Switch Mode

Chapter – 211.2

ပင်လယ်နတ်ဘုရားရေကန်က ကြင်ဖက်တွေ့ဆုံပွဲ

အပိုင်း ၂၁၁•၂

” ပင်လယ်နတ်ဘုရားရေကန်က ကြင်ဖက်တွေ့ဆုံပွဲ ”
°°°
” ငါတို့တွေအားလုံး သူ့အတွက်ဆုတောင်းပေးနေမှာပါ ”

ပေ့ပေ့နဲ့ ဟယ့်ချိုက်ထို့ဆီကို စကားတပြောပြောနဲ့ သူတို့လျှောက်လာခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ ပေ့ပေ့ရဲ့မျက်လုံးတွေက ရီဝေနေခဲ့ပါပြီ။ ဟို့ယွိဟောင်ကိုမြင်ချိန်မှာတော့ သူပြုံးလိုက်ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ပုခုံးကို ခပ်ဖွဖွလေးပုတ်လိုက်ပြီတဲ့နောက် နောက်ဆုံးကိုင်ထားတဲ့၀ိုင်အရက်ကိုကုန်အောင်သောက်ပြီ ပြောလာခဲ့တယ်။

” ယွိဟောင် ငါပြောတာကိုမှတ်ထားကိုယ့်ဘေးမှာရှိတဲ့လူကို ကောင်းကောင်းတန်ဖိုးထားရမယ် ”

” သူတို့တွေကို ဆုံးရှုံးလိုက်ရမှသာ ဒီရိုက်ခတ်မှုက မင်းရဲ့အရိုးထဲအထိကို နက်နက်ရှိုင်းရှိုင်းခံစားမိစေလိမ့်မယ်…ငါနောက်ထပ် ထပ်မသောက်တော့ဘူး..မင်းတို့တွေကို ငါရဲ့ဒီလိုမျိုးအထိမခံတဲ့ဘက်ခြမ်းကိုမပြချင်ဘူး သွားတော့မယ် ”

သူပြောပြီတဲ့နောက် သုံးယောက်စလုံးကိုလက်ဝှေ့ရမ်းနှုတ်ဆက်ရင်းနဲ့ ထွက်ခွာလို့သွားပါတော့တယ်။ ခြေလှမ်းတွေကတော့ ဒယိမ်းဒယိုင်းပါပဲ။

ဟို့ယွိဟောင်လဲ သူ့နောက်ကိုလိုက်ချင်ပေမဲ့ ရှု့စန်းရှီက သူ့ကိုတားထားခဲ့တယ်။

” မလုပ်နဲ့ သူ့ကိုငါတို့ဘာပြောပြောအဆင်ပြေမှာမဟုတ်ဘူး…ဒီအတိုင်းကိုယ်ပိုင်အချိန်ပေးလိုက်ပါ ငါတို့တွေဘယ်လိုပဲပြောပါစေ သူက ငါတို့ရှေ့မှာအရက်မူးပြီလဲပြိုသွားတာမျိုး မဖြစ်စေချင်ဘူးလေ သူ့ရဲ့နောက်ဆုံးဂုဏ်သိက္ခာကို ကာကွယ်ချင်ဦးမှာပဲ ”

ရှု့စန်းရှီက လူတိုင်းထက်ပိုပြီးပေ့ပေ့အကြောင်းကိုပိုနားလည်ပါတယ်။ နားလည်ဆုံးသူလို့ပြောရမှာပါ။

ဟို့ယွိဟောင်လဲ ပြန်လှည့်လိုက်ပါတယ်။ တကယ်ပဲ သူ့အစ်ကိုကြီးကိုဒီလိုပုံစံမျိုးနဲ့ မမြင်ချင်ပါဘူး။ သူ့မျက်လုံးကလဲ စတင်ပြီနီရဲလို့လာခဲ့ပြန်ပါပြီ။ ဒါကအချစ်များလား အကယ်၍ ငါသဘောကျချစ်မြတ်နိုးရတဲ့မိန်းကလေးကသာ ငါဘေးနားကနေ တစ်နေ့မှာရုတ်တရက်ထွက်ခွာသွားမယ်ဆိုရင် ငါကောအဲ့ဒီလိုဖြစ်လာမှာလား။

ပေ့ပေ့ရဲ့အထီးကျန်မှုကလူတိုင်းရဲ့စိတ်နှလုံးကိုထိခိုက်သွားစေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တစ်ကိုယ်တည်သမားတွေရဲ့ညက ပြီးဆုံးလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ သူ့အစ်ကိုကြီးတွေနဲ့ မနေခဲ့ပါဘူး။ သူက ပင်လယ်နတ်ဘုရားကျွန်းထဲမှာနေဖို့အတွက်အခန်းစောင့်ရှိနေတဲ့သူပါ ဒါကြောင့် လက်ရှိအချိန် ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲမှာ သွားနေရပါတယ်။

ပင်လယ်နတ်ဘုရားခန်းမဆောင်ဆီလာတဲ့လမ်းမှာ ရွှေရောင်သစ်ပင်ကြီးကို မြင်မြင်ချင် ချက်ချင်းဆိုသလို မျကိရည်တွေစီးကျလို့လာခဲ့ပြန်ပါတယ်။ ပေ့ပေ့လိုမျိုး ၀မ်းနည်းတဲ့ခံစားချက်ကြီးမတူညီပေမဲ့ ဒီသစ်ပင်ကြီးကိုမြင်လိုက်ရပြီပြီချင်မှာ ဆုံးပါးသွားခဲ့တဲ့အကြီးအကဲမုကိုတွေးမိလိုက်တာကြောင့် သူ၀မ်းနည်းလာခဲ့ရပါတယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်ကိုမရောက်ခင်နေရာမှာသူဒူးထောက်နေရင်း ရွှေသစ်ပင်ကြီးကို သုံးကြိမ်သုံးခါတိတိ၀ပ်တွားဦးချလိုက်ပါတယ်။

” ဆရာကျွန်တော်ပြန်ရောက်လာပြီ ကျွန်တော်ဆရာကိုအရမ်းသတိရတာပဲ ”

ဟို့ယွိဟောင် နောက်ဆုံးစကားကိုဆုံးအောင်မပြောနိုင်ပဲ စတင်ပြီငိုကြွေးပါတော့တယ်။ ဒီနေရာမှသာ သူ့ရဲ့အိမ်တကယ်အစစ်အမှန်ပါ ဒီနေရာမှာရှိနေမှသာစိတ်သက်သောက်သက်သာနေခွင့်ရနိုင်ပါတယ်။ နှစ်နှစ်ခွဲတိတိ အချိန်ကုန်ဆုံးလို့သွားခဲ့ပြီမှသာ ပင်လယ်နတ်ဘုရားကျွန်းကို သူနောက်တစ်ကြိမ်ပြန်မြင်ခွင့်ရခဲ့တယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်နဲ့ ရွှေသစ်ပင်ကိုအခုမှသာ ပြန်ပြီမြင်တွေ့ရတာပါ။

ဆယ့်ငါးမိနစ်တိတိငိုကြွေးပြီတဲ့နောက် နှစ်နှစ်ခွဲလုံးလုံးစုစည်းထားတဲ့ စိတ်ခံစားချက်တွေအားလုံးကို သူသွန်းချလိုက်သလိုမျိုးပေါ့ပါးလို့သွားခဲ့ပါတယ်။

အကြီးအကဲမုက ဆုံးပါးသွားခဲ့ပြီဖြစ်သလို လျှပ်စီးဧကရာဇ်ရဲ့နတ်အသိဉာဏ်ကလဲ ပျောက်ဆုံးလို့သွားခဲ့ပါပြီ။

ဆရာရှောင်ယာ့က ပျောက်နေသလို မာရှောင်ထောင့်ကလဲ အရိပ်တောင်ရှာမရတဲ့အထိ ပျောက်ဆုံးလို့သွားခဲ့တယ်။ ဒီလူတွေအားလုံးက သူ့နဲ့အများကြီးနီးကပ်တဲ့မိသားစုလိုလူတွေပါ။

နေလနိုင်ငံတော်ရဲ့ကျောင်းတော်မှာ သူကအရမ်းကိုသန်မာတဲ့လူတစ်ယောက်အဖြစ် နေထိုင်ခဲ့ပါတယ်။ အိပ်စက်တဲ့အချိန်မရှိသလောက်နည်းပါးသလို ညတိုင်းညတိုင်းမှာလဲ လေ့ကျင့်တာဒါမှမဟုတ် ပုံကြမ်းတွေဆွဲတာကိုသာ ဖြတ်သန်းလေ့ရှိတယ်။

ဒီလိုမျိုး နှစ်နှစ်ကျော်ကြာအောင်ကုန်ဆုံးပြီတဲ့နောက် ဟို့ယွိဟောင်လဲ အတော်ကိုရင့်ကျက်လာခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ပါစေ သူကအသက်ဆယ်ခုနှစ်ကောင်လေးတစ်ယောက်ပါ။ သူ့လိုအသက်အရွယ်တော်တော်များများက ဆယ်ကျော်သက်ကာလကိုဖြတ်သန်းနေဆဲပါပဲ။ စိတ်ပိုင်ဆိုင်ရာအရလဲ မရင့်ကျက်သေးတဲ့အပြင် မိဘတွေကိုလဲမှီခိုဖို့လိုနေပါသေးတယ်။ အခုတော့ဟို့ယွိဟောင်က ကိစ္စတွေအများကြီးကို ထမ်းပိုးပြီသယ်ဆောင်ထားရတာပါ။

အကြီးအကဲရွှမ်ကတော့ ဟို့ယွိဟောင်နဲ့ခပ်ဝေးဝေးနေရာကနေ ရပ်ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့လက်ထဲမှာရှိတဲ့ ၀ိုင်ပုလင်းကြီးကို သူလဲဆက်တိုက်သောက်နေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ဆီကိုလျှောက်လာပြီ မနှစ်သိမ့်ပေးခဲ့ပါဘူး။ ဒီလိုမျိုးစိတ်ခံစားချက်ကို ဖောက်ချတယ်ဆိုတာက သိပ်ပြီမဆိုးရွားတဲ့အရာဆိုတာသူသိလို့ပါ။ ဟို့ယွိဟောင် နောက်ဆုံးတော့ ဒီခံစားချက်တွေအားလုံးကို ဖွင့်ထုတ်လို့ရအောင် သူအခွင့်အရေးပေးထားခဲ့ပါတယ်။

အကြီးအငဲမု အကြီးအကဲမု တကယ်ထူးခြားတဲ့တပည့်သားနှစ်ယောက်ကို နောက်ဆုံးနှစ်တွေမှာ မွေးမြူးနိုင်ခဲ့တာပဲ။ အကြီးအကဲရွှမ်ရဲ့ မျက်လုံးထဲမှာလဲ သတိရစိတ်တွေ ကျေးဇူးတင်စိတ်တွေက ပြည့်နှက်လို့နေခဲ့တယ်။

ပင်လယ်နတ်ဘုရားခန်းမဆောင်ကသိပ်ပြီးမနီးမဝေးနေရာမှာရှိနေခဲ့သလို ကြည်လင်ပြီပြာလဲ့နေတဲ့မျက်လုံးတွေကလဲ ဟို့ယွိဟောင်ကိုစိုက်ကြည့်နေခဲ့ပါတယ်။ အဲ့ဒီလူက ဟို့ယွိဟောင်ကို ပြေးထွက်ပြီနှစ်သိမ့်ချင်ပေမဲ့ သူ့ဘေးမှာရှိသူနှစ်ယောက်က သူ့ကိုတားထားခဲ့တယ်။

” အရင်တုန်းက ကြိုးစားအားထုတ်ခဲ့သမျှအရာအားလုံးကို အလဟာသဖြစ်စေချင်လို့လား ”

” ကိုယ့်ကိုကိုယ်ထိန်းထား ငိုတယ်ဆိုတာက ဘာမှမကောင်းတဲ့ကိစ္စမဟုတ်ဘူးလေ ယောကျ်ားတွေလဲငိုတတ်ကြတယ်..လွယ်လွယ်မငိုကြတာ ငါအထင်တော့ ဖိအားတွေများပုံပေါ်တယ်…ဒါပေမယ့် သူ့ကြည့်ရတာအရမ်းနာကျင်နေပုံပဲ ဒီလောက်အထိ ၀မ်းပမ်းတနည်းငိုကြွေးနေမှာတော့ ငါလဲမတတ်နိုင်ဘူးလေ ”

” စိုက်ကြည့်မနေနဲ့တော့ မင်းလဲမျက်ရည်ကျလာတော့မယ်…မနက်ဖြန်ဆိုအားလုံးအဆင်ပြေသွားမှာပါ အကြီးအကဲရွှမ်လဲ ရှိနေတာပဲ သူဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေလိမ့်မယ်…နောက်ဆုံးတော့လဲ သူကအင်အားကြီးတဲ့၀ိညာဥ်ဘုရင်ပဲလေ ဒီလောက်လေးငိုတာနဲ့ သူ့အသက်အန္တရာယ်ထိခိုက်သွားမှာမှမဟုတ်တာ ”

ဟို့ယွိဟောင်လဲ မူးဝေလာတဲ့အထိကို ငိုကြွေးနေခဲ့တာပါ။ ပင်လယ်နတ်ဘုရားခန်းမဆောင်ကို သူဘယ်လို၀င်လာခဲ့လဲမမှတ်မိတော့သလို အခန်းထဲဘယ်လိုရောက်လို့ရောက်သွားမှန်းတောင် မသိတော့ပါဘူး။ ဒီအတိုင်းအိပ်ရာပေါ်မှာသာပြိုလဲလို့သွားရင်း အိပ်ပျော်လို့သွားပါတော့တယ်။

ရွှေရောင်ရောင်ခြည်တန်းတွေက ဟို့ယွိဟောင်ရဲ့အခန်းထဲကိုဖြာဆင်းလာခဲ့ပါပြီ။ ဒီရွှေရောင်အလင်းတန်းတွေကအစက်​ပြောက်တွေအဖြစ်ပြောင်းလဲရင်း သူ့ခန္ဓာကိုယ်ထဲကိုရောက်ရှိလို့လာပါတော့တယ်။ ဒါ့အပြင် သူ့ကိုနွေးထွေးနူးညံ့မှုအပြည့်နဲ့ နှစ်သိမ့်လို့ပေးနေခဲ့တယ်။

ဟို့ယွိဟောင်ကတော့ အိပ်မက်နယ်မြေထဲမှာရောက်နေဆဲပါပဲ။ ဒါပေမယ့် နွေးထွေးမှုကိုခံစားလိုက်ရတာကြောင့် မျက်မှောင်ကြုတ်ထားရာကနေ ဖြည်းဖြည်းချင်းသက်သောက်သက်သာဖြစ်သွားပြီ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့သွားပါတော့တယ်။

သူနိုးထလာချိန်မှာတော့ တစ်ကိုယ်လုံးက ပေါ့ပါးနေခဲ့သလို စိတ်နှလုံးသားထဲမှာလဲ သက်သောက်သက်သာရှိပြီ အင်မတန်ကိုပေါ့ပါးလို့နေခဲ့ပါတယ်။ သူ့ရဲ့တစ်ကိုယ်လုံးက ရှိရှိသမျှမောပန်းနွမ်းနွယ်မှုတွေအားလုံးပျောက်ကွယ်သွားပြီဖြစ်သလို နေလနိုင်ငံတော်မှာ မအိပ်ခဲ့ရတဲ့နေ့ရက်တွေအားလုံးအတွက် ပြန်ပြီအားအင်တွေပြန်ပြည့်ဖြိုးသွားသလိုပါပဲ။

” ငါအိမ်ပြန်ရောက်လာပြီ ”

အိပ်ရာပေါ်မှာအကြောဆန့်နေရင်းနဲ့ သူမျက်လုံးတွေကိုပြန်ပိတ်လိုက်ပါတယ်။ ဒီလိုမျိုး ကိုယ်အိမ်ကိုယ်ရာပြန်ရောက်လာတဲ့ခံစားချက်က အရမ်းကောင်းလွန်တာကြောင့် သူပြုံးနေခဲ့မိတယ်။

နေရဲ့အနံ့မွှေးမွေးလေးနဲ့ ပြည့်နေတဲ့ သူ့စောင်သူဖက်ထားရင်းပိုပြီးတော့ သက်သောက်သက်သာရှိလာခဲ့ပါပြီ နေရောင်ကသူ့အခန်းထဲကို အရှိန်အဟုန်ကောင်းကောင်းနဲ့ စီး၀င်လာခဲ့ပေမဲ့ သူအခုအချိန်မှာ မထချင်သေးပါဘူး။ သူဆက်ပြီအိပ်ချင်နေပါသေးတယ်။

သူတကယ်ထလိုက်ချိန်မှာတော့ လန်းဆန်းပြီအအေးဓာတ်ကို သူ့ခန္ဓာကိုယ်ထဲမှာခံစားမိနေခဲ့တယ်။ ဒါပေမယ့် အဆင်မပြေတာကတော့ တစ်ခုရှိပါတယ်။ သူ့ရဲ့အစာအိမ်ပါ ဘာကြောင့်အဲ့ဒီလောက်ဗိုက်ဆာနေတာများလဲ ခပ်မြန်မြန်အိပ်ရာပေါ်က ထလိုက်ပြီတဲ့နောက် မျက်လုံးတွေကိုပွတ်ရင်းနဲ့ အပြင်ဘက်ကောင်းကင်ကိုသူခေါင်းတိုးပြီလှမ်းကြည့်လိုက်မိပါတယ်။

ဒီလိုတစ်ချက်ကြည့်ရုံနဲ့တင် သူလန့်သွားခဲ့ရပါပြီ။ နေလုံးကအနောက်ရပ်ကိုဦးတည်နေခဲ့တာပါ။ တစ်နေ့လုံးကုန်သွားပြီလား ငါအဲ့ဒီလောက်ကြီးအကြာကြီးအိပ်လိုက်မိတာလား။ ပထမဆုံးသူတွေးမိလိုက်တာကတော့ ခရမ်းရောင်နတ်ဆိုးမျက်လုံးကို မလေ့ကျင့်ရသေးဘူးဆိုတာပါပဲ။ ဒါပေမယ့် ဒီနေ့မှာလုပ်လို့မရတာကတော့ သေချာနေပါပြီ။

” ငါအိမ်ပြန်လာမှာတော့ တစ်ရက်တစ်လေလောက်တော့ နားသင့်ပါတယ်လေ ”

သူတစ်ညတာကောင်းကောင်းအိပ်စက်ပြီတဲ့နောက် သူ့ရဲ့စိတ်ကလန်းဆန်းတက်ကြွလို့နေခဲ့သလို ပျော်ရွှင်မှုလဲရှိနေခဲ့ပါသေးတယ်။ ဒါကြောင့် အ၀တ်အစားလဲပြီ အခန်းအပြင်ကိုထွက်လာခဲ့တော့တယ်။

ပင်လယ်နတ်ဘုရားခန်းမဆောင်မှာအစားအသောက်က ဘယ်တော့မှမပြတ်ပါဘူး။ ဟို့ယွိဟောင်လဲ အသီးတချို့နဲ့တခြားပေါ့ပေါ့ပါးပါးစားစရာတွေကိုရှာပြီတဲ့နောက် ပင်လယ်နတ်ဘုရားကျွန်းရဲ့ကျောင်းသားဆောင်တွေဆီကို ထွက်လာခဲ့ပါပြီ။ သူ့ရဲ့အစ်ကိုကြီးတွေကို လိုက်ရှာဖို့အတွက် တွေးထားခဲ့တယ်။

ဟုတ်ပါတယ် ဒီနေ့ပင်လယ်နတ်ဘုရားကံကြမ္မာရှိနေမှာပါ။ ဟို့ယွိဟောင် သူ့နဖူးသူပြန်ရိုက်လိုက်မိပါတယ်။ အချိန်အကြာကြီးအိပ်တာများသွားတာကြောင့် မှတ်ဉာဏ်တွေတောင် ပျောက်သွားသလိုပါပဲ။

သေချာပေါက် အစ်ကိုကြီးတွေက သူ့ကိုအခုအချိန်မှာ စည်းမျဥ်းတွေပြောပြနေမှာပါ။ ပေ့ပေ့ရဲ့ အခန်းကိုရောက်ချိန်မှာတော့ ရှု့စန်းရှီနဲ့ ဟယ့်ချိုက်ထို့က အဲ့ဒီနေရာကိုရောက်နေပြီသားဖြစ်နေခဲ့ပါပြီ။

အတွင်းနယ်မြေရဲ့နေထိုင်မှုအခြေအနေကအပြင်နယ်မြေထက် တော်တော်လေးပိုကောင်းပါတယ်။ နှစ်ထပ်ဆောင်တွေအများကြီးက ပင်လယ်နတ်ဘုရားကျွန်းထဲမှာ မညီမညာရှိနေခဲ့သလို တစ်ခုချင်းဆီတိုင်းမှာလဲ ကျောင်းသားနှစ်ယောက်ကသာနေထိုင်ပါတယ်။ ပေ့ပေ့နဲ့ ရှု့စန်းရှီကတော့ အဆောင်တစ်ခုထဲမှာနေကြတာပါ။ ဟယ့်ချိုက်ထို့ကတော့ ဟို့ယွိဟောင်အခြေအနေနဲ့တူပါတယ်။ သူလဲသွားစရာနေရာမရှိပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာပင်လယ်နတ်ဘုရားခန်းမဆောင်မှာ လာအိပ်လို့မရတာကြောင့် ပေ့ပေ့နဲ့ ရှု့စန်းရှီတို့နေရာမှာသာသွားအိပ်ရပါတယ်။ ဒီနေရာကအတော်ကိုကျယ်၀န်းသလို လူတစ်ယောက်ကိုခေါ်အိပ်ရတာက ပြဿနာမဟုတ်ပါဘူး။

” အစ်ကိုကြီး ဒုတိယအစ်ကိုကြီး တတိယအစ်ကိုကြီးတို့ ”

ဟို့ယွိဟောင်က လှမ်းအော်ပြီနှုတ်ဆက်ပါတယ်။

” ညီငယ်လေး မင်းအခုမှထလာတာမလား”
ပေ့ပေ့က ပြုံးပြရင်းမေးလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ညကအတော်လေးကို မူးဝေနေခဲ့ပေမဲ့ အခုအချိန်မှာတော့သူ့အခြေအနေက ပိုကောင်းနေခဲ့ပါပြီ။ ဒါ့အပြင် အရင်လိုစိတ်ထိခိုက်တဲ့ပုံစံလဲ ရှိမနေပါဘူး။

ဟို့ယွိဟောင်လဲ ပြန်ဖြေလိုက်ပါတယ်။

” ဟုတ်တယ် ကျွန်တော်အခုမှနိုးလာတာအစ်ကိုကြီး အချိန်အကြာကြီးသက်သောက်သက်သာမအိပ်ရလို့ အိမ်ပြန်ရောက်လာတာနဲ့ အရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့မိတယ် ”

ဟယ့်ချိုက်ထို့လဲ ဒါကိုကောင်းကောင်းကြီးနားလည်တာကြောင့် ခေါင်းဆက်တိုက်ညိတ်နေခဲ့ပါတယ်။

” ငါလဲအဲ့ဒီလိုခံစားချက်မျိုးရတယ်…မနေ့ညတုန်းကအိပ်ရတာအရမ်းကောင်းတာပဲ ပုံမှန်တရားထိုင်တာတွေထက်တောင် ပိုပြီးအိပ်လို့ကောင်းသေးတယ် ”

” မင်းကကောင်းကောင်းအိပ်ပျော်တယ်…ငါတို့နှစ်ယောက်ကတော့ ဒုက္ခရောက်သွားတယ်လေ မင်းဟောက်သံကကျယ်လွန်လို့ ငါတို့မျက်နှာကြက်တွေတောင်ပြုတ်ထွက်ကုန်ပြီထင်တာ ”

ပေ့ပေ့လဲ သက်ပြင်းချလိုက်မိပါတယ်။

” နောက်ဆုံးတော့လဲချိုက်ထို့ကိုကျေးဇူးတင်ရမယ်…အနည်းဆုံးတော့ သူ့ရဲ့မိုးခြိမ်းသံလိုဟောက်သံကြီးကိုနားထောင်လိုက်ရတာနဲ့တင် ရှောင်ယာ့အကြောင်းကိုခဏလောက်မေ့သွားသေးတယ် ”

” မင်းတို့နှစ်ယောက် လူမှဟုတ်သေးရဲ့လား ငါဟောက်တာအဲ့ဒီလောက်ကြီးဆိုးလို့လား ”

ဟယ့်ချိုက်ထို့က ဒေါသတကြီးနဲ့အော်ချိန်မှာ ပေ့ပေ့နဲ့ ရှု့စန်းရှီတို့နှစ်ယောက်စလုံးက ခေါင်းညိတ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြည့်ရတာတကယ်မနေ့ညတုန်းက အတော်ဒုက္ခခံလိုက်ရပုံပါပဲ။

ဟို့ယွိဟောင်ကတော့ ဘေးကနေမရယ်မိအောင်သာ ထိန်းနေခဲ့ရတယ်။ ဒီအစ်ကိုကြီးတွေနဲ့ နေရတာတကယ်ကိုစိတ်ကျေနပ်စရာကောင်းလွန်လှတာပါပဲ။

အပိုင်း ၂၁၁•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset