဒို နဲ့ ဇုရွန် တို့ လည်း ချန်ရှန် ဒီလို သူ၏ ရန်သူ တော် နဲ့ တွေ့ လိမ့်မယ်လို့ မမျှော်လင့်ထားကြပေ ။
“မင်းအဆင့်နဲ့ ချီဓာတ်ဆေး လုပ်မယ်ပေါ့ ၊ ဆေးပင် ရဲ့ ကုန်ကျစရိတ်တွေကို မင်းကိုယ်ပိုင် သလင်းကျောက်တုံး တွေနဲ့ ပေးရမှာနော် ၊ နောက်ပြီး မင်း သုံးကြိမ် မအောင်မြင် ရင် အပယ်ခံရပြီပဲ”
ယောင်ဟိုင်ရှန်း အထင်သေးသလို ပြောပါတယ် ။
ခုနလေးတင် ချန်ရှန် ဇုရွန်ဆီမှ သိရသော သတင်းအရ ဒီ ပြိုင်ပွဲမှာ ပြုလုပ်တယ့် ကုန်ကျစရိတ်အကုန်လုံးအား ဂိုဏ်းမှ ထောက်ပံ့ခြင်းဖြစ်ကာ ပြုလုပ်ချိန်မှာလည်း ၁၀ ရက် ကြာ ရရှိတာ ဖြစ်တယ် ။ ဒီလိုလုပ်ခြင်းဟာ နှစ်များစွာ စုထားသော ချီဓာတ်ဆေးပြုလုပ်သော ဆေးပင်များကို အသုံးချစေတာပါ ။ ယခုနည်းလမ်းဟာ တစ်ကြိမ်ထဲဖြင့် ချီဓာတ်ဆေးများစွာကို လျင်မြန်စွာ ရရှိစေမှာဖြစ်ပြီး ဂိုဏ်း ရဲ့ ဆေးပညာရှင်များလည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သင်ယူဆွေးနွေး နိုင်မှာပါ ။ တစ်ချက်ခုတ် နှစ် ချက်ပြတ် သဘောမျိုးပင် ဖြစ်ပါတယ် ။
“ဒါပေ့ါ ၊ ကျွန်တော် တတ်နိ်ုင်ပါတယ်”
ချန်ရှန် မျက်ခုံးများ မြင့်တက်နေတယ် ။
ဒီအချိန်မှာ ရှောင်ဒို က အော်လိုက်တယ် ။
“အကိုတော် ချန် က ဒီလိုလုပ်နိုင်ရုံမကဘူး ၊ ပထမရပြီး ချီဒြပ်စင် ဆေးပါ ရဦးမှာဗျ”
“ထွီ”
ယောင်ဟိုင်ရှန်း ရယ်ကာ ဖြင့် လှောင် နေပါတယ် ။
“ဒီကောင်လေးက နို့နံ့ တောင် မစင်သေးတဲ့ကောင် ၊ ဒီလို ကောင်က ပထမရမယ်တဲ့လား ၊ ငါတို့ ဒီခြံဝန်းထဲက သေ ခါနီး ဆရာကြီးတွေ ကြားရင် သေသွားမလားပဲ ၊ သူ သာ ပထမရရင် ဒီက ဖေဖေကြီးက ဆရာပါတင်လိုက်ဦး မယ် ဟေ့”
ချန်ရှန် မေးစေ့ကို ပွတ်ကာ သူ့ ရှေ့ က သက်လတ်ပိုင်း အရွယ် အရူးကဲ့သို့ ရယ်နေတဲ့လူကြီးကို ကြည့်ရင်း သူ့ကို ဆရာအဖြစ် တင်ခံရမည့် အဖြစ်ကို တွေးနေမိတယ် ။
ဆေးပညာခြံဝန်းထဲမှ လူများစွာဟာလည်း စပ်စုနေကြ တယ် ။ ချန်ရှန် ပါရမီ ဘယ်လောက်ရှိရှိ အသက်အားဖြင့် ၁၇ နှစ်သာ ရှိသေးတာဖြစ်တယ် ။ ဒီလို အသက်အရွယ် ဖြင့် အဆင့်မြင့် သာမန် ဆေးလောက်ကို လုပ်နိုင်ရင်ကို အတော် ချီးကျူးစရာပါ ။ ဒါပေမယ့် အဆင့်နိမ့် ဝိဉာဉ် တော် ဆေးကို လုပ်နိုင်ရင်တော့ မယုံနိုင်စရာပါပဲ ။ နောက် ပြီး လူတိုင်းဟာ ဒီချီဓာတ်ဆေးအား အကြိမ် ၁၀၀ မက ကျရှုံးပြီးမှသာ ဆေးတစ်လုံး လုပ်နိုင်ကြတယ် ။ ဒါကြောင့် ၎င်းတို့ဟာ ချန်ရှန် ဒီလို များစွာသော ဆေးပင်များကို လုံးဝ မတတ်နိုင်လောက်ဟု ထင်နေကြတာပါ ။
“ချန်ရှန် ပထမ ရရင် ၊ ငါ သူ့ကို ခြွင်းချက်တစ်ခု ပြုလုပ်ပြီး ပြင်းထန်သော ဆေး ဘုရင် ခြံဝန်းထဲကို ၀င်ခွင့်ပြုမယ်”
ရုတ်တရက်ပဲ အေးစက်စက် အသံတစ်ခုက ဖုံးလွှမ်း သွားပါတော့တယ် . . . ။