Switch Mode

Chapter – 79

အပြင်စည်းခြံဝန်း

Chapter – 79 အပြင်စည်းခြံဝန်း

များစွာသော အပြင်စည်း တပည့်တွေဟာ အတွင်း စည်း တ ပည့်ရင်းတွေကို ဦးညွတ်ရပါတယ် ။ ခေါင်းဆောင် နောက်လိုက် တွေဟာ လက်ချိုးရေလို့ရပါတယ် ။ အတိအကျအားဖြင့် ဒီ သိုင်း ပညာခြံဝန်းကြီးထဲမှာ ခေါင်းဆောင် ၁၆ ယောက်သာ ရှိတာပါ ။
အားလုံးသော ခေါင်းဆောင်များဟာ စစ်မှန်သော သိုင်းပ ညာ နယ်ပယ် အထက်က လူတွေချည်း ဖြစ်ပါတော့တယ် ။
“မင်းမှာ စွမ်းအား လုံလုံလောက်လောက်ရှိရင် ခေါင်းဆောင် သက်ကြီးဝါကြီး ခြံဝန်းထဲတောင် ၀င်နိုင်မယ် ။ ဒါတင်မက ဂိုဏ်း ချုပ်နေရာတောင် နေနိုင်ဦးမယ် ။ တကယ်လို့ မင်းသာ သူ့ကို ရှုံးအောင် လုပ်နိုင်ရင်ပေါ့”
ဒါကိုကြားရခြင်းဟာ သုည ခြံဝန်းက ဂိုဏ်းချုပ်နေရာကို စိတ် ကူးယဉ်မိစေပါတယ် ။ ဒါဟာ စိတ်ကူးသာယဉ်လို့ ရမှာပါ ။ ဒီ ဂိုဏ်းချုပ်တွေဆိုတာ နှစ်ရာထောင်ချီ နေထိုင်ခဲ့ပြီး ဒဏ္ဍာရီထဲက ဘီလူးကြီးတွေလိုပါပဲ ။
“သုည ခြံဝန်းရဲ့ ဂိုဏ်းချုပ်ရာထူးဟာ ရရှိဖို့ တော်တော်ကြီး ကို ခက်ခဲတယ် ။ ဒါပေမယ့် ဆေးပညာခြံဝန်းရဲ့ ဂိုဏ်းချုပ်နေရာ ကတော့ အာ့လောက်မခက်ခဲပေဘူး”
စုမေးယိုက ရယ်ပြီး ပြောဆိုပါတယ် ။
ဒီ ဆေးပညာခြံဝန်း ဆိုတာက ဒီ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆေးများပြုလုပ်ပေးရတာပါ ။ ခြံဝန်း တစ်ခုသာ ရှိသော်လည်း ထိုအထဲမှာ ခြံဝန်းအသေး ၈ ခု ပြန်ခွဲထားကာ ဆေးပညာရှင်များ နေထိုင်ကြပါတယ် ။
“အဆင့် ၂ ဆေးပညာရှင်တောင် ဒီ ဆေးပညာခြံဝန်းကို ၀င် ရောက်နိုင်တယ် တဲ့ ၊ ခု အဆင့် ဘယ်နဆင့် ရှိလဲ ကြည့်ချင် လာ ပြီ”
ချန်ရှန် စာရင်းတစ်ခုကို ကြည့်လိုက်တဲ့အခါ ပထမအဆင့် ဆေးပညာရှင်ဟာ အမျိုးအစားမတူတဲ့ အလယ်လတ်အဆင့် ဆေး ၃ မျိုးကို ပြုလုပ်နိုင်ရမည် ဆိုတာကို တွေ့ လိုက်ပါတယ် ။
ဒုတိယအဆင့်ကတော့ အဆင့်မြင့်ဆေး ၃ မျိုး နဲ့ အနိမ့်စား ဝိဉာဉ်တော်အဆင့် ဆေး တစ်မျိုးကို ပြုလုပ်နိုင်ရမည် ဖြစ်ပါ တယ်။ တတိယအဆင့် ကတော့ တကယ်ကို ခက်ခဲသွားပါပြီ ။ အလယ်အလတ်တန်းစား ဝိဉာဉ်တော်ဆေး ၃ မျိုးပြုလုပ်နိုင်မှ သာလျှင် အဆင့် ၃ လို့ သတ်မှတ်မှာ ဖြစ်ပါတော့တယ် ။
ယခု ချန်ရှန်ဟာ အဆင့် ၂ ဆေးပညာရှင်သာ ဖြစ်ပြီး အဆင့် ၉ ကတော့ အမြင့်ဆုံးပင် ဖြစ်ပါတယ် ။ အဲဒိအထက်မှာတော့ ဆေးအကျော်အမော် ၊ ဆေး ထိပ်ခေါင် နဲ့ ဆေးဘုရင် တို့ ရှိနေကြ တာပဲ ဖြစ်ပါတယ် ။
ချန်ရှန် စုမေးယိုပြောတာကို အမှတ်ရသွားမိတယ် ။ သူမ ဟာ ဆေးထိပ်ခေါင် တစ်ယောက်သာဖြစ်ပြီး ကောင်း ကင်အ ဆင့် ဆေးတွေ လုပ်နိုင်တယ်လို့ ပြောဖူးပါတယ် ။
နောက်ဆုံးမှာတော့ ချန်ရှန် လက်နက်ပြုလုပ်ခြင်း ကဏ္ဍ ကို ကြည့်လိုက်ပါတယ် ။ ပြုလုပ်သူတွေဟာ ဒီဂိုဏ်းမှာ တော်တော် ရှားပါတယ် ။ တော်တော်လဲ ခက်ခဲလို့ပါ ။ ကောင်းကင်ဘုံ နတ် လက်နက်အင်ပါယာမှာသာ ဒီလို လက်နက်လုပ်တဲ့အတတ်ဟာ အများဆုံးရှိတာပါ ။ အင်အားအကြီးဆုံး ဆေးအဖွဲ့ အစည်းက တော့ ဒန်ရှန်တောင်ယွမ် ပါ ။ အဓိကအားဖြင့် ဒီ ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ စွမ်းအားကတော့ အကြီးဆုံးပါပဲ ။
လန်ယုလန် ဟာ ရေခဲလေ တောင်ကြားဂိုဏ်းကို သွားတာ ဖြစ်ပြီး ဒီိဂိုဏ်းဟာ ယန် နဲ့ ယန် ကိုသာ အပြင်းအထန် လေ့ကျင့် ကြတာပါ ။ နောက်လိုက်တပည့်လဲ အနည်းငယ်သာ ရှိပါတယ် ။ ဒါပေမယ့် ၎င်းတို့ရဲ့ စွမ်းအားကလည်း မသေးလှပါ ။ သူတို့၏ စစ် မှန်သော ချီဓာတ်များဟာ အားအလွန် ကောင်းလှပြီး ခြုံကြည့် မယ်ဆိုပါက တော်တော်လေး အင်အားကြီးပါတယ် ။
အဓိကအားဖြင့် ဂိုဏ်းကြီး ၈ ဂိုဏ်း ရှိသော်လည်း ပြင်းထန် သော သိုင်းပညာဂိုဏ်းဟာ စွမ်းအားအကြီးဆုံးလို့ သတ်မှတ် ထားကြပါတယ် ။
“အမတော် မေးယို ၊ အမတော် ယုယု ၊ အမတော်တို့ကို ဆေးလုပ်ပေးဖို့ ဆေးဆရာကောင်းကောင်းကို ဒီမှာ ဘယ်လိုရှာ ရ မလဲ ၊ ဒီဆေးရရင် အမတော်တို့ ဒဏ်ရာတွေ သက်သာသွား ကြလိမ့်မယ်”
ချန်ရှန် မျက်ခုံးများ မြင့်တက်လျက် ပြောလိုက်တာပါ ။
“သူတို့က အထွတ်အထိပ်အဆင့် ဆေးကို ပြုလုပ်နိုင်လား”
ဘိုင်ယုယု က မေးပါတယ် ။
အထွတ်အထိပ်အဆင့် ဆေး တဲ့လား ၊ ချန်ရှန် သူမ ဘာပြောနေတာလဲဆိုတာကို နားမလည်နိုင်ပါ ။ သူတခါမှ မကြား ဖူးတဲ့ အရာ ဖြစ်နေလို့ပါပဲ ။
“ဒီနေရာက ဘယ်သူမှ မလုပ်နိုင်ဘူးလား”
ချန်ရှန် ပြန်မေးလိုက်တယ် ။
“ငါကြားဖူးသလောက်တော့ ခုထိ သူတို့မှာ ဒီဆေး လုပ်နိုင် တဲ့လူ မရှိသေးဘူး ။ ဒီဆေးဟာ ကောင်းကင်အဆင့်ဆေးလို လုပ်နိ်ုင်တဲ့လူ အလွန် ရှားတယ် ။”
စုမေးယို သက်ပြင်းချရင်း ပြောပါတယ် ။
“ဒါပေမယ့် မင်းကျင့်စဉ်တွေ ကျင့် ဆေးပင်ကောင်းတွေ စု ပြီး လုပ်မယ်ဆိုရင်တော့ ရနိုင်မှာပါ ။ ဘာကြောင့်လဲဆိုတော့ မင်း မှာ နဂါးတံတွေး ကျင့်စဉ် ရှိတယ်လေ”
ချန်ရှန်ဟာ အထိတ်အထိပ်အဆင့် ဆေးကို လုပ်ရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ ဘယ်လိုတောင် အဆင့်မြင့်တဲ့ ဆေးဆိုတာ မြင်နိင်ပါတယ် ။
“ပထမဆုံး ၊ ကျွန်တော် အတွင်းစည်း ကို ၀င်ပြီးမှ ဒီအကြောင်း ဆက်ပြောကြတာပေါ့ ။ ကျေနပ်စရာကောင်း လောက်တဲ့ သိုင်းစွမ်းရည်တွေ သင်ချင်သေးတယ်”
ချန်ရှန် ပြောလိုက်တာပါ ။ အဘယ်ကြောင့်ဆိုသော် အပြင် စည်း နောက်လိုက်များဟာ အဆင့်နိမ့် သိမ်မွေ့ အဆင့် သိုင်း ပညာ မျာားကိုသာ သင်ကြားနိုင်တာဖြစ်ပြီး အတွင်းစည်းတပည့် ရင်းများကတော့ အဆင့်မြင့် သိမ်မွေ့ အဆင့် သိုင်းပညာရပ်များ နှင့် မြေကြီးအဆင့် သိုင်းပညာရပ်များကို သင်ကြားနိုင်မှာ ဖြစ်ပါ တယ် ။
နှစ်စဉ် ၁၀ လ မြောက်မှာ အတွင်းစည်း လျှောက်လို့ ရပါ တယ် ။ ချန်ရှန် အတွက် အချိန်မီ ရောက်လာတာပါပဲ ။
ချန်ရှန် အမိုးပေါ်တက်ပြီး သူ့ပတ်လည်မှာ ရှိနေတယ့် အဆောက်အဦးများစွာကို ကြည့်နေမိတယ် ။ အတွင်းအကျဆုံး အပိုင်းမှာတော့ စွမ်းအားကြီးလူများဟာ မိုးတိမ်များလို စုဆုံနေ တဲ့ အတွင်းစည်း ခြံဝန်းပါ ။
ဒီဂိုဏ်းမှ ပညာသင်များဟာ ဒီမှာနေရတာ ပျော်ရွှင်ကြပြီး ဂိုဏ်းနောက်လိုက်များဟာ များစွာသော သိုင်းစွမ်းရည်များကို သင်ကြားခြင်း ခံကြရပါတယ် ။ ဂိုဏ်းမှ သက်ကြီးပညာရှင်များကို နောက်လိုက်များအား သင်ကြားပြသပေးစေပြီး များစွာသော လက်နက်များကိုလည်း လေ့ကျင့်ရာမှာ ထောက်ပံ့ပေးထားပါ သေးတယ် ။ နောက်လိုက်တပည့်များအတွက် သိုင်းပညာဖလှယ် ပွဲများလည်း မျှမျှတတ လုပ်ပေးလျက် စွမ်းရည်များအား အကဲ ဖြတ်ပေးကြပါတော့တယ် ။
တခါတရံ ဂိုဏ်းမှ မစ်ရှင် များကို တပည့်များအတွက် လုပ် ပေးလေ့ရှိကြပြီး ဒီမစ်ရှင်များဟာ စီရင်စု ကို တမျိုးတမည် အကာ အကွယ် ပေးလျက်ရှိနေပါတယ် ။
ချန်ရှန်လည်း ဂိုဏ်း၏ ယူနီဖောင်းကို ၀တ်ဆင် လိုက်တယ် ။ ဒီအင်္ကျီဟာ အသားကပ် အမျိုးအစား ဖြစ်ပြီး သာမန်မီးဒဏ်ကို ခံ နိုင်ရည် ရှိပါတယ် ။ သာမန်ဓားဖြင့်လည်း မထိုးဖောက်နိုင်ပါ ။ ဒါတင်မက ၀တ်ဆင်ရာတွင်လည်း ကွက်တိဖြစ်လျက် သက် တောင့်သက်သာရှိရုံတင် မဟုတ်ပဲ ဆောင်းတွင်းတွင် အနွေးဓာတ် ပေးကာ နွေရာသီမှာတော့ အအေးဓာတ်ကို ပေး နိုင်စွမ်းလည်း ရှိပါသေးတယ် ။
ချန်ရှန် ခြံဝန်းအလယ်ကို ရောက်လာတယ် ။ ထိုအလယ် မှာတော့ စင်မြင့်ငယ်လေး တစ်ခု ရှိပါတယ် ။ ထိုစင်မြင့်ပတ်လည် မှာတော့ အဆောက်အချို့ ရှိကာ ထိုအထဲမှာ သင်တန်းသား များ လေ့ကျင့်ရာတွင် သုံးသော လက်နက်များ ထားရှိပါတယ် ။
“လူသစ်လေး ၊ မင်းက အပြင်လောက က လာတာလို့ ကြား တယ် ။ စွမ်းအားလည်း တော်တော်ကြီးပုံပဲ နောက်ပြီး ဖန်လိယန် ကို ပါ စက္ကန့်ပိုင်းအတွင်းမှာ နိုင်သွားတာပဲ”
လူငယ်တစ်ယောက် ရောက်လာပြီး လေးစားတဲ့ လေသံနဲ့ ပြောလိုက်တာပါ ။
ချန်ရှန် ဖတ်ခဲ့တဲ့ စာအုပ်တွေမှာ တွေ့ ခဲ့ရတာက ချန်ဝူဟာ တြိဂံ ပုံစံ ရှိနေပြီး အပြင်လောကဟာ ထောင့်တစ်ထောင့် နေရာ မှ ဖြစ်ပါတယ် ။ ဒီထောင့်နဲ့ ဒီ စီရင်စုတွေ နဲ့ကို ကြီးမားလှသော တော်ကြီးက ပိုင်းခြားထားတယ် ။ ချီဓာတ်များဟာလည်း ကျဲပါး ကာ ကျွမ်းကျင်ပညာရှင်များလည်း သိပ်မရှိလှပါဘူး ။
ချန်ရှန် ခပ်ပြုံးပြုံးဖြင့်ပင် ပြောလိုက်တယ် ။
“မှန်ပါတယ် ။ ဒီ လူက ရန်သူကို အထင်သေးလွန်းတယ် ။ အဲ ဒါ သူရှုံးရခြင်း အကြောင်းရင်းပဲ”
လူငယ်ကလည်း ရယ်မောကာဖြင့် –
“အမှန်ပဲဗျ ။ ဒီ ဖန်လိယန် ဆိုတဲ့လူက ဆရာဖြစ်မယ်လို့ သတင်းထွက်ကတည်းက စိတ်ကြီးဝင်နေတော့တာပဲ ။ ကျွန်တော် ဒီလူကို အစောကြီးထဲက ကျွန်တော်ကိုယ်တိုင် သင်ခန်းစာ ပေးချင်တာ”
ဒီလူငယ်ဟာ အသားမည်းမည်းဖြင့် ချန်ရှန်ထက် ခေါင်းတစ် လုံးလောက် အရပ် ပု ပါတယ် ။ သူ့ပုံစံဟာ သိပ်စွမ်းအားပြင်းပုံ မရသော်လည်း လျင်မြန်ဖျတ်လတ်ပုံ ရပါတယ် ။ သူ၏ မျက်လုးံ များဟာ တောက်ပြောင်နေပြီး ဖော်ရွေတဲ့ အပြုံးတစ်ခုကို ပိုင်ဆိုင် ထားပါတယ် ။ ဒါပေမယ် သူ၏ မျက်နာမှာ အနာလိုတွေ ရှိနေခြင်း ကြောင့် တမျိုးတမည် အကြည့်ရ ဆိုးလှပါတယ် ။
“ယန်ရှောင်ဒို ၊ မင်း အသစ်ရောက်လာတဲ့လူကို အနိုင်ကျင့် ဖို့ ထပ်စဉ်းစားနေပြန်ပြီလား”
ခပ်လှမ်းလှမ်းမှ သက်လတ်ပိုင်းအရွယ် လူ တစ်ယောက်က ပြုံးလျက်ပြောပါတယ် ။
“ချန်ရှန် ၊ မင်းရှေ့ မှာ ရပ်နေတယ့် ဂျပုလေးက ခြံဝန်းရဲ့ အား အကြီးဆုံး နောက်လိုက်တပည့်ပဲ ၊ ဒါပေမယ့် သူက ခြံဝန်း ခေါင်း ဆောင် မဖြစ်ချင် တဲ့ အတွက် ဇန် လူကြီးမင်းကို စိန်မခေါ်ဘူး”
ယန်ရှောင်ဒို နှာခေါင်းကိုပွတ်ကာ ထိုလူအား ပမာမခန့် ကြည့်လိုက်တယ် ။ ထို့နောက် –
“ကျွန်တော်က သူနဲ့ ပညာဖလှယ်ချင်လို့ ၊ သိုင်းပညာရှင် တွေက အရင်ထဲက ဒီလို ဖလှယ်နေကျပဲကို”
ဒီလေးထောင့်ဆန်ဆန် ၀န်းထဲမှာ လူများစွာ ရှိနေကြပါ တယ် ။ သူတို့အားလုံး၏ နုးညံ့တဲ့ အပြုံးတွေကို တွေ့ ရတယ့်အ ခါ ဒီ ခြံဝန်းဟာ စည်းစည်း လုံးလုံး ရှိပါပေတယ်လို့ တွေးမိပြီး ကျေနပ်သွားမိပါတယ် ။ သူတို့အားလုံးဟာလည်း ဖန်လိယန် ကို ကြည်တဲ့ပုံ မပေါ်ပါဘူး ။
ချန်ရှန် စစ ရောက်ချင်းတုန်းက လေ့ကျင့်နေတယ့်လူများ ဟာ ဆက်မလေ့ကျင့်ကြပဲ ချန်ရှန်ကိုကြည့်ကာ သူ့အကြောင်း ကို တီးတိုးပြောနေကြတာပါ ။ အဓိကအားဖြင့် ဖန်လိယန် ရှုံး သွားတာကို ကျေနပ်နေကြပုံပါပဲ ။
ချန်ရှန်ဟာ ဒီအချိန်မှာ ယန်ရှောင်ဒို အကြောင်း သိခဲ့ရပါ တယ် ။ သူဟာ ဒီကို လွန်ခဲ့တယ့် ၃ နှစ်က ရောက်ခဲ့တာဖြစ်ပြီး အမှတ် ၃၀၀၀ မှာ စနေခဲ့ရတာပါ ။ သူဟာ အရမ်းစွမ်းအားကြီး ပြီး သိုင်းပညာ အဆင့် ၁၀ ရှိတာကြောင့် ဒီနေရာကို ရောက်လာခဲ့ တာပါ ။ ဒါတင်မက သူဟာ စီရင်စုရဲ့ ကျော်ကြားလှသော အထက်တန်းလွှာ ယန် မျိုးနွယ်မှ လာသူတစ်ယောက်လည်း ဖြစ် ပါတော့တယ် ။
ဒီအချိန်မှာပဲ ယန်ရှောင်ဒို ဟာ အရမ်းတွေ တက်ကြွနေဟန် ရှိကာ ချန်ရှန်ကို ကြည့်ရင်း ပြောပါတယ် ။
“အကိုတော် ချန် ၊ ဒီဝန်းထဲမှာ ဇန်လူကြီးကလွဲလို့ အကုန် ကျွန်တော်နဲ့ တိုက်ခိုက်ပြီးပြီ ။ ခင်ဗျားလဲ တိုက်ရမယ်ဗျာ ၊ ရှုံးရှုံး နိုင်နိုင် ကိစ္စ မရှိဘူး ။ ကျွန်တော် ခင်ဗျားကို ချီဓာတ်ဆေး ၅ လုံး ပေးပါမယ် ။”
ဇန်လူကြီးမင်းဆိုတာ ဇန်ဒီ ကို ပြောတာပါ ။ သူဟာ ဒီဝန်း ခေါင်းဆောင်ပေမယ့်လည်း ဒီကလူအကုန်လုံးက သူ့ကို ဒီလိုပဲ ခေါ်ကြတာပါ ။
ချန်ရှန် တစ်ယောက် ဒီငနဲ တော့ ရန်လိုနေတယ်ဆိုတာ သိ လိုက်ပါတယ် ။ နောက်ပြီး ဒီလူဟာ ဒီဝန်းရဲ့ စွမ်းအားအကြီးဆုံး ဖြစ်ပြီး တနည်းအားဖြင့် အပြင်စည်းဂိုဏ်းမှာ စွမ်းအားအရှိဆုံး နောက်လိုက်ပါပဲ ။
“ရှောင်ဒို ၊ မင်းက အဆင့် ၁၀ လေ ငါက အဆင့် ၉ ပဲ ရှိ သေး တယ် ၊ တော်တော် ကွာတယ်ကွ”
ချန်ရှန် ခေါင်းခါကာ ရယ်ပြီးပြောလိုက်ပါတယ် ။ သူတော် တော်အံ့သြမိတာကတော့ ထိုငနဲလေးဟာ ၁၆ နှစ်သာ ရှိသေးလို့ ပါပဲ ။
ချန်ဝူနယ်မြေကြီးရဲ့ သိုင်းပညာတောအုပ်ထဲမှာ ဒီလို ငယ် ရွယ်ပြီး ပါရမီ ထူးလှတဲ့ ပညာရှင်များကို နေရာတိုင်းမှာ တွေ့ နိုင် ပါတယ် ။
“ဒါပေမယ့် ခင်ဗျားက တစ်နှစ် ပိုကြီးတယ်လေ ၊ နောက်ပြီး အကျိုးရှိမှာပါ ။ အေးဆေးပေါ့ ၊ ကျွန်တော် ညှာပါ့မယ် ။ ရှုံးရှုံးနိုင် နိုင်ဗျာ ချီဓာတ်ဆေး ၅ လုံးပေးမှာပဲကို”
ယန်ရှောင်ဒို က ပြောနေတာပါ ။ သူ့ပုံစံက သူနဲ့ မတိုက်ပဲ နေခွင်မပြုဘူးဆိုတဲ့ အစီအစဉ်ရှိနေပုံပဲ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset