Chapter – 91 အတွင်းစည်းခြံဝန်း
စိတ်အလှုပ်ရှားဆုံး လူကတော့ ရှောင်ဒိုပါပဲ ။ လျို့ ဝှက် ဆန်းကြယ် နယ်ပယ်မှ ထွက်လာတာနဲ့ ယခင်သူတို့နဲ့ အလောင်းအစား ပြုလုပ်ဖူးသော စိတ်ကြီးဝင်နေတဲ့ လူ အား သွားပြသနာရှာချင်နေပါတယ် ။ အလွယ်တကူပင် ချီ ဓာတ်ဆေး အလုံး ၁၀၀၀ ရသွားမှာကို ကြည့်ရင်း ဇုရွန် တစ်ယောက် မနာလိုတွေ ဖြစ်နေပါတယ် ။
အခြေခံအားဖြင့် ချီဓာတ်ဆေး တစ်လုံးအား သလင်း ကျောက် ၅၀၀ နဲ့ ရောင်းနိုင်သောကြောင့် အလုံး ၁၀၀၀ ဆို ပါက သလင်းကျောက်တုံး အလုံး ငါးသိန်း လောက်ကို ရ နိုင်မှာ ဖြစ်ပါတယ် ။ တကယ်ကို များပြားလှ တဲ့ ပမာဏပါ ။
“အကိုတော် ချန် ၉၀ ရာခိုင်နှုန်းသော ဆေးလုံးတွေ ဟာ အကိုတော့ဟာပါ ၁၀ ရာခိုင်နှုန်းသာ ကျွန်တော့ အပိုင် ဖြစ်ပါတယ် ။ နောက်ပြီး ကျွန်တော်က တာဝန်ယူရုံသက် သက်ပါပဲ ဘာမှ မပိုပါဘူး ။ ကျွန်တော်က ဒီတိုင်း ပါးစပ်ထဲ တွေ့ ရာ ပြောလိုက်တာပဲ ခုလို အများကြီးရမယ်လို့ မမျှော် လင့်မိဘူး”
ရှောင်ဒို ပြုံးကာပြောပါတယ် ။ တန်ဖိုးပမာဏ များပြား လှသော်လည်း သူ့အတွက် သိပ်မထူးဆန်းသလိုပါပင် ။ လွန်ခဲ့တဲ့ နှစ်များစွာထဲက ဒီပမာဏလောက်ကို သူစားသုံး ခဲ့ပြီးပြီ မဟုတ်ပါလော ။
ချန်ရှန်ဟာ ရှောင်ဒို တစ်ယောက် ဒီဆေးအလုံး ၁၀၀၀ အား သိပ်စိတ်ဝင်စားလှခြင်းမရှိသည်ကို မြင်တဲ့အခါ နည်း နည်း ရှိန်မိသွားတယ် ။ ဒါပေမယ့်လည်း ယန် မျိုးနွယ်ဟာ ဒီ ပြင်းထန်သော သိုင်းပညာ စီရင်စုမှာ အဓိက မျိုးနွယ်ကြီး လေးခုထဲမှ တစ်ခုဖြစ်တယ်ဆိုတာကို အမှတ်ရမိလိုက်ပါ တယ် ။ ဒါကြောင့် ဒီလိုဖြစ်တာ မထူးဆန်းဘူးဟု ထင်မိပါ တယ် ။ အဓိကမျိုးနွယ်စုကြီးတစ်ခုမှာ တန်နဲ့ချီတဲ့ သလင်း ကျောက်များ ရှိမှာ အမှန်ပါပဲ ။ ဒါတင်မက ဆေးပင်တွေ ၊ သားရဲ ရတနာတွေ အစရှိသဖြင့် များစွာ ရှိမှာပါပဲ ။ ၎င်း တို့ ဟာ အဓိက ဂိုဏ်းကြီးတွေကို မယှဉ်နိုင်ပေမယ့်လည်း ဒီ ဂိုဏ်းတွေ ပြီးရင် အချမ်းသာဆုံး များ လို့ သတ်မှတ်လို့ ရပါ ပေတယ် ။
“ဖက်တီးကြီး ၊ ခင်ဗျားတို့ ဇုမျိုးနွယ်ကလည်း ကျွန်တော် တို့လိုပဲလေ ။ ခင်ဗျားတို့ ကြွယ်ဝမှုဟာ ကျွန် တော်တို့ကို ကောင်းကောင်းယှဉ်နိုင်ပေတယ် ။ ဘာလို့လဲ ဆိုတော့ ခင်ဗျားဟာ ကပ်စီးနည်းပြီး မနာလိုတတ်လို့ပဲ”
ရှောင်ဒို ဇုရွန်၏ ကျောကို ပုတ်ကာ ဖြင့် ရယ်မော ပြော ဆိုပါတယ် ။
ဇုရွန် တစ်ယောက် ရယ်သာ ရယ်နိုင်ပေတယ် ။ ဒီလို သူ၏ ခန္ဓာကိုယ်ကို ကြည့်ခြင်းဖြင့်လည်း သူ့မိသားစု၏ ချမ်း သာမှုကို ခန့်မှန်းနိုင်နေပါပြီ ။
ဇန်ဒီခေါင်းခါယမ်းကာ သက်ပြင်းချပြီး –
“ကျောထောက်နောက်ခံ ကောင်းကောင်းရှိရင် ဆယ်စု နှစ်များစွာ ရုန်းကန်မှုတွေ မရှိပဲ နေနိုင်တာပေါ့လေ”
ချန်ရှန်တို့လည်း ဇုရွန်နောက်လိုက်ခဲ့ကာ ခြံဝန်း အမှတ် ၃၂၉ သို့ ရောက်ရှိလာပါတယ် ။ ဒါဟာ အတွင်းစည်း မှာ အားအနည်းဆုံးသူများ နေထိုင်ရာ ခြံ ဖြစ်ကာ အတွင်းစည်းအောင်သူ လူသစ်များ နေထိုင်ရာ ခြံ ၀န်းလည်း ဖြစ်ပါတော့တယ် ။
“တစ်ယောက်မှ မရှိကြဘူးလား ၊ မြန်မြန် ထွက်လာပြီး လူသစ်တွေကို ကြိုဆိုကြလေ”
ရှောင် ဒို ထအော်ပါလေတော့တယ် ။
ဇုရွန်လည်း နှုတ်ခမ်းများကွေးကာဖြင့် –
“လျှောက်အော်မနေနဲ့ ၊ ဒီ အတွင်းစည်းကို လူ မ၀င် တာ နှစ်ပေါင်းများစွာ ကြာပြီဟ ။ အမြဲတမ်း ဒီလိုဖြစ်နေ တာ”
ချန်ရှန် မေးလိုက်တယ် ။
“ဒါဆို ဒီက လူတွေက ဒီထက်မြင့်တဲ့ ခြံဝန်းတွေကို ရောက်သွားတာလား ၊ ဒါပေမယ့် တချို့ ရှုံးသွားတဲ့ လူတွေ ကျ ဒီကို ပြန်မလာ ရတော့ဘူးလား”
ဇုရွန် ခေါင်းညိမ့်ကာဖြင့် –
“မင်းပြောတာ မှန်တယ် ။ ဒီ တွင်းစည်းနောက်လိုက် တွေ ဟာ များစွာသော မစ်ရှင်တွေကို ပြုလုပ်ကြတယ် ။ ဒီ မစ်ရှင်တွေဟာ အန္တရာယ် အလွန်များပြီး အရေးလဲ ကြီး တယ် ။ အတွင်းစည်း ခြံဝန်းပေါင်း ၃၀၀ ကျော်ရှိပေမယ့် တစ်ခြံချင်းစီမှာ ရှိတယ့် လူအရေအတွက်ဟာ ၁၀ ဦး ထက် မပိုပေဘူး ။ ခုငါနေနေတယ့် ခြံဝန်းဆို လည်း ၅ ယောက် ပဲ ရှိတယ် ။”
အတွင်းစည်းတပည့်ရင်း ဖြစ်ရတာဟာ အကျိုးကျေးဇူး များစွာ ရရှိပါတယ် ။ လတိုင်း ချီဓာတ်ဆေး အလုံး၃၀၀ နဲ့ သလင်းကျောက်တုံး ၃၀၀၀ ရပါမယ် ။ နှစ်တိုင်းကို ဒြပ်စင် ဆေး တစ်လုံးလည်း ရပါဦးမည်။ နောက်ပြီး မစ်ရှင်အချို့ ပြုလုပ်ပါက အားဖြည့်ဆေးများ ၊ အဆိပ်ဖြေဆေး များ စွာ ရရှိမည် ဖြစ်ပြီး ဒါ့အပြင် မစ်ရှင် အောင်မြင်သွားပါက ဆု များလည်း ရရှိမှာ ဖြစ်ပါတယ် ။ ဇုရွန် ဟာ တန်ဖိုးကြီးလှတဲ့ ကျောက်စိမ်းဆေးကို ဒီလို ရရှိခဲ့တာပါ ။
“အမှတ် ၃၀၀ အတွင်း စည်းခြံဝန်းက နောက်လိုက် တွေဟာ သေ ကုန်ကြပြီ ။တစ်ယောက်မှကို မရှိတော့ဘူး”
ဇုရွန်ပုံစံက ခပ်တည်တည် ဖြစ်သွားသလိုပါပဲ ။ အတွင်း စည်း တပည့်ရင်း ဖြစ်ရတယ် ဆိုတာဟာလည်း လူ အများထင်သလို လွယ်ကူသော အရာတော့မဟုတ်ချေ ။ ၎င်း တို့ဟာ လုပ်ဆောင်ရမယ့် မစ်ရှင်များစွာ ရှိပြီး အခက် အခဲများစွာလည်း ရှိနေကြတယ် ။
“အဲဒါဆို ဘာလို့ အဲဒိ အမှတ် ၃၀၀ ဆီ ကျွန်တော်တို့ကို မပို့တာလဲ”
ရှောင်ဒို က မကျေနပ်သလိုမေးတယ် ။
“လူနောက်ကလေး ယန် ၊ ငါမင်းကောင်းဖို့ လုပ်တာ ၊ မင်း နံပါတ် ရှေ့ ရောက်လေလေ ၊ မင်းလက်ခံရမယ့် အရာ များဟာ ပိုမို အန္တရာယ် ကြီးလေလေ ပဲ ။ မင်း ချန်ရှန် အဆင့် ၁၀ ရောက်မှာကို စောင့်သင့်တယ် ။ ပြီးမှ အတူတူ တဆင့်ချင်း တက်တာကောင်းမယ် ။”
ဇုရွန် က ပြောလိုက်ပါတယ် ။
ချန်ရှန်ကလည်း သဘောတူကာ –
“ငါတို့က ခုမှ ရောက်ခါစ ရှိသေးတယ်လေ ။ ခု ပိုမို အဆင့် မြင့်တဲ့ သိုင်းစွမ်းရည်တွေ သင်ကြတာပေါ့ ။ ငါတို့ စွမ်းအင်တွေ တိုးတက်လာပြီး တည်ငြိမ်လာမှသာ ရှေ့ တက်ဖို့ ကြိုးစားသင့်တယ်”
“လာကြတော့ ၊ ငါက အမှတ် ၂၀၀ ကပဲ ။ အဲဒိမှာနေပြီး အဆင့် မတက်နိုင်တာ တော်တော် ကြာပြီ ။ မင်းတို့ ဒီနေ ရာကို ရှင်းလိုက်ရင်ကောင်းမယ် ။ ငါတော့ လစ်ပြီဟေ့”
ဇုရွန်လည်း လျင်မြန်စွာပင် ထွက်သွားပါတယ် ။ ချန်ရှန် တို့ သူ့အား ကူရှင်းခိုင်းမှာကို စိုးရိမ်လို့ ပါ ။
ဒီခြံဝန်း ထဲမှာတော့ အိမ်ငယ်များစွာ ရှိလေတယ် ။ နားနေဆောင်လည်း ရှိနေပါတယ် ။ ချန်ရှန် တို့လဲ အတွေး ကိုယ်စီဖြင့် ရှိနေကြတယ် ။
“ကျွန်တော် က ဒီ မှာ အိပ်မှာ မဟုတ်ဘူး ။ ခင်ဗျားတို့ ဘာသာ ရှင်းကြတော့”
ရှောင်ဒို စပ်ဖြဲဖြဲ နဲ့ ပြောကာ ထွက်သွားပါတယ် ။
ဒီနေရာဟာ လူမနေတာ ကြာပြီ ဖြစ်သောကြောင့် သစ်ရွက်ခြောက်များ ဖုန်များဟာ ထူထပ်လှပြီး ညစ်ပတ် လျက် ရှိနေပါတယ် ။ ချန်ရှန် တို့ ၂ ယောက် ကုန်စင်အောင် ရှင်းမည် ဆိုပါက ရက်အတန်ကြာ အချိန်ကုန်ပေပါ လိမ့် မယ် ။
ချန်ရှန်က တော့ လေ့ကျင့်ရေးပစ္စည်းများ ထားသော အဆောက်အဦးတစ်ခုမှာ နေမယ်လို့ ဆုံးဖြတ်လိုက်ပါ တယ် ။ ဒါတွေနဲ့ လေ့ကျင့် ချင်လို့ရယ်တော့ မဟုတ်ပါဘူး ။ ၎င်းပစ္စည်းများဟာ အလွန်ပေါ့ပါးပေမယ့်လည်း ဒါတွေ နဲ့ ပင် အချိန်များစွာ လေ့ကျင့်ရန် လိုအပ်ပါတယ် ။
“ဒီလိုပစ္စည်းတွေက လေ့ကျင့်သူတွေကို ပြင်းထန်လှ တဲ့ လေ့ကျင့်မှုတွေနဲ့ အတွေ့ အကြုံတွေ ပေးနိုင်လိ့မ်မယ်”
ဇန်ဒီ က စကားဆိုပါတယ် ။
ဒီအချိန်မှာပဲ ရှောင်ဒို ပြန်လာကာ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောတယ် ။
“အကိုတော်ချန် ၊ ဟိုလူကို ကျွန်တော် သွားရှာတော့ သူ က အဆင်သင့်ပဲ ကျွန်တော့ကို ချီဓာတ်ဆေးတွေ ပေး တယ် ။ မြန်မြန်လာပြီး မှန်မမှန် စစ်ဆေးပေးပါဦး”
အလောင်းအစားကိစ္စကို ချန်ရှန် သ်ိပ်တော့ ဂရုမစိုက် ပါချေ ။ သူကိုယ်တိုင်ပင်များစွာ လုပ်နိုင်သောကြောင့်ပါပဲ ။
ရှောင်ဒို ကျောက်စိမ်း သေတ္တာလေး ဆယ်လုံးအား ထုတ်လိုက်တယ် ။ အထဲမှာတော့ ချီဓာတ်ဆေး အလုံး ၁၀၀ စီ ရှိနေကြတာ ဖြစ်ပါတယ် ။ ချန်ရှန် ကြည့်ရှုပြီးတဲ့ နောက်မှာတော့ အစစ်တွေဆိုတာ သေချာသွားတယ် ။ သူလုပ်တယ့် ဆေးလောက် အရည်အသွေး မမြင့်ပေမယ့် လည်း လိုအပ်ချက် စံနှုန်းများ ပြည့်စုံသော ဆေးအဖြစ် အသိအမှတ်ပြုလို့ ရပါပေတယ် ။
ရှောင်ဒို က သေတ္တာ တစ်လုံးပဲ လိုချင်တာပါ ။ ချန်ရှန် ဟာ တစ်လုံးအား ဇန်ဒီကို ပေးချင်သော်လည်း ၎င်းမှ လက် မခံခဲ့ပါချေ ။ နောက်ဆုံးတော့ တန်ဖိုး တ၀က်ဖြင့်သာ ၀ယ် သွားပါတော့တယ် ။
ဇုရွန်ဟာ ချန်ရှန်အား အဖြူရောင် ကျောက်စိမ်းဆေး အား ပေးခဲ့သောကြောင့် သူအလွန်ပင် ကျေးဇူးတင်မိပါ တယ် ။ ဒါကြောင့် ဇုရွန်ကိုလည်း တစ်လုံး ပေးလိုက်တယ် ။ တကယ်တော့ ဇုရွန်ဟာ သေတ္တာ တစ်လုံး ရတဲ့အခါ မနာ လိုမှုများ ဖြစ်နေသေးတာကို တွေ့ လိုက်ရတယ် ။ သူက သေတ္တာ ၃ လုံးကို ဈေးတ၀က်နဲ့ ၀ယ်ချင်တာ ဖြစ်ပြီး နောက်ဆုံးမှာတော့ ရှောင်ဒို၏ မောင်းထုတ်ခြင်းကို ခံလိုက် ရပါတော့တယ် ။
“အရှက် မရှိတဲ့ ဖက်တီးကြီးပဲ”
ရှောင်ဒို အော်လိုက်ပါတယ် ။
“ကျွန်တော် တို့ဟာ အခု အတွင်းစည်း တပည့်ရင်း တွေ ဖြစ်နေကြပြီ ။ အတွင်းစည်းခြံဝန်းရဲ့ ပင်မ ခန်းမ ကို သွားပြီးတော့ သိမ်မွေ့ အဆင့် နဲ့ မြေကြီး အဆင့် ကျင့်စဉ် များကို ကျင့်နိ်ုင်ပြီပေါ့”
ရှောင်ဒို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်တယ် ။
ချန်ရှန်တို့ ဟာ အတွင်းစည်းများ ဖြစ်သွားကြတယ့် အတွက် သတ်မှတ်ထားသော ပစ္စည်းများအား ရရှိပါတယ်။ ဒါတွေကို လက်ခံဖို့ အတွင်းစည်းခြံဝန်း သို့မဟုတ် ဆေးပညာ ခြံဝန်း သို့ သွားရတာဖြစ်တယ် ။ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင်မှ ဒီကိစ္စများကို ကြီးကြပ် ကွပ်ကဲပေးတာပါ ။ ချန်ရှန်ဟာ ချီဓာတ်ဆေး အလုံး ၂၀ ၊ ဒြပ်စင်ဆေး တစ်လုံး နဲ့ သလင်းကျောက်တုံး ၃၀၀၀ ကို လက်ခံရရှိခဲ့ပါတယ် ။ အဆင့် ၉ ရှိတယ့် သာမန် လက်နက် တစ်ခုကိုလည်း ရရှိကာ ၎င်း လက်နက် မှာ နဂါးခေါင်း တပ် ထားသော ဓားပြားကြီး တစ်ခု ဖြစ်တယ် ။
ရှောင်ဒို နဲ့ ဇန်ဒီ တို့သည် ၎င်းတို့၏ လက်နက် များ ကို ရရှိခဲ့ကြသော်လည်း သိပ်စိတ်ဝင်စားပုံ မပေါ်ကြပေ ။
အတွင်းစည်းခြံဝန်း၏ ပင်မခန်းမသို့ လမ်းလျှောက် သွားကြရင်း ချန်ရှန် သူ၏ လက်နက်အား ကစားနေသည် ကို မြင်တဲ့အခါ ရှောင်ဒိုက –
“အကိုတော် ချန် ၊ ဒါက သာမန် အဆင့် ၉ လက်နက် ဆိုတော့ ကောင်းရဲ့ လား ၊ ကျွန်တော် တို့ ၂ ယောက်က ဝိဉာဉ်တော်အဆင့်လက်နက်တွေ သုံးကြတာလေ”
ချန်ရှန် အံ့သြသွားတယ် ။ သူတို့ ဘာကြောင့် လက်နက်များကို စိတ်မ၀င်စားလဲဆိုတာ ရုတ်တရက် သ ဘောပေါက်သွားပါတယ် ။ ၎င်းတို့ မှာ ဝိဉာဉ်တော် လက်နက်များ ရှိနေလို့ပါပဲ ။
ဈေးအသက်သာဆုံး အဆင့် ၁ လက်နက်ပင် သလင်း ကျောက် ၁၀၀၀၀ လောက် တန်ကြေးရှိပါတယ် ။ ဒါကြောင့် ၎င်းတို့မှာ ရှိနေတာဟာ သိပ်တော့ မဆန်းလှပါချေ ။
“ငါတစ်ခါမှ အဲလို လက်နက်တွေ မမြင်ဘူးဘူး ။ ဘယ်လိုနေလဲ”
ချန်ရှန် စပ်စုလိုက်တယ် ။
ရှောင်ဒိုက ဓားပြားတစ်လက် ကို ဆွဲထုတ်ကာ ဂုဏ်ယူ ဟန်ဖြင့် –
“ဒါ အဆင့် ၅ ဝိဉာဉ်တော် အဆင့် လက်နက်ပဲ ၊ ကောင်းကင်ဝံပုလွေ ဓား လေ ၊ သလင်းကျောက် တစ်သန်း တန်တယ် ။ ဒီဟာကို ပန်းပဲဖိုမှာလုပ်ဖို့ သံဝံပုလွေ တွေ ရဲ့ အရိုးလိုတယ် ။ အဲဒိ အရိုးတွေက တော်တော်ကို မာပေ တယ် ။ နောက်ပြီး ဓားပေါ်မှာ ဝိဉာဉ်တော် အကြောတွေ ထည့်ထားတာကြောင့် ဝိဉာဉ်တွေကို စုပ်ယူနိုင်ပြီး ဝိဉာဉ် တော် ချီဓာတ်တွေ နဲ့ ပေါင်းစပ်စေတယ် ။ အဲဒိတော့ မူလ ချီဓာတ်တွေဟာ ပိုမို အားကောင်းလာကြတယ် ။ ဓားထဲမှာ တော့ ကျွန်တော်တို့ လူမှာရှိတယ့် စွမ်းအင်သိုလှောင်ရာလို မျိုးအရာ ရှိတယ် ။ ဓားထဲကို ချီဓာတ် ထည့်လိုက်မယ် ဆို ရင် ဒီချီဓာတ်တွေဟာ အလွန်ကို ကောင်းမွန်လာမှာ ဖြစ် တယ် ။ ဓားရိုးကိုလည်း ဒီ ၀ံပုလွေ ရဲ့ အမြုတေလို ဆေးကို စီခြယ်ထားပြီး ဒီဆေးဟာ ဒီအကောင်ရဲ့ ချီဓာတ်တွေကို ထုတ်လွှတ်ဖို့ တွန်းအားပေးကြတာဖြစ်ပြီး အရမ်းကို ကြောက်စရာ ကောင်းတယ်”
ချန်ရှန် ဓားပေါ်မှ လှပပြီး သိမ်မွေ့ လှတဲ့ မျဉ်းကြောင်း များကို တွေ့ လိုက်ရတယ် ။ နေရောင်ဟာ စာတန်းပေါ် ကျ ရောက်နေတဲ့အတွက် ရောင်ပြန်ဟပ်နေပုံမှာ အလွန်ပင် လှပပါတယ် ။
“ဒီဓားဟာ အဆင့် ၅ ထဲမှာမှ ထိပ်ဆုံးနေရာက လက်နက်လို့ ပြောလို့ရပေတာပဲ ။ သလင်းကျောက် တစ် သန်းသာ တန်ပေမယ့် ဒီထက်မက တန်ဖိုးရှိပါပေတယ် ။ မင်းတို့ ယန်မျိုးနွယ်က အဆက်အသွယ်ကလည်း ကောင်း တော့ ဒီလို ဓားမျိုးလုပ်ဖို့ အတွက် ပန်းပဲဆရာကောင်း တစ်ယောက် လောက်ကတော့ စီစဉ်နိုင်မှာပေါ့လေ”
ဇန်ဒီ မနာလိုသော အသံကြီးဖြင့် ပြောလိုက်ပါလေ တော့ တယ် . . . ။