Switch Mode

Chapter – 82

စွမ်းအားထုတ်ဖော်ပြသခြင်း

Chapter – 82 စွမ်းအားထုတ်ဖော်ပြသခြင်း

ဇုရွန် မှ ချန်ရှန်၏ ပခုံးကို ပုတ်ခါဖြင့် –
“အေးဆေးပေါ့ ၊ ဒီဆေးတွေကို အချိ်န်တန်ရင် ဒီကောင်လေး ပေးလိမ့်မယ် ၊ ငါက သူ့ကို ရောင်းမှာလေ ၊ ဟဟ”
“၀က်ကြီး ၊ ခင်ဗျားက ချန်ရှန် ရှုံးမယ်လို့ ဆိုလိုတာလား”
ရှောင်ဒို မှ ဇုရွန် အား အထင်သေးဟန်ဖြင့် ကြည့်ကာ ပြော ပါတယ် ။
“ဒါက လောင်းကစားလေ ၊ ငါ မှ အတိမကျ မပြောနိုင်တာ ၊ သူနိုင်ရင်လည်း ငါက သူ့ဆီက ပြန်ဝယ်မှာ ၊ သူတစ်ယောက်ထဲ ဒါတွေ အကုန် မလိုအပ်ဘူးလေ”
ဇုရွန် က ရယ်မော ပြောဆိုပါတယ် ။
“ဖက်တီးကြီး ၊ သူနိုင်ရင် ဆေးတွေကို ခွေးပဲ ကျွေးလိုက်မယ် ။ ပြီး မှ ယူချင်ရင် အဲဒိခွေးတွေ ယူ”
ရှောင်ဒို က ကျိန်ဆဲနေပါတော့တယ် ။
ချန်ရှန် နဲ့ ဇန်ဒီ သာ တိတ်ဆိတ် နေပါတယ် ။ ရှောင်ဒို နဲ့ ဇုရွန် တို့ စကားများနေတာကိုသာ နားထောင်နေတယ် ။ ဒါတင်မက ချန်ရှန်ဟာ ၎င်းတို့ ၂ ယောက်ကို လေးစားမိပါတယ် ။ စားပြီး သောက်ပြီး တာနဲ့ သူတို့ဟာ အသက်တောင်မရှူပဲ ငြင်းခုန်နေ ကြတာပဲ ဖြစ်ပါတော့တယ် ။
သိုင်းပညာခြံဝန်းထဲ ပြန်ရောက်ပြီးနောက်မှာတော့ ချန်ရှန် စိတ်ရှုပ်တဲ့ လေသံနဲ့ မေးလိုက်တယ် ။
“ထူးဆန်းတယ် ၊ ဘာလို့ အမျိုးသမီး နောက်လိုက်တွေ မတွေ့ ရတာလဲ”
“ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာ မိန်းမ မရှိဘူး ။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ဂိုဏ်းထိပ်ခေါင်ကြီးက မိန်းမတွေကို စိတ်မ၀င်စားတဲ့ အချက်ကြောင့်ပဲ ။ ဒါကြောင့် စည်းကမ်းလုပ် ထားတာပဲ ။ ဒီ သောက်ရေးမပါတဲ့ စည်းမျဥ်းကြီးက ကျွန်တော် တို့ အတွက်တော့ နာတာပဲ ၊ တကယ်တော့ နောက်လိုက်အများစု ဟာ မိန်းမရှိတယ် ။ သူတို့တောင် ကိုယ့်အားကိုယ်ကိုးပြီးပဲ . . .”
ယန်ရှောင်ဒို စပ်ဖြဲဖြဲဖြင့် ပြောပါတယ် ။
“အကိုတော် ချန် ၊ ညတိုင်း ခြံဝန်းထဲမှာ မနေဘူးမလား”
“ဒါပေါ့”
ချန်ရှန် တခဏကြာ စဉ်းစားပြီး ပြန်ဖြေလိုက်ပါတယ် ။ သူ ဘာကြောင့် ဒီမြို့ ကြီးက အမြဲတမ်း စည်ကားနေလဲဆိုတာ သဘောပေါက်လိုက်တယ် ။ လူချမ်းသာ နောက်လိုက်များက သူတို့၏ မိသားစုများကို ခေါ်လာလို့ပါပဲ ။
“ခင်ဗျားက တကယ် ရိုးသားတဲ့လူပဲ အကိုတော် ချန် ၊ ဇန် လူကြီးမင်း လို ရိုးသားတဲ့ လူမျိုးပါပဲ”
ရှောင်ဒို ခပ်တိုးတိုး ရယ်မောပြီး ထွက်ခွာ သွားပါတော့တယ်။
ညဟာ မှောင်နေပါပြီ ။ ချန်ရှန် သူ့အခန်း ပြန်ရောက်တဲ့အခါ မှာတော့ သူဟာ ချီဓာတ်ဆေးများ ပြုလုပ်နေတယ် ။ ထိုအချိန်မှာ စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာ ထွက်လာဖို့ကို ကြောက်နေပါပြီ ။ အဘယ်ကြောင့်ဆိုသော ဒီနေရာဟာ ပညာရှင်များစွာ ရှိသော ကြောင့် သူတို့ကို ရိပ်မိမှာ ကြောက်လို့ပါပဲ ။
“အမတော် မေးယို ၊ ဒီဂိုဏ်းက ဘယ်မိန်းကလေး နောက် လိုက်တပည့်ကိုမျှ လက်မခံဘူး ။ အမတော်က လန်ယုလန် ကို ဒီ ကို လွှတ်လိုက်သေးတယ် ။ ဘယ်လိုကြောင့်လဲ”
ချန်ရှန် မူလက စဉ်းစားထားတာ လန်ယုလန် အား ဂိုဏ်းထဲ မှာ အတူနေရင်း စောင့်ရှောက်ဖို့ပါ ။
“ဟဟ ၊ အချိန်တွေကလည်း တော်တော် ကြာပြီလေကွာ ၊ ဒီလို ကိစ္စသေးသေးလေးတွေကို ငါလည်းဘယ်မှတ်မိမလဲ”
စုမေးယိုက ခနဲ့တဲ့တဲ့ ပြောပါတယ် ။ ချန်ရှန် ဒီနေ့အပြင် ထွက်တုန်းက ကောင်းမွန်လှသော အ၀တ်အထည် အချို့ နဲ့ ကျောက်မျက်ရတနာ အချို့ အား သူမတို့အတွက် ၀ယ်ခဲ့ပါတယ် ။
ရက်အနည်းငယ်မှာပင် ချန်ရှန်ဟာ ဒီဂိုဏ်းမှာ နေသားကျ လာကာ ခြံဝန်းထဲမှာလည်း တခြား စီနီယာများနဲ့ ရင်းနီးလာပါ တော့တယ် ။ ကံကောင်းစွာပင် သူရောက်လာသည့်နေရာမှာ လူရှုပ်လူပွေ မရှိပဲ အားလုံဟာ လိုက်လျောညီထွေ ရှိကြပါတယ်။
ဒီပြင်းထန်သော သိုင်းပညာဂိုဏ်းကြီးမှာ လူသိန်းချီဆန့် သော လေးထောင့်ပုံ ကွင်းပြင်နေရာကြီး ရှိပါတယ် ။ လတိုင်း မှာ ၀ အမှတ်မှ သက်ကြီးဝါကြီးတွေဟာ ဒီနေရာမှာ လာရောက် စုဆုံ ကာ ပညာဖလှယ်ကြပါတယ် ။ တပည့်အများစုဟာလည်း လာ ရောက် ကြည့်ရှုကြတတ်ပါတယ် ။ ဒီနေ့ဟာ အတွင်းစည်းအ တွက် လက်ခံတဲ့နေ့ပဲ ဖြစ်တယ် ။ သူတို့ဟာ အပြင်စည်း နောက် လိုက်တပည့်များ ဖြစ်သောကြောင့် ၀င်ခွင့်ရဖို့ အရည်အသွေး ပြည့်မီကြပါတယ် ။
ချန်ရှန် ၊ ရှောင်ဒို နဲ့ ဇန်ဒီတို့ ဟာ အဖွဲ့ တစ်ခုလို ဖြစ်နေကပြီး အတူတူ လာကြပါတယ် ။ ပထမဆုံး စစ်ဆေးမှုအတွက် အဆင် သင့် ဖြစ်နေကြပါပြီ ။ သူတို့ဟာ အမှတ် ၃၃၀ မှ အဖွဲ့ ဖြစ်ပြီး သူတို့ကို ကြည့်ပြီး တခြား ခြံဝန်းက လူတွေဟာ တိတ်တိတ် လေး ပဲ နေကြကာ ရန် မစရဲကြပါဘူး ။
“အကိုတော် ချန် ၊ ခင်ဗျား အစောပိုင်းတုန်းက ဒုက္ခိတ ဖြစ် အောင် လုပ်လိုက်တဲ့ ဖန်လိယန် အကြောင်း ကြားမိလား ၊ ကြည့် ရတာ သူ့ကို ပြန်ကောင်းဖို့ ၁ နှစ်ခွဲလောက် ကုရမယ်ထင်တယ် ၊ ဒါကို ကြည့်ခြင်းအားဖြင့် ဖန်မျိုးနွယ် နဲ့ ခင်ဗျားနဲ့တွေ့ ဇာတ်လမ်း စကြပြီထင်တယ်”
ရှောင်ဒို ရယ်မောကာ ပြောဆိုပါတယ် ။
ချန်ရှန်ကတော့ သက်ပြင်းသာ ချနိုင်ပါတယ် ။ တနည်းအား ဖြင့် ချန်ရှန် ထို ဖန်လိယန် နဲ့ ဘာရန်ငြိုးမှ မရှိပါဘူး ။ ဒါပေမယ့် ဒီ ကမျိုးနွယ်တွေက အပြင်လောက က လူတွေ နဲ့ မတူပါ ။ ဒီက လူတွေဟာ စစ်မှန်သော သိုင်းပညာရှင်တွေပဲ ဖြစ်ကြတာကြောင့် ပါ ။
ပထမဆုံး စစ်ဆေးမှု ကတော့ စွမ်းအား ကို စစ်ဆေးတာပါ ။ ဒါကို မအောင်တာနဲ့ ထွက်ရမှာပါပဲ ။
စွမ်းအား ကို စစ်ဆေးတာ ကတော့ ကြိုတင်ပြင်ဆင်ထားတဲ့ အရာကို ထိုးရမှာပါပဲ ။ ကျောက်နံ၇ံတစ်ခုပေါ်မှာ စီစဉ်ထားတာ ဖြစ်ပြီး ရေကန်ငယ်လေး တစ်ခု နဲ့ တူပါတယ် ။ လက်သီးက ထိုး လိုက်တဲ့အခါ သက်ဆိုင်ရာတန်ဖိုးတစ်ခုကို ၎င်းက ပြပါလိမ့်မယ်။ ဒီလိုနည်းနဲ့ စစ်ဆေးခြင်းပါ ။ သတ်မှတ်ထားသော တန်ဖိုးတစ်ခု ရ မှသာ အောင်မြင်တယ်လို့ သတ်မှတ်တာပါ ။
“ပထမဆင့်က လွယ်ပါတယ် ၊ ငါတို့ ဘယ်ချိန် လုပ်လုပ် အောင်မှာပဲ”
ဇန်ဒီ ကပြောတာပါ ။
“ဒုတိယ နဲ့ တတိယ က ပိုခက်တယ် ။ ကျွန်တော် က ဒုတိယ အဆင့်မှာ ပြုတ်ခဲ့တာ ဇန်လူကြီးမင်းလဲ အတူတူပဲ”
ရှောင်ဒို က စိုးရ်ိမ်တဲ့ မျက်နာထားနဲ့ ပြောပါတယ် ။
“ဒုတိယ အဆင့် က ဘာလဲ”
ချန်ရှန် ဟာ ဒီ ဒုတိယနဲ့ တတိယ အဆင့်က ဘာမှန်း မသိတဲ့ အတွက် မေးလိုက်တာပါ ။
ဒီအကြောင်းမေးလိုက်တာနဲ့ ရှောင်ဒို မျက်နာမှာ ကြောက်ရွံ့ မှု အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ် ။
“ဆေးဆရာမကြီးက ဒီ အဆင့် ၂ ကို စစ်ဆေးတာပဲ ၊ အဓိက ကတော့ ခံနိုင်ရည်ကို စစ်တာ ၊ နောက် တတိယကတော့ ပေါင်း စပ်ခြင်း စွမ်းရည် ကို စစ်ဆေးတာပါ ။ နှစ်တိုင်းတော့ ပြောင်းလဲ တယ် ၊ ဒါပေမယ့် အမျိုးအစားကတော့ အတူတူပဲ”
ဆေးဆရာမကြီးဆိုတာ ဒီဂိုဏ်းရဲ့ ဒုတိယ မြောက် စွမ်းအား အကြီးဆုံး လူ ပါ ။ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းရဲ့ တစ်ဦး တည်းသော အမျိုးသမီး လည်း ဖြစ်ပါတယ် ။ ကောလဟာလ တွေ အရတော့ သူမ၏ အဆင့်ဟာ လက်ရှိ ဂိုဏ်းချုပ်ထက်ကို သာနေတယ်လို့ ပြောကြပါတယ် ။ သူမ၏ အမည်ရင်းကို မည်သူ မျှ မသိကြပါဘူး ။ ဒါကြောင့် ဆေးဆရာမကြီးဟုသာ ခေါ်ဆိုကြ တာ ဖြစ်ပါတယ် ။
“ကျွန်တော့ အလှည့်ရောက်ပြီ ၊ အရင် မှတ်တမ်းအဟောင်း စံချိန်ကို ကျော်ပမလား မသ်ိဘူးဗျို့ ”
ရှောင်ဒို သူ၏ အင်္ကျီ လက်ကို ခေါက်တင်ကာ ရှေ့ ကို ကြည့် လျက် ပြောပါတယ် ။
ချန်ရှန်က ရှောင်ဒို၏ နောက် မှပါ ။ ရှောင်ဒို ၏ အားကို ကြည့် ချင်တာနဲ့ အတော်ပါပဲ ။ အမှတ် ၁၀၀၀ ကျော်တဲ့ နောက်လိုက် တပည့်ကိုသာ အောင်မြင်တယ်လို့ ယူမှာ ဖြစ်ပြီး အပြင်စည်းက လူအများစုဟာ ၆၀၀ နှင့် ၇၀၀ ၀န်းကျင်သာ ရရှိကြကာ လူနည်းစု သာ အောင်မြင်ကြတာကို တွေ့ ရပါတယ် ။ ဒါကိုကြည့် ချင်းဖြင့် သင်တန်းသား တစ်ယောက်နဲ့ တစ်ယောက်ဟာ အား သိပ်မကွာကြတာ တွေ့ နိုင်ပါတော့တယ် ။
ယန်ရှောင်ဒို ရေကန်လေးကို လက်သီးတစ်ချက် ထိုးလိုက် တယ် ။ လက်မှာ အားများစုလျက် ဆန့်ထုတ်လျက် ထိုးလိုက်တဲ့ အခါမှာတော့ တန်ဖိုးတစ်ခုဟာ ထင်ထင် ရှားရှား ပေါ်လာပါတယ်
“၂၃၀၀”
ဒီဂဏန်းကို မြင်တဲ့လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွား ကြပါတယ် ။ အရင် မှတ်တမ်းမှာက ၁၈၀၀ သာ ရှိတာပါ ။
“အကိုတော် ချန် ၊ ခင်ဗျား အလှည့်ပဲ”
ရှောင်ဒို တော်တော် ကျေနပ်နေဟန်ဖြင့် ပြန်လာကာ ချန် ရှန်၏ ပခုံးအား ပုတ်ပြီး ပြောလိုက်ပါတယ် ။
ချန်ရှန် ဒီအပြင်စည်းမှာ နည်းနည်းတော့ ပညာပြရမည် ဟု ဆုံးဖြတ်လိုက်ပါတယ် ။ သူဟာ အပြင်လောကမှ လာတယ် ။ ဒါ တင်မက ဖန်လိယန် ကိုပင် လက်သီးတစ်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရစေခဲ့တာ ဖြစ်ပါတယ် ။ ဇုရွန် နဲ့ လည်း ရင်းနီးကာ ဆေး ပညာရှင် တစ်ယောက်လည်း ဖြစ်နေတယ်လေ ။
“မင်းစွမ်းအားတွေကို အကုန်သုံးပါ ။ ဒါမှသာ လူလေးစား တာ ခံရမယ်လေ ။ ယင် နဲ့ ယန် နတ်အတွင်းအားကိုတော့ မသုံးနဲ့ ပေါ့ကွာ”
ဘိုင်ယုယု က လေသံမာမာဖြင့် အမိန့်ပေးပါတယ် ။
ချန်ရှန်လည်း ခေါင်း ညိမ့်ကာ အသိအမှတ်ပြုလိုက်တယ် ။ သူ၏ စွမ်းအင် သိုလှောင်ရာမှာ ချီဒြပ်စင် ၅ ခုဟာ စုဆုံပြီး အနှိုင်း မဲ့ စကြာဝဠာ အတွင်းအား ကို ဖန်တီးလိုက်တယ် ။ ထို့နောက် အသက်ကို ၀၀ ရှူကာ ကြောက်မက်ဖွယ် လက်သီးတစ်ချက် ပစ် သွင်းလိုက်ပါတယ် ။ ဒီအချိန်မှာ သူဟာ မည်သည့် ချီဓာတ် မှ မထွက်တဲ့အတွက် ကြည့်နေတဲ့ လူတိုင်း ဟာ နည်းနည်းကြောင် သွားကြပါတယ် ။ အဘယ်ကြောင့်ဆိုသော် ချီဓာတ်မထည့်ပါက အားလည်း ကောင်းမည် မဟုတ်လို့ပါပဲ ။
ဒီတစ်ကြိမ်မှာတော့ ချန်ရှန် အားကုန် သုံးပါပြီ ။ တောင်တစ် လုံးသာ ဒီနေရာမှာ ရှိပါက ကွဲကြေပျက်ဆီးသွားမှာ အမှန်ပင် ဖြစ် ပါတယ် ။ သူ့ရဲ့ လက်သီး ဒီ ကျောက်တုံး နံရံကို ထိသွားချိန်မှာ ၎င်းဟာ တည်တည်ငြိမ်ငြိမ်ပါပဲ ။
ချန်ရှန် ဒီအရာရဲ့ ခံနိုင်ရည်အားကို လန့်သွားမိတယ် ။ ဒီလို အရာမျိုးကို အပြင်လောကမှ လူများ စီမံနိုင်ရန် တော်တော် ခက်ခဲမှာပါပဲ ။
ချန်ရှန် ထိုးပြီးတာနဲ့ ရလဒ်ကို စောင်မျှော်နေပါတယ် ။
ဒီတန်ဖိုးကို ကြည့်နေကြတယ် လူများစွာ ရုတ်တရက် တိတ် ဆိတ်သွားပါတယ် ။ လူတိုင်း သွေးမရှိသလို ဖြူလျော်သွားကာ ပထမဆုံ တစ်ချက် ထင်ကြတာ ဒီစမ်းသပ်ခံကျောက်တုံး တစ်ခုခု ချို့ ယွင်းတယ် ထင်ကြတယ် ။ ဒါပေမယ့်လည်း ထိုအတွေးဟာ လည်း ချက်ချင်း ပျောက်ကွယ်သွားကြတယ် ။ ဒါမျိုးဆိုတာ တစ်ခါမျှ မဖြစ်ဖူးတာကိုး ။
၄၈၀၀
အတွင်းစည်းက တပည့်ရင်းများပင် ဒီတန်ဖိုးရဖို့ တော်တော် ခက်ခဲမှာပါ ။ ဒါတင်မက ဒီတန်ဖိုးဟာ ရှောင်ဒို ရဲ့ ၂ ဆ ပါပဲ ။
အကဲဖြတ်ပေးတယ့် လူကြီးလည်း တော်တော် ကို အံ့အား သင့် သွားပါတယ် ။ သူဟာ စစ်မှန်သော သိုင်းပညာ နယ်ပယ်က ဖြစ်ပြီး ခုနက ချန်ရှန် လက်သီးထိုးလိုက်စဉ်မှာ မမြင်ရတယ့် စွမ်း အားကြီးလှသော ချီဓာတ်များ ပါဝင်မယ်လို့ ခံစားမိလိုက်ပါတယ်။ ဒါပေမယ့် ဘယ်လိုအမျိုးအစားလဲ ဆိုတာကိုတော့ မသိပါဘူး ။
ဒီလူကြီးလည်း ချက်ချင်းပင် အသံ ကျယ်ကျယ်ဖြင့် ကြေငြာ လိုက်ပါတယ် ။
“ချန်ရှန် ၊ အမှတ် ၄၈၀၀ ဖြင့် အောင်မြင်သည်”
ဒီစကားကို နားထောင်ရင်း လေးထောင့်ကွင်းပြင် တစ်ခု လုံး ဟာ ပွက်ပွက်ဆူနေတယ့် ရေနွေးအိုးကြီးတစ်ခုလိုပဲ အသံများ ဆူ ညံ သွားပါတယ် ။ အပြင်စည်းက နောက်လိုက် တစ်ယောက် ဟာ အတွင်းစည်းက ပညာရှင်များ နဲ့ တူသော ထုိးချက်မျိုးကို ပြု လုပ်နိုင်ခြင်းဟာ တော်တော် မယုံနိုင်စရာပါပဲ ။ ၎င်းတို့မျက်စိနဲ့ နားကိုတောင် မယုံနိုင် ဖြစ်နေကြပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset