Chapter – 90 ငြိမ်းချမ်းရေးယူခြင်း
ချန်ရှန်ဟာ အဆင့် ၁၀ သားရဲမိစ္ဆာကြီး ၂၃ ကောင်တိတိ ကို သတ်နိုင်ခဲ့တာပါ ။ ထို့နောက်မှာတော့ မူ လ စထွက်လာရသို့ ပြန်လာခဲ့ကာ ရှောင်ဒို နဲ့ ဇန်ဒီ တို့အား စောင့်နေပါတော့တယ် ။
တနေကုန်အောင် စောင့်နေပြီးနောက် ချန်ရှန် ဟာ ဇန်ဒီတစ်ယောက် ပျော်ရွှင်စွာ လမ်းလျှောက်လာပုံကို မြင် လိုက်ရတယ် ။ ကြည့်လိုက်ရုံဖြင့်ပင် ဇန်ဒီတစ်ယောက် အောင်မြင်ခဲ့မယ် ဆိုတာ ပြောနိုင်ပါတယ် ။
“ဇန်လူကြီးမင်း ၊ ဂုဏ်ယူပါတယ်ဗျို့ ”
ချန်ရှန် ရယ်ပြီး ပြောလိုက်ပါတယ် ။
“ဟဲဟဲ ၊ မင်းကိုလဲ ဂုဏ်ယူပါတယ် ချန်ရှန် ၊ မင်းက အရင် အောင်မြင်တာ ။ နောက်ပြီး မင်းက အရမ်းလည်း ငယ်ရွယ်တယ် ၊ မင်းကတော့ နှိုင်းလို့ကို မရပါဘူး”
ရှောင်ဒို က တော့ ပြန်မရောက်သေးပါဘူး ။ ဒါကြောင့် ချန်ရှန် နဲ့ ဇန်ဒီ တို့ အနည်းငယ် စိုးရိမ်မိနေကြတယ် ။ သူတို့ အကြာကြီး မစောင့်လိုက်ရပါပေ ။ ရုတ်တရက်ပဲ သိမ်းငှက် တစ်ကောင်ရဲ့ အော်သံနဲ့ အတူ ရယ်သံတစ်ခုကို ကြား လိုက်ကြရပါတယ် .။
“ဟား ဟား ၊ ကျွန်တော် တော့ တော်တော် ရလာ တယ်”
ရှောင်ဒို ရယ်သံထွက်လာတယ် ။ ကြီးမားတဲ့ သိမ်းငှက် ကြီး တစ်ကောင် ပေါ်မှာ စပ်ဖြဲဖြဲဖြင့် ရှောင်ဒို တစ်ယောက် လိုက်လာ တာကို တွေ့ လိုက်ကြရတယ် ။
ရှောင်ဒို ဟာ သ်ိမ်းငှက်မည်းကြီးအား ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့တာပါ ။ ဒီလို သားရဲကြီးအား ယဉ်ပါးအောင် လုပ်ခြင်းဟာ တကယ်ကို ခက်ခဲတယ့် အရာပါပဲ ။ ရှောင်ဒို က တော့ လုပ်နိုင်ခဲ့ပါပြီ ။ တကယ်ကို အကျိုးရှိတဲ့ အရာကို လုပ်နိုင်ခဲ့တာ ပါပဲ ။
သုံးယောက်လုံး အန္တရာယ်ကင်းစွာ ပြန်ရောက်လာပြီး ဆုများစွာ ပါ ရ၇ှိလာခဲ့ကြတာပါ ။ ဒီအချိန်မှာပဲ ဆရာကြီးဝု နဲ့ ဆေးဆရာမကြီးတို့ ရောက်လာခဲ့ပါတယ် ။
“ရလာတဲ့ရတနာတွေ ၊ သားရဲကောင် အလောင်း တွေ ဟာ မင်းတို့ ယူလာတာ ဖြစ်တဲ့အတွက် မင်းတို့ပိုင်တယ် ။ ဒါပေမယ့် ဘာတွေ ရလာသလဲ ဆိုတာကိုတော့ ပြောပြ ရမှာ ဖြစ်တယ်”
ချန်ရှန် သားရဲ ၂၃ ကောင်၏ အလောင်းများကို ထုတ် လိုက်တယ် ။ အသီး ၅ လုံးပါ ထုတ်ပြလိုက်တယ့် အခါ မှာ တော့ ရှောင်ဒို နဲ့ ဇန်ဒီတို့ မျက်လုံးများ ပြူးသွားကြပါတယ်။ ဒီအလောင်းကောင်တွေဟာ သံချပ်ကာ ကျွဲ များ ဆိုတာ အသေအချာ သိကြတယ် ။ အုပ်စုလိုက်နေတတ်ကြတဲ့ ကျွဲများဖြစ်ပြီး အရမ်းကို သန်မာကြကာ စွမ်းအားကြီးလှ တယ် ဆိုတာလည်း သိပါတယ် ။ ယခုတော့ အသားတုံး ကြီးတွေ ဖြစ်သွားပါပြီ ။ အကြည့်တစ်ချက်နဲ့နဲ့ပင် ဘယ်လို တောင် တိုက်ခိုက်ခဲ့လဲဆိုတာ သိနိုင်ပါတယ် ။
“ ၂၃ ကောင်တောင်ပဲ ၊ အကိုတော်ချန် ၊ ခင်ဗျားက တကယ်ကို ပုံမှန်မဟုတ်ပေဘူး”
ရှောင်ဒို ပြောလိုက်တာပါ ။ သူကတော့ ကျား ၂ ကောင် နဲ့ ၀က်ဝံတစ်ကောင်ကို ထုတ်လိုက်ပြီး သူ့နောက် က သိမ်းငှက်ကို ကြည့်ကာ –
“ဒီကောင် က ကျွန်တော် ယူလာတာကြောင့် ကျွန်တော့ အပိုင်ပဲ”
“ ဒါ ထုံးစံပါပဲ”
ဆရာကြီး ဝု က အပြုံးဖြင့် ပြောပါတယ် ။
ဇန်ဒီ ကတော့ ၀ံပုလွေ လေးကောင် ကို သတ်ခဲ့တာ ဖြစ်ပြီး နှစ်သုံးထောင် သက်တမ်းရှိ သွေးဂျင်စင်းကို တွေ့ ရှိ ခဲ့ပါတယ် ။ တကယ်ကို အကျိုးများလှတာပါ ။
“မင်း ဒီ မိုးပြာသိမ်မွေ့ အသီးတွေ ပြန်ရောင်းမှာလား”
ဆေးဆရာမကြီး က အသီး ၅ လုံးကို ကြည့်ရင်း ပြော ပါတယ် ။
“မရောင်းဘူး”
ချန်ရှန် က ခပ်တိုးတိုး နဲ့ လှောင်ပြောပါတယ် ။
မိုးပြာရောင် သိမ်မွေ့ အသီး ၊ ဇန်ဒီ နဲ့ ရှောင်ဒို တို့ တခါ ထပ်ပြီး ပါးစပ်အဟောင်းဖြစ်သွားကြတယ် ။ ချန်ရှန်၏ ကံ ကောင်းမှုကိုပင် မနာလို ဖြစ်နေကြပါတယ် ။
အခြေခံတည်ဆောင်ရေး ဆေး ရဲ့ အဆင့်ဟာ သိပ်ပြီး မမြင့်လှသော်လည်း တော်တော် တော့ ရှားပါတယ် ။ ဒီဆေး လုပ်ဖို့ ကုန်ကျစရိတ်ကပင် တခြားဆေးများထက် ဈေးများနေပါတယ် ။ ဒီ မိုးပြာရောင် သိမ်မွေ့ သီးက အဓိက ပါဝင်ပစ္စည်းပါ ။ သိပ်အဆင့်မြင့်ကြီးထဲ မပါဝင်သော်လည်း ဒီဆေးဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ၀င် ရောက်နိုင်ရန် များစွာ အထောက်အကူ ပေးပါတယ် ။ ဒါ ကြောင့်ပင် ဈေးကြီးမြင့်စွာဖြင့် ရောင်းချကြတာပါ ။
“ငါ့ကို ရောင်းလိုက် ၊ ငါမင်းကို အခြေခံ တည်ဆောက် ရေး ဆေး အလကား လုပ်ပေးမယ် ။ ငါက သူများအတွက် လုပ်ပေးဖူးတာ မဟုတ်ဘူးနော်”
ဆေးဆရာမကြီးဟာ ဒီ အသီးကို တော်တော် စိတ်ဝင် စားနေတယ် ။ အရင်က ဒီလို အသီး ကို ၁၀ လုံးတောင် ရရှိ ခဲ့ဖူးသော်လည်း အသုံးပြုခဲ့ပြီး ဖြစ်တယ် ။ ဒါဟာလည်း တော်တော် ကြာခဲ့ပါပြီ ၊ ထိုကတည်းက အခြေခံတည် ဆောက်ရေးဆေးကို မလုပ်ဖြစ်ခဲ့တာပါ ။
“ခင်ဗျားသာ အရင်က ကျွန်တော့်ကို ခက်ခဲအောင် မလုပ်ခဲ့ရင် ကျွန်တော် ခင်ဗျားကို တစ်လုံးပေးမိမှာပဲ ၊ ဒါ ပေမယ့် ခုတော့ ဘယ်ဈေးနဲ့မှကို မရောင်းနိုင်တော့ဘူး”
ချန်ရှန် ခေါင်းခါယမ်းပြီး ပြောလိုက်ပါတယ် ။ သူ သူမကို ထပ်ကိုမတွေ့ ချင်တော့တာပါ ။
ရှောင်ဒို ချန်ရှန်အား ဘေးသို့ နည်းနည်း ဆွဲလိုက်တယ် ၊ ဆရာမကြီးဒေါသထွက်မှာကို ကြောက်လို့ပါ ။ အဲလို ဖြစ် လာရင် သူတို့အတွက် မကောင်းနိုင်ဘူး မဟုတ်ပါလား ။
“သလင်းကျောက် ငါးသ်ိန်း တစ်လုံးစီအတွက် ပေး မယ် ၊ ရောင်းမလား”
ဆေးဆရာမကြီး ခနဲ့တဲ့တဲ့ ပြောလိုက်တယ် ။
“မရောင်းပါဘူး”
ချန်ရှန်က လည်း တည်ငြိမ်စွာ ပြန်ပြောလိုက်တယ် ။
“ဆယ်သိန်း ပေးမယ် ၊ ရောင်းမလား”
ဆရာမကြီး က အေးစက်စက်ပဲ မေးလိုက်တယ် ။
“ရောင်းမယ်”
ချန်ရှန် ပြုံးစိစိ နဲ့ ဖြေလိုက်တယ် ။
သလင်းကျောက် ၁၀ သိန်းဆိုတာ နည်းလှတဲ့ ပမာဏ မဟုတ်ပေ ။ ဒီတန်ဖိုးနဲ့သာ မရောင်းရင် သူ့လောက် မိုက်မဲ တဲ့လူ ရှိမှာ မဟုတ်တော့ပါဘူး ။ ဒါတင်မက သူနဲ့ ဒီဆရာမ ကြီး တို့၏ ဆက်ဆံရေးမှာလည်း ပိုမို ဆိုးရွားသွားဖွယ်သာ ရှိနေတယ် ။
“ဟဟ ၊ ငါမ၀ယ်တော့ဘူး”
ဆေးဆရာမကြီးက ဒေါသထွက်နေတယ့် ကောင်မ လေး လို ခြေဆောင့်ကာ ထွက်သွားပါတယ် ။
ချန်ရှန် လည်း နှုတ်ခမ်းများကွေးကာဖြင့် –
“ဟက် ၊ ဒီမိန်းမက သူ့ကတိသူ ဖျက်တာပဲ ၊ အစောပိုင်း ကလည်း သူ့ကို နိုင်ရင် လက်ထပ်မယ်တဲ့ ၊ အချိန်ကုန် ခံပြီး သူမကို နိုင်ဖို့လဲ ကြိုးစားရဦးမယ် ။ ခုကျ သူမဟာ စကား မတည်တဲ့ လူတစ်ယောက် ဖြစ်နေတယ် ။ ကျွန်တော် ဘာ လုပ်သင့်လဲ”
ဆေးဆရာမကြီး ဒီ စကားကိုကြားတဲ့အခါ လှည့်ကြည့် ကာ အေးစက်စက်ဖြင့် –
“သလင်းကျောက် ဆယ်သိန်းနဲ့ ၀ယ်မယ်”
ချန်ရှန် တကယ်ပဲ သူမ၏ မျက်နာဖုံးကို ချွတ်ကာ ပြင်း ထန်သော သိုင်းပညာဂိုဏ်း၏ တစ်ဦးတည်းသောမိန်းမ မျက်နာကို ကြည့်ချင်နေမိတယ် ။
“ခင်ဗျား နဲ့ ကောင်းကင် နတ်လက်နက် အင်ပါယာ ဧကရီ တို့ ရဲ့ ဆက်ဆံရေးကော အဆင်ပြေရဲ့ လား”
ချန်ရှန် မေးလိုက်တယ် ။ သူရုတ်တရက် အကြံရသွား လို့ပါ ။
“ငါတို့ ၂ ယောက်လုံးက မိန်းမတွေလေ ။ နောက် ငါတို့ ဆက်ဆံရေးဟာလည်း မဆိုးလှပါဘူး ၊ မင်းကဘာလို့မေး တာလဲ”
“ကျွန်တော် ခင်ဗျားကို အသီး ၂ လုံးပေးမယ် ၊ ကျွန်တော့ ကို တစ်ခုလောက် ကူညီနိုင်မလား ။ တစ်လုံးကို ဆေးတစ်စုံပြုလုပ်ပြီး ဆေးတစ်လုံးကို ရွှီရှန်း ရှန်းကို ပေးပြီး နောက်တစ်လုံးကို ရေခဲလေ တောင်ကြား က လန်ယုလန် ကို ပေးပေးနိုင်မလား”
ချန်ရှန် ကြည့်ကာမေးလိုက်တယ် ။
ဒီ အသီး ကို ဆေးတစ်စုံ ပြုလုပ်လျှင် အမှားအယွင်း မပါ ပါ က ဆေး ၂ လုံး ရရှိမည် ဖြစ်ပါတယ် ။ သာမန် ဆေး ပညာရှင်အဖို့ တစ်လုံးသာ လုပ်နိုင်မည် ဖြစ်သော်လည်း ဒီ ဆရာမကြီးကတော့ ၂ လုံးရလိမ့်မည်ဟု ချန်ရှန် ယုံကြည် မိ ပါတယ် ။
“ကျွန်တော် ခင်ဗျားရဲ့ သလင်းကျောက်တွေကို ယူမှာ မဟုတ်ဘူး ၊ လက်ဆောင်လို့ သတ်မှတ်လိုက်ပါ”
ချန်ရှန် ပြောလိုက်တယ် ။ သူ ဒီဆရာမကြီး နဲ့ ဒီလို အခြေအနေ ဆက်ဆံရေးမျိုး မဖြစ်ချင်ပါ ။ အဘယ်ကြောင့် ဆိုသော် မကြာမီမှာ သူဟာ ဆေးပညာခြံဝန်းကို ၀င်ကာ ဒီ ဂိုဏ်းမှာ အချိန်အတော်ကြာနေဖို့ စဉ်းစားထားတာပါ ။ နောင် အနာဂတ်မှာ သူဟာ ချန်ဝူ နယ်မြေကြီးမှာ သွားလာ တဲ့အခါ ဒုက္ခအချို့ ဆိုတာ မလွှဲမသွေ ကြုံတွေ့ ရမှာပါပဲ ။ ဒီ အချိန်မှာ ဒီဂိုဏ်းရဲ့ အရိပ်အာဝါသ ဆိုတာ တကယ်ကို လို အပ်မှာပါပဲ ။
ဆရာကြီး ဝု ၊ ရှောင်ဒို နဲ့ ဇန်ဒီတို့ဟာ ဒီရည်ရွယ်ချက် ကို ရိပ်မိပုံရပါတယ် ။ ဒါကြောင့်ပဲ သူတို့ဟာ ဒီလိုအဆိုကို ထောက်ခံမိကြတယ် ။
ဆရာမကြီး တခဏမျှ တိတ်ဆိတ်သွားကာ ပြောလိုက် ပါတယ် ။
“မင်းကို ငါ ဘာလို့ မုန်းလဲ သိလား”
ချန်ရှန် ခေါင်းခါယမ်းပြီး သက်ပြင်းချကာာ –
“မသိဘူး ၊ ကျွန်တော် လည်း သ်ိပ်သိချင်နေတာ”
“မင်းငါ့ကို ရှုံးတဲ့အခါ ပြောပြတာပေါ့”
ဆရာမကြီး အသီး ၂ လုံးကို ကောက်ယူလိုက်ကာ –
“လန်ယုလန် က မင်းရဲ့ ဘာလဲ ။မင်းမှာ သတို့သမီး ရွှီ ရှန်းရှန်း ရှိပြီးသားမဟုတ်လား ၊ ဒါတောင် တခြားသူကို စဉ်း စားနေသေးတယ် ။ ယောကျာ်းတွေက ဒီလိုပဲ”
ချန်ရှန် အလျင်အမြန်ပင် ပြန်ရှင်းပြတယ် ။
“သူမက ကျွန်တော့ သွေးသောက်မွေးစား ညီမပါ ။ သူမ ကို ဒီဂိုဏ်းမှာ နေဖို့ လွှတ်လိုက်တာ ။ ကျွန်တော် က အရင်က ဒီဂိုဏ်းရဲ့ စည်းမျဉ်းတွေကို မသိဘူးလေ ။ ဒါ ကြောင့်ပဲ ဒီကနေတော်တော် လှမ်းတဲ့ ရေခဲလေ တောင် ကြားဂိုဏ်းကို ရောက်သွားတာပဲ ။ အဲဒိကို ကျွန်တော်က လည်း အချိန်တော်တော်ကြာ သွားနိုင်ဦးမှာ မဟုတ်ဘူး ၊ အကိုတစ်ယောက် အနေနဲ့ စောင့်ရှောက်ရမယ့် ၀တ္တရား ရှိ တယ်လေ ၊ ဒါကြောင့် ပဲ ခင်ဗျား ဆီက အကူအညီ တောင်း ရတာပါ”
“ဟဟ ၊ မွေးစား ညီမတဲ့လား ၊ ချဉ်းကပ်နည်းကောင်း ပဲ ၊ တခြားရည်ရွယ်ချက် မင်းစိတ်ထဲမှာ ရှိမရှိဆိုတာ ဘယ် သူ သိနိုင်မှာလဲ”
ဆရာမကြီးလဲ ပြောပြီးတာနဲ့ တဖက်လှည့်ကာ ထွက် သွားပါတော့တယ် ။ ချန်ရှန် နဲ့ တခြားလူများ နည်းနည်း တော့ အံ့သြသွားကြတယ် ။ ဆရာမကြီးရဲ့ အသံမှာ မနာလို မှု အနည်းငယ် ပါနေပုံ ပေါက်လို့ပါပဲ ။
“အကိုတော် ချန် ၊ အခုကစပြီးအကိုတော်ကို မွေးစား အကိုတော်လို့ ခေါ်လို့ ရနိုင်မလား”
ရှောင်ဒို စပ်ဖြဲဖြဲနဲ့ ပြောပါတယ် ။ ချန်ရှန် လက်ထဲက အသီးကို ကြည့်နေရင်းပေါ့ ။ ချန်ရှန်လဲ ရှောင်ဒိုက်ို ခပ်ပြုံး ပြုံးပင် ကြည့်ကာ ပြောလိုက်တယ် ။
“မင်းက လူချမ်းသာလေးပါကွာ ၊ ဒီလို အရာလေးတွေ ကို ဂရုစိုက်နေဖို့ မလိုပါဘူး”
“အကိုတော် ကတော့ ဒီလိုမွေးစားညီမရှိတာ လူတိုင်းရဲ့ အာရုံစိုက် မနာလိုတာ ခံရတော့မှာပဲ”
ရှောင်ဒို ခပ်တိုးတိုး ရေရွတ်မိတယ် ။ ဒီလန်ယုလန် အ ကြောင်းကို သူသိနေတယ် ။ သူမနဲ့ ရွှီရှန်းရှန်း ဟာ တူတူပါ ပဲ ။ ၂ ယောက်လုံးဟာ မျိုးဆက်သစ် သိုင်းလောကမှာ ပါရမီ အရှိဆုံး တွေ ပါပဲ ။
ဆရာကြီး ဝု ချောင်း ၂ ချက်ခန့် ဟန့်ကာဖြင့် –
“မင်းက မင်းနဲ့ ဆရာမ တို့ကြားက တင်းမာမှုကို လျော့ ချချင်နေတာပဲ ။ တကယ်ကို ကောင်းတယ် ။ အခု အတွင်း စည်းတပည့်တွေ ဖြစ်လာကြတယ့် မင်းတို့ သုံးယောက်ကို တကယ်ပဲ ဂုဏ်ယူပါတယ် ။ ခဏကြာရင် မင်းတို့ကို ဖက်တီး အပြင်မှာစောင့်နေလိမ့်မယ် ။ မင်းတို့ စည်းစည်း လုံးလုံး နဲ့ နေကြတော့”
၎င်းတို့လည်း သူတို့၏ ရတနာများကို ယူကာ လျို့ ဝှက် ဆန်းကြယ် နယ်ပယ်ထဲမှ စိတ်လှုပ်ရှားစွာ ထွက်လာကြ တယ် ။ ဇုရွန်ကလည်း သူတို့အား အပြင်မှာ အကြာကြီး စောင့်နေရှာတာပါ ။
အဘယ်ကြောင့်ဆိုသော် ဇုရွန် နဲ့ ရှောင်ဒို တို့ ဆက်ဆံ ရေးဟာ အတော်ကို ကောင်းမွန်ပါတယ် ။ ဒါတင်မက ချန်ရှန် နဲ့ ဇန်ဒီ တို့ကိုလည်း တော်တော် ခင်မင်မိသော ကြောင့်ပါပဲ ။ ၎င်းဟာ ချန်ရှန် နဲ့ အပေါင်းအပါများအား ဒီ အတွင်းစည်း အတွင်းမှာ ကောင်းကောင်း လမ်းညွှန်နိုင် မည် ဖြစ်ပါတော့တယ် . . . ။