Chapter – 76 မျိုးနွယ်မုန်းတီးရေးဝါဒ
လူများစွာဟာ ဝိဉာဉ်တော် သွေးကြောတွေ ရှိသော်လည်း အများစုကတော့ အရည်အသွေး မပြည့်မီကြပါဘူး ။ ရမှတ် ၆၀ အထက်ရသူများကိုသာ အရည်အသွေးပြည့်မီတယ်လို့ သတ် မှတ်ကြတာပါ ။ ချန်ရှန် နေ့တ၀က်လောက် တန်းစီနေတာကို တောင် ၂ ယောက်သာ အရည်အသွေးပြည့်မှီတာကို တွေ့ ခဲ့ရပါ တယ် ။
“ချန်ရှန် ၊ မင်းလုပ်တဲ့အခါကျ ရင် သတ္တု ၊ သစ်သား ၊ ရေနဲ့ မြေကြီး ချီဓာတ်တွေ ကို တစ်နေရာထဲ မှာ စုဆုံစေတယ့် ထိုက်ကျိ ကျင့်စဉ်ကို အသုံးပြုပါ ။ အဲဒိအချိန်မှာ မင်းရဲ့ ကျန်ခဲ့ တယ့် မီး ချီဓာတ်ကို တွေ့ ရလိမ့်မယ် ။ အဲဒိတော့မှ မင်း ဟာ မီး ချီဓာတ် ဝိဉာဉ်တော် သွေးကြောရှိတယ်ဆိုတာကို ပြ သ ပြီးဖြစ်နေလိမ့်မယ်”
စုမေးယိုက သတိပေး လိုက်တယ် ။ သူမဟာ ချန်ရှန်ဆီမှာ ယင်နဲ့ယန် နတ်အတွင်းအားသွေးကြောတွေ ရှိတယ်ဆိုတာကို တခြားသူများအား မသိစေချင်ပါဘူး ။ ဒါဟာ တကယ်ကို အန္တ ရာယ် ရှိတယ့် ကိစ္စ ဖြစ်လို့ပါပဲ ။
ချန်ရှန်၏ အလှည့် ကျရောက်လာပါပြီ ။ သူ ခုနက စက်ဝိုင်း ပြားပုံပေါ် ရပ်တဲ့အခါ စုမေးယို ပြောတဲ့အတိုင်း လိုက်နာကာ သတ္တု ၊ သစ်သား ၊ ရေ နဲ့ မြေကြီး စွမ်းအင်တွေကို တစ်နေရာထဲ မှာ စုဆုံစေလိုက်တယ် ။ ဒီလိုလုပ်လိုက်တယ့် အခါမှာတော့ သူ့ ခြေထောက်အောက်က အဝိုင်းပြားမှာ အနီရောင်အငွေ့ တွေ ထွက်ပေါ်လာပါတယ် ။ ထူးဆန်းသော ခံစားချက်တစ်မျိုး ခံစား လိုက်ရပြီး တန်ဖိုးတစ်ခုဟာ အဝိုင်းပြားမှာ ပေါ်လာတယ် ။
“မီးဓာတ် ဝိဉာဉ်တော် သွေးကြော ၊ ၇၅ မှတ် အဆင့်မီပါ တယ် ။ မင်းနာမည် ဘယ်သူလဲ”
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က မေးပါတယ် ။ နောက်ပြီး ချန်ရှန်ဟာ အောင်မြင်ခဲ့ပေမယ့် သူ၏ သွင်ပြင်က စုတ်စုတ်ပြတ်ပြတ် ဖြစ်နေတာကို ကြည့်ပြီး မျက်နာထားက ခပ် မာမာပါပဲ ။
ခုနကကပဲ ချန်ရှန်ဟာ နောက်လိုက်ဂိုဏ်းသားငယ် အချို့ ဒီလူကို အရိုအသေ ပေးကြတာကို တွေ့ လိုက်ရတယ် ။ ဒါကို ကြည့် ချင်းဖြင့် ဒီလူဟာ သိုင်းပညာအပြင်စည်းဂိုဏ်း မှာ နည်းနည်း အရေးပါတဲ့လူဆိုတာကို သိနိုင်ပါတယ် ။ စွမ်းအားလဲ ရှိပုံပါပဲ ။ ဒီလူဟာ စစ်မှန်တဲ့ သိုင်းပညာနယ်ပယ်က သိုင်းသမား တစ်ယောက်ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ် ။
“ချန်ရှန်”
ချန်ရှန်၏ စကားဟာ ထိုလူကို တခဏမျှ ကြောင်သွားစေ တယ် ။ ချန်ရှန်အနေနဲ့လည်း နည်းနည်း ထူးဆန်းသလို ခံစားရ ကာ သူ့နာမည်ဟာ ဒီဂိုဏ်းအထိ ပြန့်နှံ့ နေမယ်လို့ မထင်မိခဲ့ပါ ဘူး ။
“မင်းက အပြင်ဘက် လောက က လာတာလား”
ထိုလူက အေးစက်စက် မေးပါတယ် ။
“ဟုတ်ပါတယ်”
ချန်ရှန်၏ စကားကို ကြားပြီးနောက်မှာတော့ လူအားလုံးဟာ သူ့ကို ထူးဆန်းတဲ့ အကြည့်တမျိုးနဲ့ ကြည့်နေကြတယ် ။ အဘယ် ကြောင့်ဆိုသော် ဒီလိုအပြင်လောကက လာသောသူများဟာ များသောအားဖြင့် အသက်ကြီးသူများသာ များပြီး လူငယ် လာတာဆိုတာ တော်တော်ကြီးကို ရှားလို့ပါပဲ ။
“ကျေးဇူးပြုပြီး ပြန်လိုက်ပါ ၊ မင်းက အပြင်လောကမှာ မကောင်းမှု မျိုးစုံ လုပ်ခဲ့တယ် ။ ဒီလိုလူမျုိးတွေကို ငါတို့ ဂိုဏ်းက လက်မခံနိုင်ဘူး”
ထို သက်လတ်ပိုင်းအရွယ်လူက မချေမငံပြောလိုက်တယ် ။ သူ၏ မျက်နာမှာ အမုန်းတရားများ ပြည့်နေသလိုပါပဲ ။
“ခင်ဗျားက ဘာကို ဆိုလိုတာလဲ”
ချန်ရှန် မျက်မှောင် ကြုတ်ကာ မေးလိုက်ပါတယ် ။
“မင်း အပြင်လောကမှာတုန်းက မျိုးနွယ်တစ်ခုကို အဆုံးသတ်ခဲ့စေပြီး လေမည်းဂိုဏ်းလို့ ခေါ်တယ့် ဂိုဏ်းတစ်ခုကို လည်း အမြစ်ဖြတ်သုတ်သင်ခဲ့သေးတယ် ။ မင်းဟာ အနည်းဆုံး လူ ၁၀၀၀ မက သတ်ခဲ့ပြီးပြီ ။ ငါတို့ ဂိုဏ်းအနေနဲ့ ဒီလို မိစ္ဆာ စိတ် ပေါက်နေတယ့် လူမျိုးကို လက်မခံနိုင်ဘူး”
ထိုလူ၏ အသံက ပိုမို ကျယ်လောင်လာပါတယ် ။ ဒီ စကား က လူအားလုံးကို တော်တော် အံ့အားသင့်သွားစေတယ် ။ လူ ၁၀၀၀ ကျော်တောင် သတ်ခဲ့လေတယ်တဲ့လား ။
ချန်ရှန်ကလည်း ခနဲ့ တဲ့တဲ့ဖြင့် –
“တစ်စုံတစ်ယောက်က ခင်ဗျားကို သတ်ဖို့လာရင် ခင်ဗျားက ပြန်မတိုက်ဘူးပေါ့ ၊ အဲဒိနေရာမှာရပ်နေပြီးပဲ သူတို့သတ်တာ ခံ မယ် အဲလိုလား ၊ ဒီမျိုးနွယ်က ကျွန်တော့ကို ခဏခဏကို တိုက် ခိုက်နေတာ ဒါတင်မကသေး ဘူး ၊ ဂိုဏ်းတစ်ခုနဲ့ ပူးပေါင်းပြီး သတ် ဖို့ပါ ကြိုးစားကြတယ် ။ ကျွန်တော် သူတို့ကို မသတ်ရင် သူတို့က ကျွန်တော့ မျိုးနွယ်ကို သတ်မှာပေါ့ ။ ဒါတွေအားလုံး သူတို့လုပ်လို့ သူတို့ ခံရတာပဲ ၊ တောင်ပိုင်းအင်ပါယာ က လူ တွေ အကုန်သိတယ် ။ ခင်ဗျားပဲ ရှင်းရှင်းလင်းလင်း မသိသေးတာနေ မယ် ဟုတ်သလား”
ထိုလူ၏ မျက်နာ မည်းသွားကာ ဒီ အချိန်မှာပဲ ချန်ရှန်က ထပ် ပြောပါတယ် ။
“ခင်ဗျားက ယောင်မျိုးနွယ်ဝင် လား ၊ ဟဟ ခင်ဗျား က လူအများရှေ့ မှာ မျိုးနွယ်မုန်းတီးရေးကိစ္စကို ကလဲံ့စားချေဖို့ ခင်ဗျား ရဲ့ အာဏာကို အသုံးပြုချင်တာလား”
“ယောင်ဟိုင်ရှန်း ၊ မင်းမှားနေတာပဲ ၊ ဒီလူရဲ့ ဝိဉာဉ်တော် သွေးကြောက အရည်အသွေးပြည့်တယ်လေ ။ ငါတို့ အပြင်လော က က အကြောင်းတွေ အကုန်ကြားပြီးပြီ ၊ တကယ်တော့ မင်းတို့ မျိုးနွယ်က မှားတာ ။ အမြဲတမ်း တခြားမျိုးနွယ်တွေကို အပြတ် ရှင်း အနိုင်ယူချင်နေကြတယ် ဒါပေမယ့် ခုတော့ ပြိုကွဲသွားရပြီ ။ ဒါဟာ အကြောင်းရှိလို့ အကျိုးဖြစ်ပေါ်လာရတာပဲ”
ဖော်ရွေပုံရသော သက်လတ်ပိ်ုင်းအရွယ် မုတ်ဆိတ်မွှေးနဲ့ လူ တစ်ယောက် ရောက်လာတယ် ။ သူ့နောက်မှာရှိနေတာကတော့ ဇုရွန် ပဲ ဖြစ်ပါတော့တယ် ။
ချန်ရှန် ခန့်မှန်းတာ မှန်သွားပါတယ် ။ ခုနက သူ့ကို အခက် တွေ့ အောင် လုပ်နေတယ့် လူဟာ တကယ်ပဲ ယောင်မျိုးနွယ် ၀င် ဖြစ်နေတာပါပဲ ။
ထိုသူဟာ ယောင်မျိုးနွယ်ဝင်ဖြစ်ပြီး ဆေးပညာရှင်တစ် ယောက်လဲ ဖြစ်ပါတယ် ။ ချန်ရှန် ထိုသူ၏ ကိုယ်မှ သန့်စင် လှ တဲ့ မီးချီဓာတ်များကို အာရုံခံမိလို့ပါပဲ ။ သာမန်အားဖြင့် ဆေးပညာ ရှင်တွေသာလျှင် ဒီ မီးဓာတ်သန့်စင်မှုကို အလေးထားတာမို့ပါ ။
ယောင်ဟိုင်ရှန်း က ဖော်ရွေပုံရသော လူ အား မကြည်သလို ကြည့်ပြီး စိတ်မပါသလိုနဲ့ ပြောလိုက်တယ် ။
“ဟိုဒွန်ဂျင် ၊ ဒီမှာရှိတယ့် အရာတွေကို ငါပဲ စီမံနေတာ ၊ ငါနဲ့ပဲ သက်ဆိုင်တယ်”
ချန်ရှန် တော်တေ်ာ အံ့သြသွားတယ် ။ ဒီ ဟိုဒွန်ဂျင် ဆိုတဲ့ လူဟာ မမျှော်လင့်စွာပဲ စစ်မှန်သော သိုင်းပညာရှင် တစ်ယောက် ဖြစ်နေပါတယ် ။ ချန်ရှန်ဟာ ဒီလိုလူမျိုးနဲ့ တနေ့မှာ ဆုံမိလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိပါဘူး ။ ဒါတင်မကသေးပါဘူး ဒီလို လူတွေရဲ့ စွမ်းအားဟာ သူထင်တာထက်ကို များစွာ ပိုကြပါ တယ် ။ သူအသေအချာပြောနိုင်တာကတော့ ဒီလူလူမျိုးတွေကို သူ မတိ်ုက်ခိုက်နိုင်ဖူး ဆိုတာပါပဲ ။
“ကောင်လေး ၊ ဒီကသွားသင့်တယ်နော် ငါ့ဆရာက မင်းကို ပြန်ပို့တာကို ခံချင်နေတာလား”
အထက်ဆီးဆန်ဟန်ရှိသော ယောင်ဟိုင်ရှန်း နောက်မှ လူ တစ်ယောက်က ကျယ်လောင်စွာ သတ်ိပေးနေတယ် ။
ဟိုဒုန်ဂျင်က ခပ်ဖျော့ဖျော့ ပြုံးပြီး –
“သူသွားဖို့တော့ မဖြစ်နိုင်တော့ဘူး ။ ဒီနေ့ လူတွေ အများ ကြီးလဲရှိနေတယ် ။ သူသာ ထွက်သွားရင် ငါတို့ဂိုဏ်းရဲ့ ဂုဏ်သ တင်းကို ထိခိုက်လိမ့်မယ် ။”
ချန်ရှန်ဟာ ဟိုဒွန်ဂျင်မှ သူ့ကို ကူညီနေတယ်ဆိုတာကို သိလိုက်တယ် ။ ဒါကြောင့် သူလဲ ရယ်မောကာ –
“ချန်ရှန် ၊ မင်းက သိပ်ငယ်သေးတယ် ။ မင်းအားကလည်း ကောင်းပါတယ် ။ ဒါပေမယ့်မင်းရဲ့ သွင်ပြင်အကုန်ကို ဓားသွေး ကျောက်မှာ ဓားသွေးသလို သွေးဖို့လိုသေးတယ် ။ မင်းရဲ့ စိတ် က ပျော့ညံနေတော့ ဒုက္ခ ဖြစ်နိုင်တယ် ။ ဒါတင်မက မင်းအား နဲ့ ဒီဂိုဏ်းထဲမှာလည်း ဘာမှ အလုပ်မဖြစ်လောက်ဘူး ။ မင်းခု ဒီ ဂိုဏ်းကို ၀င်မယ်ဆိုတာ ကိုယ့်ဒုက္ခကိုယ် ရှာနေသလိုပဲ”
“ပြန်လိုက်ပါကွာ ၊ ငါ့မှာ ဒီဂိုဏ်းရဲ့ နောက်လိုက် ဖြစ်ခြင်း တွေ ဂိုဏ်းထဲဝင်ခွင့်တွေနဲ့ ပတ်သက်တာကို စစ်ဆေးနိုင်တဲ့ အာဏာရှိတယ် ။ မင်းသွေးကြောက ကောင်းပေမယ့်လည်း မင်းရဲ့ ပုံစံနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အရည်အသွေး မပြည့်မီ လှဘူး ၊ နောက် သုံး နှစ်ကနေ ငါး နှစ်အတွင်းလောက်ကြာမှ ပြန် လာခဲ့ ၊ အဲဒိချိန်မှာတော့ မင်း အဆင်သင့် ဖြစ်နေမှာပါ ။ ငါတို့ ဂိုဏ်းက မင်းအတွက် အမြဲ တံခါးဖွင့်ထားပါတယ် ။”
ယောင်ဟိုင်ရှန်း ဟာ ဂိုဏ်းးဝင် ပညာရှင်တစ်ယောက် ဖြ စ် သော်လည်း ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မချဝံ့ဘူး ၊ တစ်ခုခုအမှား လုပ်မိရင် သူအပစ်ပေးခံရမှာမို့လို့ပါပဲ ။
“၅ နှစ်အတွင်း မင်းငါ့ရဲ့ ပညာသင်တပည့် ဖန်လိယန် ကို နိုင် မယ် ဆိုရင် ဂိုဏ်းထဲဝင်ခွင့်ရမယ် ။ ဒါတင်မကသေးဘူး ဘာအဖိုး အခမှ ပေးစရာမလိုဘူး ။ ဒါကြောင့် ခုပြန်ပြီး လေ့ကျင့်လိုက်ပါ”
ယောင်ဟိုင်ရှန်း အထင်သေးဟန်ဖြင့် ပြောပါတယ် ။ သူ့ နောက်မှ စိတ်ကြီးဝင်နေပုံရတယ့် လူတစ်ယောက်ဟာလည်း ချန်ရှန်ကို ကြည့်နေပါတယ် ။
ချန်ရှန်က ပြန်မေးလိုက်တယ် ။
“ခင်ဗျား ပြောတာနော် ၊ ကျွန်တော် ၅ နှစ်အတွင်း ခင်ဗျား တပည့်ကို နိုင်ရင် ဂိုဏ်းထဲ ၀င်ခွင့်ရရုံမကပဲ ဘာငွေကြေးမှ ပေး စရာမလိုဘူးဆိုတာ ၊ ဒါအမှန် ပဲလား”
ယောင်ဟိုင်ရှန်း က မနှစ်မြို့ ဖွယ်ရယ်ကာ ပြန်ပြောတယ် ။
“ဒါပေါ့ ၊ မင်း က ငါနေတယ့် မြို့ က လာတာပဲ ၊ အဲဒါကြောင့် မင်းကို အထူးအခွင့် အရေး ပေးတာ ၊ ဒါပေမယ့် ၅ နှစ်အတွင်း မ နိုင်ရင် ဒီဂိုဏ်းအတွင်း ဘယ်တော့မှ ၀င်ခွင့်မရတော့ဘူးနော်”
“ဖန်လိယန် လား ၊ သူက ဖန် မျိုးနွယ် ပါ၇မီ ရှင် ၊ အသက်က ၁၈ နှစ် အဆင့်က ၉ မလား ၊ နောက်ပြီး သူ့မှာ ထူးကဲလှတဲ့ သိုင်း စွမ်းရည်တွေ နဲ့ နောက်ဆုံး ကျွန်တော် ကြားသေးတာ သူက အဆင့် ၉ ရှိတယ့် သားရဲမိစ္ဆာ သိမ်းငှက် ကြီး နဲ့ တိုက်ခိုက်ခဲ့သေး တယ်မလား ၊ ဒီ သိမ်းငှက်ကြီး တောင်ထိပ်မှာ သေသွားတာလေ၊ သူဟာ အပြင်စည်းနောက်လိုက်တပည့်တွေထဲမှာ အဆင့် ၁၃ ရှိ သူတစ်ယောက်ပဲ”
ဖန်လိယန် သူ့အကြောင်းပြောနေတာကို ကြားတဲ့အခါ ပိုမို ကျေနပ်လာပြီး မျက်နာမှာလည်း မာနကြီးတခွဲသားနဲ့ကို ဖြစ် နေ ပါတယ် ။ ယောင်ဟိုင်ရှန်းကလည်း တော်တော် ဂုဏ်ယူနေလျက် ပါ ။ သူ့တပည့်ဖြစ်နေလို့ပါပဲ ။
“ကောင်လေး ၊ မင်းရဲ့ မျှော်လင့်ချက်ဟာ နောက် နှစ်တစ်ရာ မှာတောင် ဖြစ်လာမှာမဟုတ်ဘူး ။ ဘာလို့လဲဆိုတော့ နောက် ၅ နှစ်မှာ ငါဟာ သေချာပေါက် စစ်မှန်တဲ့ သိုင်းပညာ နယ်ပယ်ထဲ ရောက်နေမှာဖြစ်ပြီး မင်းငါ့ကို နိုင်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာ မှာ မဟုတ်လို့ပဲ”
ဖန်လိယန် ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။ သူ တော်တော် ကို မိုးပေါ်မြောက်နေသလိုပါပဲ ။ နောက် ၅ နှစ် အတွင်း မှာ တောင် စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င် ရောက်နိုင်မည်တဲ့လား ၊ ဒီစကားဟာ လူများစွာကို တော်တော် တုန်လှုပ်သွားစေပါတယ် ။ ဒီလို လူငယ် ပညာရှင်မျိုးဟာ မရှိသ လောက်ကို ရှားလို့ပါပဲ ။
“၅ နှစ်အတွင်း ကျွန်တော် ဖန်လိယန် ကို နိုင်ရင် ဒီဂိုဏ်းကို အလကား ၀င်ခွင့်ရမှာ သေချာတယ်နော်”
ချန်ရှန် ထပ်မံမေးလိုက်ပြန်ပါတယ် ။ သေချာသည်ထက် သေချာစေရန်ပါ ။ အဘယ်ကြောင့်ဆိုသော် ဒါကသူ့အတွက် အရမ်းကို လွယ်ကူနေလို့ပါပဲ ။ အရင်က သိုင်းပညာဂိုဏ်းရဲ့ အပြင်စည်းတပည့် ဖြစ်ဖို့ များစွာသော ရှုပ်ထွေးလှတဲ့ စစ်ဆေး မှု တွေကို ခံရမယ်လို့ ကြားဖူးထားတာပါ ။
“လူတွေ အများကြီး ဒီမှာ နားထောင်နေတယ် ။ ငါက လ်ိမ် မယ်လို့များ မင်းထင်နေတာလား ။ ၅ နှစ်အတွင်း မင်းလာပြီး ကြိုက်သလို စိန်ခေါ်လို့ရတယ် ။ ခု မြန်မြန်သွားတော့ ၊ မင်းက သွေးကြောစစ်ဖို့ ဒီမှာတန်းစီနေတယ့် လူတွေကို စောင့်ရအောင် လုပ်နေတာပဲ”
ယောင်ဟိုင်ရှန်း သူ၏ လက်ကို ဝှေ့ ယမ်းကာချန်ရှန်အား စိတ်မရှည်စွာ မောင်းထုတ်နေပါတော့တယ် ။
“၅ နှစ်အတွင်း ကျွန်တော် လာပြီး ကြိုက်သလို စိန်ခေါ်လို့ ခင်ဗျားပြောခဲ့တာနော် ၊ ကျွန်တော် ဒီနေ့ပဲ သူနဲ့ ယှဉ်ပြိုင်ချင် တယ်”
ချန်ရှန် ပြုံးကာ ပြောလိုက် ပါတော့တယ် . . . ။