Chapter – 84 အနိုင်မခံအရှုံးမပေး
ရှေ့ ဆုံးမှာ ဦးဆောင်နေတာကတော့ ရှောင်ဒို ဇန်ဒီ တို့ ဖြစ်ကြ ပါတယ် ။ သူတို့ တော်တော်ကို ခက်ခက်ခဲခဲ လျှောက်လှမ်းနေရပုံ ပါပဲ ။ တစ်လှမ်းစီတိုင်းဟာ အရမ်းကိုလေး ကန်နေပြီး ခက်ခဲနေတယ် ။ သူတို့နောက်မှာတော့ နောက်လိုက် တပည့် ၃၀၀ မှာ ၁၀၀ လောက်သာ ကျန်ပါတော့တယ် ။
လေးထောင့်ကွင်းကွင်တစ်ခုလုံး သွေးတွေပြည့်နေပါပြီ ။ ဒါတွေဟာ တောင့်မခံနိုင်တဲ့ လူတွေရဲ့ အန်ထွက်လာတာတွေပဲ ဖြစ်ပါတယ် ။
နာရီဝက်ကျော်လောက် ကြာပြီးချိန်မှာတော့ ချန်ရှန် တစ် ယောက်ချွေးများ တော်တော် ထွက်နေပါပြီ ။ သူဟာ မလှုပ်သော် လည်း သူ့ကျောပေါ်က အရာမှာ ပေါ့သေးသေး မဟုတ်ပါချေ ။ ယခု လမ်းလျှောက်နေတယ့် လူဟာ ၁၀ ယောက်အပြင် မပိုတော့ ပါဘူး ။
ရှောင်ဒို နဲ့ ဇန်ဒီ ၊ လူငယ်တစ်ယောက်နဲ့ လူကြီးတစ်ယောက် သာ ရှိပါတော့တယ် ။ ဒါပေမယ့် သူတို့ ပါးစပ်မှာလည်း သွေး တွေ အပြည့်ဖြင့် ချွေးတွေဆိုတာလည်း ရေချိုးထားသလိုပါပဲ ။ ၀င်ခွင့် စစ်ဆေးမှုဟာ တကယ်ကို ကြောက်စရာပါ ။
ချန်ရှန်ဟာ ရှောင်ဒို ပြောခဲ့တာကို သတိရသွားတယ် ။ နှစ် ပေါင်းများစွာ အကြာထဲက ဒီ အဆင့်ကို အများစု ဟာ မအောင် မြင်ကြဘူး ဆိုတာပါပဲ ။
အချိန်အနည်းငယ် အကြာမှာတော့ ရှောင်ဒို နဲ့ ဇန်ဒီ တို့ဟာ ဆေးဆရာမကြီးရဲ့ ရှေ့ ပေ ၉၀ လောက်ကို ရောက်နေကြပါပြီ ။ ခြေတလှမ်းတိုင်းကို အသက်ထွက်မတတ် လှမ်းနေရပြီး သူတို့ရဲ့ ခြေထောက်ဟာ ပေါင် တစ်ကုဋေလောက် ကို လေးနေသလိုပါပဲ
ဇန်ဒီ တစ်ယောက် ဖိအားကို မခံနိုင်တော့ပဲ မြေပေါ် ဒူး ထောက် ကျသွားပါတယ် ။ သွေးများအန်ထွက်ကာနေပေမယ့် လည်း ဒူးထောက်နေတုန်းပါ ။ ဒီလိုပုံစံဖြင့် တဖြည်းဖြည်း ရှေ့ တိုး သွားနေပါတယ် ။ သူဟာ အပြင်စည်းမှာ နေနေရတာ တော်တော် ကြာပြီ ၊ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီးနောက် ယခု တော့ ဒီနေရာ ရောက်နေပြီ ။ ခြေလှမ်းလေးနဲ့တင် သူဒီအဆင့် ကို အောင်မြင်တော့မှာပါ ။ သူ လုံးဝ အရှုံး မပေးဖို့ ဆုံးဖြတ်ထား ပုံပါပဲ ။
ရှောင်ဒို နဲ့ ဇန်ဒီတို့ဟာ အမြဲတမ်း ဒီစစ်ဆေးမှုမှာ ပြုတ်ကျ ခဲ့တာပါ ။ ယခုတော့ လုံးဝ အရှုံးပေးလို့ မဖြစ်တော့တဲ့ ပုံဖြင့် ရေ ကုန်ရေခန်းကို ယှဉ်ပြိုင်နေကြပါတယ် ။
ယန်ရှောင်ဒို ဟာ ၁၆ နှစ်သာ ဖြစ်သော်လည်း ဇန်လူကြီးမင်း ထက် ပိုမို ကြံ့ခိုင်ပါတယ် ။ သူတကယ်ပဲ လျှောက်လှမ်းသွားနိုင် ပြီး ဆရာမကြီး၏ နောက်သို့ ရောက်သွားခဲ့ပါပြီ ။ မြေကြီးပေါ် လဲ ကျသွားကာ အသက်ကို အပြင်းအထန် ရှူနေပါတော့တယ် ။ ခပ်မြန်မြန်ပဲ ဆေးတချို့ ထုတ်သောက်ကာ ပြန်လည်ကုစားစေ ပြီး လာမယ့် ပိုမို ခက်ခဲသော တတိယ စစ်ဆေးမှုအတွက် အား တင်းနေပါတော့တယ် ။
“ဇန်လူကြီးမင်း ရေ ၊ တောင့်ထားနော်”
ရှောင်ဒို လက်သီးများဆုပ်ပြီး အော်ပြောနေတယ် ။ သူဟာ ခုပဲ ဒါကို အောင်မြင်ခဲ့သောကြောင့် ဒီခံစားချက် ဘယ်လောက် ဆိုးလဲ ဆိုတာ သိနေပါတယ် ။
“ အ . . . .”
ကျယ်လောင်လှသော အသံကြီး အော်မြည်ကာ နောက်ဆုံး မှာတော့ ဒူးထောက်ကာဖြင့် ဇန်ဒီတစ်ယောက် အောင်မြင်သွား ခဲ့ပါပြီ ။ တစ်ချိန်ထဲမှာပဲ ကျန်လူများဟာ လဲပြိုကျကာ အရှုံးပေး သွားကြပါလေတယ် ။ သူတို့တော်တော် ဒဏ်ရာရကုန်လို့ပါပဲ ။
လူ ၃၀၀ ဟာ ပွဲအစမှာ ယှဉ်ပြိုင်ခဲ့ပေမယ့် ခုတော့ ၂ ယောက်သာ အောင်မြင်ခဲ့ပါတယ် ။ ချန်ရှန်ကတော့ ရပ်နေတုန်း ပါပဲ ။ သွေးအလိမ်းလိမ်းထွက်ကာ စိတ်ဓာတ်ဂျုံးဂျုံးကျလျက် ထွက်ခွာသွားရသော ပြိုင်ပွဲဝင်များကို သူမြင်နေရပါတယ် ။
ယခု ချန်ရှန် ပဲ ပြိုင်ဖို့ ကျန်ပါတော့တယ် ။ လူတိုင်းဟာ ဒီဆရာမကြီး ဘာကြောင့် ချန်ရှန် အပေါ် ညစ်နေလဲဆိုတာ နား မလည်နိုင်ကြပါဘူး ။ ယခုချန်ရှန် ရင်ဆိုင်နေရတဲ့ ကိစ္စ ဟာ ကိုင် တွယ်ရန် ခက်ခဲသော်လည်း သူ့အတွက် ရွေးချယ်စရာ မရှိဘူး ဆို တာကို သိနေကြပါတယ် ။
“ချန်ရှန် ၊ မင်းအလှည့်ပဲ ၊ အရှုံးပေးလို့ရတယ်နော် ။ ခုနေ အရှုံးပေးရင် မင်း ဘာ အနာတရမှ ဖြစ်မှာမဟုတ်ဘူး ။ ဒီလိုမှ မဟုတ်ရင် နောက်ကာလမင်း လေ့ကျင့်တယ့်အချိန်မှာ ထိခိုက် စေလိ့မ်မယ်”
အေးစက်စက်လေသံကြီးဖြင့် ပြောနေပါတယ် ။ ချန်ရှန် အပေါ် ဘာလို့ ဒီလောက်မုန်းတီးနေလဲဆိုတာ မစဉ်းစားနိုင် ဖြစ် နေကြပါတယ် ။ နောက်ပြီး ချန်ရှန်ဆိုတာ သူမနဲ့ ယှဉ်ရင် အညတရ ပုံရိပ်တစ်ခုပါ ။ ဒီပြည်နယ်တစ်ခုလုံးရဲ့ စွမ်းအားအကြီး ဆုံးလူတစ်ယောက်က ဘာကြောင့် သူ့အပေါ် အငြိုးထားနေတာ ပါလိ့မ် ။
ချန်ရှန်ကိုယ်တိုင်လည်း ဒီ အဖြေကို မသိဖြစ်နေပါတော့ တယ် ။
“ကျွန်တော် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး”
ချန်ရှန်ရဲ့ အသံဟာ တည်ငြိမ်တင်းမာလှပြီး အရပ်မျက်နာ အစုံကို ပြန့်ထွက်သွားတယ် ။ ချန်ရှန်ဟာ ကြီးမားတဲ့ ဖိအားကြီး သက်ရောက်နေတာတောင်မှ ခါးမညွှတ် မတ်မတ်ပင် ရပ်နေ တုန်းပါ ။ ဒီလို ခွန်အားမျိုးဟာ ရှာမှ ရှားပါပဲ ။
များစွာသော နောက်လိုက်များဟာ ကွင်းထဲမှာ ရှိနေကြ တယ် ။ တချို့ ဟာလည်း စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပင် ဖြစ်ကာ အတွင်းစည်းတပည့်ရင်များလည်း ဖြစ်ကြပါတယ် ။ ပြိုင် ပွဲ မှ ထွက်ခွာသွားရသော သူများဟာလည်း ချန်ရှန် ကို စောင့် ကြည့်နေကြပါတော့တယ် ။
“ကောင်းပြီ ၊ စကြစို့”
ဆေးဆရာမကြီး လေသံတီးတိုးဖြင့် ပြောလိုက်တယ် ။
သူမ စကားဆုံးတဲ့အခါမှာ ချီငွေ့ လှိုင်းများ ကွင်းထဲ လွင့်ပျံ လာ သလို လူတိုင်းခံစားမိလိုက်ကြပါတယ် ။ ကြီးမားပြီး ထူထဲ ခိုင်ခံလှသော အုတ်များဟာ ပင်လယ်တစ်ခုလို မြင့်လိုက်နိမ့် လိုက် ဖြစ်နေတာကို မြင်ကြရတယ် ။
ချက်ချင်းပင် တုန်ခါမှုကြီး ဖြစ်ပေါ်ကာ ဂိုဏ်းကြီးတစ်ခုလုံး ပင် လှုပ်ရမ်းနေပါတယ် ။ ကွင်းထဲမှာရှိတဲ့ ထူထည်းလှသော အုတ်များဟာ ဒီ တုန်ခါမှုကြောင့် အမှုန့်ပင် ဖြစ်သွားပါတယ် ။
နောက်ထပ် ကြည့်ရှူသူများ၏ စိတ်နှလုံးကို လှုပ်ခါသွားစေ တဲ့ မြင်ကွင်းကတော့ ဒီလို အထူး ပြုလုပ်ထားတဲ့ အုတ်များဟာ မျက်စိတမှိတ်အတွင်းမှာပင် အမှုန့်ဖြစ်သွားကြလို့ပါပဲ ။ ထိုအုတ် ခဲများအောက်မှာ သတ္တုလို အလွှာတစ်ထပ် ကျန်နေသေးတာကို လည်း တွေ့ လိုက်ကြရတယ် ။ ဒါတွေကတော့ ပိုမို ကြံ့ ခိုင်ပုံပါ ။
လူကြီးတစ်ယောက်ဟာအုတ်ခဲတစ်လုံးကို ကောက်ယူကာ ကွင်းထဲ ပစ်ကြည့်လိုက်တယ် ။ ချက်ချင်းပင် ထိုအုတ်ခဲဟာ အမှုန်ဖြစ်သွားပါတော့တယ် ။ ဒီလိုဖိအားမျိုးဟာ ယန်ရှောင်ဒို ခု ခံခဲ့သော အားမျိုးထက် အများကြီး ပိုမို ပြင်းထန်ပါတယ် ။ ဒါတင် မက အရမ်းလည်း ပူပြင်းနေပါသေးတယ် ။
“မင်းငါ့နောက်ကို ရောက်ရင် ဒီ စစ်ဆေးမှု အောင်မြင်မယ်”
ဆေးဆရာမကြီးဟာ ခြေတလှမ်းတောင် မလှမ်းပါဘူး ။ ဒါ ပေမယ့် ကွင်းပြင်တစ်ခုလုံးကို မျက်စိတမှိတ်အတွင်း ချော်ရည် ပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်တာပါ ။
ချန်ရှန် ချွေးများ နစ်သထက် နစ်လာပါပြီ ။ ယခုကြုံတွေ့ နေ ရတယ့် ဖိအားဟာ ခုနကထက် အများကြီးပိုပြင်းထန်နေတာကို ခံစားမိနေတယ် ။
လူတိုင်းဟာ အသက်ရှူရပ်မတတ်ဖြင့် ချန်ရှန်အား ကြည့်နေ ကြပါ တယ် ။ သူ၏ ကိုယ်ဟာလည်း လောင်ကျွမ်းနေကာ ၀တ် ရုံ ပင် ဒီပြင်းထန်လှတဲ့ ချီငွေ့ လှိုင်းဒဏ်ကို မခံနိုင်တော့ပါဘူး ။ တခဏအတွင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားပါတော့တယ် ။
ချန်ရှန် အတွက်တော့ သိပ်ပြီး အရေးမဟုတ်လှသေးပါ ။ လူ စု ကြီးဟာ အံ့အားသင့်သွားကြတယ် ။ သူဟာ ဒီလိုအပူချိန်ကို တောင့်ခံနေနိုင်ရုံမက သူ၏ ကိ်ုယ်မှလည်း မီးတောက် အကာ အကွယ်တစ်ခုကို ထုတ်လွှတ်နေတာကြောင့်ပါပဲ ။
ချန်ရှန်၏ ကျစ်လျစ်တောင့်တင်းလှသော ကြွက်သားများ ဟာ နီရဲနေပါပြီ ။ အပူချိန်ဟာ တိုးလာသော်လည်း သူ၏ ကျော ဟာ အဖြောင့်အတိုင်ပါပေ ။ သူ၏ မျက်လုံးများဟာ တဖက်မှာ ရပ်နေတယ့် ဆရာမကြီးဆီသို့ တည့်တည့် စိုက်ကြည့်လျက်ပင် ရှိ ပါနေပါတယ်။
ချန်ရှန် ခြေတစ်လှမ်းလှမ်းလိုက်သောအခါ တစ်ကိုယ်လုံး တုန်ခါသွားပါတယ် ။ မြေကြီးအောက်ခြေမှ အုတ်များအမှုန်အ ဖြစ် ပြောင်းသွားပြီးနောက် ကျန်ရှိနေတယ့် သတ္တုအလွှာဟာ အရမ်းကို ပူပြင်းနေပါတယ် ။ ဒါပေမယ့်လည်း သူဟာ အနီရင့် ငှက် နတ်အတွင်းအားကျင့်စဉ်ကို ကျင့်ခဲ့ခြင်းကြောင့် ဒီလို အပူ မျိုးကို ခံနိုင်နေပါတယ် ။
ချန်ရှန် လျှောက်လှမ်နေတာကို ကြည့်ရင်း လူတိုင်းလှုပ် လှုပ်ရှားရှား ဖြစ်လာကြတယ် ။ ဒီလိုအခြေအနေကြီးမှာတောင် ချန်ရှန်ဟာ ခြေလှမ်းနိုင်နေပါသေးတယ် ။ အတွင်းစည်းက လူ များပင် ဒီလို ကြိုးစားရဲမယ် မထင်မိပါဘူး ။ နောက် ချန်ရှန်ဟာ အပြင်စည်းကသာ ဖြစ်ပြီး သိုင်းပညာမှာလည်း အဆင့် ၉ သာ ရှိ နေတာပါ ။
ချန်ရှန် ဖြည်းဖြည်းပဲ လျှောက်နိုင်ပါတယ် ။ ခြေတစ်လှမ်း လှမ်းဖို့ဟာ တော်တော်ပင် ခက်ခဲလို့ပဲ ဖြစ်ပါတယ် ။ သူဟာ သူ၏ ချီဓာတ်အားလုံးနီးပါးကို သုံးစွဲနေရပြီး ဒီလို ခံနိုင်အောင် လုပ်ယူ နေရပါတယ် ။ ဒါတွေဟာ အနှိုင်းမဲ့ စကြာဝဠာ ချီ ဓာတ်ပါပဲ ။ ဒါတောင်မှ သူ့တွက် တော်တော် ခက်ခဲနေတုန်းပင် ။
နာရီဝက်လောက် ချန်ရှန် တစ်လှမ်းချင်း လှမ်းလာနေတာကို လူတိုင်းဟာကြည့်နေကြတယ် ။ တကယ်တမ်းမှာ ဒီအကွာအ ဝေးဟာ နီးနီးလေးဖြစ်သော်လည်း ချန်ရှန်အတွက်တော့ နှစ် ၁၀၀ လောက် လျှောက်နေရသလိုကို ကြာနေပါတယ် ။
“ဟက်ဟက်”
ဆရာမကြီးက ခနဲ့တဲ့တဲ့ ဖြင့် လှောင်လိုက်ပါတယ် ။ ချန်ရှန် ၏ ပါးစပ်မှ သွေးများ အန်လာသောကြောင့်ပါ ။ ဖိအားကို ပိုမို တိုး လိုက်တာကို လူတိုင်း သတိထားမိကြတယ် ။
ဒါဟာ တော်တော် ကို မမျှတပါဘူး ။ ဒါပေမယ့် ဒါကို လူတိုင်း စိတ်ထဲမှာပဲ တွေးရဲကြတာပါ ။ အသံတော့ မထွက်ဝံ့ ကြပါဘူး ။ ချန်ရှန် အဆုံးထိ မလျှောက်နိုင်လောက်ဘူးဟု ထင်နေကြတယ်။ ဒါပေမယ့် ချန်ရှန်ကိုလည်း တော်တော် လေးစားပါတယ် ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ပန်းတိုင်နီးလာပြီဖြစ်ပြီး ခုထိကို အရှုံးမ ပေးသေးပါဘူး ။ အံကြိတ်ကာဖြင့် တဖြည်းဖြည်း တိုးလာနေ တာ ပါ ။
အချိန်တွေဟာ ကြာလွန်းနေတယ် ။ ချန်ရှန်၏ ခြေတစ်လှမ်း တိုင်းဟာ ပရိသတ်များ ရင်ကို ဆွဲလှုပ်နေတယ် ။ တစ်လှမ်းလှမ်း တိုင်း လဲများကျသွားမလားဟု လိုက်ကြည့်ရတာလည်း အမော ပါ ပင် ။ သွေးများဟာလည်း ပါးစပ်အပြည့် အန်ထွက်လျက် သူ့ အောက်က ကြမ်းပြင်ပေါ်ကျသောအခါ ချက်ချင်းပင် အငွေ့ ပျံ တက် သွားပါလေတော့တယ် ။
“မင်း အပြင်စည်းမှာပဲ အ၇င် လေ့လာလိုက်ဦးလို့ မင်း ကို ငါ ပြောနေတယ်နော် ၊ အဲဒိမှာပဲနေပြီး ငါပြောတာ နားထောင် ၊ ငါ မင်းကို ဒီအဆင့် အောင်ခွင့်ပြုမှာမဟုတ်ဘူး”
ဆေးဆရာမကြီး အသံက ကြောက်စရာပါ ။ သူမတကယ်ကို ဒေါသထွက်နေပုံရပြီး ချန်ရှန် ဒီလို သူမရှေ့ ရောက်လာလိမ့် မယ် လို့ မထင်မိပါဘူး ။
ချက်ချင်းပဲ သူမအသံ ကြားပြီးတာနဲ့ ချန်ရှန်ဟာ ဒူးထောက် ကျသွားလေတယ် ။ ဆေးဆရာမကြီးဟာ ချန်ရှန်ကို ကျော်ဖြတ် ခွင့် ပေးမယ့်ပုံ မပေါ်ပါဘူး ။ ဒါကြောင့်ပဲ စွမ်းအင်များကို ပိုမို တိုး မြင့်လိုက်ပါတော့တယ် ။
“ကျွန် …. ကျွန်တော့် ကို ခင်ဗျား ဘာကြောင့် ဒီလိုလုပ်လဲ မသိပေမယ့် ၊ ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ အရှုံးပေးမှာ မ ဟုတ်ဘူး ၊ ဒီစစ်ဆေးမှုကို ကျိန်းသေအောင်ရမယ်”
ချန်ရှန် ဟာ ခပ်တိုးတိုးရယ်မောရင်း လေသံတီးတိုးဖြင့် ပြော လိုက်တာပါ ။
ကွင်းပြင်တစ်ခုလုံး ဟာ တိတ်ဆိတ်နေပြီး ချန်ရှန်၏ ပြောစကားကို လူတိုင်း သဲကွဲစွာ ကြားကြပါတယ် ။
ချန်ရှန်လည်း သွေးများစွာ ပန်းထွက်လာပြီးနောက် မတ်တပ် ပြန်ရပ်လိုက်တယ် ။ ပရိတ်သတ်များ ဟာ အလွန်ပင် အံအားသင့်ကာ ဖြင့် ရှိနေကြပါတယ် ။
“ကျွန်တော် သေသွားနိုင်မယ် ဒါပေမယ့် ခင်ဗျားကို ဘယ်တော့မှ ဦးညွှတ်မှာ မဟုတ်ဘူး”
ချန်ရှန်၏ ကျယ်လောင်စွာ အော်လိုက်သံကို ကြားလိုက်ကြ ရပါလေတော့တယ် . . . ။