Chapter – 80 ပထမအတွင်းစည်းတပည့်
တခြားသိုင်းပညာရှင်များ၏ မျက်လုံးထဲတွင် ချီဓာတ်ဆေး ၅ လုံး ဆိုတာ တကယ်ကို တန်ဖိုးရှိလှပါတယ် ။ ဒါပေမယ့် ချန်ရှန်အား နာရီဝက်သာ အချိန်ပေးပါက သူဒါကို လုပ်ပြနိုင်တာပါ ။ နောက် ပြီး လက်ရှိမှာ သူ ဒဏ်ရာ အနာ တရလည်း မဖြစ်ချင်သေးပါဘူး ။ လာမယ့် အတွင်း စည်း တပည့်အဖြစ် လျှောက်လွှာတင်ရန် ပြင် ဆင်ချင်တာပါ ။
ယန်ရှောင်ဒို က စပ်ဖြဲဖြဲမျက်နာနဲ့ –
“အကိုတော် ချန် ၊ ကျွန်တော့မှာ ညီမတွေ အမတွေ အများ ကြီးရှိတယ် ။ အကုန်လုံးကလည်း အလှတွေချည်းပဲ ၊ ကျွန်တော် နဲ့ ခု တိုက်မယ်ဆိုရင် သူတို့နဲ့ပါ မိတ်ဆက် ပေးဦးမယ်ဗျာ”
ချန်ရှန် လည်း ရယ်မောကာဖြင့် –
“ညီတော်ရေ ။ ငါ့ကို အရူးမလုပ်စမ်းပါနဲ့ကွာ ၊ မင်းမိတ်ဆက် ပေးတာက အရေးမကြီးဘူး ၊ တော်ကြာ ငါသူတို့ကို မနိုင်ဘူးဟ ၊ ဟုတ်ပြီလား”
ရှောင်ဒို လည်း လျာထုတ်ပြပြီး –
“ခင်ဗျားက ကိုယ့်ကိုကိုယ်တော့ တော်တော် ယုံကြည်မှုရှိ တာပဲ ၊ ခင်ဗျားက ဆေးပညာမှာလည်း ဆရာကြီးလို့ ကြားတယ် ၊ ကျွန်တော့ အမရဲ့ ကောင်လေး က လည်း ဆေးဆရာတဲ့ ။ ခင် ဗျားလို ငယ်ရွယ် ၊ စမတ်ကျပြီး ချောမောတယ့် ဆေးပညာရှင် မျိုး ဟာ တော်တော် ရှားတယ်”
“ငိုးမတားလေး ၊ မင်းမြောက်ပင့်နေတာတွေ တော်ပါတော့ ၊ ငါစိတ်မပါတပါနဲ့ပဲ တိုက်ခိုက်ပေးပါ့မယ်ကွာ ။ ဒါပေမယ့် မင်းညီမ တွေ အမတွေကို တခြားလူတွေအတွက် ထားလိုက်ပါ ။ ငါ့မှာက သတို့သမီးလောင်းရှိပြီးသား”
ချန်ရှန် လည်း ပြုံးကာ ပြောလိုက်ပါတယ် ။
ချန်ရှန် စကား ကြားကြတယ့် အခါမှာတော့ တခြားလူများ ဟာ အားပေးကြပါတယ် ။ သူတို့ဟာ ချန်ရှန်၏ စွမ်းအားကို သိ ချင်ကြတာ ဖြစ်ပြီး ဒီလို တိုက်ပွဲတွေ ကြည့်ရှုခြင်းဖြင့် ပညာများ စွာ ရရှိနိုင်လို့ပဲ ဖြစ်ပါတော့တယ် ။
ရှောင်ဒိုလည်း ၀မ်းသာသွားပုံမှာ ကလေးတစ်ယောက်လို ပါပဲ ။ တကယ်ပဲ ချီဓာတ်ဆေး ငါးလုံးအား ထုတ်ကာ ချန်ရှန်အား ပေးလိုက်တယ် ။ သူဟာ ယန် မျိုးနွယ်ကဖြစ်ရုံသာမက ပါရမီ ရှင် တစ်ယောက်လည်းဖြစ်ကာ ကြွယ်ဝချမ်းသာသောကြောင့် ဆေး ဆိုတာ သူ့အတွက် မရှားပါဘူး ။
“အကိုတော် ချန် ၊ အမှန်တိုင်းပြောရရင် ကျွန်တော့ အမတွေ ကို မိတ်ဆက်ပေးရင်တောင်မှ သူတို့က ခင်ဗျားကို မကြိုက် လောက်ဘူးဗျ ၊ အထက်တန်းလွှာ လေကျယ်တွေလေ”
ရှောင်ဒို ကျန် နောက်လိုက်များဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်ပါတယ် ။ ဟိုလူတွေဟာလည်း သူတို့ အရူးဖြစ်သွား တာကြောင့် ရှူးရှူးရှားရှား ဖြစ်သွားကြပါတယ် ။
ဒီအချိန်မှာပဲ ဇန်ဒီ တစ်ယောက် ပြေးလာကာ အပြုံးလေးနဲ့ ပြောပါတယ် ။
“မင်း နဲ့ လူသစ် တို့ ပြိုင်မှာကို ငါ့ဘာလို့ အသိမပေးတာလဲ ။ ငါ ကြီးကြပ်ပေးမယ် နောက်ပြီး မင်းတို့ကို ငါက ရပ်ဆိုတာနဲ့ ရပ် မယ်နော် ၊ ငါ အတန်းသားအချင်းချင်း ဒဏ်ရာမရစေချင်ဘူး”
ချန်ရှန် နဲ့ ရှောင်ဒို တို့ လေးထောင့်စပ်စပ် မြေရဲ့ အလယ်ကို ရောက်လာကြတယ် ။ ထိုနေရာမှာတော့ ခိုင်ခန့်လှတဲ့အုတ်များ ခင်းထားလျက်ရှိနေတယ် ။ ၎င်းတို့ဟာ ဖျက်ဆီးဖို့မလွယ်ပါဘူး ၊ ဒါကြောင့် ကောင်းကောင်း တိုက်ခိုက်နိုင်ပါတယ် ။
“ရှောင်ဒို ၊ မင်း အတွင်းစည်းအတွက် မပြိုင်ဘူးလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ကျွန်တော် ၃ ကြိမ်လျှောက်ထားပြီးပြီ ၊ ဒါပေမယ့် အကြိမ် တိုင်း ဒုတိယအဆင့်မှာ ပြုတ်တာပဲ ။ ခုတော့ ကျွန်တော်လည်း အဆင့် ၁၀ ရောက်ပြီ ဒီနှစ်တော့ အောင်ကိုအောင်ရမယ်”
ချန်ရှန် ခေါင်းညိမ့်လိုက်ပါတယ် ။ ထို့နောက်မှာတော့ ချန်ရှန် ပုံစံ နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ် ။ အဘယ်ကြောင့် ဆိုသော် တမူထူးလှတဲ့ သိုင်းပညာ ချီဓာတ်များကို ရှောင်ဒိုဆီမှ ခံစားမိုလိုက်လို့ပါပဲ ။ ဒီအမျိုးအစား စစ်မှန်သော ချီဓာတ်ဟာ ကြောက်မက်ဖွယ်ခံစားမှုမျိုး တဖက်လူကို ပေးစွမ်း နိုင်ပါတယ် ။ နောက်ပြီး ဒီချီဓာတ်ကို ရှောင်ဒိုဟာ ကောင်းကောင်း ထိန်းချုပ် နိုင်ပုံပါပဲ ။
“ကြည့်ရတာ မီးနဲ့ လျှပ်စီး ချီဓာတ် ဖြစ်မယ် ။ သူ့မှာ မီးလျှပ်စီး သွေးကြောတွေ ရှိပြီး အသွင်ပြောင်းနိုင်ပုံပဲ”
စုမေးယိုက ပြောတာပါ ။
ပြင်းထန်သော သိုင်းပညာဂိုဏ်း ၊ ၃၀၀၀ သော ခြံဝန်း ၊ ၁၀၀၀၀၀ သော နောက်လိုက်တပည့်များ ၊ ဒီလို နေရာကလူများ ဟာ ကောင်းမွန်တဲ့ စွမ်းအားတွေ ရှိကြပါတယ် ။ ချန်ရှန် ဒီ ရောက် ကတည်းက များစွာသော လူငယ် စွမ်းအားပညာရှင်များနဲ့ တွေ့ ဆုံခဲ့ပြီးပါပြီ ။ ယခု သူ့ရှေ့ မှာရောက်နေတာဟာလည်း အသက် ၁၆ နှစ်သာရှိသေးသော အဆင့် ၁၀ သိုင်းပညာရှင်တစ်ယောက် ပါ ။ အစွမ်းအထက်ဆုံး အပြင်စည်းရဲ့ နောက်လိုက် စစ်စစ်လည်း ဖြစ်ပါ တော့တယ် ။
“မီးလျှပ်စီးကြိုး ကို ကြည့်လိုက်”
ရှောင်ဒို ကျယ်လောင်စွာ အော်ပြီး သူ့ဆီမှ မီးကဲ့သို့ အနီ ရောင် လျှပ်စီး တစ်ခု ရုတ်တရက် ထွက်လာပါတယ် ။ ကြောက် မက်ဖွယ် အပူ ချီဓာတ် တွေနဲ့အတူ ချန်ရှန် ကိုယ်ကို ရိုက်ခတ်ပါ တော့တယ် ။
မီးလျှပ်စီးဟာ ချန်ရှန်၏ ကိုယ်ကို ထိသွားပြီး ချက်ချင်းပင် ချန်ရှန်အား ချည်နှောင်လိုက်ပါတယ် ။ အရမ်းကို ခိုင်ခန့်လှသော သံကြိုးများလိုပင် ချန်ရှန် လှုပ်တောင် မလှုပ်နိုင်အောင်ကို ဖြစ် သွားပါတယ် ။
“ဟဲဟဲ ၊ အကိုတော်ချန် ၊ ခင်ဗျားတော့ ရှုံးပြီ”
ရှောင်ဒို ရယ်မောကာ ပြောဆိုပါတယ် ။ သူ၏ လက်သီးများ မှာ ကြောက်စရာ မီးလျှပ်စီး ချီအငွေ့ တွေ ထပ်ထွက်လာတာကို မြင်လိုက်ရတယ် ။ ချန်ရှန် ဒီ ပြင်းထန်လှတဲ့ ချီအငွေ့ တွေကို ခံ စားမိနေပြီး မြေကြီးတောင် တုန်နေသလိုပါပဲ ။
အဆင့် ၁၀ ပညာရှင်ရဲ့ ချီဓာတ်ဟာ ထပ်မံ ကျရောက်လာ ပါပြီ ။ ဒီလို ဖိနိပ်ကျရောက်လာတဲ့အခါ ချီဓာတ်များရဲ့ အရည်အ သွေးကို ကို အဆင့် ၉ ၏ ချီဓာတ်နဲ့ နှိုင်းယှဉ်ပါက ၂ ဆ လောက် ကွာပါပေလိမ့်မယ် ။
ဒါပေမယ့် ရှောင်ဒိုဟာ သူ၏ အားအစစ်အမှန်ကို မသုံးလိုက် ပါဘူး ။ ဒီလိုသာသုံးပါက ပိုမိုပင် ကြောက်စရာကောင်းပေလိမ့်ဦး မည် ဖြစ်ပါတယ် ။
ဒီအချိန်မှာ ချန်ရှန် သူ၏ ချီဓာတ်များကို အာရုံသွင်းကာဖြင့် ချီငွေ့ ချိန်းကြိုးကို ဖယ်ထုတ်ဖို့ ကြိုးစားနေပါတယ် ။ ဒီချိန်းကြိုး ဖြင့် ချည်ခံရတုန်းက လျှပ်စီးများနဲ့ မီးများဟာ သူ၏ကိုယ်ကို ထိမှန်နေကြပါတယ် ။ တကယ်လို့ သူသာ ထိုက်ကျိကျင့်စဉ်ကို အသုံးပြုပြီး ၎င်းတို့ကို ဖယ်ရှားဖို့ မကြိုးစားခဲ့ပါက သူ့အတွက် နည်းနည်း အန္တရာယ် ရှိနိုင်ပါတယ် ။
ရှောင်ဒို သူ၏ လက်သီးများကို ချန်ရှန်၏ ရင်ဘတ်ဆီသို့ စုံ ပစ်သွင်းကာ လာနေပါပြီ ။ ရောက်ခါနီးမှာပဲ ချန်ရှန်ဟာ ပါးစပ်ကို ဟကာ နဂါးဟောက်သံကြီး ပြုလုပ်လိ်ုက်ပါတယ် ။ များပြားလှ သော မိုးပြာချီငွေ့ များဟာ ချန်ရှန်၏ ပါးစပ်မှ ထွက်လာပါတော့ တယ် ။ ကြောက်မက်ဖွယ် လျှပ်စီးများလည်း ပါဝင်ပြီးတော့ ပြင်း ထန်လှသော အဟုန်တစ်ခုဟာ ရှောင်ဒိုအား ထိမှန်သွားပါ တော့ တယ် ။
ဒီလိုရုတ်တရက် တိုက်ခိုက်မှုကြောင့် ရှောင်ဒိုလည်း ပေ ၃၀ လောက်အထိ လွင့်ထွက်သွားပါတယ် ။ သူ၏ ဆံပင်များပါ ရှုပ်ပွသွားတာပါ ။
ချန်ရှန် ခေါင်းငုံ့ပြီး အော်လိုက်တဲ့အခါမှာတော့ သူ့ကို ချည် ထားတဲ့ ချိန်းကြိုးဟာ ပြတ်ထွက်သွားပြီး ချီလှိုင်းများဟာ အရပ် မျက်နာမျိုးစုံကို လွင့်ထွက်သွားပါတော့တယ် ။
“အကိုတော်ချန် ၊ ခင်ဗျားက တော်တော် ဉာဏ်ကောင်းတာ ပဲ ၊ ဒီလိုလှည့်စားမှုမျိုး တကယ်ကို လုပ်တတ်ပါပေတယ်”
ရှောင်ဒို မသက်မသာ ပုံစံနဲ့ ကြည့်ပါတယ် ။ တကယ်တော့ သူ့စိတ်ထဲမှာ နည်းနည်းတော့ ရင်ခုန်နေတယ် ။ အဘယ်ကြောင့် ဆိုသော် ချန်ရှန်ဟာ မရှုံးသေးပါဘူး ။
ပတ်ပတ်လည် ကြည့်နေကြတယ့် လူတွေအကုန်လုံး ရှော့ရ လျက်ပါပဲ ။ ချန်ရှန်မှာ ဒီလို စွမ်းရည်မျိုး ရှိတယ် ဆိုတာ သူတို့ အတွက် အံ့အားသင့်စရာပါ ။ ချီဓာတ်တွေကို ဒီလို ပါးစပ်က ထုတ် လွှတ် နိုင်တာဟာ တကယ်ကို ကြီးမားအစွမ်းထက်လှတဲ့ စွမ်းရည်မျိုးပါပဲ ။
ချန်ရှန် ၏ စစ်မှန်သောချီဓာတ်ရဲ့ အရည်အသွေးဟာ အဆင့် ၁၀ ထက် ပိုမဆိုးပါဘူး ။ အဘယ်ကြောင့်ဆိုသော် ခုနက ချန်ရှန်ဟာ မိုးပြာနဂါး နှင့် အနီရင့်ငှက် ချီဓာတ်များကို မပေါင်း စပ်လိုက်ရပဲ ချိန်ကြိုးမှ လွတ်မြောက်ရန် တော်တော် ခက်ခဲနေ လို့ပါ ။
“ရှောင်ဒို ၊ ငါမင်းကို အခု တိုက်ပီနော်”
ချန်ရှန် လက်သီး ၂ ဖက်လုံး ဆုပ်ကာ မိုးပြာနဂါး လျှပ်စီး ချီ ဓာတ်များအား လက်သီးများမှာ စီးဆင်းစေလိုက်တယ် ။ တချိန် တည်းမှာပင် အနီရင့်ရောင်ငှက် မီးချီဓာတ်များလည်း ထွက်ပေါ် နေပါတော့တယ် ။
တချိန်တည်း ချန်ရှန်ဟာ မီး လျှပ်စီး ချီဓာတ်များကို အသုံးပြု နေတာပါပဲ ။
ဒီလို မီး နဲ့ လျှပ်စီး ရဲ့ စစ်မှန်သော ချီဓာတ်များကို တချိန်တည်း ၂ မျိုးအသုံးပြုခြင်းကြောင့် ရပ်ကြည့်နေတယ့် လူ တိုင်းဟာ အထူးပင် စိတ်လှုပ်ရှားလျက် ရှိနေကြတယ် ။ သူတို့ အတွက် ကြည့်ရတာ တန်ပြီလေ ။ နောက်ပြီး နည်းနည်းလည်း ထူးဆန်းနေသလို ဖြစ်နေကြပါတယ် ။ အဘယ်ကြောင့်ဆိုသော် သူတို့ သိထားတာက ချန်ရှန်တွင် မီး ဓာတ်သာရှိတယ်လို့ပါ ၊ ယခု တော့ လျှပ်စီးဓာတ်ပါ ထုတ်လွှတ်နိုင်နေတယ်လေ ။
ချန်ရှန် ခြေတလှမ်းတိုးကာ ရှောင်ဒို၏ အရှေ့ ကို ရောက် သွားတယ် ။
“ကောင်းကင်ကျားမုန်တိုင်းဖြိုလက်သီး ကို ကြည့်ထား”
ပြောပြီးပြီးချင်းမှာပင် များစွာသော လက်သီးများဟာ ကျား ခေါင်းများအဖြစ် ထွက်ပေါ်လာကြပြီး ချီငွေ့ များ ထွက်လျက် အရှိန်ပြင်းစွာ လေထဲသို့ ခွင်းလျက်ရှိပါတယ် ။ မြေကြီးများပင် တုန်ကာ လျှပ်စီး အမြောက်များဖြင့် ပစ်နေသလို ရှောင်ဒိုဆီသို့ ပျံသန်းသွားပါတော့တယ် ။ မျက်စိတမှိတ်အတွင်းမှာပင် လက်သီး ချက် ၁၀၀ လောက်ထိုးပြီး ဖြစ်ကာ အချက်တိုင်းမှာ လည်း တောင်ငယ်တစ်လုံးကိုတောင် ပြိုကျသွားစေနိုင်သော ခွန် အားများ ပါဝင်လျက်ပါပဲ ။
“ကောင်းပဗျာ ၊ ဒီခြံဝန်းရဲ့ ဒုတိယနေရာက ခင်ဗျားအတွက် ပါပဲ”
ယန်ရှောင်ဒို အံကြိတ်လျက် ပြောပါတယ် ။ သူ့ကိုယ်မှ ချီငွေ့ များထွက်နေတုန်းပဲ ဖြစ်ကာ ချန်ရှန်၏ လက်သီးချက်များကို ကောင်းကောင်း ကာကွယ်လိုက်ရပုံပါ ။ချန်ရှန်၏ မုန်တိုင်းလို ပြင်းထန်ပြီး မြန်ဆန်လှတဲ့ လက်သီးချက်များကို ရှောင်ဒို တကယ်ကို ကာကွယ်နိုင်တာတော့ ချီးကျူးစရာပါ ။
“ငါ က ပထမနေရာလိုချင်တာ”
ချန်ရှန် လည်း ရယ်မောပြောဆိုတာ ထပ်အော်လိုက်ပြန် တယ် ။
“အဖြူရောင်ကျား နတ် လက်သီး”
လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး ရုတ်တရက်ပဲ အမဲလိုက် ခြင်းနဲ့ ဆိ်ုင်သော ချီဓာတ်များဟာ ခြံဝန်းကြီးရဲ့ အလယ်ကို ဖုံးလွှမ်းသွားပါတယ် ။ လူတိုင်းဟာ ထိတ်လန့်ကုန်ပြီး အသည်းနှလုံးတွေပြုတ်ထွက်မတတ်ပါပဲ ။
ချန်ရှန်၏ လက်သီး ရုတ်တရက် ကျားခေါင်းကြီး ၂ ခု အသွင် ကို ပြောင်းလဲသွားတာကို မြင်လိုက်ကြပြီးလူအများဟာ တုန် လှုပ်လျက် ရှိနေကြတယ် ။
“တိမ် ပုံရိပ်”
ယန်ရှောင်ဒို ပုံစံ ခပ်တောင့်တောင့် ဖြစ်သွားကာ လက် ၂ ဖက်ကို ယှက်လျက် မီးလျှပ်စီး ချီငွေ့ များ သူ့လက်မှ ထွက်ပေါ် လာ ပါတယ် ။ ၎င်းဟာလည်း ဒီလို ကြီးမားလှတယ့် လက်ယှက် ပုံစံ အဖြစ် ပြောင်းလဲကာ ရှောင်ဒို ရှေ့ တွင် ပေါ်လာပါ တော့ တယ် ။
ချန်ရှန်၏ အဖြူရောင်ကျား နတ် လက်သီး ဟာ ရှောင်ဒို ၏ အကာအကွယ်နဲ့ တိုက်မိကာ ကြီးမားလှတဲ့ “ဘုန်းးးးးး” ဟူသော အသံကြီး မြည်ဟည်းကာ ပြင်းထန်လှသော မုန်တိုင်းကြီး တစ် ခု ပြီး တစ်ခု ပတ်ပတ်လည်ကို တိုက်ခတ်သွားပါတော့တယ် ။
ဒီအချိန်မှာ ချန်ရှန်၏ တိုက်ခိုက်ချင်စိတ်ဟာ မြင့်တက် လာ ပါတယ် ။ ဒီလို ပြိုင်ဖက်ကောင်းနဲ့ တွေ့ ရသောကြောင့် ကျေနပ် မိနေတယ် ။ လေထဲကို တချက်ခုန်လိုက်ပြီး ပြန်ဆင်းချလာကာ ပေါက်ကွဲသံများ မြည်ဟည်းလျက် ကြီးမားလှသော မီးပုံဆောင်ခဲ ကြီး ရုတ်တရက်ပေါ်လာတယ် ။ ပေ ၆၀ လောက်ရှိသော မီးခဲကြီး အရှိန်အဟုန်ပြင်းစွာဖြင့် ကျရောက်လာနေပါပြီ ။
ဒါဟာ ချန်ရှန်၏ ပွဲသိမ်းတိုက်ကွက် လိုပါပင် ။ စွမ်းအင်တစ်ခု တည်းရဲ့ ချီဓာတ်တစ်ခုလုံးကို ချီငွေ့ များအဖြစ် ပြောင်းလဲကာ ကြီးမားသော အရာကြီးကို ဖန်တီးပြုလုပ်လိုက်တာပဲ ဖြစ်ပါတော့ တယ် . . . ။