Switch Mode

Chapter – 86

လျှို့ဝှက်ဆန်းကြယ်နယ်ပယ်

Chapter – 86 လျို့ ဝှက်ဆန်းကြယ်နယ်ပယ်

ချန်ရှန် နှုတ်ခမ်းများကွေးကာ ပြန်ပြောလိုက်တယ် ။
“ခင်ဗျား ဟို မိန်းမပြောသွားတာ မကြားဘူးလား ၊ ဒါ့ အပြင် ကျွန်တော် ခင်ဗျားကို ပြောဖူးခဲ့သားပဲ၊ သူမက ကျွန် တော့ သတို့သမီး လောင်းပါဆို”
ရွှီရှန်းရှန်း ရဲ့ ဂုဏ်သတင်းဟာ ချန်ဝူ နယ်ပယ်ကြီး တစ်ခုလုံးမှာ လျှပ်စီးလို ထင်ရှားနေပါတယ် ။ အဘယ် ကြောင့်ဆိုသော် အသက် ၁၅ နှစ်ဖြင့် စစ်မှန်သော သိုင်းပ ညာနယ်ပယ်က ပညာရှင် တစ်ယောက်ဖြစ်နေလို့ပါပဲ ။
ချန်ရှန် ဟာ ရွှီရှန်းရှန်း နဲ့ ယှဉ်လိုက်ရင် နောက်ကောက် ကျနေစဲ ဆိုတာ အထင်အရှားပါပင် ။
“မျိုးမစ်လေး ၊ မိန်းမကောင်းကို ရထားတာပဲ ။ သူမက မင်းလိုလူကို ဘာလို့များ လက်ထပ်ချင်ပါလိမ့်ကွာ”
ဇုရွန် မနာလိုမှုနဲ့ကြည့်နေကာ ချန်ရှန်၏ ပခုံးကို လှုပ် ပြီး ပြောပါတယ် ။ မသိရင် ချန်ရှန် ကို ရိုက်မလိုပါပဲ ။
ချန်ရှန် ၏ ဒဏ်ရာများဟာ ယခု ပိုမို သက်သာလာပါပြီ။ ဆေးဆရာမကြီး သွားတဲ့အခါ လူတိုင်းချန်ရှန်နား လာကာ အားပေးစကားများ ပြောကြတယ် ။ အားလုံးသော မျက်လုံး များမှာ လေးစားမှုများဖြင့် ပြည့်နေပြီး ကောင်းရာကောင်း ကြောင်းတွေသာ အကြံပေးပြောဆို ကြပါတော့တယ် ။
ရှောင်ဒို ၊ ဇန်ဒီ နှင့် ချန်ရှန် တို့ ၃ ယောက်သာ တတိယ အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတာပါ ။ အသက်ကွာခြား ချက် များစွာ ရှိကြသော်လည်း ၎င်းတို့ဟာ သူငယ်ချင်း ကောင်းများ ဖြစ်ကြတယ် ။ ဒါကြောင့် သူတို့ဟာ သူတို့ အချင်းချင်းအား မတိုက်ခိုက်ခိုင်းရန်သာ မျှော်လင့်ကြပါ တယ် ။ ဒီလိုမှမဟုတ် ရင် သူတို့အတွက် တော်တော် ခက် ခဲ မှာပါပဲ ။
ဒီအချိန်မှာ ချန်ရှန် သူ၏ အသက်ရှူပုံကို ထိန်းချုပ်ပြီး နာရီဝက်ခန့် နားနေရပါတယ် ။ ထို့နောက် ထိုဆေးဆရာမ ကြီးဟာ မည်သူဖြစ်မည်နည်းဟု စဉ်းစားမိနေပါတော့ တယ် ။
“အမတော်တို့ ၊ သဲလွန် စလေးဘာလေးများ မရနိုင် ဘူး လား”
ချန်ရှန် မေးလိုက်တယ် ။
“မရဘူး ၊ ဒါပေမယ့် ဒီမိန်းမကို မင်းသိစရာ မလိုပါဘူး ။ ဒီမိန်းမရဲ့ နှလုံးသားကို နားလည်ဖို့ ကြိုးစားရတာ တော်တော် ခက်တယ် ။ မင်းရဲ့ စ်ိတ်ကြီးဝင်မှု ယုံကြည် ချက် ရှိမှုတွေဟာ သူမကို တမျိုးတဖုံ မကျေနပ်စေတာ ဖြစ်ပြီး မင်းကို မုန်းနေတာပဲ ။ ဒီလိုကနေ အခုလိုတွေ ဖြစ် လာတာဖြစ်ပြီး မင်းကိုအပြင်စည်းမှာ နေစေချင်လို့များ လားပဲ”
စုမေးယို က ပြန်ဖြေပါတယ် ။
“ဒီ မိန်းမရဲ့ အားက မဆိုးလှပါဘူး ။ သူ့မှာ မီး ဝိဉာဉ် တော်လည်း ရှိနေတယ် ။ ငါထင်တာ မမှားရင် ဒါဟာ ခရမ်းရောင် လ မီးဝိဉာဉ်တော် ဖြစ်မှာပဲ”
ဘိုင်ယုယု က ပြောတာပါ ။
“ဟုတ်တယ် ။ ဒါဟာ ခရမ်းရောင် လ မီးဝိဉာဉ်တော် ပဲ ။ ဒဏ္ဍာရီ အရ လဟာ ရုတ်တရက် ခရမ်ရောင် ဖြစ် သွား ပြီး အငွေ့ တွေဟာ မော်တယ် လောက ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ် ။ မြေပြင်တစ်ခုလုံးဟာ ခရမ်းရောင် မီး တောက်တွေ လွှမ်မိုးသွားပြီးနေတာဟာ နှစ်ပေါင်း ၄၉၀၀၀၀ ကို ကြာတယ် ။ ဒီမီးတောက်တွေ ငြိမ်းသွားတဲ့ အခါမှာတော့ အသက်တွေ ၊ ပန်းတွေ ၊ မြက်တွေ နဲ့ သစ် ပင်တွေဟာ အမျိုးမျိုး စတင်ပေါ်ပေါက်လာတာပဲ ။ အဲဒိ အချိန်မှာ မီး ဆိုတာ ပေါ်လာပြီး အဲဒိမီးဟာ ခရမ်းရောင် လ ဝိဉာဉ်တော် မီး တောက် လို့ ခေါ်တယ် ။ ဒါပေမယ့် ဒါက ဒဏ္ဍာရီလေ ၊ ဒီမိန်းမက ဒီ ခရမ်းရောင် လ ကမ္ဘာက လာ တာလား ။”
စုမေးယို ပြောတာပါ ။
ချန်ရှန် ဒီ မီးဝိဉာဉ်တော် တစ်ခုက ဒီလိုမျိုး သမိုင်း ကြောင်း တကယ် ကို ရှိမယ်လို့ မထင်မိဘူး ။ ဒီ ညီအမ ၂ ယောက်ဟာ ကမ္ဘာပေါင်း များစွာကို သွားလာဖူးမယ်လို့ ထင်မှတ်နေပါတယ် ။
“ကျွန်တော် လည်း မသိဘူး ။ ကျွန်တော် သူ့ကို လက်ထပ်နိုင်မယ့် အချိန်ကို စောင့်ပါဦး ။ ပြီးရင်တော့ သူမ အကြောင်း ကျွန်တော် သေချာ ပြောပြနိုင်မှာပါ”
ချန်ရှန် စပ်ဖြဲဖြဲ ဖြင့် ပြောပါတယ် ။
“ငါတို့ ဘယ်လောက် စောင့်ရဦးမလဲ ဆိုတာတော့ ဘုရားပဲ သိလိမ့်မယ် ။ ဒီမိန်းမက နာဗာနာ နယ်ပယ် က ဖြစ်နိုင်တယ် ။ ဒီနယ်ပယ်ဟာ ဒီမော်တယ်လောက မှာ သက်တမ်း အရင့်ဆုံး ဖြစ်တည် တည်ရှိနေတယ့် နေရာပဲ”
စုမေးယို ပြောတာပါ ။
ဒဏ်ရာများကို ကုစားပြီးနောက် ချန်ရှန်ဟာ သူ၏ ကိုယ် တော်တော်ကြီးကို အားပြည့်လာတာကို အံ့သြစွာ ခံ စားမိနေပါတယ် ။ ဒါဟာ ချီဓာတ်များ တိုးမြင့်လာတယ် ဆိုတာ အထင်အရှားပါပဲ ။
တခဏတွင်းမှာပဲ ချန်ရှန် အားတွေ တိုးတက်လာတာ တော်တော် ကောင်းလာသလိုပါ ။ ချန်ရှန် ကိုယ်တိုင်ပင် အံ သြ မိနေတယ် ။ နောက်ပြီး ဆေးဆရာမကြီးဟာ သူ့ကို တကယ်ပဲ မလိုတမာ စိတ်မရှိဘူးလားဆိုတာ သံသယ ၀င် လာပါတယ် ။ သူ့ကို ပိုမို အရည်အသွေး ကောင်းလာစေ ရန် ဒီလိုတွေ စမ်းသပ်ခဲ့လေသလားဟု ထင်နေမိတယ် ။ ဒါပေမယ့်လည်း သူမလုပ်ခဲ့ခြင်းမှာ တော်တော် တော့ ပြင်း ထန် ရက်စက်ပါပေတယ် ။
“အတွင်းစည်း ကို ၀င်ပြီး ဆေးပညာခြံဝန်းထဲ လာဝန်ခံ ခိုင်းမှာကို စောင့်နေပါ ။”
ချန်ရှန် ဆုံးဖြတ်လိုက်တယ် ။ သူ ဒီမိန်းမ အကြောင်း ကို သိပ်သိချင်နေပါပြီ ။ ဒီလို သူမနဲ့ ဆုံဖို့က ဆေးပညာခြံ ၀န်းထဲ သွားမှသာ ဖြစ်ပါလိမ့်မယ် ။ သူမက ဒီခြံဝန်းရဲ့ ခေါင်း ဆောင် ဖြစ်နေလို့ပါ ။
ချန်ရှန် ၊ ရှောင်ဒို နဲ့ ဇန်ဒီ တို့ဟာ ဇုရွန် ရဲ့ ဦးဆောင်မှု နဲ့ ဂိုဏ်းရဲ့ အတွင်းဘက် အကျဆုံးအ ပိုင်းကို လိုက်သွား ကြပါတယ် ။ ချန်ရှန်နဲ့ တခြားလူများဟာ အရွယ်အစား အမျိုးမျိုး ရှိနေတယ့် ခြံဝန်းများကို မြင်နေရတယ် ။
“အမှတ် ၉၉ ခြံဝန်းတဲ့ ၊ ခု ကျွန်တော်တို့ သွားရမယ့်နေရာက ဘယ်မှာလဲ”
ရှောင် ဒို တံဆိပ်ခတ်ထားသည့် ခြံဝန်းအမှတ်များကို ကြည့်ရင်း မေးပါတယ် ။
“ သက်ကြီဝါကြီးတွေ ရဲ့ ခြံဝန်းကို သွားရမှာ င့ါရဲ့ တတိယ စစ်ဆေးမှုလုပ်တုန်းက ငါသွားဘူး တယ်”
ဇုရွန် ဟာ သူ၏ ဗိုက်ကို ပွတ်ပြီးပြောတယ် ။
“ဒီတတိယအဆင့်က ဒုတိယလောက် မပြင်းထန်ပါဘူး ၊ ခက်တော့ ခက်ခဲတာပဲ ။ ဒါပေမယ့် မင်းတို့ဒါကို ကျော်ရင် အကျိုးကျေးဇူး အများကြီး ရမှာပါ”
သက်ကြီးဝါကြီးတွေ နေတယ့် ခြံဝန်းကို သွားနေခြင်း ဖြစ်တာကြောင့် သူတို့ တော်တော် အံ့သြသွားတယ် ။ ဒီ လို နေရာတွေ ရောက်ရခြင်းဟာ ချန်ရှန်တို့အတွက် တကယ် ကို အနေကျုံ့ ကာ ဖိအားများ ခံစားနေရသလိုပါပဲ ။ ချန်ရှန် ကတော့ ပိုမို စိုးရိမ်နေတယ် ။ သူဟာ ဆေးဆရာမကြီးကို ကလန်ကဆန် လုပ်ထားတာကြောင့် ဒီသက်ကြီးခြံဝန်းတစ် ခုလုံးဟာ သူ့ကို သိပ်မကြည်နိုင်ပါဘူး ။ ဂိုဏ်းမှာ ကြာကြာ မနေရတော့မှာကိုတောင် ကြောက်နေပါတော့တယ် ။
“ဂိုဏ်းချုပ်က အလုံပိတ်တံခါးထဲမှာ လေ့ကျင့်နေတာ နှစ်ပေါင်းအတော်ကြာပြီ ။ ဒီကကိစ္စ အားလုံးကို စီစဉ်ကွပ် ကဲ တာက ဆရာကြီး ဝု ပဲ ဖြစ်တယ် ။ ဆေးဆရာမကြီးက တော့ အမြဲပျောက်နေတာ ၊ တစ်ခါတလေ သင်ခန်းစာလေး ဘာလေးတောင် သင်ပေးဖို့ ပေါ်မလာဘူး ။”
ဇုရွန် က ပြောတာပါ ။
“ဆရာကြီး ဝု က ဒီ တတိယစစ်ဆေးမှုကို လုပ်လိ့မ်မယ်”
ဆရာကြီး ဝု ဟာ ဒီဂိုဏ်းရဲ့ နံပါတ် ၃ နေရာမှ ခေါင်း ဆောင်ပါ ။ သူဟာ အရမ်းဖော်ရွေပြီး သဘောကောင်း တယ် ။ သူ့ရဲ့ ပညာစွမ်းရည်ဟာ အရမ်းကို မြင့်မားနေပေ မယ့်လည်း မာနထောင်လွှားခြင်း မရှိပေဘူး ။ သူ့လိုမျိုး သဘော ကောင်းတဲ့ လူတွေ ရှိနေလို့လဲ ချန်ရှန် တို့အဖို့ အနည်းငယ် အသက်ရှူချောင်ခြင်း ပါ ။ ဒါပေမယ့် ဟို ထူး ဆန်းတဲ့ မိန်းမ ဖြစ်တယ့် ဆေးဆရာမကြီးလို လူ ကိုတော့ ရင်မဆိုင်ချင်ကြပါဘူး ။
“ဒါက သက်ကြီးဝါကြီးတွေ ရဲ့ ခြံဝန်းလား ၊ နည်းနည်း တော့ ကွာခြားသလိုပဲ”
ရှောင်ဒို ဟာ ဒီဂိုဏ်းကြီးထဲမှာ ဒီလို နတ်ဘုံနတ်နန်း တစ်ခု ရှိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး ။ အဆောက်အဦး တစ်ခုမျှမရှိပဲ ရေကန်များ တောင်များသာ ရှိနေကာ ကြီး မားလှတဲ့ ကွင်းကြီးတစ်ခုထဲ တည်ရှိနေတာပါပဲ ။ ယခုဟာ ည အချိန်ဖြစ်သော်လည်း တောက်ပသော လမင်းကြီး နဲ့ ကြယ်များစွာဟာ ထိုနေရာမှာ လင်းလက်နေပါတယ် ။ တကယ်ကို လှပလှတဲ့ မြင်ကွင်းပါပဲ ။
“ဒီလို မြင်ကွင်းမျိုး ကျွန်တော် အပြင်မှာ မမြင်ဖူးဘူး ။ ဒါတင်မကဘူး အပြင်က ရှီမန် မြို့ ထက်တောင် ပိုကျယ်နေ သလိုပဲ”
ချန်ရှန် မရှင်းမလင်း ဖြစ်နေပုံပဲ ။
“ဟားဟားဟား ၊ ဒါက လျို့ ဝှက်ဆန်းကြယ် နယ်ပယ်လေ ၊ နီးကပ်စွာ တည်ရှိနေမှသာ မင်းက ဒါကို မြင် နိုင်မယ် ။ ဒီနေရာနဲ့ ဝေးသွားရင် ဒီ လျို့ ဝှက်ဆန်းကြယ် စွမ်းအားဟာလည်း ပျောက်ကွယ်သွားလိမ့်မယ် ။”
ကတုံးပြောင်နေပြီး မုတ်ဆိတ်မွှေး အဖြူရောင် အရှည် ကြီးရှိတယ့် လူကြီးတစ်ယောက်ဟာ ချန်ရှန်တို့ နောက်မှ ထွက်လာတယ် ။
ချန်ရှန်တို့လည်း အမြန်ပင် လှည့်ကြည့်လိုက်တယ့် အခါ သူတို့ ရှေ့ မှ လူကြီးဟာ ပြုံးလျက် ကြည့်နေတယ် ။ ခပ်မှေမှေး မျက်လုံးများ အဖြူရောင် မျက်ခုံးမွှေးများက ရင်း နီး ဖော်ရွေပုံ ပေါ်နေပါတယ် ။
လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ဆိုတာ ဘယ်နေရာကို မှ မမှီခိုထားတဲ့ နေရာလေး တစ်ခုပါ ။ ကမ္ဘာငယ်လေး တစ် ခုနဲ့ပင် တူနေပါတယ် ။ ဒီနေရာလေးကို အပြင်မှ မြင်နိုင်မှာ မဟုတ်ပဲ ၎င်းရဲ့ ၀င်ပေါက်ကို ဖြတ်သွားမှသာလျှင် ဒီနေရာ အား မြင်နိုင်မှာ ဖြစ်ပါတယ် ။ ဘယ်လိုတောင် လျို့ ဝှက် ဆန်းကြယ်တဲ့ နေရာပေတကား ။
ချန်ရှန် နဲ့ တခြားလူများဟာ ဒီလျို့ ဝှက်ဆန်းကြယ် နယ်ပယ် ရဲ့ ဒဏ္ဍာရီ ကို ကြားဖူးကြတယ် ။ ဒါပေမယ့် ဒီ ဂိုဏ်းထဲမှာ ရှိနေမယ်လို့ မထင်ခဲ့ကြပါ ။ ဒါတင်မက သက် ကြီးဝါကြီးများ၏ ခြံဝန်းထဲမှာ ရှိနေတာပါပဲ ။
“ဆရာကြီး ဝု”
ချန်ရှန် တို့ သံပြိုင်အော်ပြီး နောက် ဂါရ၀ ပြုလိုက်ကြ ပါတယ် ။
ဆရာကြီး ဝု ရဲ့ နာမည်ကတော့ ဝုကိုင်မင် ဖြစ်ပြီး သူ ဟာ ဒီဂိုဏ်းရဲ့ လုံခြုံရေးကိစ္စများအတွက် တာဝန် ရှိသူပါ ။ သူဟာလည်း တကယ်ကို ဆရာကြီးပါ ။ သူ၏ ပညာသင် ကို တစ်ခါ သွားကယ်တုန်းက မိစ္ဆာ ဂိုဏ်းထဲကို တစ် ယောက်ထဲ ၀င်သွားကာ သွားကယ်ခဲ့ပါသေးတယ် ။
“အရမ်းကြီး ဂါရ၀ လုပ်ဖို့ မလိုပါဘူး ။”
ဝုကိုင်မင် က ပြုံးကာ ပြောပါတယ် ။
“မင်းက ချန်ရှန် လား ၊ ခုနက ဆေးဆရာမ က တတိယ စစ်ဆေးမှုမှာ မင်းအတွက် ခက်ပေးဖို့ လာပြောသွားတယ် ။ ဒါပေမယ့် ငါငြင်းလိုက်တယ် ။ တပည့်တွေက ဂိုဏ်းကို မုန်း တီးမှာကို မလိုလားဘူး ။ မင်းက သူမကို ဒေါသထွက်အောင် သွားလုပ်တာပဲ ။ ကံကောင်းတာက သူမ ဟာ သ်ိပ်ဆိုးလှတဲ့ လူတော့ မဟုတ်ဘူး ။ သူမက မင်း ကို သတ်လိုက်လို့ရတယ် ။ ငါတို့ လူကြီးတွေကလည်း နည်း နည်း ပါးပါးပဲ ပြောနိုင်မှာ”
ဒီလို ကြားတဲ့ အခါ မှာ ကျန်လူများဟာ ချွေးတွေ ပြန်ကုန် ပါတယ် ။
ချန်ရှန် က အပြုံး နဲ့ ပြောလိုက်တယ် ။
“ကြည့်ရတာ ကျွန်တော် တော့ တကယ်ကို ကံကောင်း နေပြီ ၊ အခု သူမက ထပ်ပြီးတော့ ကျွန်တော့ ကို ဆန့်ကျင်မှု တွေ မလုပ်တော့ဘူးထင်တာပဲ”
“ပြောဖို့တော့ ခက်တယ် ။ ဒီမိန်းမက နည်းနည်း ထူး ဆန်းတယ် ၊ ဒါကြောင့် မင်း သူမုန်းတာ မခံမိစေနဲ့ ၊ ဒီ လို မှ မဟုတ်ရင် သူမ နှိပ်စက်တာ ခံရပြီး မင်းသေလိ့်မ်မယ်”
ဆရာကြီး ဝု က ရယ်မော ပြောဆိုပါတယ် ။ ဒီလို ရှား ပါးပြီး တန်ဖိုးရှိလှတဲ့ မျိုးစေ့ လေး ချန်ရှန် ကို တော်တော် စိတ်ဝင်စားနေပုံပါ ။ အရင်က ဆေးဆရာမကြီးဟာ ဒီ လောက် ခက်ခဲမှုမျိုး မလုပ်ခဲ့ပါဘူး ။ ဒါတောင် အကျရှုံးများ နေဆဲပါ ။ ယခု ဆရာမကြီးမှ ဒီလို ခက်ခဲမှု များ ကို ပြုလုပ်တာတောင် သူဟာ ကျော်ဖြတ်နိုင်ခဲ့တယ် လေ ။
“စကားတွေ မများတော့ဘူး ။ ငါ တတိယ စစ်ဆေးမှု အကြောင်း စမပြောရသေးဘူး ။ လျို့ ဝှက်ဆန်းကြယ် နယ် ပယ်က တချို့ အပိုင်းတွေက သားရဲမိစ္ဆာ အချို့ ကို အမဲ လိုက် သတ်ဖြတ်မယ့် မစ်ရှင် ကို လုပ်ရမှာ ဖြစ်တယ် ။ ၃ ရက် အတွင်း တစ်ယောက်ဆီဟာ အဆင့် ၁၀ ရှိတယ့် သား ရဲမိစ္ဆာ ၃ ကောင်ကို ဖမ်းမိရမယ် ။ အထဲမှာ ဒီလိုကောင်တွေ အများကြီးရှိတယ် ။ ဒီကောင်တွေရဲ့ စွမ်းအားကလည်း ငါ တို့နဲ့တောင် ယှဉ်နိုင်ပေတယ် ။ မင်းတို့ ခု ငါပြောတာကို အောင်မြင်တာနဲ့ ဒီ တတိယ အဆင့်ကို အောင်မြင်ပြီ”
အဘ်ိုးကြီးဟာ လေးနက်စွာ ပြောလိုက်ပါလေ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset