အပိုင်း ၂၀၉•၃
” ၀မ်ချိုးအယ် ”
°°°
” အခုအချိန်မှာ ငါတို့ရဲ့ကျူးကော်နတ်လေးမြားက အရမ်းအသုံးမ၀င်သေးပေမဲ့ အချိန်ကြာလာရင်အများကြီးအသုံး၀င်လာလိမ့်မယ် ”
ရှူ့စန်းရှိီက ထပ်ပြီ၀င်ပြောလာခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ကလဲ ရယ်မောရင်းပြောလာခဲ့တယ်။
” ဟုတ်တယ် ကျူးကော်နတ်လေးမြားက အခုထန်မျိုးနွယ်ရဲ့တည်ဆောက်ပုံကိုအဓိကသုံးထားတာကြောင့် ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ နည်းပါးတယ်…ဒါ့အပြင် ညီငယ်လေးကိုယ်တိုင်းတည်ဆောက်ထားတဲ့ပုံစံက အဆင့်ငါးရွေ့လျားအမြောက်နဲ့လဲ အတော်လေးကိုတူညီနေသေးတယ်..သာမန်လူတွေအတွက် အစောကထဲက ၀ိညာဥ်လက်နက်ထဲမှာ အင်အားဖြည့်ထားခဲ့မယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိ သုံးထားရနိုင်တယ်…ဒါကတခြားဘာ၀ိညာဥ်လက်နက်မှမရှိထားတဲ့အစွမ်းအစပဲ ဒါ့အပြင် ဒီအမြောက်တွေက လုံလုံလောက်လောက်သာတတ်ဆင်ထားလို့ကတော့ သေချာပေါက် တအားကိုကြောက်စရာကောင်းတဲ့လက်နက်တွေဖြစ်လာလိမ့်မယ်”
ဟို့ယွိဟောင် ဖန်တီးထားတဲ့ကျူးကော်နတ်လေးမြားက အင်အားမှာရောအစွမ်းအစရော အဲ့ဒီလောက်ကြီးမားတာမဟုတ်ဘူး။ ဒါပေမယ့် သူ့ကိုရွေ့လျား၀ိညာဥ်အမြောက်ဆံတွေအားလုံးနီးပါးမှာ ထည့်သုံးလို့ရတဲ့အပြင် ကြောက်စရာအကောင်းဆုံးကတော့ ကျန်းဟုန်ချန်ကိုသူပြခဲ့တာနဲ့အတူတူပါပဲ။ ထန်မျိုးနွယ်ရဲ့ အဓိကလျှို့၀ှက်တည်ဆောက်ပုံကိုအသုံးပြုတာကြောင့် သူကလဲအလိုအလောက်ဖျက်ဆီးနိုင်စွမ်းရှိပါသေးတယ်။ အရမ်းကိုရိုးရှင်းပြီ အသုံးပြုဖို့လွယ်ကူပေမဲ့ ဘယ်၀ိညာဥ်ဘိုးဘေးမဆိုတခဏတာအတွင်းမှာအသုံးပြုနိုင်မှာပါ။
အကယ်၍ ဟို့ယွိဟောင်သာရွှမ်ကျင့်၀မ်ဖန်တီးထားတဲ့ နို့ပုလင်းတွေကိုချိတ်ပိတ်တဲ့နည်းလမ်းကိုသာ အသုံးပြုနိုင်ခဲ့မယ်ဆိုရင် သေချာပေါက် ကျူးကော်နတ်လေးမြားကို သာမန်စစ်သားတွေအားလုံးသုံးဖို့အတွက် တပ်ဆင်ပေးနိုင်ပါ့လိမ့်မယ်။ သူတို့အနေနဲ့ တစ်ခေါက်ပစ်ခတ်ပြီရင် ဒီနို့ပုလင်းတွေကိုပြန်လည်ပေးရုံပါပဲ။
အခုလက်ရှိအချိန်မှာ ကျူးကော်နတ်လေးမြားက ရွေ့လျား၀ိညာဥ်လက်နက်တစ်ခုဖြစ်နေခဲ့တဲ့အတွက် သူတို့အတွက် လိုအပ်တဲ့အမြောက်ခွံကလဲ အတော်ကိုစျေးကြီးပါတယ်။ ဒီပစ္စည်းကိုယ်တိုင်းက ကြီးမားတဲ့အပြင် ခုခံဖို့အတွက်လဲ သင့်တော်နိုင်မှာဖြစ်သလို တိုက်ခိုက်တဲ့အချိန်မှာတော့ အဲ့ဒီလောက်ကြီးအသုံး၀င်မ၀င်ဆိုတာကို ပြောဖို့ခက်ခဲမှာပါ။
ဟို့ယွိဟောင်က ပြောလာခဲ့တယ်။
” အစ်ကိုကြီးကျွန်တော်ကျူးကော်နတ်လေးမြားနဲ့ အမြောက်တွေကိုပိုပြီးတိုးတက်အောင်လုပ်ထားတယ်…အကယ်၍ ဒီအပြောင်းအလဲတွေကိုနောက်တစ်ကြိမ်ထုတ်လုပ်တဲ့အချိန်မှာပြောင်းလဲပြီလုပ်နိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေလိမ့်မယ်…ကျွန်တော်အသေးစိတ်ပြောင်းလဲရမှာတွေကို ဆွဲပြီးပြီ ဒါ့အပြင် အခုကျွန်တော်တို့စမ်းပြီထုတ်လုပ်ကြည့်လို့ရတယ်…တခြားပုံစံတွေလဲရှိဦးမယ် ”
” ကောင်းပြီလေ အလျင်မလိုသေးဘူး မင်းက အခုမှပြန်လာတာဆိုပေမဲ့ ငါတို့ဒီကိစ္စတွေအားလုံးကို ပြောလိုက်ပြီးပြီ လာမဲ့လအနည်းငယ်အတွင်းမှာ ပြိုင်ပွဲကြီးကိုငါတို့၀င်ပြိုင်ရဦးမှာမလား မင်းယုံကြည်ချက်ရှိရဲ့လား ငါကအကြီးအကဲရွှမ်ကိုသေချာပေါက်နိုင်ရမယ်လို့ ကတိပေးပြီးပြီ ဒါ့အပြင် ဒီကိစ္စကြီးပြီးမှသာ ငါတို့တွေထန်မျိုးနွယ်ကိုပြန်အာရုံစိုက်ကြတာပေါ့ ”
” အစ်ကိုကြီးက အဖွဲ့ခေါင်းဆောင်ပဲလေ ဒီမေးခွန်းကိုအစ်ကိုကြီးပဲဖြေသင့်တာပေါ့ ”
ဟို့ယွိဟောင်က ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။
” မင်းတာ၀န်တွေကို ခေါင်းရှောင်ချင်ပြန်ပြိလား လွန်ခဲ့တဲ့နှစ်နှစ်မှာ၀ိညာဥ်လက်နက်တွေကို အများကြီးကြိုးစားခဲ့ရတာဆိုတော့ မင်းရဲ့ကျင့်ကြံဆင့်အပေါ်မှာ လစ်ဟင်သွားခဲ့လဲဆိုတာ ခဏနေစစ်ဆေးရမယ် ”
ဟို့ယွိဟောင်က ရယ်သာရယ်နေခဲ့ပေမဲ့ ဘာမှမပြောခဲ့ပါဘူး။ ဟယ့်ချိုက်ထို့ကလဲ ဘေးကနေသာ၀င်ပြောလာခဲ့တယ်။
” ဘာတွေဖြစ်သွားလဲအစ်ကိုကြီးမသိဘူးနော် နေလနိုင်ငံတော်ရဲ့ကျောင်းတော်ထဲမှာ ဟို့ယွိဟောင်ကရှိရှိသမျှ ထိပ်သီးတိုက်ခိုက်ရေးသမားတွေအားလုံးကို ရင်ဆိုင်ခဲ့တဲ့အပြင် သူတို့အားလုံးရဲ့ခေါင်းပေါ်ကနေတောင် ဖြတ်နင်းခဲ့သေးတယ်…သေချာပေါက် အောင်ပွဲကကျွန်တော်တို့အတွက်ပဲ ဖြစ်လာမှာ လွန်ခဲ့တဲ့ငါးနှစ်တုန်းကလိုပဲ ဗိုလ်ဆွဲအောင်လုပ်ရမယ်..ဒီတစ်ကြိမ်လဲ ချွင်းချက်မရှိဘူး ”
” ငါတို့တွေတအားကြီး ယုံကြည်ချက်လွန်ကဲနေလို့မရဘူး…အပြောင်းအလဲတွေကများလွန်နေတယ်…ဒါ့အပြင် ပြိုင်ပွဲကနေလနိုင်ငံတော်ထဲမှာလုပ်မှာ နေလနိုင်ငံတော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ငါတို့ကိုအပြည့်အ၀တိုက်ခိုက်ဖို့ဆုံးဖြတ်ပြီးလောက်ပြီ ဒါကြောင့် ထင်ထားသလိုချောမွေ့မှာမဟုတ်ဘူး ”
ရှု့စန်းရှီက ၀င်ပြောလာခဲ့တယ်။
” မင်းကတော့ မဟုတ်တဲ့ကိစ္စတွေကိုစိတ်ပူနေပြန်ပါပြီ အချိန်ကြာလာရင် ငါတို့ဘာလုပ်နိုင်မလဲဆိုတာ မင်းမြင်ရမှာပါ အကယ်၍ တစ်ယောက်ချင်းတိုက်ခိုက်ရတဲ့ပြိုင်ပွဲဖြစ်မယ်ဆိုရင်တောင် ငါတစ်ယောက်ထဲနဲ့အဆင်ပြေနေပြီထင်တယ် ”
ပေ့ပေ့ကတော့ရှု့စန်းရှီကို မျက်စောင်းထိုးနေခဲ့တယ်။
” ပြိုင်ပွဲအကြောင်းတော်လိုက်တော့ တခြားကိစ္စတွေအရင်မရှင်းခင် မင်းနန်နန်နဲ့ အရင်ရှင်းလိုက်ဦး ”
နန်နန်ရဲ့နာမည်ကိုကြားချိန်မှာတော့ ရှု့စန်းရှီက လေလျော့သွားတဲ့ဘောလုံးတစ်လုံးလိုမျိုး မျက်စိပျက်မျက်နှာပျက်ဖြစ်သွားပြီ စူစူပုတ်ပုတ်ပုံစံနဲ့မျက်နှာပုတ်သိုးသွားပါတော့တယ်။
” အားဟုတ်သား အစ်မကြီးနှစ်ယောက်ကော ဘယ်လိုလဲ ၀မ်သုန့်ရောဘယ်မှာလဲ ”
” အခုတော့မှတ်မိပြီပေါ့ သူတို့အားလုံးအလုပ်များနေကြတယ်…မကြာခင်တွေ့ရမှာပါ ဒီနေ့အတွင်းနယ်မြေထဲမှာအရေးကြီးတဲ့ လုပ်ဆောင်မှုတစ်ခုရှိတယ်…ဒါကိုအစောကထဲကလုပ်သင့်ပေမဲ့လဲ အကြီးဆုံးဆရာမကြီးက မင်းနဲ့ဟယ့်ချိုက်ထို့ပြန်လာတာကိုစောင့်ဖို့အတွက် ဒီကိစ္စကိုနောက်ရွေ့ဆိုင်းထားပေးတယ်လေ မင်းတို့တွေပြန်လာပြီမှသာငါတို့ကျင်းပမဲ့ရက်ကိုသတ်မှတ်လိုက်ကြတာ ”
ပေ့ပေ့ပြောတဲ့အကြီးဆုံးဆရာမကြီးဆိုတာက ကျန်းလဲ့ရွှမ်ကိုပြောမှန်းသိပါတယ်။ သူမက အတွင်းနယ်မြေထဲမှာအင်အားအကြီးဆုံးနဲ့ ကြောက်စရာအကောင်းဆုံးသူပါပဲ။ ဒါ့အပြင် ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့လူလဲဖြစ်နေပါပြီ။
” ဘာပွဲတော်လုပ်မှာလဲ ”
ဟို့ယွိဟောင်က မေးလိုက်ပါတယ်။
” အခုတော့မင်းကိုမပြောပြဘူး…သိတဲ့အချိန်မှာပဲ ပျော်ပျော်ကြီးအံ့ဩရတာပေါ့ ဒါ့အပြင် ငါတို့အတွင်းနယ်မြေရဲ့သမိုင်းတစ်လျှောက်လုံးမှာအရေးကြီးဆုံးပွဲလို့လဲပြောလို့ရတယ်…ပွဲတော်စပြီဆိုရင် ငါတို့ပြောပြမှာပေါ့ ”
ဟို့ယွိဟောင်လဲ ရှု့စန်းရှီတို့ရဲ့လျှို့၀ှက်နေတဲ့မျက်နှာထားတွေကို စိုက်ကြည့်နေခဲ့မိပါတယ်။ ဒါ့အပြင် ဒုတိယအစ်ကိုကြီးရဲ့စူပုတ်နေတဲ့မျက်နှာထားကိုမြင်ချိန်မှာတော့ သူရယ်ချင်လာခဲ့မိတယ်။ ဘာတွေဖြစ်နေလဲသူမသိသလိုဒီပွဲတော်အကြောင်းကိုလဲ သူနားမလည်နိုင်ပါဘူး။
” ၀မ်သုန့်ရော ဒီတစ်ကြိမ်ပြန်လာပြီပါ၀င်မှာလား ”
ဟို့ယွိဟောင် မေးလိုက်မိပါတယ်။ ၀မ်သုန့်ရဲနာမည်ကို ပြောပြီချိန်မှာပဲ သူလမ်းမှာတွေ့တဲ့ကောင်မလေးကို ချက်ချင်းဆိုသလိုပြန်တွေးလိုက်မိတော့တယ်။
ပေ့ပေ့ကို သူမအကြောင်းမေးချင်ပေမဲ့လဲ ဒါကကျောင်းတော်ရဲ့၀င်ခွင့်စာမေးပွဲကို၀င်ဖြေဖို့လာတဲ့ ၀မ်သုန့်ရဲ့အစ်မဆိုတာဖြစ်နိုင်မယ်လို့သူချက်ချင်းပြန်တွေးလိုက်မိပါသေးတယ်။ ဒါကြောင့် ကျောင်းတော်ထဲမှာတရား၀င်တော့မရောက်လောက်သေးပါဘူး။ အကြီးဆုံးအစ်ကိုကြီးက ထန်မျိုးနွယ်မှာတစ်ချိန်လုံးရှိနေတာကြောင့် သူ မသိတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါ့အပြင် ဒီလိုထုတ်မေးလိုက်တာကလဲ ရှက်စရာကောင်းပါတယ်။
” သူဒီတစ်ခေါက်တော့ အချိန်မီသေချာပေါက် ပြန်လာမှာပါ ”
ပေ့ပေ့ကတော့ ရယ်မောရင်း ထူးထူးဆန်းဆန်းကြီးပြုံးနေခဲ့ပါတယ်။
” ဒါဆိုရင် ကောင်းတာပေါ့အစ်ကိုကြီးတို့ ကျွန်တော်ယူလာတဲ့ပုံတူတွေအကြောင်းကို ပြောရအောင် အခုလက်ရှိအချိန် ထန်မျိုးနွယ်အတွက် အကျိုးအမြတ်အရဆုံးဖြစ်ဖို့ ဘာကိုထုတ်လုပ်ရမလဲဆိုတာဆွေးနွေးကြမယ်လေ ”
” ကျွန်တော်တို့တွေ မျိုးနွယ်စုကိုဘယ်လိုတိုးချဲ့ရမလဲဆိုတာကိုပါ တစ်ခါထဲဆွေးနွေးကြတာပေါ့ ”
ဟို့ယွိဟောင်လဲ တန်ဖိုးမဖြတ်နိုင်တဲ့ကြယ်အလင်းနီလာကျောက်ကြီးကို စပြီထုတ်ယူလာခဲ့ပါပြီ။ ဒါကသူ့ရဲ့ကိုယ်ပိုင်ဖြစ်တဲ့အပြင် ကျန်းဟုန်ချန်ကိုပေးလိုက်တဲ့တစ်ခုတော့မဟုတ်ပါဘူး။ မြို့တော်ထဲမှာတန်ဖိုးကြီးတဲ့ပစ္စည်းတွေကို လဲလှယ်ဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စပါပဲ။ ဒါ့အပြင် အထဲမှာလဲပစ္စည်းကောင်းတွေ အများကြီးရှိနေခဲ့တယ်။
ပေ့ပေ့ကတော့ အခုလက်ရှိအချိန်မှာ တည်ငြိမ်လို့သွားသလိုရှု့စန်းရှီကလဲ စူပုတ်နေတာရပ်သွားပါပြီ။ သူကတော့ ပေ့ပေ့ကိုမျက်စောင်းထိုးလာခဲ့တယ်။ ပေ့ပေ့ကတော့ ပြုံးပြလိုက်ပြီခေါင်းလဲပြန်ညိတ်ပြလိုက်ပါတယ်။ ရှု့စန်းရှီကတော့ စိတ်ပျက်လက်ပျက်ပုံစံဖြစ်သွားခဲ့ပြီတဲ့နောက် ဟို့ယွိဟောင်ချပြတဲ့ပုံကြမ်းကိုသာ လှမ်းကြည့်နေတော့တယ်။
ဟို့ယွိဟောင်က ၀ိညာဥ်လက်နက်နဲ့ပတ်သက်တဲ့ကိစ္စမှာအရမ်းကိုအာရုံစိုက်ပါတယ်။ အစောပိုင်းတုန်းက သူတို့ပြောခဲ့ဖူးတဲ့ပွဲတော်ကိစ္စကတော့ စိတ်ထဲကနေလွှင့်ပါသွားခဲ့ပါပြီ။ သူ့ရဲ့အတွေးအခေါ် အယူအဆတွေအကြောင်းကို စတင်ပြီရှင်းပြပါတော့တယ်။ ဟယ့်ချိုက်ထို့ကလဲ ဘေးကနေပစ္စည်းတွေကိုတစ်ခုပြီတစ်ခုထပ်ဖြည့်ပေးရင်ကူညီပေးလို့နေခဲ့တယ်။
ဟယ့်ချိုက်ထို့ရဲ့၀ိညာဥ်လက်နက်တွေအပေါ်မှာ ကျွမ်းကျင်တတ်မြောက်မှုက ဟို့ယွိဟောင်ထက်ပိုမိုသာလွန်နေခဲ့ပါပြီ။ ဒါပေမယ့် နေလနိုင်ငံတော်မှာတော့ သူလဲရွေးချယ်စရာမရှိပဲ ဖုံးကွယ်ထားခဲ့ရတယ်။
သူတို့ရဲ့ဦးတည်ချက်ကလုံး၀ကို ကွဲပြားနေပါတယ်။ ဟို့ယွိဟောင်ကတော့ အနီးကပ်လက်နက်တွေကိုအာရုံစိုက်ထားတဲ့သူပါ။ ဒါ့အပြင် ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေနဲ့ ၀ိညာဥ်လက်နက်တွေပေါင်းစည်းနိုင်ဖို့အတွက် သူအဓိက တာ၀န်ယူထားရပါတယ်။ ဟယ့်ချိုက်ထို့ကတော့ ဒီအရာတွေအားလုံးကို ပုံစံတည်ဆောက်ဖို့နဲ့ စမ်းသပ်ဖို့အတွက် တာ၀န်ယူထားရတဲ့သူပါ။
သူတို့တွေက ကျောင်းတော်ထဲမှာအဆက်အစပ်သိပ်မရှိကြပေမဲ့လဲ စာကနေတစ်ဆင့်အမြဲတမ်းဆက်သွယ်လို့နေခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့နည်းလမ်းတွေနဲ့အတူ သူတို့ရဲ့သင်ယူမှုတွေကိုအမြဲတမ်းလဲလှယ်ပြီ လုပ်ဆောင်နေခဲ့တာပါ။ ရုပ်ဖျက်တဲ့အနေနဲ့ ပုံတူပွားစိတ်၀ိညာဥ်တွေကို အဓိကအသုံးပြုပြီး အစွမ်းအစတွေကိုကောင်းကောင်းအသုံးချခဲ့ပါတယ်။
အချိန်တွေက မြန်မြန်ဆန်ဆန်ကုန်ဆုံးလို့သွားခဲ့သလို အမှောင်ထုတောင်မှကျရောက်လို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့လဲ ဒီညထန်မျိုးနွယ်မှာအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ညနက်တဲ့အထိကြိုးကြိုးစားစားအလုပ်လုပ်ပြီ ဆွေးနွေးနေခဲ့ကြသလို ထန်မျိုးနွယ်ရဲ့နောက်နှစ်အနည်းငယ်အထိ တိုးတက်မှုတွေကို အစိအစဥ်ချပြီမှသာ အနားယူဖို့လုပ်ကြပါတော့တယ်။
ဒီတစ်ညကတော့ အေးအေးဆေးဆေးကုန်ဆုံးသွားခဲ့ပါပြီ။ နောက်တစ်နေ့မှာတော့ ပေ့ပေ့နဲ့ ရှု့စန်းရှီက ဟယ့်ချိုက်ထို့တို့ကို ထန်မျိုးနွယ်ရဲ့အဓိကတည်ဆောက်မှုတွေဆီကို ခေါ်သွားပါတော့တယ်။ သူတို့နှစ်ယောက်ကတော့ ကိုယ်ပိုင်အတွေ့အကြုံတွေကိုအခြေခံပြီ ထုတ်လုပ်ရေးနေရာတွေကို ချိန်ညှိဖို့အတွက် လုပ်ခဲ့ကြတယ်။ ဒါ့အပြင် အကြံပြုချက်တွေကိုလဲပေးခဲ့ပါသေးတယ်။
သူတို့ရဲ့ထုတ်လုပ်ရေးနယ်မြေတွေက သေချာပေါက် ချဲ့ထွင်းရမှာပါ။ ဒါ့အပြင် အလုံခြုံဆုံးနေရာကတော့ အမျက်ဒေါသကျောင်းတော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနရဲ့အကူအညီကိုယူပြီ ချဲ့ထွင်းဖို့က အကောင်းဆုံးပါပဲ။
အရင်ရက်တွေတုန်းက ပြောခဲ့တဲ့အကြံပြုချက်တွေအရဆိုရင် မြေအောက်ကိုသိုလှောင်ရုံကိုချက်ချင်းတည်ဆောက်ပြီ တန်ဖိုးကြီး၀ိညာဥ်လက်နက်တွေကို သိုလှောင်ဖို့လိုပါလိမ့်မယ်။ ဟယ့်ချိုက်ထို့ကတော့ ထန်မျိုးနွယ်ရဲ့တည်ဆောက်မှုတစ်ခုကိုတာ၀န်ယူရမှာဖြစ်သလို အမျက်ဒေါသကျောင်းတော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနထဲမှာ သူတို့ပုံတူလောင်းဖို့အတွက်နယ်မြေကို အဓိကဦးစီးရပါလိမ့်မယ်။ လက်ရှိအချိန်မှာ သူက ၀ိညာဥ်လက်နက်တွေကို တည်ဆောက်တဲ့နေရာမှာလဲ ကြီးကြပ်ဖို့အတွက် အဓိကဦးစီးရတော့မှာပါ။ အဆင့်မြင့် ရွေ့လျားအမြောက်တွေကို သူလွန်ခဲ့တဲ့တစ်နှစ်လုံးလုံးစူးစမ်းလေ့လာခဲ့တဲ့အတွေ့အကြုံတွေအတိုင်း ပြန်ပြီထုတ်လုပ်ရပါလိမ့်မယ်။
ဟို့ယွိဟောင်ကတော့ အမျက်ဒေါသကျောင်းတော်ထဲမှာ ဆက်သင်ကြားဖို့လိုနေမှာဖြစ်သလို ဟယ့်ချိုက်ထို့နဲ့အတူ ပုံစံအသစ်တွေကိုတီထွင်းရပါဦးမယ်။ ဒါပေါ့ ဒီကိစ္စတွေကအချိန်သိပ်မကြာနိုင်ပါဘူး။ ဟို့ယွိဟောင်က လူတစ်ယောက်ပြန်လာတာကိုစောင့်နေတာပါ။ အကယ်၍ သူမလာသေးဘူးဆိုရင် ရှိသမျှ၀ိညာဥ်လက်နက်တည်ဆောက်မှုတွေအားလုံးကို တခဏတာလွှတ်ချပြီ သူ့ရဲ့အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်တွေဆီကို အဓိကအာရုံစိုက်ရပါလိမ့်မယ်။ ဒါ့အပြင် အဲ့ဒီအချိန် ကျောင်းတော်ကသင်ကြားမှုပြီတဲ့နောက် သူလုပ်ဆောင်ရမဲ့အရေးကြီးကိစ္စတွေက ထပ်ရှိဦးမှာပါ။ ဒါပေမယ့် ကိစ္စတွေကတော့ နောက်မှကြည့်ပြီရှင်းရပါလိမ့်မယ်။
°°°
သူတို့တွေတစ်နေကုန်တစ်နေခမ်းအလုပ်တွေများနေကြပြီတဲ့နောက် နောက်တစ်ရက်ကကုန်ဆုံးလို့သွားခဲ့ပြန်ပါပြီ။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်ကလဲ ထန်မျိုးနွယ်ရဲ့လုပ်ငန်းတာ၀န်တွေနဲ့ စီမဲခန့်ခွဲမှုတွေအကြောင်းကို မြန်မြန်ဆန်ဆန်ရင်းနှီးလို့လာပါတော့တယ်။ ဒါ့အပြင် သူတို့ရဲ့သတ္ထုစက်ရုံကိုလဲ အဆင့်မြင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်နှစ်ယောက်ရောက်လာချိန်မှာတော့ အများကြီးပြောင်းလဲပြစ်နိုင်ပါပြီ။ ဟယ့်ချိုက်ထို့နဲ့ ဟို့ယွိဟောင်နှစ်ယောက်တို့က လက်နက်ပုံသွင်းတဲ့စက်ကိရိယာတွေအားလုံးကို ကူညီပြီချိန်ညှိပေးခဲ့သလို တချို့ပစ္စည်းစက်ကိရိယာတွေကိုလဲ ကိုယ်တိုင်းဖန်တီးလိုက်ကြပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ပို့ထားခဲ့တဲ့ တန်ဖိုးကြီးသတ္ထုတွေတော်တော်တော်များများက အမျက်ဒေါသမြို့တော်ထဲမှာရှိတဲ့ ထန်မျိုးနွယ်ဆီကိုရောက်နေခဲ့တာပါ။ အခုလက်ရှိအချိန်မှာကတော့ တိုးတက်တဲ့အရှိန်နှုန်းတွေက အရမ်းကိုမြန်ဆန်နေခဲ့ပါပြီ။
” ခဏနားဦး ညီငယ်လေး ”
ပေ့ပေ့က သူတို့ရဲ့အလုပ်ရုံဆီရောက်လာရင်း ပြောပါတော့တယ်။
အပိုင်း ၂၀၉•၃ ပြီး၏။