Chapter – 87 သက်ကြီးခြံဝန်း
ချန်ရှန် နဲ့ တခြားလူများဟာ ဒီလျို့ ဝှ က်ဆန်း ကြယ် နယ်ပယ် အကြောင်း သိပ်တော့မသိလှပါဘူး ။ အရမ်းကို လျို့ ဝှက် ဆန်းကျယ် တယ် ဆိုတာလောက်ပဲ သိကြတာပါ ။ ဒါတင် မက များစွာသော ကောင်းကင်ဘုံ ရတနာ များ ရှိနေရုံမက သားရဲမိစ္ဆာများလည်း တည်ရှိနေပါသေးတယ် ။ သိုင်းပညာ ရှင်များအဖို့ ဘဏ္ဍာတိုက်ကြီး ဖြစ်သော်လည်း အန္တရာယ် တော့ များလှပါတယ် ။
ဆရာကြီးဝု ဟာ သူတို့ သိပ်မရှင်းမရှင်း ဖြစ်နေတာကို သဘောပေါက်သောကြောင့် ချက်ချင်းပင် –
“ဒီသက်ကြီးဝါကြီးတို့ရဲ့ ခြံဝန်းကို လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲကို ရွှေ့ ထားတာပဲ ။ ငါတို့ဟာ ဒီနယ်ပယ်ရဲ့ အချက်အလက်အားလုံးကို သိတယ် ။ ငါတို့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတာဖြစ်တဲ့အတွက် သိပ်ပြီး အစွမ်းကြီး လှတဲ့ ကောင်တွေနဲ့ ဆုံမှာကို မပူပါနဲ့ ။ အဆင့် အမြင့်ဆုံး က ၁၀ ပါပဲ”
ဇုရွန် က မေးလိုက်တယ် ။
“ဒီမှာရှိတဲ့ ရတနာတွေကိုကော ဆရာကြီး ယူပြီးပြီ လား ။ ဒီလူသုံးယောက် ကျန်တဲ့ ရတနာတွေကို ကောက် နေ ဦးမယ် ။ ဆရာကြီးကို ပြန်ပေးမှာ မဟုတ်ဘူး ။ ကျွန် တော့တုန်းက ကျ ဒီလိုမဟုတ်ပါလား”
ဆရာကြီးက လှောင်ပြီးပြောတယ် ။
“ဖက်တီးလေး ၊ မင်းနဲ့ မင်းမျိုးနွယ်ဟာ အတူတူပဲ ။သူ တို့ လာပြီး တန်ဖိုးကြီးတာတွေ ယူ ရင် ငါတို့ကို ပြန်ပေးစရာ မလိုဘူး ။ ဒါပေမယ့် ငါတို့သိဖို့တော့ အကြောင်းကြားရ မယ် ။”
တတိယ အဆင့်မှာ ၎င်းတို့ဟာ အဆင့် ၁၀ ရှိတဲ့ သား ရဲ မိစ္ဆာ သုံးကောင်ဆီ ကို အမဲလိုက် သတ်ဖြတ်ရမှာ ဖြစ်ပါ တယ် ။ ဒီစစ်ဆေးမှုဟာ လူတစ်ယောက်ရဲ့ ခွန်အားကို စမ်း သပ် တာ ဖြစ်ပြီး ချန်ရှန် စိတ်တော်တော် ပါလျက် ရှိပါ တယ် ။
“ရှေ့ မှာ လမ်းသုံးလမ်း ရှိတယ် ။ အသီးသီး မှာ ၃ ကောင်ထက် ပိုတဲ့ အကောင်တွေ ရှိကြတယ် ။ ဒါကတော့ ထူးဆန်းတဲ့ သားရေပတ်အိတ်ပဲ ။ အများကြီး ထည့်လို့ဆန့် တယ် ။ မင်းတို့ ဒီကောင်တွေ ရဲ့ အလောင်းတွေကို ပြန်ယူ လာဖို့ လိုအပ်တယ် ။ မင်းတို့ သတိရရမှာ က မင်းတို့ဒီ အကောင်တွေကို မထည့်နိုင်ဘူး ၊ ငါတို့က ဒီအကြောင်းသိ မယ်ဆိုရင် မင်းဒီအကောင်တွေကို သတ်ပြီးတဲ့အခါ အိတ် ထဲ ထည့်ပေးမယ် ။ ဒါပေမယ့် မင်းက အကောင်ရဲ့ တ၀က် ကိုပဲ ဆုအဖြစ် ရပိုင်ခွင့် ရှိမယ်”
ဆရာကြီး ဝု က အမည်းရောင် သားရေ ခါးပတ် အိတ် လေး ၃ ခုကို ထုတ်ကာ သူတို့ အား ပေးလိုက်ပါတယ် ။
ချန်ရှန် တို့ လည်း ခါးပတ်ကို ယူကာ တစ်ယောက်နဲ့ တစ်ယောက် အားပေးစကားများ ပြောကြတယ် ။ ထို့ နောက်မှာတော့ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်၏ အတွင်းပိုင်းသို့ စတင် သွားပါလေတော့တယ် ။
“ဆရာကြီး ဝု ၊ သက်ကြီးဝါကြီးခြံဝန်းက ဘယ်နားမှာ လဲ”
ဇုရွန် တစ်ယောက် ချန်ရှန် တို့ ထွက်သွားပြီးနောက် လှည့်ပတ်ကြည့်ရာမှာ အဆောက်အဦး တစ်ခုမှ မမြင်တဲ့ အတွက် မေးလိုက်တာ ဖြစ်ပါတယ် ။
“လျို့ ဝှက်ချက်ပဲ ၊ ဒါကအထဲမှာ ဒါပေမယ့် မင်းကို ပြော ပါ့မယ် ။ ဆေးဆရာမကြီးက လည်း သူမရဲ့ ဆေးပညာခြံ ၀န်း ထဲကို ရွှေ့ သွားပြီ ။ မင်းအထဲ ၀င်သွားတာနဲ့ အကြာ ကြီး နေရမှာပဲ”
ဆရာကြီး ဝု က လျို့ ဝှက်စွာ ပြုံးပြီး ပြောပါတယ် ။
သိုင်းပညာဂိုဏ်းရဲ့ သက်ကြီးဝါကြီးတို့ ခြံဝန်းဟာ လျို့ ၀ှက်ဆန်းကြယ်လှပါတယ် ။ အသက်ကြီးကြီး လူကြီးတွေ ဘယ်လောက်များများ ရှိတယ်ဆိုတာကို ဘယ်သူမှ မသိ ကြပါ ။ ၎င်းတို့ ရဲ့ စွမ်းအား အတိအကျကိုလည်းမသိနိုင်ပဲ လူတချို့ ဟာ လည်း ဒီသက်ကြီးဝါကြီး တစ်ချို့ ကို ပဲ သိကြ တာပါ ။
“တစ်ခါတရံ လူတစ်ယောက်ဟာ ဒီ သက်ကြီးဝါကြီး ခြံ ၀န်းကို ၀င်ရောက်နိုင်ရန် အရမ်းကို စွမ်းအားကြီးနေဖို့ မလို အပ်ပါဘူး ။ နောက်ပြီး မင်းအဆင့် တစ်ခု ရောက်တာနဲ့ မင်းသိလာလိမ့်မယ် ။ သက်ကြီးဝါကြီး အဆင့် ကို ရောက် ဖို့အတွက် စစ်ဆေးမှုတွေ လုပ်ကြတယ် ။ ဒါကို မင်းအောင် မြင်မယ်ဆိုရင် မင်းလည်း အကြီးတစ်ယောက် ဖြစ်လာမှာပဲ ဖြစ်တယ်”
ဆရာကြီးဝု ဇုရွန် ၏ ပခုံးကို ပုတ်ကာ သူ့ကို ခေါ် သွား ပါလေတော့တယ် ။
ချန်ရှန် လမ်းပေါ် လျှောက်နေပါတယ် ။ လှပလှသည့် ကြယ်များကို ကြည့်ရင်း လေကို တဝကြီး ရှူရှိုက်နေမိ တယ် ။ ဝိဉာဉ်တော် ချီဓာတ်များ ပေါများလှတာကို တွေ့ ရ ပါတယ် ။
“ဒီဂိုဏ်းမှာ ဒီလို လျို့ ဝှက်ဆန်းကြယ်နေရာတစ်ခု ရှိ လိမ့်မယ် လို့ မထင်မိဘူး ။ သူတို့ဟာ စွန့်စွန့်စားစား နဲ့ လျို့ ၀ှက်ဆန်းကြယ် နယ်ပယ်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ၎င်းတို့ ရဲ့ ဒီ လျို့ ဝှက်ချက်ကို ကြေညာဖို့ ပြင်ဆင်နေပုံပဲ ။ ဒါဟာ ဒီဂိုဏ်းရဲ့ အဟုန်ကို ဖန်တီးပေးမှာပဲ”
စုမေးယို က ပြောတာပါ ။
“အမတော် မေးယို ၊ တခြားဒီလို လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ကို မြင်ဖူးလား”
ချန်ရှန် မေးလိုက်တယ် ။
“ဒါပေါ့ ၊ ဒါပေမယ့် ဒီလောက်တော့ မလှဘူး ။ အရမ်းကို အန္တရာယ်လဲများတယ် ။ ဒါပေမယ့် အထဲမှာ ကောင်းကင် ဘုံ ရတနာတွေ ရှိနေတယ် ။”
စုမေးယို က ပြန်ပြောပါတယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ချန်ဝူ နယ်ပယ် ရဲ့ ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပြီး ဒီလို လျို့ ဝှက်ဆန်းကြယ် နယ် ပယ်လဲ ရှိနေပါသေးတယ် ။
အိုဟောင်းလှတဲ့ ခြံဝန်းတစ်ခုထဲက စံအိမ်ကြီး ထဲမှာ တော့ ဖောက်ထွင်းမြင်နိုင်သော သလင်းကျောက် အလုံး ကြီး သုံးလုံးရှိပြီး လူတစ်ရပ်စာလောက်ကို မြင့်ပါတယ် ။ တစ်လုံးဆီမှာတော့ ချန်ရှန် ၊ ရှောင်ဒို နဲ့ ဇန်ဒီ တို့ကို မြင် နိုင် ပါတယ် ။ ပေါ်နေတယ့် ပုံစံမှာ ၎င်းတို့အား ကောင်းကင်မှ ကြည့်နေရသလိုပါပဲ ။
သလင်းကျောက်တုံး ၃ လုံးရဲ့ ဘေးမှာတော့ လူ အယောက် ၂၀ လောက် ထိုင်နေကြတယ် ။ ဒီလူတွေထဲမှာ ဆရာကြီး ဝု ၊ ဆေးဆရာမကြီး နဲ့ တခြား ယောကျာ်း မိန်းမ များ ပါရှိကြတယ် ။ လူလတ်ပိုင်း အများစုဖြစ်ပြီး အားလုံး ဟာ မျက်နာဖုံးများ စွပ်ထားကြပါတယ် ။
အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ ကြာအောင် တပည့်များစွာဟာ ဒုတိယ အဆင့်မှာပဲ အမြဲ ပြုတ်ကျ ကျန် နေခဲ့ကြတာကြောင့်ပါပဲ ။ အခုတော့ ချန်ရှန် လို အထင်ကရ နဲ့ တခြားလူ ၂ ယောက်တို့ အောင်မြင်သွားကြပါပြီ ။ သက် ကြီး ဝါကြီး ခြံဝန်း၏ ယောကျာ်းမိန်းမများဟာ ချန်ရှန်ကို စောင့် ကြည့် ချင်ကြပါတယ် ။ ဒီအဆင့် ၃ ကို ဘယ်လို အောင်မြင်လိမ့်မလဲ လို့ သိချင်နေကြပါတော့တယ် ။
“ဒီ ချန်ရှန် ဆိုတဲ့ ကောင်လေးက အရမ်း ပါရမီပါတယ်။ သာမန်လူတစ်ယောက်လမ်းညွှန်မှု နဲ့ ဒီလိုအဆင့်ကို ရောက်မှာ မဟုတ်ဘူး ။ သူ့နောက်ကွယ်မှာ စွမ်းအားကြီး တဲ့ တစ်ယောက်ယောက် ရှိရမယ် ။ ဒါပေမယ့် ဒီဂိုဏ်းကို သူဘာကြောင့် လာသလဲတော့မသိဘူး ။ သူသုံးတဲ့ သိုင်း စွမ်းရည်တွေကို ငါတို့ တခါမျှ မမြင်ဖူးဘူး ။ အရမ်းကြီး အဆင့်မမြင့်လှပေမယ့် သာမန် တိုက်ကွက်တွေနဲ့ ယှဉ်ရင် တော်တော်ကို အစွမ်းထက်တယ်”
လူတစ်ယောက် က ပြောပါတယ် ။
“ဟဲဟဲ ၊ ကျွန်တော်ကတော့ ဆေးဆရာမ ဘာလို့ ဒီလို ကောင်လေးနဲ့ ဒီလို ကြီးမားတဲ့ အလောင်အစား လုပ်လဲ ဆို တာ နားမလည်တော့ဘူး ။ အပုံ တစ်သန်းမှာ တစ် ရာခိုင် နှုန်းလောက်နဲ့ နိုင်မယ်ထင်လို့လားမသိ”
ဆရာကြီး ဝု က ရယ်ပြီး ပြောပါတယ် ။
တခြားလူများဟာလည်း သူတို့ အံ့သြသည့် အရာများ ကို ပြောနေကြပါတယ် ။
ဆေးဆရာမကြီးကတော့ အေးစက်စက် ဖြင့် ခနဲ့တဲ့တဲ့ ပြောပါတယ် ။
“ဆရာကြီး ဝု ၊ ရှင် ကျွန်မကို နိုင်ရင် ကျွန်မ ချက်ချင်း ရှင့်ကို လက်ထပ်မယ် ၊ ကျွန်မကို နိုင်တဲ့ မည်သူမဆို လက် ထပ်မယ်လေ”
လူတိုင်း ဘာမျှ ထပ်မပြောနိုင်တော့ပါဘူး ။ ဒီဆရာမ ကို အနိုင်ရဖို့က လွယ်တဲ့ အရာတော့မဟုတ်ပါ ။ အလုံပိတ် တံခါးထဲ ကျင့်စဉ် ကျင့်နေတယ့် ဂိုဏ်းချုပ်တောင် စိန်ခေါ် ရဲ မယ် မထင်ပါဘူး ။
“ခု ကျွန်တော်တို့ ဒီကောင်လေး ဘာလို့ ဒီကို လာတယ် ဆိုတာ အဖြေရှာကြတာပေါ့”
လူ တစ်ယောက်က ၀င်ပြောပါတယ် ။
“သူ့မှာ ဘာအကြောင်းရင်းမှတော့ မရှိပါဘူး ။သူဟာ ဒီ ဂိုဏ်းကို လာတယ်ဆိုတာ သူ့ကိုယ်သူ တိုးတက်ချင်လို့ပဲ ။ သူဟာ ကြောက်မက်ဖွယ် အစွမ်းတွေ သုံးနိုင်ပေမယ့် လည်း အများကြီးတော့ မဟုတ်လှဘူး ။ ဒါကြောင့် ဒီကောင်လေး ဒီကိုလာတာ ဒီလိုကြောင့်ပဲ”
ဆရာကြီး ဝု က ပြောလိုက်တာပါ ။
“နောက် ဒီကိုလာတယ့် အချက်က သူ့ ဆေးပညာကို လည်း တိုးတက်ချင်တာ ပါလိမ့်မယ် ။ ဒါပေမယ့် ဆေးပညာ ခြံဝန်းထဲ ၀င်ဖို့ အကြောင်းကို မစဉ်းစားမိ လိုက် ဘူးထင်တယ်”
ဆေးဆရာမကြီး က လှောင်ပြောပါတယ် ။
“မသေချာပါဘူး ။ ဒီမတိုင်ခင်တုန်းက ခင်ဗျား သူ့ကို ဒုတိယ အဆင့် အောင်ခွင့် မပြုနိုင်ဘူးပြောတယ် ။ ဒါပေမယ့် သူအောင်မြင်ပြီး ခင်ဗျားရှေ့ ရောက်လာတာပဲ မဟုတ်လား”
ဆရာကြီး ဝု က ရယ်မော ပြောဆိုပါတယ် ။
“ဟဟ ၊ ဒီကောင်လေး မရှေးမနှောင်းမှာပဲ သူ့ကို ကျွန် မ သေချာ စာရင်းရှင်းနိုင်တဲ့ ရောက်လာမှာပါ”
ဆေးဆရာမကြီးက လှောင်ပြီး ပြောပါတယ် ။
“သူတခြား မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါစေနဲ့ လို့ မျှော်လင့်ပါတယ် ။ အဲလိုမှ မဟုတ်ရင်တော့ ကျွန်တော် တို့ က ညှာနေမှာ မဟုတ်ပေဘူး”
ခုနက လူ မှ ၀င်ပြောတယ် ။
ဆရာကြီး ဝု ကလည်း ခေါင်းညိမ့်ပြီး –
“လူတိုင်း ဒီကောင်လေး ကို ပညာသင်အဖြစ် လက်ခံ ဖို့ စိတ်ဝင်စားကြလား ၊ ဒီကောင်လေးက တကယ့်မျိုးစေ့ ကောင်းလေးနော် ။ငါတို့ ပညာမွေတွေ ကောင်းကောင်း ပေးလို့ရတယ်”
ဒီကလူတိုင်းဟာ ဆရာကြီးများ ဖြစ်ပြီး သက်ကြီးဝါကြီး ခြံဝန်းက လူများ ဖြစ်ကြပါတယ် ။ ဒါကြောင့် ၎င်းတို့အားလုံး ဟာ အရမ်းကို စွမ်းအား ကြီးမားကြတယ် ။ ဒီအချိန်မှာ သူတို့ ဆွေးနွေး နေကြတာတစ်ခုက တော့ ချန်ရှန်ဟာ တော်တော် ပဲ တော်ပါတယ် ။ အထူးသဖြင့် အနိုင်မခံအရှုံး မပေးတဲ့ စိတ်ဓာတ် နဲ့ သင်ယူတတ်မြောက်လွယ်ပုံ တို့ကို သူတုိ့ သဘောကျ ကြတယ် ။
“ဘယ်သူ သူ့ကို ပညာသင်အဖြစ် လက်ခံရဲလဲ ။ ရှင်က ကျွန်မကို ဆန့်ကျင်တာလား”
ဆေးဆရာမကြီးက ထအော်ပါတယ် ။ လူတိုင်းဟာ တားကာ စိတ်လျော့ရန် ပြောဆိုကြတယ် ။
“ဂိုဏ်းချုပ်က သူ့ကို ပညာသင်အဖြစ် လိုချင်တယ် ဆို တောင် ကျွန်မသူ့ကို အခက်တွေ့ အောင် လုပ်ရမှာပဲ ။ နောက် သူဆိုတာလည်း စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်ကို ၀င်မ၀င်ဆိုတာ မသေချာဘူး ။ နောက်နှစ်ပေါင်းများစွာမှာ အဆင့် ၁၀ ရှိတယ့် ပါရမီရှင်များစွာကို ကျွန်မတို့ မတွေ့ တော့ဘူးလို့ ပြောနိုင်လား”
လူတိုင်းဟာ ဒီ ဆရာမကြီး ချန်ရှန် ကို တော်တော် မုန်း နေတယ် ဆိုတာကို သိသွားကြတယ် ။ ဘာကြောင့် မုန်းလဲ ဆိုတာတော့ မသိကြပါ ။
“ကောင်မလေး ၊ မင်းက မနာလိုနေတာပဲ ။ ဘာလို့လဲ ဆိုတော့ ဒီ ငယ်ရွယ် ပြီး တော်တဲ့ ကောင်လေးက မင်းနဲ့ အရာအားလုံးကို ဆန့်ကျင်နေလား ၊ဒါကို အာရုံစိုက်နေ တုန်းလား”
လူကြီး တစ်ယောက်က ရယ်ကာ ၀င်ပြောပါတယ် ။ ထို့နောက်မှာတော့ ၎င်းတို့၏ ကိုယ်များ တုန်လှုပ်သွား တယ် ။
အဘယ်ကြောင့်ဆိုသော် ဒီ ဆေးဆရာမ ဟာ အရမ်း အငြိုးအတေးကြီးပြီး သူမမုန်းတဲ့ လူရဲ့ အဆုံးသတ်ဟာ မကောင်းနိုင်ပါဘူး ။လွန်ခဲ့တဲ့ နှစ်များစွာတုန်းက မိစ္ဆာ ဂိုဏ်း က ဂိုဏ်းချုပ်တစ်ယောက်ဟာ သူမကို ပုတ်ခတ် ပြော ဆိုသောကြောင့် သေတာထက်ကို ပိုမို ဆိုးရွားတဲ့ ကံကြမ္မာ ကို ဖန်တီးပေးလိုက်ဖူးပါတယ် ။
ချန်ရှန် က ဒီအချိန်မှာ ပြုံးနေတယ် ။ အေးဆေးပင် လမ်းလျှောက်နေပြီး လှပလှတယ့် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ကြီးကို ကြည့်နေပါတယ် ။ သူ့ကို ဒီလို စောင့်ကြည့် ကာ သူ့ အကြောင်းဆွေးနွေးနေတယ်ဆိုတာ ကို သူမသိပါဘူး ။ ဒါတင်မက ဆေးဆရာမကြီးကလည်း သူ့အတွက် ခက်ခဲမှုများ ပြုလုပ်ရန် စဉ်းစားနေတယ် ဆို တာကိုလည်း ချန်ရှန် တစ်ယောက် မသိနိုင်ပါချေ . . . ။