Switch Mode

Chapter – 13.3

" ထူးဆန်း ရေ ဆေးလုံး "

Chapter – 13.3 ” ထူးဆန်း ရေ ဆေးလုံး ”
°°°
” အဲ့ဒါက ထူးဆန်းရေဆေးလုံးလား တကယ်ပဲ ရွှေသားပေါင်းတစ်သောင်းတန်တဲ့ ထူးဆန်းရေဆေးလုံး အစ်ကိုကြီးပေ့ပေ့က သူ့ကို ဒီလောက်တန်ကြေးကြီးတဲ့ဆေးလုံး ပေးလိုက်တယ်လား ဟို့ယွိဟောင်ကို ဆေးမှားပေးမိတာများလား ”

၀မ်သုန့်က သူ့ဘာသာသူ အထိတ်တလန့် ပြောနေခဲ့ပါတယ်။

အတော်ကြာအောင် ထိတ်လန့်နေပြီတဲ့နောက် ၀မ်သုန့်လဲ သူ့အိပ်ယာသူပြန်ပြီး အိပ်ဖို့လုပ်တော့တယ်။ ဒါပေမယ့် ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို တွေးမိတာကြောင့် ဟို့ယွိဟောင်ရဲ့ အိပ်ယာဘေးကိုနောက်တစ်ကြိမ် ပြန်ပြီးလျှောက်လာရင်း လက်သီးနဲ့ဝှေ့ရမ်းရင်း ပြောမိပြန်ပါတယ်။

” မင်းကို ကျေးဇူးတင်ရမှာပဲ ငါအိပ်ယာရှိနေတာတောင် အခုမအိပ်နိုင်တော့ဘူး…စောင့်ကြည့်နေလိုက်စမ်းပါ ”

သူပြောပြီတဲ့နောက် သူ့အိပ်ယာခင်းကို လှိမ့်လိုက်ရင်း သယ်ဆောင်ရင်း ၀ိညာဥ်ပစ္စည်းထဲ ထည့်လိုက်ပါတော့တယ်။ အဲ့ဒီနောက် အခန်းအပြင်ကို ထွက်သွားခဲ့ပါပြီ။ ဘယ်သူမှ သူဘယ်သွားလဲ မသိရပါဘူး။

၀မ်သုန့်ထွက်သွားပြီမကြာခင်အချိန်မှာပဲ ဟို့ယွိဟောင် ခန္ဓာကိုယ်ဘေးမှာ ရှိနေတဲ့မြူခိုတွေရဲ့ ချိုမြိန်တဲ့အနံ့က ငါးညှီးနံ့အဖြစ်ကို ပြောင်းလဲသွားပြီ ပိုမို မှောင်မိုက်လို့လာခဲ့ပါပြီ။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ အသက်ရှုနှုန်းကလဲ အတော်ကို တည်ငြိမ်လာပါတော့တယ်။

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်က တကယ်ကို အေးအေးချမ်းချမ်း အိပ်စက်နေခဲ့တာပါ။ သူ့ကို နောက်ဆုံးလန့်နိုးလာစေတဲ့အရာကတော့ တစ်ကိုယ်လုံး စီးကပ်နေလို့ပါပဲ။ အသိစိတ်ပြန်၀င်လာချိန်မှာ သူနှာချေးမိပါတော့တယ်။

” ဆိုးလိုက်တာ ဒီအနံ့ကြီးဘယ်ကလာတာလဲ “‘

ဟို့ယွိဟောင် သူ့အိပ်ယာပေါ်ကလှိမ့်ရင်း ထိုင်မိလိုက်ပါတယ်။ သူပထမဆုံးတွေးမိလိုက်တာက ၀မ်သုန့်သူ့ကို တစ်ခုခုလုပ်သွားလို့ပါပဲ။

ဒါပေမယ့် သူမျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာတော့ ၀မ်သုန့်က အခန်းထဲမှာ ရှိမနေတာကို မြင်လိုက်ရပါတော့တယ်။

ဟို့ယွိဟောင် အခန်းအပြင်ကို ကြည့်လိုက်မိချိန်မှာတော့ မှောင်နေတာကို မြင်လိုက်ရပါတယ်။ ဒါပေမယ့် တစ်စုံတစ်ရာလွဲမှားနေတာကိုလဲ ခံစားမိလိုက်တယ်။ လက်ရှိအချိန် အခန်းရဲ့ နေရာပေါင်းစုံကို အသေးစိတ်ကျကျမြင်နေရုံတင်မကပဲ အမှောင်ထုကပါ သူ့ကို မတားဆီးနိုင်တာ သတိထားမိလိုက်ရပါတယ်။

အတိတ်အချိန်မှာ ဒီလိုအမြင်အာရုံမျိုးကို အောင်မြင်နိုင်တာမှန်ပေမဲ့ ၀ိညာဥ်စွမ်းအားကို အသုံးပြုဖို့ လိုအပ်ပါတယ်။

လက်ရှိအချိန်မှာတော့ သိုင်းပညာ၀ိညာဥ်ကို အသုံးမပြုရပဲနဲ့တောင် ဒီလိုအမြင်ကို ရရှိနေပါပြီ။

သူငုံ့ကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့ ကျောင်းသား၀တ်ရုံတစ်ခုလုံးက မှောင်မိုက်နေတာကို မြင်လိုက်ရပါတယ်။ ဒါ့အပြင် နံဆော်တဲ့အနံ့ကလဲ သူ့အင်္ကျီကနေ ထွက်ပေါ်လာနေခဲ့တာဖြစ်ပြီး အဲ့ဒီအနံ့ဆိုးလွန်တဲ့အရာကတော့ သူ့အရေပြားပေါ်မှာရှိနေခဲ့ပါတယ်။

ချက်ချင်းဆိုသလို အ၀တ်အစားတွေကိုချွတ်ပြီ သူပုံချလိုက်မိပါတော့တယ်။

” ၀မ်သုန့်က ငါ့ကိုအဲ့ဒီလောက်တော့ ကြည့်မရတာ မဖြစ်နိုင်ပါဘူး ”

ဟို့ယွိဟောင်လဲ သူ့ကိုယ်သူကြည့်ရင်း ဘာပြောရမယ်မှန်းမသိ ဖြစ်နေခဲ့ပါတယ်။ သူထရပ်ပြီချိန်မှာ အိပ်ယာတစ်ခုလုံးကို အနက်ရောင်အပုတ်အဆွေးတွေက ဖုံးအုပ်နေမှန်း သတိထားမိသွားတော့တယ်။ အဲ့ဒါဘာကြီးတွေလဲ။

သူ့ခန္ဓာကိုယ်နဲ့ အိပ်ယာပေါ်မှာရှိနေခဲ့တဲ့ အနံ့တွေက တကယ်ကို စိတ်ပျက်စရာကောင်းလွန်လှတာပါ။ သူလဲ ဘာတွေဖြစ်သွားလဲဆိုတာ တွေးတောင်မတွေးတတ်တော့ပါဘူး။ အိပ်ယာပေါ်ကနေ ခုန်ထလိုက်ရင်း အခန်းရဲ့ပြတင်းပေါက်ကို အမြန်ဖွင့်လိုက်ရပါတော့တယ်။ အဲ့ဒီနောက် အခန်းအပြင်ကို ပြေးထွက်လို့သွားခဲ့ရင်း ရေချိုးခန်းကို အမြန်ပြေးရတော့တယ်။

ဒီအနံ့ကြီးက သူ့တစ်ကိုယ်လုံးကို စီးကပ်စေတဲ့အဓိကအရာပါ။ ဒါကြောင့် အိပ်ယာနဲ့ အ၀တ်အစားတွေအားလုံးကို လျှော်ဖွတ်သန့်စင်ပြစ်ဖို့ လိုပါတယ်။ စုစုပေါင်း အချိန်တစ်နာရီလောက်အထိကို ကြာမြင့်လို့သွားခဲ့တယ်။

အိပ်ယာပေါ် ပြန်ထိုင်ချမိလိုက်ချိန်မှာတော့ ဟို့ယွိဟောင်လဲ စိတ်ခံစားချက်တွေ ရှုပ်ထွေးနေပါပြီ။ ဒါပေမယ့် သူအတွေးလွန်လို့မဖြစ်ပါဘူး။ မနက်ဖြန် ၀မ်သုန့်ကို မေးမယ်လို့ သူဆုံးဖြတ်လိုက်ပါတယ်။ တစ်ညလုံးနီးပါး အိပ်ပြီဖြစ်တာကြောင့် တခြားကျန်ရစ်တဲ့အချိန်တွေကို ကောင်းကောင်းအသုံးချဖို့ သူဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါကြောင့် စတင်ပြီ ထိုင်ရင်းကျင့်ကြံတော့တယ်။

ဟို့ယွိဟောင် သူ့ဘာသာသူ တွေးပြီတဲ့နောက် တင်ပလ္လင်ခွေချိတ်ရင်းထိုင်ရင်းနဲ့ ထူးဆန်းကောင်းကင်နည်းလမ်းကို လှည့်ပတ်စေလိုက်ပါပြီ။ ဟို့ယွိဟောင် သုံးစက္ကန့်လောက် စတင် ကျင့်ကြံပြီချိန်မှာပဲ ရုတ်တရက် မျက်လုံးပြူးသွားပါတော့တယ်။ သူအရမ်းကို စိတ်ရှုပ်ထွေးနေခဲ့တယ်။

” ငါအိပ်မက်မက်နေတာလား ”

ဟို့ယွိဟောင် တအံ့တဩနဲ့ သူ့မျက်လုံးကို နောက်တစ်ကြိမ် ပြန်ပိတ်လိုက်မိပါတယ်။

နောက်ထပ် သုံးစက္ကန့်ကြာပြီချိန်မှာ မျက်လုံးပြန်ပွင့်လာခဲ့ပါပြီ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။

ဒါက သူကိုယ်တိုင်း မတွေးမိဘူးတဲ့အရာပါ။ တရားထိုင်ပြီ ၀ိညာဥ်စွမ်းအားကို လှည့်ပတ်ချိန်မှာ သူ့ခန္ဓာကိုယ်က မခန့်မှန်းနိုင်တဲ့အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ။ အခုအချိန်က အရင်အခြေအနေနဲ့ ယှဥ်မယ်ဆိုရင် အများကြီးပိုပြီး သာလွန်နေခဲ့ပါတယ်။ အရင်အခြေအနေကတော့ ခရုတစ်ကောင်တွားသွားနေတဲ့ အရှိန်နှုန်းပါပဲ။ လက်ရှိကျင့်ကြံတဲ့နှုန်းကတော့ ပင့်ကူတစ်ကောင်လိုမျိုး မြန်ဆန်းနေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားရဲ့လှည့်ပတ်မှုက သုံးဆကနေ ငါးဆအထိ ပိုမို မြန်ဆန်းလာရုံတင်မက ၀ိညာဥ်စွမ်းအားကလဲ အတော်ကြီးကို သန်မာလာခဲ့လို့ပါ။

၀ိညာဥ်စွမ်းအားကို ဆက်တိုက်လှည့်ပတ်နေရင်း အားကောင်းတဲ့စွမ်းအင်အရင်းအမြစ်တွေကို ဖြတ်ကျော်သွားမှန်း ခံစားနေခဲ့မိပါတယ်။ ဒီခံစားချက်က အံ့ဩစရာကောင်းလွန်လှတယ်။ ဒါ့အပြင် ခြေလက်တွေမှာလဲ ထုံကျင်ယားယံလာတာကို သူသတိထားမိလိုက်ပါတယ်။

ဟို့ယွိဟောင် စိတ်မရှည်လက်မရှည်နဲ့ မျက်လုံးကိုပိတ်ထားရင်း ၀ိညာဥ်စွမ်းအားကို အသုံးပြုပြီ အဲ့ဒီစွမ်းအားလှည့်ပတ်မှုလမ်းကြောင်းတွေကို ဖြတ်သန်းပါတော့တယ်။ သူကြုံတွေ့နေတဲ့အရာက အိပ်မက်မက်နေတာမဟုတ်ပဲ အရာအားလုံးက အမှန်တကယ်ပါ။ ပုံမှန်အချိန်မှာ ထူးဆန်းကောင်းကင်နည်းလမ်းကို တစ်ပတ်ပြည့်အောင် လှည့်ပတ်ဖို့အတွက် အနည်းဆုံးတစ်နာရီကြာအောင် အချိန်ယူရပါတယ်။ အခုအချိန်မှာတော့ တစ်နာရီရဲ့ လေးပုံတစ်ပုံတောင် မကြာမြင့်ပါဘူး။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားကလဲ အများကြီးပိုပြီး အားကောင်းလို့နေခဲ့ပါတော့တယ်။ ဒါ့အပြင် အလွယ်လေးလှည့်ပတ်နေနိုင်တာကြောင့် သူ့လဲပိုပြီး တအံ့တဩဖြစ်နေခဲ့ရတယ်။

လက်ရှိအချိန်မှာ စွမ်းအင်အရင်းအမြစ် ဖြတ်သွားတဲ့နေရာတိုင်းကို ဘယ်အရာကမှ တားဆီးလို့ထားတာမျိုး မရှိတော့မှန်းလဲ သူနားလည်သဘောပေါက်လို့ သွားပါတော့တယ်။ အစောပိုင်းတုန်းက တားဆီးခံလိုက်ရသမျှ အရာအားလုံးက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် ကျဥ်းမြောင်းပြီ ကွဲလွဲခဲ့တဲ့စွမ်းအားဖြတ်သန်းတဲ့ လမ်းကြောင်းတွေကလဲ အရမ်းကို ကျယ်ပြန့်ပြီး ထူးထပ်လို့လာပါတော့တယ်။ ဒါ့အပြင် ကျုံ့နိုင်ဆန့်နိုင်စွမ်းကလဲ အားကောင်းလို့လာခဲ့ပြီး ၀ိညာဥ်တိုက်ခိုက်မှုကို ခံစားရမယ်ဆိုရင်တောင် အန္တရာယ်မရှိတော့မယ်အတိုင်း ဖြစ်နေခဲ့တယ်။

ငါ့ရဲ့ခန္ဓာကိုယ်အသွေးအသားက တစ်ညထဲပြောင်းလဲသွားတာလား။

ဘာကြောင့်ဖြစ်သွားလဲဆိုတာ သူ မတွေးတတ်ပဲ ရှိနေခဲ့ပါတယ်။ ဒါက တစ်ဘ၀တာလုံး ကျင့်ကြံမယ်ဆိုရင်တောင် မရခဲ့ဖူးတဲ့စွမ်းအားတွေပါပဲ။ သူ့အတွက် ဒီလိုခံစားချက်ကိုလိုက်မိအောင် တွေးတောနိုင်ဖို့အတွက် အတော်ကိုခက်ခဲနေခဲ့ပါတယ်။ ဘယ်လိုမှကို လက်မလျှော့ချင်ခဲ့တဲ့အတွက် ၀ိညာဥ်စွမ်းအားကို ဆက်တိုက်ဆိုသလို လှည့်ပတ်ရင်းနဲ့ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ကျင့်ကြံဆင့်ကို ပိုပြီး မြန်ဆန်စေလိုက်ပါတယ်။ ဒါ့အပြင် ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ခန္ဓာကိုယ်စွမ်းအားအရင်းအမြစ် ဖြတ်သန်းတဲ့လမ်းကြောင်းတွေကို ပိုမိုအားကောင်းစေတာကြောင့် နူးညံ့ပြီ နွေးထွေးတဲ့ခံစားချက်က နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာခဲ့ပါပြီ။

၀ိညာဥ်စွမ်းအားကို ဘယ်လောက်အထိ အချိန်ကြာကြာလှည့်ပတ်နေမိလဲဆိုတာ ဟို့ယွိဟောင် ကိုယ်တိုင်းတောင် သတိမထားမိလိုက်ပါဘူး။ ဒါပေမယ့် အပြင်ဘက်ကောင်းကင်ကြီးကတော့ ဖြည်းဖြည်းချင်း တောက်ပလာခဲ့ပါပြီ။ အဝေးကောင်းကင်ကြီးက အလင်းတန်း ထွက်ပေါ်လာချိန်မှသာ သူ့လဲ ပြန်လည်နိုးထလာပါတော့တယ်။

ညရဲ့တစ်၀က်လုံးလုံး တင်ပလ္လင်ခွေချိတ်ပြီ တရားထိုင်နေခဲ့တာတောင် ခြေထောက်တွေက တောင့်တင်းနာကျင်တာမျိုးမရှိပဲနဲ့ ပေါ့ပါးနေခဲ့ပါတယ်။ ဒါကြောင့် ပြတင်းပေါက်နားကို တိုးကပ်လာရင်း ကြည့်လိုက်ချိန်မှာတော့ အရှေ့အရပ်နဲ့ ခရမ်းရောင်ချည်တွေ ပေါ်လာတာကို မြင်လိုက်ရပါပြီ။ ၀ိညာဥ်စွမ်းအားကလဲ စိတ်၀ိညာဥ်မျက်လုံးထဲကို တိုက်ရိုက်အလိုအလောက် အလွယ်လေးရောက်ရှိလို့သွားခဲ့ရင်း သဘာ၀ကျကျ နည်းလမ်းနဲ့စတင်ပြီး ခရမ်းရောင်နတ်ဆိုးမျက်လုံးကို ကျင့်ကြံပါတော့တယ်။

ခန္ဓာကိုယ်အပြောင်းအလဲတွေက ၀ိညာဥ်စွမ်းအားကို အားကောင်းစေတာကြောင့် အပြောင်းအလဲတွေက ဟို့ယွိဟောင်အတွက်တော့ အရမ်းကို သိသာလွန်နေခဲ့ပါတယ်။ စိတ်၀ိညာဥ်မျက်လုံးကို သုံးချိန်မှာ ခရမ်းရောင်ချည်တွေရဲ့ အလွှာက ပိုမိုအားကောင်းလာခဲ့ပြီး သူ့ရဲ့ ဦးနှောက်အထဲထိ ဖြတ်သန်းသွားတာကို ခံစားလိုက်မိပါတော့တယ်။ စိတ်၀ိညာဥ်မျက်လုံးတွေက မမြင်ရတဲ့စွမ်းအားတစ်ချို့နဲ့ အဲ့ဒီခရမ်းရောင်ချည်တွေကို ရေသောက်သလိုမျိုးစုပ်ယူနေခဲ့တယ်။

မျက်လုံးအပြင်ဘက် အလွှာမှာ နွေးထွေးမှုက ပေါ်လာခဲ့ပြီး အတွင်းပိုင်းကတော့ အေးစက်လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက အရပ်လေးမျက်နှာကို ပြန့်လွှင့်လို့နေရင်း မူလအနေအထားထက် အများကြီးပိုပြီး အားကောင်းလာတာကို ခံစားလိုက်မိတော့တယ်။ ဒါ့အပြင် မီတာလေးဆယ့်အထိတောင် အာရုံခံနိုင်စွမ်းက ရောက်ရှိနေခဲ့ပါပြီ။ ခရမ်းရောင်အလွှာကလဲ သူ့မျက်လုံးထဲမှာ ပိုမို တောက်ပလို့လာပါတော့တယ်။ အရေပြားတွေတောင်မှ စတင်ပြီး အရောင်တောက်ပလို့လာခဲ့တယ်။ သူ့ရဲ့စွမ်းအားအရင်းအမြစ် ချည်နဲ့ စိတ်၀ိညာဥ်စွမ်းအား သုံးခုစလုံးက မနေ့ကနဲ့လုံး၀ မတူညီတော့ပါဘူး။

ပါးစပ်ထဲကနေ မသန့်စင်မှုတွေကို ပြန်လည်မှုတ်ထုတ်လိုက်ရင်း ဟို့ယွိဟောင်လဲ ခရမ်းရောင်နတ်ဆိုးမျက်လုံးကျင့်ကြံမှုကို ပြီးမြောက်အောင် အဆုံးသတ်လိုက်ပါတော့တယ်။ လက်ရှိအချိန် သူ့ဘေးနားမှာရှိရှိသမျှ အရာအားလုံးက ရှင်းလင်းပြီး ကြည်လင်နေခဲ့တယ်။ တစ်ချက်တွေးတောလိုက်ရုံနဲ့တင် ဟို့ယွိဟောင်လဲ ၀ိညာဥ်စွမ်းအားကို ပြန်လည်သိမ်းယူနိုင်လိုက်ပါပြီ။ စိတ်၀ိညာဥ်မျက်လုံးကလဲ ပုံမှန်အနေအထားကို ရောက်ရှိလို့သွားပါတော့တယ်။ အပြာရောင်မျက်လုံးတွေကတော့ ပိုမို ကြည်လင်တောက်ပလို့နေခဲ့တယ်။

အပိုင်း ၁၃•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset