Switch Mode

Chapter – 81

ညီတူမျှတူ

Chapter – 81 ညီတူညီမျှ

ကြီးမားလှသော မီး ပုံဆောင်ခဲ ကြီး တစ်ခု ပေါ်လာပြီး လူတိုင်း ဟာ အရမ်းကို အံ့အားသင့်နေကြပါတယ် ။ ရှောင်ဒို ၏ ပုံစံမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်ကာ သူ၏ တိမ်ပုံရိပ် အကွက် ကို ပြုလုပ်ပြီး ကောင်းကင်ဆီသို့ ပစ်လွှတ်လိုက်ပြီး မီးပုံဆောင်ခဲ ကြီး ကို ကာကွယ်လိုက်ပါတယ် ။
ယန်ရှောင်ဒို ၏ တိမ်ပုံရိပ် ဟာလည်း ကြီးလာကာ ပေ ၃၀ လောက်ထိကို ဖြစ်သွားပါတယ် ။ အဆင့် ၁၀ ပညာရှင်၏ စစ်မှန် သော ချီဓာတ်တွေ ပါဝင်လျက် ပစ်လွှတ်လိုက်တာပါပဲ ။ ကြီးမား လှသော အားကြောင့် ၎င်းဟာ ချန်ရှန်၏ ပုံဆောင်ခဲကြီးကိုပင် တွန်းတင်နေပါတော့တယ် ။
ချန်ရှန် ၏ ရယ်သံ ကို ကြားလိုက်ကြရပြီး မိုးပြာရောင် ချီဓာတ်တွေဟာ လင်းလတ်သွားကာ သူ၏ ပုံဆောင်ခဲကြီးမှ လိုက်ထွက်လာပါတော့တယ် ။ လျှပ်စီးများဟာလည်း ကြောက် မက်ဖွယ် ပါလာလျက်ပါ ။ ဒီလို လုပ်နေရာမှ ကြီးမားလှသော မိုး ပြာရောင် ပုံဆောင်ခဲကြီးပါ ထပ်ပေါ်လာကာ ထိုအရာက ခုနက မီး ပုံဆောင်ခဲအား ထပ်လျက် ဖိချလိုက်ပါတယ် ။
မီးနဲ့ လျှပ်စီး ချီဓာတ်တွေဟာ ပိုမို အားကောင်းလာပြီး ပေါင်းစပ်သွားကြပါတယ် ။ ရှောင်ဒို၏ တိမ်ပုံရိပ်မှာ ချန်ရှန်၏ ပုံ ဆောင်ခဲကြီးများကို မတွန်းလှန် နိုင်တော့ပဲ ၎င်းအပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပါတော့တယ် ။
“ဘုန်းးး ….. ဘုန်း ….. ဘုန်း”
ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ကာ ကြီးမားလှသော ပုံဆောင်ခဲကြီး၏ ပုံရိပ်မှာ လေးထောင့်စပ်စပ် ၀န်းရဲ့ အလယ်မှာ ပေါ်လာပြီး ချီလှိုင်းများဟာ အရပ်မျက်နာမျိုးစုံကို လွင့်ထွက်ကုန် ကြပါတယ် ။ လမ်းကြောင်းမှာ ရှိတဲ့ ကျောက်တုံးများအကုန် ကွဲ ကြေကုန်ကာ မြေကြီးပေါ်မှာပါ ပုံဆောင်ခဲ အရာကြီး ထင်လျက် ရှိပါတော့တယ် ။
ရှောင်ဒို၏ တစ်ကိုယ်လုံး မြေကြီးပေါ် ဖိချခြင်းခံလိုက်ရတာ ပါ ။ ကျယ်ကျယ်လောင်လောင်ကို အော်ပြီး ကုန်းထလာပါတော့ တယ် ။ တစ်ကိုယ်လုံးလည်း ပေပွနေပါတော့တယ် ။ ဒါပေမယ့် ကြီးကြီးမားမား ဒဏ်ရာရပုံတော့ မပေါ်ပါချေ ။
“အကိုတော် ချန် ၊ ခင်ဗျားရဲ့ အားက ကျွန်တော် ထင်တာ ထက်ကို ပိုတာပဲ ၊ အခု ကျွန်တော့ရဲ့ ပွဲသိမ်းကွက်သုံးပြီ”
ရှောင် ဒို ခပ်လောလော ပင် ပြောပါတယ် ။ သူပြောပြီးတာနဲ့ ဇန်ဒီမှ –
“မင်းတို့က ထပ်တိုက်ကြဦးမယ် ။ မင်းတို့ကြောင့်တော့ အကုန် ပျက်ဆီးကုန်တော့မှာပဲ ။ မင်းတို့အားက အတူတူပါပဲ ကွာ ၊ ဘယ်သူသာလဲ ဆုံးဖြတ်ချင်နေသေးရင် မင်းတို့ ဒဏ်ရာတွေ ရ ကုန်လိမ့်မယ်”
ချန်ရှန် ဇန်ဒီ စကားနားထောင်နေရင်း စဉ်းစားမိတယ် ။ ဒီလို ပြင်းထန်လှတဲ့ ချီဓာတ်စွမ်းအင် ၂ ခု ကို ကောင်းကောင်းကြီး သုံး တာတောင် တစ်ဖက်လူက မရှုံးသွားတာ တောက်တော် ကို အံ့သြနေ ပါတယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် ရှောင်ဒို ရဲ့ အားဟာ မသေးလှပါဘူး ။
“အကိုတော် ချန် ဟာ အဆင့် ၉ သာ ရှိသေးပေမယ့် ကျွန် တော်နဲ့ တစ်ယောက်ချင်း တိုက်နိုင်တယ် ။ တနည်းအားဖြင့် သူ သာ အဆင့် ၁၀ ရောက်ရင် ကျွန်တော် မရှုံးနိုင်ပေဘူးလား”
ရှောင်ဒို သက်ပြင်းချ လျက် ပြောတာပါ ။
“ကောင်းတယ်ဟေ့ ၊ နောက် တစ္ဆေလေးတစ်ကောင်တော့ ငါတို့ဝန်းထဲ ရောက်လာပြီဟေ့”
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးက ပြုံးလျက် ပြောပါ တယ် ။ ဒီလို ငယ်ရွယ်တဲ့ ကလေးတွေဟာ တကယ်ကိုပဲ သူတို့ ထက်ပင် ကြောက်စရာကောင်းလျက် ရှိနေကြပါတယ် ။ အထူး သဖြင့် ချန်ရှန်ဟာ ဒီလိုမျိုး အံ့အားသင့်ဖွယ် စွမ်းရည်တွေနဲ့ သူတို့ ၏ စိတ်နှလုံးကို ဖမ်းစားနိုင်လွန်းပါပေတယ် ။
“အကိုတော် ချန် ၊ ခင်ဗျားက လူအများကြီး သတ်ခဲ့တယ် မလား ၊ ခုနက ခင်ဗျားရဲ့ အမဲလိုက်ခြင်းနဲ့ ဆိုင်တဲ့ ချီဓာတ်တွေ ဟာ တော်တော်ကို ထူထည်းများပြားလွန်းလှတယ် ။ ကျွန်တော် ကြောက်တောင် ကြောက်မိသေး”
ရှောင်ဒို စပ်စုနေပါတယ် ။ သူ့မျက်လုံးထဲ အကြောက်တရား များကို မြင်နေရတယ် ။
“မများပါဘူး ၊ ဘယ်လောက်များလဲ ဆိုတာ မမှတ်မိတော့ ဘူး ၊ ဒါပေမယ့် သူတို့အားလုံးဟာ ပြသနာကောင်တွေ ချည်းပဲ”
ချန်ရှန် ပြန်ပြောလိုက်ပါတယ် ။
“ဒါကို မှတ်ထားဦးမှပဲ ၊ နောက် ပြသနာမရှာတော့ဘူးဗျို့ ”
ရှောင်ဒို ရယ်မော ပြောဆိုပါတယ် ။
“ကောင်လေးတို့ ၊ ဘေးဘီကို ကြည့်လိုက်စမ်းပါဦး ။ ဒီနေရာ ကို မပျက်မစီးပဲ ထားတာ အတော်ကြာပေါ့ ၊ ဒါပေမယ့် ခုတော့ . . .”
ဇန်ဒီ မျက်နာပျက်ပျက် နဲ့ ပြောပါတယ် ။
ရှောင်ဒို က ရယ်မောကာ –
“ဇန်လူကြီးမင်း ၊ ကျွန်တော်က အဓိကပါ ၊ ကျွန်တော်ပဲ သလင်းကျောက်တွေ ပေးပါ့မယ်ဗျာ”
ချန်ရှန် ရုတ်တရက် ထပြောလိုက်တယ် ။
‘ကျွန်တော် ခဏနားမှ ဖြစ်မယ် ။ ကျွန်တော့ ချီဓာတ်က ခင်ဗျားတို့လောက် အားမကောင်းဘူးလေ ၊ ကုန်ခါနီးဖြစ်နေပြီ”
ချန်ရှန် ဟာ စကြာဝဠာ အတွင်းအားကို မသုံးခဲ့ပါ ။ လိုလည်း မလိုအပ်ပါဘူး ။ ဒါက တကယ်ကို သေစေနိုင်ပါတယ် ။ ဒါတင်မ က သူ့အားကိုလည်း အများကြီး မသုံးချင်ပါ ။ ဒါပေမယ့် သေချာ တာကတော့ နောက်တခါများ ရှောင်ဒိုနဲ့ ချဖြစ်ခဲ့ရင်တော့ အပြင်း ထန်ဆုံး ဇာတ်သိမ်းမှာပဲ ဖြစ်ပါတော့တယ် ။
ယန်ရှောင်ဒို က တကယ်ကို သန်မာပါတယ် ။ ခုနက သိုင်း ဖလှယ်တုန်းကတောင်မှ သူ၏ ချီဓာတ်များကို အများကြီးမသုံး သွားပါဘူး ။ ဒါတင်မက ပွဲသိမ်းတိုက်ကွက်လိုပင် မသုံးသွားချေ ။
“စွမ်းအားကြီးတဲ့ ပညာရှင်တွေ ဒီခြံဝန်းထဲ တော်တော်များ ပါ လား ၊တကယ့်ကို ပညာရှင်တွေ အတွက် ခိုလှုံရာပါပဲ”
ချန်ရှန် သူ၏ အခန်းထဲတွင် ချီဓာတ်များ ပြန်လည် စုဆောင်း နေရင်း တွေးနေမိတာပါ ။
ချန်ရှန် အပြင်ထွက်လာခဲ့တယ် ။ တခြားအနီးတဝိုက် ခြံဝန်း များမှ နောက်လိုက်တပည့်များဟာ အခြေအနေကို လာမေးမြန်း ကြပါတယ် ။ ဒီကြီးမားလှတဲ့ ပုံဆောင်ခဲ ကြီး လေးထောင့်ကွင်း အလယ်မှာ ပေါ်လာတာကို တော်တော် အံ့အားသင့်နေကြတာပါ ၊ ဒီကျောက်တုံးတွေ ဘယ်လောက် ခိုင်ခန့်လဲ ဆိုတာ သူတို့ အသိ ပါ ။ ကြီးမားလှတယ့် အားအင်တစ်ခုခုမပေးပဲ ဘယ်လိုမှ မထိ ခိုက်စေနိုင်ပါဘူး ။
၂ ရက်ကြာပြီးနော် အတွင်းစည်း တပည့် ရွေးချယ်ခြင်းအ တွက် လျှောက်ထားခြင်းကို စတင် လက်ခံနေပါပြီ ။ ချန်ရှန် ၊ ယန် ရှောင်ဒို နဲ့ ဇန်ဒီတို့ဟာ လျှောက်ထားဖို့အတွက် အတူတူ ထွက် လာကြပါတယ် ။
လျှောက်လွှာတင်ပြီးနောက် အတူတူ ပြန်ထွက်လာကာ မြို့ ထဲက ဆိုင်တစ်ခုမှာ စားကြသောက်ကြပါသေးတယ် ။ ကံဆိုး စွာပင် ဇုရွန် နဲ့ တည့်တည့် တိုးပါတော့တယ် ။ ကပ်စီးနည်း ဖက်တီးကို နောက်ဆုံးမှာတော့ သူတို့ပဲ ဒကာခံရပါတော့တယ် ။
“လူညစ်လေး ယန် ၊ မင်းရှင်းရမှာနော်”
ဇုရွန် အစားအသောက်များမှာရင်း ပြောလိုက်တာပါ ။
“ဘာလို့ ကျွန်တော် က ရှင်းရမှာတုန်း”
ရှောင်ဒို မေးလိုက်တယ် ။ သူဟာ ဆွေကြီးမျိုးကြီး ဖြစ်သော် လည်း သူ၏ ငွေစများကို ဒီ ဖက်တီအတွက် အကုန်မခံချင်ပါ ။
“ဇန်လူကြီးမင်းကလည်း အသက်ကြီးပြီ ၊ အပြင်ဂိုဏ်းမှာပဲ နေရင် နေရ ဦးမှာ ၊ ချန်ရှန်ကလည်း ခုမှ လူသစ် ၊ ငါဆိုတာကလဲ ကပ်စီးနည်းတာ အားလုံးအသိ ၊ ငါတို့အားလုံး အခု ထထွက်သွား အောင် လုပ်နေတာလား ။ ဒါ့အပြင် မင်းတို့ မျိုးနွယ်က ငါတို့ ဇု မျိုးနွယ်ထက် ပိုချမ်းသာတယ်လေ”
ဇုရွန် ပြုံးလျက် ပြောလိုက်ပါတယ် ။
ချန်ရှန်ဟာ ဇုရွန် ၊ ယန်ရှောင်ဒို နဲ့ ဇန်ဒီ တို့ဟာ ရင်းရင်းနှီးနှီး ရှိလှတာကို တွေ့ လိုက်ရတယ် ။ ဒါတင်မက ဇုရွန်ဆိုတာ အမှတ် ၃၃၀ ခြံဝန်းမှာ နေထိုင်ခဲ့တာဖြစ်ပြီး အတော်ဆုံး ဖြစ်ခဲ့တယ်ဆို တာကို သိလိုက်ရပါတယ် ။
“၀က်ကလေး ၊ ဒီကလူကြီးက စစ်မှန်တဲ့ သိုင်းပညာနယ်ပယ် ကို ၀င်ဖို့ ရည်မှန်းချက် မရှိပေမယ့်လည်း ၊ ငါသေတယ့်အခါ အတွင်းစည်းနောက်လိုက်တစ်ယောက် အဖြစ် သေမှာကွ ။ ငါ့ကို အထင်မသေးစမ်းပါနဲ့”
ဇန်ဒီ ယုံကြည်မှုရှိစွာ ပြောလိုက်တာပါ ။
ရှောင်ဒိုလည်း နှုတ်ခမ်းများကို ကွေးကာ –
“ကျွန်တော့လည်း အတွင်းစည်း ၀င်ဖုိ့စောင့်ပါဦး ၊ ခင်ဗျား ရဲ့ နေရာကို သေချာပေါက် လုယူပြမယ်။ ခုတော့ နေနှင့်ဦးပေါ့”
ဒီဆိုင်ဟာ အရမ်းကို အလုပ်ရှုပ်လျက်ရှိပြီး ဖောက်သည်များ ဟာလည်း လူချမ်းသာတွေပါပဲ ။ အများစုဟာ ဂိုဏ်းနောက်လိုက် များသာ ဖြစ်ကြပါတယ် ။ သူတို့ဟာ ဂိုဏ်းထဲမှာသာ ဘာမှမဟုတ်တဲ့ အဆင့်နိမ့်များ ဖြစ်ကြသော်လည်း အပြင်မှာတော့ ဆရာကြီးတွေပါပဲ ။ ဘ၀င်လေဟပ်သူများ ဖြစ် ကြပြီး ကမ္ဘာကြီးတစ်ခုလုံး သူတို့လက်အောက်မှာလိုပဲ နင်းခြေ ချင်ကြတာပါ ။ ဒါကိုကြည့်ပြီး ရှောင်ဒို သွားတကြိတ်ကြိတ်ဖြင့် ၎င်းတို့အား မြေပေါ် မှောက်သွားအောင် ရိုက်ချင်နေပါပြီ ။
“လူညာလေး ယန် ၊ မင်းနဲ့ ချန် နဲ့ အတူတူ ဆိုရင်တော့ ဒီ မျိုး မစစ်လေးတွေကို ကောင်းကောင်းဆုံးမ နိုင်တယ် ။ ဒါပေမယ့် မင်း တစ်ယောက်ထဲ ဆိုရင်တော့ လေးဖက်ထောက်ပြီး ပြန်လာ ရလိမ့်မယ်ဟေ့”
ဇုရွန် အနီနားက စားပွဲ က လူ တစ်ယောက်ကို ကြည့်လျက် ပြောပါတယ် ။ ထိုလူက တခြားလူများကို ကြည့်တဲ့ အခါ အထင် သေးသလိုလို ပုံဖြင့်ကြည့်ကာ စိတ်ကြီးဝင်လျက် ရှိပါတယ် ။ တခြားလူများမှာလည်း ဒီလိုပုံစံတွေပါပဲ ။ အားလုံးဟာ ထောင့် မကျိုးကြပါဘူး ။
ချန်ရှန် ပြသနာ သိပ်မဖြစ်ချင်ပါဘူး ။ သူ ရှောင်ဒို က စိတ်မြန် လက်မြန် တစ်ခုခု လုပ်လိုက်မှာ ဆိုးသောကြောင့် အမြန်ပင် ပြော လိုက်ပါတယ် ။
“ကောင်းပြီ ၊ အတွင်းစည်းကို ၀င်ပြီးရင် မင်းမှာ သူနဲ့ ချဖို့ ပို အခွင့်အရေး ရှိတာပေါ့”
ချန်ရှန် ဟာ ဒီလူ ကတော့ အတွင်းစည်းက ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ် ။
“ဟဟ ၊ မင်းကတော့လား ၊ အပြင်လောက က လာပြီး အတွင်းစည်း ၀င်ဖို့ မတွေးစမ်းပါနဲ့ ”
“သောက် မျိုးမစစ်ကောင် ၊ မင်းအဖေ မင်း မျက်လုံးတွေ ကို ဖောက်ထုတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူး”
ရှောင်ဒို လည်း ကြုံးဝါးလျက် စားပွဲပေါ် ခုန် တက်လိုက်ပါ တယ် ။ သူက ဟိုလူ ဆီ ခုန် ၀င်တော့မလို့ပါပဲ ။ ဒါပေမယ့်လည်း ဇုရွန် နဲ့ ဇန်ဒီ တို့ ၏ ဆွဲထားခြင်းကို ခံလိုက်ရပါတယ် ။
“ဒီလိုချတာ မင်း ဂိုဏ်းရဲ့ အပစ်ပေးခြင်း ခံချင်လို့လား”
ဇုရွန် က မာန်မဲ လိုက်ပါတယ် ။
ချန်ရှန် လည်း တည်ငြိမ်စွာနဲ့ ၀င်ပြောလိုက်တယ် ။
“ငါ ဂိုဏ်းထဲ ၀င်နိုင်ရင် ငါ့ကို မင်း ချီဓာတ်ဆေး အလုံး ၁၀၀ ပေးမလား ၊ အပြန်အလှန်ပဲ ငါမ၀င်နိုင်ရင် မင်းကို ၁၀၀ ပြန်ပေး မယ်”
“ ၁၀၀ ထဲလား ၊ နည်းလွန်းတယ် ၊ ၁၀၀၀ ဆိုရင်ကော ၊ လောင်းမလား”
ရှောင်ဒို က ထအော်လိုက်ပါတယ် ။
“ဒီပြိုင်ပွဲက ခု ရက်အနည်းငယ်အတွင်း ပြိုင်မယ့်ဟာကိုနော် ၊ ဒါဆို ငါလောင်းမယ် ၊ ဒါပေမယ့် နောက် ၁၀ နှစ်မှ လုပ်မယ့်ဟာ ဆိုရင်တော့ မလောင့်ဝံ့ပါဘူးဗျာ”
ထို လူ က ပြောပါတယ် ။
“ရက်အနည်းငယ်အတွင်းမှာ အကိုတော် ချန် သေချာပေါက် အတွင်းစည်းကို ရောက်လိမ့်မယ် ၊”
ယန်ရှောင်ဒို စိတ်လှုပ်ရှားစွာ ပြောလိုက်တယ် ။ ချန်ရှန်က တော့ အနည်းငယ် စိတ်ဓာတ်ကျနေလေရဲ့ ၊ သူ့မှာအခု ချီဓာတ် ဆေး အလုံး ၁၀၀၀ မရှိလို့ပဲ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset