Chapter – 13.4 ” ထူးဆန်း ရေ ဆေးလုံး ”
°°°
သူ့ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်သွားတာကို ဟို့ယွိဟောင်က ကောင်းကောင်းသိနေခဲ့ပါတယ်။ ဒီလိုသာမဟုတ်ရင် နှစ်၀က်လောက်ကျင့်ကြံဆင့်ကို ရုတ်တရက်တစ်ညထဲရရှိလိုက်မှာ မဟုတ်ပါဘူး။
ဟို့ယွိဟောင် နှလုံးသားတစ်ခုလုံး သံသယ၀င်တဲ့အချိန်မှာပဲ သူအခန်းတံခါးက ပွင့်လာပါတော့တယ်။
၀မ်သုန့်ကတော့ တံခါးကနေ ခေါင်းတိုးရင်းနဲ့ အခန်းထဲကို နှာခေါင်းတစ်ရှုံ့ရှုံ့လုပ်ပြီ ၀င်လာခဲ့တယ်။ အနံ့မနံနေမှသိမှသာ သူဖြည်းဖြည်းချင်းဆိုသလို ပြန်၀င်လာရင်း သူ့ရဲ့ အိပ်ယာလှိမ့်ကိုလဲ ဖက်လာခဲ့ပါတယ်။
အိပ်ယာလှိမ့်ကို အိပ်ယာခင်းပေါ်မှာ ပြန်တင်ထားလိုက်ရင်း ဟို့ယွိဟောင်ကို မကျေမနပ်နဲ့ ပြောလိုက်တော့တယ်။
” မင်းတကယ်ကောင်းတာပဲ မနေ့ညတုန်းက မင်းရဲ့လူသားခန္ဓာကိုယ်နဲ့ အရိုးတွေအားလုံးကို ခွာချပြစ်လိုက်ပြီး ဒါပေမယ့် ငါ့ကိုတော့ အိမ်ပြန်အောင်မလုပ်နိုင်ပါဘူး…ဒီနေ့တော့ မနက်စာ မင်းငါ့ကိုကျွေးရမယ် ”
ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ကို တအံ့တဩနဲ့ ကြည့်နေခဲ့ပါတယ်။
” ၀မ်သုန့်မနေ့ညမှာ ငါမှာဘာဖြစ်သွားတာလဲ ငါနိုးလာတော့ တစ်ကိုယ်လုံးငါးညှီးနံ့တွေ နံနေတာကို တွေ့လိုက်ရတယ်…ကျင့်ကြံဆင့်ကလဲ အများကြီးတက်သွားပြီး မင်းပြောလိုက်သလိုပဲ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ အရိုးတွေအားလုံး ကွာချသွားသလိုတော့ ခံစားမိတယ် “‘
၀မ်သုန့်ရဲ့ လက်ကောက်၀တ်ကနေ ရွှေရောင်အလင်းတန်းတစ်ချို့ ထွက်ပေါ်လာပြီး တောက်ပလုံး၀င်တဲ့ သတ္ထုဘောလုံးလေးတစ်ခုက သူ့လက်ပေါ်မှာပေါ်လာပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို အဲ့ဒီဘောလုံးနဲ့ သူပြစ်ပေါက်လိုက်တယ်။
” မင်း၀ိညာဥ်စွမ်းအား ဘယ်လောက်အထိ တက်လာလဲကြည့်ရသေးတာပေါ့ ငါ့ရဲ့ဒီ၀ိညာဥ်ပစ္စည်းက လူတွေရဲ့၀ိညာဥ်စွမ်းအားကို အဆင့်တစ်ဆယ့်ကနေ ဆယ့်သုံးအထိ စမ်းသပ်လို့ရတယ်…၀ိညာဥ်စွမ်းအားထည့်လိုက် “‘
ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။ အဲ့ဒီနောက် သတ္ထုဘောလုံးကို ဆွဲရင်းနဲ့ ၀ိညာဥ်စွမ်းအားတစ်ချို့ကို ထည့်သွင်းလိုက်တယ်။
ဘောလုံးလေးက မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းတွေ တောက်ပလို့လာခဲ့ပြီး အပြင်ကို လျှံထွက်လာခဲ့ပြီး အဲ့ဒီနောက် နံပါတ်တစ်ခုက ပေါ်လာပါတော့တယ်။ ပထမဆုံးအနေနဲ့ ဆယ့်တစ်မှာ ရပ်နေခဲ့ပြီး ခပ်မြန်မြန် ဆယ့်နှစ်ကိုခုန်တက်လို့သွားခဲ့တယ်။ အဲ့ဒီနောက် ဆယ့်နှစ်ကိုရောက်ချိန်မှာ တုန်ခါလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က စွမ်းအားအပြည့်အ၀ကို သုံးပြီသားဖြစ်ပါတယ်။ ဒါပေမယ့် နံပါတ်တွေကို ထပ်ပြီမပြောင်းနိုင်တော့ပါဘူး။
” ထူးဆန်းရေဆေးလုံးက အတော်ကိုကောင်းတာပဲ တစ်ညထဲနဲ့ မင်းရဲ့၀ိညာဥ်စွမ်းအားကို အဆင့်နှစ်ဆင့်နီးပါး တိုးပေးနိုင်လိုက်တယ်…လက်ရှိအချိန် မင်းက အဆင့်ဆယ့်နှစ်ရဲ့ ထိပ်ဆုံးမှာရောက်နေပြီး အဆင့်ဆယ့်သုံးရောက်ဖ်ို့ တစ်လှမ်းထဲလိုတော့တယ် ”
” မင်းပြောတာ အမှန်ပဲလား ထူးဆန်းရေဆေးလုံးဆိုတာ ဘာကြီးလဲ ”
၀မ်သုန့်ကတော့ စမ်းသပ်ရေးကိရိယာကို ပြန်ယူရင်းပြောလိုက်ပါတယ်။
” ငါ့ရဲ့၀ိညာဥ်လက်နက်က လူတွေရဲ့၀ိညာဥ်အဆင့်ကို စမ်းသပ်တဲ့အချိန်မှာ အရမ်းကို တိကျတယ်…ဒါ့အပြင် မင်းကိုလိမ်လို့ ငါဘာအကျိုးအမြတ်ရမှာလဲ ပြောရမယ်ဆိုရင် အစ်ကိုကြီးပေ့ပေ့ကို မင်းသွားပြီး ကျေးဇူးတင်သင့်တယ်..ဘယ်လောက်တောင် ခင်မင်နေကြလို့ အဲ့ဒီလို ရွှေပြားတစ်သောင်းတန်ကြေးရှိတဲ့ ထူးဆန်းရေဆေးလုံးပေးရတာလဲ သတိလစ်နေတဲ့အချိန်မှာ မင်းကို တိုက်သွားတာ ငါတွေ့လိုက်တယ်…သူက ဆေးလုံးကို မှားပေးတယ်လို့တောင် ငါထင်နေတာ ”
ဟို့ယွိဟောင်ရဲ့ တအံ့တဩဖြစ်နေတဲ့ မျက်နှာကို မြင်ချိန်မှာ ၀မ်သုန့်က ရှင်းပြပါတော့တယ်။
” ထူးဆန်းရေဆေးလုံးဆိုတာက အရမ်းကိုထူးဆန်းတဲ့ ဆေးလုံးတစ်ခုပဲ ပြောရမယ်ဆိုရင် အဲ့ဒီဆေးလုံးကို တီးထွင်းတာက ရေကိုအသုံးပြုတဲ့ မျိုးနွယ်စုကပဲ ဘယ်မျိုးနွယ်လဲတော့ ငါမသိဘူး…ဒါပေမယ့် အဲ့ဒီဆေးလုံးကို သန့်စင်ပေးပြီးသွားပြီဆိုရင် အတော်ကို အံ့ဩစရာကောင်းတဲ့ ရလဒ်တစ်ခုကို ရရှိနိုင်တယ်…ဒါ့အပြင် အဲ့ဒီဆေးလုံးကို ဖန်တီးဖို့အတွက် ရေအမျိုးအစား ၀ိညာဥ်သားရဲကောင် ဆယ့်ကောင်ထက် မနည်းတဲ့သွေးတွေကို လိုအပ်လိမ့်မယ်…ဒါ့အပြင် ရေအမျိုးအစားအပင်တွေလဲ အများကြီးလိုတယ်…သားရဲကောင်သွေးနဲ့ အပင်တွေကို တိကျသေချာတဲ့ နည်းလမ်းတစ်ခုနဲ့ ရောနှောပြီမှသာ အောင်အောင်မြင်မြင် သန့်စင်နိုင်လိမ့်မယ်…ဒါ့အပြင် သင့်တော်အောင်လဲ ပြုပြင်ပြောင်းလဲပေးပြီမှ ဆေးလုံးကိုရရှိနိုင်တာ အဲ့ဒီဆေးလုံးက ကုသရေးအတွက် အသုံး၀င်ရုံတင်မကဘူး ၀ိညာဥ်စွမ်းအားကိုလဲ အတိုင်းအတာတစ်ခုထိ တိုးတက်စေနိုင်တယ်…ဒါ့အပြင် သူ့ရဲ့ဆေးပညာအရပ် ဂုဏ်သတ္တိတွေက အတော်လေးကို ကောင်းမွန်လွန်တယ်…ဘယ်အဆင့်အတန်းမှာရှိနေတဲ့ ၀ိညာဥ်ပညာရှင် ဖြစ်ပါစေ အဲ့ဒီဆေးလုံးကို စုပ်ယူနိုင်တယ်…အဆင့်နှစ်ဆယ့်ရဲ့အောက်မှာရှိနေတဲ့ ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သူတို့ရဲ့ ၀ိညာဥ်စွမ်းအားကို အနည်းဆုံးတစ်ဆင့်တိုးမြင့်စေနိုင်တယ်…ဒါ့အပြင် အရေးကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံးအရာကတော့ ရိုးတွင်းခြင်းဆီကို သန့်စင်ပြီ ကြွက်သားတွေကို ပြောင်းလဲစေနိုင်တာပဲ ”
” ပုံမှန်အတိုင်း ရေချိုးလိုက်တဲ့အချိန် ခန္ဓာကိုယ်အပြင်ဘက်က အညစ်အကြေးတွေကို ငါတို့တွေ သန့်စင်ပြစ်တယ်မလား ထူးဆန်းရေဆေးလုံးကတော့ ငါတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မသန့်စင်မှုတွေကို ရှင်းလင်းပေးတာ သောက်သုံးတဲ့ဘယ်သူအတွက်မဆို အရမ်းကိုအသုံး၀င်တယ်…ဒါ့အပြင် ပါရမီအရမ်းရှိတဲ့ ပညာရှင်တွေအတွက်တော့ ဒါက ရွှေပေါ်ကို ရွှေထပ်လိုက်သလိုပဲ သာမန်စွမ်းရည်ရှိတဲ့ ၀ိညာဥ်ပညာရှင်တွေအတွက်တော့ မီးသွေးကို စိန်တုံးအဖြစ် ပြောင်းလဲပြစ်လိုက်တာနဲ့တူတယ်…ခန္ဓာကိုယ်ထဲက ရှိရှိသမျှ မသန့်စင်မှုတွေအားလုံးကို သန့်စင်ပေးပြီ သူတို့ရဲ့ စွမ်းအင်အရင်းအမြစ်တွေကို အားကောင်းစေတယ်…ဒါက သာမန်၀ိညာဥ်ပညာရှင်တွေကိုတောင် အနာဂတ်မှာ အတွင်းပါရမီကောင်းတဲ့ သူဖြစ်လာအောင် ပြောင်းလဲပေးနိုင်တဲ့အရာပဲ နောက်တစ်နည်းပြောရမယ်ဆိုရင် မင်းရဲ့ အတွင်း၀ိညာဥ်စွမ်းအားက အရမ်းကို အားနည်းလွန်ပြီ ပထမအဆင့်မှာ ရှိနေခဲ့မယ်ဆိုရင်တောင် ထူးဆန်းရေဆေးလုံးတစ်လုံးကို သောက်ပြီတာနဲ့ ဒုတိယအဆင့်ကို ရောက်ရှိသွားနိုင်တယ်…ဒါက အရေအသွေးကိုပြောင်းလဲစေနိုင်တဲ့ ဆေးလုံးပဲ ”
၀မ်သုန့်က ပုံမှန်အတိုင်းသာ ရှင်းပြနေတာဖြစ်ပေမဲ့ ဟို့ယွိဟောင်ရဲ့ အတွင်းစိတ်၀ိညာဥ်စွမ်းအားက ပထမအဆင့်မှာ ရှိနေခဲ့တာကို သူတကယ်မသိခဲ့ပါဘူး။
ဟို့ယွိဟောင်ကတော့ သူပြောပြတဲ့စကားတွေကို ရှင်းရှင်းလင်းလင်း နားလည်လို့သွားပါတော့တယ်။ ဆေးလုံးတစ်လုံးကို သောက်လိုက်တာက အဆင့်တစ်ဆင့် မြင့်တက်ပေးနိုင်ရုံတင်မကပဲ အရိုးနဲ့အသွေးအသားတွေကိုတောင် ပြောင်းလဲလို့သွားစေခဲ့တယ်။ သူ့ရဲ့ ကျင့်ကြံဆင့်ကလဲ အများကြီး တက်သွားခဲ့ပါပြီ။ သူက ၀မ်သုန့်လို ပေ့ပေ့တို့လို ပါရမီရှိတဲ့သူမျိုး မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်သာ ဖြစ်တဲ့အတွက် အရာအားလုံးက သူ့အတွက်ခက်ခဲခဲ့ပါတယ်။
” ဆရာတူအစ်ကိုကြီး ”
ဟို့ယွိဟောင် စိတ်မထိန်းနိုင်ပဲ မျက်ရည်တောင်ကျလာပါတော့တယ်။ သူ့ရဲ့ဆရာတူအစ်ကိုကြီးပေးလိုက်တဲ့ဆေးလုံးက ရွှေပြားတစ်သောင်းတန်တဲ့ ဆေးလုံးပါ။ ပေ့ပေ့ရဲ့ သနားကြင်နာတတ်မှုက သူ့နှလုံးသားထဲမှာ အရမ်းကို နက်နက်ရှိုင်းရှိုင်း စိုက်၀င်လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့ကံတရားက အရမ်းကိုကောင်းပါတယ်။ ၀မ်သုန့်ရဲ့ ရှင်းပြမှုက မမှန်ကန်တာတော့ မဟုတ်ပါဘူး။ ပုံမှန်အခြေအနေမျိုးမှာ ထူးဆန်းရေဆေးလုံးက သူပြောပြသလိုအသုံး၀င်မှာ အမှန်ပါပဲ။
ဒါပေမယ့် ဟို့ယွိဟောင်က အကောင်းဆုံးအချိန်မှာ အသုံးချမိသလို ဖြစ်သွားခဲ့ပါတယ်။ ခါးသီးတဲ့ ကျင့်ကြံမှုကို ဖြတ်သန်းလာရပြီတဲ့နောက် သူ့ရဲ့ ခန္ဓာကိုယ်က အဆုံးစွန်းအထိ အခြေအနေကို ရောက်ရှိလို့နေခဲ့ပါတယ်။ ထူးဆန်းရေဆေးလုံးကို သောက်သုံးလိုက်ပြီချိန်မှာတော့ နောက်ဆုံးတွန်းအားပေးမှုကို သူရရှိသွားတော့တယ်။ ဒါ့အပြင် ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ အဆင့်ကျော်တိုးတက်မှုတစ်ခုကို သူက သိပ်မကြာခင်အချိန်မှာပဲ နားလည်ခဲ့ရတာပါ။
ဟို့ယွိဟောင်ရဲ့အသိစိတ်က သူ့ကို သတိလက်လွှတ်ဖြစ်စေတဲ့အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့်သာ ထူးဆန်းရေဆေးလုံးကို စုပ်ယူချိန်မှာ ဒီဆေးလုံးရဲ့ သက်ရောက်နိုင်စွမ်းတွေကို မထိန်းချုပ်မိတာပါပဲ ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံး ပြန့်နှံ့သွားခဲ့တဲ့အတွက် အကျိုးသက်ရောက်မှုကလဲ ပိုပြီး ကောင်းသွားခဲ့ပါတယ်။
ဒါ့အပြင် နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုလဲရှိနေပါသေးတယ်။ ထူးဆန်းရေဆေးလုံးက ရေအမျိုးအစားဆေးလုံးတစ်ခုပါ။ ဟို့ယွိဟောင်ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်ကလဲ ရေခဲအမျိုးအစားပါပဲ။ ရေနဲ့ရေခဲက သိပ်ပြီး မကွာခြားတဲ့အတွက် စုပ်ယူမှုကလဲ ပိုပြီး အကျိုးအမြတ်ရှိသွားခဲ့ပါတယ်။
ဒါ့အပြင် ထူးဆန်းရေဆေးလုံးရဲ့ ခန္ဓာကိုယ်ပြန်လည်တည်ဆောက်မှုက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စွမ်းအားအရင်းအမြစ်ဆယ့်ခုထဲက တစ်ခုဖြစ်တဲ့ ချိတ်ပိတ်မှုကိုလဲ အတိုင်းအတာတစ်ခုအထိ ပြိုကွဲလို့သွားစေခဲ့ပါတယ်။ ကျဆင်းလာတဲ့စွမ်းအင်တစ်ချို့က သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းလို့သွားတာကြောင့် စိတ်၀ိညာဥ်စွမ်းအားတိုးတက်မှုကလဲ ပိုအားကောင်းလို့သွားခဲ့ရတယ်။ ဒါကြောင့်သာ အမြင်အာရုံက မီတာသုံးဆယ်အာရုံခံနိုင်စွမ်းကနေ မီတာလေးဆယ်အထိ တိုးမြင့်သွားခဲ့ရတာလဲ ဖြစ်ပါတယ်။
ထူးဆန်းရေဆေးလုံးက ဟို့ယွိဟောင်ခန္ဓာကိုယ်နဲ့ စွမ်းအင်အားလုံးကို တိုးမြင့်စေဖို့အတွက် ကူညီပေးနိုင်နေခဲ့တယ်။ ဒါကြောင့်သာ ဒီလိုကြီးမားတဲ့ အပြောင်းအလဲကို တွေ့ကြုံလိုက်ရတာလဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အနာဂတ်ကျင့်ကြံဖို့အတွက် ကြီးမားတဲ့ အကျိုးအမြတ်ကို သူရရှိလို့သွားခဲ့ပါပြီ။ ခရမ်းရောင်နတ်ဆိုးမျက်လုံးကလဲ တိုးတက်လို့သွားခဲ့တယ်။
ခရမ်းရောင်နတ်ဆိုးမျက်လုံးမှာ အဓိက နယ်မြေလေးခုရှိပါတယ်။ ထောက်လှမ်းမှု ပေါင်းစည်းမှု အစေ့ချစိုက်ပျိုးမှုနဲ့ အဆုံးမဲ့မှုပါပဲ။ ဟို့ယွိဟောင်က သူ့ရဲ့ စိတ်၀ိညာဥ်မျက်လုံးကို အသုံးပြုပြီး ခရမ်းရောင်နတ်ဆိုးမျက်လုံးကို လေ့ကျင့်ချိန်မှာတော့ ပုံမှန်လေ့ကျင့်မှုထက် အကျိုးအမြတ်နှစ်ဆကို ရရှိပါတယ်။ ဒါ့အပြင် ထူးဆန်းရေဆေးလုံးကလဲ ၀ိညာဥ်စွမ်းအားကို တိုးတက်စေနိုင်တဲ့အတွက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ မူလစွမ်းအားတွေကိုလဲ ကူညီအားဖြည့်လို့နေခဲ့တယ်။
ဒါကြောင့် ခရမ်းရောင်နတ်ဆိုးမျက်လုံးနဲ့ မူလစွမ်းရည်တို့ နှစ်ခုပေါင်းစည်းမှုက ခရမ်းရောင်ချည်တွေရဲ့စွမ်းအင်ကိုလဲ အများကြီး စုပ်ယူဖို့ ကူညီအားပြုလို့ပေးပါတယ်။ ဟို့ယွိဟောင်ရဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးကတော့ ပေါင်းစည်းမှုအဆင့်ကနေ အာရုံစိုက်မှုအဆင့်ကို ရောက်ရှိလို့သွားခဲ့ပါပြီ။ ဒါ့အပြင် ခရမ်းရောင်နတ်ဆိုးမျက်လုံးရဲ့ ကျင့်ကြံမှုသမိုင်းထဲမှာ သူက တိုးတက်မှု အမြန်ဆုံးသူပါပဲ။ ထန်မျိုးနွယ်ကို တည်ထောင်သူထန်စန်းထက်တောင် ပိုလို့ မြန်ဆန်းနေပါသေးတယ်။
ဟို့ယွိဟောင် မသိလိုက်တဲ့အရာကတော့ သူ့ခရမ်းရောင်နတ်ဆိုးမျက်လုံးရဲ့ တိုးတက်မှုက စိတ်၀ိညာဥ်စွမ်းရည်တွေကို ထိန်ချုပ်နိုင်စွမ်းတိုးတက်သွားစေနိုင်တဲ့အရာပါပဲ။ အနာဂတ်မှာ ၀ိညာဥ်စွမ်းရည်တွေကို အသုံးချမယ်ဆိုရင် ၀ိညာဥ်စွမ်းအား ကုန်ဆုံးမှုကလဲ အများကြီးနည်းပါးသွားပါလိမ့်မယ်။ ဟို့ယွိဟောင်ရဲ့ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ကြောင်တောင်တောင် ဖြစ်နေတဲ့ပုံစံကိုကြည့်ရင်း ၀မ်သုန့်က သူ့ပုခုံးကို လာပုတ်ပါတော့တယ်။
” သွားကြစို့ မနက်စာသွားစားမယ်…ငါဒီနေ့တော့ နှစ်ဆစားချင်တယ် ”
” ရတာပေါ့ သုံးဆစားစား လေးဆစားစား ကြိုက်သလောက်သာစား ”
၀မ်သုန့်ကတော့ မျက်လုံးပြူးသွားပါတော့တယ်။
” မင်း၀က်အစာကျွေးနေတာလား ”
သူပြောပြီလိုက်တာနဲ့ နှစ်ယောက်လုံးရယ်မောမိလိုက်ပါတော့တယ်။ မနေ့ညက ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒီလိုသက်တူရွယ်တူနှစ်ယောက်ကတော့ တကယ်ကို နှလုံးသားဖြူစင်ကြပါတယ်။
အပိုင်း ၁၃•၄ ပြီး၏။