အပိုင်း ၂၁၀•၂
” ပင်လယ်နတ်ဘုရားရေကန်မှ ပင်လယ်နတ်ဘုရားကံကြမ္မာလား ”
°°°
ပေ့ပေ့ကတော့ မကျေမနပ်နဲ့ဆက်တိုက်ဆိုသလိုဆူပူနေခဲ့တယ်။
” မင်းတဲ့လား ဒီလိုမျိုးစစ်မှန်နေမှ နန်နန်က အကယ်၍ မင်းသာဒီလိုမျိုးလူပျိုစစ်စစ်ဖြစ်နေဦးမယ်ဆိုရင် ငြင်းနေတာရပ်သွားမှာလား အခုတော့မင်းသူများကို အရှက်မရှိရယ်ချင်ရယ်နေလိမ့်မယ်…မနက်ဖြန်ကြရင် ဒီအခက်အခဲကိုဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာ ကြည့်ကြသေးတာပေါ့ ”
ပေ့ပေ့ရဲ့စကားတွေကြောင့် ရှု့စန်းရှီကတော့ အထိနာနေခဲ့ပါပြီ။ ချက်ချင်းဆိုသလို မျက်နှာကြီးတစ်ခုလုံးမဲမှောင်သွားခဲ့ရင်း စိတ်ဖိစီးတဲ့ပုံစံကိုပြောင်းသွားပါတော့တယ်။
ဟို့ယွိဟောင်ကတော့ လိမ်လိမ်မာမာလေးနဲ့ ဘေးမှာနားထောင်နေခဲ့ရင်း အခုအချိန်မှသာမေးလာခဲ့ပါတယ်။
” အစ်ကိုကြီးတို့ ကျွန်တော်တို့ကိုဟာသပြောပြမှာမဟုတ်ဘူးလား ပြောပြလေ ”
ရှု့စန်းရှီရဲ့အကျင့်စရိုက်မှာ ချီးကျူးစရာသိပ်မရှိပေမဲ့ သူကတကယ်ကိုမျက်နှာပြောင်ပြီအရည်ထူပါတယ်။ ဒါကြောင့်သာ မဟုတ်ဘူးဆိုရင် ကျန်းနန်နန်ကို ဒီလောက်အချိန်ကြာအောင် လက်မလျှော့ပဲလိုက်နေမှာမဟုတ်ပါဘူး။ ဟို့ယွိဟောင်ရဲ့မေးခွန်းကိုကြားချိန်မှာတော့ သူချက်ချင်းဆိုသလို တက်ကြွလာပါတော့တယ်။
” ဒီဟာသက ”
” မင်းပါးစပ်ကြီးကို ပိတ်ထားလိုက်တော့ ”
ပေ့ပေ့က ရှု့စန်းရှီကို ဖြတ်ပြောရင်းနဲ့ ထအော်တော့တယ်။
” ငါတို့က ခဏနေညစာစားတော့မှာ သူများတွေအစားအသောက်ပျက်အောင် စိတ်ပျက်စရာဟာသတွေလာမပြောနဲ့ ငါမင်းကိုပြောလိုက်မယ်…ဒီနေ့အတွက် ငါကအဓိကဦးဆောင်ကျင်းပပေးရတဲ့သူတွေထဲက တစ်ယောက်ဖြစ်လာမှာ ဒါ့အပြင် အစီအစဥ်တင်ဆက်ပေးရမဲ့သူလဲဟုတ်သေးတယ်…အကယ်၍ မင်းငါ့ကိုပြဿနာရှာတယ်ဆိုရင် နန်နန်နဲ့ အခက်အခဲတွေကိုဖြတ်ကျော်နိုင်မယ်ဆိုရင်တောင် ကိစ္စတွေအားလုံးကို ငါမွှေနှောက်ပြစ်လိုက်မယ် ”
” ပေ့ပေ့ မင်းလူမှဟုတ်သေးရဲ့လား ”
” ငါကတခြားလူသားတွေကိုတော့ လူလိုဆက်ဆံတယ်လေ ဒါပေမယ့် မြေပြင်မှာတွားသွားနေရတဲ့ကောင်တွေကိုတော့ ပြောဖို့ခက်တယ် ”
ပေ့ပေ့က ပေါ့ပေါ့ပါးပါးနဲ့သာပြောလာခဲ့တယ်။
” ဘယ်သူကိုမြေပြင်ပေါ်မှာတွားသွားသတ္တ၀ါလို့ခေါ်နေတာလဲ ”
ရှု့စန်းရှီက မကျေမနပ်နဲ့ ပြန်အော်ပါတော့တယ်။
” ဒါပေါ့ တချို့လိပ်တွေကိုပြောတာလေ မင်းအကြောင်းပြောနေတာတော့ ဘယ်ဟုတ်မလဲ တချို့လိပ်တွေက မြေပြင်ပေါ်ကပိုက်ဆံတွေကိုတောင် တစ်ပြားမကျန်လိုက်ကောက်တတ်ကြတယ်…ဒါပေမယ့် ကိုယ့်က်ိုကိုယ်လိပ်လို့ခေါ်တဲ့သူကိုတော့ ငါစာရင်းထဲထည့်မထားပါဘူး ”
ရှု့စန်းရှီကတော့ ပေ့ပေ့ကိုခုန်အုပ်တော့မလိုဖြစ်နေခဲ့ပါပြီ။ ပေ့ပေ့ကတော့ ဘာကိုမှဂရုမစိုက်ပဲသူ့ဘာသာသူပြောနေခဲ့တယ်။
” တချို့လူတွေကတော့ မနက်ဖြန် ပင်လယ်နတ်ဘုရားရေကန်ရဲ့ ပင်လယ်နတ်ဘုရားကံကြမ္မာအကြောင်းကိုတွေးဖို့တောင် လိုမနေတော့ဘူးနဲ့တူပါတယ် ”
ရှု့စန်းရှီက ချက်ချင်းဆိုသလိုစိတ်ပျက်လက်ပျက်နဲ့ ရပ်လိုက်ရပါပြီ။
” ထားလိုက်တော့ ငါကသဘောထားကြီမားပြီ စိတ်ကောင်းစေတနာရှိတဲ့ လူတစ်ယောက်ပဲ ဒီတော့မင်းနဲ့ရန်မဖြစ်တော့ဘူး…ဒါပေမယ့် ငါသေချာပြောစရာရှိတယ်…မနက်ဖြန်မင်းငါ့ကိုကူညီမှရမယ်…ငါသာနောက်တစ်ခေါက်ကျရှုံးသွားမယ်ဆိုရင် ရှိရှိသမျှအရာအားလုံးရေစုံမျောသွားပြီပဲ ”
” မင်းအရေပြားက မြို့နံရံထက်တောင်ပိုထူသေးတယ်…ယုံကြည်ချက်ပျက်ပြားမယ်ဆိုတာ ဖြစ်နိုင်တဲ့ကိစ္စလား အဲ့ဒီညတုန်းကဘယ်သူလဲမသိပါဘူးနော် သူလုပ်ချင်တဲ့အရာ သူလိုချင်တဲ့အရာကိုမရမချင်ဘာကိုပဲလုပ်ရပါစေ ရပ်တန့်မှာမဟုတ်ဘူးလို့ တစ်စုံတစ်ယောက်ကငါ့ကိုပြောခဲ့သေးလားလို့ ဒါပေမယ့် ငါသိချင်မိတယ်…အဲ့ဒီနေ့တုန်းက နန်နန်ကို ဘာများလုပ်ခဲ့တာလဲ ”
” လွန်ခဲ့တဲ့နှစ်နှစ်လုံးလဲ မင်းသူ့အပေါ်မှာ အတော်အသင့်ကောင်းခဲ့ပြီးပြီလေ ဒါတောင်မှမင်းကိုလက်မခံသေးဘူး..ငါသူ့ကိုဒီအကြောင်းသီးသန့်မေးပေမဲ့လဲ သူက ဘာဆိုဘာမှမပြောပြဘူး ”
” ငါလဲ မင်းကိုဘာမှမပြောနိုင်ဘူး မဟုတ်ရင် ငါတစ်သက်လုံးအခွင့်အရေးမရှိဖြစ်သွားမယ် ”
ရှု့စန်းရှိီက မျက်နှာကိုတစ်ဖက်လွဲထားရင်းနဲ့ ပြန်ပြီဖြေလာခဲ့ပါတယ်။
သူအစ်ကိုကြီးနှစ်ယောက်ရဲ့ငြင်းခုန်နေတာကိုကြည့်ရင်း ဟို့ယွိဟောင်ကတော့ ပြုံးပြုံးကြီးကိုကြည့်နေခဲ့ပါတယ်။ အိမ်ကိုပြန်ရောက်လာတာ တကယ်ကိုကောင်းလွန်လှတယ်။ အကြီးဆုံးဆရာအစ်ကိုကြီးနဲ့ တတိယအစ်ကိုကြီးတို့က အရင်တိုင်းပဲ ဒါပေမယ့် အဲ့ဒီအချိန်မှာသူရုတ်တရက်ဆိုသလို သတိ၀င်လာတာကြောင့် သူတို့စကားကိုဖြတ်ပြောပါတော့တယ်။
” အစ်ကိုကြီးတို့ရဲ့ ပင်လယ်နတ်ဘုရားရေကန်ရဲ့ ပင်လယ်နတ်ဘုရားကံကြမ္မာလို့ပြောနေကြတဲ့ ကိစ္စလား အဲ့ဒါဘာကြီးလဲ ”
” အဲ့ဒါမနက်ဖြန်ရဲ့ပွဲတော်လေ ညီငယ်လေး မင်းအများကြီးကြိုးစားမှရလိမ့်မယ် ”
ပေ့ပေ့က ရယ်မောရင်းနဲ့ ပြန်ဖြေလာတော့တယ်။
ဟို့ယွိဟောင်ကတော့ အခုလက်ရှိအချိန်မှာ သူ့ရဲ့မေ့စေ့သူပြန်ပွတ်နေရင်းနဲ့ ပြောလာခဲ့ပါတယ်။
” အဲ့ဒီပွဲတော်အကြောင်းကို အစ်ကိုကြီးအခုအထိမပြောပြရသေးပဲ ကျွန်တော်က ဘယ်လိုလုပ်ကြိုးစားလို့ရမှာလဲ ”
” ရိုးရိုးရှင်းရှင်းလေး ဒီလိုပြောလို့ရတယ်…ကြင်ဖက်ကိုတွေ့တာ ”
” ကြင်ဖက်တွေ့တာလား”
ဟို့ယွိဟောင် မျက်လုံးပြူးသွားပါတော့တယ်။
” မင်းနားမလည်သေးဘူးလား ကိုယ့်အတွက်သင့်တော်တဲ့မိန်းကလေးကိုရှာတာလေ ဒီလောက်ဆိုရင် နားလည်ပြီပေါ့ ”
ချက်ချင်းဆိုသလို ဟို့ယွိဟောင်ရဲ့အမူအရာမျက်မှောင်ကြုတ်မှုတစ်ခုကို ပြောင်းလဲလို့သွားပါတော့တယ်။
” ဘယ်လိုလုပ်ကျောင်းတော်က ဒီပွဲတော်မျိုးကိုကျင်းပပေးမှာလဲ ကျွန်တော်တို့အတွင်းနယ်မြေထဲမှာ ဒီလိုမျိုးအစီအစဥ်ရှိတယ်ပေါ့ ”
ပေ့ပေ့ကတော့ ပြုံးပြရင်းရှင်းပြလာခဲ့ပါတယ်။
” ဒါကကျောင်းတော်ရဲ့ဓလေ့ထုံတမ်းတွေမှာပါတဲ့ကိစ္စပဲလေ သူ့ရဲ့ရည်ရွယ်ချက်က တစ်ခုပဲရှိတယ်…ဖိတ်ချင်ဖိတ်ကိုယ်အိတ်ထဲပဲဖိတ်ဆိုတဲ့ သဘောပဲ မင်းသိတဲ့အတိုင်း အတွင်းနယ်မြေရဲ့ကျောင်းသားတွေက ငါကျောင်းတော်ရဲ့တကယ်ထိပ်သီးတွေကြီးပဲလေ ဒါ့အပြင် အတွင်းနဟ်မြေထဲမှာ ပုံမှန်အခြေအနေအရဆိုရင် ကျောင်းသားကတစ်ရာကျော်ရှိတယ်…အနည်းဆုံးတော့ အမြဲတမ်းငါးဆယ်ခြောက်ဆယ်က ရှိနေတာပဲ ”
” အတွင်းနယ်မြေကျောင်းသားတွေက အမျက်ဒေါသရဲ့အစောင့်အကြပ်တွေဖြစ်တဲ့အတွက် အကုန်လုံးကြိုးစားပြီတော့ ကောင်းကောင်းလေ့ကျင့်ကြတယ်…ဒါကြောင့်သာ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးပေမဲ့ အပြင်လောကနဲ့လုံလောက်အောင်ဆက်သွယ်နိုင်တဲ့အချိန်မရှိကြဘူး ”
” အတွင်းနယ်မြေရဲ့ကျောင်းသားတွေကို အသက်အရွယ်နဲ့ကန့်သတ်ချက်မထားထားဘူး..ဒါကြောင့် တချို့ကျောင်းသားလူငယ်တော်တော်များများက သင့်တော်တဲ့အသက်အရွယ်ရောက်သွားပြီတာတောင် သင့်တော်တဲ့အပေါင်းအဖော်ကိုမရှာနိုင်တဲ့အခြေအနေမျိုးဖြစ်နေတတ်ကြတယ် ”
” ဘယ်တုန်းကစပြီ ကျောင်းတော်ကဒီအစီအစဥ်ကိုလုပ်ပေးလဲဆိုတာ ငါမသိသေးပေမဲ့ နှစ်တိုင်းမှာတော့ ပင်လယ်နတ်ဘုရားကံကြမ္မာကိုကျင်းပကြသေးတယ်…ပုံမှန်အတိုင်းဆိုရင် အတွင်းနယ်မြေရဲ့ကျောင်းသားအသစ်တွေ သူတို့စမ်းသပ်မှုကိုမခံယူခင်အချိန်မှာအဓိကကျင်းပကြတာ ဒါမှသာပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အတွင်းနယ်မြေရဲ့ မူလကျောင်းသားတွေက ကြင်ဖက်ကိုတွေ့နိုင်မှာလေ ”
” အားလုံးက ပင်လယ်နတ်ဘုရားကံကြမ္မာမှာ ဘယ်လိုမျိုးအခြေအနေနဲ့ လူမြင်ခံချင်လဲဆိုတာ သူတို့ရဲ့အစွမ်းအစတွေကိုထုတ်ဖော်ပြသကြရတယ်…အဲ့ဒါပြီတော့မှ သူတို့ကျတဲ့သူကို ရွေးချယ်ပြီလိုက်ရတော့တာပဲ တစ်ဖက်လူကသာသဘောတူမယ်ဆိုရင် နှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်စတင်ပြီ အဆင်အသွယ်လုပ်လို့ရပြီ ”
” ငါတို့အားလုံးက အတွင်းနယ်မြေရဲ့ကျောင်းသားတွေပဲလေ ဒါကြောင့် အားလုံးရဲ့အတွေ့အကြုံနဲ့ အစွမ်းအစတွေတော်တော်လေးကတူညီကြတယ်…ဒါကြောင့် ငါတို့အတွက် လိုက်ဖက်မဲ့လူကိုရှာတွေ့တယ်ဆိုတာ ပုံမှန်ကိစ္စပဲ အမှန်တကယ်တော့ ပင်လယ်နတ်ဘုရားကံကြမ္မာက အခုနှစ်ပိုင်းထဲမှာစုံတွဲတွေအများကြီးကို ဖန်တီးပေးလိုက်ပြီးပြီ ”
ပေ့ပေ့ပြောနေတဲ့ပွဲတော်ဆိုတာက ဒီလိုမျိုးကြင်ဖက်ကိုရှာရမဲ့ကိစ္စလို့သူမတွေးခဲ့မိပါဘူး။ ဒါကြောင့် သူ့နှလုံးသားကအခုန်တွေမြန်လာပါတော့တယ်။ ၀မ်ချိုးအယ်ရော ဒီကြင်ဖက်ရှာပွဲကိုလာမှာလား။
တိုက်ပွဲအတွေ့အကြုံဘယ်လောက်ပဲ ကြွယ်၀ပါစေ ဒီလိုမျိုး ကိစ္စတွေနဲ့ပတ်သက်လာရင်း သူက ဘာဆိုဘာမှမသိသေးတဲ့လူငယ်လေးတစ်ယောက်ဖြစ်နေခဲ့တယ်။ အစောပိုင်းတုန်းက ရှု့စန်းရှိီ ပြောပြသလိုပဲ ချက်ချင်းဆိုသလိုဒီကိစ္စကို တွေးရင်းကနေ သူတိတ်ဆိတ်ပြီမျက်နှာတစ်ခုလုံးတောင် နီရဲလာပါတော့တယ်။
ရှု့စန်းရှီကတော့ ဟို့ယွိဟောင်ဘေးကိုလျှောက်လာရင်း ဟို့ယွိဟောင်ကို ပုခုံးဖက်လိုက်ပြီတော့ ပြောနေတော့တယ်။
” ယွိဟောင် မစိုးရိမ်နဲ့ မိန်းကလေးတွေကိုလိုက်ဖို့က လွယ်ပါတယ်..ငါမင်းကိုအကွက်သုံးကွက်သင်ပေးမယ်…သတ္တိရှိရမယ် အကြံအညံကောင်းရမယ်..မျက်နှာပြောင်တိုက်ရမယ် ”
” ငါတို့ကအခုအချိန်မှာအကုန်လုံးအရွယ်ရောက်ပြီသားသူတွေဖြစ်နေပြီလေ ကျောင်းတော်ကလဲ ငါတို့ကိုခွင့်ပြုချက်ပေးထားတယ်…အကယ်၍ မင်းသဘောကျမဲ့သူတစ်ယောက်ယောက်ကိုတွေ့မယ်ဆိုရင် လိုက်သာလိုက်လိုက်တော့ မှတ်ထားငါတို့တွေက ဘယ်သူနဲ့ယှဥ်ယှဥ်နောက်ကောက်မနေဘူး…ကံကောင်းပါစေ ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့ အလင်းတန်းနတ်မိမယ်ရဲ့ပုံရိပ်က ထင်ထင်ရှားရှားကြီးရှိနေဆဲပါ။ သူပထမဆုံးတွေးမိတဲ့သူကတော့ အိပ်မက်ထဲမှာအမြဲတမ်းပေါ်ပေါ်လာခဲ့တဲ့အမျိုးသမီးပါပဲ။ တစ်ခါတစ်လေမှာတော့ ၀မ်ချိုးအယ်ရဲ့ လှပမှုတွေနဲ့ကျက်သရေရှိမှုတွေကို ပြန်ပြီတော့စိတ်ထဲမှာတွေးနေခဲ့မိတယ်။
” ၀မ်သုန့်ရော ဘယ်အချိန်ပြန်လာမှာလဲ ”
ဟို့ယွိဟောင်က ပေ့ပေ့ကိုမေးလိုက်ပါတယ်။ အကယ်၍ ၀မ်သုန့်သာရှိနေရင် ပိုပြီအဆင်ပြေမှာပါ။ ၀မ်ချိုးအယ်က ၀မ်သုန့်ရဲ့အမြွှာအစ်မဖြစ်နိုင်လောက်တယ်။ ဒါဆိုရင် သူ့အတွက်လဲအထောက်အပံ့ကောင်းရနိုင်ရလာပါလိမ့်မယ်။
ပေ့ပေ့ကတော့ ရှု့စန်းရှိီနဲ့ အကြည့်ချင်ဖလှယ်နေပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” သူလဲပွဲတော်အမီပြန်လာမှာပါ ပွဲတော်ကမနက်ဖြန်ညကျင်းပမှာလေ ”
” ငါတို့ရဲ့အစ်မကြီးက ငါကပင်လယ်နတ်ဘုရားကံကြမ္မာကိုအဓိကကျင်းပပေးရမဲ့ အစီအစဥ်တင်ဆက်သူတွေဖြစ်လာမှာ ဒီတော့မနက်ဖြန်ပွဲရက်ထဲမှာ စည်းမျဥ်းတွေကိုရှင်းပြပေးမယ် ”
” ဒီပွဲတော်က အတွင်းနယ်မြေကျောင်းသားတွေနဲ့ အားလုံးသက်ဆိုင်တာကြောင့် လူတိုင်းတစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းဆက်သွယ်ရနိုင်ဖို့အခွင့်အရေးပဲ ဆရာတွေလဲ ဧည့်တော်အဖြစ်တက်ရောက်ပြီ ဘေးကနေကြည့်ကြလိမ့်မယ်..ဒါပေမယ့် သူတို့တွေ၀င်စွက်ဖက်မှာမဟုတ်ဘူး…ဘာမှစိုးရိမ်မနေနဲ့ညီငယ်လေး ငါတို့တွေမင်းနဲ့ ဟယ့်ချိုက်ထို့လိုမျိုးအတွေ့အကြုံမရှိတဲ့သူတွေအတွက် သေချာစီစဥ်ပေးထားတယ် ”
” အချိန်ကြလာရင် အေးအေးဆေးဆေးဖြစ်သွားမှာပါ ဒါ့အပြင် ကိုယ်သဘောကျတဲ့လူနဲ့ အတူတူရှိဖို့ဆိုတာကမလွယ်ကူတာကိုမှတ်ထားလိုက် အတွင်းနယ်မြေထဲမှာအမျိုးသမီးအရေအတွက်က အတော်ကိုနည်းသေးတယ်…ဒါ့အပြင် အချိန်ကြလာရင် အစွမ်းအစတွေကိုလဲယှဥ်ပြိုင်ကြရဦးမယ်…ဒီတော့စိတ်ကိုသေချာပြင်ဆင်ထား ”
သူတို့တွေ ဒီလိုကြင်ဖက်တွေ့ဖို့အတွက်တောင် တိုက်ခိုက်ရဦးမှာလား။ ချက်ချင်းဆိုသလို ဟယ့်ချိုက်ထို့ဆီကိုအကြည့်ရောက်သွားပါတော့တယ်။ ဟယ့်ချိုက်ထို့ကတော့ အခုအချိန်အထိ စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေရဆဲပါ။ ဒါ့အပြင် အနည်းငယ်လဲ ကြောင်တိကြောင်တောင်ဖြစ်နေခဲ့ပါသေးတယ်။
” အစ်ကိုကြီး ကျွန်တော်ဒီပွဲမှာမပါလို့ရလား ”
ဟို့ယွိဟောင်က မေးလိုက်ပါတယ်။
ပေ့ပေ့ကတော့ ခပ်ပြတ်ပြတ်သာပြန်ဖြေတယ်။
” မရဘူး ပါကိုပါ၀င်ရမယ် မင်းက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့လူပဲလေ ဒါ့အပြင် အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ထဲကတစ်ယောက်လဲဖြစ်နေသေးတယ်…အကယ်၍ မင်းမပါ၀င်ဘူးဆိုရင် ငါတို့ရဲ့ဂုဏ်သတင်းကိုဖျက်စီးသွားသလိုဖြစ်သွားမှာပေါ့ ဒါ့အပြင် ဒီလိုအခွင့်အရေးက လူတိုင်းရတာမဟုတ်ဘူး ”
” နှစ်တိုင်းကျင်းပပေမဲ့ အကယ်၍ မင်းသာသဘောကျတဲ့သူကို ဒီနှစ်မှာအရမယူနိုင်ဘူးဆိုရင် လာမဲ့နှစ်မှာသူကတစ်ခြားတစ်ယောက်ရဲ့လူဖြစ်သွားလိမ့်မယ်…ဒီလိုအခွင့်အရေးကိုလုံး၀လက်လွှတ်ခံလို့မရဘူး…တစ်ခေါက်လက်လွှတ်ခံပြီရင် ကိုယ်လက်ထဲပြန်လာတော့မှာမဟုတ်ဘူး ”
ပေ့ပေ့ရဲ့ရိုးရှင်းပြီ တိုက်ရိုက်ကျတဲ့စကားတွေကို ဟို့ယွိဟောင် နားထောင်နေရင်းကနေ သူ့ဗိုက်ထဲမှာလိပ်ပြာတွေပျံနေလိုမျိုး လှုပ်ရှားလို့လာခဲ့ပါပြီ။ အခုတော့ ၀မ်သုန့် မြန်မြန်ပြန်လာပါစေလို့ စိတ်ထဲကနေမျှော်လင့်နေမိခဲ့တယ်။ ၀မ်သုန့်က ဒီလိုကိစ္စတွေမှာသူ့ထက်အများကြီးပိုပြီးအတွေ့အကြုံရှိတဲ့သူပါ ”
အပိုင်း ၂၁၀•၂ ပြီး၏။