Switch Mode

Chapter – 92

နတ်သိုင်းစွမ်းရည်

Chapter – 92 နတ်သိုင်းစွမ်းရည်

အဆင့် ၅ ဝိဉာဉ်တော် လက်နက်ဟာ တကယ်ကို ဈေးကြီး လှပါတယ် ။ ချန်ရှန်မှာ ဒီလက်နက်လုပ်နည်း လမ်းညွှန်ချက်တွေ ရှိတာကြောင့် သူသာ အားလပ်ချိန်ရှိပါက စမ်းသပ်ကြည့်ချင် နေ ပါသေးတယ် ။ သူဟာ ဒီလက်နက်ရဲ့ ခက်ခဲမှုဟာ အဆင့် ၁ ဝိဉာဉ်တော်လက်နက်ထက်ကို များစွာ သာလွန်ကာ အချိန်မှာ လည်း များစွာ ကုန်လှတာကို သိပါတယ် ။
“ငါ့မှာတော့ အဆင့် ၂ ဝိဉာဉ်တော် ဓား ပဲရှိတယ် ။ ဒါပေ မယ့် သလင်းကျောက်တုံး ၅ သိန်းတောင် တန်တယ်နော်”
ဇန်ဒီလည်း သူ၏ ဓားကို ထုတ်လိုက်တယ် ။ ဒါဟာ ရိုးရိုးရှင်း ရှင်း ပင် ဖြစ်သော်လည်း ဓားပေါ်မှာတော့ ဝိဉာဉ်တော် အကြော မျဉ်းတွေ ပါဝင်ပါတယ် ။ ရှောင်ဒို၏ ဓားလောက်တော့ မရှုပ်ထွေး လှပါဘူး ။
“ဇန်လူကြီးမင်း ၊ ကျွန်တော်တို့ ယှဉ်ခုတ်ကြည့်ရင် မကောင်း ဘူးလား”
ရှောင်ဒို ဓားရိုးကို ဆုပ်ကိုင်လိုက်တယ် ။ ဓားမှ အကြောများ ဟာ လင်းခနဲ ဖြစ်သွားကာ ပိုမို စွမ်းအင်များ ပြည့်လာသလိုပါပဲ ။
ဇန်ဒီ သူ၏ အဆင့် ၂ ဓားကို သူ၏ အသက်လိုပဲ တန်ဖိုးထား မှတ်ယူထားတာပါ ။ ဒါကြောင့် အလျင်အမြန်ပင် ပြန်ထည့်ကာ –
“မင်းမျက်စိထဲမှာ အဆင့် လေး ၃ ခုလောက်ကွာတာနဲ့ သာမန်လက်နက်လို မြင်နေတယ် ။ ဒါပေမယ့် ဒါက ငါ့ရဲ့ အသက် ပဲကွ ။ မင်းစမ်းသပ်ချင်ရုံနဲ့ ငါ့ရဲ့ အသက်ကို ဖျက်ဆီးမှာ မဟုတ် ဘူး”
ချန်ရှန် ဒီဝိဉာဉ်တော် လက်နက် ကို လိုမလို ဆွေးနွေးနေ ကြတယ် ။ နောက်ဆုံးအချိန်တုန်းက သူဟာ သာမန်လက်နက် ကို သုံးကာ တိုက်ခိုက်ခဲ့တာပါ ။ ဒါဟာ ကျောက်တုံးကို ကြက်ဥ နဲ့ ပစ်ပေါက်သလိုပါပဲ ။ သူ့မှာသာ ကောင်းမွန်သော ဝိဉာဉ်တော် လက်နက် တစ်ခုရှိပါက ပိုမို ယုံကြည်မှုများ ရှိလာနိုင်ပေမည် ။
သူ့ဘာသာ လက်နက် လုပ်မယ် ဆိုတာက မဖြစ်နိုင်ပါဘူး ။ သူ့ဟာသူပင် ဆေးကိစ္စ နဲ့ ရှုပ်နေတာကြောင့် ဒီလိုလက်နက် လုပ်ဖို့ ဆိုတာ အချိန်မပေးနိုင်ပါ ။
“ဝိဉာဉ်တော် လက်နက်တွေ ပြုလုပ်တာနဲ့ ပတ်သက်ပြီး မင်း စိတ်မပူနဲ့ ၊ မင်းရဲ့ ကောင်မလေးက ကောင်းကင်ဘုံ နတ် လက်နက်အင်ပါယာမှာလေ ။ သူမ ဆရာကို မင်းအေးဆေး မေး လို့ ရတာပဲ ။ နောက်ပြီး မင်းသိတယ့် လက်နက်လုပ်နည်းအရ မှော်လက်နက်အဖြစ်တောင် ဖန်တီးနိုင်ဦးမယ် ။ ဝိဉာဉ်တော် အကြောတွေကနေ ဝိဉာဉ်တော်မှော်ဓာတ်တွေ ထုတ်လုပ်လို့ ရနိုင်တယ် ။ ဒီဝိဉာဉ်တော် မှော်လက်နက်ပေါ်က ဝိဉာဉ်တော် သွေးကြောနဲ့ ဝိဉာဉ်တော် မှော်ဓာတ် ဆိုတာ တကယ်က တူတူ ပါပဲ”
စုမေးယို ရှင်းပြတာပါ ။ ချန်ရှန်တော့ သိပ်နားမလည် သလို လိုပါပဲ ။
ဒီမှော်လက်နက်ပြုလုပ်သူများဟာ ဆေးဆရာများထက် ပင် ရှားပါးလှပါတယ် ။ ဒီလို ဝိဉာဉ်တော် မှော်လက်နက် အနည်းစု ဈေးကွက်မှာ ရှိသော်လည်း ကျွမ်းကျင် မှော်လက်နက်ဆရာများ လုပ်တာမဟုတ်ပေ ။ သာမန်မှော်လက်နက်ဆရာဟာ မှော်လက် နက် တချို့ ကို ပြုလုပ်နိုင်ပေမယ့် သိပ်ပြီး ကောင်းလှတဲ့ အဆင့် မရောက်ပါ ။
ချန်ရှန် နဲ့ တခြားသူများ အတွင်းစည်းပင်မခန်းမသို့ ရောက် လာပါပြီ ။ ၎င်းဟာ အထပ် ၃ ထပ် ရှိတယ် ။ ပထမထပ်ဟာ အ ဆင့်နိမ့် သိမ်မွေ့ သိုင်းစွမ်းရည်များ ပါဝင်ပါတယ် ။ ဒုတိယထပ် ကတော့ အဆင့်မြင့် သိမ်မွေ့ သိုင်းစွမ်းရည်များပါဝင်ပြီး တတိယ အထက်မှာ အဆင့်နိမ့် မြေကြီးအဆင့် သိုင်းစွမ်းရည်များ ပါဝင် ကြတယ် ။
အတွင်းစည်းတပည့်များဟာ ဒီ အဆင့် ၃ မျိုးကိုသာ သင် ကြားနိုင်တာ ဖြစ်ပါတယ် ။
ရှောင်ဒို နဲ့ ဇန်ဒီတို့ဟာ ရောက်တာနဲ့ အပေါ်ဆုံးထပ်ကို ပြေး တက်ကြပါတယ် ။ ဒီအချက်ဟာ ချန်ရှန် နဲ့မတူပါဘူး ။ ချန်ရှန် ယူ ဆထားတာက အဆင့်ဆိုတာ သိပ်အရေးမပါပါ ။ သေချာနား လည်ပြီး စွမ်းရည်များကို ကောင်းကောင်း အသုံးချနိုင်မှသာ ပို အကျိုးများမယ်လို့ ယုံကြည်ထားပါတယ် ။ ဒါကြောင့်ပဲ သူဟာ ပထမ ထပ်ကိုသာ သွားကြည့်ပါတော့တယ် ။
“တောက် ၊ ငါတို့ကို လှည့်စားတာပဲ ။ မြေကြီးအဆင့်သိုင်း က ၃ မျိုးပဲရှိတယ် ။ လူတွေကလည်း ဒါကိုပဲ သင်နေကြတယ် ၊ စိတ်တောင်ပျက်တယ်”
ရှောင်ဒို စိတ်ပျက်တဲ့ပုံစံ နဲ့ ဆင်းလာပါတယ် ။
ဇန်ဒီလည်း စိတ်ညစ်နေပုံပါပဲ ။
“အဆင့်မြင့်သိမ်မွေ့ သိုင်း ကတော့ နည်းနည်းပဲရှိပြီး အဆင့် နိမ့် က တော့ အများကြီးပဲဟေ့”
“အင်အားအကြီးဆုံး ဂိုဏ်းကြီးဆိုတာ ဘာလဲ ။ သိုင်းစွမ်း ရည်တွေကလည်း အလွန့် အလွန်ကို. . . ၊ ဟူးးး . . . ကျွန်တော် တော့ ဒီကို လာရတာ အလကားပဲ”
ရှောင် ဒို ခပ်တိုးတိုး ညည်းလိုက်တယ် ။ သူ့စိတ်ထဲမှာတော့ ဒီလိုဂိုဏ်းကြီးအနေဖြင့် သိုင်းစွမ်းရည် ရာထောင်မက ရှိသင့် တယ် ဟု ထင်နေပါတယ် ။
အတွင်းစည်းပင်မခန်းမ၏ ကြီးကြပ်သူ လူကြီး ရောက်လာ ကာ အပြုံးဖြင့် –
“နှစ်ပေါင်းများစွာ အတွင်းစည်းတပည့်တွေဟာ ဒီကို လာ ကြတယ် ။ ပြီးတော့ အမြဲတမ်း မင်းလိုပဲ စိတ်ပျက်သွားကြတယ် ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့ ဒီကိစ္စကို ထပ်မပြောတော့ ဘူး ။ ဘာကြောင့်လဲ မင်းသိလား”
ချန်ရှန် တော်တော် ထူးဆန်းသလို ခံစားလိုက်ရတယ် ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ သိုင်းစွမ်းရည်တွေဟာ မကောင်း ရင် အင်အားအကြီးဆုံး ဂိုဏ်းဟု အမည် တပ်ခံရမှာ မဟုတ်ပါဘူး ။ တစ်ခုခုတော့ တစ်ခုခုပါပဲ ။
“ဘာကြောင့်လဲ”
ရှောင်ဒို မေးလိုက်တယ် ။
လူကြီးမှ ပြုံးကာဖြင့် –
“ဒီချန်ဝူ ပြည် တစ်ခုလုံးမှာ ငါတို့ဂိုဏ်းဟာ အား အကြီးဆုံး ဂိုဏ်းပဲ ။ ဒီဂိုဏ်းကပေးတယ့် အဆင့်နိမ့် သိုင်းစွမ်းရည်တွေနဲ့ အင်အား အကြီးဆုံး ဘယ်လို ဖြစ်လာမလဲ ၊ ငါတို့မှာ ကောင်း ကင် အဆင့် သိုင်းစွမ်းရည်ကျင့်စဉ်တွေ အများကြီးရှိတယ် ။ အဲ ဒါတွေကို နတ်သိုင်းစွမ်းရည် တွေ လို့ ခေါ်တယ်”
နတ်သိုင်းစွမ်းရည် တွေ တဲ့လား ၊ နတ်ကျင့်စဉ်တွေပေါ့ ။ ဒီဂိုဏ်းမှာ ဒီလိုကျင့်စဉ်တွေ အများကြီးရှိနေတာပါ ။ ချန်ရှန် ကို တော်တော် အံ့သြသွားစေပြီး ကျန် ၂ ယောက်မှာလည်း ဆွံ့အ လျက်ရှိနေတယ် ။
“ဒီနတ်ကျင့်စဉ်တွေဟာ ဒဏ္ဍာရီတွေထဲကလိုနဲ့တော့ မတူ ဘူး ။ ကောင်းကင်အဆင့်သိုင်းစွမ်းရည်ကနေ များစွာ တိုးတက် လာတာပဲ ဖြစ်တယ် ။ ဒီစွမ်းရည်ရဲ့ ကောင်းကျိုးကတော့ ၎င်း၏ အားဟာ မင်းရဲ့ ကိုယ်ပိုင်စွမ်းအားပေါ် မူတည်ပြီး ပြောင်းလဲ နေ တယ် ။ မင်းအားကောင်းလာရင် စွမ်းအင်ရဲ့ အားလည်း ကောင်း လာမှပဲ ။ မင်းတို့ လိုချင်ရင်တော့ ဆရာကောင်းကောင်း တစ် ယောက်ရှာရမှာပဲ ။ ဒီလိုဆရာ ကောင်း ဟာစစ်မှန်တဲ့ သိုင်းပညာ နယ်ပယ်က ပညာရှင်များသာ ဖြစ်ပြီး မင်းတို့ဟာလည်း စစ်မှန် တဲ့ တပည့်ရင်းတွေ ဖြစ်နေဖို့လိုတယ်”
ချန်ရှန် ဆရာ ရှာဖို့ သိပ်စိတ်မပါလှပေ ။ သူ့ကိ်ုယ်တိုင်ကပင် ဆရာ လိုချင်ရင်တောင် မည်သူက သူ့ကို လက်ခံပါမည်နည်း ။ ဆေးဆရာမကြီးဟာ ချန်ရှန်ကို လက်ခံသူမည်သူမဆို သူ့အား ဆန့်ကျင်ရာအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း လူသိရှင်ကြား ပြောခဲ့တာပါ ။
“ဘာလို့ စောစောက မပြောလဲဗျ ။ ဒီနည်းက လွယ် ပါ တယ်”
ရှောင်ဒို ခပ်မြန်မြန်ပဲ ထွက်သွားတယ် ။ သူ့အနေနဲ့ ဆရာ ကောင်းတစ်ယောက် ရှာရခြင်းဟာ လွယ်ကူပါတယ် ။ ဇန်ဒီ လည်း ထို့အတူပါပင် ။ ခပ်မြန်မြန်ပင် ပြန်သွားပါတော့တယ် ။
“မင်းက ချန်ရှန် လို့ ခေါ်တဲ့ တစ်ယောက်ထင်တယ် ။ မင်းက တော့ ဆရာ ရှာစရာ မလိုပါဘူး ။ ဆေးဆရာမက မင်းကို ဘယ်သူ မှ တပည့်အဖြစ် လက်မခံဖို့ ပြောထားတယ် ။ ဟဲဟဲ ၊ မင်းတော့ ကျားမြီးသွားဆွဲထားတာပဲ ။ ဒီဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်လုံး မှာ မင်းက ဒီလိုလုပ်တဲ့ ပထမဆုံးလူပဲ ။ မင်းကိုယ်မင်းသာ ရှာ ဖွေ ပါ”
လူကြီးလည်း ချန်ရှန် ပခုံးအား ပုတ်ကာ ပြောလိုက်တယ် ။
ချန်ရှန်လဲ စိတ်ထဲမှ နေပြီး –
“ငါသာ စောစော သိရင် အသီး ၂ လုံး မပေးခဲ့ပါဘူး ။ ဒီမိန်း မ ငါ့လမ်းကြောင်းကို အမြဲတမ်းပိတ်နေတာပဲ”
“ကျွန်တော့ ဒီကို လာရတယ့် ရည်ရွယ်ချက်က သိုင်းစွမ်း ရည်တွေ သင်ဖို့သက်သက်လာတာ ၊ ခုကျ လှည့်ပြန်ရတော့မှာ လား”
ချန်ရှန် တော်တော် ၀မ်းနည်းနေမိတယ် ။ သူ့မှာ ဆရာမရှိပါ က ဒီလို သိုင်းပညာများ သင်နိုင်တော့မှာမဟုတ်ပဲ စစ်မှန်သော သိုင်းပညာနယ်ပယ်ကိုလည်း မရောက်နိုင်တော့ပါ ။ သူ့မှာရှိတဲ့ နတ်အတွင်းအား သင်္ကေတ လေးခု ဟာ အစွမ်းအလွန်ထက် သည် မှန်သော်လည်း ဒီထက်စွမ်းအားကြီးသည့် အရာများစွာ ရှိ နေသေးပါတယ် ။ သူဒါတွေကို တော်တော်ကို သင်ယူချင်နေ တာ ပဲ ဖြစ်ပါတော့တယ် ။
နတ်သိုင်းစွမ်းရည်များဟာ အများအားဖြင့် စစ်မှန်သော သိုင်း ပညာနယ်ပယ်မှ နောက်လိုက်များဆီမှာသာ ရှိတာပါ ။ ဒီ နယ်ပယ် က လူများဟာလည်း ပညာမွေဆက်ခံမည့် ပညာသင် တပည့်ကိုသာ သင်ကြားပေးကြရပါတယ် ။ အပြင်လူကို သင်ပေး ပါက သူတို့ပါ အပြစ်ပေးခံရမှာပါ ။
၅ ရက်ကြာအောင် ဒီခန်းမကို ချန်ရှန် သွားပြီး နောက်ဆုံး မှာတော့ အဆင့်နိမ့် မြေကြီးအဆင့် စွမ်းရည် ၂ မျိုး ကိုေ၇ွးချယ်ခဲ့ပါတယ် ။
“ကောင်းကင်ဖြိုပုံဆောင်ခဲ နဲ့ နူးညံ့သောအငွေ့ လက်ချောင်း စွမ်းရည်များဟာ ခက်ခဲတဲ့ စွမ်းရည်များဖြစ်ပြီး ခန္ဓာကိုယ် လိုအပ် ချက်များလည်း အရမ်းမြင့်မားတယ် ။ ဥပမာအားဖြင့် ကောင်းကင်ဖြိုပုံဆောင်ခဲဟာ လက်၏ စွမ်းအင်များစွာ ရှိရမှာ ဖြစ်ပြီး ရုတ်တရက်ထွက်လာမယ့် ချီဓာတ်များစွာထုတ်လွှတ် ခြင်း ကို ခံနိုင်ရည်ရှိ၇မယ် ။ နူးညံသောအငွေ့ လက်ချောင်းဟာ ဆိုရင်လည်း ပူပြင်းလှတယ့် သံရည်ပူများထဲသို့ လက်ချောင်းများ ကို နစ်မြုပ်စေရမှာဖြစ်ပြီး မီးမှာပါ ထည့်ဖုတ်ပေးရမယ် ။ ဒီ လို လုပ်ခြင်းအားဖြင့် လက်ချောင်းများဟာ လက်နက်တစ်ခုလို ဖြစ် လာနိုင်မယ်လေ”
“်ကျွန်တော်သိပြီးပါပြီ လူကြီးမင်း ၊ မြန်မြန်သာ စာရင်းသွင်း ပေးပါတော့”
ချန်ရှန် စိတ်မရှည်စွာပဲ ပြန်ပြောလိုက်တယ် ။ ဖုန်အလိမ်း လိမ်းတက်နေတယ့် စာအုပ် ၂ အုပ်ကို ကြည့်ရင်း ဒီကျင့်စဉ်ကို ကျင့်သူ မရှိသလောက် ရှားမယ်ဆိုတာကို ချန်ရှန် နားလည်လိုက် တယ် ။ တော်တော်ခက်ခဲတာကြောင့်ဖြစ်ပြီး ဒါဟာ ချန်ရှန် အတွက်တော့ သိပ်မခက်လှပါဘူး ။
လူကြီးဟာ စာရင်းသွင်းပြီးနောက်မှာတော့ ချန်ရှန်ဟာ ထွက်လာခဲ့ပါတယ်။ ဒီရက်တွေ မှာ ရှောင်ဒို တို့အား သ်ိမတွေ့ ရ ပေ ။ ဇုရွန် ဆီက ကြားရသည်မှာ ၎င်းတို့ဟာ စမ်းသပ်မှုများ ကို ပြုလုပ်နေကြပြီး ၎င်းတို့ ရွေးချယ်မယ့် ဆရာ၏ စစ်ဆေးမှုကို ကျေနပ်လောက်အောင် အောင်မြင်ရမှာ ဖြစ်ပါတယ် ။
“အေးဆေးပေါ့ ၊ မင်း စစ်မှန်သောသိုင်းပညာနယ်ပယ်ကို ၀င် ဖို့အတွက် အရေးကြီးဆုံး အရာကတော့ အချိန်ပဲ ။ မင်းရွေးချယ် ခဲ့တဲ့ ကျင့်စဉ် ၂ ခုဟာ ဆိုရင်လည်း မဆိုးလှပါဘူး”
စုမေးယိုက ပြောတာပါ ။ သူမဟာ ချန်ရှန်ကို ဒီဂိုဏ်းကို သွားရန် စတင်တွန်းအားပေးခဲ့သူဖြစ်ပါတယ် ။ ချန်ရှန်ဟာ ဒီ အခြေ အနေကို စိတ်ထဲမကျေနပ်ဘူးဆိုပါက သူမကို ကသိက အောက် ဖြစ်စေမှာပါပဲ ။
ချန်ရှန်ဟာ သူမကိုတော့ အပြစ်မမြင်ပါဘူး ။ အဘယ်ကြောင့်ဆိုသော် စုမေးယိုဟာ ဒီဂိုဏ်းအကြောင်း လွန်ခဲ့ တဲ့ နှစ်များစွာကပင် သိခဲ့သူဖြစ်နေလို့ပါ ။
ချန်ရှန်၏ ကိုယ်ဟာ ထာဝရမိစ္ဆာ ရေကန်မှာ သန့်စင်ခဲ့ပြီး ဖြစ်ပါတယ် ။ ဒါကြောင့်လဲ သူ၏ကိုယ်ဟာ ထာဝရမိစ္ဆာ ခန္ဓာကိုယ် ဖြစ်ရန် အမြစ်တွယ်နေပြီဖြစ်ပါတယ် ။ ဒါကြောင့်ပဲ ဆက်လက် ပြုလုပ်မည့် ကျင့်စဉ်များကို လွယ်ကူစွာ ကျော်ဖြတ် နိုင်နေမှာ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset