Switch Mode

Chapter – 77

ဒုက္ခဆိုတာ

Chapter – 77 ဒုက္ခဆိုတာ

ဘယ်လို ၊ ချန်ရှန်က ဖန်လိယန်နဲ့ ဒီနေ့ ယှဉ်ပြိုင်ချင်တယ် တဲ့လား ။ ဒီစကားကြောင့် လူများစွာဟာ အံ့အားသင့်သွားကြ တယ် ။ယောင်ဟိုင်ရှန်း နဲ့ ဖန်လိယန် တို့ပင် တုန်လှုပ်သွားကြ ပါ တယ် ။
ခုနက ဟိုဒွန်ဂျင် ဟာ ချန်ရှန်ကို ကူညီခဲ့ပါတယ် ။ အဘယ် ကြောင့်ဆိုသော် ဘာတွေဆက်ဖြစ်မလဲဆိုတာကို အရမ်းစိတ် ၀င် စားလို့ပါ ။ ဇုရွန်လည်း ချန်ရှန်အား နည်းနည်းအထင်သေးခဲ့ ပါသေးတယ် ။ သူဟာ ချန်ရှန်ကို ဆေးပညာရှင်အဖြစ်သာ သိ ထားခဲ့ပြီး သူနဲ့ ပထမဆုံးတွေ့ တုန်းက ချန်ရှန်ဟာ သူ့ကိုယ်သူ ဘာကောင်ညာကောင်ဆိုပြီး မပြောထားခဲ့လို့ပါပဲ ။
“ဟက် ၊ နောက်နေတာ ရပ်ပြီး မြန်မြန်သွားတော့ ၊ ဒဏ်ရာ သက်သက်မဲ့ မရချင်စမ်းနဲ့ ။ ပွဲအတွင်းမှာ အားဆိုတာ ထိန်းချုပ် လို့ရတာမဟုတ်ဘူး ။ မင်းတကယ်လို့ ဒဏ်ရာရသွားရင် မင်းလေ့ ကျင့်နိုင်မှာ မဟုတ်တော့ဘူး ။ နှစ်အနည်းငယ်ကြာမှသာ ပြန်လာ ခဲ့ပါကွာ”
ယောင်ဟိုင်ရှန်း သူ၏ လက်များကို ခါယမ်းပြီး ပြောတာပါ ။ ယောင်မျိုးနွယ်တစ်ခုလုံး အမြစ်ပြတ်သွားတာ ထင်ရှားပေမယ့် ချန်ရှန်ဟာ ဒီကိစ္စရဲ့ တရားခံဆိုတာသာ သိတာပါ ။ ချန်ရှန်၏ စွမ်းအားဟာ အဆင့် ၉ လောက်တော့ ရှိမယ်လို့ သူယူဆမိတယ်။ ဒါပေမယ့် အပြင်လောက က အဆင့် ၉ ပညာရှင် နဲ့ ပြင်းထန် တဲ့ သိုင်းပညာဂိုဏ်းက အဆင့် ၉ ပညာရှင်တို့ရဲ့ ကွာခြားချက်ဟာ မိုး နဲ့ မြေလိုပါပဲ ။
“သူတို့တိုက်ချင်လည်း တိုက်ခိုင်းလိုက်ပေါ့”
ဟိုဒွန်ဂျင်က ချန်ရှန်ကို ပြုံးပြီးကြည့်ကာ ပြောလိုက်တယ် ။
“ဒီကောင်နဲ့ တိုက်တာလောက်ကတော့ တစ်ချက်တည်းနဲ့ ကို အမှိုက်ဖြစ်အောင် လုပ်နိုင်တယ်”
ဖန်လိယန် က စိတ်မရှည်သလိုပင် ၀င်ပြောပါတယ် ။
ချန်ရှန်ဟာ ဒီလို ယောင်မျိုးနွယ်ဝင်တွေက သိုင်း ပညာ ဂိုဏ်းကလို့ မမျှော်လင့်မိခဲ့ဘူး ။ ဒါတင်မက ၎င်းတို့ဟာ စစ်မှန် သော သိုင်းပညာနယ်ပယ်က ပင် ဖြစ်နေပါသေးတယ် ။ ကံကောင်းစွာပင် ဂိုဏ်းထဲမှာ စည်းကမ်းတွေ ရှိပါတယ် ။ ဂိုဏ်းလောကမှ လူ ဟာ အပြင်ဘက်လောကမှာ ပြသနာ ရှာခွင့် မရှိလို့ပါပဲ ။
တန်းစီးနေတယ့် လူတန်းကြီးဟာ ရှဲသွားတယ် ။ သူတို့ အတွက် နှောင့်နှေး ကြန့်ကြာပေမယ့်လည်း ဒီတိုက်ပွဲကို ကြည့် ရန် စိတ်အားထက်သန်နေကြပါတယ် ။ အထူးသဖြင့် ဖန်လိယန် ၏ စွမ်းအားကို ကြည့်ချင်လို့ပါပဲ ။ အပြင်စည်းရဲ့ အဆင့် ၁၃ ယောက်မြောက် နောက်လိုက်စွမ်းဆောင်ရည်ကို ကြည့်ရန် ရှေ့ သို့ တိုးဝှေ့ လျက်ရှိနေကြပါတော့တယ် ။
“ကြိုသတိပေးလိုက်မယ် ။ မင်းဒဏ်ရာရရင် တခြားလူကို အပစ်မတင်နဲ့ ၊ မင်းကိုယ်မင်းပဲ အပြစ်တင်”
ဖန်လိယန် ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။
ချန်ရှန်လည်း ခေါင်းညိမ့်ကာ ပြန်ပြောတယ် ။
“မင်းလဲ ပြင်းပြင်းထန်ထန် ထိသွားရင် စိတ်မဆိုးနဲ့နော်”
“ကောင်းပြီ ၊ မဟုတ်တာတွေ ပြောနေဖို့ အချိန်မရှိဘူး ၊ စကြ စို့”
ဖန်လိယန် စိတ်မရှည်စွာပင် ပြောလိုက်ပြီး တလှမ်းတိုးလာ တယ် ။ ဒီအချိန်မှာပဲ ယောင်ဟိုင်ရှန်းရဲ့ အော်သံကို ကြားရပါ တယ် ။
“စ”
ဖန်လိယန် က အရင်စလှုပ်ရှားတယ် ။ ပြေးလာကာ ခြေ လှမ်းတိုင်းမှာ ပေါက်ကွဲမှုလျှပ်စီးများထွက်ကာ နေပါတယ် ။ သူ ဟာ အလွန်လျင်မြန်လှပြီး သူ၏ လက်သီးများမှလည်း လျှပ်စီးတွေ ထွက်လျက်ရှိတယ် ။ ဒါဟာ လျှပ်စီး ချီဓာတ်ပါပဲ ။
ချန်ရှန်၏ လျှပ်စီး ချီဓာတ်မှာတော့ သစ်သားစွမ်းအင် များ ပါဝင်ပြီး သန့်စင်တဲ့ လျှပ်စီးသီးသန့်မဟုတ်ပါဘူး ။
“အဆင့်မြင့် ထူးကဲလှတယ့် လျှစ်စီးခြေလှမ်းပဲ ။ ပြေးတာက ပိုပြီး အားပြင်းစေတာ ။ လက်သီးကလည်း အဆင့်မြင့် ထူးကဲလှ တဲ့ လျှပ်စစ် လက်သီးလေ ။ ငါကြားဖူးတာတော့ ဒီလက်သီး တစ် ချက်နဲ့ တောင်ငယ်တစ်လုံးလောက်ကိုတောင် ကြွသွားစေနိုင် တယ် ။တော်တော် စွမ်းအားပြင်းတယ် ။”
တစ်ယောက် က ပြောပါတယ် ။
ချန်ရှန် က နဂိုထဲက လျှပ်စီးနဲ့ ပက်သတ်ရင် ကျွမ်းကျင်သူ ပါ ။ သူ ဟာသစ်သားချီဓာတ်ကို ထုတ်တဲ့အခါ လျှပ်စီးဒဏ်ကို ခံ နိုင်မှာဖြစ်ပြီး ဘယ်လိုပင် ပြင်းထန်ပါတယ်ပြောပြော အေးဆေး ခံနိုင်ပါတယ် ။ အခု မြင်ရတယ့် လျှပ်စီးဟာ ဘာဓာတ်မှမပါတဲ့ အတွက် မတုန်လှုပ်မိ တော့ပါ ။ နောက်ပြီး သူ့ကိုယ်ဟာလည်း အရမ်းကို သန်မာတဲ့ ခွန်အားတွေ ရှိသည် မဟုတ်ပါလော ။
လူတိုင်းဟာ ချန်ရှန် ဒီလက်သီးကိုသာ ထိပါက သွေးထွက် သံယိုများ ဖြစ်ပေလိ့မ်မည် ဟု တထစ်ချ ယုံကြည်နေကြပါတယ်။ လူတိုင်းဟာ ထိခိုက်မိရာမှ ဖြစ်ပေါ်လာမည့် လျှပ်စီး ပေါက်ကွဲမှု များကို ကာကွယ်နိုင်ရန် သတိအနေအထားဖြင့် ရှိနေကြတယ် ။ ဒါပေမယ့်လည်း သူတို့ အံ့သြသွားကြတယ် ။ မည်သည့် အရာမျှ မမြင်လိုက်လို့ပါပဲ ။
ဖန်လိယန် ခုန်ကာ ပြင်းလှသော အဟုန်ဖြင့် လျှပ်စီး ဓာတ် များထည့်ကာ လက်သီးဖြင့် ချန်ရှန်၏ ရင်ဘတ်ဆီသို့ ထိုးချလိုက် ပါတယ် ။ ဒါပေမယ့် သူ့လက်သီး ချန်ရှန် ရင်ဘတ်နဲ့ ထိတဲ့အခါ ပင်လယ်ကြီးထဲအား ကျောက်တုံးတစ်တုံးနစ်မြုပ်သွားသလိုပင် မည်သည့် တုံ့ပြန်မှုမှ မရရှိလိုက်ပါဘူး ။
အဘယ်ကြောင့်ဆိုသော ချန်ရှန်ဟာ ထိုအချိန်မှာ ထိုက်ကျိ ကျင့်စဉ်ကို ပြုလုပ်နေခြင်းဖြစ်ပြီး သူ့ကိုယ်ဟာ ကြီးမားတဲ့ ရေဝဲ ကြီးတစ်ခုလိုပါပဲ ။ ဘယ်လိုသော စွမ်းအားဖြင့် ထိုးနှက်ပါစေ ထို ရေဝဲအတွင်း စုပ်ယူနေလိုက်မှာဖြစ်ပါတယ် ။ ချန်ရှန်ဟာ အရင် ထဲက လျှပ်စီးဓာတ်ဖြင့် ကိုယ်ခန္ဓာ အား မကြာခဏ ခံနိုင်ရည်ရှိ စေရန် ပြုလုပ်လေ့ရှိတယ် ။ ဒါကြောင့် ခု သူ၏ လျှပ်စီး ချီဓာတ်ဟာ ပိုမို အားကောင်းနေပြီပဲ ဖြစ်ပါတယ် ။
“ပြင်းထန်သော သိုင်းပညာဂိုဏ်း ၊ ငါ ကျိန်းသေ ရအောင် ၀င် ပြမယ်”
ချန်ရှန် ရယ်မော ပြောဆိုကာ သူ၏ လက်သီးကို ဖန်လိယန် ဆီသို့ ထိုးလိုက်ပါတယ် ။ ထိုအချိန်ထိ ဖန်လိယန် ဟာ ကြောင် အမ်းအမ်းဖြစ်နေတုန်းပါ ။ ပြင်းထန်လှသော ချန်ရှန်၏ လက်သီး တွင် မီးတောက်များဟာ ထွက်နေလျက်ရှိပြီး မီးတောင်ကြီး ပေါက်ကွဲနေသလိုပင် ဖြစ်နေပါတယ် ။ မျက်စိတမှိတ်အတွင်းမှာ ပင် ဖန်လိယန် တစ်ယောက် မီးများစွဲကာ ချန်ရှန် လက်သီး အဟုန်ကြောင့် လွင့်ထွက်သွားပါတော့တယ် ။ သူ၏တစ်ကိုယ် လုံးအား ပြင်းထန်လှသော မီးများစွဲကာ မြေပေါ်တွင် စူးစူးဝါးဝါး ကို အော်နေတာပါ ။
“ဖန် လိ ယန်”
ယောင် ဟိုင်ရှန်း တုန်လှုပ်လျက် တရှိန်ထိုးပင် ဖန်လိယန် ဆီသို့ ပြေးသွားတယ် ။ သူ၏ အင်္ကျီလက်ဖြင့် မီးတောက်များကို ငြိမ်းပေးနေပြီး မီးများဟာ ချက်ချင်းပင် ပြန့်သွားပါတယ် ။ ဖန် လိယန်ဟာ ခန္ဓာကိုယ် အထက်မှ အောက်သို့ လောင်ပြီး မည်း တူးသွားတယ် ။ တော်တော်ကို ဒဏ်ရာရသွားတာပါပဲ ။ သူ၏ ကိုယ်အတွင်းရှိ စွမ်းအင်သိုလှောင်ရာဟာလည်း လောင်ကျွမ်း သွားပြီ ဖြစ်ပါတယ် ။
မီးအရှိန်ဟာ တော်တော်ပူသော်လည်း ရပ်ကြည့်နေသူများ မှာတော့ ချွေးများထွက်ကာ တောင့်လျက်၇ှိတယ် ။ ရိုးရိုးလေး တစ်ချက်စာဖြင့် အဆင့် ၁၃ ယောက်မြောက် အပြင်စည်းတပည့် ကို ရှုံးနိမ့်စေသွားတယ် ။ လူတိုင်းဟာ အံ့အားသင့်လျက် တီး တိုးပြောဆိုနေကြပါတော့တယ် ။
“ကျွန်တော် နိုင်ပြီနော် ၊ ခု ဂိုဏ်းထဲ ၀င်လို့ရပြီလား ၊ နောက် ဘာမှ ပေးစရာမလိုဘူးပေါ့နော်”
ချန်ရှန် ပြုံးရယ်ကာ ပြောလိုက်တယ် ။
ယောင်ဟိုင်ရှန်း တော်တော် စိတ်တိုနေတယ် ။ တစ်ခုခု ပြော ချင်ပေမယ့်လည်း ဟိုဒွန်ဂျင် မှ ပြုံးပြီးပြောတာကို သူတွေ့ လိုက်တယ် ။
“ယောင် ဟိုင် ရှန်း ၊ ခုနက မင်းရဲ့ တန်ဖိုးရှိလှတယ့် တပည့် က ပြောသွားတယ်မလား ၊ ဒီပြိုင်ပွဲ မှာ ဒဏ်ရာအနာတ၇ ဖြစ်ရင် သူတို့ကိစ္စပဲ တခြားလူကို အပစ်မတင်ကြေးတဲ့ ၊ မင်းက မင်းတပည့်ရဲ့ ကတိကို ဖျက်ချင်နေတာလား ၊ ချန်ရှန်ကို လည်း မင်းက ၀င်ခွင့်ပြုမယ် ပြောခဲ့သေးတယ် ။ နောက် သူက ဘာမှ ပေးစရာမလိုဘူးဆိုတော့ မင်းပဲစိုက်ပေးရမှာပဲ ဘာလို့လဲဆို တော့ မင်းက ကတိပေးထားတဲ့လူကိုး”
ချန်ရှန် လည်း ရယ်မောကာဖြင့် –
“အကိုတော်ကြီးယောင် ၊ အကိုတော်ကြီးဟာ ကျွန်တော့ အတွက် သလင်းကျောက်တွေ ပေးမလို့လား ၊ ကျေးဇူးတကယ် ကိုကြီးမားပါပေတယ်ဗျာ”
ယောင်ဟိုင်ရှန်းရဲ့ မျက်နာမကောင်းလှပါ ။ သူ့စိတ်ထဲမှာ တော့ ချန်ရှန်ဟာ ပုရွတ်ဆိတ်တစ်ကောင် သာသာ ပါပဲ ။ လက်ပြန်တစ်ချက်နဲ့တင် သေသွားစေမှာပါ ။ ဒါပေမယ့် ထိုသို့ လုပ်ပါက သူ၏ ကောင်းမွန်လှသော နေ့ရက်များ ဟာသတ်သွားစေပါလိ့မ်မယ် ။ ဂိုဏ်းရဲ့ စည်းကမ်းဟာ အလွန်ပဲ တင်းကြပ်လှပါတယ် ။
“ငါမှတ်မိတယ်”
ယောင်ဟိုင်ရှန် မီးလောင်နေတဲ့ ဖန်လိယန် ကိုယ်အား မ ကာ အထဲဝင်သွားပါတယ် ။ ဒီအချိန်မှာပဲ လူရွေးပွဲမှ ကြီးကြပ် လက်ခံမည့်လူဟာလည်း ပြောင်းသွားပါတော့တယ် ။
“ချန်ညီတော် ၊ ငါတို့ ဂိုဏ်းကနေ ကြိုဆိုပါတယ် ။ ငါနဲ့လိုက် ခဲ့ပါ ။ ငါမင်းကို လုပ်ရိုးလုပ်စဉ် ကိစ္စရပ်တွေကို သေချာ ရှင်းပြပါ့ မယ်”
ဇုရွန် က အော်ပြောပါတယ် ။ ချန်ရှန်ကို ကြည့်နေတဲ့ပုံစံက သူ့မျက်စိထဲ သလင်းကျောက်တုံးပုံကြီးကို ကြည့်နေရတယ်လို့ ထင်နေပုံပါပဲ ။
ချန်ရှန်လဲ ရယ်မောကာ လျှောက်လာလိုက်တယ် ။
“ကျေးဇူး အများကြီးတင်တယ် အကိုတော် ဟိုလူကြောင့် ကျွန်တော်တော့ မောင်းထုတ်ခံရတော့မလို့ပဲ”
“ငါမင်းကို စကားနည်းနည်းပြောဦးမယ် ။ ဒါကို အကူညီလို့ မသတ်မှတ်နဲ့ ခုနက ဟိုလူက မီးလောင်နေတဲ့ ဟာကြီးမပြီး သူ့ ပုံစံက ခုန်ဝင်လာတော့မလိုပဲ ။ ငါတကယ်ကို ရယ်ချင်နေတာ ။ မင်းလုပ်လိုက်တာ တော်တော်ကောင်းတယ် သူတို့ရိက္ခာနဲ့ သူတို့ သွားတော့တာပဲ”
ဟိုဒွန်ဂျင်ရဲ့ ရယ်သံထွက်ပေါ်လာတယ် ။
“ဖက်တီးလေး ၊ ခုနက အကိုကြီးက မင်းနဲ့ ဘယ်လိုပတ် သက်လဲ ၊ မင်းဆရာလား”
ချန်ရှန် ဇုရွန်နောက် လိုက်ရင်း မေးလိုက်တယ် ။ ဒီလိုလူမျိုး ကို ဆရာအဖြစ် ရရှိခြင်းဟာ တော်တော် ကောင်းတဲ့အရာပါပဲ ။
“သူက ငါ့ ဦးလေး ၊ ဒါနဲ့ စကားမစပ် မင်းလည်း ဆေးပညာ ကို တော်တော် သိနေတာပဲ အဲဒါတောင် မင်းက ခရမ်းရောင် အသီး ကို ဒီတိုင်းစားပြီး ဖြုန်းတီးတယ် ။ အရူးလား ၊ မင်းက ကြွား ချင်လို့ လုပ်တာလား”
ဇုရွန် ချန်၇ှန် အသီးစားတာကို ပြန်စဉ်းစားမိပြီး နှမြောနေ လျက်ရှိပါတယ် ။
ချန်ရှန်ကလည်း ခပ်လှောင်လှောင်ပင် –
“ခင်ဗျားက သစ္စာမရှိတဲ့ ဖက်တီးပဲ ၊ စစတုန်းက ခင်ဗျား ကျွန် တော့အသီးကို ကျောက် ၁၀ လုံးနဲ့ ၀ယ်ချင်တယ် ။ ခုနက ပဲ သူများတွေ ရောင်းနေတာ မေးခဲ့တာ အလုံး ၃၀၀ တဲ့ ၊ ခင်ဗျား က အလုံး ၂၀၀ နဲ့ ကျွန်တော့ဆီက ၀ယ်သွားတယ် ။ ကျွန်တော့ ကို လိမ်တာပဲဗျာ”
“ဒါက မင်း လက်ခံတယ့်ဈေးပဲလေ ၊ ငါမင်းကို ဖိအားပေးခဲ့ တာမှ မဟုတ်တာ”
ဇုရွန်လည်းနှုတ်ခမ်းများကို ကွေးကာပြန်ပြောလိုက်ပါ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset