Switch Mode

208.2

အဖြူရောင်နဲ့ အနက်ရောင်အမြွှာမြင့်မြတ်နဂါးနှစ်ကောင်

အပိုင်း ၂၀၈•၂

” အဖြူရောင်နဲ့ အနက်ရောင်အမြွှာမြင့်မြတ်နဂါးနှစ်ကောင် ”
°°°
” ယဲ့ရှီးရွှေ မထွက်သွားခင်အချိန်မှာ အကြီးအကဲမုကို အမုန်းတရားအပြည့်နဲ့ကြည့်သွားခဲ့တယ်…အဲ့ဒီနေ့ကစပြီ အကြီးအကဲမုလဲ အရမ်းကိုစိတ်ဖိစီးခဲ့ရတာပေါ့ ဘာကြောင့် ယဲ့ရှီးရွှေ ဒီလိုဖြစ်သွားလဲဆိုတာ သူနားမလည်ခဲ့ဘူး…သူက မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်လာရုံတင်မကပဲ မိစ္ဆာ၀ိညာဥ်ပညာရှင်အုပ်စုနဲ့ပါ ရောပြီနေနေခဲ့တာ ဒါ့အပြင် ငါရဲ့ဆရာအဘိုးလဲ အရမ်းကိုထိခိုက်သွားတာကြောင့် အကြီးအကဲမုရဲ့ သူမအပေါ် ထားရှိတဲ့နောက်ဆုံးသံယောဇဥ်ကလဲ ပျက်ပြယ်လို့သွားခဲ့ရတယ် ”

” နောက်ဆုံးဆရာအဘိုး ဒဏ်ရာတွေပျောက်ကင်းသွားတဲ့အထိ အကြီးအကဲမုက ကူညီစောင့်ရှောက်ပေးရင်း အဖော်ပြုပေးခဲ့တယ်…အဲ့ဒီနောက်မှာတော့ ဘာကြောင့်ယဲ့ရှီးရွှေဒီလိုအခြေအနေဖြစ်သွားလဲဆိုတာနောက်ဆုံးအောက်ခြေအထိ လိုက်စုံစမ်းဖို့အတွက် လုံရှောင်ယောင်ကို သူလိုက်ရှာချင်ခဲ့တယ် ”

” အဲ့ဒီအချိန်တုန်းကသူတော်တော်ကြီးကို ဒေါသထွက်ခဲ့တာ အကြီးအကဲမု သူ့ကိုရှာတွေ့တဲ့အချိန်မှာထိန်းထားရတဲ့ ဒေါသတွေအားလုံးက ပေါက်ကွဲထွက်လို့သွားခဲ့တယ်…လုံရှောင်ယောင်တောင် ဘာကိုမှရှင်းပြချိန်မရလိုက်ဘူး….သူက ဘာမှမပြောတော့ပဲတိုက်ခိုက်တော့တာပါပဲ ဒီလိုအမြွှာနဂါးနှစ်ကောင်ရဲ့တိုက်ပွဲက နောက်ဆုံးမှာအကြီးအကဲမုပဲနိုင်ခဲ့ပေမဲ့ သူတို့ရဲ့ကျင့်ကြံမှုက သိပ်ပြီမကွာတော့တာကြောင့် သူတို့ညီနောင်သံယောဇဥ်ကို ထောက်ထားပြီ အကြီးအကဲမုလဲ လုံရှောင်ယောင်ကို အသက်ချမ်းသာပေးခဲ့တယ် ”

” ဒီတိုက်ပွဲပြီတဲ့နောက် အကြီးအကဲမုရော လုံရှောင်ယောင်ရော လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ကကိစ္စတွေကိုပြန်ပြီ ပြောမိခဲ့ကြတယ်…သူတို့နှစ်ယောက်စလုံးတူညီတဲ့ဆုံးဖြတ်ချက်ချမိတာကို အဲ့ဒီအချိန်မှာ နားလည်သဘောပေါက်ခဲ့ရတာပဲ ယဲ့ရှီးရွှေ ဘာဖြစ်လို့ကျောင်းတော်ကိုလာပြီ သူ့ကိုစိန်ခေါ်ခဲ့လဲဆိုတာကိုလဲ အဲ့ဒီအချိန်မှာသူနားလည်သွားခဲ့ရတယ်..နှစ်ယောက်စလုံးက သူ့ရဲ့အကျင့်ကို သိပြီထားလေ ဒါကြောင့် တော်တော်ကြီးကိုအပြစ်မကင်းစိတ်ဖြစ်ကြသေးတယ်..ငါရဲ့ဆရာအဘိုးကတော့ ယဲ့ရှီးရွှေကြောင့် အတော်ထိခိုက်ရတဲ့အပြင် သူ့ရဲ့ကျန်းမာရေးက အပြည့်အ၀ဘယ်တော့မှမကောင်းမွန်နိုင်တော့ဘူး ”

” အကြီးအကဲမုရော လုံရှောင်ယောင်ရော နှစ်ယောက်စလုံးကိစ္စတွေကို ဆွေးနွေးပြီတဲ့နောက် ယဲ့ရှီးရွှေကိုရှာဖို့ဆုံးဖြတ်ခဲ့ကြတယ်..ဘာတွေဖြစ်ပါစေ ကိစ္စတွေကို ရှင်းရှင်းလင်းလင်းလုပ်ဖို့လိုလိမ့်မယ်..ဒါကြောင့်သာ အမြွနဂါးနှစ်ကောင်က ဒီတိုက်ကြီးပေါ်မှာပြန်ပေါ်ထွက်လာခဲ့တာပဲ အဲ့ဒီအချိန်တုန်းက နှစ်ယောက်စလုံးကလဲဘွဲ့အမည်ခံသော့်လော့တွေဖြစ်နေခဲ့ပြီးပြီ သိုင်းပညာ၀ိညာဥ်တွေကလဲ အားကောင်းလွန်တာကြောင့် အဆုံးစွန်းရောက်နေတဲ့ စွမ်းအားတွေကိုလဲပိုင်ဆိုင်ထားခဲ့တယ်..သူ့တို့ရဲ့ဂုဏ်သတင်းက နောက်တစ်ကြိမ်ကျော်ကြားလာတဲ့အပြင် အမြွှာမြင့်မြတ်နဂါးနှစ်ကောင်ဆိုတဲ့ဘွဲ့ကလဲ ထင်ထင်ရှားရှားကြီးပေါ်ထွက်လာခဲ့တယ်လေ ဒါကြောင့်သာ သူတို့ကို နဂါးနတ်ဘုရားသော့်လော့နဲ့ နဂါးဧကရာဇ်သော့်လော့လို့အခုအချိန်အထိ မှတ်မိနေကြသေးတာ ”

အကြီးအကဲရွှမ် ဒီလိုဇာတ်ကြောင်းကို ပြန်ပြောပြနေတာနားထောင်ရင်း ဟို့ယွိဟောင်က အတိတ်အချိန်ကိုရောက်ရှိသွားသလို့ခံစားနေခဲ့ရပါတယ်။ ဒီလိုဘွဲ့အမည်ခံသော့်လော့နှစ်ယောက်က တိုက်ကြီးတစ်ခုလုံးကို လှုပ်လှုပ်ရှားရှားဖြစ်စေမှန်းတွေးကြည့်ရုံနဲ့တင် သိသာနေခဲ့တယ်။ သူရောဘယ်တော့မှ ဘွဲ့အမည်ခံသော့်လော့တစ်ယောက်ဖြစ်လာမှာပဲ သေချာပေါက် ၀ိညာဥ်ပညာရှင်တိုင်းကတော့ အဲ့ဒီလိုနေ့ရက်မျိုးရောက်လာဖို့အတွက် တွေးမိကြမှာပါ။

ဟို့ယွိဟောင် သက်ပြင်းချလိုက်ရင်းနဲ့ ဇာတ်ကြောင်းနားထောင်နေတဲ့ဆီကို ပြန်အာရုံကပ်သွားပါတော့တယ်။ အကြီးအကဲရွှမ်ကတော့ အနည်းငယ်ဒေါသထွက်လာပုံပါပဲ။

” နှစ်နဲ့ချီအောင် ဒီတိုက်ကြီးတစ်ခုလုံးကို နှံ့နှံ့စပ်စပ်ရှာပြီတဲ့နောက်မှသာ သူ့ကိုတွေ့ခဲ့တယ်…အဲ့ဒီအချိန်တွေ့တွေ့ချင် မှတ်မိမဲ့အနေအထားတောင် ရှိမနေခဲ့ဘူး..သူက အသက်သုံးဆယ်ကျော်လောက်သာရှိသေးပေမဲ့ ဆံပင်တွေအားလုံးက အဖြူရောင်ပြောင်းသွားခဲ့ပြီ အသက်လေးဆယ် အသက်ငါးဆယ်အမျိုးသမီးကြီးတစ်ယောက်လိုပဲ ဒီလိုမျိုးရုပ်သွင်က ပြောင်းလဲသွားရုံတင်မက အရမ်းကိုအားကောင်းတဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေရဲ့အငွေ့အသက်ကလဲ သူ့ကိုအပြည့်အ၀လွှမ်းခြုံထားခဲ့တယ် ”

” ဆရာအဘိုးစိုးရိမ်တဲ့ကိစ္စက နောက်ဆုံးမှာတော့ ဖြစ်လာခဲ့ပြီ ယဲ့ရှီးရွှေရဲ့ အစွမ်းအစတွေက အကြီးအကဲမုနဲ့ လုံရှောင်ယောင်နှစ်ယောက် မျှော်လင့်ထားတာထက်ကို ပိုပြီးကျော်လွန်နေခဲ့တယ်…သူမက သူတို့နှစ်ယောက်ကိုမြင်မြင်ချင် ချက်ချင်းတိုက်ခိုက်ခဲ့တယ်…ဒီတိုက်ကြီးမှာကျော်ကြားလှတဲ့ အမြွှာနဂါးနှစ်ကောင်တောင်မှ သူမရဲ့တိုက်ခိုက်မှုအောက်မှာ ရှုံးနှိမ့်ခဲ့ရတယ်…သူတို့ဘယ်လိုပဲအင်အားကိုပေါင်းစည်းပါစေ သူ့ကိုတော့လိုက်မမီနိုင်ခဲ့ဘူး…အဲ့ဒီအချိန်မှသာ ယဲ့ရှီးရွှေရဲ့ အစွမ်းအစတွေက ထူးကဲသာလွန်သော့်လော့အဆင့်ကိုရောက်နေမှန်း နားလည်ကြတာပဲ ထူးကဲသာလွန်သော့်လော့အဆင့် မိစ္ဆာ၀ိညာဥ်ပညာရှင်ဆိုတာက မမျှော်မှန်းလောက်ကိုအားကောင်းနေတယ်လေ သူတို့နှစ်ယောက်လဲ သူ့ရဲ့ပြိုင်ဘက်မဖြစ်ခဲ့ဘူး ”

” ဆိုးဆိုးရွားရွားထိခိုက်ခဲ့ကြသလို မျက်နှာပျက်ရအောင်လဲ ရှုံးခဲ့ကြတယ်…ဒါပေမယ့် သူမက သူတို့ကိုမသတ်ပဲနဲ့ သူ့ကိုအရှက်တကွဲဖြစ်စေတဲ့အကြောင်းပြန်ပြောပြရင်း ဒီသွေးကြွေးကိုဆပ်ဖို့လုပ်ခဲ့တယ်…ယဲ့ရှီးရွှေဆိုတာက အရမ်းကိုမာနကြီးတဲ့သူ ဒါကြောင့် ဒီနှစ်ယောက်စလုံးက သူ့ကို ပြစ်ပယ်သွားတယ်လို့ယုံကြည်ခဲ့တာ ဒီလိုခံစားရတဲ့အရှက်ကွဲမှုက သူမကို ပြောင်းလဲသွားစေခဲ့တာပဲ ”

” အကြီးအကဲမုနဲ့ လုံရှောင်ယောင်ကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းနောင်တအပြည့်နဲ့သာရယ်မောမိကြတယ်…သူတို့တွေးမိခဲ့တဲ့အကြောင်းကို ပြန်ပြောပေမဲ့ ယဲ့ရှီးရွှေကတော့လုံး၀ကို မယုံခဲ့ဘူး..ဒါပေမယ့်လဲ နှစ်ယောက်စလုံးက သေခါနီးအခြေအနေကို ရောက်နေပြီဖြစ်တာကြောင့် ဘယ်လိုလုပ်လိမ်နိုင်ရမှာလဲ ယဲ့ရှီးရွှေရဲ့ စိတ်ပိုင်ဆိုင်ရာအပြောင်းအလဲက အရမ်းကိုကြီးမားလွန်တာကြောင့် သူတို့နှစ်ယောက်စလုံးကို ပြန်ကယ်ခဲ့တယ်…နှစ်နှစ်ဆယ်ကြာပြီတဲ့နောက် သူတို့သုံးယောက်အတူတူဆုံပြီ စကားပြောနိုင်ခဲ့ကြပေမဲ့ သူတို့ရဲ့သံယောဇဥ်ကတော့ အရင်လိုမဟုတ်တော့ဘူးပေါ့ ”

” ယဲ့ရှီးရွှေက သူ့တို့ကိုပြောပြခဲ့တယ်…အဲ့ဒီနေ့က အမျက်ဒေါသကျောင်းတော်မှာ လာကယ်တဲ့သူဆိုတာ သူ့ရဲ့ခင်ပွန်းသည်တဲ့ သူမရဲ့ခင်ပွန်းသည်က သူ့ကိုကယ်တင်ပြီတဲ့နောက်မှာ ဒဏ်ရာပြင်းထန်လွန်တာကြောင့် သေဆုံးခဲ့တယ်…သူမခင်ပွန်းမသေဆုံးခင်အချိန်မှာ ကျင့်ကြံဆင့်ရဲ့တစ်၀က်တိတိကို သူမဆီ လက်ဆင့်ကမ်းလို့သွားခဲ့တာကြောင့် သူမက ထူးကဲသာလွန်သော့်လော့အဆင့် မိစ္ဆာ၀ိညာဥ်ပညာရှင်ဖြစ်လာခဲ့ရတာပဲ ”

” အကြီးအကဲမုလဲ ဒီလိုအဆင့်မျိုးကိုမမျှော်လင့်ထားခဲ့တာကြောင့် တခဏတာအံ့ဩလို့သွားခဲ့ရတယ်…ဒါ့အပြင် ကနဦးအထင်လွဲမှုတွေဆိုတာက အကုန်လုံးပေါင်းစည်းတဲ့အချိန်မှာဒီလောက်ကြီးမားတဲ့အဆင့်အထိကို ရောက်ရှိသွားနိုင်တာပေါ့ ဒါကဘယ်သူမှမထင်ထားခဲ့တဲ့ကိစ္စပဲ ”

” လုံရှောင်ယောင်က ယဲ့ရှီးရွှေကို သူမဘာကြောင့်မိစ္ဆာ၀ိညာဥ်ပညာရှင်ဖြစ်လာလို့မေးခဲ့တယ်…သူမပြောတာကတော့ ဒီလိုမျိုးဘယ်သူကမှ သူမကို မလိုချင်တော့တဲ့အခြေအနေမှာ ဒေါသထွက်လွန်တာကြောင့် နှစ်ယောက်စလုံးကိုရှာပြီ လက်စားချေနိုင်ဖို့အတွက် မနားမနေလေ့ကျင့်ခဲ့တယ်…ဒါပေမယ့် သူမအရမ်းဒေါသထွက်လွန်အားကြီးတာကြောင့် စိတ်မရှည်နိုင်ဖြစ်လာခဲ့ပြီ သူမရဲ့အနာဂတ်ခင်ပွန်းသည်ကို တွေ့ဆုံခဲ့ရတယ်..သူရဲ့ခင်ပွန်းသည်က မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်သလို သူနာမည်က ကျုံးလီတဲ့ သူကသူမကိုကယ်တင်ပြီတဲ့နောက် နှစ်ယောက်အတူတူလက်တွဲရင်း အားကောင်းတဲ့မိစ္ဆာ၀ိညာဥ်စွမ်းအားတွေကို သူမရဲ့သိုင်းပညာ၀ိညာဥ်နဲ့ ထည့်သွင်းပြီပြောင်းလဲစေခဲ့တယ်…ဒါကြောင့်သာ ယဲ့ရှီးရွှေက သိုင်းပညာ၀ိညာဥ်က အပြောင်းအလဲဖြစ်သွားခဲ့သလို သူမရဲ့သိုင်းပညာ၀ိညာဥ်ကလဲ ပြောင်းလဲလို့သွားခဲ့ရတာပဲ အကြီးအကဲမုနဲ့ လုံရှောင်ယောင်ကို မုန်းတီးသလို ခင်ပွန်းသည်ကိုလဲမုန်းတီးတယ်…ဒါ့အပြင် ဒီသုံးယောက်က သူ့ဘ၀ကိုပျက်စီးစေတယ်လို့ ယုံကြည်နေသေးတယ်…တကယ်တမ်းမှာတော့ အားလုံးဖြစ်လာခဲ့တာသူ့ရဲ့မာနကြောင့်ပဲမဟုတ်လား ”

” ကိစ္စတွေက ဒီလိုအခြေအနေအထိရောက်လာချိန်မှာတော့ အကြီးအကဲမုနဲ့ လုံရှောင်ယောင်လဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး..ယဲ့ရှီးရွှေလဲ အရင်လိုတူညီတဲ့လူတစ်ယောက်မဟုတ်တော့သလို သူတို့ရဲ့ခံစားချက်တွေကလဲ ပြောင်းလဲလို့သွားခဲ့ပြီးပြီ သူမက သူတို့နှစ်ယောက်စလုံးကို မသတ်ပေမဲ့ ကျမ်းသစ္စာကျိန်ဆိုဖို့တစ်ခုကို ပြုလုပ်ခိုင်းခဲ့တယ်…အဲ့ဒီအချိန်ကနေစပြီ သူတို့တွေက တစ်ယောက်ကိုတစ်ယောက် ညီနောင်တွေလို့ခေါ်ခွင့်မရှိတော့ဘူး…ဆယ်နှစ်တစ်ခါကြာတိုင်း သူမနဲ့ကျိန်ဆိုပြီ ချိန်ဆိုထားခဲ့တဲ့နေရာမှာပဲ သေချာပေါက် သေတဲ့အထိတိုက်ခိုက်ကြရမယ်…တစ်ဦးတစ်ယောက်ထဲကသာ ရှန်သန်နိုင်မယ်မဟုတ်ရင် နှစ်ဖက်စလုံးရဲ့မိသားစုတွေအားလုံးကို သူ့မကလာသတ်လိမ့်မယ် ”

” သူတို့မှာရွေးချယ်စရာမရှိတော့တဲ့အတွက် အကြီးအကဲမုနဲ့ လုံရှောင်ယောင်ကလဲ ဒီကျမ်းသစ္စာကိုခံယူခဲ့ကြတယ်…ယဲ့ရှီးရွှေရဲ့ အကျင့်စရိုက်ကလုံး၀ပြောင်းလဲသွားပေမဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့အပြစ်မကင်းတဲ့စိတ်ကြောင့်သာဒီကျမ်းသစ္စာကျိန်မှုကို လက်ခံလိုက်ရတော့တာပဲ အကြီးအကဲမုပြောတာကတော့ လုံရှောင်ယောင်ရော အကြီးအကဲမုရော နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေခဲ့တယ်…အကယ်၍ သူတို့ထဲက ဘယ်သူမှလက်မလျှော့ခဲ့ဘူးဆိုရင် ဒီလိုအခြေအနေကို ရောက်ရှိလာခဲ့မှာမဟုတ်ဘူး. ”

” ဆယ်နှစ်ကြာပြီတဲ့နောက် အမြွှာနဂါးနှစ်ကောင်က တွေ့ဆုံခဲ့သလို ယဲ့ရှီးရွှေမျက်စိရှေ့မှာတင် သူတို့နှစ်ယောက်မသေရုံတမယ်ပဲ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြတယ်…ဒါပေမယ့် အဲ့ဒီအချိန်မှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ယဲ့ရှီးရွှေမှာ ဖြစ်သွားခဲ့တယ်လေသူမက အရင်လိုအိုမင်းပြီကြမ်းတမ်းတဲ့အဘွားကြီးရုပ်ရှိမနေတော့ပဲ အတိတ်အချိန်တုန်းကအတိုင်း လှပပြီတောက်ပခဲ့တယ် ”

” အမြွှာနဂါးနှစ်ကောင်က တစ်ယောက်ကိုတစ်ယောက်မသတ်နိုင်သေးတဲ့အတွက် နောက်ထပ် ဆယ်နှစ်ကြာပြီတဲ့အချိန်မှာ တစ်ခေါက်ပြန်တိုက်ခိုက်ဖို့အတွက် သူမကချိန်ဆိုခဲ့တယ်..အဲ့ဒီလိုသွားရင်းသွားရင်းနဲ့ နှစ်ယောက်စလုံးနောက်ဆယ်စုနှစ်တချို့ကြာပြီတဲ့အချိန်မှာ အသက်တစ်ရာအထိကိုရောက်လာတာပေါ့ နှစ်ယောက်စလုံးလဲ ထူးကဲသာလွန်သော့်လော့ဖြစ်သွားကြပြီ ယဲ့ရှီးရွှေလဲ အဲ့ဒီအချိန်မှာပျောက်ကွယ်လို့သွားခဲ့တယ်…ဒီတစ်ခေါက်တိုက်ပွဲက သူတို့အတွက် နောက်ဆုံးဖြစ်မယ်လို့ သတင်းစကားပို့ခဲ့သလို တစ်ယောက်ထဲကပဲအသက်ရှင်နိုင်မယ်တဲ့ မဟုတ်ရင် တိုက်ကြီးတစ်ခုလုံးကို သူမက ဖျက်ဆီးပြစ်မယ်လို့တောင်ပြောထားခဲ့သေးတယ် ”

” ယဲ့ရှီးရွှေက အဲ့ဒီအချိန်မှာ အဆင့်ကိုးဆယ်ရှစ်ကိုရောက်နေခဲ့ပြီ အကြီးအကဲမုရော လုံရှောင်ယောင်ရော သူ့ရဲ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး…ဒါ့အပြင် ယဲ့ရှီးရွှေက သူတို့နှစ်ယောက်ကိုတစ်ယောက်ကိုတစ်ယောက်မသေစေချင်ပဲနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေတဲ့အထိ လာကြံစည်နေမှန်း သဘောပေါက်လို့သွားခဲ့တယ် ”

” နှစ်တစ်ရာကြာပြီတဲ့နောက် အမြွှာနဂါးနှစ်ကောင်ရဲ့ သူမအပေါ်ထားရှိတဲ့ခံစားချက်ကလဲ နောက်တစ်ကြိမ် နက်ရှိုင်းလို့လာခဲ့ပြန်ပါပြီ အကြီးအကဲမုက ယဲ့ရှီးရွှေကိုပြောခဲ့တယ်…သူ့တစ်ဘ၀တာလုံးမှာ စစ်မှန်တဲ့မေတ္တာနဲ့ချစ်မြတ်နိုးဖူးတဲ့အမျိုးသမီးဆိုတာ ယဲ့ရှီးရွှေတစ်ယောက်ပဲရှိတယ်တဲ့ လုံရှောင်ယောင်အတွက်လဲအတူတူပါပဲ နှစ်ယောက်စလုံးက ယဲ့ရှီးရွှေကိုသတ်ဖြတ်ဖို့အတွက် အင်အားကြီးတဲ့လူတွေကိုအလုံအလောက်စုစည်းနိုင်ခဲ့တဲ့အခြေအနေမှာရောက်နေခဲ့ပြီ ဒါပေမယ့် သူတို့မလုပ်နိုင်ခဲ့ဘူး…ယဲ့ရှီးရွှေလဲ ဒီခံစားချက်ကိုနားလည်ခဲ့တယ် ”

” နောက်ဆုံးသူမ သူတို့ကိုပို့တဲ့စာမှာပြောထားတာကတော့ အမုန်းတရားတွေကိုသူမချေဖျက်လိုက်ပြီတဲ့ ဒါပေမယ့် အနိုင်ရတဲ့သူနဲ့ပဲ ထပ်ရှိနိုင်မယ်တဲ့ ဒါကနောက်ဆုံးသော အပြစ်ပေးမှုပဲ ”

” နိုင်တဲ့သူကလဲ သူမကို ထိမ်းမြားလက်ထပ်နိုင်လိမ့်မယ်…အဲ့ဒီအချိန်မှာ အကြီးအကဲမုရော လုံရှောင်ယောင်ရဲ့ဇနီးသည်တွေကပါ ဆုံးပါးသွားခဲ့ပြီးပြီ ”

အကြီးအကဲရွှမ်က သက်ပြင်းချရင်းဆက်ပြီမပြောတော့ပါဘူး။ ဒါကြောင့် ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

” ဒီတစ်ခေါက်ရော ဘယ်သူနိုင်ခဲ့လဲ ”

” ဒီတစ်ကြိမ်မှာလဲနိုင်တဲ့သူမရှိခဲ့ဘူး…သူတို့တွေနောက်ဆုံးအထိ မတိုက်ခိုက်ခဲ့ဘူးလေ အဲ့ဒီလိုမဖြစ်ခင်အချိန်မှာ အကြီးအကဲမုနဲ့ သုပုစီးရဲ့အစ်ကိုက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာကြောင့် သူ့ရဲ့ခန္ဓာကိုယ်က ပြန်မကောင်းနိုင်လောက်အောင် ထိခိုက်သွားပြီးပြီ ဒါ့အပြင် အဲ့ဒီတိုက်ပွဲကလဲ လုံရှောင်ယောင်နဲ့တိုက်ပွဲမစခင်အရှေ့တစ်ရက်မှာဖြစ်သွားခဲ့တာ ”

” အကြီးအကဲမုပြောတာအရဆိုရင် သုပုစီးရဲ့အစ်ကိုက လုံရှောင်ယောင်ကြောင့် အဲ့ဒီကိုရောက်လာခဲ့တာတဲ့ သူဒီလိုထိခိုက်သွားပြီတဲ့နောက် အကြီးအကဲမုက အသက်ပြန်ရှင်နိုင်ဖို့အတွက်ကို အများကြီးနှစ်နဲ့ချီပြီကြိုးစားခဲ့ရတယ်…ဒါပေမယ့် တောက်ပရောင်စဥ်လိပ်ပြာနဂါးလိုမျိုးနေ့ရက်တွေကိုပြန်မရောက်နိုင်တော့တာကြောင့် မင်းတို့သိခဲ့တဲ့အခြေအနေကို ရောက်ရှိလို့သွားခဲ့တာပဲ အဲ့ဒီအချိန်ကနေစပြီ လုံရှောင်ယောင်လဲ ပေါ်မလာခဲ့တော့ဘူး..အကြီးအကဲမုထင်တာကတော့ သူကယဲ့ရှီးရွှေနဲ့ အတူတူရှိနေလိမ့်မယ်တဲ့ ”

” လုံရှောင်ယောင်က ကောက်ကျစ်လှချေလား ဒါတောင်မှသူ့ကိုယ်သူ ဆရာရဲ့ညီနောင်လို့ခေါ်၀ံ့သေးတယ်လား ”

” ဒါတွေက ဒီလိုမျိုးအကဲဖြတ်ကြည့်ဖို့ခက်ပါတယ်…ငါခန့်မှန်းတာကတော့ လုံရှောင်ယောင်ပဲဘာတွေဖြစ်သွားလဲဆိုတာ သိလိမ့်မယ်…ဒါ့အပြင် ဒီလိုနှစ်တစ်ရာကျော်ကြာပြီမှသာ သူပေါ်လာလိမ့်မယ်လို့ ငါလဲမထင်ထားခဲ့မိဘူး..ယဲ့ရှီးရွှေအသက်ရှင်သေးလားဆိုတာလဲ ငါမသိဘူး..မိစ္ဆာ၀ိညာဥ်ပညာရှင်တွေက ပုံမှန်အချိန်မှာတော့ အသက်နှစ်ရာကျော်လေ့ကျော်ထားမရှိဘူးလေ အခုအချိန်အထိ သူသာသူမလွှမ်းမိုးတာကို ခံနေရဦးမယ်ဆိုရင် သူလဲ မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်နေလောက်ပြီ ဒီလိုသာဖြစ်မယ်ဆိုရင် ကိစ္စတွေအားလုံးက ကပ်ဆိုက်ကုန်တော့မှာပဲ ”

” သူက အဲ့ဒီလိုဖြစ်မဲ့ပုံမပေါ်ဘူး…ကျွန်တော်အစောပိုင်းကပဲ တိုက်ခိုက်လာခဲ့တာ ဒါ့အပြင် ဆရာရဲ့ဧကရာဇ်နယ်မြေကိုလဲအသုံးပြုပြီး သူ့ရဲ့၀ိညာဥ်စွမ်းအားကိုလဲ ထိတွေ့ခဲ့သေးတယ်…ဒီစိတ်၀ိညာဥ်စွမ်းအားက ကြယ်တာရာကောင်းကင်ကြီးတစ်ခုလိုမျိုးကျယ်ပြန့်တဲ့အပြင် မိစ္ဆာ၀ိညာဥ်ပညာရှင်တွေရဲ့စရိုက်လိုမျိုးလုံး၀ရှိမနေဘူး ”

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားက သူ့ကျင့်ကြံဆင့်မမြင့်ပေမဲ့လဲ အရမ်းကိုအားကောင်းပါတယ်။ ဒါ့အပြင် သူက အောက်လမ်းပညာရှင်တစ်ယောက်ပါ ဒါကြောင့် သူ့ရဲ့အာရုံခံနိုင်စွမ်းက မမှားနိုင်တာကို သူယုံယုံကြည်ကြည်သိနေခဲ့တယ်။

အပိုင်း ၂၀၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset