Switch Mode

Chapter – 208.3

အဖြူနဲ့ အနက်အမြွှာမြင့်မြတ်နဂါးနှစ်ကောင်

အပိုင်း ၂၀၈•၃

” အဖြူနဲ့ အနက်အမြွှာမြင့်မြတ်နဂါးနှစ်ကောင် ”
°°°
” ဒီကိစ္စက ကောင်းတာပဲ ဒါပေမယ့် လုံရှောင်ယောင်က အခုလက်ရှိဒီကိုရောက်နေတာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ကိုယ်စားပြုဖြစ်နေတယ်…ဒါ့အပြင် ကျားကင်းမြီးကောက်သော့်လော့ ကျန်းပန်လဲရှိနေသေးတယ်…ဒီကိစ္စကပုံမှန်မဟုတ်ဘူး…လုံရှောင်ယောင်က ထျန်းဟွမ်နိုင်ငံတော်ကလူ နေလနိုင်ငံတော်နဲ့ ရောရောနှောနှောနေသင့်တဲ့သူမဟုတ်ဘူးလေ ဒါ့အပြင် အခုလိုနေလနိုင်ငံတော်က အသုံးချနေတာကိုခံနေရတဲ့ပုံကြီး ကြည့်ရမယ်ဆိုရင်ပြဿနာကြီးတော့မှာပဲ ”

အကြီးအကဲရွှမ်က ဒီလိုပြောလာခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ ဖြစ်နိုင်ချေကိုရုတ်တရက်စဥ်းစားမိခဲ့တယ်။

” အကြီးအကဲရွှမ် နဂါးဧကရာဇ်သော့်လော့က ကျွန်တော်တို့ရှာတွေ့ခဲ့တဲ့ မြင့်မြတ်သရဲဘုရားကျောင်းနဲ့ပတ်သက်နေမယ်လို့ထင်လား ဒါကိုနေလနိုင်ငံတော်က ဖန်တီးထားတာကိုတောင် ဖြစ်နိုင်သေးတယ်ဟုတ် ”

” မဖြစ်နိုင်ဘူး လုံရှောင်ယောင်က အခုအချိန်အထိ အကြီးအကဲမုနဲ့ သူ့ရဲ့ညီနောင်သားချင်ဆက်ဆံရေးကို ဂရုစိုက်နေတုန်းပဲ မဟုတ်ရင်မင်းတို့အားလုံးငါတို့မရောက်ခင်မှာသေဆုံးနေလောက်ပြီ အခုလက်ရှိအချိန် အားလုံး နဂါးဧကရာဇ်သော့်လော့ကို တစ်ယောက်ချင်းဆီစိန်ခေါ်ပြီ တိုက်ခိုက်မဲ့သူအရည်အချင်းဘယ်သူမှရှိမယ်လို့ငါမထင်ဘူး…သုပုစီးတောင် သူ့ကိုမယှဥ်နိုင်တဲ့အနေအထားမှာရှိတယ် ”

” ကျွန်တော်အထင်တော့ နဂါးဧကရာဇ်သော့်လော့က ကတိသစ္စာကိုအလေးထားတဲ့သူတစ်ယောက်ပဲ ဒါ့အပြင် ကျွန်တော်မတရားရလာခဲ့တဲ့ ရှားပါးတန်ဖိုးကြီးသတ္ထုတွေအတွက် သူရောက်လာခဲ့ပေမဲ့လဲ သူလောင်းကြေးထပ်တာကိုရှုံးနှိမ့်သွားပြီတဲ့နောက် ချက်ချင်းလက်လျှော့ပေးလိုက်တယ်…ဒါကိုရောသူ့ရဲ့အကျင့်စရိုက်လို့ပဲလက်ခံရမှာလား ”

ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။ အကြီးအကဲရွှမ်ကတော့ ခေါင်းသာခါနေခဲ့တယ်။

” နဂါးဧကရာဇ်သော့်လော့က အသက်နှစ်ရာနီးပါးရှိနေပြီ သူက ရင်ဆိုင်ဖို့လွယ်တဲ့သူမဟုတ်ဘူး…ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ကို တိုက်ခိုက်မှာတော့မဟုတ်တာသေချာတယ်…ဆရာအဘိုးရဲ့လမ်းညွှန်မှုတွေကိုသူအကြီးအကဲမုနဲ့အတူတူရှိနေတဲ့အချိန်တုန်းက အများကြီးရရှိထားသေးတယ်…ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ထဲမှာနေထိုင်ခဲ့တာလဲ အချိန်မနည်းဘူး..ကျောင်းတော်ကသူ့အတွက် ကျေးဇူးရှင်တစ်ယောက်ပဲ ဒါ့အပြင် ပညာရှင်တစ်ယောက်သာမဟုတ်ဘူးဆိုရင်တော့ သူဒီလိုကြင်နာမှုကို ကျေးဇူးကန်းမှာမဟုတ်ဘူး ”

နဂါးဧကရာဇ်သော့်လော့ရဲ့ နောက်ခံကိုသေချာလုပ်ပြီတဲ့နောက် ဟို့ယွိဟောင်ချက်ချင်းဆိုသလို အနည်းငယ်နှလုံးသားလေးလံလို့သွားခဲ့ပါတယ်။ အချိန်နဲ့ဒီရေကလူကိုမစောင့်သလိုပါပဲ။ တကယ်သန်မာလွန်လှတဲ့ အဆင့်အတန်းကိုရောက်ရှိဖို့သူကအများကြီးလိုနေခဲ့သေးတယ်။

အကြီးအကဲမု ဆုံးပါးသွားပြီတဲ့နောက် ကျောင်းတော်ရဲ့အသန်မာဆုံးပညာရှင်ဆိုတာ အကြီးအကဲရွှမ်သာရှိပါတော့တယ်။ အကြီးအကဲရွှမ်က လက်ရှိအချိန်မှာ အဆင့်ကိုးဆယ်ရှစ်ရောက်နေပြီဖြစ်တဲ့ ထူးကဲသာလွန်သော်လော့တစ်ယောက်ဖြစ်နေသလို ဘယ်သူကိုမဆို တိုက်ခိုက်လို့ရနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ ဒါပေမယ့် သုပုစီးနဲ့ လုံရှောင်ယောင်တို့ရဲ့ပေါ်ထွက်လာမှုက အမျက်ဒေါသကျောင်းတော်ရဲ့ တည်ငြိမ်မှုကိုအများကြီးထိခိုက်စေခဲ့ပါပြီ။

ဟို့ယွိဟောင်ကတော့ သူ့ရဲ့အင်အားကိုအပြည့်အ၀အသုံးပြုရင်းကျောင်းတော်အတွက် လုံခြုံအောင်လုပ်စေနိုင်ဖို့ အများကြီးမျှော်လင့်ထားတာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ သူကလုံလောက်အောင်မသန်မာသေးတာလဲ သိနေခဲ့တယ်။ ဒါ့အပြင် မနားမနေကြိုးကြိုးစားစားလေ့ကျင့်မှသာသူမျှော်လင့်ထားတဲ့အနေအထားတစ်ခုကို ရောက်နိုင်မှာပါ။

°°°
အမျက်ဒေါသကျောင်းတော်ကတော့ သူ့ရဲ့မျက်စိရှေ့မှာပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ အိမ်ကိုပြန်ရောက်တော့မှာဖြစ်တာကြောင့် သူ့အတွေးတွေကို ပြန်လည်စုစည်းလိုက်ပါတော့တယ်။ ဒီလိုမျိုးနွေးထွေးသွားတဲ့ခံစားချက်က သူအစောပိုင်းတုန်းက ကြုံတွေ့ခဲ့ရတဲ့စိတ်ပူပန်းမှုတွေကိုအများကြီးလျော့ပါးသွားစေခဲ့ပါပြီ။ ခမ်းနားတဲ့မြို့နံရံကြီးကိုမြင်လိုက်ရချိန်မှာတော့ သူလက်သီးတွေကိုတောင် ဆုပ်လိုက်မိပါတော့တယ်။

ဘ၀မှာလျှောက်လမ်းရမဲ့ခရီးက ရှည်ကြာလွန်ပေမဲ့လက်ရှိအချိန်မှာ တစ်လမ်းချင်ဆီခိုင်ခိုင်မာမာသွားဖို့လိုအပ်နေဆဲပါ။ သူတို့နေထိုင်တဲ့တိုက်ကြီးကိုမကြာခင်မှာ မုန်တိုင်းတစ်ခုက မွှေနှောက်ပါတော့မယ်။ ဒါ့အပြင် သူလုပ်နိုင်မဲ့တစ်ခုတည်သောအရာကလဲ အင်အားကြီးမှသာလုပ်ဆောင်နိုင်မှာပါ။ တိုက်ကြီးရဲ့ကျောင်းတောင်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲလဲကျင်းပဖို့လအနည်းငယ်သာ လိုပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ပြိုင်ပွဲကို နေလနိုင်ငံတော်မှာကျင်းပမှာပါ။

သေချာပေါက် နောက်ထပ်ပြင်းထန်တဲ့ တိုက်ပွဲတွေကိုရင်ဆိုင်ရပါလိမ့်မယ်။ ဒါ့အပြင် သူနဲ့အပေါင်းအဖော်တွေကလဲ ဒီတစ်ကြိမ်မှာအမျက်ဒေါသကျောင်းတော်ရဲ့ အဓိကအင်အားစုဖြစ်နေခဲ့မှာပါ။ ဒါ့အပြင် အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်အဖြစ်လဲယှဥ်ပြိုင်ကြရပါလိမ့်မယ်။ သူတို့တွေအားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့အောင်မြင်မှုအတွက် ကြိုးစားအားထုတ်ခဲ့တာနှစ်အတော်ကြာခဲ့ပါ့ပြီ။

အကြီးအကဲရွှမ်ရဲ့ဦးဆောင်မှုအောက်မှာသူတို့လဲ မြို့နဲ့မိုင်အနည်းငယ်အကွာမှာဦးတည်ဆင်းသက်လိုက်ပါတော့တယ်။ မြို့ရဲ့ခုခံမှုစနစ်က အတော်ကိုခိုင်မာနေဆဲပါ မြို့ထဲမှာနေတဲ့သူတွေတောင်မှ မြို့အပေါ်ကနေဖြတ်ပြီးမပျံသန်း၀ံ့ပါဘူး။ နားလည်မှုလွဲနိုင်စရာကိစ္စတွေဖြစ်လာနိုင်တဲ့အတွက် ကျောင်းတော်ကလူတွေတောင် ဒီအရာကိုရှောင်ရှားကြပါတယ်။ ၀ိညာဥ်လက်နက်တွေ ဖွံ့ဖြိုးတိုးတက်လာပြီတဲ့နောက် မြို့တော်ထဲမှာများပြားတဲ့ခုခံရေး၀ိညာဥ်လက်နက်တွေကလဲ အပြည့်ဖြစ်နေခဲ့တယ်။ ကျောင်းတော်ထဲမှာလဲ အတူတူပါပဲ။

သူတို့တွေအတွက်တော့ မိုင်အနည်းငယ်လမ်းလျှောက်ရတယ်ဆိုတာက ပမွှားလေးပါ။ အမျက်ဒေါသကျောင်းတော်ရဲ့ဂိတ်တံခါးကိုမြင်ချိန်မှာ ဟို့ယွိဟောင် စတင်ပြီမျက်ရည်တွေ၀ဲလာပါတော့တယ်။

သူ့အတွက်တော့ ဒါက သူ့ကိုမွေးမြူးပြီ ပညာသင်ကြားပေးခဲ့တဲ့ကျောင်းတော်ထက်ကိုပိုပါတယ်။

မြို့စားမင်းရဲ့အိမ်တော်ကနေ ထွက်ခွာလာချိန်ကထဲက သူ့ကိုယ်သူပြောခဲ့တဲ့စကားရှိပါတယ်။ အခုအချိန်ကနေစပြီ မိဘမဲ့တစ်ယောက်အဖြစ် လျှောက်လမ်းရမှာဖြစ်လို့ ကြံ့ခိုင်မှုပါပဲ သူ့အမေဆုံးပါးသွားပြီတဲ့နောက် သူ့ကိုယ်သူသာမှီခိုအားခံရတယ်။ အမျက်ဒေါသကျောင်းတော်ကတော့ သူ့ကိုနွေးထွေးမှုပေးခဲ့သလို ပါရမီရှင်တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့ရုံတင်မက သက်တူရွယ်တူတွေထဲမှာ အတော်တကာအတော်ဆုံးသူဖြစ်အောင်လဲ အင်အားပေးခဲ့ပါသေးတယ်။ အမျက်ဒေါသကျောင်းတော်ကို သူလွမ်းသလို ရှိရှိသမျှလူတိုင်းကိုလဲ သူလွမ်းဆွတ်နေခဲ့တယ်။

” အားလုံးအနားယူပြန်ကြတော့ ဟို့ယွိဟောင် မင်းပင်လယ်နတ်ဘုရားခန်းမထဲမှာယာယီနေလို့ရတယ်…လာမဲ့ရက်အနည်းငယ်အတွင်းကိစ္စတွေပြီသွားရင် မင်းနေဖို့နေရာကို ငါစီစဥ်ပေးမယ်…ဒါ့အပြင် ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲမှာ အရင်တုန်းက မင်းနေခဲ့တဲ့အခန်းဆောင်ကို အခုတခြားသူကနေနေပြီ ”

အကြီးအကဲရွှမ်က ဟို့ယွိဟောင်ကိုပြောလိုက်ပါတယ်။

” ဘယ်လိုလုပ်ငန်းဆောင်တာတွေရှိသေးလို့လဲ ”

ဟို့ယွိဟောင် နားမလည်နိုင်တဲ့အတွက် မေးလာခဲ့ပါတယ်။ ရန်ရှောင်ကျဲ့ကတော့ သူအတွေးကိုနားလည်တဲ့အတွက် ပြုံးပြရင်းနဲ့သာပြန်ဖြေခဲ့တယ်။

” ကလေးမင်းမေ့သွားပြီလား အခုကအပြင်နယ်မြေရဲ့ ကျောင်းသားတွေအတွက် အတွင်းနယ်မြေထဲကို၀င်ရောက်ဖို့စမ်းသပ်ခံရမဲ့အချိန်လေ”

ဟို့ယွိဟောင်လဲ ရန်ရှောင်ကျဲ့ပြောမှသာမှတ်မိလို့သွားပါတော့တယ်။

အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းနယ်မြေ၀င်ရောက်မှုအတွက် နှစ်စဥ်နှစ်တိုင်း၀င်ခွင့်စာမေးပွဲက ရှိနေခဲ့တာပါ။ ဒါ့အပြင် အပြင်နယ်မြေရဲ့ကျောင်းသားတွေအားလုံးအတွက် ဒီကိစ္စကအရမ်းကိုအ​ရေးကြီးပါတယ်။ ဒါ့အပြင် တခြားကျောင်းတော်တွေရဲ့ပါရမီရှိကျောင်းသားတွေအားလုံးကလဲ အမျက်ဒေါသကျောင်းတော်ရဲ့အတွင်းနယ်မြေထဲကို ၀င်ရောက်ချင်သူတွေဖြစ်နေခဲ့တယ်။

ဒီအခွင့်အရေးကိုအသုံးပြုပြီး ကျောင်းတော်တွေရဲ့ထောက်ခံချက်တွေနဲ့အတူစမ်းသပ်မှုကိုလာရောက်ပြီ ကျော်ဖြတ်ကြမှာပါ။ အကယ်၍သူတို့သာအောင်မြင်ခဲ့မယ်ဆိုရင် အမျက်ဒေါသကျောင်းတော်အတွင်းနယ်မြေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါလိမ့်မယ်။

ဒါပေမယ့် တခြားကျောင်းတော်ကကျောင်းသားတွေအတွက်တော့ ဒီစမ်းသပ်ချက်ကိုဖြတ်ကျော်နိုင်ဖို့ဆိုတာအင်မတန်ကို ခက်ခဲတဲ့အရာပါပဲ။ အမျက်ဒေါသကျောင်းတော်ရဲ့သိုင်းပညာ၀ိညာဥ်ကျောင်းတော်မှာအကောင်းဆုံးကျောင်းသားတွေက အမြဲတမ်းရှိနေတာကြောင့်ပါ။

အကယ်၍ တခြားကျောင်းတော်တွေက ကျောင်းသားတစ်ယောက် နှစ်ယောက်အောင်မြင်နိုင်တယ်ဆိုရင်တောင် သေချာပေါက် အရမ်းကိုကောင်းနေပြီလို့ ပြောလို့ရပါတယ်။ အချိန်အများစုမှာတော့ အပြင်ဘက်ကျောင်းသားတော်တော်များများက မအောင်မြင်ကြပါဘူး။

ဟို့ယွိဟောင် အမျက်ဒေါသကျောင်းတော်ကို ပထမဆုံး၀င်ရောက်တဲ့အချိန်မှာ အတွင်းနယ်မြေကိုသူရောက်ရှိနိုင်ဖို့အတွက် သူအခွင့်အရေးကဘယ်တော့များရောက်လာမလဲလို့ အမြဲတမ်းမျှော်လင့်ခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့သူကပင်လယ်နတ်ဘုရားခန်းမဆောင်ကလူဖြစ်နေခဲ့ပါပြီ။ အသက်ဆယ်ခုနှစ်ပဲရှိသေးပေမဲ့ သူက ဟိုအတွင်းကျဆုံးနေရာမှာနေထိုင်ရတော့မှာပါ။

” ကျောင်းအုပ်ရန် ကျွန်တော်ကိုရောဒီစာမေးပွဲ၀င်ဖြေစေချင်လား ”

ဟို့ယွိဟောင် မေးလိုက်ပါတယ်။ သူလဲစာမေးပွဲဖြေဖို့အတွက် စိတ်အားထက်သန်နေခဲ့မိတယ်။ ရန်ရှောင်ကျဲ့ကတော့ ထူးထူးဆန်းဆန်းကြီးကြည့်ရင်းရယ်မောနေခဲ့ပါပြီ။

” ဘာလဲတခြားကျောင်းသားတွေရဲ့အရှေ့မှာမင်းရဲ့အစွမ်းအစတွေကို ထုတ်ပြချင်လို့လား လုပ်ချင်တယ်ဆိုရင် လုပ်လို့ရပါတယ် ”

သူဒါကိုပြောချိန်မှာတော့ အကြီးအကဲရွှမ်နဲ့ တခြားအကြီးအကဲတွေက ရယ်မောနေခဲ့ကြပါတယ်။ သူတို့က ဟို့ယွိဟောင် ကြီးပြင်းပြီအရွယ်ရောက်လာတာကို စောင့်ကြည့်ခဲ့ရတဲ့သူတွေပါ။ ဟို့ယွိဟောင်က အကြီးအကဲမုရဲ့တံခါးပိတ်တပည့်သားလဲဖြစ်ခဲ့သလို လက်ရှိအမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့အဓိကဗဟိုချက်ပါပဲ။ အကယ်၍ သူသာစာမေးပွဲကို မဖြေနိုင်ဘူးဆိုရင် သေချာပေါက် ပြိုင်ဘက်ကင်းအစိအစဥ်က ကျရှုံးတယ်လို့​ဆုံးဖြတ်မှာပါ။

ဟို့ယွိဟောင်မျက်နှာတစ်ခုလုံးနီရဲပြီ ခပ်တိုးတိုးလေးသာပြန်ဖြေပါတော့တယ်။

” အကယ်၍ ကျွန်တော်စမ်းသပ်ချက်ကို ၀င်မဖြေဘူးဆိုရင် တခြားကျောင်းသားတွေအတွက် မတရားဘူးလို့ခံစားမိလို့ပါ ”

အကြီးအကဲရွှမ်က ပြောလာခဲ့တယ်။

” တော်လောက်ပြီ မင်းဘာစာမေးပွဲမှမဖြေရဘူး တကယ်တော့နဂါးဧကရာဇ်သော့်လော့နဲ့ လောင်းကြေးကိုနိုင်ပြီပြီဆိုကထဲက စမ်းသပ်ချက်တွေကိုအောင်မြင်ပြီလို့ ပြောရမှာပဲအကယ်၍ ငါသာအဆင့်အတန်းတစ်ခုကိုသတ်မှတ်လိုက်မယ်ဆိုရင် သေချာပေါက်မင်းကလွဲပြီဘယ်ကျောင်းသားကမှ ဒီစမ်းသပ်ချက်ကိုကျော်ဖြတ်နိုင်မှာမဟုတ်ဘူး…မင်းအတွက်တော့ နောက်ထပ်ဖြေဆိုရမှာတွေရှိလိမ့်မယ်..ငါကအတွင်းနယ်မြေရဲ့ စမ်းသပ်ချက်တွေထက်ကို ပိုပြီးခက်ခဲလိမ့်မယ်…ဒါဆိုရင် မင်းလဲပြဿနာတက်မှာပေါ့ ”

” ကျွန်တော်အတွက် နောက်ထပ်စမ်းသပ်ချက်လား ”

ဟို့ယွိဟောင်သိလိုစိတ်အပြည့်နဲ့ မေးလာခဲ့ပါတယ်။ အကြီးအကဲရွှမ်ရဲ့အပြုံးကတော့ ပိုမိုတောက်ပလာခဲ့ပါပြီ။

” အချိန်ကြာလာရင်သိလိမ့်မှာပေါ့ ငါတို့နဲ့ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ပြန်မလား ”

” ကျွန်တော်ကျောင်းကိုပြန်မရောက်တာကြာပြီဆိုတော့ နည်းနည်းပါးပါးလေးလှည့်ပတ်ကြည့်ချင်သေးတယ် ”

” ကောင်းပြီလေ ”

အကြီးအကဲရွှမ်လဲ ပြန်ဖြေလိုက်ပါတယ်။

” မင်းရဲ့သူငယ်ချင်းတွေလဲ မင်းပြန်လာတာကိုသိလိမ့်မယ်…ပေ့ပေ့နဲ့ တခြားသူတွေအားလုံးကတော့ ထန်မျိုးနွယ်မှာစောင့်နေပြီ ကျောင်းတော်ကိုပတ်ကြည့်သွားပြီရင်သူတို့ကိုသွားရှာလိုက် ”

ဟို့ယွိဟောင်ကို အနည်းငယ်ညွှန်ကြားချက်တွေပေးပြီတဲ့နောက် အကြီးအကဲရွှမ်က အလင်းတန်းနဲ့တစ်ခုအတူပျောက်ကွယ်လို့သွားပါတော့တယ်။ တခြားအကြီးအကဲတွေနဲ့ ကျောင်းအုပ်နှစ်ယောက်သာဒီနေရာမှာကျန်ရှိခဲ့တယ်။ ကျောင်းတော်ကိုပြန်ရောက်ပြီဖြစ်တာကြောင့် ဟို့ယွိဟောင်ရဲ့လုံခြုံစိတ်ချမှုကိုလဲ သူတို့စိုးရိမ်ဖို့မလိုတော့ပါဘူး။

အစ်ကိုကြီးတွေက ငါကိုထန်မျိုးနွယ်မှာစောင့်နေတာလား ဒါဆိုရင် ထန်မျိုးနွယ်ကိုငါအရင်သွားသင့်သလား။

သူတွေးပြီတဲ့နောက် ဟို့ယွိဟောင်ကျောင်းတော်ကိုမ၀င်ပဲ အမျက်ဒေါသမြို့တော်ထဲကို ၀င်ရောက်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ လူတစ်ယောက်ကတော့ အမျက်ဒေါသကျောင်းတော်ဆီကို ခုန်ပေါက်ပြီလာနေခဲ့ပါတယ်။ သူလှည့်ကြည့်လိုက်ချိန်မှာတော့ အဲ့ဒီလူက သူ့ရှေ့ကိုရောက်လာခဲ့ပါပြီ။

ဒါကတော့ အတော်ကိုပိန်သွယ်ပြီ အရပ်မြင့်တဲ့လူတစ်ယောက်ပါပဲ သူမကအဖြူရောင်စစ်သည်တော်၀တ်ရုံကို၀တ်ဆင်လို့ထားခဲ့ပြီ ခန္ဓာကိုယ်ပေါ်မှာငွေရောင်အဆင်တန်ဆာတွေကအပြည့်ဖြစ်နေခဲ့တယ်။ ဆံပင်ကိုတော့ ခပ်မြင့်မြင့်မြောက်ချီလို့ထားခဲ့ပြီ မျက်နှာကိုတော့ ပု၀ါပါးတစ်ခုနဲ့ ကာရန်ထားခဲ့ပါတယ်။

အခုအချိန်မှာရာသီဥတုက အင်မတန်ကိုသာယာတဲ့အပြင် ကောက်ရိတ်သိမ်းချိန်လဲဖြစ်နေတဲ့အတွက် အမျက်ဒေါသကျောင်းတော်ရဲ့ပတ်ပတ်လည်နယ်မြေတွေအားလုံးက လုံး၀ကိုပြောင်းရှင်းလို့နေခဲ့ပါတယ်။ ဒါ့အပြင် လေတိုက်ခတ်မှုကလဲ အရမ်းကိုပြင်းထန်လွန်တဲ့အတွက် ဒီလိုအမျိုးသမီးတွေမျက်နှာကာကို ၀တ်ဆင်တာပုံမှန်ပါပဲ။

ဒီအမျိုးသမီးကို အရင်ကမြင်ဖူးတယ်လို့ဟို့ယွိဟောင်ခံစားမိခဲ့ရတယ်။ အဲ့ဒီအချိန်မှာပဲ အမျိုးသမီးငယ်ရဲ့ဆံပင်ကိုချည်နှောင်ထားတဲ့အစက လေတိုက်မှုပြင်းထန်တာကြောင့် လွှင့်ပါးလို့သွားခဲ့ပြီ ဟို့ယွိဟောင်ဆီကို တန်းတန်းမတ်မတ်ကြီးပြန်၀င်လာခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ ဂရုတစိုက်ဆွဲယူလိုက်ပြီတဲ့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားရတော့တယ်။ ဒီအမျိုးသမီးကို သူလုံး၀အကြည့်မလွဲနိုင်တော့ပါဘူး။

တစ်ဖက်အမျိုးသမီးငယ်ရဲ့ပန်းနုရောင်နဲ့ အပြာရောင်တောက်ပနေတဲ့ဆံပင်တွေက လေနဲ့အတူယိမ်းယွဲ့နေခဲ့သလို သူမက တအံ့တဩပုံစံနဲ့လဲရှိနေခဲ့ပါတယ်။ သူ့ရဲ့ဆံပင်ရှည်တွေက တင်ပါးကျော်တဲ့အထိ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလို့နေခဲ့ပြီ လှလှပပဝေ့၀ဲလို့ကျနေခဲ့တယ်။

သူပြန်လှည့်လာချိန်မှာတော့ ရူးချင်စရာကောင်းလောက်အောင် ပန်းရောင်နဲ့ အပြာရောင်မျက်လုံးတွေက ဟို့ယွိဟောင်နဲ့အကြည့်ချင်းဆုံသွားခဲ့ပါပြီ။

ဒီလိုအကြည့်ချင်ဆုံးသွားချိန်မှာတော့ ဟို့ယွိဟောင်လိပ်ပြာလွှင့်သလိုခံစားလိုက်ရပါတော့တယ်။

အပိုင်း ၂၀၈•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset