Switch Mode

Chapter – 14.1

" ကောင်းကင် အိပ်မက် နိုးထမှု "

Chapter – 14.1 ” ကောင်းကင် အိပ်မက် နိုးထမှု ”
°°°
မနေ့က ငါးကင်နဲ့ ရန်ဖြစ်တဲ့ပွဲမှာ မီးဖိုထဲပြုတ်ကျလာတဲ့ ၀ိညာဥ်ရွှေပြားကို သူတူးထုတ်ဖို့မမေ့ခဲ့ပါဘူး။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ ထမင်းစားခန်းကို ရောက်ချိန်မှာ အတော်လေး ငွေကြေးရှိနေတာကြောင့် တက်ကြွလို့နေခဲ့ကြပါတယ်။

သူတို့စားသောက်တဲ့ မနက်စာက ခန္ဓာကိုယ်တွေရဲ့လိုအပ်ချက်တွေကို အလျင်အမြန်ဖြည့်တင်းသွားစေခဲ့ပါတယ်။ ဒါ့အပြင် ထမင်းစားခန်းကို အစောဆုံးရောက်တဲ့သူတွေဖြစ်တာကြောင့် သူတို့စားပြီသောက်ပြီချိန်မှသာ လူတွေအများကြီးက ထပ်မံရောက်ရှိလာခဲ့တာပါ။

” ငါတို့တွေ အတန်းတက်ဖို့ အချိန်အဲ့ဒီလောက် မလိုသေးဘူး…အခန်းကိုပြန်ကြရအောင် ”

ဟို့ယွိဟောင်က ပြည့်တင်းသွားတဲ့ဗိုက်ကို ပုတ်ရင်းနဲ့ ပြောနေခဲ့ပါတယ်။

အမျက်ဒေါသကျောင်းတော်ကို သူရောက်ပြီချိန်ကနေစပြီး ဖြည်းဖြည်းချင်းဆိုသလို လန်းဆန်းတက်ကြွလာခဲ့ပါတယ်။ ဒီနေရာတွေမှာ သူငယ်ချင်းတွေရှိလာရုံတင်မက ရှောင်ယာ့နဲ့ သူ့ဆရာတူအစ်ကိုကြီးပေ့ပေ့ကလဲ သူ့ကို အရမ်းဂရုစိုက်ကြပါတယ်။ မြို့စားအိမ်တော်မှာ ကြုံခဲ့ရတဲ့ဘ၀အခြေအနေမျိုးနဲ့ယှဥ်လိုက်မယ်ဆိုရင် ဒီကမ္ဘာကြီးက အများကြီးပိုပြီးကောင်းနေခဲ့တယ်။ မြို့စားအိမ်တော်မှာက အရာအားလုံးအေးစက်လိုက်တာ ရေခဲတမျှပါပဲ။

၀မ်သုန့်က ပြန်ဖြေလာခဲ့ပါတယ်။

“‘သိမ်းထားလိုက်ဦး ငါတို့တွေ အခုမှစားပြီခါစရှိသေးတာ ငါတို့ရဲ့ခန္ဓာကိုယ်တွေက သိပ့်ပြီးတော့ မလေးလံလောက်ဘူး…မင်းသိတယ်မလား အကယ်၍ အချိန်ရှိပြီဆိုရင် ငါတို့တွေ နားသင့်တဲ့အချိန်မှာ နားရမယ်…ငါတို့တွေ ပင်လယ်နတ်ဘုရားရေကန်ဘက်ကို လမ်းလျှောက်ပြီး ခန္ဓာကိုယ်ကို ခဏလောက် အပန်ဖြေရအောင် ဒါ့အပြင် ထူးဆန်းရေဆေးလုံးက မင်းရဲ့ကျင့်ကြံဆင့်ကို အတော်လေးမြင့်မားသွားစေတယ်…ဒီလို အချိန်ကာလမှာ သက်သောက်သက်သာ နေဖို့ကို မေ့လို့မဖြစ်ဘူး ”

” ဒါဆိုရင်လဲ ကောင်းပြီလေ ”

ဟို့ယွိဟောင်ကတော့ သဘောတူလိုက်ပါတော့တယ်။ သူကျောင်းတော်ထဲကို ရောက်လာတာ ရက်အနည်းငယ်ရှိပြီဖြစ်ပေမဲ့ ပင်လယ်နတ်ဘုရားရေကန်ကို အခုအချိန်ထိ မသွားရသေးပါဘူး။ ဒါ့အပြင် သူတို့တွေရဲ့ အချိန်အများစုကလဲ အတန်းထဲမှာသာ ကုန်ဆုံးနေရတာပါ။ အတန်းတက်ဖို့ကလဲ အချိန်အတော်လေး လိုပါသေးတယ်။ ဒါကြောင့် တစ်ပတ်လျှောက်ကြည့်ဖို့အတွက် စိတ်ကူး၀င်လာခဲ့တယ်။

နှစ်ယောက်စလုံး ထမင်းစားခန်းကနေ ထွက်ပြီတဲ့နောက် ကျောင်းသားသစ်တွေရဲ့အဆောင်ကို ဖြတ်ကျော်သွားခဲ့ရင်း အရှေ့ဖက်ကို ဦးတည်ပါတော့တယ်။ မကြာခင်အချိန်အတွင်းမှာ ရေကန်ဘေးကို ရောက်ရှိလို့လာခဲ့ပါပြီ။ ရေကန်ရဲ့နောက်တစ်ဖက်မှာတော့ သစ်တောတွေရှိနေခဲ့ပါတယ်။ ဒါ့အပြင် နေရောင်အောက်မှာ ရေတွေက ကြည်လင်တောက်ပပြီး ကျောက်မျက်ရတနာလိုမျိုး အလင်းဖြာနေခဲ့တယ်။

လေပြေတွေတိုက်ခတ်မှုနဲ့အတူ နူးညံ့တဲ့လေက သူတို့ကို လန်းဆန်းစေလို့သွားခဲ့ပါတယ်။ ပင်လယ်နတ်ဘုရားရေကန်က လူသားတွေ ပြုလုပ်ထားတဲ့ ရေကန်ဖြစ်ပေမဲ့ အထဲမှာရှိတဲ့ရေတွေကတော့ အရမ်းကို ကြည်လင်သန့်ရှင်းလို့နေခဲ့တယ်။ မိုးပြာရောင်ရေကန်က သန့်စင်ကြည်လင်ရုံတင်မကပဲနဲ့ တည်ငြိမ်အေးချမ်းပြီ ကျက်သရေလဲရှိနေခဲ့ပါသေးတယ်။ အပေါ်ယံမှာဖြစ်ပေါ်နေတဲ့ လှိုင်းတစ်ချို့ကတော့ မိန်းမငယ်လေးတစ်ယောက်ရဲ့ မျက်လုံးတွေလိုမျိုး တစ်လက်လက်တောက်ပလို့နေခဲ့ပြီး ရေကန်ရဲ့အောက်ဖက်အတွင်းပိုင်းကတော့ အပြာရောင်ပရိုကိတ် ပိုးသားထည်လိုမျိုး နူးညံ့လို့နေခဲ့ပါတယ်။

ရေကန်က ကောင်းကင်ပြာကြီးနဲ့ တိမ်တွေကို တန်ပြန်ထင်ဟပ်စေနေခဲ့ပြီ သစ်ပင်တွေရဲ့ အရိပ်တွေကလဲ ရေကန်ပေါ်မှာ ကျရောက်လျက်ရှိပါတယ်။

” အတော်လှတာပဲ “‘

၀မ်သုန့်ကတော့ လေးအေးအေးတွေကို ရှုသွင်းနေရင်း အကြောဆန့်ပြီပြောလာခဲ့မိပါတယ်။

သူအကြောဆန့်လိုက်ချိန်မှာ သူ့ရဲ့၀တ်ရုံက အနည်းငယ်ခန္ဓာကိုယ်မှာ ကြပ်သွားခဲ့ပြီ လုံး၀တ်တဲ့ခန္ဓာကိုယ်ကို ထွက်ပေါ်လာစေပါတော့တယ်။ ဟို့ယွိဟောင်ကလဲ မသိလိုက်မသိဘာသာနဲ့ အဲ့ဒီကို အကြည့်ရောက်သွားခဲ့မိတယ်။ မနေ့တုန်းက မြင်ခဲ့တဲ့မြင်ကွင်း သူ့စိတ်ထဲမှာပေါ်လာခဲ့ပါပြီ။

သူချက်ချင်းဆိုသလို ခေါင်းပြန်လှည့်လိုက်ရင်း စိတ်ထဲမှာတော့ ရှက်ရွံ့နေခဲ့မိပါတယ်။ ပင်လယ်နတ်ဘုရားရေကန်က အရမ်းကို ကျယ်၀န်းတဲ့နယ်မြေကြီးပါ။ ကျောင်းတော်ရဲ့အဓိက နယ်မြေတွေထက်တောင် ပိုပြီး ကျယ်၀န်းပါသေးတယ်။ ဒါ့အပြင် ရေကန်ရဲ့မျက်နှာပြင်အလယ်မှာတော့ မြူခိုတွေ ရှိနေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးက အဆင့်ကျော်တိုးတက်သွားခဲ့ပြီဖြစ်တာကြောင့် သူ့စိတ်၀ိညာဥ်မျက်၀န်းက ထောက်လှမ်းနိုင်စွမ်းအတော်ကို ကြီးမားလာခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားအသုံးမပြုပဲနဲ့တောင်မှ စိတ်၀ိညာဥ်မျက်လုံးတွေကို အသုံးချနေနိုင်ပါပြီ။ ဒါကြောင့် အဝေးကိုရှင်းရှင်းလင်းလင်း လှမ်းမြင်နေခဲ့ရပါတယ်။ မြူခိုတွေရဲ့ အထဲမှာ အိမ်တစ်ချို့ရှိနေတာကို သူမြင်လိုက်ရတယ်။ ဒါက အတွင်းနယ်မြေဖြစ်မယ်လို့ ထင်နေခဲ့မိတာပါ။ ဒါ့အပြင် ရှောင်ယာ့နဲ့ ပေ့ပေ့လဲ ဒီနယ်မြေတွေအကြောင်းကို ပြောဖူးခဲ့ပါတယ်။

ဆရာတူအစ်ကိုကြီးတို့လို ထူးချွန်ထက်မြက်တဲ့ ၀ိညာဥ်ပညာရှင်တွေတောင် အပြင်နယ်မြေမှာ ရှိနေခဲ့မယ်ဆိုရင် အတွင်းနယ်မြေထဲမှာရှိတဲ့ သူတွေကဘယ်လောက်များ ပိုပြီး ထူးချွန်သန်မာလိုက်မလဲ။

ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က အတွေးလွန်သွားခဲ့ပေမဲ့ ရုတ်တရက်ဆိုသလို အနီရောင်အစက်အပျောက်လေးတစ်ခု ရေကန်အပေါ်မျက်နှာပြင်မှာထွက်ပေါ်လာနေတာ မြင်လိုက်ရပါတော့တယ်။

” အဲ့ဒါဘာကြီးလဲ ”

ဟို့ယွိဟောင်လဲ ရေကန်ဖက်ကို လက်ညိုးထိုးပြရင်း ပြောလာခဲ့ပါတယ်။

” ကြည့်လိုက် အဲ့ဒီနေရာမှာ အနီရောင်အစက်လေးတစ်ခုရှိနေတယ် ”

၀မ်သုန့်ကလဲ လှည့်ပြီကြည့်လိုက်ချိန်မှာ သူမြင်ရတာကတော့ မြူခိုတွေကြီးပါပဲ။

” ဘယ်မှာလဲ “‘

ဟို့ယွိဟောင်ရဲ့ စကားကြောင့် သူပြန်ပြီမေးခွန်းထုတ်နေချိန်မှာပဲ သူရုတ်တရက်ဆိုသလို မျက်လုံးပြူးလာပါတော့တယ်။ ဟို့ယွိဟောင် ပြောနေတဲ့ အနီရောင်အစက်ကလေးကို သူမြင်လိုက်ရပါပြီ။ ဒါပေမယ့် အနီရောင်အစက်မဟုတ်ပဲ အနီရောင်၀တ်ရုံကို၀တ်ထားတဲ့ လူတစ်ယောက်က ရေပေါ်မှာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်တဲ့အရှိန်နှုန်းနဲ့ ပြေးလွှားနေတာဖြစ်ခဲ့တယ်။ အဲ့ဒီလူက သူတို့ဆီကို ပြေးလာနေခဲ့တာပါ။

” အတွင်းနယ်မြေက အတန်းကြီးတစ်ယောက်ယောက်လား ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်စလုံး တအံ့တဩပြောလိုက်မိပါတော့တယ်။

အဲ့ဒီနောက် အနီရောင်လူရိပ်က အရမ်းကို လန့်စရာကောင်းနေခဲ့တယ်။ အချိန်တိုအတွင်းမှာပဲ သူက ရေကန်အလယ်ကို ရောက်ရှိနေခဲ့ပါပြီ။ သူ့ရဲ့ ခြေဖျားတွေက ရေကန်မျက်နှာပြင်ကို အသာလေးထိရင်း လှိုင်းတွေထလာစေခဲ့ပါတယ်။ ဒါပေမယ့် သူက ရေကန်ရဲ့အပေါ်မှာ အသာအယာလွှင့်မျောနေခဲ့ပြီး အနီရောင်တိမ်တိုက်တစ်ခုလိုမျိုး ပျံသန်းလှုပ်ရှားလို့နေခဲ့ပါတယ်။

သူနီးကပ်လာချိန်မှာ ဟို့ယွိဟောင်ကတော့ ရှင်းရှင်းလင်းလင်း မြင်လာခဲ့ရပါပြီ။ အဲ့ဒီသူရဲ့ အ၀တ်အစားကတင် အနီရောင်ပေါက်နေတာမဟုတ်ပဲ ခန္ဓာကိုယ်တင်မက ဆံပင်တွေကပါ သွေးနီရောင်လိုရဲရဲနီနေခဲ့တာပါ။ ခန္ဓာကိုယ်က သေးသွယ်ပိန်ပါးနေခဲ့ပြီ ကြမ်းတမ်းခက်ထန်တဲ့ အမူအရာတွေက အထင်သားပေါ်နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့အရှိန်အ၀ါကလဲ ကြောက်စရာကောင်းတဲ့ သားရဲကောင်လိုပါပဲ။ မျက်နှာဖုံးကို ၀တ်ဆင်လို့ထားခဲ့ပြီ အဲ့ဒီမျက်နှာဖုံးကလဲ အနီရောင်ဖြစ်နေခဲ့သလို သူ့ရဲ့မျက်လုံးတွေကပါ သွေးနီရောင်တောက်ပလို့နေခဲ့ပါတယ်။

ခန္ဓာကိုယ်ဘေးပတ်လည်မှာရှိတဲ့ လေတွေကတော့ အရမ်းကို ပူပြင်လောင်မြိုက်နေတာကြောင့် မြူခိုတွေကို ပျောက်ကွယ်လို့သွားစေခဲ့တယ်။

” ဒီအစ်ကိုကြီးက အတော်သန်မာမဲ့ပုံပေါ်တယ်…ကြည့်ပါဦးသူက သိုင်းပညာ၀ိညာဥ်မသုံးပဲနဲ့တောင် ရေကန်ပေါ်ကိုပြေးနေတာပဲ ”

၀မ်သုန့်က ဟို့ယွိဟောင်ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောနေခဲ့ပါတယ်။

၀မ်သုန့်ရဲ့ ကျင့်ကြံဆင့်က သူ့လောက်မကောင်းပေမဲ့ သူ့ရဲ့ခံစားချက်ကတော့ ပိုပြီး တိကျတယ်။

” ၀မ်သုန့် ဘာဖြစ်လို့တစ်ခုခု လွဲတော့မယ်လို့ ငါခံစားနေမိတာလဲ ”

အဲ့ဒီအနီရောင်လူက အရမ်းကို မြန်ဆန်လွန်လှပါတယ်။ သူတို့စကားပြောနေချိန်မှာပဲ သူတို့ရဲ့ ပတ်လည်မီတာတစ်ရာအတွင်းကို ရောက်ရှိလာခဲ့ပါပြီ။ ကြောက်စရာကောင်းလှတဲ့အပူနှုန်းက ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်စလုံးကို မျက်လုံးအပြူးသွား ဖြစ်စေခဲ့ပါတယ်။ ဒီအစ်ကိုကြီးရဲ့ ခန္ဓာကိုယ်က ထွက်ပေါ်နေတဲ့ အရိုင်းဆန်းလွန်တဲ့ အပူရှိန်တွေက သာမန်လူတွေမှာ ရှိသင့်တဲ့အရာမျိုးမဟုတ်ပါဘူး။

အပြာရောင်အတောင်ပံက ၀မ်သုန့်ရဲ့ကျောပေါ်မှာ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။ သူက ဟို့ယွိဟောင်ကို ဆွဲရင်း ပျံသန်းဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် အနီရောင်လူကတော့ သူတို့ဆီကို နီးကပ်လို့လာခဲ့ပါပြီ။ ဒါ့အပြင် ၀မ်သုန့်ရဲ့လှုပ်ရှားမှုကို အချိန်အတွင်း လိုက်မီလို့သွားခဲ့ပါတယ်။

ကြောက်စရာကောင်းလွန်လှတဲ့ အပူနှုန်းက ၀မ်သုန့်ရော ဟို့
ယွိဟောင်ကပါ မီးပင်လယ်ထဲ ၀ါးမြိုခံလိုက်ရသလို ပူပြင်းလောင်မြိုက်သွားစေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့ အတောင်ပံတွေလဲ ချက်ချင်းဆိုသလို နာကျင်လို့သွားခဲ့ရပြီး နောက်ထပ် မပျံနိုင်တော့ပါဘူး။ သူတို့နှစ်ယောက်လဲ မြေပြင်ပေါ်ကို ပြုတ်ကျလို့သွားခဲ့တယ်။ ဒါ့အပြင် ပတ်ပတ်လည်ဆယ့်မီတာအတွင်းမှာ ရှိရှိသမျှ အရာအားလုံးကလဲ မီးလောင်ကျွမ်းသလိုမျိုး ရင့်ရော်သွားရင်း အ၀ါရောင်အဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။

သူတို့ကြားထဲမှာ ကွာခြားချက်က အရမ်းကို များပြားလွန်လှတယ်။ ၀မ်သုန့်လဲ ၀ိညာဥ်စွမ်းရည်ကို အသုံးပြုပြီ ချက်ချင်းဆိုသလို တိုက်ခိုက်မှုကို ခုခံကာကွယ်လိုက်ပေမဲ့ မကြာခင်အချိန်အတွင်းမှာပဲ သတိလစ်သွားရပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ကျင့်ကြံမှုက ၀မ်သုန့်လောက် မကောင်းပါဘူး။ ဒါပေမယ့် သူက ရေခဲအမျိုးအစား သိုင်းပညာ၀ိညာဥ်ရှိနေခဲ့ပါတယ်။

ပူပြင်းလှတဲ့အပူရှိန်ကို သူ့ခန္ဓာကိုယ်က ခံစားမိမိချင် ရေခဲအမျိုးအစား သိုင်းပညာ၀ိညာဥ်က ချက်ချင်းဆိုသလို နိုးထလာပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စွမ်းအားကလဲ အဆင့်ဆယ့်နှစ်ရဲ့ အထွဠ်အထိပ်မှာ ရှိနေခဲ့တဲ့အတွက် ပြင်ပအပူရှိန်ကို စုပ်ယူနိုင်စွမ်းရှိနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအနီရောင်လူကတော့ ရုတ်တရက်ဆိုသလို လက်မြောက်ရင်း သူ့ဆီကို ရောက်လာခဲ့ပါပြီ။

သူ့ရဲ့အပူရှိန်က ကြောက်စရာကောင်းလောက်အောင် မြင့်တက်လို့လာခဲ့ပါတယ်။ အကယ်၍ ဒီလက်၀ါးနဲ့ တကယ်ထိလာခဲ့မယ်ဆိုရင် သူကတော့ အသေဆိုးနဲ့သေရမှာပါ။

ဟို့ယွိဟောင်ကလဲ စိတ်၀ိညာဥ်ထိတ်လန့်မှုကို လုပ်ရုံကလွဲပြီ မတတ်နိုင်တော့ပါဘူး။ ဒါပေမယ့် သူနဲ့ သူပြိုင်ဘက်ကြားကွာခြားချက်က ကြီးမားလို့နေခဲ့ပါတယ်။ ဒါကြောင့် အပူအလွှာတွေရဲ့အောက်မှာ သူ့ရဲ့တိုက်ခိုက်မှုက ပျက်ပြယ်လို့သွားခဲ့ရတယ်။ ဒီလိုနှုန်းနဲ့သာဆိုရင် ကြီးမားပူပြင်းတဲ့ လက်၀ါးကြီးရဲ့အောက်မှာ သူတို့နှစ်ယောက်စလုံးက ပြာဖြစ်တော့မှာပါ။

ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက ချက်ချင်းဆိုသလို အဖြူရောင်ဖြစ်သွားပါတော့တယ်။ သူ့ရဲ့ ပတ်၀န်းကျင်မှာရှိရှိသမျှ အရာအားလုံးက ဝေ၀ါးလို့သွားခဲ့ပါပြီ။

အပိုင်း ၁၄•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset