Switch Mode

Chapter – 88

ရတနာမုဆိုး

Chapter – 88 ရတနာမုဆိုး

ချန်ရှန် လျှောက်နေတယ့် လမ်းဟာ မူလက အုတ်များ ခင်း ထားသော်လည်း ယခုတော့ ရုတ်တရက် ပေရေ ညစ်ပတ် သွားတယ် ။ ချန်ရှန် ရုတ်တရက် သားရဲမိစ္ဆာတို့ ကျက်စား ရာသို့ ရောက်လာလေပြီဟု တွေးမိလိုက်တယ် ။
သူ ကိုင်းတောလယ်ကွင်းကြီးမှ ထွက်လာပြီး မြက်ပင် များ ရှိသော နေရာသို့ ရောက်ရှိတဲ့အခါ ရုတ်တရက် သတိ ပြုမိလိုက်တယ် ။
“ဒါ လူသား တွေ ဖြစ်မယ် ။ သားရဲတွေက ဒီလို အသက်မရှူဘူး”
ချန်ရှန် သူ့စိတ်ထဲ လူအချို့ မြက်တောထူထူထဲ ပုန်း အောင်းနေတယ်လို့ ခံစားမိနေတယ် ။
ချန်ရှန် ကိုယ် နည်းနည်း လှုပ်သွားတယ် ။ ချီဓာတ် လှိုင်းများ ထုတ်ကာ သူ့ပတ်လည်က မြက်ပင်များကို ခွဲချ လိုက်ပါတယ် ။ ဂိုဏ်းဝတ်စုံဝတ် လူလေးယောက်ပေါ်လာ ကာ တုတ်ကိုယ်စီ ကိုင်ထားကြတာကို မြင်လိုက်ရတယ် ။
“မင်းတို့ ဘာလုပ်ချင်လို့လဲ”
ချန်ရှန် အော်မေးလိုက်တယ် ။ ဒီလူငယ်တွေဆီမှ မီး ချီ ဓာတ်မျိုး ထုတ်လွှတ်နေတာကိုလည်း သူအာရုံခံစားမိနေ တယ် ။ ဒီလူတွေဟာ မီးစွမ်းရည်များ ရှိပြီး ၎င်းတို့ရဲ့ ကိုယ် နံ့ဟာ ဆေးပင်နံ့လို ရနေရပါတယ် ။ ဆေးပင်များ ဆေးများ နဲ့ နှစ်များစွာ ကျင်လည်ခဲ့သူများမှာ ဒီ လိ်ု အနံ့ မျိုး ရှိတတ် ပါတယ် ။
လေးယောက်လုံးဟာ အဆင့် ၁၀ များဖြစ်ပြီး တစ်ချိန် တည်းမှာပင် ချန်ရှန်အား ဝိုင်းလိုက်ကြပါတော့တယ် ။
“မင်း က ချန်ရှန် လား”
သိမ်မွေ့ ဟန်ရှိသော လူတစ်ယောက်က မေးပါတယ် ။
“ဟုတ်တယ်”
ချန်ရှန် ပြောလိုက်တယ် ။ ဒီချိန်မှာ လူလေးယောက်ရဲ့ တုတ်များဟာ သူ့ဆီသို့ တချိန်တည်း ကျလာပါတယ် ။
ချန်ရှန် ချက်ချင်းပဲ ချီငွေ့ အကာအကွယ် ထုတ်ကာ ကျ လာတဲ့ တုတ်လေးချောင်းရန်မှ ကာကွယ်လိုက်ပါတယ် ။ ထို့နောက် ခနဲ့တဲ့တဲ့ ဖြင့် –
“မင်းတို့က ဆေးပညာခြံဝန်းကလူတွေ ဟုတ်တယ်မ လား”
ချန်ရှန်ရဲ့ စကားကြောင့် လူလေးယောက် နည်းနည်း တွန့်သွားတယ် ။ ဒါပေမယ့် ဘာမှ ဆက်မပြောပဲ ချန်ရှန် ကို သာ ဆက်တိုက်ခိုက်ကြပါတယ် ။ ဒီလူလေးယောက်ဟာ အတွင်းစည်းတပည့်များလို့ ချန်ရှန် ကောက်ချက်ချမိတယ် ၊ ဒါတင်မက ဆေးပညာခြံဝန်းကပဲ ဖြစ်ပါလိမ့်မယ် ။ သူတို့ ရဲ့ စွမ်းအားဟာ သိပ်တော့ မဆိုးလှပါဘူး ။
အမည်းရောင် သံတုတ်ဟာ အနီအရောင် အဖြစ် ပြောင်းသွားကာ မီးတောက်များထွက်ပေါ်လာပြီး ပူသော ချီငွေ့ များကို ထုတ်လွှတ်ကြပါတော့တယ် ။ တစ်ယောက် က ထိုးတယ် ၊ တစ်ယောက်က ပိုင်းတယ် ။ နောက်လူတွေ က ပင့်ကော်ကာ ဖြင့် ချန်ရှန်အား တိုက်ခိုက်ကြပါတယ် ။
လူလေးယောက် အား နဲ့ ချန်ရှန်ရဲ့ အား ဟာ အတူတူ လောက်ပါပဲ ။ ကြောက်စရာ စွမ်းအားတွေ ထုတ်လွှတ်နေ တာကို ချန်ရှန် ခံစားနေရတယ် ။ အပြင်စည်း နဲ့ အတွင်း စည်း တို့ ကွာခြားမှုအား ချန်ရှန် ယခု နားလည်မိပါပြီ ။
ဒီလို လက်ရည်တူများ၏ ၀န်းရံတိုက်ခိုက်မှုကို ချန်ရှန် ပထမဆုံး ကြုံဖူးခြင်းပါ ။ ဒါပေမယ့်လည်း သူ မတုန်လှုပ်ပါ ဘူး ။ သူ့မျက်ခုံးများမြင့်တက်ကာ အဆုံးမရှိတဲ့ အမဲလိုက် ခြင်းနဲ့ ဆိုင်သော ချီငွေ့ များ ကို ထုတ်လွှတ်ပြီး လူလေး ယောက်တို့၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားတဲ့အခါ ၎င်းတို့ ရုတ်တရက် မမျှော်လင့်ပဲ အံ့အားသင့်သွားကြပါ တော့ တယ် ။
ထပ်ပြီး အံ့သြစရာကတော့ ချန်ရှန်ဟာ စက်ဝိုင်းပုံ ခြေ ကန်ချက်အား ပြုလုပ်လိုက်တာဖြစ်ပြီး သူ၏ ခြေထောက် တွင် မိုးပြာနဂါးနှင့် အနီရင့် ငှက်တို့ ၏ ချီဓာတ်များ စုဆုံစေ ကာ ကန်လိုက်တာပဲ ဖြစ်ပါတယ် ။ မီး နဲ့ လျှပ်စီး စွမ်းအင် များကြောင့် ၎င်းတို့လက်ထဲ ကိုင်ထားသော တုတ် များဟာ လွင့်ထွက် သွားကြပါတော့တယ် ။
“ဆေးဆရာမ လွှတ်လိုက်တယ်ပေါ့ ၊ သူမကို ပြော လိုက် ၊ ဒီလိုနောက်တစ်ခါ လွှတ်ရင် ငါ့ မယဉ်ကျေးမှုအ တွက် အပစ်မမြင်ပါနဲ့လို့ ၊ ငါ့ရဲ့ စစ်ဆေးမှုမှာ နှောက်ယှက် တဲ့ လူ မှန် သမျှ ငါ အကုန်ဖျက်ဆီးမှာပဲ”
ချန်ရှန် ဟာ ကြုံးဝါးကာ သူ၏နောက်ကျောမှ မီးတွေ တောက်လာတယ် ။ မီးတောင်ပံ ၁ စုံဟာ မျက်စိတမှိတ် အတွင်း ကျောမှ ပေါ်လာပါတော့တယ် ။
ချန်ရှန် အနီရင့်ရောင် ငှက် မီးတောင်ပံကို ထုတ်လိုက် တာ ဖြစ်ပြီး ထိုလေးယောက် ဝိုင်းထားခြင်းမှ ထွက်လိုက် တယ် ။ ဒီလိုမလုပ်ဘူး ဆိုပါက ဒီလေးယောက် ဝိုင်းထား တာကို လွတ်မြောက်ရန် သူ့အတွက် တော်တော် ခက်ခဲ ပါ တယ် ။ အနည်းဆုံးတော့ သူ့အချိန်တွေ ခွန်အားတွေ ကုန် မှာပါ ။
ခြံဝန်းတစ်ခုထဲမှာတော့ ဆရာကြီး ဝု ဟာ သက်ပြင်း ချ ပြီး –
“ဆရာမ ၊ မင်း အရှုံးပေးသင့်တယ် ။ ဒီကောင်လေးရဲ့ အမဲလိုက်ခြင်း ချီဓာတ်က တော်တော် ကောင်းတယ် ။ သူ စိတ်တိုသွားရင် တကယ် သတ်လိမ့်မယ်”
မီးတောက်တွေဟာ ဆေးဆရာမ တပည့်များမှာ တ ဖိတ် ဖိတ် တောက်နေပါတယ် ။ ချန်ရှန် လေပေါ်ပျံနေတာ ကို သလင်းကျောက်တုံး မှ ကြည့်ရင်း သူမ လက်သီးများ ဆုပ်ကာဖြင့် ခပ်ငေါ့ငေါ့ ကြည့်နေတယ် ။
ချန်ရှန် ၏ ထူးကဲကောင်းမွန်လှပြီး မျက်စိကျိန်းစရာ အနီရင့်ငှက်၏ တောင်ပံတွေကို ကြည့်ရင်း မနာလိုမှုများ ပင် ဖြစ်ကြရပါတယ် ။ လူကြီးတစ်ယောက်က သက်ပြင်းချ ပြီး –
“ဒီချီဓာတ်တောင်ပံတွေက ငါ့ထက်တောင် ကောင်းနေ ပါရောလား ၊ တောင်ပံတွေကို ကြည့်စမ်း ၊ တကယ့်အစစ် တွေ အလားပဲ ၊ ဒီအတောင်ပံ တွေသာ သူ့ရဲ့ အသွေး အသားထဲမှာ ကြီးထွားလာမယ်ဆို ၊ နောက်ဆုံး ဘယ်လို စွမ်းရည်မျိုးတောင် ဖြစ်သွားမလဲပဲ”
“ဟုတ်ပ ၊ သူ့အမြန်နှုန်းက တော်တော် မြန်လွန်းတယ်၊ သူသာဒီထက် စွမ်းအားကြီးလာရင် သူပျံသန်းမယ့် နှုန်းက ပိုပြီး မြန်လာဦးမှာ”
နောက် လူကြီး တစ်ယောက်မှလည်း တောင်ပံများကို အနီးကပ် ကြည့်ကာ ပြောလိုက်ပါတယ် ။
ချန်ရှန် လူလေးယောက်၏ မြင်ကွင်းရှေ့ မှ အဝေးကို ပျံသွားပါတယ် ။ တကယ်တော့ သူ့ကို စောင့်ကြည့်နေတာ ကို သိလို့တော့ မဟုတ်ပေ ။
“ချန်ရှန် ၊ မင်း ပညာကုန် ထုတ်မနေနဲ့ ၊ ဒီနေရာက ဒီဂိုဏ်းက အဘ်ိုးကြီးတွေရဲ့ နေရာ ၊ သူတို့ မင်းဘာလုပ် တယ် ဆိုတာ အကုန်သိတယ်နော်”
ဘိုင်ယုယု သူ့ကို သတိပေးပါတယ် ။
ချန်ရှန် ဒီစကား ကြားတဲ့အခါ ပါးစပ်အဟောင်းသား ဖြစ်သွားတယ် ။ မြင်နေရသော သစ်ပင်တစ်ပင်ဆီသို့ ဆင်း သက်ကာ သူ၏ ခါးပတ်ကို ဖွင့်လိုက်ကာ အပေါ့သွားပါ တော့တယ် ။
“တစ်နေ့တော့ ဒီကောင်လေး ကံကောင်းနိုင်မှာ မဟုတ်ပါဘူး”
ဆရာမကြီး အံကြိတ်ကာ ပြောလိုက်တယ် ။ ထို့နောက် ခေါင်းခါရမ်းကာ ထွက်သွားပါတော့တယ် ။
ချန်ရှန် ဘောင်းဘီ ဆွဲတင်နေရင်း အသံခပ်တိုးတိုး တစ်ခု ကြားလိုက်တယ် ။ ဒါဟာ တစ်ယောက်ယောက် သစ်ရွက်များ နင်းလာသောကြောင့် အသံခပ်တိုးတိုး ထွက် နေသံပါ ။
“တော်တယ် ကောင်လေး ၊ မနီးမဝေးက အရိပ်မည်း ကြီးတော့ လာပြီနော်”
ချန်ရှန် အာရုံစိုက်ပြီး နားထောင်လိုက်တယ် ။ ဒီလို သားရဲမိစ္ဆာနယ်မြေထဲ ဒီလိုမြန်မြန် ရောက်လာလိမ့်မယ်လို့ သူမထင်မိလေဘူး ။
“ချန်ရှန် ၊ ဒီလျို့ ဝှက်ဆန်းကြယ် နယ်ပယ်မှာ ရတနာ တွေ ရှိတယ် ။ မဆိုးလှတာ တစ်ခုက မင်းတွေ့ တဲ့အရာက မင်းအရာပဲ ၊ သူသာမန်အဖို့တော့ ဒီကောင်တွေကို မယှဉ် နိ်ုင်ဘူး ၊ ၎င်းတို့ဟာ လျို့ ဝှက်ဆန်းကြယ်လှတဲ့ ဝိဉာဉ် တော် အာရုံတွေနဲ့ မွေးဖွားလာကြတာ ဖြစ်ပြီး အရမ်းရှားပြီး ထူးခြားဆန်းပြားလှတဲ့ ရတနာတွေ တွေ့ နိုင်တယ် ။ မင်း ဒီ ကောင်တွေကို နိုင်ရင် မင်းအတွက် ကောင်းတဲ့အရာတွေ ရှာ တွေ့ နိုင်မှာပဲ”
စုမေးယို က ပြောပါတယ် ။
ချန်ရှန် လည်း စိတ်လှုပ်၇ှားစွာ ဖြင့် –
“ကျွန်တော် နားလည်ပြီ ။ ဒီကောင်တွေကို ဆရာကြီး တွေက တမင်သက်သက် ထည့်ထားတာပဲ ။ ရှားပါးပြီး ထူး ခြားဆန်းပြားတဲ့ ရတနာတွေ ရှာဖို့ပဲ နေမှာ”
အဆင့် ၁၀ သားရဲမိစ္ဆာများဟာ လူသား အဆင့် ၁၀ ပညာရှင်များနဲ ညီမျှပါတယ် ။ ဒါပေမယ့် ဒီကောင်ကြီးတွေ ရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံနဲ့ မွေးရာပါ စွမ်းအားများကြောင့် အဆင့် ၁၀ သားရဲများဟာ သာမန် အဆင့် ၁၀ လူများထက် များစွာ စွမ်းအားကြီးပါတယ် ။
“ဒီက ကောင်တွေက သာမန် ကောင်တွေပါ ။ ဒါကြောင့် မင်း နတ်နဂါးသိုင်းစွမ်းရည် သို့မဟုတ် နတ်အ တွင်းအားသင်္ကေတ လေးခုကို သုံးရင် လွယ်လွယ်လေး အနိုင်ရ လိမ့်မယ် ။ ဒီစွမ်းရည်က ဒီကောင်တွေရဲ့ အသက် ရှူတာကို အခက်တွေ့ စေလိမ့်မယ် ။ ဒါပေမယ့် စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်က သားရဲတွေ အတွက်တော့ ဒါက အသုံးမ၀င်ပေဘူး”
ဘိုင်ယုယု က ပြောပြပါတယ် ။
ချန်ရှန် ဒီ နတ်အတွင်းအားသင်္ကေတ လေး ခု က ဒီလို အကျိုးကျေးဇူး ရှိလိမ့်မယ်လို့ မသိခဲ့ဘူး ။
သူလဲ ခုနက သူ အသံကြားရာဆီသို့ တဟုန်ထိုး စပြေးပါလေတော့တယ် ။
သူလျင်မြန်စွာ ပြေးနေတယ် ။ ဒီလိုပြေးနေတုန်းပဲ ခုန က သားရဲ ကို အာရုံခံမိသောကြောင့် ပိုမို လျင်မြန်စွာပင် ပြေးပါလေတော့တယ် ။
သိပ်မကြာခင်ပဲ သားရဲကြီးနဲ့ ထိပ်တိုက်တွေ့ ပါတယ် ။ ၎င်းတို့ ဟာ လျင်မြန်စွာ ပြေးလာသောကြောင့် အရှိန်အ ဟုန်ပြင်းစွာ ၀င်တိုက်မိကြပြီး ဒီလို တိုက်မိတယ့် အချိန်မှာ ချန်ရှန်ဟာ လက်သီးတစ်ချက်အား သားရဲကြီး၏ ကိ်ုယ်ကို ထိုးလိုက်ပါတော့တယ် ။
ဒီသားရဲကြီးဟာ အမည်းရောင်အကာကွယ်တစ်ခု ကာရံထားတာဖြစ်ပြီး တကယ်တော့ ဒီအကောင်ဟာ အပြာ ရောင်မျက်လုံးရှိတဲ့ သစ်နက်ကြီး ဖြစ်ပါတယ် ။ ၎င်း ဟာ အလွန်ကြီးမားလှပြီး အရမ်းအာရုံခံကောင်းတဲ့ သားရဲ မိစ္ဆာကြီး ဖြစ်ပါတယ် ။
“အဆင့် ၁၀ သားရဲကြီး ၊ ငါ့လက်သီးက မင်းကို ထိ တယ် ။ ဒါတောင် ဘာမှ ထိခိုက်ခြင်းမရှိပါလား”
ချန်ရှန် ဒီမျက်လုံးပြာ သစ်နက်ကြီး လျင်မြန်စွာ သူ့ဆီ ပြေးဝင်လာတာကို တွေ့ လိုက်သောကြောင့် အံ့အားသင့် နေ တယ် ။
ချန်ရှန် ကိုယ်လုံး လှုပ်သွားကာ ရွှေရောင်အလင်းတစ် ခု ထွက်လာပြီး နောက် ၎င်းကိုယ်ထဲ ရှိ အဖြူရောင်ကျား ချီ ဓာတ်ဟာ နဂါး အငွေ့ အဖြစ် ပြောင်းသွားကာ နတ်နဂါး သိုင်းစွမ်းရည်ကို ပြုလုပ်လိုက်ပါတယ် ။
ဒါဟာ မပြည့်စုံသော်လည်း ချန်ရှန်၏ ကိုယ်အား နဂါး တစ်ကောင်၏ ခပ်ဖျော့ဖျော့ အားတစ်ခု ထုတ်လွှတ်စေ လိုက်တယ် ။ ၎င်းဟာ အမဲလိုက်ခြင်း ချီဓာတ်များ အပြည့်ဖြင့် ပိုမို ကြောက်မက်ဖွယ် ကောင်းသွားပြီ ဖြစ်ပါ တော့တယ် ။
ဘိုင်ယုယု မှ ယခင်က ပြောသွားသလို ဒီ ကောင်ကြီး တွေဟာ ဒီစွမ်းရည်ကို ကြောက်သောကြောင့်ပါ ။ ထို့ နောက်မှာတော့ သားရဲကြီးဟာ မူမမှန်တော့ပဲ ၎င်း၏ အမြန်နှုန်းမှာလည်း ကျဆင်းလာပါတော့တယ် ။
ချန်ရှန် လက်သီးတစ်ချက် သစ်နက်ကြီး ဆီသို့ ပစ်သွင်းကာ ခေါင်းအားထိမှန် သွားပါတယ် ။ စူးစူးဝါးဝါး အော်မြည်လျက် မြေပေါ် လဲကျသွားတယ် ။ ဒါပေမယ့်လဲ ပြန်ထလာကာ ခိုင်ခိုင်မာမာကို ရပ်နေပါတယ် ။
“ကောင်းတယ် ကောင်လေး ၊ မင်း မရှုံးသေးဘူး”
ချန်ရှန် တုန်နေတဲ့ သစ်နက်ကောင်ကြီးကို ခပ်ချေချေ ကြည့်နေပါတယ် ။
သစ်နက်ကြီးဟာ အသံကျယ်ကြီး ပြုလျက် မမျှော်လင့် ပဲ လှည့်ကာ ထွက်ပြေးသွားပါတော့တယ် ။
“ဒီကောင် ငါ့ကို ကြောက်သား”
ချန်ရှန် ရယ်မောကာဖြင့် သစ်နက်ကြီးနောက်သို့ ၎င်း ထက်ပင် လျင်မြန်သော အရှိန်ဖြင့် ပြေးလိုက်ပါတယ် ။ သူ၏ ကိုယ်မှ အမဲလိုက်ခြင်း ချီဓာတ်မှ ဖြစ်ပေါ်လာသော နဂါးချီငွေ့ များ ထွက်ကာနေပါတော့တယ် ။
ခြံဝန်းအတွင်းမှ လူများဟာ ဒါကို ကြည့်ပြီး ကြောင်နေ ကြတယ် ။ ကြောက်မက်ဖွယ် သားရဲကြီးဟာ လူသားတစ် ယောက်ကို တကယ်ပင် ကြောက်ရွ့ံနေပါတယ် ။ ကြွက် က ကြောင်ကို မြင်ပြီး ပြေးနေသလိုပါပဲ ။ လူကြီးတချို့ ရဲ့ စိတ် ထဲမှာလည်း ဆိုးရွားတဲ့ ခံစားချက်တစ်ခု ရုတ်တရက် ပေါ် လာပါလေတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset