Switch Mode

Chapter – 209.2

ဝမ်ချိုးအယ်

အပိုင်း ၂၀၉•၂

” ၀မ်ချိုးအယ် ”
°°°
ဒုတိယကွင်းပြင်ကတော့ အတော်လေးကိုပိုပြီးကျယ်၀န်းပါတယ်။ အနည်းဆုံးမီတာသုံးရာကျော်အထိ ကျယ်ပြန့်ပြီနှစ်ဖက်စလုံးမှာ အခန်းတွေရှိနေဆဲဖြစ်ပေမဲ့ အရှေ့တည့်တည့်မှာကတော့ ပိုမိုမြင့်မားတဲ့အဆောက်အဆုံကြီးတစ်ခုက ရှိနေခဲ့တယ်။ ဒါ့အပြင် အပေါ်မှာလဲကြီးမားတဲ့ ဆိုင်ဘုတ်ကြီးကိုချိတ်ထားပါသေးတယ်။ ဒီနေရာကြီးရဲ့အပေါ်မှာရေးထိုးထားတာကတော့ အစည်းအဝေးခန်းမဆိုတာပါပဲ။

အထဲကနေရယ်သံတွေကို သူကြားနေခဲ့ရပါတယ်။ ဒါကြောင့် ချက်ချင်းဆိုသလို အရှေ့ကိုမြန်မြန်ဆန်ဆန်သူပြေးပြီတော့ ၀င်သွားခဲ့မိတော့တယ်။ နှလုံးသားထဲက နွေးထွေးမှုနဲ့ စိတ်အားထက်သန်မှုတွေကို ဆက်ပြီမထိန်းချုပ်ထားနိုင်တော့ပါဘူး။

အထဲမှာတော့ လူသုံးယောက်ရှိနေခဲ့တယ်။ အဲ့ဒီထဲမှာ တစ်ယောက်ကတော့ ဟို့ယွိဟောင်ထက် စောစောပြန်လာခဲ့တဲ့ ဟယ့်ချိုက်ထို့ပါ ဒါ့အပြင် ရယ်နေတာကလဲ သူ့ရယ်သံတွေပါပဲ။ သူ့ဘေးမှာတော့ နောက်ထပ်လူငယ်နှစ်ယောက်ရှိနေခဲ့တယ်။

ဘယ်ဘက်မှာရှိသူကတော့ အနည်းဆုံးတစ်ရာကိုးဆယ်စင်တီမီတာကျော်မြင့်မားတဲ့သူပါ။ ပုခုံးကျယ်ကျယ်နဲ့ နောက်ဖက်ကနေကြည့်လိုက်ရုံနဲ့တင် တော်၀င်ဆန်တဲ့အငွေ့အသက်တွေရှိနေခဲ့ပါတယ်။ မြင့်မားပြီတောင့်တင်းတဲ့ခန္ဓာကိုယ်က တောင်ကြီးတစ်တောင်လိုမျိုး ခိုင်မာမှုကိုပေးနေခဲ့တယ်။

ညာဘက်မှာရှိသူကတော့ ရှည်လျားတဲ့၀တ်ရုံကို၀တ်ဆင်လို့ထားခဲ့ပါတယ်။ သူကတော့ ပြုံးနေခဲ့ပြီ မျက်လုံးတွေကအင်မတန်မှနက်ရှိုင်းသလို ရှည်လျားတဲ့ဆံပင်တွေက ပုခုံးပေါ်ကို၀ဲကျလို့နေခဲ့ပါတယ်။ တစ်ဖက်ကလူထက် ပိုမိုဣန္ဒြေရှိတဲ့ပုံပေါ်ပြီ ပညာတတ်တစ်ယောက်လိုမျိုးနူးညံ့တဲ့အသွင်လဲ ရှိနေခဲ့တယ်။

” အစ်ကိုကြီး ဒုတိယအစ်ကိုကြီးနဲ့ တတိယအစ်ကိုကြီးတို့ ”

ဟို့ယွိဟောာင်အထဲကိုခုန်၀င်လာရင်းနဲ့ အော်ခေါ်လာခဲ့ပါတယ်။

ဘယ်ဘက်မှာရှိနေသူကတော့ ရှု့စန်းရှီပါ ညာဘက်မှာရှိနေသူကတော့ ပေ့ပေ့ပါပဲ။ ဟို့ယွိဟောင် ခုန်၀င်လာတာကိုမြင်ချိန်မှာတော့ သူတို့လဲချက်ချင်း သူ့ဆီ၀င်ရောက်လာခဲ့ပါပြီ။ သူတို့လေးယောက်လဲအတူတူဖက်လိုက်ကြပါတယ်။

အချိန်အကြာကြီးခွဲခွာခဲ့ရတာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမှုကိုမထိန်းချုပ်နိုင်ကြသေးပါဘူး။ ပေ့ပေ့ကတော့ ဟို့ယွိဟောင်ကိုကြည့်နေရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ညီငယ်လေးနောက်ဆုံးတော့ ပြန်လာပြီပဲ နှစ်နှစ်ခွဲကြီးများတောင်ကြာခဲ့ပြီ ”

ဟို့ယွိဟောင်လဲ ဆက်တိုက်ခေါင်းညိတ်နေခဲ့ပါတယ်။

” ဟုတ်ပါတယ်…နှစ်နှစ်ခွဲတောင်ကြာသွားခဲ့တယ်..ကျွန်တော်ဒီလောက်အကြာကြီးကြာပြီတော့မှ နောက်ဆုံးတော့အိမ်ပြန်လာခဲ့ပြီ အဲ့ဒီသင်ကြားရေးအစီအစဥ်ကလဲ ပြီးဖို့အရမ်းကြာတာပဲ ကျွန်တော်အားလုံးကိုအများကြီးသတိရနေတာ အကုန်လုံးအဆင်ပြေကြရဲ့လား ”

” ငါတို့တွေအများကြီးအဆင်ပြေတယ်…ဘယ်လိုလဲထန်မျိုးနွယ်က အခုစပြီတော့ပုံစံ​ပေါ်နေပြီ ဒါကိုမြင်ရတာဘယ်လိုခံစားရလဲ ”

” အစ်ကိုကြီးတို့ရဲ့ကြိုးစားအားထုတ်မှုအတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်…နှစ်နှစ်အတွင်းမှာကိုယ်ပိုင်းနယ်မြေတစ်ခုရလာမယ်လို့ ကျွန်တော်မထင်ထားခဲ့မိဘူး…တည်ဆောက်တာမပြီးသေးပေမဲ့လဲ နောက်တော့လဲပုံပေါ်လာမှာပါ ”

” ကျန်တာတွေကို ဆက်လုပ်ဖို့ငါတို့တွေစောင့်နေကြတာထန်မျိုးနွယ်ကို အနာဂတ်မှာပိုပြီးတိုးတက်အောင်လုပ်ဖို့အတွက် မင်းလဲကူညီပေးရမယ် ”

” ကျွန်တော်လား ”

ဟို့ယွိဟောင် ခေါင်းကိုခါနေခဲ့ပါတယ်။

” ဘယ်လိုကျွန်တော်လုပ်နိုင်မှာလဲ အစ်ကိုကြီးတို့ပဲ တာ၀န်ယူသင့်တာမလား ”

” ငါဘာပြောခဲ့လဲ ဒီကောင်ကအများကြီးတာ၀န်ယူမှာမဟုတ်ဘူးလို့ပြောသားပဲ ဘယ်သူကများ အဲ့ဒီပင်ပန်းလွန်တဲ့အလုပ်ကြီးအတွက် မင်းနဲ့လာပြီတိုက်ခိုက်နေမှာလဲ ”
ရှု့စန်းရှီက ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။

ပေ့ပေ့ကတော့ မျက်နှာသေကြီးနဲ့ပြန်ပြီပြောလာခဲ့တယ်။

” ညီငယ်လေး ထန်မျိုးနွယ်ရဲ့အနာဂတ်တိုးတက်မှုက ၀ိညာဥ်လက်နက်တွေအပေါ်မှာပဲ အဓိကမူတည်နေမှာ မင်းရောဟယ်ချို့ထို့ရောနှစ်ယောက်စလုံးက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေလေ ”

” ထန်မျိုးနွယ်ကိုကူညီဖို့ ကျွန်တော်အကောင်းဆုံးကြိုးစားပေးပါ့မယ်…ဒါပေမယ့် မျိုးနွယ်တစ်ခုလုံးကို အဖက်ဖက်ကနေညွှန်ကြားအုပ်ချုပ်ဖို့အတွက် အစ်ကိုကြီးတစ်ယောက်ပဲလုပ်နိုင်မှာ ကျွန်တော်၀ိညာဥ်လက်နက်တွေနဲ့ပတ်သက်တဲ့ နည်းပညာတွေအားလုံးအတွက် တာ၀န်ယူပေးလို့ရတယ်…ဒါပေမယ့် မျိုးနွယ်စုတစ်ခုကိုဘယ်လိုဦးစီးဦးဆောင်ပြီ ဘယ်လိုထိန်းချုပ်စီမံပေးရမလဲဆိုတာ ကျွန်တော်ဘာမှမသိဘူး ”

“ငါလဲမသိခဲ့ဘူးလေ ကြိုးစားပြီအတွေ့အကြုံကနေ သင်ကြားရတာပဲ ဟုတ်သား မင်းခရီးရှည်ကြီးကနေ အခုမှပြန်လာတာဆိုတော့ ဒါတွေမပြောပဲနေရအောင် အေးအေးဆေးဆေးလာထိုင်ပြီ နားပါဦး ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်းနဲ့ သွားထိုင်နေပါတော့တယ်။ စိတ်ကတော့လှုပ်ရှားနေဆဲပါ။ အခုအချိန်မှသာ ဒီခန်းမဆောင်ရဲ့တည်ဆောက်ပုံနေရာကို သူသေချာကြည့်ချိန်ရပါတော့တယ်။ တည်ဆောက်ထားတဲ့ပုံစံက ရိုးရှင်းပြီပကာသနတွေမပါပေမဲ့ ပရိဘောဂတွေအားလုံးကတော့ စွန်ပလွန်သီးအနီရောင်လိုမျိုး တောက်ပလို့နေခဲ့ပါတယ်။ ဒါ့အပြင် ကြမ်းခင်းတွေအားလုံးကတော့ အစိမ်းရင့်ရောင်ကြွေပြားတွေပါ။ အရမ်းကိုရိုးရှင်းပြီ သပ်ရပ်တဲ့ခံစားချက်က ကြည့်လိုက်ရုံနဲ့တင်အထင်သားပေါ်နေခဲ့ပါတယ်။ ခန်းမရဲ့အလယ်မှာတော့ စားပွဲရှည်ကြီးရှိပြီ ဘေးနှစ်ဖက်မှာတော့ ထိုင်ခုံနှစ်ဆယ်တိတိရှိနေခဲ့တယ်။ အဓိကထိုင်ခုံကတော့ ​တောင်ဖက်ကိုမျက်နှာမူပြီ မြောက်ဖက်အရပ်မှာတည်ရှိပါတယ်။

” အစ်ကိုကြီး ထန်မျိုးနွယ်ဖွံ့ဖြိုးတိုးတက်လာတာ ဘယ်လောက်အခြေအနေရှိနေပြီလဲ ကျွန်တော်နဲ့ညီငယ်လေးကို ပြောပြပါဦး ”

ဟယ့်ချိုက်ထို့က မေးလာခဲ့ပါတယ်။

” ထန်မျိုးနွယ်တိုးတက်တာက အတော်မြန်တယ် သူ့ရဲ့အရှိန်ကငါထင်ထားတာထက်တောင် ပိုပြီးမြန်သေးတယ်…ညီငယ်လေးပို့လိုက်တဲ့အဲ့ဒီပုံကြမ်းတွေကအဓိကတိုးတက်မှုဖြစ်စေတာပဲ ”

ဟို့ယွိဟောင် နေလကျောင်းတော်ထဲမှာမှတ်တမ်းတင်ထားသမျှအရာအားလုံးက ပေ့ပေ့ဆီကိုရောက်သွားခဲ့ပါပြီ။ ပေ့ပေ့ကလဲ ဒါတွေအားလုံးကို ပုံတူကူးပြီမှသာကျောင်းတော်ကိုအပ်တာပါ။ အခုအမျက်ဒေါသကျောင်းတော်ထဲမှာ နေလနိုင်ငံတော်ရဲ့ ၀ိညာဥ်လက်နက်ပုံကြမ်းတွေအားလုံးကို ပိုင်ဆိုင်ပြီနေပါပြီ။

ဒါပေမယ့် ဟို့ယွိဟောင် ဖန်တီးပြုလုပ်ထားတဲ့ ၀ိညာဥ်လက်နက်ပုံစံငယ်တွေကတော့ ထန်မျိုးနွယ်ထဲမှသာရရှိနိုင်မှာပါ။ ဒါ့အပြင် သူတို့တွေဟို့ယွိဟောင်နဲ့ ဆွေးနွေးပြီမှသာ ဒါကိုဆုံးဖြတ်ချက်ချရမှာပါ။ ဒီအကြောင်းကိုလဲ ပင်လယ်နတ်ဘုရားခန်းမဆောင်မှာရှင်းပြထားခဲ့ပြီးပါပြီ။

အဆုံးသတ်မှာ ထန်မျိုးနွယ်က ဆက်ပြီတိုးချဲ့ချင်တယ်ဆိုရင် ငွေကြေးကအများကြီးလိုပါလိမ့်မယ်။ ဒါ့အပြင် ငွေကြေးရှိမှသာ ပါရမီရှင်တွေနဲ့ ဉာဏ်ကြီးရှင်တွေကို များများစုဆောင်းနိုင်မှာပါ။ ငွေကြေးအထောက်အပံ့မရှိရင်း သင့်တော်အောင်စည်ပင်တိုးတက်ဖို့လဲ မလွယ်ပါဘူး။

အမျက်ဒေါသမြို့တော်ကတော့ ထန်မျိုးနွယ်ရဲ့အကောင်းဆုံးကျောထောက်နောက်ခံအင်အားတစ်ခုဖြစ်လာခဲ့ပါတယ်။ ကျောင်းတော်က ငွေကြေးအထောက်အပံ့ပေးနေသလို အပြင်နယ်မြေနဲ့ အတွင်းနယ်မြေကနေကျောင်းသားတွေအများကြီးကို မွေးထုတ်ပေးနေပေမဲ့ သူတို့ကကိုယ်ပိုင်မျိုးနွယ်စုတစ်ခုမရှိကြဘူးဆိုရင် သူတို့ဆန္ဒအတိုင်းထန်မျိုးနွယ်ကို၀င်ရောက်ဖို့ခွင့်ပြုပေးပါတယ်။

မျိုးနွယ်စုက ပြန်လည်တည်ထောင်ခါစဖြစ်တဲ့အတွက် ထန်မျိုးနွယ်ထဲကို၀င်ရောက်ချင်တဲ့သူကတော့ အတော်ကိုနည်းပါးခဲ့တယ်။ ဒါပေမယ့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနရဲ့မြန်မြန်ဆန်ဆန်တိုးတက်လာမှုကြောင့် ထန်မျိုးနွယ်က အနာဂတ်မှာ အကောင်းဆုံးနေရာတစ်ခုဖြစ်လာတော့မှာပါ။ ဒါက ပေ့ပေ့လိုမျိုးအမြင်ကျယ်တဲ့သူအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်။

ကျောင်းတော်ဆိုတာ ကျောင်းတော်တစ်ခုပါပဲ။ ကျောင်းတော်တွေက ပါရမီရှင်တွေကိုမွေးမြူးပေမဲ့ သူတို့မထိန်းသိမ်းထားနိုင်ပါဘူး။ အထူးသဖြင့် အပြင်နယ်မြေကနေ သင်ကြားမှုပြီမြောက်တဲ့ကျောင်းသားတွေအတွက်ဆိုပိုဆိုးပါသေးတယ်။ သူတို့တွေက အတွင်းနယ်မြေထဲကို ခြောက်နှစ်သင်ကြားမှုပြီးမြောက်ချိန်မှာမ၀င်ရောက်နိုင်ဘူးဆိုရင် ထွက်ခွာသွားရမှာပါ။ ဒါပေမယ့် မျိုးနွယ်စုတွေကတော့ ကွာခြားပါတယ်။ အကယ်၍ မျိုးနွယ်စုထဲကို၀င်ရောက်ပြီဆိုရင် သေချာပေါက် တစ်ဘ၀တာလုံးနေထိုင်နိုင်မှာပါ။

မျိုးနွယ်စုကသာကောင်းကောင်းအင်အားကြီးမယ်ဆိုရင် ငွေကြေးအထောက်အပံ့နဲ့သင့်တော်တဲ့ကျင့်ကြံမှုကိုလဲ ဖန်တီးပေးနိုင်ပါတယ်။ ဒါဆိုရင် သူတို့တွေလဲ ပါရမီရှိသူတွေကိုအများကြီးကောင်းကောင်းမွေးမြူးပေးနိုင်ပါလိမ့်မယ်။ ဒီအကြောင်းကြောင့်သာ အမျက်ဒေါသကျောင်းတော်က အကြီးအကဲမုမဆုံးပါးခင်အချိန်မှာကိုယ်ပိုင်မျိုးနွယ်စုကိုတည်ထောင်ဖို့အစီအစဥ်တစ်ခုအကြံပြုခဲ့ပါတယ်။

ဒါပေမယ့် အမျက်ဒေါသကျောင်းတော်က အရမ်းကိုကျော်ကြားလွန်တာကြောင့် မျိုးနွယ်စုတစ်ခုကိုတည်ထောင်ဖို့ဆိုတာ အဆင်မပြေလှပါဘူး။ ဒါတွေက ပဋိပက္ခတွေကိုဖြစ်စေပါလိမ့်မယ်။

ထန်မျိုးနွယ်ကတော့မတူပါဘူး။ သူ့ရဲ့သမိုင်းကြောင်းက ရှည်လျားတဲ့အပြင်အမျက်ဒေါသကျောင်းတော်နဲ့လဲ ရင်းနှီးတဲ့ဆက်သွယ်မှုရှိနေခဲ့ပါတယ်။ ဒါကြောင့် အမျက်ဒေါသကျောင်းတော်ကို အထောက်အပံ့အဖြစ်ယူပြီ ထန်မျိုးနွယ်ကိုဖန်တီးတယ်ဆိုတာက ဆိုးရွားတဲ့ရွေးချယ်မှုမဟုတ်ပါဘူး။

ပေ့ပေ့အနေနဲ့ တစ်ဘ၀တာမှာနောင်တအရဆုံးကိစ္စကတော့ အဲ့ဒီနေ့ရက်တွေမှာတိကျခိုင်မာတဲ့သတင်းမရခဲ့သလို ထန်ယာ့ကိုသတင်းကောင်းပို့မပေးနိုင်ခဲ့တာပဲ ဒါကြောင့် အရာအားလုံးနေရာတကျရှိအောင် သူလုပ်ဖို့ကြိုးစားနေပြီမှသာသူမကိုအံ့ဩစရာကောင်းတဲ့လက်ဆောင်တစ်ခုပေးချင်ခဲ့တယ်။ ဒါပေမယ့် ထန်ယာ့ကအရိပ်တောင်မမြင်ရပဲပျောက်ကွယ်သွားမယ်လို့ သူတွေးတောင်မတွေးခဲ့မိပါဘူး။

” ထန်မျိုးနွယ်ကိုအဓိကအပြင်ခန်းမနဲ့ အတွင်းခန်းမဆိုတာနှစ်ခုခွဲထားတယ်..ငါတို့ရဲ့အတွင်းခန်မနဲ့ အပြင်ခန်းမက ကျောင်းတော်နဲ့မတူဘူး…အတွင်းခန်းမက စီမံခန့်ခွဲရေးကိစ္စတွေ ၀ိညာဥ်လက်နက်တွေကိုထုတ်လုပ်တာတွေနဲ့ အဓိကအုပ်ချုပ်ရေးကိစ္စတွေကိုတာ၀န်ယူတယ်…အပြင်ခန်းမကတော့ ငါတို့ရဲ့အပြင်လောကမှာဖြစ်နေတဲ့ကိစ္စတွေနဲ့ ပြင်ပစည်းမျဥ်းစည်းကမ်းတွေပေါ်မှာ အဓိကတာ၀န်ရှိတယ်…ဥပမာအားဖြင့်ဆိုရင် အပြင်နယ်မြေက တိုက်ပွဲတွေတိုက်ခိုက်တာနဲ့ ပြင်ပလူတွေပူးပေါင်းဆောင်ရွက်တာနဲ့ ဆက်သွယ်တာတွေကိုအဓိကလုပ်ဆောင်ပေးရတယ်…အတွင်းနယ်မြေကတော့လူသုံးဆယ်ကျော်ရှိတယ်…ဒါ့အပြင် လက်မှုပညာရှင်တွေလဲတချို့ရှိနေသေးတယ်…အပြင်ခန်းမကတော့ လူတစ်ရာကျော်နီးပါးရှိတယ်…ဒါ့အပြင် ငါတို့တစ်လတစ်လချင်းဆီတိုင်းမှာ မင်းရဲ့ကျုးကော်နတ်လေးမြားအမြောက်တွေကိုတော့ ဆယ်ခုလောက်ထုတ်နိုင်တယ် ..ဒါကငါတို့လုပ်နိုင်သလောက်အမြန်ဆုံးနှုန်းပဲကျောင်းတော်နဲ့မြို့ထဲကပဲအဓိက၀ယ်ကြတယ် ”

” စန်းရှီကတော့ အပြင်နယ်မြေကိုအဓိကတာ၀န်ယူထားရတဲ့သူ ငါတို့တွေအခုမှတည်ဆောက်ခါစဆိုတော့ အပြင်နယ်မြေရဲ့ကျောင်းသားတချို့ကိုခေါ်လိုက်နိုင်ပြီးပြီ ဒါပေမယ့် အတွင်းနယ်မြေရဲ့ဘယ်ကျောင်းသားကမှ ငါတို့ဆီ၀င်မလာဘူး…ဒါပေမယ့် ထန်မျိုးနွယ်သာအားကောင်းကောင်းနဲ့တိုးတက်လာမယ်ဆိုရင် ယုံကြည်တယ် ”

အဲ့ဒီနောက် ထန်မျိုးနွယ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေအကြောင်းကိုပေ့ပေ့က ရှင်းပြပါတယ်။ အတွင်းနယ်မြေ အပြင်နယ်မြေတွေရဲ့ဌာနခွဲပုံတွေကိုပါ သူသေချာပြောပြနေခဲ့တယ်။

ထန်မျိုးနွယ်ရဲ့၀ိညာဥ်လက်နက်တည်ဆောက်မှုက ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်နဲ့ အတော်ကိုတူညီပါတယ်။ သူတို့တွေက မြေအောက်ထဲမှာထည့်ထားတာမဟုတ်ပေမဲ့ အဓိကအလုပ်ရုံတော်တော်များများကတော့ မြေအောက်ထဲမှာတည်ဆောက်လို့ထားခဲ့တာပါ။ ဒါ့အပြင် အဓိကပစ္စည်းတွေအားလုံးကိုလဲ မြေအောက်မှာသာပြုလုပ်ပါတယ်။ အပေါ်ဖက်မှာကတော့ သာမန်ပါ၀င်ပစ္စည်းတွေကိုသာဖန်တီးကြပါတယ်။

ထန်မျိုးနွယ်လက်ရှိအချိန်မှာထုတ်လုပ်ရောင်းချနေတဲ့တစ်ခုတည်သောလက်နက်ကတော့ ကျုးကော်နတ်လေးမြားပါပဲ။ ဒါ့အပြင် အမြောက်ဆံတချို့လဲပါနေခဲ့တယ်။ သူတို့တွေအနေနဲ့ ပိုပြီးများပြားတဲ့၀ယ်ယူမှုတွေကို လုပ်ဆောင်နိုင်ဖို့အတွက်အနည်းဆုံးနှစ်နှစ်လောက် အချိန်ပေးရဦးမှာပါ။

” မင်းပြန်လာတာကို စောင့်နေတာ ဒီကိစ္စကိုဆွေးနွေးဖို့ပဲ ယွိဟောင် ကျူးကော်နတ်လေးမြားကိုအပြင်ဖက်ဆီရောင်းချနိုင်မယ်လို့ထင်လား အကယ်၍ အပြင်ဖက်ဆီကိုရောင်းချမယ်ဆိုရင် သေချာပေါက် အရောင်းအ၀ယ်နှုန်းကမြင့်လာလိမ့်မယ်…လူအင်အားကပြဿနာမဟုတ်ဘူး…ဒါ့အပြင် ကျောင်းတော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနက ငါတို့နေရာကိုလာပြီတော့ အလုပ်သင်တွေပို့ပေးချင်နေတယ်…ငါတို့လဲဒါဆိုရင် ဗျူဟာအခင်းအကျင်းဖန်တီးတဲ့အချိန်မှာ အကူအညီရတာပေါ့ ”

ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” အစ်ကိုကြီး အကယ်၍ကျွန်တော်တို့ကျူးကော်နတ်လေးမြားနဲ့ပတ်သက်ပြီ တင်းပို့တာမျိုးမလုပ်ရင်ကောင်းလိမ့်မယ်…အကယ်၍ ငွေကြေးကသာအဆင်ပြေတယ်ဆိုရင် သူတို့တွေကိုများများထုတ်ပြီ တချို့တွေကိုသိုလှောင်ထားလို့ရတယ်…ဒါပေမယ့် ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲပြီတဲ့နောက်မှသာ သူတို့တွေကို ပြင်ပဆီရောင်းဖို့ဆွေးနွေးကြတာပေါ့ ”

” ကျုးကော်နတ်လေးမြားအမြောက်ရဲ့ ပြိုင်ဘက်ကင်းတဲ့ပုံစံနဲ့ဆိုရင် နေလနိုင်ငံတော်ရော ထျန်းဟွမ်နိုင်ငံတော်နှစ်ခုစလုံးက အရမ်းကိုစိတ်၀င်စားလိမ့်မယ်…ထုတ်လုပ်တဲ့ပုံစံကလဲရှုပ်ထွေးလွန်ပေမဲ့ တန်ဖိုးကြီးပစ္စည်းတွေအများကြီးမလိုအပ်ဘူး ”

” အမြောက်ခွံတစ်ခုထဲနဲ့တင် ငါတို့တွေတော်တော်လေးလုပ်ဆောင်နေရပြီးပြီ ကျောင်းတော်နဲ့လဲဆွေးနွေးပြီးပြီ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနက ငါတို့ငှားရမ်းဖို့အတွက် အတော်ဆုံးလက်မှုပညာရှင်တွေကို ထုတ်ပေးလိမ့်မယ်…ဒါဆိုရင်အခွံတွေအများကြီးလုပ်ပေးနိုင်လိမ့်မယ်…ရွေ့လျား၀ိညာဥ်အမြောက်ခွံတွေက အမျက်ဒေါသမြို့တော်အတွက် သိုလှောင်ပြီးပြီ ဒါကြောင့် အခုလက်ရှိအချိန် အပြင်လောကကိုအဆင့်လေးအောက်တွေပဲရောင်းလို့ရမယ်…ဒါဆိုရင် အများကြီးလဲထုတ်လုပ်လို့အဆင်ပြေမယ် ”

” အစ်ကိုကြီး ဒီဆုံးဖြတ်ချက်ကို ကိုယ်ဘာသာကိုယ်လုပ်လို့ရတယ်လေ”

” မင်းရဲ့ကျူးကော်နတ်လေးမြားကို ငါတို့ပထမဆုံးစမ်းပြီပြစ်တဲ့အချိန် ငါရော ရှု့စန်းရှီရောနှစ်ယောက်စလုံးလန့်သွားခဲ့တယ်…အကယ်၍ ငါတို့သာပစ်မှတ်ခံထားရမယ်ဆိုရင် သေချာပေါက် မထိခိုက်ပဲလွှတ်မှာမဟုတ်လောက်ဘူး…ဒါပေမယ့် ထန်မျိုးနွယ်ရဲ့ထုတ်လုပ်မှုကလဲ အရမ်းကိုအကန့်အသတ်ရှိနေသေးတယ်..အကယ်၍ ငါတို့တွေဆက်ပြီတိုးတက်ချင်သေးတယ်ဆိုရင် နောက်ထပ်ပိုက်ဆံတွေပိုလိုလိမ့်မယ်…ဒါကြောင့် ငါတို့တွေစစ်ပွဲက အမြတ်ထုတ်ရမဲ့အပြင် ပဋိပက္ခတွေဆိုတာဖြစ်ကိုဖြစ်လာစေရမှာပဲ ”

ဒါတွေကိုပြောနေရင်း သူ့မျက်လုံးထဲမှာစိတ်ဖိစီးမှုတွေက တိုးပွားလို့လာခဲ့ပါတယ်။

” နေလနိုင်ငံတော်က အခုလွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာအရမ်းကိုရိုင်းစိုင်းကြမ်းတမ်းလာတယ်…ဒါ့အပြင် ပလ္လင်အတွက်လဲတိုက်ခိုက်နေတဲ့ကိစ္စကလဲ ကြီးမားနေပြီ လက်ရှိအချိန်မှာ အိမ်ရှေ့စံမင်းသားကအဓိကအသာစီးရထားတယ် ဒီတော့ စစ်ပွဲဖြစ်လာမယ်ဆိုတာက ထီးနန်းအခြေငြိမ်သွားတာနဲ့မလွဲမသွေးပဲ ”

” ခြေထောက်မရှိတဲ့ကောင်လား ”

ဟယ့်ချိုက်ထို့က တစ်ချက်တောင်မကြောက်ပဲမေးလာခဲ့ပါတယ်။

” အဲ့အကောင်ကိုအထင်မသေးနဲ့ အဲ့ဒီ ရွှီချန်ယန်ရဲ့ လုပ်ဆောင်နိုင်စွမ်းကအထင်ကြီးစရာကောင်းတယ်…ဒီကောင်ကလဲသတ္တိရှိသလို ဉာဏ်လဲများတဲ့အပြင် စစ်ပွဲထဲမှာအရမ်းကိုရင်ဆိုင်ရခက်မဲ့ကောင်ပဲ ”

” အကယ်၍ ယွိဟောင်သာပုံကြမ်းတွေကိုမပို့ပေးထားဘူးဆိုရင် သော့်လော့တိုက်ရဲ့အဓိကနိုင်ငံသုံးခုစလုံးက ၀ိညာဥ်လက်နက်တွေကိုတည်ဆောက်တဲ့နေရာမှာအတော်ကို သေချာပေါက် သူတို့ထက်အများကြီးနောက်ကျကျန်နေဦးမှာပဲ သူတို့တွေက အဆင့်မြင့်လက်နက်တွေနဲ့ များပြားတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို အားကိုးပြီကြယ်တာရာလော့နိုင်ငံတော်မဟုတ်ရင် ထျန်းဟွမ်နိုင်ငံတော်ကို လုံး၀ချေပျက်သွားအောင်တိုက်ခိုက်ပြစ်လိမ့်မယ် ”

အပိုင်း ၂၀၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset