အပိုင်း ၂၀၈•၁
” အဖြူရောင်နဲ့ အနက်ရောင်အမြွှာမြင့်မြတ်နဂါးနှစ်ကောင် ”
°°°
ဟို့ယွိဟောင်က ခေါင်းခါရင်းပြန်ဖြေလာခဲ့ပါတယ်။
” ဒါကကျွန်တော်ရဲ့စွမ်းဆောင်မှုလို့လဲ ပြောလို့မရပါဘူး…ကျောင်းတော်သာမရှိဘူးဆိုရင် သေချာပေါက် ကျွန်တော်လဲ ရှိလာနိုင်မှာမဟုတ်ဘူး…အကြီးအကဲရွှမ်ရော နေကောင်းကျန်းမာရဲ့လား ”
အကြီးအကဲရွှမ်ကတော့ ဒါတွေကိုကြားချိန်မှာပြုံးနေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးထဲမှာတော့ ချစ်ခင်မြတ်နိုးတဲ့အရိပ်တွေက အပြည့်ပါပဲ။
” ငါလဲအခြေအနေအဆင်ပြေပါတယ်…မင်းရဲ့မိတ်ဆွေသူငယ်ချင်းအားလုံးလဲ အဆင်ပြေကြတယ်..ဒီနေ့ဘာဖြစ်ခဲ့လဲဆိုတာပြောပြ ငါလဲ နဂါးဧကရာဇ်သော့်လော့လုံရှောင်ယောင်အသက်ရှင်နေမယ်လို့ မယုံနိုင်ဘူး ”
ဟို့ယွိဟောင်လဲ သူကျန်းဟုန်ချန်ကို ဘယ်လိုငွေညစ်ခဲ့တဲ့အကြောင်းတွေနဲ့ ဒီခရီးစဥ်ကို ချောချောမွေ့မွေ့ဖြစ်မှာမဟုတ်တဲ့အကြောင်းတွေးမိတာကိုပါ ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် လုံရှောင်ယောင်နဲ့ ကျန်းပန်တို့လမ်းမှာတွေ့ဆုံခဲ့ပြီ လုံရှောင်ယောင်ရဲ့လောင်းကြေးထပ်ခဲ့တဲ့အကြောင်းပါပြောပြခဲ့ပါတယ်။ သူပြောတာတွေအားလုံးကိုကြားပြီချိန်မှာတော့ အကြီးအကဲရွှမ်က မျက်လုံးပြူးသွားခဲ့ပါတယ်။ ကန့်သတ်မဲ့သော့်လော့တွေရဲ့ အဆင့်အတန်းကိုသူ့ကရှင်းရှင်းလင်းလင်းနားလည်ပြီးသားပါ။ ဟို့ယွိဟောင်က ဒီလောင်းကြေးထပ်ပွဲမှာသေချာပေါက် ကြီးမားတဲ့အားသာချက်တွေရှိနေပေမဲ့လဲ သူ့အသက်အရွယ်နဲ့ လုံရှောင်ယောင်ကို လောင်းကြေးထပ်ပြီအနိုင်ရခဲ့တယ်ဆိုတာက အံ့ဩစရာကောင်းနေခဲ့ပါပြီ။
ဒါပေမယ့် အကြီးအကဲရွှမ်လဲ မျက်မှောင်ကြုတ်နေခဲ့ပါတယ်။ နဂါးဧကရာဇ်သော့်လော့က ပြန်လည်ထွက်ပေါ်လာပြီတဲ့နောက် အမျက်ဒေါသကျောင်းတော်နဲ့လုံး၀ဆန့်ကျင်ဖက်မှာရပ်တည်နေတာက သေချာပေါက် သတင်းကောင်းမဟုတ်နိုင်ပါဘူး။
သက်ပြင်းချပြီတဲ့နောက် အကြီးအကဲရွှမ် သူ့ဘာသာသူပြောလိုက်မိပါတယ်။
” အကြီးအကဲမုရေ အကြီးအကဲမုသေဆုံးပြီတဲ့နောက်မှာပဲ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ခန်းမသခင်လုပ်ရတဲ့တာ၀န်ကဘယ်လောက်ကြီးလဲဆိုတာ ငါနားလည်ရတော့တယ် ”
” အကြီးအကဲမုသာရှိသေးမယ်ဆိုရင် တကယ်ကောင်းတာပဲ အခုတော့ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေအများကြီးပေါ်ထွက်လာရုံတင်မကဘူး..မိတ်ဆွေဟောင်းကြီးနဂါးဧကရာဇ်သော့်လော့ပါ ပြန်ပေါ်ထွက်လာနေပြီ ”
” အကြီးအကဲရွှမ် နဂါးဧကရာဇ်သော့်လော့နဲ့ ဆရာက ဘယ်လိုပဋိပက္ခမျိုးဖြစ်ခဲ့တာလဲ ”
ဟို့ယွိဟောင်က မေးလိုက်ပါတယ်။
အကြိီးအကဲရွှမ်ကတော့ ပြန်ဖြေလာခဲ့တယ်။
” ဒီကိစ္စကြီးက အတော်ကိုနက်နဲလွန်းတယ်…သူတို့တွေက ပြိုင်ဘက်တွေ မိတ်ဆွေတွေဖြစ်ရုံတင်မကဘူး အချစ်ရေးတွေမှာလဲ ပြိုင်ဘက်တွေဖြစ်နေကြသေးတယ် ”
သူပြောပြီတဲ့နောက် အဆင့်ရှစ်ပျံသန်းရေး၀ိညာဥ်လက်နက်ကို ထုတ်ပြီပျံတဲ့အရှိန်ကို မြင့်လိုက်ပါတော့တယ်။ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကို လျော့ချလိုက်ပြီ ဟို့ယွိဟောင်နဲ့ သူနှစ်ယောက်စလုံးကိုကာကွယ်ဖို့၀ိညာဥ်စွမ်းအားအလုံအလောက်ကို ချွင်းချန်လို့ထားခဲ့တာပါ။ ဒါ့အပြင် အတော်ကိုအတိတ်နေ့ရက်တွေအကြောင်းတမ်းတတဲ့အကြည့်ကလဲ မျက်နှာပေါ်မှာအထင်သားပေါ်နေခဲ့ပါတယ်။
” အကြီးအကဲမုက နှစ်ပေါင်းသောင်းနဲ့ချီအောင် တည်ရှိခဲ့တဲ့ အပြာရောင်လျှပ်စီးနဂါးဧကရာဇ်မျိုးနွယ်ဖက်ကနေလာခဲ့တဲ့သူ အပြာရောငိလျှပ်စီးနဂါးက တောက်ပရောင်စဥ်မြင့်မြတ်နဂါးအဖြစ်ကို အသွင်ပြောင်းသွားပြီတဲ့နောက် ဒီကမ္ဘာလောကကြီးထဲမှာအကောင်းဆုံးသိုင်းပညာ၀ိညာဥ်ဖြစ်လာခဲ့တယ်…ဒါ့အပြင် အသွင်ပြောင်းမှုကြောင့် အကျိုးအများဆုံးရတဲ့သူကလဲ အကြီးအကဲမုပဲ သူအသက်ခြောက်နှစ်အရွယ်မှာ သိုင်းပညာ၀ိညာဥ်နိုးထတာကို ပြီးမြောက်ခဲ့ပြီတဲ့နောက် သူ့မိသားစုကသူ့ကိုအများကြီးပြုစုပျိုးထောင်ခဲ့ရတယ် ”
” အမျက်ဒေါသကျောင်းတော်က ဒီတိုက်ကြီးတစ်ခွင်မှာရှိတဲ့ နာမည်ကြီးမျိုးနွယ်စုက၀ိညာဥ်ပညာရှင်တွေတော်တော်များများနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိခဲ့တယ်…မိုးပြာလျှပ်စီးနဂါးဧကရာဇ်လဲပါတာပေါ့ ဒါ့အပြင် မိုးပြာလျှပ်စီးနဂါးဧကရာဇ်ကို အမွေဆက်ခံခွင့်ကလဲ နှစ်ပေါင်းများစွာကြာတဲ့အထိ တစ်ဆင့်ပြီတစ်ဆင့်လဲ လက်ဆင့်ကမ်းလာခဲ့တယ်…အမျက်ဒေါသကျောင်းတော်ရဲ့တည်ထောင်သူတွေကလဲ အဲ့ဒီထဲမှာအပါအ၀င်ခဲ့တဲ့တစ်ယောက်ဖြစ်တာပေါ့ လွန်ခဲ့တဲ့နှစ်တစ်သောင်းမှာ တစ်ခေါက်တိုက်ခိုက်ခံရဖူးတယ်….ဒါကြောင့်သာ အမွေအနှစ်ဆက်ခံမှုကြီးက ပျက်စီးမတတ်အခြေအနေကိုတောင် စိုက်ရောက်သွားခဲ့ရတယ်လေ ”
” ဒီအမွေဆက်ခံခွင့်က အခုအချိန်အထိ လက်ဆင့်ကမ်းနေဆဲဖြစ်ပေမဲ့ ဒါကိုအမွေဆက်ခံနိုင်သူက များများစားစားမရှိတော့ဘူး…မျိုးဆက်တစ်ဆက်ချင်ဆီတိုင်းမှာ အမွေဆက်ခံနိုင်တဲ့သူကလဲ တစ်ဦးတစ်ယောက်ထဲပဲရှိတယ်…ဒါ့အပြင် အပြာရောင်လျှပ်စီးဧကရာဇ်နဂါးရဲ့ခေါင်းဆောင်က ငါတို့ကျောင်းတော်ဆီကိုလာပြီ အကြီးအကဲမုကို ကျောင်းတော်ဆီစောစောစီးစီးအပ်နှံခွင့်ရဖို့လဲ တောင်းဆိုခဲ့သေးတယ်…ကိစ္စတွေကို အကောင်းအဆိုး အကြောင်းအကျိုးချိန်းဆပြီတဲ့နောက် ကျောင်းတော်ကလဲ သဘောတူခဲ့တယ်လေ ဒါကြောင့် အကြီးအကဲမုက ကျောင်းတော်ကို အသက်ရှစ်နှစ်အရွယ်မှာတင် ၀င်ရောက်ခဲ့ရတာပဲ အဲ့ဒီအချိန်တုန်းက သူ့၀ိညာဥ်စွမ်းအားဆိုတာအဆင့်နှစ်ဆယ်ကို ရောက်နေခဲ့ပြီ အဲ့ဒီအချိန်ကထဲက သူ့ရဲ့မှတ်တမ်းကို ဘယ်သူမှမချိုးဖြတ်နိုင်ခဲ့ဘူး ”
” ဆယ်နှစ်ကြာပြီတဲ့နောက် အကြီးအကဲမုက တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ ဦးဆောင်ခဲ့တယ်…အဲ့ဒီတုန်းက အသက်ဆယ်ရှစ်နှစ်နဲ့တင် အဆင့်ခြောက်ဆယ်ကိုးကို ၀ိညာဥ်စွမ်းအားအဆင့်ခြောက်ဆယ်ကိုးကိုသူကရောက်ရှိနေခဲ့ပြီ သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကိုရရှိဖို့အတွက် ခြေလှမ်းတစ်လှမ်းပဲလိုတော့တဲ့အခြေအနေကို ရောက်နေခဲ့တာ ”
ဒါကလုံး၀ကို အံ့ဩစရာကောင်းတဲ့အောင်မြင်မှုတွေပါပဲ လက်ရှိအချိန်ရဲ့ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်က ဘယ်လိုပဲထူးချွန်ပါစေသူတို့ထဲမှာသုံးယောက်က အမြွှာသိုင်းပညာ၀ိညာဥ်တောင် ရှိနေပေမဲ့လဲ ဘယ်သူကမှ အကြီးအကဲမုရဲ့ အဆင့်အတန်းကိုတော့ လိုက်မမီနိုင်ခဲ့ပါဘူး။ ပေ့ပေ့နဲ့ ရှုစန်းရှီက အဆင့်ခြောက်ဆယ်သုံးနဲ့ ခြောက်ဆယ်လေးသာရှိပါသေးတယ်။ ဒါ့အပြင် သူတို့ကလဲ အသက်နှစ်ဆယ်ပြည့်တော့မှာပါ။
” အဲ့ဒီပြိုင်ပွဲမှာ အကြီးအကဲမုက လုံရှောင်ယောင်နဲ့ နောက်ထပ်၀ိညာဥ်ပညာရှင် အမျိုးသမီးငယ်တစ်ယောက်ကို ပထမဆုံးတွေ့ဆုံခဲ့တယ်…အကြီးအကဲမုရဲ့ သိုင်းပညာ၀ိညာဥ်က တောက်ပရောင်စဥ်မြင့်မြတ်နဂါးဖြစ်နေခဲ့သလို လုံရှောင်ယောင်ရဲ့သိုင်းပညာ၀ိညာဥ်က တိုက်တိုက်ဆိုင်ဆိုင်ပဲ သူနဲ့ဆန့်ကျင်ဖက်ကိုရောက်နေခဲ့တာပေါ့ ”
” လုံရှောင်ယောင်က အမှောင်ထုမြင့်မြတ်နဂါးကို ပိုင်ဆိုင်ထားခဲ့တယ်…ဒါကလဲအသွင်ပြောင်းပြီတဲ့နောက်မှ ဖြစ်ပေါ်လာတဲ့သိုင်းပညာ၀ိညာဥ်တစ်ခုပဲ ဒါ့အပြင် အမှောင်နဲ့ အလင်းမှာပဲဘယ်အရာကအနိုင်ရမလဲဆိုတာပြောတာခက်ခဲတာပေါ့ သူတို့နှစ်ယောက်က ကျင့်ကြံမှုကိုပဲအသုံးပြုပြီး ဆက်တိုက်တိုက်ခိုက်ခဲ့ကြတယ်…အဲ့ဒီအချိန်မှာ အကြီးအကဲမုရဲ့ ၀ိညာဥ်စွမ်းအားကအနည်းငယ်သာနေခဲ့တာကြောင့် နောက်ဆုံးဗိုလ်လုပွဲမှာ လုံရှောင်ယောင်ကိုအနိုင်ရခဲ့တယ်လေ ”
” ဒါ့အပြင် သူတို့နှစ်ယောက်စလုံးကို အမီလိုက်နာခဲ့တဲ့၀ိညာဥ်ပညာရှင်ကလဲ တစ်ယောက်ပဲရှိခဲ့တယ်…ဒါကတော့ ယဲ့ရှီးရွှေလို့ခေါ်တဲ့ အမျိုးသမီး၀ိညာဥ်ပညာရှင်တစ်ယောက်ပဲ သူက အရမ်းကိုလှပတဲ့အပြင် သူ့ရဲ့အစွမ်းအစတွေကလဲ သန်မာလွန်တယ်…တိုက်ပွဲပြီတဲ့နောက် သူတို့သုံးယောက်လဲတစ်ယောက်ကိုတစ်ယောက် တလေးတစားနဲ့နေဖို့အတွက် ဆုံးဖြတ်ခဲ့တယ်…အကြီးအကဲမုကတော့ အမျက်ဒေါသကျောင်းတော်အတွက်အောင်ပွဲဆင်နိုင်ခဲ့တာပေါ့ လုံရှောင်ယောင်တို့ကတော့ ဒုတိယရသူတွေဖြစ်ခဲ့ပြီ ယဲ့ရှီးရွှေတို့အဖွဲ့ကတော့ ထိပ်တန်းလေးယောက်ထဲမှာပါသွားခဲ့တယ် ”
” ဒီပြိုင်ပွဲကြီးပြီတဲ့နောက် သူတို့သက်ဆိုင်တဲ့ကျောင်းတော်ကနေပြီးမြောက်တဲ့အတွက် ဘာတွေဖြစ်ကုန်လဲဆိုတာငါမသေချာခဲ့ဘူး…ငါသိတာကတော့ အကြီးအကဲမု လုံရှောင်ယောင်နဲ့ ယဲ့ရှီးရွှေတို့သုံးယောက်ကကျောင်းတော်ကနေ သင်ကြားမှုပြီတဲ့နောက် ပြန်ဆုံခဲ့ကြတယ်…သူတို့တွေတစ်ယောက်နဲ့တစ်ယောက်စိန်ခေါ်ပြီ တိုက်ခိုက်ကြရင်းဖြည်းဖြည်းချင်းဆိုသလို ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်လာခဲ့ကြတာပေါ့ သူတို့က လက်ရည်ယှဥ်ပြီတိုက်ခိုက်ကြတဲ့ အတူတူလေ့ကျင့်ကြပြီတော့ ဒီတိုက်ကြီးတစ်ခွင်မှာလဲ အတူတူခရီးသွားလာကြသေးတယ် ”
” အဲ့ဒီအချိန်တုန်းက တကယ်ကိုဖူးပွင့်ပြီသစ်လွင်နေတဲ့လူငယ်ပါရမီရှင်တွေဖြစ်တာကြောင့် အရမ်းလဲယှဥ်ပြိုင်လိုစိတ်မြင့်မားကြသေးတယ်…ဒါ့အပြင် တစ်ယောက်ချင်းဆီတိုင်းကလဲ တခြားနှစ်ယောက်ထက်ပိုပြီးသာလွန်ချင်သလို ခုန်ပျံချင်စိတ်ကလဲရှိကြသေးတယ်…ဘယ်လိုပဲရင်းနှီတဲ့ သူငယ်ချင်းတွေဖြစ်ကြပါစေ အရင်းနှီးဆုံးယှဥ်ပြိုင်သူတွေလဲ ဖြစ်နေခဲ့ကြတာပေါ့ ”
” အဲ့ဒီနောက် ၀ိညာဥ်ပညာရှင်တွေရဲ့လောကကိုထိတ်လန့်စေမဲ့ကိစ္စတစ်ခုကို ဖန်တီးလိုက်ပြီတဲ့နောက် သူတို့ရဲ့ အစွမ်းအစတွေကလဲ သိသိသာသာကိုတိုးတက်လာခဲ့ကြတယ်…အကြီးအကဲမုနဲ့ လုံရှောင်ယောင်ကလဲ ယဲ့ရှီးရွှေအပေါ်မှာမေတ္တာသက်၀င်နေခဲ့ကြပြီးပြီ သူတို့က သူငယ်ချင်းတွေဖြစ်နေတာကြောင့်ရောတစ်ဖက်သူကို အနိုင်ရမှသာ သူတို့ရဲ့ခံစားချက်ကို ဖွင့်ပြောမယ်လို့ဆုံးဖြတ်ထားတာကြောင့် ဘယ်သူကမှ ယဲ့ရှီးရွှေကိုအရင်မပြောခဲ့ကြဘူး ”
” မျက်တောင်တစ်ခတ်အတွင်းမှာဆယ်နှစ်အချိန်ကကုန်ဆုံးသွားခဲ့ပြီးပြီ သူတို့တွေကလဲ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ သော့်လော့တွေဖြစ်လာခဲ့ကြတယ်…ဒါ့အပြင် သုံးဆယ်မတိုင်ခင်မှာဘွဲ့အမည်ခံသော့်လော့တွေဖြစ်လာဖို့ လမ်းတစ်၀က်ကိုတောင်ရောက်နေခဲ့ပြီးပြီ ဒီအချိန်မှာ အကြီးအကဲမုရော လုံရှောင်ယောင်ရော သူတို့ခံစားချက်ကိုဆက်ပြီထိန်းချုပ်မထားနိုင်တော့တဲ့အခြေအနေကို ရောက်လာခဲ့ကြတယ်…ဒါပေမယ့် အရမ်းကိုရင်းနှီးနေတဲ့သူတွေဖြစ်တာကြောင့် တစ်ဖက်နဲ့တစ်ဖက်ကိုလဲ မထိခိုက်စေချင်ကြဘူး…လက်လျော့ချင်တာလဲမလုပ်ချင်ကြတဲ့အတွက် နောက်ဆုံးရွေးချယ်မှုကို ယဲ့ရှီးရွှေလုပ်စေဖို့ သူတို့တွေ တွေးမိခဲ့ကြတယ် ”
” အဲ့ဒီနေ့မှာသူတို့တွေ ယဲ့ရှီးရွှေကိုအတူတူသွားရှာပြီ တစ်ချိန်ထဲမှာခံစားချက်တွေကို အတူတူ၀န်ခံခဲ့ကြသလို သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးချယ်ဖို့လဲ တောင်းဆိုခဲ့ကြတယ်…ဒါပေမယ့် သူမကတော့ နှစ်ယောက်စလုံးကို သံယောဇဥ်ကလဲရှိနေခဲ့ပြီးပြီဖြစ်တာကြောင့် ရွေးချယ်ဖို့ကမလွယ်ကူခဲ့ပါဘူး….ဒါ့အပြင် သူတို့ရဲ့ကျင့်ကြံဆင့်နဲ့ အကျင့်စရိုက်တွေကပါ အတော်ကိုတူညီနေကြတဲ့အတွက် တစ်နှစ်ကြာပြီတဲ့နောက် တိုက်ပွဲတစ်ပွဲကျင်းပဖို့အတွက် ယဲ့ရှီးရွှေက အတည်ပြုပေးခဲ့တဲ့အပြင် အနိုင်ရတဲ့သူနဲ့ သူမတွဲမယ်လို့ပြောခဲ့တယ် ”
” တကယ်ကြီးလား နှလုံးသားရေးရာကိစ္စတွေကို အဲ့ဒီလိုပုံစံမျိုးနဲ့ ဆုံးဖြတ်လိုက်တယ်ပေါ့ ”
ဟို့ယွိဟောင်က အံ့အားသင့်နေခဲ့မိပါတယ်။
အကြီးအကဲရွှမ်ကတော့ အဓိပ္ပာယ်ပါတဲ့အကြည့်နဲ့သာကြည့်ရင်းဖြေလာခဲ့တယ်။
” မင်းလဲအဲ့ဒီအချိန်မျိုးကို တစ်နေ့နေ့မှာကျရောက်လာနိုင်တယ်…ဒါက အမျက်ဒေါသကျောင်းတော်ရဲ့စိတ်ဓာတ်ခွန်အားဖြည့်ပေးတဲ့အစဥ်လာတစ်ရပ်တောင်ဖြစ်နေပြီးပြီ ”
” ဒါဆိုရင် တစ်နှစ်ကြာပြီတဲ့နောက် ဖြစ်လာတဲ့တိုက်ပွဲမှာ ဘယ်သူနိုင်ခဲ့လဲ ”
” ဘယ်သူမှမနိုင်ခဲ့ဘူး ”
” ဘယ်လိုကြီးဖြစ်သွားလဲ ”
” ဘာကြောင့်လဲဆိုတော့ နှစ်ယောက်စလုံးက မသွားခဲ့လို့ပဲ ”
” သူတို့တွေအဲ့ဒီနေ့ခွဲခွာပြီးတဲ့နောက် အကြီးအကဲမုရော လုံရှောင်ယောင်ရော ဒီကိစ္စနဲ့ပတ်သက်ပြီလေးလေးနက်နက်စဥ်းစားခဲ့ကြတယ်…ဒါပေမယ့် သူတို့အချစ်အပေါ်တောင်းတမှုက သူတို့ရဲ့ကျိုးကြောင်းဆီလျော်နိုင်စွမ်းကိုအနိုင်မယူနိုင်ခဲ့ဘူး…နှစ်ယောက်စလုံးရဲ့ ကျင့်ကြံဆင့်တွေကလဲ အရမ်းကိုတူညီနေတဲ့အပြင် အကယ်၍သူတို့သာ အစွမ်းကုန်တ်ိုက်ခိုက်မယ်ဆိုရင် နှစ်ဖက်စလုံးအထိနာပြီအဆုံးသတ်လိမ့်မယ်..သူတို့တွေက မိတ်ဆွေသူငယ်ချင်းဖြစ်ရုံတင်မက ညီနောင်လဲဖြစ်နေကြသေးတယ်..ဒါကြောင့် နှစ်ယောက်စလုံးက ကိုယ်ဘာသာကိုယ်လိမ်မာပါးနပ်စွာဆုံးဖြတ်ကြပြီ လက်လျော့ဖို့ရွေးချယ်လိုက်ကြတယ် ”
” ဒါပေမယ့် နှစ်ယောက်စလုံးလဲ တူညီတဲ့ရွေးချယ်မှုကို လုပ်မိကြမယ်လို့ ဘယ်သူမှထင်မိကြမှာမဟုတ်ဘူး…ဒါကြောင့် နှစ်ယောက်ကမပြောပဲနဲ့ တူညီတဲ့ရွေးချယ်မှုကိုလုပ်မိလိုက်တာက ယဲ့ရှီးရွှေကိုနောက်ဆုံးမှာထိခိုက်သွားစေခဲ့တယ် ”
” ယဲ့ရှီးရွှေကတော့ သဘောတူညီထားတဲ့နေရာမှာသုံးရက်တိတိစောင့်ဆိုင်းနေပေမဲ့လဲ ဘယ်သူမှမပေါ်လာခဲ့ဘူး…သူမလိုမျိုး မာနအရမ်းကြီးတဲ့လူတစ်ယောက်က စပြီဒေါသမီးတွေလောင်မြိုက်တာပေါ့ ”
” အကြီးအကဲမုနဲ့ လုံရှောင်ယောင်နှစ်ယောက်စလုံးကပါ ယဲ့ရှီးရွှေကတခြားတစ်ယောက်ကို ရွေးချယ်သွားပြီလို့ ထင်နေခဲ့ကြတဲ့အပြင် သူတို့လဲ အချိန်အတိုင်းအတာတစ်ခုအထိလေ့ကျင့်မှုမှာနစ်မြုပ်ပြီ လောကမှာမထွက်လာဖို့အတွက်ရွေးချယ်လိုက်ကြတယ်…ဒီလို၀မ်းနည်းစရာကောင်းတဲ့အတိတ်အကြောင်းကိုပြန်ပြီမတွေးတောချင်တာကြောင့် နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက်လဲလုံး၀လာမရှာကြဘူး…အချိန်တိုအတွင်းမှာပဲ နောက်ဆယ်နှစ်က ကုန်ဆုံးလို့သွားခဲ့ပြန်တယ်…အကြီးအကဲမုရောလုံရှောင်ယောင်ရောနှစ်ယောက်စလုံးက ကိုယ်ပိုင်မိသားစုတွေဖြစ်နေကြပြီ အဲ့ဒီအချိန်မှာ ယဲ့ရှီးရွှေကအမျက်ဒေါသကျောင်းတော်ကို ရောက်လာခဲ့ပြီ ရုတ်တရက်အကြီးအကဲမုကို လာရှာခဲ့တယ်…အဲ့ဒီအချိန်မှာ သူတို့အားလုံးကသော့်လော့တွေဖြစ်နေခဲ့ပြီ ဒါ့အပြင် ဘွဲ့အမည်ခံသော့်လော့တွေ ”
” ယဲ့ရှီးရွှေကိုမြင်ချိန်မှာ အကြီးအကဲမုလဲ စိတ်ထိခိုက်တာကြောင့် ဘာပြောရမှန်းမသိခဲ့ဘူး…ဒါပေမယ့် ယဲ့ရှီးရွှေက စိန်ခေါ်မှုတစ်ခုကိုလုပ်ဖို့အတွက် တောင်းဆိုလာခဲ့တယ်…သူလဲ ရွေးချယ်စရာမရှိတာကြောင့်နောက်ဆုံးမှာစိန်ခေါ်မှုကိုလက်ခံလိုက်ရတယ်လေ ”
” လွန်ခဲ့တဲ့ ဆယ်တစ်နှစ်တုန်းက သူတို့တွေလမ်းခွဲလိုက်တဲ့အချိန်မှာ ယဲ့ရှီးရွှေရဲ့ကျင့်ကြံဆင့်က အကြီးအကဲမုရော လုံရှောင်ယောင်နှစ်ယောက်စလုံးထက်ကိုနောက်ကျနေသေးတယ်..အခုအချိန်မှာတော့ သူမက အကြီးအကဲမုကိုလာရှာတဲ့အချိန်မှာ အရမ်းကိုသန်မာခဲ့ပြီးပြီ ဒါ့အပြင် သူမနဲ့တိုက်ခိုက်ရင်းအကြီးအကဲမုလဲ ရှုံးတော့မဲ့အခြေအနေကိုရောက်နေခဲ့တယ် ”
” ဒါပေမယ့် သူ့ရဲ့အခြေခံကခိုင်လွန်ပြီ ဧကရာဇ်နယ်မြေကိုအသုံးပြုလိုက်လို့သာကပ်သီလေးအနိုင်ရသွားခဲ့တာ ဒါ့အပြင် ယဲ့ရှီးရွှေရဲ့ သိုင်းပညာ၀ိညာဥ်ကလက်ရှိအချိန်မှာမိစ္ဆာအငွေ့အသက်တွေရှိပြီဆိုတာကိုလဲ သူရှာဖွေတွေ့ရှိလို့သွားခဲ့ရတယ်…ငါရဲ့ဆရာအဘိုး အကြီးအကဲမုရဲ့ဆရာက အဲ့ဒီအချိန်မှာပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ခန်းမသခင်ပေါ့ သူကိုယ်တိုင်းပြောခဲ့တာကတော့ ယဲ့ရှီးရွှေက မိစ္ဆာ၀ိညာဥ်ပညာရှင်ဖြစ်သွားပြီတဲ့ ဒါကြောင့် သူမကို ဒီနေရာမှာနေရစ်စေပြီ သူမရဲ့ကျင့်ကြံမှုကိုဖျက်ဆီးချင်ခဲ့တယ် ”
” အကြီးအကဲမုက မိသားစုရှိနေပြီဖြစ်ပေမဲ့ ယဲ့ရှီးရွှေကသူ့မှတ်ဉာဏ်ထဲမှာ မေ့ဖျောက်လို့မရနိုင်တဲ့သူတစ်ယောက်ပဲလေ ဒါကြောင့် သူမအတွက် တောင်းပန်တိုးလျှိုးပေးခဲ့ပြီ ဆရာအဘိုးကိုအလွှတ်ပေးစေဖို့အတွက် တောင်းဆိုခဲ့တယ်…ဒါပေမယ့် အကြီးအကဲမုတောင်းဆိုတာကို ဆရာအဘိုးကလုံး၀လက်မခံခဲ့ဘူး…သူမသာဒီလိုဆက်ပြီလေ့ကျင့်နေဦးမယ်ဆိုရင် အရမ်းကိုအန္တရာယ်များတဲ့သူဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တယ်…ဒါကြောင့် အမျက်ဒေါသကျောင်းတော်မှာပဲ ထိန်းသိမ်းထားခဲ့ပြီ အကြီးအကဲမုကြောင့်သာဘာမှမလုပ်ခဲ့ဘူး ”
” ဒါပေမယ့် နောက်ရက်ပိုင်းမှာတင် မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်အုပ်က ရုတ်တရက်ကျောင်းတော်ထဲကို ၀င်ရောက်လာခဲ့တယ်…သူတို့တွေကို ဦးဆောင်လာတဲ့သူကအရမ်းကိုသန်မာတဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်ပဲ ဒါ့အပြင် ငါဆရာအဘိုးနဲ့လဲပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တယ်…နှစ်ဖက်စလုံးထိခိုက်သွားခဲ့ပေမဲ့ အဲ့ဒီအသန်မာဆုံးမိစ္ဆာ၀ိညာဥ်ပညာရှင်ကလဲ သေစေနိုင်လောက်တဲ့ဒဏ်ရာကို ရရှိလို့သွားခဲ့တယ်..ဆိုးရွားသွားတဲ့ကိစ္စကတော့ ယဲ့ရှီးရွှေကို သူတို့ကယ်လို့ရသွားခဲ့တာပဲ ”
အပိုင်း ၂၀၈•၁ ပြီး၏။