Switch Mode

Chapter – 89

မိုးပြာရောင်သိမ်မွေ့သီး

Chapter – 89 မိုးပြာရောင်သိမ်မွေ့ သီး

ချန်ရှန် ဒီမျက်လုံးပြာ သစ်နက်ကို သူကြိုက်တယ့်အချိန် အမီလိုက်နိုင်ပါတယ် ။ ဒါပေမယ့် တမင်သက်သက်ကို ၎င်း နောက်အား မနှေးလွန်း မမြန်လွန်း သော နှုန်းဖြင့် လိုက် နေပါတယ် ။ သူ့ ရည်ရွယ်ချက်က ထင်ရှားပါတယ် ။ ၎င်းအကောင်နောက် ကို အဆုံးထိ လိုက်ပါချင်တာပါပဲ ။
ခြံဝန်း အတွင်းမှ လူများဟာ ချန်ရှန် ရည်၇ွယ်ချက်ကို ရိပ်မိကြပြီး နည်းနည်း စိတ်ထဲ မသက်မသာ ခံစား လိုက် မိ ကြရတယ် ။
ချန်ရှန် သစ်နက်နောက်ကို လိုက်နေတာ ယခု ၎င်းတို့ ကြီးမားသော သစ်ပင်ကြီးဘေးသို့ ရောက်ရှိနေပါပြီ ။ သားရဲ ကြီးဟာ အပင်ပေါ်တက်သွားတာကြောင့် ချန်ရှန် လည်း လိုက်သွားပါတော့တယ် ။
သစ်ပင်ပေါ်မှာတော့ အခေါင်းပေါက် လို ၀င်ပေါက် တစ် ခု ရှိနေပြီး ချန်ရှန် ပါ လိုက်ဝင်လိုက်ပါတယ် ။ သစ်နက်ကြီး စူးစူးဝါးဝါးကို အော်ဟစ်ကာနေပါတော့တယ် ။ ၎င်းပြေးစ ရာ မြေမရှိတော့ပဲ လမ်းပိတ်သွားခဲ့ပါပြီ ။
အထဲမှာတော့ မြက်ခြောက်ပုံ တစ်ပုံရှိပါတယ် ။ အဲဒိ အပေါ်မှာတော့ ကျောက်တုံးနဲ့ဆင်သော ဥအချို့ ထူးဆန်း သော မိုးပြာရောင်အငွေ့ များထွက်ကာနေကြတယ် ။ ချန် ရှန် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် –
“မိုးပြာရောင်သိမ်မွေ့ သီးတွေပဲ ၊ ၅ လုံးတောင်မှဟ ၊ ဒါ ဟာ အခြေခံ တည်ဆောက်ရေး ဆေး လုပ်ဖို့ အဓိက လို အပ်ချက်ပဲ”
မိုးပြာရောင်သိမ်မွေ့ သီးဟာ ဥအမျိုးအစားဝင် အသီး ဖြစ်ပါတယ် ။ အရမ်းကို ရှားပါးကာ ရှေးကျလှတဲ့ သစ်ပင် များ၏ အမြစ်များဟာ ဝိဉာဉ်တော် ချီဓာတ်များအား များ စွာ စုဆောင်းမိပြီးနောက် နေရာမှန် အချိန်မှန် ရောက်တဲ့ အခါမှာ ၎င်းအမြစ်များ အသီးတစ်ခုအဖြစ် ပြောင်းလဲသွား တာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဒီလို အခြေအနေမျိုး ရှိတဲ့ အပင်မျိုးဟာ အလွန်ကို ရှားပါးလှပါတယ် ။
ခဏကြာ မှင်သက်မိပြီး နောက်မှာတော့ ချန်ရှန် လျင် မြန်စွာပင် ၎င်းတို့အား ကောက်ယူကာ သူ၏ အိတ်ထဲ ထည့်လိုက်ပါတော့တယ် ။ ထို့နောက်ပြုံးကာ သစ်နက် အားကြည့်ပြီး –
“ကျေးဇူးပဲကွာ ၊ ငါမင်းအသက်ကို ဒါအတွက် ချမ်း သာပေးလိုက်ပါ့မယ်”
သစ်ပင်ပေါ်မှ ခုန်ဆင်းရင်း ချန်ရှန် တော်တော် စိတ်လှုပ်ရှားမိတယ် ။ ထို့နောက် လျင်မြန်စွာပင် တောထဲ မှ ထွက်ခွာလာတယ် ။ ဒီလို အသီးမျိုးရလိမ့်မယ်လို့ သူ မမျှော်လင့်ခဲပါဘူး ။ ဒါကိုပင် ခြံဝန်းထဲက လူများက ပိုမို အံ့အားသင့်ကာ နေပါတော့တယ် ။ ၎င်းတို့အားလုံးဟာ ကျွမ်းကျင်ပညာရှင်များဖြစ်သော်လည်း ဒီလို ချာတိတ်မှ စစ်မှန်သော သိုင်းပညာနယ်ပယ်ကိုတောင် မ၀င်သေးပဲ ကောင်းမွန်လှတဲ့အသီးမျိုးရသွားခြင်းကြောင့် မနာလိုပင် ဖြစ်နေမိကြပါတယ် ။
မနက်ခင်းရောက်လာတာနဲ့အမျှ နွေးထွေးလှတဲ့ နေ ရောင်ခြည်ဟာ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်တစ်ခုလုံး ကို နွေးထွေးသွားစေပါတော့တယ် ။ ယခုအချိန်မှာတော့ ချန်ရှန်ဟာ ဓားပြားတစ်လက်ကို ကိုင်ထားပြီး တောင်ပို့ တစ်ခုပေါ်မှာ ရပ်နေပါတယ် ။ သားရဲများကို စောင့်နေရင်း စိမ်းလန်းစိုပြည်လှတဲ့ မြက်တောကြီးကို ကြည့်နေတယ် ။
“ဒီမျိုးမစစ်လေးတော့ နေရောင်အောက်မှာ တောင် ရပ်နေသေးတယ် ။ သေဖို့စောင့်နေတာပဲ ၊ ဒါဟာ အဆင့် ၁၀ သံချပ်ကာကျွဲတွေ စားကျက်မြေပဲ”
ဆေးဆရာမကြီးမှ ခနဲ့တဲ့တဲ့ ပြောပါတယ် ။
“ဒီကောင်လေးက ခပ်ဆန်းဆန်း သိုင်းကွက်တွေ ရှိ တယ် ။ သူတကယ်ပဲ ဒီသားရဲကောင်တွေကို ခြောက်လှန့် နိုင်နေတယ် ။ ဒါဟာ နဂါးသိုင်းစွမ်းရည် အမျိုးအစားများ လား”
ဆရာကြီးဝု မသေချာသော မျက်နာဖြင့် ပြောနေတယ်။
ဒီအချိန်မှာ တောင်ပို့တစ်ခုပေါ်ရပ်နေတယ့် ချန်ရှန်တစ် ယောက် အကောင် ၂၀ လောက်ရှိမယ့် ကျွဲရိုင်းများ တော အုပ်ထဲမှ ပြေးလာနေတာကို မြင်လိုက်တယ် ။
အရှိန်အဟုန်ဖြင့် ပြေးလာနေပြီး တစ်ကောင်က အသံ နက်ကြီးဖြင့်အော်ကာ ၎င်းတို့၏ ကိုယ်တွင် ဥသဖယား အ ရောင် အကာကွယ်တစ်ခု ကာထားလျက်ရှိပါတယ် ။ ၎င်း အကာအကွယ်ဟာ တော်တော် ခိုင်ခန့်ပုံပါပဲ ။ တစ်ကောင် မှ အုပ်လိုက်ကြီးအား ဦးဆောင်လာကာ ၎င်း၏ ခေါင်းမှာ တော့ ချိုကောက်ကောက်ကြီး ၂ ခု ထွက်နေပါတယ် ။ ၎င်း ၏ ပုံစံမှာ ၎င်းတို့သွားရာ လမ်းတစ်လျှောက်ရှိ ပိတ်ပင်နေ တာ မှန်သမျှအား ဖယ်ရှားဖို့ အသင့်အနေအထားပါပဲ ။
အဆင့် ၁၀ ရှိတယ့် သားရဲကြီးတွေ အကောင် ၂၀ လောက် ပေါ်ထွက်လာပါပြီ ။ ဒါကိုသာ သာမန်သိုင်းပညာ ရှင် တစ်ယောက် မြင်ပါက ရှောင်ကွင်းသွားမှာ အသေအ ချာပါပဲ ။ ဒါပေမယ့် ယခုက သာမန်မဟုတ်တဲ့ ချန်ရှန်ပါ ။ ဓားကို ထုတ်ကာ အုပ်စုလိုက်ကြီးဆီသို့ ပြေးဝင်သွားပါ တော့တယ် ။
“အရူးပဲဟ ၊ သေချင်နေတာလားမသိဘူး”
ဆရာကြီးဝု အံ့အားသင့်စွာ ပြောလိုက်တယ် ။ သူချန် ရှန် ၏ စွမ်းအားအခြေအနေကို တချို့ တ၀က်လောက် နား လည်သော်လည်း ဒီလို ကျွဲကြီးများအားလုံးကို ရင်ဆိုင် နိုင်လိမ့်မယ်လို့ မတွေးခဲ့မိဘူး ။
လူတစ်ယောက် ၎င်းတို့ဆီ ပြေးလာနေတာကို ကြည့် ရင်း ကျွဲကြီးများဟာ အော်ဟစ်လာပါတယ် ။ ခေါင်းဆောင် ကျွဲကြီးမှ အုပ်စုထဲမှ ခွဲထွက်လာပြီး ဒေါသသံကြီးဖြင့် အော် နေပါတော့တယ် ။ သန်မာကြီးမားလှတဲ့ ခွာကြီးများ ဖြင့် မြက်များကို နင်းခြေကာ ခြေလှမ်းတိုင်းမှာ မြက်များ ဟာ လေပေါ် လွင့်ထွက်နေပါတယ် ။ အသံကြီးမြည်ဟည်း ကာ ချန်ရှန်ဆီ ပြေးဝင်လာနေပါပြီ ။ လေပြင်းများဟာ လည်း တိုက်ခတ်နေလျက် . . .
ကြီးမားလှတဲ့ ချိုကြီးတွေဖြင့် ချန်ရှန်အား ချိန်ရွယ်ကာ လာနေပုံမှာ လှံရှည်ကြီးများ နဲ့ ပစ်လိုက်သလိုပါပဲ ။
ကျွဲကြီး မရောက်ခင်မှာပဲ ချန်ရှန်ဟာ ခြေတလှမ်း ဘေး သို့လှမ်းကာ တချိန်တည်းမှာပင် ဓားကိုဝှေ့ ယမ်းကာဖြင့် သူ၏ ချီဓာတ်များအား ဓားအတွင်း ထည့်လိုက်ပါတယ် ။ ချီငွေ့ များဖြင့်ဓားဟာ ပိုမိုပင် ချွန်မြနေပါတော့တယ် ။
“ချွလွမ်”
ဓားများကြီးဟာ ကျွဲကြီးလည်ပင်းအား ပိုင်းချလိုက်တဲ့ အခါ မီးများပွင့်သွားကာ ချန်ရှန်၏ ဓားမှာ အပိုင်းပိုင်း ကျိုး သွားပါလေတယ် ။ ကျွဲရဲ့ လည်ပင်းမှာ အရာပင်မထင်ပဲ သူ ၏ လက်နက်ကိုသာ ဖျက်ဆီးမိသွားပါတော့တယ် ။
ဒီအချိန်မှာ ချန်ရှန် ဒီလို သာမန် လက်နက်မျိုးဖြင့် အဆင့် ၁၀ သားရဲကောင်ကြီးအား ရင်မဆိုင်နိုင်ဖူးဆိုတာ သိသွားပါတယ် ။ ချီဓာတ်များ ထည့်ကာ ခုတ်တာတောင် ကျွဲကြီး၏ အကာကွယ်အား လှုပ်ရမ်းစေတာက လွဲပြီး ဘာမှ မဖြစ်လာပါချေ ။
ချန်ရှန်၏ တိုက်ခိုက်မှုဟာ ကျွဲကြီးအား မည်သို့မျှ မဖြစ် စေတဲ့အတွက် ဒီကျွဲကြီး၏ အကာအကွယ်ဟာ မည်မျှ ထူ ထပ်တယ်ဆိုတာ တွေ့ နိုင်ပါတယ် ။
“ဒီကောင်လေးက တော်တော် မ၇င့်ကျက်သေးတာပဲ အနှေးနဲ့အမြန် သူဒဏ်ရာရတော့မှာ”
ဆေးဆရာမကြီး လှောင်နေတယ် ။ သူမနဲ့ ဆရာကြီးဝု တို့ ဟာ ကျွဲအုပ်ကြီး ချန်ရှန်ဆီ ပြေးလာနေတာကို ကြည့် နေကြပါတော့တယ် ။
ချန်ရှန် သူ၏ ဓားအကျိုးအား လွှင့်ပစ်လိုက်ပြီး ပုံစံမှာ စိတ်တိုသွားသလိုပါပဲ ။ လက်သီးများကို ဆုပ်ကာ သူ၏ကိုယ်မှ မမြင်နိုင်သော ချီဓာတ်များအား လည်ပတ်စေ လိုက်တယ် ။ နတ်သားရဲငါးကောင်ပုံ ချီဓာတ်များဟာ တစ်နေရာထဲတွင် စုဆုံကာ အရောင်မရှိ မမြင်နိုင်သော အနှိုင်းမဲ့ စကြာဝဠာ အတွင်းအားကို ပြောင်းလဲစေလိုက် ပါ တော့တယ် ။
ဒါဟာ ချန်ရှန်၏ အားအစစ်အမှန်ပါပဲ ။ ဆက်တိုက်ကို ချီဒြပ်စင်များကို အသုံးပြုနေပါတယ် ။
“နဂါးငွေ့ လက်သီး”
ချန်ရှန် သူ၏ လက်မှာ ရစ်ပတ်နေတဲ့ အနှို င်း မဲ့ စ ကြာဝဠာ ချီဓာတ်များကို နဂါးငွေ့ အဖြစ် ပြောင်းလဲလိုက် တယ် ။ ချက်ချင်းပင် ရွှေရောင်များထွက်လာပြီး ကြောက်စ ရာ အားအဟုန်ဖြင့် မုန်တိုင်းများလို လက်သီးများ ထိုး လိုက်ပါတယ် ။
အလွန်ကို ကြမ်းတမ်းပြင်းထန်လှတယ့် အဖြစ်အပျက် ကို ကြည့်ရင်း ကျွဲကြီးဟာ ရုတ်တရက် လန့်သွားပါတယ် ။ ချန်ရှန် ရက်စက်ပြင်းထန်လှတဲ့ လက်သီးချက်ကို ကျွဲကြီး ဆီသို့ ပစ်လွှတ်လိုက်တယ် ။ မျက်စိတမှိတ်အတွင်းမှာပင် ဒါဇင်ပေါင်းများစွာသော လက်သီးများဟာ ထွက်သွားပြီး ရွှေရောင်များဟာလည်း လင်းလက်လို့ နေပါတယ် ။ လက် သီးချက်များဟာ ကျွဲကြီး၏ ခေါင်းကို ထိမှန်ပြီးနောက် သွေးများ ထွက်လာပါတော့တယ် ။ ချန်ရှန်၏ လက်သီးမှ ချီအငွေ့ များဟာ ကျွဲကြီး၏ ခေါင်းမှတဆင့် တစ်ကိုယ်လုံး သို့ ပြန့်သွားကာ အတွင်းပိုင်းများကိုပါ ပျက်ဆီးစေပါတယ် ။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ အချက် ၂၀၀ မက သော နဂါးငွေ့ လက်သီးများဟာ ကျွဲကြီးကို ထိသွားခြင်းပါ။ ထို့နောက်မှာတော့ ကျယ်လောင်သော အသံကြီးနဲ့အတူ ကျွဲကြီးလည်း လဲကျသွားပါလေတော့တယ် ။
ချန်ရှန်ဟာ အဆင့် ၉ ရောက်လာပြီးတဲ့နောက်မှာ သူ၏ ချီဓာတ်များဟာ ပိုမိုပြင်းထန်အားကောင်းလာပါ တယ် ။ ဒီလို အနှိုင်းမဲ့ လက်သီးများ ဆက်တိုက်ထိုးနေရင် တောင် သူ၏ ချီဓာတ်များ ကုန်ခမ်းသွားမှာ စိုးရိမ်စရာမလို တော့ပါဘူး ။
ကျန်ခဲ့တဲ့ အကောင် ၂၀ ၀န်းကျင် ကျွဲများဟာ လည်း ဒီလို ကြမ်းတမ်းပြင်းထန်လှတဲ့ အဖြစ်အပျက်ကြောင့် ထွက်ပြေးကြပါလေတော့တယ် ။ အသံနက်ကြီးများ ဖြင့် ကြောက်လန့်တခြား လွတ်ရာလွတ်ကြောင်းကို ပြေးနေ ကြ ခြင်း ဖြစ်ပါတယ် ။
ချန်ရှန် တစ်ချက်ခုန်ကာ ကောင်းကင်ပေါ်တက်လိုက် ပုံမှာ မြားတစ်စင်းလွှတ်လိုက်သလိုကို ကျွဲအုပ်ကြီးပေါ် ပျံသန်းလျက် မကြာခင်မှာပဲ ကြီးမားလှသော ပုံဆောင် ခဲ ကြီး တစ်ခု ပြုလုပ်လိုက်ပါတယ် ။
ဒီတိုက်ခိုက်မှုဟာ မိုးပြာနဲ့ အနီရောင်အငွေ့ များ ရော ကာ ဒါဟာ မိုးပြာနဂါး နှင့် အနီရင့်ငှက်တို့၏ ချီဓာတ်များ ကို အပြည့်အ၀ အသုံးချကာ ချီငွေ့ တစ်ခုအဖြစ် ဖန်တီးလိုက် ခြင်းပါ ။ ထို့နောက် သူ၏ နတ်အတွင်းအား အာရုံများကို စု စည်းကာ ၎င်းချီငွေ့ များအား ပုံဆောင်ခဲတွင် စုဆုံစေလျက် ကြောက်မက်ဖွယ် ပုံဆောင်ခဲကြီးအဖြစ် ပြောင်းလဲလိုက်ပါတော့တယ် ။
ဒီကြီးမားလှတယ့် ပုံဆောင်ခဲကြီးအား အကောင် ၂၀ ၀န်းကျင်ရှိ ကျွဲအုပ်ကြီးပေါ်သို့ ပြိုကျ စေလိုက်ပါတယ် ။
ဗုံးများ ပေါက်ကွဲသလိုပင် ကြီးမားလှသော အသံကြီး မြည်ဟည်းကာ မြေကြီးတစ်ခုလုံးပင် တုန်လှုပ်သွားပါ တယ် ။ ပုံဆောင်ခဲအရာကြီးမှာ မြေပြင်တွင် အရာထင်ပြီး ကျန်နေပါတော့တယ် ။
ချန်ရှန် ပျံသန်းရာမှ ဆင်းလာပြီး လမ်းလျှောက်လာ ပါ တယ် ။ မျက်စိတမှိတ်အတွင်းမှာပင် အကောင် ၂၀ လောက်ရှိသော ကျွဲအုပ်ကြီးမှာ ကြီးမားသော အသားတုံး များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါပြီ ။ မြေကြီးပေါ်မှ ချိုင့် ကြီး များမှာလည်း သွေးများ အသားစများ ဖြင့် ပြည့်ကာ အလွန် သွေးပျက်ဖွယ် မြင်ကွင်းပါပဲ ။
ဆရာကြီးဝု မျက်လုံးများ ပြူးကျယ်ကာဖြင့် အံအား သင့်နေပြီး ဆွံ့အလျက်ရှိနေတယ် ။ ထို့နောက်မှာတော့ –
“ပုံမှန်မဟုတ်တဲ့ လူထူးဆန်းပဲ”
သူ့လိုပင် အားလုံးဟာ ခံစားနေကြရတယ် ။ ချန်ရှန် ၏ အားကို အားလုံးဟာ အံ့အားသင့်လျက် သူတို့စိတ်ထဲမှာ တော့ အတွင်းစည်းခြံဝန်းမှ နောက်လိုက်တပည့်များပင် ဒီ လို မလုပ်နိုင်လောက်ဘူးဟု တွေးနေမိပါတယ် ။ တချို့ သော တပည့်များသာ လုပ်နိုင်မယ့် အရာပါပဲ ။ ဒါ တောင်မှ ၎င်းတို့ဟာ အတွင်းစည်းမှာ နှစ်ပေါင်းများစွာ စွမ်း ရည်ကောင်းများ သင်ကြားရင်း ချီဓာတ်များကို စုဆောင်းခဲ့ ရတာပါ ။
ကျွဲများ၏ ရုပ်အလောင်းများကို စုဆောင်းရင်း ချန်ရှန် ပြန်လှည့်ချင်နေပါပြီ ။ သူအတွင်းစည်းကို အမြန်ပြန်ရောက် ချင်နေပြီပဲ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset