Chapter – 85 သတ်သေခြင်း
ဘယ်တော့မှ အရှုံးမပေးဘူး ၊ ဒါဟာ ချန်ရှန် စိတ်ထဲ ကိုယ့်ဟာ ကိုယ် အားတင်းနေတာပါ ။ ဘိုင်ယုယု နဲ့ စုမေးယို တို့ဟာလည်း ဘာမှမပြောကြပါချေ ။သူတို့လဲ ချန်ရှန် ဒီလို အန္တရာယ် များလှ တဲ့ အရာကို လုပ်တာ သဘောတူပုံပါပဲ ။ တချိန်တည်းမှာပဲ ချန် ရှန်၏ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကိုလဲ လန့်နေကြပါတယ် ။
“ဟဟ ၊ လူသားတွေ ဆိုတာ ပုရွတ်ဆိတ်လေး တွေလိုပဲ”
ဆရာမကြီး ဟာ အံကြိတ်ပြီး ပြောပါတယ် ။ တော်တော် ဒေါသ ထွက်နေပုံ ရပါတယ် ။
ချန်ရှန် ဘယ်နလှမ်းမျှပင် မလှမ်းကသေးပါ ။ ထပ်မံလဲကျ ပြန်ပါတယ် ။ တစ်ကိုယ်လုံးမှလည်း သွေးများ ထွက်လျက် ရှိ တယ် ။
“ခင်ဗျားလဲ ဒီလို ပုရွတ်ဆိတ် တစ်ကောင် ဘ၀ကပဲ လာတာ မဟုတ်ဘူးလား ၊ တချိန်မှာ ကျွန်တော် ဆိုတဲ့ ဒီပုရွတ်ဆိတ် လေး က ခင်ဗျား နဲ့ ရင်ဆိုင်မှာပါ”
ချန်ရှန် လက်သီး ဆုပ်လျက် ပြောလိုက်တယ် ။ အသံဟာ အရမ်းကို တိုးနေသော်လည်း မာနအပြည့်ဆိုတာကို လူတိုင်း နား ထောင်ရင်း ခံစားနိုင်ကြပါလိ့မ်မယ် ။
ချန်ရှန် မတ်တပ် မရပ်နိုင်တော့ပါဘူး ။ တွားသွားလျက် ဖြည်း ဖြည်း ချင်း သွားနေပါတယ် ။
“အကိုတော် ချန် . . .”
ရှောင်ဒို ချန်ရှန် အားကြည့်နေပါတယ် ။ သူ၏ မျက်လုံးများ ဟာ စိုစွတ်လျက် နေတယ် ။ ချန်ရှန်၏ ခံစားချက်ကို နားလည်ကာ ဒီဒုက္ခ ဘယ်လောက်ကြီးမားတယ် ဆိုတာ သူ အသိဆုံးပါ ။ ချန်ရှန် ကပင် အဆများစွာ ပိုသာပြီး ခံစားနေရ မှာ ပါ ။ ချန်ရှန် သူပုရွတ်ဆိတ် တစ်ကောင်ဖြစ်နေတာ တောင် ဒီမိန်းကို ဦးမညွတ်နိုင်ပဲ ရအောင် ကျော်ဖြတ်မယ်လို့ ဆုံးဖြတ် ထား ပုံ ပါပဲ ။
“အကိုတော် ချန် ၊ ခင်ဗျား လာနိုင်မှာပါ ။ တောင်ထား”
ယန်ရှောင်ဒို မူလက ချန်ရှန်တော့ တောင့်မခံနိုင်လောက် ဘူး လို့ ယုံကြည်ထားတာပါ ။ ဒါပမယ့် မမျှော်လင့်စွာပဲ ချန်ရှန် ဒီနားထိ ရောက်လာခဲ့ပြီ ။ ဒါကြောင့် စိတ်မထိန်းနိုင်စွာပဲ အော် ဟစ် အားပေးမိနေတယ် ။
“ချန်ရှန် ၊ ငါတို့ အတူတူ အတွင်းစည်း သွားမယ် ။ ငါ့လို လူ အိုကြီးတောင် ဇွဲမလျော့ခဲ့တာ မင်းလည်းအားတင်းထား ၊ အဲဒိ အပြင်စည်းမှာကို မနေနဲ့တော့”
ဇန် ဒီ မှလည်း အော်ဟစ် အားပေးနေတယ် ။
“ချန်ရှန် ၊ တောင့်ထားကွ ၊ မင်းလုပ်နိုင်မှာပါ”
ကွင်းထဲမှ လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ် အားပေးလျက်ပါ ။
ချန်ရှန် ဖြည်းညင်းစွာ တွားသွားလျက် မြေကြီးပေါ် သွေးများ အန်ထွက်နေတာကို ကြည့်ရင် လူတိုင်းဟာ သနားကာ ထိတ်လန့် နေကြပါတယ် ။
“ချန်ရှန် . . . ချန်ရှန် . . . ချန်ရှန်”
လေးထောင့်ကွင်းထဲမှ ရာပေါင်းများစွာသော လူများဟာ သူ၏ နာမည်ကို သံပြိုင်အားပေးကာ နေကြပါတယ် ။ ညသန်း ခေါင် အချိန်မှာ ဒီအသံကြီးက ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းနေပါ တော့တယ် ။
လူတိုင်းရဲ့ အော်ဟစ်အားပေးသံကြောင့် ချန်ရှန် သွေးများ ဆူပွက်လာပါတယ် ။ သူ ၏ အနည်းငယ် ကျန်ရှိနေသော ချီဓာတ်များကို စုပြီး ရှေ့ သို့ သွားနေတယ် ။ တစ်ကိုယ်လုံးလဲ အမျိုးမျိုးသော နာကျင်မှုများကြောင့် ရစရာ မရှိတော့ပါ ။ သူ ၏ မလျော့သော ဇွဲ ကြောင့် ယခုထိ တွားသွားနေတုန်းပင် ဖြစ်ပါ တယ် ။
ဆရာမကြီး လှုပ်လှုပ်ရှားရှား ဖြစ်လာတယ် ။ ချန်ရှန်ကို ဒိ လောက် လူအများကြီး အားပေးလိမ့်မယ်လို့ သူမထင်မိ ဘူးလေ။ ဒါတင်မက သူမ ကိုရှေ့ ထားလျက်ပင် အားပေးနေကြတာပါ ။
“မမိုက်စမ်းပါနဲ့ ။ ပုရွတ်ဆိတ် က ပုရွတ်ဆိတ်ပဲ”
ဆရာမကြီး၏ အသံမှာ ရက်စက်မှုများ ပါနေသလိုပါပဲ ။ ဒါပေမယ့် ချန်ရှန် ဟာ လည်း သူ့ရှေ့ ၂ လှမ်းသာ လိုတော့တာပါ။
“ အ . . . .”
ချန်ရှန် စူးစူးဝါးဝါး အော်လိုက်ကာ သွေးများဟာ ရုတ်တ ရက် သူ ခြေလက်များမှ ပန်းထွက် လာပါတော့တယ် ။ ဆရာ မကြီးမှ အားထပ်ထည့်လိုက်ပုံပါပဲ ။
ဒါဟာ တကယ်ကို လူအများရှေ့ မှာ ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့ ဒဏ်ခတ်နေသလိုပါပဲ ။ ဒါပေမယ့် သူမဟာ ဂိုဏ်းရဲ့ အဆင့် ၂ ဖြစ်ပြီး မည်သူမျှ သူမကို မလွန်ဆန် ၀ံ့ပါဘူး ။
“ဒီတစ်ခါ မင်းဘယ်လို လမ်းလျှောက် မလဲ ငါကြည့်ဦးမယ်”
ဆရာမကြီး အသက်ပြင်းပြင်းရှူကာ ချန်ရှန်၏ တည်ငြိမ် အသက်မဲ့လှတယ့် မျက်လုံးများကို ကြည့်နေပါတယ် ။ ဒါပေမယ့် သူမ အံ့သြတာက ချန်ရှန် အရှုံးမပေးသေးတာပါပဲ ။
“ ဟား ဟား ဟား . . .”
ချန်ရှန် ရယ်သံကြောင့် အားလုံးဟာ အံ့အားသင့်နေကြ တယ် ။ သူဟာ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ ခြေ ၂ လှမ်းပဲ လိုတော့ပြီး ဒါဟာ သူနဲ့ ဆရာမကြီးကြားက နောက်ဆုံး အချိန် ပါပဲ ။
သူဟာ ဆရာမကြီးထက် များစွာနိမ့်ကျပေမယ့်လည်း ဆရာမကြီးအား ကောင်းကောင်းကို ဆန့်ကျင်နိုင်ခဲ့တယ် ။
“ဒီ ဖေဖေ ကြီး က ခင်ဗျားကို ဘယ်တော့မှ အရှုံးမပေး ဘူး”
ချန်ရှန် ကျယ်လောင်စွာ ရယ်လိုက်ပြီး ရုတ်တရက်ပဲ ကျယ် လောင်စွာ တချက်အော်ကာ မီးတောက်များ သူ၏ နောက်ကျော မှ ထွက်လာပါတယ် ။ ကြီးမားလှတယ့် မီးတောင်ပံကြီး တစ်စုံဟာ ကျောမှ ထွက်လာပါတော့တယ် ။
တောင်ပံများဟာ တဖြတ်ဖြတ် ရိုက်ကာ မီးလှိုင်းများအား တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေတယ် ။ ချန်ရှန် မြင့်တက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ချန်ရှန် ၏ ကိုယ်ကြီးဟာ ဆရာမကြီး အနောက်သို့ ရောက်သွားပါတော့တယ် ။
ဆရာမကြီး သာ မက အားလုံးဟာ အံ့သြသွားတယ် ။
ချန်ရှန်မှာ တကယ့်ကိုပဲ တောင်ပံ အမျိုးအစား ချီဓာတ် စွမ်း ရည် ရှိနေတာပါကလား ၊ ဒါဟာ အရမ်းကို တန်ဖိုးရှိပြီး ရှားပါးလှ တဲ့ စွမ်းရည်တစ်မျိုးလည်း ဖြစ်ပါတယ် ။ ဒီတောင်ပံတွေက ကျန် နေတယ့် ခြေ ၂ လှမ်းစာကို ချန်ရှန်အား ကျော်ဖြတ်စေလျက် ဒု တိယ စစ်ဆေးမှုကို အောင်မြင်သွားစေပါတော့တယ် ။
“ဟား ဟား ဟား ၊ ဒီ ဖေဖေ ကြီးတော့ ဒုတိယ အဆင့်ကို အောင်သွားပြီကွ ။ ဟား ဟား ဟား”
ချန်ရှန် တစ်ကိုယ်လုံး အင်အားမရှိတော့သလိုပါပဲ ။ မြေကြီး ပေါ်လဲနေကာ ကောင်းကင်က လမင်းကြီးအား ကြည့်နေ လျက် ရှိတယ် ။ ရယ်သံများဟာ လည်း ပြုလုပ်နေတုန်းပါပဲ ။
လူတိုင်းဟာ ဆွံ့အနေပြီး ချန်ရှန်၏ ခပ်လှောင်လှောင် ရယ်သံကို နားထောင်နေကြတယ် ။ သူတို့စိတ်ထဲတွင် စိတ်လှုပ် ရှားခြင်း ၊ အားကျမနာလိုခြင်း ၊ လေးစားခြင်းများစွာ တစ်ချိန်တည်း ဖြစ်ပေါ်လျက် . . . ။
“မရယ်နေနဲ့ဦး ၊ တတိယ အဆင့် ကျန်သေးတယ်ဗျ”
ရှောင်ဒို သူ့မျက်လုံးမှ မျက်ရည်များသုတ်ကာ ဆေးလုံးတွေ အား ချန်ရှန် ပါးစပ်ထဲ ထည့်ပေးနေပါတယ် ။ ချန်ရှန် ဟာ အဆင့် နိမ့် ဝိဉာဉ်တော် ဆေးများ ဆိုတာ သိလိုက်တယ် ။ ဒါတင်မက ချီဓာတ်ဆေးများလည်း ပေးကာ သူ၏ အားအင်များကို ပြန်လည် စုစည်းစေပါတော့တယ် ။ ကောင်းမွန်လှသော ဆေးများဟာ သူ၏ အတွင်းပိုင်း ဒဏ်ရာများကို လျင်မြန်စွာပင် သက်သာစေ ရင်း . . . ။
“ဒါ အဖြူရောင်ကျောက်စိမ်းဆေးပဲ ၊ ယူသောက်လိုက်”
ဇုရွန် ရောက်လာကာ ကျောက်စိမ်းသေတ္တာလေးတစ်ခုကို ပစ်ပေးလိုက်တယ် ။
အလယ်အလတ်အဆင့် ဝိဉာဉ်တော် အဖြူရောင် ကျောက် စိမ်းဆေးတဲ့လား ၊ ဒါဟာ အရမ်းကို တန်ဖိုးရှိလှတဲ့ အားဖြည့်ဆေး တစ်မျိုးဖြစ်ပြီး ဇုရွန် မှ တကယ်ကြီး သူ့ကို ပေးနေ တာပါ ။ ချန်ရှန် နဲ့ ရှောင်ဒိုဟာ မယုံနိုင်တဲ့ အမူအရာတွေနဲ့ ကြည့် နေကြပါတယ် ။
“ငါ့ကို ကျေးဇူးတင်မနေနဲ့”
ဇုရွန် က ခပ်ချေချေပဲ ပြောပါတယ် ။
ရှောင်ဒို နဲ့ ဇန်ဒီတို့ သေတ္တာလေးအတွင်းက ဆေးမှုန့်များ ကို ချန်ရှန်ကိုယ်အား လိမ်းပေးကာနေပါတယ် ။ ဒီဆေးမှုန်များ ဟာ ကျောက်စိမ်းလေးတွေလိုပင် အရမ်းကို ကြည်လင်ကာ လှပ ပါတယ် ။
“ဆရာမကြီး ၊ သတ္တိရှိလှတယ့် နောက်လိုက်တပည့် က ခင်ဗျားကို မေးချင်တယ် ။ ဘာကြောင့် ခင်ဗျား ကျွန်တော့ကို သေ မလောက်ထိ ဆန့်ကျင်နေရတာလဲ ။ ဘာရန်ငြိုးများရှိလို့ လူအများအရှေ့ မှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုလို လုပ်ရတာလဲ”
ချန်ရှန် ရင်ထဲ ဒေါသ မဖြစ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး ။ ခုနကပဲ ချန်ရှန် ဟာ ဆရာမကြီးကို ရဲတင်းစွာပဲ ဆက်ဆံခဲ့တာ ဖြစ်ပြီး တကယ်ကို အကြောက်အလန့်မရှိပုံပါ ။
“မင်းက ငယ်ရွယ် သန်မာတယ် ။ မင်းကို အပြင်ဂိုဏ်းမှာ ပို ထူးချွန်လာစေချင်လို့ပဲ”
ဆေးဆရာမကြီးဟာ တကယ်တော့ စိတ်မဆိုးပါဘူး ။ ဒီအချိန်မှာ ဘာမှထပ်မပြောနိုင်တော့တာပါ ။
“ပုဂ္ဂိုလ်ရေးအရ ဒဏ်ခတ်တာ ဟုတ်လား ၊ အဲဒိတော့ ငါ လုပ်တော့ကော ဘာဖြစ်လဲ ။ ငါ့မှာ စွမ်းအားရှိတယ် ။ ဒါကြောင့် ငါလုပ်ချင်တာ လုပ်နိုင်တယ် ။ ဒီဂိုဏ်းတောင် င့ါကို အပစ်ပေး မှာ မဟုတ်ဘူး ။ ဒီစည်းမျဉ်းတွေဆိုတာ မင်းတို့ အတွက်ပဲ ထုတ်ထား တာ”
ဆေးဆရာမကြီးက အထင်သေးဟန်ဖြင့် ပြောပါတယ် ။
“မင်းက တရားမျှတမှုကို လိုချင်တာလား ၊ စွမ်းအားဟာ တရားမျှတမှုပဲ ။ ငါလုပ်ချင်ရင် ခုမင်းကို သတ်လိုက်လို့ရတယ် ။ ဘယ်သူမှ င့ါကို ပြောမှာမဟုတ်ဘူး ။ ဘယ်သူမှလဲ မင်းအတွက် ကလဲ့စားချေမှာ မဟုတ်ဘူး”
“တကယ်တော့ ၊ ခဗျား ပြောသလို လုပ်နိုင်ပါတယ် ။ ဒါပေမယ့် တချို့ အရာတွေတော့ အပြည့်အ၀ မလုပ်နိုင်ပါဘူး ။ ခုလိုမျိုး ကျွန်တော် အဆင့် ၂ ကို အောင်မြင်ခဲ့သလိုပဲပေါ့ ခင်ဗျား ကျွန်တော့ကို မတား နိုင်ဘူးလေ”
ချန်ရှန် ခပ်လှောင်လှောင်ပဲ ပြောလိုက်တယ် ။
“ဒါပေမယ့် ၊ တနေ့ ကျရင် ခင်ဗျားဆီ ကျွန်တော်လာခဲ့မယ် ။ ခုကျွန်တော့ကို ခင်ဗျား သတ်တာ ပိုကောင်းမယ်နော်”
ဇန်ဒီ နဲ့ ရှောင်ဒိုတို့ ချန်ရှန် ကို ဆေးထည့်ပေးနေကြတယ် ။ သူတို့လက်များဟာ တုန်နေကြပြီး ချန်ရှန် ဒီလို ဂိုဏ်းရဲ့ နံပတ် ၂ စွမ်းအားရှင်ကို ပြန်ပြောရဲ မယ် မထင်ကြပါ ။
ဆေးဆရာမကြီး ရယ်မောနေတယ် ။ ဒါပေမယ့် သူ့ ၇ယ်သံ ဟာ ခပ်တောင့်တောင့်ပါပဲ ။ သာမန်မဟုတ်ပဲ လူတိုင်းနည်းနည်း တော့ စိတ်ရှုပ်နေကြပါတယ် ။
“ကောင်းပြီ ၊ ကောင်းပြီ ။ ငါမင်းတိုးတက်လာတာကို စောင့် ကြည့်ချင်တယ် ။ ငါကတိပေးပါတယ် ။ တစ်နေ့နေ့ မင်းင့ါကို ရိုက် နိုင်တဲ့အချိန်ကျရင် မင်းကြိုက်သလို ငါ့ကို လုပ်နိုင်တယ် အပစ်ပေးနိုင်တယ် ။ မင်းငါ့ကို လက်ထပ်ချင်တယ် ဆိုတောင် လုပ်နိုင်တယ်”
ဆေးဆရာမကြီး ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။ လူတိုင်းကြောင်အ လျက် ရှိနေကြပီး ချန်ရှန်ပါတော်တော် အံ့သြ သွားပါတယ် ။
“ခင်ဗျားကို လက်မထပ်ချင်သေးဘူး ။ ခင်ဗျားက မျက်နာဖုံး ကြီး တပ်ထားတာကို ၊ ခင်ဗျားဟာ ရုပ်ဆိုးမကြီးလည်း ဖြစ်နိုင် တာ ပဲလေ ၊ အဲဒိကျ ကျွန်တော်ပဲ ခံရမှာ”
ရှောင်ဒို နဲ့ ဇန်ဒီ တို့ ချန်ရှန်၏ ပါးစပ်အား တော်တော် ပိတ် ထားချင်နေကြပါပြီ ။ တစ်ခွန်းပြီးတစ်ခွန်း အသက်မရှင်နိုင်စေ မယ့် စကားမျိုးတွေပြောတာပါ ။ ဇုရွန်လည်း အဝေးကို ထွက်သွား ပါပြီ ။ ရုတ်တရက် ဆေးဆရာမကြီး တစ်ခုခုလုပ်လို့ ပေါက်ကွဲမှု ဖြစ်ပါက သူ့ကိုထိမှာဆိုးလို့ပါ ။
“မင်း အသက် မရှင်ချင်တော့ဘူးလား”
ဆရာမကြီး အသံ တော်တော် ကို အေးစက်နေပါတယ် ။
“ကျွန်တော် သာ အသက်ရှင်ချင်ရင် ဒီမတိုင်ခင်ထဲက ပြေးနေပြီ ။ ကျွန်တော့်ကို သေချာကြည့်စမ်း ၊ အသက်ရှင်ချင်တဲ့ လူမျိုးလားလို့”
ချန်ရှန် ဟာ သူ အသက်မရှင်ချင်ပုံ ပြန်ပြောလိုက်တယ် ။
“ငါကမင်းကို မသတ်နိုင်ဘူးလို့များ ထင်နေတာလား”
ဆရာမကြီး ရှေ့တိုးလာပါတယ် ။ ခရမ်းရောင်မီးတောက်များ ဟာ သူမ၏ လှပသော လက်များမှ ထွက်လာပါတယ် ။
ဒီမီးတောက်ကို ကြည့်ရင်း ချန်ရှန် စုမေးယိုနဲ့ ဘိုင်ယုယု ပြော တာကို အမှတ်ရမိသွားတယ် ။ ဒီလို ခရမ်းရောင် မီးတောက် ထုတ်နိုင်သူဟာ မီး ဝိဉာဉ်တော်ကို ပိုင်ဆိုင်ထားလို့ ဆိုတာပါပဲ ။
“လာလေ ၊ အဲဒိတော့လဲ ခင်ဗျားလို ရုပ်ဆိုးဆိုး မိန်းမကြီးကို ကျွန်တော့လို ခပ်ချောချောကောင်လေးက လက်မထပ်ရတော့ ဘူးပေါ့ ။ ဒါပြီးရင် . . .”
ချန်ရှန် သူ၏ စကားပင် မဆုံးလိုက် ရှောင်ဒို က သူ၏ ပါးစပ် ကို အုပ်လိုက်သောကြောင့် ဖြစ်ပါတယ် ။
ဆေးဆရာမကြီးဟာ မီးတောက်များကို သူမလက်မှာ ကိုင် ရင်း အေးစက်စွာ ပြောတယ် ။
“ငါ အရင်က ဘာပြောခဲ့လဲ ၊ မင်းကို တကယ်ကို ကတိပေး တယ်လေ ။ မင်းင့ါကို နိုင်တာနဲ့ ငါမင်းကို လက်ထပ်မယ်လေ”
“နောက် ငါ့ပုံစံကလည်း မင်းရဲ့ ဇနီးလောင်း ရွှီရှန်း ရှန်း နဲ့ သိပ်မကွာပါဘူးကွ”
ဆေးဆရာမကြီးလည်း ပြောပြီးတာနဲ့ ပျံသန်း ထွက်ခွာ သွားပါတော့တယ် ။
ရှောင်ဒိုနဲ့ ဇန်ဒီတို့ ဆွံ့အသွားတယ် ။ ဇုရွန်လည်း ချက်ချင်းပင် ပြေးလာကာ သူ၏ လက်များဖြင့် ချန်ရှန်၏ ပခုံးအား ပုတ်နေပါတယ် ။
“ရှန်းရှန်း က တကယ်ပဲ မင်းသတို့သမီးလောင်းလား”
မယုံကြည်နိုင်တဲ့ အကြည့်ဖြင့် ကြည့်ကာ မေးမြန်းလိုက်ပါ တော့ တယ် . . . ။