Switch Mode

Chapter – 207.3

လောင်းကြေးထပ်ထားတဲ့ တိုက်ပွဲ

အပိုင်း ၂၀၇•၃

” လောင်းကြေးထပ်ထားတဲ့တိုက်ပွဲ ”
°°°
လုံရှောင်ယောင်က ဟို့ယွိဟောင်ကို စိတ်ထဲကနေအသိအမှတ်ပြုလိုက်ပါပြီ။ ဒါ့အပြင် ဒီလက်သီးကနေ ဖော်ပြလာတဲ့စိတ်၀ိညာဥ်ကြောင့်လဲ အထင်ကြီးသွားခဲ့မိပါတယ်။ ဧကရာဇ်နယ်မြေကို သူနားလည်သဘောပေါက်မှုရော ၀ိညာဥ်စွမ်းအားရဲ့ စိတ်၀ိညာဥ်စွမ်းအားကို ပေါင်းစည်းမှုတွေအားလုံးကပါ ၀ိညာဥ်ဘုရင်ရဲ့အဆင့်ကို ရောက်ရှိလို့နေခဲ့ပါပြီ။ နဂါးနတ်ဘုရားသော့်လော့ မုအန်းတောင် ဒီအသက်အရွယ်မှာ သူ့ကိုယှဥ်နိုင်မှာမဟုတ်ပါဘူး။

ဟို့ယွိဟောင်က သူ့ရဲ့လက်သီးကိုပြန်ရုတ်လိုက်ရင်း လက်နှစ်ဖက်ကို ဘေးကပ်လိုက်ပါတယ်။ သူက ဘယ်သူမှမထင်ထားတဲ့တစ်ခုကို ပြုလုပ်လိုက်တာပါ။ လက်သီးကိုရုတ်ပြီတဲ့နောက် ရုတ်တရက်ဘေးကိုစောင်းသွားခဲ့ပြီ လက်နှစ်ဖက်ကိုအသုံးပြုကာခန္ဓာကိုယ်ကိုစောက်ထိုးထောင်လိုက်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ကြောက်စရာကောင်းလွန်လှတဲ့အအေးဓာတ်က ခန္ဓာကိုယ်အပြင်ဘက်ကိုထွက်လာခဲ့ပါပြီ။ ဒါကနှင်းမုန်တိုင်းနဲ့ လေမုန်တိုင်းနှစ်ခုပေါင်းစည်းပြီ ဖြစ်ပေါ်လာတဲ့ကြောက်စရာမုန်တိုင်းကြီးတစ်ခုလိုမျိုး အင်အားပါ။

လက်ညိုးကမြေပြင်ကိုထိထားခဲ့ပြီတဲ့နောက် သူ့ရဲ့လက်ချောင်းတွေကို ဗဟိုပြုရင်း သူ့ရဲ့ခန္ဓာကိုယ်ကလေပွေတစ်ခုလိုစတင်လှည့်ပတ်ပါတော့တယ်။ ခန္ဓာကိုယ်ရဲ့အပေါ်မျက်နှာပြင်ဘက်ပေါ်မှာလိမ္မော်ရွှေရောင်အလင်းတန်းက ထင်ဟပ်လို့လာခဲ့ပြီတဲ့နောက် အဆုံးစွန်းရောက်နေတဲ့အအေးဓာတ်က သူနဲ့ နဂါးဧကရာဇ်သော့်လော့ကို လွှမ်းခြုံလို့သွားပါတော့တယ်။

” အဆုံးအစွန်းရောက်နေတဲ့ ရေခဲလား ”
လုံရှောင်ယောင်မျက်လုံးပြူးသွားခဲ့တယ်။

ဟို့ယွိဟောင်က ဘယ်ဘက်လက်ကို လှန်းလိုက်ချိန်မှာနှင်းမုန်တိုင်းနဲ့ လေမုန်တိုင်းနှစ်ခုစလုံးက အပြင်ကိုဆန့်ထွက်လာခဲ့ပါပြီ။ သူ့ရဲ့လက်ဖ၀ါးက လုံရှောင်ယောင်ရဲ့ဗိုက်ကိုရိုက်ချလိုက်ပါတယ်။ ထန်မျိုးနွယ်ရဲ့ ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးနည်းလမ်းကို အသုံးပြုနေခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာဆွဲယူတဲ့အစား ရိုက်ချပြစ်နေတဲ့လက်ဟန်ကို အသုံးပြုခဲ့တယ်။

လုံရှောင်ယောင်လဲ ဒီလက်၀ါးကတစ်ဆင့်ခန္ဓာကိုယ်ထဲက စိမ့်၀င်လာနေတဲ့ အအေးဓာတ်ကိုခံစားလိုက်ရပါတယ်။ ဒီအအေးဓာတ်က အရမ်းကိုပြင်းထန်လွန်တာကြောင့်ထူးခြားတဲ့အငွေ့အသက်ကလဲ ခန္ဓာကိုယ်ထဲဖောက်၀င်လို့လာခဲ့တယ်။

ကိစ္စတွေကတော့ မကောင်းတော့ပါဘူး။ ဟို့ယွိဟောင်ရဲ့လက်၀ါးက ဒီလောက်အထိ စွမ်းဆောင်ရေးရှိမယ်လို့ လုံရှောင်ယောင်မထင်ထားခဲ့တာအမှန်ပါ။ ဒီတစ်ကြိမ်မှာဟို့ယွိဟောင်က ညာဘက်လက်ရဲ့အင်အားကို ထုတ်လိုက်ပါပြီ။ ဒီတစ်ကြိမ်လက်လှုပ်လိုက်ချိန်မှာတော့ သူ့ညာလက်ဆီကနေ အပြာရင့်ရင့်ဓားအလင်းတန်းတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။ ဒါက လုံရှောင်ယောင်ရဲ့ ခြေထောက်နှစ်ခုကြားအလယ်ဗဟိုကို ချိန်ရွယ်နေခဲ့တာပါ။

လုံရှောင်ယောင်က လေးစားထိုက်တဲ့အဆင့်အတန်းရှိသူတစ်ယောက်ဖြစ်သလို သူ့စကားကိုလဲသူတည်ပါတယ်။ ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်နေတဲ့ အချိန်တစ်လျှောက်လုံးမှာ အဆင့်ငါးဆယ်အစွမ်းကိုသာအသုံးပြုလို့ထားခဲ့တယ်။ မဟုတ်ရင် ဟို့ယွိဟောင်ရဲ့နှင်းမဲ့ရေခဲတောင်က ဘယ်လောက်ပဲသန်မာပါစေ သူ့ရဲ့ခုခံမှုကိုချိုးဖောက်နိုင်မှာမဟုတ်ပါဘူး။

ကြည်လင်ကောင်းကင်မျိုးနွယ်ရဲ့ မျိုးနွယ်သခင် နျိုထန်တောင်တစ်ကြိမ်တစ်ခါတုန်းကပြောခဲ့ဖူးပါတယ်။ နှင်းမဲ့ရေခဲတောင်ရဲ့ တိုက်ခိုက်မှုကနေ မထိခိုက်အောင်နေဖို့ဆိုရင် တစ်ခုတည်သောနည်းလမ်းက ရှောင်ပြစ်လိုက်ဖို့ပါပဲ။

ကျင့်ကြံမှုမှာတော့ လုံရှောင်ယောင်က ထိုက်တန်ထက်ကိုပိုပြီးတော့သာလွန်ပါတယ်။ ဒါပေမယ့် ထိုက်တန်က အဲ့ဒီအချိန်မှာ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကိုအကန့်အသတ်မလုပ်ထားပါဘူး။ အဲ့ဒီအချိန်တုန်းကတော့ သူတို့တွေက နယ်မြေကိုအသုံးပြုနေခဲ့တာကြောင့်တိုက်ခိုက်မှုက ပိုပြီးသန်မာပါတယ်။ ဒီအချိန်မှာတော့ လက်၀ါးရိုက်ချက်က အရင်ကထက်တောင်အားနည်းနေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အနည်းငယ်ပဲအားနည်းတာပါ။ လုံရှောင်ယောင်ရဲ့ ညာဘက်လက်မောင်းကထုံကျင်လို့သွားခဲ့ပါပြီ။

ဟို့ယွိဟောင်ကတော့ သေချာပေါက် ဒီနဂါးဧကရာဇ်သော့်လော့ကိုညှာတာနေမှာမဟုတ်ပါဘူး။ ရေခဲဖောက်ခွဲမှုနည်းလမ်းကိုအသုံးပြုဖို့ကြံရွယ်လိုက်ပြီ ပြိုင်ဘက်ကင်းတဲ့အအေးဓာတ်နဲ့ ဧကရီရဲ့ဓားကိုပါ တစ်ပြိုင်နက်ထဲထုတ်လာခဲ့ပါတယ်။ သူ့မှာတိုက်ခိုက်မှုက သုံးခေါက်ပဲအခွင့်အရေးရှိတာကြောင့် သေချာပေါက် အဆုံးစွန်းအထိ တိုက်ခိုက်မှာပါ။ တစ်ဖက်သော့်လော့က ဘယ်လောက်ပဲသန်မာပါစေ သူက ယောကျာ်းတစ်ယောက်ဖြစ်နေဆဲပါပဲ။ သူ့ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေတိုက်ခိုက်ခံရချိန်မှာ သေချာပေါက် ချက်ချင်းကာကွယ်မိမှာပါ။

လူတစ်ယောက်က ရွေးချယ်ခွင့်ရှိမယ်ဆိုရင် သေချာပေါက် ခန္ဓာကိုယ်အောက်ပိုင်းကိုထိခိုက်မဲ့အစားလက်မောင်းကိုသာအပြတ်ခံလိုက်ပါ့မယ်။ လုံရှောင်ယောင်လဲ ဒီခံစားချက်ကြောင့် ချက်ချင်းဆိုသလို လှုပ်ရှားမိတော့တယ်။ ဒါပေမယ့် လက်မောင်းကနေထွက်ပေါ်လာနေတဲ့ ပေါက်ကွဲစွမ်းအားက သူ့ကိုထိတ်လန့်လို့သွားစေခဲ့ပါပြီ။ အောင်နိုင်မှုနဲ့ သူ့ရဲ့လုံခြုံစိတ်ချမှုနှစ်ခုကို ရွေးချယ်ရမယ်ဆိုရင် သူကတော့ လုံခြုံစိတ်ချမှုကိုသာရွေးချယ်ပါတယ်။ လုံရှောင်ယောင်ရဲ့ညာဘက်လက်မှာနဂါးအကြေးခွံအလွှာက ပေါ်လာခဲ့ပြီဖြစ်သလို ဟို့ယွိဟောင်ရဲ့ပေါက်ကွဲမှုနည်းလမ်းကလဲ ဒီနဂါးအကြေးခွံတွေကြောင့် ရပ်တန့်လို့သွားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ရေခဲမြူခိုတွေကလဲ ညာဘက်လက်ဆီကိုပြန်ပြီကျုံ့သွားခဲ့တော့တယ်။ ဒီအဆုံးစွန်းရောက်နေတဲ့ အအေးဓာတ်က သူ့ရဲ့အားကောင်းလွန်လှတဲ့ ၀ိညာဥ်စွမ်းအားကြောင့် အပြင်ကိုပြစ်လွှတ်ခံလိုက်ရတာပါ။

လုံရှောင်ယောင်ရဲ့စွမ်းရည်နဲ့ဆိုရင်တောင် နှင်းမဲ့ရေခဲတောင်ကို ခုခံဖို့အတွက် သူလဲ အားအပြည့်သုံးရပါသေးတယ်။ တုနှိုင်းမဲ့တဲ့အအေးဓာတ်နဲ့ ရင်ဆိုင်ရချိန်မှာ သူနောက်ဆုတ်ရတာကလွဲပြီရွေးချယ်စရာမရှိခဲ့ပါဘူး။

အပြာရင့်ရောင်ဓားအလင်းတန်းနဲ့အတူ အေးစက်တဲ့ဓားက သူ့ခန္ဓာကိုယ်ဆီကို ပြေး၀င်လို့လာခဲ့ပါတယ်။ လေထဲမှာကတော့ ရေခဲတံတိုင်းကြီးတစ်ခုပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်ကလဲ ဒီအချိန်မှာအနောက်ကိုပြန်ရောက်သွားပြီဖြစ်ပါတယ်။

လုံရှောင်ယောင်ကတော့ စိတ်ညစ်နေတဲ့ပုံပေါ်နေခဲ့တယ်။ အကယ်၍ တခြားသူသာဒီနေရာမှာရောက်နေခဲ့မယ်ဆိုရင် ဒီလိုမျိုးကပ်သီးလေးဓားနဲ့မထိခိုက်ပဲ လွှတ်သွားခဲ့တာကကျောချမ်းနေခဲ့မှာပါ။

သူကလှုပ်ရှားလိုက်ရုံတင်မက သိုင်းပညာ၀ိညာဥ်ကိုပါထုတ်သုံးလိုက်ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ အရင်ရှုံးခဲ့ဖူးတဲ့အခေါက်တွေထက်ပိုပြီးရယ်ချင်စရာကောင်းလောက်အောင် ရှုံးနှိမ့်လို့သွားခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့အစွမ်းအစတွေကိုတော့ သူနားမလည်သေးပါဘူး။ ဟို့ယွိဟောင်က နဂါးဧကရာဇ်သော့်လော့ကို လောင်းကြေးရှုံးအောင်လုပ်နိုင်ဖို့ လုံလုံလောက်လောက်သန်မာနေတယ်လို့သာနားလည်ခဲ့ရပါတယ်။

ဟို့ယွိဟောင်ရဲ့မျက်နှာကတော့ နီရဲလို့နေခဲ့ပါပြီ။ သူတစ်ချက်ချောင်းဆိုးလိုက်ပြီတဲ့နောက် သွေးတွေကိုအန်ထုတ်လိုက်ပါတော့တယ်။ သူ့ရဲ့သွေးတွေကလဲ ရေခဲတွေထက်တောင်ပိုပြီးအေးစက်လို့နေခဲ့ပါတယ်။

မြေပြင်ပေါ်ကိုလှဲကျသွားပြီတဲ့နောက် သူ့ကိုဗဟိုပြုထားတဲ့ ပတ်ပတ်လည်ဆယ်မီတာက ရေခဲအလွှာတွေအပြည့်နဲ့ အေးခဲလို့သွားခဲ့ပါပြီ။

သူတိုက်ခိုက်လိုက်တဲ့သုံးကွက်က အဲ့ဒီလောက်ကြီးမရိုးရှင်းခဲ့ပါဘူး။ လုံရှောင်ယောင်ကို ရင်ဆိုင်ဖို့အတွက် ရှိသမျှအစွမ်းအစတွေအားလုံးနဲ့ စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကို နောက်ဆုံးအထိ ထုတ်သုံးခဲ့တာပါ။

ဒါ့အပြင် အဆုံးစွန်းကြားက နှင်းမှုန်အကကိုလဲအသုံးပြုထားခဲ့ရပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို တစ်ပတ်လည်နေချိန်မှာ ဒီနှင်းမှုန်အကကိုထုတ်သုံးလို့ထားခဲ့ရင်း ရှိသမျှတိုက်ခိုက်မှုတွေအားလုံးကို ဖြည်လိုက်ပါတယ်။ ဧကရာဇ်နယ်မြေအင်အားရဲ့စွမ်းအားက သူသုံးပြီးပြီချင်မှာတင် ရှိသမျှတိုက်ခိုက်မှုတွေအားလုံးကို အဆင့်တက်သွားစေခဲ့တယ်။ ဒါပြီတဲ့နောက် အတင်းအားသုံးပြီတော့ ရပ်ခိုင်းလိုက်ရပါတယ်။

ဒီတစ်ခုထဲနဲ့တင် သူ့ခန္ဓာကိုယ်က ကြီးမားတဲ့ဖိအားကိုခံစားနေခဲ့ရပါပြီ။ နှင်းမဲ့ရေခဲတောင်နဲ့ တုနှိုင်းမဲ့ရေခဲနှစ်ခုက နှင်းဧကရီရဲ့စိတ်၀ိညာဥ်ရှိနေပေမဲ့လဲ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို ထိခိုက်သွားစေခဲ့တယ်။ ဒီသုံးကြိမ်တိုက်ခိုက်မှုကို ဆက်တိုက်လုပ်ပြီချိန်မှာ သူ့ရဲ့စွမ်းအားဖြတ်သန်းတဲ့လမ်းကြောင်းတွေအားလုံးက ထိခိုက်လို့သွားခဲ့တာကြောင့် သူသွေးအန်ထုတ်ပြီမှသာ နေလို့ထိုင်လို့ကောင်းသွားခဲ့တာပါ။

ရန်ရှောင်ကျဲ့နဲ့ ရှန်လင်းအယ်လဲ ဟို့ယွိဟောင်ဘာလုပ်လိုက်လဲဆိုတာရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ ဟို့ယွိဟောင်ရဲ့ဓားနဲ့လက်၀ါးထုတ်လာပြီချိန်မှာ နဂါးဧကရာဇ်သော့်လော့က အနောက်ဖက်ရွေ့သွားတာကိုသာ မြင်လိုက်ရပါတယ်။ မြင်ရတာကတော့ မယုံနိုင်စရာပါပဲ။ သူတို့ပထမဆုံးတွေးလိုက်မိတာကတော့ နဂါးဧကရာဇ်သော့်လော့က ဟို့ယွိဟောင်ကိုအခွင့်အရေးပေးလိုက်တယ်လို့ပါ။

ဒါပေမယ့် တစ်ဖက်လူကတော့ ဒီအချိန်မှာအေးခဲနေတဲ့လေတွေကို မှုတ်ထုတ်နေရပါပြီ။ ဒါကဟို့ယွိဟောင် သူ့ခန္ဓာကိုယ်ထဲထည့်သွင်ပေးထားတဲ့အအေးဓာတ်တွေဖြစ်ပါလိမ့်မယ်။ သူတကယ်ပဲ ဟို့ယွိဟောင်ကို အခွင့်အရေးပေးခဲ့တာလား။

လုံရှောင်ယောင်ရဲ့ အမူအရာကတော့ အတော်လေးစိတ်ညစ်နေပုံပေါ်ပါတယ်။ ကလေးတစ်ယောက်ကိုရှုံးပြီတဲ့နောက် သူလဲစိတ်ထဲမှာနေလို့မကောင်းတော့ပါဘူး။ ဒါကြောင့် ခေါင်းသာညိတ်နေခဲ့တယ်။

” မင်းနိုင်သွားပြီပဲ အဆုံးစွန်းရေခဲတဲ့လား တကယ်ကြီးအဆုံးစွန်းရောက်သိုင်းပညာ၀ိညာဥ်ရှိနေတာပေါ့ မုအန်းက သူမသေခင်မှာမင်းကိုတပည့်အဖြစ် လက်ခံချင်တာဘယ်ဆန်းတော့မလဲ နှမြောစရာကောင်းလိုက်တာငါသာမင်းကိုစောစောစီးစီးတွေ့ခဲ့ရင်း ပိုပြီးသင့်တော်လိမ့်မယ်..မင်းတို့အားလုံးသွားလို့ရပြီ မင်းတို့ရဲ့အပြန်လမ်းခရီးတစ်လျှောက်မှာ ဘာအခက်အခဲမှဖြစ်စေမှာမဟုတ်ဘူး ”

” ကျေးဇူးတင်ပါတယ် အကြီးအကဲ ”

ဒီအချိန်မှာဘယ်သူကမှ သူ့ကိုမလှောင်ရယ်၀ံ့ပါဘူး။ သူရှုံးသွားပေမဲ့ သူကိုယ်တိုင်းကလဲ ကန့်သတ်ချက်စည်းတွေရှိနေပါသေးတယ်။ ကန့်သတ်မဲ့သော့်လော့ဖြစ်တဲ့သူက လုံရှောင်ယောင်ကို ထိခိုက်အောင်မလုပ်နိုင်ဘူးဆိုရင်တောင် သေချာပေါက် လုံရှောင်ယောင်ကတော့ အနည်းငယ်လန့်သွားခဲ့ရပါတယ်။

အခုအချိန်မှာ လုံရှောင်ယောင်က အဝေးနေရာဆီကို ခေါင်းမော့ရင်းကြည့်နေခဲ့တယ်။ ကောင်းကင်မှာတော့ လူခြောက်ယောက်ကပေါ်လာခဲ့ပြီ ခပ်မြန်မြန်ရောက်လာခဲ့ပါပြီ ဒီလူတွေကိုဦးဆောင်လာသူကတော့ ထျောင်ထျဲ့သော့်လော့ အကြီးအကဲရွှမ်ပါပဲ။ အကြီးအကဲရွှမ်က ဟို့ယွိဟောင်အရှေ့တည့်တည့်ဆီကို ဆင်းလာခဲ့တယ်။

ဒီလိုလူအများကြီးရောက်လာချိန်မှာတော့ ကျန်းပန်လဲစိတ်ညစ်နေခဲ့ပါပြီ။ အကယ်၍ နဂါးဧကရာဇ်သော့်လော့သာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်လွန်ကဲနေပြီ လူများများခေါ်လာခဲ့မယ်ဆိုရင် ဒီလိုမျိုးအခြေအနေရောက်နေမှာမဟုတ်ဘူးလို့ သူတွေးထင်နေခဲ့မိတယ်။ အခုတော့ ရှန်လင်းအယ်နဲ့ ရန်ရှောင်ကျဲ့ကိုတောင် ခေါ်သွားလို့ရတော့မှာမဟုတ်ပါဘူး။

အကြီးအကဲရွှမ်က လုံရှောင်ယောင်ကိုချက်ချင်းသတိထားမိပါတယ်။ ဒါကြောင့် သူအဲ့ဒီလူကို လှမ်းပြီကြည့်တော့တယ်။ တော်တော်ကြီးသန်မာမဲ့သူဆိုတာ ကြည့်လိုက်ရုံတင်သိလိုက်ပါပြီ။

” ရှောင်ရွှမ် မမြင်ရတာကြာပြီပဲ ”

လုံရှောင်ယောင်ကတော့ အကြီးအကဲရွှမ်ကိုမြင်ချိန်မှာ လှမ်းပြီစကားပြောပါတော့တယ်။

အကြီးအကဲရွှမ်ကတော့ အံ့အားသင့်နေခဲ့တယ်။ သူ့ရဲ့မှတ်ဉာဏ်ထဲမှာ လုံရှောင်ယောင်ဆိုတဲ့သူက အတော်ကြီးကို မရင်းမနှီးဖြစ်နေခဲ့တာပါ။ ဒါအပြင် သူ့ကိုရှောင်ရွှမ်လို့ခေါ်တဲ့သူကလဲ များများစားစားမရှိပါဘူး။

” ငါလေ လုံရှောင်ယောင် ”

” လုံရှောင်ယောင် ဟုတ်လား ”

အကြီးအကဲရွှမ်တင်မကပဲ ကျန်ရစ်တဲ့နောက်ကလူတွေအားလုံးပါ တအံ့တဩဖြစ်လာကြပါတော့တယ်။

” အသက်ရှင်နေတုန်းလား ”

လုံရှောင်ယောင်နဲ့ အကြီးအကဲမုကြားမှာရှိတဲ့ပြဿနာတွေကို သိတဲ့တစ်ယောက်တည်သောသူက အကြီးအကဲရွှမ်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကလွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေပါ။ ဒါ့အပြင် နှစ်ပေါင်းရာချီကြာပြီသွားတဲ့နောက်နဂါးဧကရာဇ်သော့်လော့ကိုတွေ့ရမယ်လို့ အကြီးအကဲရွှမ်လဲ မထင်ထားခဲ့မိပါဘူး။

လုံရှောင်ယောင်ကတော့ သက်ပြင်းချနေခဲ့ပါတယ်။

” ဟုတ်တယ် မုအန်းကတော့သွားပြီ ငါကတော့အသက်ရှင်နေတုန်းပဲ အသက်ရှင်နေတုန်းပဲ ဟားးဟားး ”

သူ့ရဲ့ရယ်သံက ၀မ်းနည်းမှုတွေနဲ့အပြည့်ပါ။ လက်ရှိအချိန်မှာထိပ်တန်းအဆင့်သော့်လော့ခြောက်ယောက်၀န်းရံခံထားရတဲ့သူက အေးအေးဆေးဆေးလေထဲမှာပျံသန်းရင်းပျောက်ကွယ်လို့သွားပါတော့တယ်။ ကျားကင်းမြီးကောက်သော့်လော့ကလဲ ဆက်ပြီမနေ၀ံ့တော့ပဲ သူနောက်လိုက်သွားခဲ့ပါပြီ။

လူတိုင်းကတော့ လက်ရှိအချိန်မှာ အကြီးအကဲရွှမ်ကို မျက်လုံးနဲ့မေးခွန်းတွေမေးနေခဲ့ပါတယ်။ အကြီးအကဲရွှမ်ကတော့ ခေါင်းသာခါနေခဲ့တယ်။ သူကတော့ ဒီအချိန်မှာအတော်ကြီးကို အလေးအနက်ထားတဲ့ပုံဖြစ်နေပါပြီ။

အကယ်၍ နဂါးဧကရာဇ်သော့်လော့သာလိုက်ချင်တယ်ဆိုရင် ဘယ်သူကတားနိုင်မှာလဲ။ အကြီးအကဲရွှမ်တောင် မတားနိုင်ပါဘူး။

ရန်ရှောင်ကျဲ့ကတော့ အကြီးအကဲရွှမ်ရဲ့​ဘေးနားကိုရောက်လာခဲ့ပါတယ်။ အကြီးအကဲရွှမ်က ခေါင်းသာခါပြနေခဲ့တယ်။

” သွားမယ် ငါတို့ပြန်မယ် ”

သူဘာမှမပြောချင်ခဲ့သလို အတော်လေးလဲ စူပုတ်ပုတ်ဖြစ်နေခဲ့ပါသေးတယ်။ ဒီနေ့ဒီချိန်မှာပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ဆရာသခင်က အကြီးအကဲမုကိုယ်စားသူဖြစ်နေခဲ့တာကြောင့် အ၀တ်အစားတွေက အရင်လိုညစ်ညစ်ပတ်ပတ်မဟုတ်တော့သလို စုတ်စုတ်ပြတ်ပြတ်ပုံလဲရှိမနေတော့ပါဘူး။ ဒါပေမယ့် ဘူးသီးခြောက်၀ိုင်ပုလင်းကြီးကိုတော့ ယူလာခဲ့ပါသေးတယ်။

အကြီးအကဲရွှမ်က ပြောပြီတဲ့နောက် ဟို့ယွိဟောင်ကိုလက်တစ်ဖက်နဲ့ဆွဲပြီ ကောင်းကင်ပေါ်မှာပျံသန်းလို့သွားပါတော့တယ်။ သူက ၀ိညာဥ်စွမ်းအားနဲ့ပဲ ပျံသန်းတာပါ။

အားကောင်းပြီညင်သာတဲ့စွမ်းအားတွေက ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲ ၀င်ရောက်လို့လာခဲ့ရင်း သူရဲ့နာကျင်မှုတွေကို ကုသပေးပါတော့တယ်။ အကြီးအကဲရွှမ်ကတော့ အနည်းငယ်အံ့ဩနေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ကျင့်ကြံဆင့်က အဆင့်ငါးဆယ်ရောက်နေတာကို သူအံ့အားသင့်နေခဲ့တာပါ။

” အကြီးအကဲရွှမ် ”

ဟို့ယွိဟောင်လဲ အသံထွက်လာပါတော့တယ်။ တကယ်တော့ သူ့စိတ်နှလုံးသားထဲကနေ အတော်ကြီးကိုလှုပ်ရှားနေခဲ့တာပါ။ ဒီလိုမျိုးလုံလုံခြုံခြုံပြန်ရောက်စေဖို့အတွက်တော့ အကြီးအကဲရွှမ်က ပင်လယ်နတ်ဘုရားခန်းမဆောင်ကအကြီးအကဲတွေကိုခေါ်ပြီ ကိုယ်တိုင်းလာရောက်ခဲ့ပါတယ်။ ဒါကသူတို့ရဲ့နီးစပ်မှုကို ပြောပြနေသလိုပါပဲ။

သူ့ခေါ်သံကိုကြားပြီတဲ့နောက် အကြီးအကဲရွှမ်က ​ပြုံးပြလိုက်ပါတယ်။

” လိမ်မာတယ်ကလေး မင်းအများကြီးကြိုးစားခဲ့ပြီးပြီ ကျောင်းတော်အတွက် မင်းဘာတွေလုပ်ခဲ့လဲဆိုတာငါတို့သိထားတယ်…ဒါ့အပြင် အမြဲတမ်းလဲအမှတ်ရနေမှာပါ ”

အပိုင်း ၂၀၇•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset