Chapter – 83 ဆေးပညာရှင်ဆရာမကြီး
ချန်ရှန် ကိုယ်တိုင်ပင် သူ၏ ရလဒ်ကို လန့်သွားပါတယ် ။ ဒါပေ မယ့် တခဏမျှ စဉ်းစားမိပြီးနောက် ပြန်လည် တည်ငြိမ်သွားပါ တယ် ။ သူဟာ ချီဒြပ်စင် ၅ ခုကို ပေါင်းစပ်ပြီး အနှိုင်းမဲ့ စကြာဝဠာ စွမ်းအားကို အသုံးပြုလိုက်တာကြောင့် ဒါ ဟာ သိပ်တော့ အံ့သြစရာ မဟုတ်ပါ ။ သူမကြာခဏလည်း သုံး နေကြ မို့ပါပဲ ။
“အကိုတော် ချန် ၊ ခင်ဗျားက ကြောက်စရာပဲ ။ တော်တော် လဲ ဉာဏ်များတယ် ။ ကျွန်တော်တို့ ယှဉ်ပြိုင်ခဲ့တုန်းက ခင်ဗျား အားကုန် မသုံးခဲ့ဘူးပဲ”
ရှောင်ဒို က ပြောခြင်းပါ ။
ဇုရွန် ရဲ့ အမူအရာကတော့ နည်းနည်း ထူးဆန်းနေတယ် ။ သူအရင်က ချန်ရှန်ဟာ အတွင်းစည်း ၀င်ရုံလောက်ပဲလို့ တွေးခဲ့ မိတာပါ ။ ယခုတော့ ချန်ရှန် ဟာ အလားအလာ အများကြီး ကောင်းနေတယ် ။ အနည်းဆုံး အဆင့် ၁၀ ကျွမ်းကျင် ပညာရှင် မှ မဟုတ်ရင် သူ့ကို နိုင်မှာမဟုတ်ဘူး ဆိုတာ သိ သွား ပါတော့တယ် ။
“ဟဲဟဲ ၊ ဟို မျိုးမစစ်ကောင်တော့ သေချာပေါက် ရှုံးပြီပေါ့”
ရှောင်ဒို ရယ်မောပြောဆိုနေပါတယ် ။ သူ့စိတ်ထဲ အရင်နေ့ က လောင်းကစားကို အမှတ် ရသွားပုံပါပဲ ။
များစွာသော နောက်လိုက်များဟာ ပါဝင် ယှဉ်ပြိုင်ကြတယ် ။ တစ်နေကုန်ကို ကြာမြင့်ပြီး မနက်အစောကြီးထဲက စတာဟာ ည မိုးချုပ်မှကို ပြီးဆုံးမှာပါ ။ မနက်ခင်းမှာတော့ လေးထောင့် ကွင်းပြင်ဟာ လူများဖြင့် ပြည့်နေပြီး ဒါပေမယ့် ယခု လူ ၃၀၀ ထက်ပင် မပိုပါ ။ ချန်ရှန် အတွင်းစည်းဖြစ်ဖို့ ဘယ် လောက်ခက်ခဲလဲဆိုတာကို သိသွားတယ် ။ များစွာသော နောက် လိုက်များဟာ ပထမအဆင့်မှာပင် ပြုတ်ကျန်နေခဲ့တာပါ ။
ပထမစမ်းသပ်ချက်ကတော့ ပြီးမြောက်သွားပြီးနောက်မှာ တော့ ချန်ရှန်သေချာပေါက် အောင်မြင်မယ်လို့ အခြား ခြံဝန်းထဲ ရှိ နောက်လိုက်တပည့်များ က ခန့်မှန်းမိကြပါတယ် ။ ၎င်းတို့ဟာ ဒုတိယ စစ်ဆေးမှုကို ရင်ဆိ်ုင်ဖို့ သိပ်ပြီး ကိုယ့်ကိုကိုယ် ယုံ ကြည်ချက် မရှိလှပါ ။ အရင်ပွဲမှာတွေ ကတည်းက ဒီ အဆင့်မှာ အမြဲ ကျရှုံးနေကြသောကြောင့်ပဲ ဖြစ်ပါတယ် ။
“ညတောင် နက်နေပြီ ၊ ခုထိ ဒုတိယပွဲ မစသေးဘူးလား”
ချန်ရှန်တို့ဟာ သူတို့ ပထမစစ်ဆေးမှု အောင်မြင်သွားသော် လည်း မပြန်သေးပဲ စောင့်နေကြတာပါ ။
“ဒါထုံးစံပဲ ၊ စစ်ဆေးချက် ၃ ခုလုံးကို တစ်ခုပြီးတစ်ခု တန်း လုပ်တာ ။ တခါတလေ ရက်ချီတောင်ကြာတယ် ။ ခင်ဗျား ကြား မှာ နားရဖို့ စိတ်မကူးလေနဲ့”
ရှောင်ဒို ပြန်ဖြေတာပါ ။
လူတိုင်းဟာ လေးထောင့်ကွင်းအလယ်မှာ ရပ်နေကာ ဆေး ဆရာမကြီးအလာကို စောင့်နေကြတာပါ ။ နောက်စစ်ဆေးမှု စတင်ရန် ပဲ ဖြစ်ပါတော့တယ် ။
ညမိုးချုပ်လာတဲ့အချိန်မှာ လရောင်ဟာ လည်း ကွင်းထဲမှာ တောက်ပလျက် လေအေးများဟာလည်း တိုက်ခတ်နေပါတယ် ။ လူတိုင်းဟာ သက်တောင့်သက်သာဖြစ်သွားပြီး အညောင်းအ ညာများပင် ပြေသွားကြသလိုပါပဲ ။
ရုတ်တရက်ပဲ လူတိုင်းဟာ ပူလာပြီး မွန်းကြပ်လာသလို ခံစား လာကြရပါတယ် ။ မိုးသည်းသည်းကြီးရွာချလာသော ကြောင့် သူတို့ဟာ ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်မိကြပါ တယ် ။ ကြည့်တယ့် အခါမှာလည်း ကြယ်များကိုပင်မြင်နေရပါ သေးတယ် ။
ဒီလို ကောင်းကင်ကို ကြည့်နေတုန်းမှာပဲ လူတစ်ယောက် ဟာ ရုတ်တရက် ပေါ်လာပါတော့တယ် ။
“ဆေးဆရာမကြီး”
၃၀၀ သော နောက်လိုက် တပည့်များဟာ အရိုအသေ ပေး လိုက်ကြပါတယ် ။
ဆေးဆရာမကြီးဟာ ရှည်လျားလှတဲ့ အဖြူရောင် စကပ်ကို ၀တ် ဆင်ထားပြီး မည်းနက် ရှည်လျားလှတဲ့ ဆံပင်များလည်း ရှိ နေပါတယ် ။ ချန်ရှန် စိတ်ပျက်စေတယ့် အရာကတော့ သူမ မျက် နာကို မျက်နာဖုံး အုပ်ထားလို့ပါ ( တော်တော် မလွယ်တဲ့ ကောင် ပဲ 😛 ) ။ မျက်နာဖုံးဟာ မျက်နာကို အပြည့်ဖုံးထားပြီး မျက်လုံး ၂ လုံးကိုသာ ဖော်ထားပါတယ် ။ ဒါပေမယ့် ထိုမျက်လုံး ၂ လုံးမှ မီးလိုအနီရောင် အခိုးများဟာ ထွက်နေသလိုပါပဲ ။
“မင်းတို့ သိပ်ပြီး ယဉ်ကျေးနေစရာ မလိုပါဘူး”
ဆေးဆရာမကြီးက သူ၏ လက်ကို မြောက်လျက် ပြောပါ တယ် ။
သူမ၏ အသံဟာ အေးတိအေးစက်ဖြင့် ပျင်းတွဲတွဲပုံ ပေါက် သော်လည်း ကြင်နာမှုများ ပါဝင်နေသလိုပါပဲ ။ ထိုမိန်းမ ဟာ နတ်လက်နက် ကောင်းကင်ဘုံ အင်ပါယာ က ဧကရီ နဲ့ တစ်ခုခု ဆင်တူနေသလို ချန်ရှန် ထင်မိလိုက်တယ် ။
ချန်ရှန် ရုတ်တရက်ပဲ ဒီမျက်နာဖုံးစွပ်ထားတဲ့ ဆေးဆရာမ ဟာ သူနဲ့ ရင်းနီးနေသလို ခံစားလိုက်မိတယ် ။ ဒါပေမယ့် သူမ ဟာ ဘယ်သူနဲ့ ဆင် တယ်ဆိုတာ အတိအကျ မပြောနိုင် ဖြစ်နေ ပါတယ် ။
“သူမဟာ သေချာတာတော့ ရှန်းရှန်း ရဲ့ ဆရာ မဟုတ်ဘူး ၊ အသံက အရမ်းအေးစက်စက် ဖြစ်မနေဘူး ၊ ဒါဟာ ကွဲလွဲချက်ပဲ”
ချန်ရှန် ဒီဖြစ်နိုင်ချေကို စိတ်ထဲမှ ထုတ်လိုက်တယ် ။
ဆေးဆရာမကြီးလည်း ပေစာရွက် အချို့ ကို ယူကာ လျင်မြန် စွာ ပင် ပြီးခဲ့တဲ့ စစ်ဆေးမှုရလဒ်များကို အကဲခတ်နေပါ တယ် ။ ထိုသို့ ဖတ်ပြီးနောက် အေးစက်စက်လေသံဖြင့် –
“မဆိုးဘူး ၊ ဒီနှစ်ရတဲ့ တန်ဖိုးက တော်တော် မြင့်တာပဲ ၊ အမှတ် ၄၈၀၀ ထိရတဲ့လူတစ်ယောက်ရှိတယ်နော်”
သူမအသံဟာ တော်တော် အေးစက်စက် ဖြစ်နေကာ ခံစား ချက်မဲ့နေပုံ ပေါ်သော်လည်း သူမ အံ့သြနေတယ်ဆိုတာ သက်သေပြနေသလိုပါပဲ ။
ချန်ရှန် ဒီလို အသံမျိုးဟာ သာမန်တော့ မဟုတ်ဘူးလို့ သေချာပေါက် ခံစားလိုက်ရတယ် ။ ထူးဆန်းနေတယ် ။ တမင် လုပ်ယူထားသလို အသံမျိုးဖြစ်နေလို့ပါ ။ အဘယ်ကြောင့်ဆို သော် သူဟာ ဘိုင်ယုယု နဲ့ အချိန်တော်တော် ကြာ နေခဲ့ဖူးတဲ့ အတွက် ပညာရှင် အေးစက်စက် မိန်းကလေးရဲ့ အသံမျိုးကို သိနေတယ် ။ ဘိုင်ယုယုဟာ အေးစက်ပေမယ့် တော်တော် သဘာဝကျကျ ဖြစ်ပေါ်တဲ့အသံပါပဲ ။
“ချန်ရှန် ထွက်ခဲ့ပါ”
ဆေးပညာရှင်ဆရာမကြီး ဟာ အော်ခေါ်လိုက်တယ် ။ အေး စက်စက်အသံကြီးဟာ နားထဲ ဖောက်ခွဲခံလိုက်ရသလိုပါပဲ ။ လူတိုင်း၏ တစ်ကိုယ်လုံး ကြက်သီးများပင်ထကာ နားရွက်တွေ ပင် လှုပ်ခတ်သွားသလိုပါ ။
ချန်ရှန် မတ်တပ်ရပ်ကာ ထွက်လာပါတယ် ။ မထေမဲ့မြင် လုပ် ခြင်း ၊ ခယ၀ယ လုပ်ခြင်း ကင်းသော အသံမျိုးဖြင့် ပြန်ဖြေ လိုက်ပါတယ် ။
“နောက်လိုက်တပည့် ချန်ရှန်ပါ”
“ဟဟ ၊ မင်းရဲ့ စွမ်းအားလေးနဲ့ တခြားလူတွေထက်ပိုပြီး ယုံကြည်ချက် ရှိနိုင်မှာပေါ့ ၊ မင်းက ကိစ္စတွေ တော်တော်များများ သယ်လာတယ် ကြားမိတယ် ။ နောက်ပြီး မင်းအပြင်လောကမှာ တည်းက ပညတ်ချက်သဘောတရားတွေကို မလိုက်နာတတ်ဘူး ၊ မင်းလိုလူမျိုးအတွက် အပြင်စည်းမှာ အရင်နေသင့်တယ် နောက်မှ အတွင်းကို ၀င်ရမှာပေါ့ ။ ဒါကြောင့် အတွင်းစည်းမှာ ပြသနာကြီးကြီး မားမား ဖြစ်တာတွေကို ရှောင်ကြဉ်ဖို့ မင်းခု ဒုတိ ယ စစ်ဆေးမှုကို ပါဝင်ယှဉ်ပြိုင်ချင်တာ သေချာပြီလား”
ဆေးဆရာမကြီးရဲ့ စကားများက လူတိုင်းကို လန့်သွားစေ ပါတယ် ။ ဒီဆရာမကြီး ချန်ရှန်ကို တမင်ကို ကန့်လန့်လုပ်နေတာ မှန်း သိမြင်သွားကြတယ် ။
ဘယ်လိုမျိုးစိတ်ဓာတ်နဲ့ ဆရာမကြီးပါလိ့မ် ၊ သူမဟာ ဂိုဏ်း ချုပ်ပြီးရင် စွမ်းအားအကြီးဆုံးဖြစ်တာတောင် သူ့ကို ကန့်လန့် တိုက်နေသေးတယ် ။ ဒါတင်မက သူမဟာ ထိပ်တန်း ဆေးပညာ ရှင်လည်း ဖြစ်နေပါတယ် ။ ဒီလိုဖြစ်ရတာက ချန်ရှန်ဟာ မကြာ ခင်မှာ ပြင်းထန်သော သိုင်းပညာဂိုဏ်းတွင် များစွာနေရာယူမှာ ကြောင့်သာလျှင် ဖြစ်ပေလိ့မ်မည် ။
“ကျွန်တော် ဒုတိယ စစ်ဆေးမှု ခံယူချင်ပါတယ်”
ချန်ရှန် နဖူးများ မြင့်တက်ပြီး မျက်နာသေဖြင့် ပြန်ဖြေလိုက် ပါတယ် ။
“ကျွန်တော် က အပြင်လောကမှာ ဘာလုပ်ခဲ့လို့လဲ ၊ ကျွန်တော်ထင်တာတော့ အမှန်ကန်ဆုံး နည်းလမ်းတွေပဲ လုပ် ခဲ့ တာပါ”
“ဟဟ”
ဆေးပညာရှင်ဆရာမကြီးက အေးစက်စွာ ပြန်ပြောတယ် ။
“မင်းတို့ ခု ကွင်းရဲ့ တဖက်စွန်းကိုသွားပါ ။ ငါပြောတဲ့ အချိန် မှာ လမ်းလျှောက်လာခဲ့ကြ”
ဆေးဆရာမကြီးဟာ ပြောပြီးချင်းပင် ကောင်းကင်ပေါ် ပျံ သွားတယ် ။ ချက်ချင်းပင် တခြားဖက်အစွန်းမှာ သွားနေပါတယ်။ သူမ၏ အမြန်နှုန်းဟာ တော်တော်ကို အံ့အားသင့်ဖွယ်ပါပဲ ။
ချန်ရှန်ဟာ ခုနကပဲ ဒုတိယ စစ်ဆေးမှုဟာ ဘယ်လိုလဲ ဆို တာ သိခဲ့ပါတယ် ။ ဒါကတော့ ကွင်းအစွန်းတစ်ဖက်ကနေ နောက်တစ်ဖက်ကို လမ်းလျှောက်သွားရမှာဖြစ်ပြီး လျှောက်နေ စဉ်တွင် ဖိအားတစ်ခုခု သက်ရောက်ခြင်း ခံရမှာ ဖြစ်ပါတယ် ။ တစ်ဖက်သို့ ရောက်ပါက အနိုင်ရမည်ပဲ ဖြစ်ပါတော့တယ် ။
ဒီကြီးမားကျယ်ဝန်းလှတယ့် လေးထောင့်ကွင်းပြင်ကြီးဟာ ပေ ၃၀၀၀ နီးပါးလောက်ရှိပါတယ် ။ လမ်းလျှောက်တာကတော့ လွယ်ပါတယ် ။ စွမ်းအားသုံးပြီး လျှောက်လျှင် ပိုတောင် မြန်ပေ ဦးမည် ။
၃၀၀ သော နောက်လိုက်တပည့်များဟာ ရင်ဘောင်တန်း ကာ တန်းစီနေကြပြီး အမိန့်ပေးတာကို စောင့်နေကြတယ် ။
“ချန်ရှန် ၊ မင်းနေရာမှာပဲ မင်းရပ်နေသင့်တယ် ။ မင်းက တစ်ယောက်ထဲ စမ်းသပ်ခံရမယ်”
ဒီစကားဟာ ချန်ရှန် ကို တော်တော် ဆိုးတဲ့ ခံစားချက်မျိုး ပေးစေပါတယ် ။ စွမ်းအားကုန် သုံးခဲ့မိတာကိုတောင် နောင်တရ သလို ဖြစ်သွားပါတယ် ။
ဒီအချိန်မှာ ချန်ရှန်တစ်ယောက် ဟိုဆရာမကြီးတော့ သူ့ကို ညစ်နေပြီဆိုတာကို သိလိုက်ပြီး မကြာခင်မှာ ခါးသီးမှုကို ခံစားရ တော့မယ်ဆိုတာ ကြိုသိနေသလိုပါပင် ။ ဒီလို ကောင်လေးကို အာရုံစူးစိုက်လွန်းနေပုံအရ ဒီဆရာမကြီးဟာ ယောင်မျိုးနွယ် တို့ နဲ့များ ဆက်စပ်မှု ရှိနေသလားဟုပင် သံသယ ၀င်မိနေပါတော့ တယ် ။
“အကိုတော် ချန် ၊ ဂရုစိုက်ပါဗျာ ၊ ကျွန်တော် ခင်ဗျားကို အတွင်းစည်းမှာ စောင့်နေပါ့မယ်”
ရှောင်ဒို ၀မ်းပန်းတနည်း ပုံဖြင့် ပြောပါတယ် ။ အဘယ် ကြောင့်ဆိုသော် နောင်နှစ်အနည်းငယ်အတွင်း ချန်ရှန်တော့ အတွင်းစည်း မ၀င်နိုင်လောက်ဘူး ဟု ထင်နေသောကြောင့်ပါ ။
“စ”
ဆေးဆရာမကြီး အော်လိုက်တယ် ။ ပေပေါင်း ၃၀၀၀ နီးပါး ကွာဝေးသော်လည်း သူမအသံမှာ ရှင်းရှင်းလင်းလင်းကို ကြားနိုင် ပါတယ် ။
ဒီအချိန်မှာပဲ ချန်ရှန်ဟာ မမြင်ရတဲ့ ဖိအားတစ်ခု ကျရောက် လာသလို ခံစားလိုက်မိတယ် ။ လူများဟာ သူတို့၏ ဒူးတွေကွေးညွတ်ကာဖြင့် နေကြပါတယ် ။ ၎င်းတို့ဟာ တောင် ကြီး တစ်တောင်အား ပခုံးပေါ်တင်ထားရသကဲ့သို့ ဖြစ်နေလို့ပါပဲ ။
“မထမ်းနိုင်တော့ပဲ အရှုံးပေးတယ်လို့ အော်ရင် ငါ ချက်ချင်း ကွင်းအပြင်ကို ထုတ်ပေးမယ်နော်”
ဆရာမကြီးက အေးစက်စက် ပင် ပြောပါတယ် ။
ချန်ရှန် စိတ်ထဲက ကျိန်ဆဲလိုက်မိတယ် ။ အဘယ်ကြောင့် ဆိုသော် သူဟာ ဒီလို ဖိအားမျိုးကို ယခု တောင့်ခံနေရတယ် ။ နောက် သူဟာ ပြီးရင် ထပ်ပြိုင်ရမှာလည်း ဖြစ်တယ် ။ ဒါဟာဒီ ဆရာမကြီးက သူ့ကို သေချာကြည့်ချင်လို့ပဲ ဖြစ်ပါတယ် ။
စပြီး မကြာခင်မှာပဲ မြေပေါ် လာကျကာ ပါးစပ်မှ သွေးများ ကျ လျက် ထွက်ခွာသွားကြရပါတော့တယ် ။
ဒါဟာ ချန်ရှန် အတွက် ပထမဆုံးအကြိမ် အံ့သြထိတ် လန့်ဖွယ်ရာ ပညာရှင်မျိုးက ဒီလို စွမ်းအင်မျိုးအား သာမန်အနေနဲ့ သုံးခြင်းကို မြင်ဖူးတာပဲ ဖြစ်ပါတယ် ။ အဆင့် ၉ အဆင့် ၁၀ ပညာရှင်များဟာ သူမ၏ မျက်လုံးထဲတွင် ပုရွတ်ဆိတ်လေးတွေ လိုပါပဲ ။
ဒီဆေးပညာရှင် ဆရာမကြီးသာ ဆန္ဒရှိမယ် ဆိုပါက သူ့ကို လွယ်လွယ်လေး အကြည့်တစ်ချက်နဲ့တင် သတ်နိုင်ကြောင်း ချန်ရှန် ခြွင်းချက်မရှိ သိနေပါတယ် ။
ဒါဟာ မော်တယ် သိုင်းလောက ရဲ့ အထွတ်အထိပ်က သိုင်းပညာရှင်၏ စွမ်းအားပဲ ဖြစ်ပါတော့တယ် . . . ။