Chapter – 78 သိုင်းပညာခြံဝန်းသုံးထောင်
“မင်းမှာ ညီမ ရှိလား ၊ သူတို့ကော မင်းလိုပဲ စွမ်းကြလားကွ ။ ငါနဲ့ လဲ မိတ်ဆက်ပေးပါဦး”
ဇုရွန် စပ်ဖြဲဖြဲ နဲ့ မေးပါတယ် ။ သူ၏ မျက်လုံးများဟာလည်း အရောင်တောက်လျက်ပါပဲ ။
“ခင်ဗျား ညီမသာ သွားဖွန်ကြောင်တော့ ၊ ကျွန်တော့မှာ ညီမ ရှိရင်တောင်မှ ခင်ဗျားနဲ့ မိတ်ဆက်ပေးမနေဘူး”
ချန်ရှန် က အထင်သေးဟန် ဖြင့် ပြောလိုက်တယ် ။ ယခု သူ ဂိုဏ်းထဲ ၀င်ရောက်နိုင်ခဲ့ပြီ ၊ သူ၏ မွေးစားညီမဖြစ်တဲ့ လန်ယုလန် ကို ရှာချင်နေပါတယ် ။ သူဟာ ယခု သူမ မွေးစားအကို ဖြစ်နေပြီ ဖြစ်ပြီး အကိုတစ်ယောက်အနေနဲ့ သူမကို ဂရုစိုက်မှုများ ပေးချင်မိပါတယ် ။
ဇုရွန် ခပ်တိုးတိုး လေသံနဲ့ –
“ငါ့ကို ဒီလိုမကြည့်စမ်းပါနဲ့ ၊ ဒီစမ်းသပ်မှုကို လာတဲ့ မိန်းက လေးတွေ အများကြီး ငါ့ကို ယုံကြည်ကြတယ် ။ ဒီက ဖေဖေကြီး က ဇုမျိုးနွယ်ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ သခင်လေးဖြစ်ပြီး ဂိုဏ်းရဲ့ အတွင်းစည်း တပည့်ရင်းလဲ ဖြစ်တယ်ကွ”
ချန်ရှန် တော်တော် အံ့သြမိသွားတယ် ။ ဇုရွန် က အတွင်းစည်းတပည့် ဆိုပါလား ။ သူကြားဖူးတာတော့ အနည်းဆုံး အဆင့် ၁၀ ရှိတယ့် တချို့ သော သူများသာ အတွင်း စည်း တပည့် ဖြစ်နိုင်တယ် ဆိုတာပါပဲ ။
“အကိုတော် ဇု ၊ လွန်ခဲ့တဲ့ လအနည်းငယ်က ဆံပင်အဖြူနဲ့ ကောင်မလေး တစ်ယောက် ဒီဂိုဏ်းကို ၀င်ခွင့်လာတောင်း တာ ကြားမိသေးလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ငါမှတ်မိတာပေါ့ ၊ ငါ သူမကို ဘယ်တော့မှ မေ့မှာ မဟုတ် ဘူး ။”
ဇုရွန် က ချက်ချင်း ပြန်ပြောပါတယ် ။ သူ၏ ပုံစံမှာလဲ အလောတကြီး အမူအရာဖြင့် –
“ဒီကောင်မလေး က သာမန်တော့ မဟုတ်ဘူး ။ သူ့မှာ မီးနဲ့ ရေခဲ ဝိဉာဉ်တော် သွေးကြော ၂ မျိုးရှိတယ် ။ ဒီသွေးကြောတွေက အတွင်းအားတွေကလည်း တော် တော် ကို ကောင်းမွန်ပါပေတယ် ။ ဒါတင်မက ဒီသွေးကြောတွေ က ကောင်းကင်ဘုံ သွေးကြောတွေလိုပဲ၊သူမက ဂိုဏ်းထဲဝင်ချင်တာ ဒါပေမယ့် လူတချို့ က အဝေးကို ခေါ်သွားတယ်”
“ဘယ်လို”
ချန်ရှန် တော်တော် အံ့သြသွားတယ် ။ လန်ယုလန်မှာ ဒီလို ကောင်းကင်ဘုံ သွေးကြောတွေ ရှိမယ်လို့ မထင်မိပါဘူး ။ ဒါတင် မက တခြားဂိုဏ်းက ခေါ်ဆောင်သွားကြပုံပါပဲ ။ ဒီဂိုဏ်းကသာ မိစ္ဆာဂိုဏ်း ဖြစ်နေပါက သိပ်မကောင်းလှပါချေ ။
“စိတ်ထိန်းပါ ၊ သူမကို ခေါ်သွားတာက ရေခဲလေတောင် ကြား က လူတွေပါ ။ ဒီနေရာက သူမနဲ့ သင့်တော်ပါတယ် ၊ သူမ က မင်းရဲ့ တဖတ်သတ်ကြိတ်ချစ်ရတယ့် လူတော့ မဟုတ်ဘူး မလား ။ မင်းပုံစံနဲ့ သူမရဲ့ ဖိနပ်ကို တိုက်ပေးဖို့တောင် မတန်ဘူး”
ဇုရွန် ချန်ရှန်ကို အထင်သေးဟန်ကြည့်ပြီး ပြောဆိုပါတယ် ။ ထိုကောင်မလေး အပြင်လောကက လာတယ်ဆိုတာလောက်ပဲ သူသိတာပါ ။
ချန်ရှန် သက်ပြင်းချပြီး ပြောလိုက်တယ် ။
“သူမက ငါ့ ညီမပါ ။ သွေးသောက် ညီမ”
“မင်းနောက်နေတာလား ၊ မင်းလိုပုံစံနဲ့ ဘယ်သူက သွေး သောက်ညီမအဖြစ် လက်ခံမှာလဲ ။ သူမက မင်းညီမ ဆို ကောင်း ကင်ဘုံ နတ်လက်နက် အင်ပါယာက ရွှီရှန်းရှန်းက ငါ့ညီမပေါ့”
ဇုရွန် ကျယ်လောင်စွာ အော်ပြောလိုက်ပါတယ် ။ ဒီအချက် ကို သူ လက်မခံနိုင်ပုံပါပဲ ။
ချန်ရှန် ဟာ ရွှီရှန်းရှန်း ဒီလောက် ကျော်ကြားနေမယ်လို့ မထင်မိပါဘူး ။ သက်ပြင်းချမိကာ ထပ်မံပြောလိုက်ပြန်တယ် ။
“ရွှီရှန်းရှန်း က ကျွန်တော့ သတို့သမီးလောင်း”
“ငိုးးမတား ၊ ဒီမျိုးမစစ်ကောင်လေးကတော့ ဟာသတွေပဲ လုပ်နေတော့တာပဲ ။ မင်းဘာပြောလဲဆိုတာကို မင်း ဂရုစိုက်သင့် တယ် ။ ဒီကောင်မလေးကို ကြိတ်ကြိုက်နေတယ့် ကောင်တွေက မင်းကို လာရိုက်လိမ့်မယ် ။ ဒါကြောင့် ငါ့လာနောက်မနေနဲ့တော့ ၊ ရွှီရှန်းရှန်းနဲ့ လန်ယုလန် တို့ဟာ မျိုးဆက်သစ်တွေထဲမှာ စွမ်းအား အကြီးဆုံး မိန်းကလေးတွေ လို့ အသိအမှတ်ပြုခြင်းခံထားကြရ တာ ။ ငါတို့နှလုံးသားထဲမှာ သူမတို့ဟာ ဒဏ္ဍာရီလာ နတ်သမီး လေးတွေပဲ ။ သူတို့ကို မင်းနောက်တစ်ခါ စော်ကားမော်ကား လုပ်ရင် ငါမင်းကို ရိုက်ရလိ့်မ်မယ်”
ဇုရွန်က ဒေါသတကြီး ပြောတယ် ။
ချန်ရှန် လဲ ခေါင်းကိုသာ ခါပြီး သက်ပြင်းချကာ စိတ်ထဲမှာ ပြောနေမိတယ် ။
“ယုလန် က တကယ်ပဲ င့ါညီမ ဖြစ်ပြီး ရှန်းရှန်း ကလည်း ငါ့ သတိုးသမီးလောင်း ဆိုတာ အမှန်ပါပဲ”
သူတို့ ၂ ယောက် ကြီးမားလှတဲ့ ၀င်း ကြီး တစ်ခုထဲ ၀င်ခဲ့ ကြတယ် ။ ခြံဝင်းထဲမှာတော့ များစွာသော လူတွေဟာ တစ် ယောက်နဲ့ တစ်ယောက် သိုင်းပညာဖလှယ်နေကြတယ် ။ သူတို့ ဟာ ချီဓာတ်များကို ထုတ်လွှတ်ခြင်းမရှိပဲ သာမန်လိုပင် တိုက်ခိုက်ကြတာပါ ။ ဒါပေမယ့် သူတို့ တိုက်ခိုက်မှုများဟာ သာမန်ထက်တော့ ပြင်းထန်ကြပါတယ် ။
“ဒါကတော့ ၃၃၀ မြောက် သိုင်းပညာ ခြံဝင်း ဖြစ်တယ် ။ ဂဏန်းသေးလေ စွမ်းအင်နည်းလေပဲ ။ ဒီ ၃၃၀ ခြံဝင်းက အပြင် စည်းမှာ စွမ်းအားအကြီးဆုံး ဖြစ်ပြီး မင်းဟာ ဖန်လိယန် ကို နိုင် တဲ့အတွက် ဒီနေရာက မင်းနဲ့ အသင့်တော်ဆုံး ဖြစ်မှာပါ”
ဇုရွန် က ပြောပြပါတယ် ။
ခြံဝင်းထဲ ရှိတဲ့လူတိုင်း ရုတ်တရက် တိတ်ဆိတ်သွားတယ် ။ အဘယ်ကြောင့်ဆိုသော် ဖန်လိယန် ရှုံးသွားတဲ့ အကြောင်းကို ကြားလိ်ုက်ရလို့ပါပဲ ။ ဖန်လိယန် ဆိုတာ ၁၃ ယောက်မြောက် အပြင်စည်းတပည့်တစ်ယောက်ဖြစ်ပြီး ယခုမှလာတယ့်လူကို ရှုံးသွားသတဲ့ ။ ဒီသတင်းဟာ အပြင်စည်းဂိုဏ်းထဲမှာ တော်တော် ဂယက်ရိုက်နေပါတယ် ။
လူတိုင်း ချန်ရှန်ကို သေချာကြည့်နေကြပါတယ် ။ ဒီမှာ ရှိတဲ့ လူတိုင်းဟာ ကျန်းမာသန်စွမ်းကြပြီး အသက်အငယ်ဆုံးဟာ ၂၀ လောက်ဖြစ်ပြီး အသက်အကြီးဆုံးကတော့ ၅၀ ၆၀ အရွယ်တွေ ပဲ ဖြစ်ကြတယ် ။ စုစုပေါင်းအားဖြင့် လူ ၅၀ ရှိပြီး အပြင်စည်းဂိုဏ်း မှာ စွမ်းအားအကြီးဆုံးပဲ ဖြစ်ပါတယ် ။ တနည်းအားဖြင့် အပြင်စည်းရဲ့ စွမ်းအားအကြီးဆုံး နောက်လိုက်တပည့်များဟာ ဒီ နေရာမှာပါပဲ ။
“ဦးလေး ဇန် ၊ ဒီကောင့်ကို ဦးလေးကို လွှဲပေးပါတယ်”
ဇုရွန် လူကြီးတစ်ယောက်ကို ပြောလိုက်တာပါ ။
ဇုရွန် ဆိုတာ လူကသာ အသားလုံးကြီး တစ်လုံးလို ဖြစ်နေ သော်လည်း အတွင်းစည်း တပည့်ရင်းဖြစ်နေပါတယ် ။ ဒီက စွမ်းအားအကြီးဆုံး အပြင်စည်း က လူများဟာ သူ့ကို မြင်တဲ့ အခါ အရိုအသေ အပြည့်ရှိကြရတယ် ။
“ညီတော်လေး ချန် ၊ အတွင်းစည်း ကို စောစော ၀င်နိုင်ဖို့ ကြိုးစားပါ ။ အပြင်စည်းမှာ သေမနေနဲ့ဦး”
ဇုရွန် ချန်ရှန် ပခုံးကို ပုတ်ပြီး ထွက်သွားပါတော့တယ် ။
ဒီက လူတွေဟာ ချန်ရှန် နှင့် ဇုရွန်တို့ ရဲ့ ပြေလည်သော ဆက်ဆံရေးကို မြင်တဲ့အခါ နည်းနည်းတော့ ရှိန်သွားကြပါတယ်။ ချန်ရှန် ဘယ်က လာတယ်ဆိုတာကို ခန့်မှန်းဖို့ ကြိုးစားနေကြပါ တော့တယ် ။
“ကောင်လေး ချန်ရှန် ၊ မင်း ဖန်လိယန်ကို နိုင်သွားတဲ့ အ ကြောင်း ကြားတယ် ။ ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့နော်”
ဇန် လူကြီး က ပြောပါတယ် ။
ချန်ရှန် လည်း သူ့နောက် လိုက်သွားတယ် ။ ဒီ အပြင်စည်း တပည့်တွေ ကို ကျော်သွားတဲ့အခါမှတော့ ၎င်းတို့တီးတိုးပြော ဆို နေသံများကို စတင် ကြားလိ်ုက်ရပါတော့တယ် ။
ဇန် လူကြီး နာမည်ဟာ ဇန်ဒီ ပါ ။ သူဟာ အသက် ၇၀ ရှိပြီ ဖြစ်ပြီး အဆင့် ၁၀ သိုင်းပညာရှင် တစ်ယောက်ပါပဲ ။ ဒါပေမယ့် အတွင်းစည်းတော့ မ၀င်နိုင်ခဲ့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ သူ ဟာ ဒီဂိုဏ်းမှာ ရှိနေတာ ကြာပြီဖြစ်ပြီး သူ့အချိန်တော်တော် များ များကို ဒီခြံဝန်းရဲ့ ခေါင်းဆောင်အနေနဲ့ပဲ ဖြတ်သန်းခဲ့တာပါ ။ တနည်းအားဖြင့် ဒီ အမှတ် ၃၃၀ ခြံဝင်းရဲ့ စွမ်းအားအကြီးဆုံးလူ ကြီးဆိုရင်လဲ မမှားပါဘူး ။
ဇန်ဒီဟာ တော်တော် သဘောကောင်းတဲ့ လူကြီးပါ ။ သူ၏ မျက်နာမှာ အမြဲတမ်း ချိုသာတဲ့ အပြုံးတစ်ခုကို တွေ့ နိုင်ပါတယ်။ တခြားလူများအပေါ်လဲ သမာသမတ်ရှိတာကြောင့် ချန်ရှန်ဟာ သူ့ကို တော်တော် သဘောကျမိနေတယ် ။
“ဦးလေး ဇန် ၊ အတွင်းစည်းခြံဝန်းထဲ ၀င်ဖို့ တော်တော်ပဲ ခက် ခဲတာလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ခက်ခဲတယ် ၊ ခက်ခဲတာကတော့ နတ်ပြည်ကို တက်ဖို့ ကြိုး စားနေသလိုပဲ ။ ငါအဆင့် ၁၀ ရောက်တာ ၁၅ နှစ်ကျော်ပြီ ၊ လျှောက်ထားမှု ၁၅ ကြိမ် လုပ်ခဲ့တယ် ။ ဒါပေမယ့် လျှောက်ထားမှု အားလုံး ငါဘယ်တော့မှ မအောင်မြင်ခဲ့ဘူး”
ဇန်ဒီ သက်ပြင်းရှည်ကြီး ကို ချပြီး ပြောလိုက်တယ် ။ ထိုနောက် ချန်ရှန်အား အိတ်တစ်ခုကို ပေးလိုက်ပါတယ် ။
“ဒါက ဂိုဏ်းရဲ့ ယူနီဖောင်း ၊ စီစစ်ရေးကတ် ၊ တခြား လိုအပ် တဲ့ပစ္စည်း နဲ့ ဂိုဏ်းအကြောင်းရယ် ဒီလောက အကြောင်းတွေ ရေးထားတဲ့ စာအုပ်တွေပဲ”
အတွင်းစည်း ဂိုဏ်းကို ၀င်ရောက်ရန် စစ်ဆေးမှု ကို အောင် ရမှာ ဖြစ်တယ် ။ ချန်ရှန် အရင်က ကြားဖူးခဲ့တဲ့အတိုင်း အဆင့် ၁၀ ရှိတဲ့လူဟာ အတွင်းစည်း ၀င်ရောက်နိုင်တယ်ဆိုတာ မှားယွင်း ခဲ့ ပါတယ် ။ ဒီဂိုဏ်းဟာ တော်တော်ပဲ စည်းကမ်းတင်းကြပ်ပုံပါ”
ချန်ရှန် ဇန်ဒီ နောက်သို့ အတော်ကြာ လိုက်သွားပြီးနောက် မှာတော့ အိမ်ကို ရောက်ပါပြီ ။ ဒါဟာ နားခိုရာငယ်လေးတစ်ခု ဖြစ်ပြီး လူတစ်ယောက်အတွက်သာ သင့်တော်သော်လည်း ချန် ရှန် အရမ်း ကျေနပ်မိပါတယ် ။
“ကောင်လေး ၊ ဒါကတော့ လူ ၅၀ ပဲရှိတယ့် စွမ်းအားအကြီး ဆုံး အပြင်စည်း ဂိုဏ်းပဲ ။ မင်းရဲ့ နေရာကို မင်းသေချာ ထိန်းသိမ်း တန်ဖိုးထားပါ ။ ခုငါသွားတော့မယ် မင်း ဒီပတ်ဝန်းကျင်နဲ့ အသား ကျအောင် အရင် လုပ်လိုက်ပါဦး”
ဇန်ဒီ ထွက်သွားပြီးနောက် ချန်ရှန်လည်း စာအုပ်များအား ဖတ်ကာ ဂိုဏ်းအကြောင်း ပိုမို နားလည်လာပါတယ် ။
“အဓိက စစ်မှန်တဲ့ ဂိုဏ်းကြီး ၈ ပိုင်းကိုတော့ အောက်ပါ အ တိုင်း ခွဲခြားထားပါတယ် ။
၁ ။ ပြင်းထန်သောသိုင်းပညာဂိုဏ်း
၂ ။ ကောင်းကင်ဘုံနတ်လက်နက်အင်ပါယာ
၃ ။ ဒန်ရှန်တောင်ယွမ်
၄ ။ ရေခဲလေတောင်ကြားဂိုဏ်း
၅ ။ သားရဲသိုင်းပညာဂိုဏ်း
၆ ။ အတုမရှိဓားဂိုဏ်း
၇ ။ စစ်မှန်သော သိုင်းပညာဂိုဏ်း နဲ့
၈ ။ ကြာပန်းကျွန်း ဂိုဏ်း တို့ပဲ ဖြစ်ကြတယ်”
“မိစ္ဆာဂိုဏ်း ၅ ခု ကိုတော့ အောက်ပါ အတိုင်း ပိုင်းခြားထားပါ တယ် ။
၁ ။ နတ်ဆိုးယန်ဂိုဏ်း
၂ ။ မြွေအနန္တ ဂိုဏ်း
၃ ။ သွေးသန့်စင်ဂိုဏ်း
၄ ။ အဆိပ် ၁၀၀ ဂိုဏ်းနဲ့
၅ ။ အရိုးကူးဂိုဏ်း တို့ ဖြစ်ကြတယ် ။”
“အဓိက ဂိုဏ်းကြီးတိုင်းဟာ စီရင်စု တစ်ခုကို ကွပ်ကဲတယ်။ မိစ္ဆာဂိုဏ်းတွေကတော့ တနေရာထဲမှာပဲ စုပြီး ကြီးမားတဲ့ စီရင်စု ကြီး လုပ်ထားကြတယ် ။ ချန်ဝူ ၉ စီရင်စုလို့ ခေါ်တယ်”
ချန်ရှန် ဟာ မိတ်ဆက် စာအုပ်များကို ဖတ်နေတယ် ။ စုမေးယို နဲ့ ဘိုင်ယုယုတို့က သူ့ကို ကမ္ဘာကြီး အကြောင်း တစ်ခါ ပြောပြဖူးပေမယ့် စာအုပ်ထဲ ရေးထားတာလောက် အသေးစိတ် မကျလှပါဘူး ။
ဒါကို ဖတ်ပြီးနော် ချန်ရှန် နည်းနည်း ကြေကွဲသွားတယ် ။
“ဒါက ချန်ဝူ က တိုက်တစ်ခုသာပဲ ၊ အပြင်ဖက်မှာ တခြား တိ်ုက်ကြီးတွေ အများကြီး ရှိသေးတာပဲ”
“ဒါက အဆုံးမဟုတ်သေးဘူး ။ လောကတွေထဲမှာတောင် ငါတို့ဟာ အနိမ့်ဆုံးအဆင့် လောကဖြစ်တဲ့ မော်တယ် သိုင်းလော က မှာ နေထိ်ုင်နေကြတာပဲ ။ လူဦးရေကလဲ သိန်းပေါင်းများစွာ ရှိ တယ် ။ များစွာသော မရေတွက်နိုင်တဲ့ နယ်မြေတွေလဲ ရှိကြ တယ် ။”
ဘိုင်ယုယု က အထင်သေးဟန်ဖြင့် ပြောပါတယ် ။
“မော်တယ် သိုင်းလောက ရဲ့ အထက်မှာ ကောင်းကင်ဘုံ သိုင်း လော က ရှိတယ် ။ အဲဒိမှာတော့ လူ အနည်းငယ်သာရှိကြ တယ် ။ အဲဒိနေရာမှာ ရှိတယ့် သိုင်းပညာရှင်တွေရဲ့ သက်တမ်း ဟာ လဲ မခန့်မှန်းနိုင်လောက်ဘူး ။ စွမ်းအားဆိုတာလည်း ကြီး ချက်ပဲ”
စုမေးယို က ဖြည့်စွက် ပြောကြားပါတယ် ။
ချန်ရှန် တံတွေးမျိုချမိနေရင်း သူဟာ ကြီးမားတဲ့ ကမ္ဘာကြီး ထဲက သဲပွင့်လေးတစ်ပွင့်လို ရုတ်တရက် ခံစားမိလိုက်ပါတယ် ။
ခေါင်း ကို ခါယမ်းလိုက်ပြီး နောက် –
“ပြင်းထန်တဲ့ သိုင်းပညာဂိုဏ်းမှာ စုစု ပေါင်း ခြံဝင်း ၃၀၀၀ ရှိတယ် ။ ၃၃၀ မှ ၃၀၀၀ ထိဟာ အပြင်စည်းသိုင်းပညာ ခြံဝန်း များ ဖြစ်ပြီး ၁၆ မှ ၃၂၉ ဟာ အတွင်းစည်း သိုင်းပညာ ခြံဝန်းများ ဖြစ်ကြပါတယ် ။ ၁ မှ ၁၅ ကတော့ ခေါင်းဆောင်များ၏ ခြံဝန်းများ ဖြစ်ကြပြီး ၎င်းတို့ဟာ ဒီိဂိုဏ်းရဲ့ စွမ်းအား အကြီးဆုံး လူတွေပါ ။ ဒီ ခြံဝန်း ၃၀၀၀ ရဲ့ အထက်မှာတော့ 0 အမှတ် ခြံဝန်း ရှိကာ သက်ကြီးဝါကြီးဆရာကြီးများ နေထိုင်ကြတာဖြစ်ပြီး ဒီအထဲမှ လူတွေဟာ အသက် ထောင်ကျော်ရှိ လူကြီးတွေပါ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ ဒီ 0 အမှတ် ခြံဝန်းရဲ့ အကြီးအမှူးပါပဲ”
ချန်ရှန် လည်း ဂိုဏ်းအကြောင်း မိတ်ဆက်စာအုပ်ကို ဆက် ဖတ်နေပါတော့တယ် . . . ။