အပိုင်း ၂၀၇•၂
” လောင်းကြေးထပ်ထားတဲ့တိုက်ပွဲ ”
°°°
” အဲ့ဒါဘယ်လိုအင်အားမျိုးကြီးလဲ ”
ကျားကင်းမြီးကောက်သော့်လော့ကတော့ လက်ရှိအချိန်မှာ တကယ်ကြီးကို ထိတ်လန့်နေခဲ့ရပါပြီ။ အဲ့ဒီစွမ်းအားက အရမ်းကြီးမသန်မာသလို ဘာထိခိုက်မှုမှမဖြစ်စေပေမဲ့လဲ သူ့ကိုထိတ်လန့်ခြောက်ခြားနိုင်အောင်တော့ လုပ်နိုင်ပါသေးတယ်။ အဲ့ဒီအထဲမှာပါ၀င်နေတဲ့ ၀ိညာဥ်စွမ်းအားက ကြောက်စရာကောင်းလွန်တာကြောင့် သူ့ရဲ့၀ိညာဥ်သားရဲကောင်တွေတောင် ထိတ်လန့်တကြားနဲ့ထွက်ပြေးကုန်ကြပါပြီ။
” အလင်းရဲ့စွမ်းအားလေ အမှောင်ထုကိုဖယ်ရှားဖို့သုံးတဲ့အလင်း ”
ဟို့ယွိဟောင်က ပြုံးပြရင်းပြန်ဖြေလာခဲ့ပါတယ်။
” မဟုတ်တရမ်းတာတွေပြောမနေနဲ့ အလင်းရဲ့စွမ်းအားအကြောင်းကို မင်းဘာသိလို့လဲအကယ်၍ အဲ့ဒါထိခိုက်တယ်ဆိုရင်တောင် ငါရဲ့သားရဲကောင်တွေကိုဒီလောက်ကြောက်အောင်မလုပ်နိုင်ဘူး ”
သူကိုယ်တိုင်းအရမ်းကြောက်နေရတယ်ဆိုတာကိုလဲ ကျန်းပန်မပြောခဲ့ပါဘူး။ ဟို့ယွိဟောင်ကတော့ ဘာမှမရှင်းပြပဲရှိနေခဲ့ပါတယ်။ မျက်စိရှေ့မှာမြင်နေရတဲ့အရာတွေက စကားနဲ့ပြောတာထက်ကိုပိုပြီးသိသာထင်ရှားပါတယ်။ သံသယရှိအောင်မလိုစရာပဲ နဂါးဧကရာဇ်သော့်လော့နဲ့ လုပ်ထားတဲ့လောင်းကြေးကိုသူနိုင်သွားခဲ့ပါပြီ။
သူဘေးထွက်ရပ်လိုက်ရချိန်မှာပဲ လုံရှောင်ယောင်က ဟို့ယွိဟောင်အရှေ့ကိုရောက်လာခဲ့ပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ အတော်ကိုအာရုံစိုက်ပြီကြည့်နေခဲ့တာပါ။
” ဒါကအလင်းရဲ့စွမ်းအားသက်သက်ကြီးတော့မဟုတ်ဘူး..စိတ်၀ိညာဥ်တွေကို ခြောက်ခြားစေနိုင်တဲ့ထူးခြားအင်အားတစ်ခုလဲ ပါနေခဲ့တယ်..ဒီတော့ငါတို့ရှုံးသွားပြီ မင်းတို့သုံးယောက်ကိုအသက်ချမ်းသာပေးမယ်..သဘောတူညီချက်ကိုလိုက်လျောပေးမယ်..ဒါပေမယ့် မင်းသုံးလိုက်တဲ့အင်အားကိုဘာလဲဆိုတာပြောပြနိုင်မလား မုအန်းတောင်ဒါကိုမပိုင်ဆိုင်ထားဘူး ”
နဂါးဧကရာဇ်သော့်လော့ကိုတော့ လိမ်လို့မရမှန်းဟို့ယွိဟောင်သိပါတယ်။
” အဲ့ဒါသန့်စင်ခြင်းရဲ့ စွမ်းအားပါ ”
ဟုတ်ပါတယ် ဒါကစိတ်၀ိညာဥ်တွေအားလုံးကို ငြိမ်းအေးစေနိုင်တဲ့သန့်စင်ရေးစွမ်းအားပါပဲ ဘယ်၀ိညာဥ်စွမ်းအားပဲဖြစ်ပါစေ သေချာပေါက် မူလစိတ်၀ိညာဥ်ခန္ဓာကိုယ်ကိုပျောက်ဆုံးသွားပြီတာနဲ့ သန့်စင်တဲ့စွမ်းအားကိုရင်ဆိုင်ရပြီချိန်မှာ ထိတ်လန့်တကြားထွက်ပြေးကြရပါလိမ့်မယ်။
ဟို့ယွိဟောင်ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် အကယ်၍ သူသာဒီသန့်စင်ရေးစွမ်းအားကို အသုံးပြုလို့ကတော့ တခြားထူးကဲသာလွန်သော့်လော့တွေအားလုံးကို ခြိမ်းခြောက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ၀ိညာဥ်သားရဲကောင်တွေနဲ့ သူတို့ရဲ့၀ိညာဥ်တွေကိုတော့ ထိတ်လန့်ခြောက်ခြားအောင် လုပ်နိုင်ပါတယ်။
ဘယ်လောက်အားနည်းတဲ့သန့်စင်ရေးစွမ်းအားတွေဖြစ်ပါစေ သေချာပေါက် စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကို သန့်စင်နိုင်တဲ့စွမ်အားးကပါ၀င်နေခဲ့တယ်။ သားရဲကောင်တစ်ကောင်ရဲ့၀ိညာဥ်သာဒါမျိုးနဲ့ကြုံတွေ့ရမယ်ဆိုရင် သေချာပေါက် လုံး၀ကိုပြန်လမ်းမှုမရှိတဲ့ထိခိုက်မှုကိုရရှိမှာပါ။ ဒါ့အပြင် ဟို့ယွိဟောင်က နေရောင်ခြည်ရဲ့စွမ်းအားကိုပါ ငှားရမ်းထားခဲ့တဲ့အတွက် ဒီသန့်စင်ရေးစွမ်းအားက ပိုပြီးအားကောင်းလာခဲ့ပါတယ်။ သူ့အတွက် ၀ိညာဥ်သားရဲကောင်တစ်ကောင်နှစ်ကောင်ကို ထိခိုက်အောင်လုပ်ဖို့ဆိုတာ အလွယ်လေးပါပဲ။
ဆရာတူတပည့်ပီပီသသ အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့အောက်လမ်းပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုက သံသယဖွယ်ရာမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် သူက အလင်းကိုအသုံးပြုနိုင်တဲ့ အောက်လမ်းပညာရှင်ဖြစ်နေခဲ့လို့ပါပဲ။ ဒါ့အပြင် တစ်လောကလုံးမှာအသန့်စင်ဆုံးအလင်းရဲ့စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။
ဟို့ယွိဟောင်ကတော့ အလင်းအမျိုးအစားတွေကို မပိုင်ဆိုင်ပေမဲ့လဲ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကတော့ အတော်ကိုအားကောင်းနေခဲ့တယ်။ ဒါကြောင့်သာ ယာယီအစွမ်းအစကိုငှားရမ်းထားနိုင်ခဲ့တာပါ။
” အထင်ကြီးစရာကောင်းတဲ့သန့်စင်ရေးစွမ်းအားပဲ မင်းမှာဒီလိုမျိုးပါရမီရှိနေမယ်လို့ မထင်ထားခဲ့မိဘူး..ဒါပေမယ့် မင်းကြည့်ရတာအလင်းအမျိုးအစား၀ိညာဥ်ပညာရှင်နဲ့လဲ မတူပါဘူး ”
လုံရှောင်ယောင်ကတော့ ထူးခြားသဘောကျနှစ်သက်မှုကို ထုတ်ပြနေခဲ့ပါတယ်။
ကျားကင်းမြီးကောက်သော့်လော့က အနားမကပ်လာပေမဲ့ ရှန်လင်းအယ်ကလဲ လိုက်မဖမ်းပဲရပ်နေခဲ့ပါတယ်။ သူက ရန်ရှောင်ကျဲ့ရဲ့ဘေးကိုပြန်ရောက်လာခဲ့ပြီ လုံရှောင်ယောင်ကိုသာကြည့်နေခဲ့တယ်။ သူပုံစံကြည့်ရတာလဲ စိုးရိမ်နေပုံပါပဲ။
အစောပိုင်းမှာကျန်းပန်နဲ့တိုက်ခိုက်ထားခဲ့တဲ့အတွက် လုံရှောင်ယောင်ဘယ်လိုပေါ်လာလဲဆိုတာရှင်းရှင်းလင်းလင်းမြင်ခဲ့ရတဲ့အပြင် ရန်ရှောင်ကျဲ့ရဲ့စကားတွေကိုလဲ ကြားပြီသားပါ။ အခုအချိန်မှာတော့ သူလဲအတော်ကိုစိတ်ညစ်နေခဲ့ပါတယ်။ တစ်ဖက်လူက တကယ်ကိုကျော်ကြားတဲ့သူဖြစ်နေခဲ့တယ်။
ဒါပေမယ့် အခုလိုအပြောင်းအလဲတွေဖြစ်လာမယ်လို့လဲ ဘယ်သူမှမထင်ထားခဲ့မိပါဘူး။ ဟို့ယွိဟောင်ရဲ့အကူအညီနဲ့ တစ်ဖက်ကျားကင်းမြီးကောက်သော့်လော့ကို အနိုင်ယူနိုင်ခဲ့သလို ထိခိုက်အောင်လဲလုပ်နိုင်ခဲ့ပါတယ်။ အကယ်၍ သူမနဲ့ ရန်ရှောင်ကျဲ့ပူးပေါင်းလိုက်မယ်ဆိုရင် နဂါးဧကရာဇ်သော့်လော့ကိုမနိုင်နိုင်ဘူးဆိုရင်တောင် ခုခံနိုင်မယ်လို့ ရှန်လင်းအယ်ယုံနေခဲ့တယ်။
ဟို့ယွိဟောင်က လုံရှောင်ယောင်ကိုမေးလိုက်ပါတယ်။
” အကယ်၍ လူတစ်ယောက်ကအလင်းအမျိုးအစားမဟုတ်ဘူးဆိုတာနဲ့ အလင်းတန်းရဲ့စွမ်းအားတွေကို အသုံးပြုလို့မရနိုင်တော့ဘူးလား ဘယ်သူကများ ဒီစည်းမျဥ်းစည်းကမ်းတွေကို လုပ်ထားတာလဲ ”
” စိတ်၀င်စားစရာကောင်းတာပဲ အဲ့ဒီမင်းရွတ်ဆိုနေတဲ့အသံတွေက အလင်းတန်းတွေရဲ့စွမ်းအားတွေကို စုစည်းနိုင်တာပဲ ဖြစ်ရမယ်..ဒါမျိုးကိုမြင်ဖူးတာပထမဆုံးအကြိမ်ပဲ သွားကြမယ်ကောင်လေး မင်းငါကိုဘယ်လိုအံ့ဩစရာတွေ ထပ်ပြီပေးနိုင်မလဲဆိုတာ ကြည့်ကြရအောင် ”
သူပြောပြီတဲ့နောက် အောက်ဖက်ကိုဆင်းသွားခဲ့ပါတယ်။
ရန်ရှောင်ကျဲ့နဲ့ ရှန်လင်းအယ်နှစ်ယောက်လဲ အခုအချိန်မှသာသက်ပြင်းချလိုက်မိတယ်။ သူတို့တွေ ဒီအတားအဆီးကိုတောင် ဖြတ်ကျော်သွားနိုင်ပါပြီ။ အကယ်၍ ဟို့ယွိဟောင် သူတို့ရဲ့လောင်းကြေးကိုရှုံးနှိမ့်ခဲ့မယ်ဆိုရင်တော့ သူက ပစ္စည်းတွေကိုသာရှုံးမှာပါ။ ဒါ့အပြင် အသက်အန္တရာယ်တောင်မရှိနိုင်တော့ပါဘူး။
ကျောင်းအုပ်နှစ်ယောက်ဖက်ကိုလှည့်ရင်း ဟို့ယွိဟောင်က တောင်းပန်လိုက်ပါတယ်။
” ကျောင်းအုပ်ရန်နဲ့ ကျောင်းအုပ်ရှန်ကို တောင်းပန်ပါတယ်..ကျွန်တော်နှစ်ယောက်ကိုဒီလောက်အထိ ပြဿနာတွေအများကြီးဖြစ်စေဖို့မမျှော်လင့်ခဲ့ပါဘူး ”
ရန်ရှောင်ကျဲ့ကတော့ လက်သာခါပြနေခဲ့တယ်။
” မဟုတ်ဘူးလေ ဖြစ်လာမဲ့ကိစ္စတွေကဖြစ်လာမှာပေါ့ မဟုတ်ရင်တောင် နဂါးဧကရာဇ်သော့်လော့က အနှေးနဲ့အမြန်ပေါ်လာမှာပဲလေ သူနဲ့စောစောတွေ့ရတာကောင်းတာပေါ့ အနည်းဆုံးတော့ ငါတို့ပြင်ဆင်ချိန်လေးရသေးတယ်..မင်းကငါတို့ကို အံ့အားသင့်အောင်လုပ်ပြီနိုင်ပါပြီ ကိုယ့်ကိုကိုယ်အရမ်းကြီးဖိအားမပေးနဲ့ ဒီရှားပါးပစ္စည်းတွေက တန်ဖိုးကြီးတာမှန်ပေမဲ့လဲ မဖြစ်မနေလိုနေတာတော့မဟုတ်ဘူး…ငါတို့တွေ သူကိုပြန်ရအောင်လုပ်ဖို့အခွင့်အရေးလဲ ရှိဦးမှာပါ နဂါးဧကရာဇ်သော့်လော့က အနည်းဆုံးတော့ ကျိုးကြောင်းဆီလျော်အောင်လုပ်လိုက်မယ်..မင်းအကောင်းဆုံးသာကြိုးစားလိုက် သူကမင်းကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူး ”
” ဟုတ်ကဲ့ပါ ”
ဟို့ယွိဟောင်က ခေါင်းညိတ်ရင်းနဲ့သူတို့သုံးယောက်စလုံးအောက်ကိုဆင်းသက်လာခဲ့ပါပြီ။ ကျားကင်းမြီးကောက်သော့်လော့ကတော့ လုံရှောင်ယောင်ဘေးမှာလာကပ်ပါတော့တယ်။
” နဂါးဧကရာဇ် ဒါကြီးက ”
လုံရှောင်ယောင်က သူ့ကိုတစ်ချက်သာကြည့်လိုက်သလို စကားဆက်မပြောနိုင်တော့အောင် ဖိအားပေးနိုင်ခဲ့ပါတယ်။
” ဟုတ်ကဲ့ပါ ညွှန်ကြားထားတဲ့အတိုင်း လိုက်နာပါ့မယ် ”
ကျန်းပန်က နောက်ကိုဆုတ်သွားခဲ့ပြီတဲ့နောက် ဟို့ယွိဟောင်ကိုသာကြည့်နေခဲ့ပါတယ်။ သူက တစ်စုံတစ်ရာကိုတွေးမိတဲ့အတိုင်း မျက်လုံးတွေကတော့ တလက်လက်တောက်နေခဲ့တယ်။
လုံရှောင်ယောင်ကတော့ ဟို့ယွိဟောင်ဖက်ကိုလှည့်ပြီ ပြောလာခဲ့ပါတယ်။
” ကောင်လေး လာလိုက်တော့ မင်းငါ့ကိုသုံးကြိမ်တိတိ တိုက်ခိုက်ခွင့်ပေးမယ် အစွမ်းအစတွေအားလုံးကိုထုတ်သုံး ငါပြန်ပြီးတိုက်ခိုက်မှာမဟုတ်ဘူး…ငါကို တစ်ခေါက်လောက်ပဲဖြစ်ဖြစ် လှုပ်ရှားအောင်လုပ်နိုင်သည်ဖြစ်စေ ငါသိုင်းပညာ၀ိညာဥ်ရဲ့ အင်အားကိုဆင့်ခေါ်နိုင်သည်ပဲဖြစ်စေ ငါရှုံးတယ်လို့၀န်ခံမယ်…ဒါဆိုရင်ကောဘယ်လိုလဲ မင်းနဲ့တူညီတဲ့၀ိညာဥ်စွမ်းအားကိုပဲသုံးပြီ ငါခုခံမယ် ”
ဟို့ယွိဟောင်က ခေါင်းညိတ်ရင်းနဲ့ မျက်လုံးမှိတ်လိုက်ပါတယ်။
နားထောင်လိုက်ရုံနဲ့ သူကြည့်ရတာအသာစီးရနေပုံပေါ်ပါပြီ။ နဂါးဧကရာဇ်သော့်လော့က သူ့ရဲ့၀ိညာဥ်ဘုရင်အဆင့်၀ိညာဥ်စွမ်းအားကိုသာ အသုံးပြုပြီး ပြန်ခုခံမှာမဟုတ်ပါဘူး။ ထိုက်တန်ကိုရင်ဆိုင်ပြီတဲ့နောက် ဒီလိုထူးကဲသာလွန်သော့်လော့အဆင့်ကျော်လွန်သွားတဲ့ သော့်လော့တွေရဲ့အစွမ်းအစက ဘယ်လောက်ကြောက်စရာကောင်းမလဲဆိုတာဟို့ယွိဟောင်သိပြီနေပါပြီ။ အဆင့်မြင့်၀ိညာဥ်စွမ်းအားတွေကို အသုံးမပြုဘူးဆိုရင်တောင် ခန္ဓာကိုယ်ကကန့်သတ်မဲ့သော့်လော့တစ်ယောက်ရဲ့ခန္ဓာကိုယ်ရှိနေဆဲပါ။ ၀ိညာဥ်စွမ်းအားတွေက ထပ်တူကျနေပါလိမ့်မယ်။ ဒါတွေက အားနည်းအောင်လုပ်လို့မရပါဘူး။
ဒါကြောင့်သာ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားနဲ့ ၀ိညာဥ်အမျိုးအစားတွေအားလုံးက သူတို့ကိုတိုက်ခိုက်တဲ့အချိန်မှာ အသုံးမ၀င်ဖြစ်မှန် ဟို့ယွိဟောင်သိပါတယ်။ ဒါကြောင့် ၀ိညာဥ်စွမ်းအားတွေကိုပဲ အသုံးပြုပြီးလှုပ်ရှားလာအောင်လုပ်လို့ရမှာပါ။
ရှန်လင်းအယ်ကတော့ ရန်ရှောင်ကျဲ့ကို တစ်စုံတစ်ခုပြောလိုက်ပါတယ်။ ရန်ရှောင်ကျဲ့ကတော့ ပြန်ဖြေလိုက်တယ်။
” သူ့ကိုယုံလိုက် ဒီကလေးဘာလုပ်ရမလဲဆိုတာ သူကောင်းကောင်းသိတယ်…နဂါးဧကရာဇ်သော့်လော့နဲ့ လောင်းကြေးထပ်၀ံ့တယ်ဆိုမှတော့ သေချာပေါက် သူ့မှာအစွမ်းအစရှိနေလို့ပဲ ဒါ့အပြင် မင်းကိုကျားကင်းမြီးကောက်သော့်လော့နဲ့တိုက်ပွဲမှာ အနိုင်ရအောင်လုပ်ပေးမယ်လို့ သူပြောခဲ့ပြီသား မင်းအဲ့ဒီကရောသူ့ကိုယုံကြည်ခဲ့သေးလား ”
ရှန်လင်းအယ်က ခေါင်းခါလိုက်ပါတယ်။
” ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးကိုကာကွယ်ရမယ်..အကြီးအကဲမုပြောတာမှန်တယ်..သူက ငါတို့ကျောင်းတော်ရဲ့အနာဂတ်မျှော်လင့်ချက်ပဲ နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာပဲ သူက နောက်ထပ်နဂါးနတ်ဘုရားသော့်လော့ဖြစ်လာလိမ့်မယ် ”
” ဟုတ်တယ် ငါအသက်ကိုစတေးရမယ်ဆိုရင်တောင် သေချာပေါက် ငါညီငယ်လေးကို ထိခိုက်ခွင့်ပြုမှာမဟုတ်ဘူး…ဆရာက သူ့ကိုငါ့လက်ထဲကိုယုံယုံကြည်ကြည်အပ်သွားခဲ့တာ ”
ရန်ရှောင်ကျဲ့ကတော့ ဒီတစ်ကြိမ်မှာအလေးအနက်ဆုံးဖြတ်ထားပုံပေါ်ပါတယ်။
” အကြီးအကဲမုဆုံးပါးသွားပြီတဲ့နောက် သူ့ရဲ့အကျင့်စရိုက်တွေက ဒီနှစ်ပိုင်းမှာအတော်ကိုပြောင်းလဲသွားခဲ့ပါတယ်…၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနရဲ့ မြင့်မားတိုးတက်လာမှုကို ကြုံတွေ့ရပြီတဲ့နောက် သူကိုယ်တိုင်းလဲ အပြောင်းအလဲတွေအများကြီးလုပ်ဆောင်ခဲ့တယ် ”
ဟို့ယွိဟောင်ကတော့ အဲ့ဒီနေရာမှာငြိမ်ငြိမ်သက်သက်လေးရပ်ရင်းနဲ့ စတင်ပြီအပြောင်းအလဲတွေကို ခံစားနေရပါပြီ။ သူက ဒီနေရာမှာရပ်နေရင်းနဲ့ကို ပတ်၀န်းကျင်နဲ့တစ်သားထဲဖြစ်သွားပါတော့တယ်။
နဂါးဧကရာဇ်သော့်လော့ကတော့ ခေါင်းသာတစ်ချက်ညိတ်လိုက်တယ်။ ဟို့ယွိဟောင်က မိုးကောင်းကင်နဲ့အတူပေါင်းစည်းလို့သွားတာပါ။ အသက်အရွယ်က ငယ်ရွယ်သေးပေမဲ့ ဒီလိုအဆင့်ကိုရောက်နေခဲ့ပြီ အကြီးအကဲမုကတကယ်ပဲ ထူးချွန်တဲ့တပည့်သားကိုမွေးမြူးသွားနိုင်ခဲ့တယ်။ ၀ိညာဥ်စွမ်းအားက အားနည်းနေသေးပေမဲ့လဲ မတူညီတဲ့ကျင့်ကြံဆင့်ကို လျှောက်လမ်းတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ သူ့အနေနဲ့ ၀ိညာဥ်စွမ်းအားကို မတိုးမြင့်ခင်အချိန်မှာ စိတ်၀ိညာဥ်စွမ်းအားကိုတိုးမြင့်အောင်လုပ်နေခဲ့တာလဲဖြစ်တယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်အပြင်ဖက်မှာ ရွှေရောင်အလင်းလွှာတစ်လွှာက ပေါ်လာခဲ့ပါပြီ။ ဒီအလင်းတန်းက သိပ်မကောင်းပေမဲ့ သော့်လော့လေးယောက်စလုံးရဲ့ မျက်လုံးတွေက မြင်မြင်ချင်မှာတောက်ပလာခဲ့ပါတယ်။ သူတို့အားလုံးရဲ့အမြင်အာရုံက စူးရှတာကြောင့်ဒါကဘာမှန်ချက်ချင်းပြောနိုင်ခဲ့တယ်။ စိတ်၀ိညာဥ်စွမ်းအားကို အကောင်အထည်ဖော်လာနိုင်အောင် ဖန်တီးနိုင်စွမ်းပါ။ ၀ိညာဥ်ဘုရင်တစ်ယောက် ဒီလိုဖန်တီးနိုင်တာကိုမြင်ဖူးတာပထမဆုံးအကြိမ်ပါပဲ။
ဒီကိစ္စဖြစ်ပြီတဲ့နောက် ပိုပြီးလန့်စရာကောင်းလာခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းတွေက ပိုမိုသိပ့်သည်းလာခဲ့သလို အငွေ့အသက်ကလဲအများကြီးသန်မာလို့လာပါတော့တယ်။ ရွှေရောင်မြူခိုအလွှာတွေက ခန္ဓာကိုယ်ရဲ့အထက်ဖက်ကို စတင်မြင့်တက်လို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်က ၀ိညာဥ်စွမ်းအားတွေကို ရူးရူးသွပ်သွပ်နဲ့ စတင်ပြီစုစည်းလို့နေခဲ့ပါတယ်။ သိပ့်သည်းအောင်ဖိနှိမ့်ထားတဲ့ ၀ိညာဥ်စွမ်းအားတွေက စိတ်၀ိညာဥ်စွမ်းအားနဲ့ ပေါင်းစည်းလို့သွားခဲ့တယ်။
သူကအားလုံးကိုတစ်ချက်ထဲနဲ့ အပြီးစုဖို့လုပ်နေတာပဲ။ နဂါးဧကရာဇ်သော့်လော့ သူ့ဘာသာသူတွေးလိုက်ပါတယ်။
ဒီအချိန်မှာ ဟို့ယွိဟောင်ရဲ့ကံကြမ္မာမျက်လုံးကလဲပွင့်လာခဲ့ပြီ လုံရှောင်ယောင်ရှိတဲ့နေရာဆီကို စူးစိုက်ပြီကြည့်နေခဲ့တယ်။ ရုတ်တရက်ဆိုသလို လုံရှောင်ယောင်က သူ့ရဲ့နောက်ကျောဖက်က ဆံပင်တွေဖြည်းဖြည်းချင်းထောင်လာတာကို ခံစားမိပါတယ်။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီကလေးက ငါ့ကိုခြိမ်းခြောက်ခံရတယ်လို့ ခံစားရအောင်လုပ်နိုင်နေတာလား။ လုံရှောင်ယောင် အံ့အားသင့်သွားခဲ့မိတယ်။
ဟို့ယွိဟောင် လှုပ်ရှားလိုက်ချိန်မှာတော့ သူ့ရဲ့နောက်ကျောဖက်မှာရှိနေတဲ့အဆင့်ခြောက်၀ိညာဥ်ရှပ်ပြေးလေးခုက အားကောင်းတဲ့အလင်းတန်းတွေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ သူက လုံရှောင်ယောင်ဆီကို ပြေး၀င်သွားခဲ့တယ်။ ရွှေရောင်ဥက္ကာပျံတစ်ခုလိုမျိုး အရှိန်အဟုန်ကောင်းနေခဲ့ပါတယ်။ ဘယ်၀ိညာဥ်စွမ်းရည်ကိုမှလဲ သုံးမထားခဲ့သလိုအင်အားသီးသန့်ကိုသာ သုံးထားလို့ထားခဲ့တယ်။ သူ့ရဲ့ညာဘက်လက်သီးက လုံရှောင်ယောင်ရဲ့ ရင်ဘတ်တည့်တည့်ကိုဦးတည်ပြီထိုးချလိုက်တာပါ။
လုံရှောင်ယောင်ကတော့ အခုအချိန်အထိ မြေပြင်မှာရှိနေဆဲပါ။ သူက ဘယ်ဘက်လက်ကိုသာမြောက်လိုက်ရင်း ဟို့ယွိဟောင်ရဲ့လက်သီးကိုရင်ဆိုင်လိုက်ပါတယ်။
လက်၀ါးနဲ့လက်သီးထိတွေ့လိုက်ချိန်မှာပဲ နက်ရှိုင်းတဲ့တ၀ုန်း၀ုန်းမြည်သံကြီးက ထွက်ပေါ်လို့လာခဲ့ပါပြီ ဟို့ယွိဟောင် ဘေးပတ်လည်မှာရှိနေတဲ့ရွှေရောင်အလင်းတန်းတွေကလဲ အားကောင်းလို့လာခဲ့ပါတယ်။ ဒီကြောက်စရာဖိအားက သူ့ရဲ့ပြိုင်ဘက်ကိုအလဲထိုးတော့မလို ခံစားနေခဲ့ရတယ်။
မှိန်ဖျော့တဲ့ငွေရောင်အလင်းတန်းက လုံရှောင်ယောင်ရဲ့မျက်လုံးထဲမှာ လင်းလက်လို့လာခဲ့ပါပြီ။ သူကတော့ ရပ်နေတဲ့နေရာမှာမလှုပ်ရှားပဲရှိနေခဲ့သလို မတိုက်ခိုက်ခဲ့ပါဘူး။ သိပ့်သည်းတဲ့ရွှေရောင်အလင်းတန်းတွေက ခန္ဓာကိုယ်ကိုထိတွေ့ခွင့်ပြုထားခဲ့တယ်။ တစ်လက်မလေးတောင်မရွေ့ပဲ သူဒီလိုရှိနေခဲ့တာပါ။
” ဧကရာဇ်နယ်မြေပဲ ငါညီနောင်ရဲ့ဧကရာဇ်နယ်မြေက မင်းဆီကိုလက်ဆင့်ကမ်းသွားခဲ့တာပေါ့ ဒီလက်သီးတစ်ခုထဲနဲ့တင် သူ့တပည့်သားဖြစ်ဖို့ မင်းထိုက်တန်နေပြီ ”
အပိုင်း ၂၀၇•၂ ပြီး၏။