Chapter – 75 ပြင်းထန်သောသိုင်းပညာစီရင်စု
ချန်ရှန် ဇုရွန် အား သိပ်သဘောမကျမိဘူး ဖြစ်သွားတယ် ။ ချန်ရှန် ပုံစံဟာ တည်ငြိမ်ရင့်ကျက်ပုံ ပေါ်သော်လည်း သူ၏ အ၀တ်အစားများမှာ သာမန်ပင်ဖြစ်တယ် ။ မည်သည့် ထည်ဝါမှု မျိုးမျှ မရှိပဲ လူဆင်းရဲတစ်ဦးအသွင်ကိုပင် ဆောင်နေသလိုပါပဲ ။
“ဒီဂိုဏ်းရဲ့ ၀င်ကြေးက ဘယ်လောက်များလဲ မင်းသိလား ၊ တစ်နှစ်စာ တန်ဖိုးနဲ့တင် လက်လျှော့ချင်စိတ် ပေါက်သွားလိမ့် မယ်”
ဇုရွန် နှုတ်ခမ်းများကို ကွေးကာ ပြောနေတာပါ ။ ဒါပေမယ့် ရုတ်တရက် သူ “ခွပ်” ဆိုတယ့် အသံကို ကြားလိုက်တယ် ။ အသီးတစ်လုံး စားနေတယ့် အသံပါပဲ ။
ဇုရွန်ဟာ အစားအစာအကောင်းတွေနဲ့ ရင်းနီးကျွမ်းဝင်သူ ဖြစ်ပြီး ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်တယ် ။ ချန်ရှန်ဟာ ခရမ်းရောင် ဝိဉာဉ်တော်သီးကို ကိုင်လျက် တစ်ကိုက်ပြီးတစ် ကိုက် ကိုက်စားနေတာကို တွေ့ လိုက်ရတယ် ။ တခါတရံ အခွံ များကိုပင်ထွေးထုတ်နေကာ ထိုအခွံများမှ ဝိဉာဉ်တော် ချီဓာတ် များထွက်လျက်ရှိနေကြတယ် ။
ဇုရွန် တခဏမျှ ကြောင်သွားတယ် ။ ထို့နောက် အလန့်တကြားပင် ထအော်ပါတယ် ။
“ဟ အရူးပဲ ၊ မင်းခရမ်းရောင်ဝိဉာဉ်တော်သီးကို စားနေတာ လား ၊ စားနေတာ မြန်မြန်ရပ်စမ်း ၊ ငိုးမတားလေး ဒီအသီးတွေက အရမ်းတန်ဖိုးရှိတယ်ဟ နောက်ပြီး မင်းက ထွေးတောင် ထွေး ပစ် . . .”
ခရမ်းရောင်ဝိဉာဉ်တော်သစ်သီးဟာ ချီဓာတ်ဆေးကို ပြု လုပ်တဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး ဒီအသီးကို ဒီအတိုင်းစားခြင်း က သပ်သပ် ဖြုန်းတီးနေသလိုပါပဲ ။ ဒါကြောင့်ပဲ ဇုရွန် ချန်ရှန်ကို ကြည့်နေရင်းကနေ ချန်ရှန်၏ လက်များကို ဟန့်တားလိုက်တာ ပါ။ သူ့စိတ်ထဲမှာ ဒီတိုင်းကြီးစားနေခြင်းက တစ်ခုခုကို ပစ်မှား နေသလိုကို ထင်နေတာပါပဲ ။
ချန်ရှန် မျက်နာပေါက်က ခပ်တည်တည်ပါပဲ ။
“ဒီအသီးက တော်တော် အရသာရှိတယ် ။ ချိုလည်းချိုတယ် ၊ စားပြီးရင် ချီဓာတ်တွေလည်း အားကောင်းလာတယ်”
အစားကြီးသော ဇုရွန် တစ်ယောက် ဆူတော့မယ့် ရေလို ပဲ မျက်နာကြီးဖောင်းကာ နီရဲလာပါတယ် ။ ဒီအသီးဟာ သူ့အသီး မ ဟုတ်သော်လည်း ဒီလိုစားနေတာကိုကြည့်ရတာ သူ့အတွက် တော်တော် မခံစားနိုင်ဖူး ဖြစ်နေတာပါ ။
“စားနေတာကို ရပ်လိုက်စမ်း ၊ ငါ ဒါကို ၀ယ်မယ်”
ဇုရွန် ခပ်မြန်မြန်ပင် အော်လိုက်တယ် ။ ဒါပေမယ့် စကား မဆုံးခင်မှာပဲ ချန်ရှန်ဟာ အသီးရဲ့ ၃ ပုံ ၂ ပုံကို မျိုချပြီးဖြစ်နေပါပြီ ၊ ဇုရွန် တစ်ယောက် ဒေါသတွေဆူပွက်လာကာ ထိန်းမရပုံစံ ဖြစ် နေပါတယ် ။
“ဒီဂိုဏ်းဝင်ကြေးက တစ်နှစ် ဘယ်လောက်လဲ”
ချန်ရှန် ပြုံးပြီး မေးလိုက်တယ် ။
ဇုရွန် ခြေဆောင့်ကာ ဒေါသတကြီး အော်ပြောတယ် ။
“မင်းပုံစံနဲ့ ဘယ်တော့မှ ဂိုဏ်းထဲ ၀င်လို့ရမှာ မဟုတ်ဘူး”
သူဟာ ချန်ရှန်၏ အခြေအနေကို မသိသော်လည်း သေ ချာ တာတစ်ခုက သူဟာ ချမ်းချမ်းသာသာ ပိုက်ဆံရှိလှတဲ့ လူဖြစ် တာတောင်မှ ဒီလို အသီးကို မစားပြ၀ံ့ပါဘူး ။
“ထားလိုက်ပါတော့ မေးတာတွေ မေ့လိုက်တော့”
ချန်ရှန် ပြောပြောဆိုဆိုနဲ့ နောက် အသီးတစ်လုံးကို စားရန် ထုတ်လိုက်တယ် ။
“အပြင်စည်းကတပည့်တွေက အလယ်အလတ်အဆင့် သလင်းကျောက်တုံး ၃၀၀၀ ပေးရတယ်”
ဇုရွန် အလျင်အမြန်ပဲ ဖြေလိုက်တယ် ။ ထို့နောက် လက် တဆစ်အရွယ် အပြာရောင် ကျောက်တုံးလေးကို ထုတ်ကာ ချန် ရှန်အား ပေးပြီး –
“ဒီမှာ အလယ်အလတ်အဆင့် သလင်းကျောက် ၁၀ တုံး မင်းရဲ့ အသီးအတွက်ပဲ”
သလင်းကျောက်တုံး နဲ့ ဝိဉာဉ်တော် ငွေစ ဆိုတာ အတူတူ ပါပဲ ။ ၎င်းတို့ဟာ သတ္တုရိုင်းတွေ ဖြစ်ပြီး ဝိဉာဉ်တော် ချီဓာတ် များ ပါဝင်ကြတယ် ။ ချန်ရှန်ဟာ ဒီလို လောကမှာ ဒီ အလယ် အလတ်အဆင့် သလင်းကျောက်တုံးများကို အရောင်းအ၀ယ် အတွက် တွင်ကျယ်စွာ အသုံးပြုတယ်ဆိုတာကို စုမေးယိုထံမှ သိရှိခဲ့ရပြီး ဖြစ်ပါတယ် ။ အလယ်အလတ်အဆင့် သလင်း ကျောက်တုံးတစ်တုံးကို ဝိဉာဉ်တော် ငွေစကြီး ၁၀၀၀ တန်ပါ တယ် ။ ဒါကြောင့် ကျောက် ၁၀ တုံးဆိုတာ ငွေစကြီး ၁၀၀၀၀ သာသာပဲ ဖြစ်ပါတယ် ။
“ဇု အကိုတော် ၊ ခင်ဗျားကျွန်တော့ကို ၀က်တစ်ကောင်များ အောက်မေ့နေလားဗျာ ၊ ဒါက ချီဓာတ်ဆေးပြုလုပ်တဲ့ အဓိက ပါ ၀င်ပစ္စည်းပဲ ။ ဒီအသီးရဲ့ တန်ဖိုးးက ဒီလောက်ပဲ ရှိတယ်လို့ ခင် ဗျား ထင်နေတာလား ၊ စားပစ်တာမှ ကောင်းဦးမယ်”
ချန်ရှန် နှုတ်ခမ်းများကို သပ်ရင်းပြောလိုက်တယ် ။
“၃၀”
ဇုရွန် မျက်နာသေနဲ့ ကြည့်ပြီး ပြောတယ် ။
ချန်ရှန် ခေါင်းခါလိုက်တယ် ။ ထို့နောက် ရှေ့ ကို ဆက် လျှောက်သွားတယ် ။ ဇုရွန်လဲ မြန်မြန် လိုက်လာကာ အော် ပြော တယ် ။
“၅၀”
ချန်ရှန်လည်း လျစ်လျှူရှုကာ ဆက်လျှောက်လာလျက်ပါ ။
“၆၀”
“၁၀၀”
“၁၅၀”
“ . . .”
“၂၀၀”
ချန်ရှန် လှည့်ကြည့်လိုက်ပြီး ပြုံးလျက် –
“ခုနကပဲ ခင်ဗျားက ဒါကို ၁၀ တုံးထဲနဲ့ လိုချင်တယ် ။ ဒါပေ မယ့် အခုကျ ခုနကဈေးနဲ့ နှိုင်းယှဉ်ရင် တော်တော်ကို ကွာပါ့လား ၊ ခင်ဗျားက တော်တော် ဆိုးတဲ့လူပဲ”
ချန်ရှန် အသီးကို ပေးလိုက်ပြီးနောက်မှာတော့ သလင်း ကျောက်များကို ရရှိခဲ့ပါတော့တယ် ။
“ငါ့ရဲ့ ဇုမျိုးနွယ်ဟာ ပြင်းထန်သော သိုင်းပညာ စီရင်စု မှာ စီးပွားရေးနဲ့ ပတ်သက်ပြီး ထင်ရှားတာကို မင်းမသိဘူးလား ။ ငွေ စလေး တစ်စ ငါတို့ ရှေ့ မှာ ကျနေရင်တောင် ငါတို့ဟာ တိုက် ခိုက်ပြီး လုကြတာ”
ဇုရွန်ဟာ အသီးကို ကြည့်လျက် ရိုးသားစွာ ပြောပြနေတယ်။
“ခရမ်းရောင် အသီးရဲ့ ဈေးဟာ ငါတို့ဈေးကွက်မှာ အတော် ပဲ ကြီးမြင့်နေတယ် ။ ကုန်သည်တွေက ဈေးကစားပြီး ဈေးမြှင့် ထားလို့ပဲ”
ချန်ရှန် ရုတ်တရက်ပဲ သူဒီ အလဲအလှယ်မှာ များစွာ ရှုံးသွား သလို ခံစားလိုက်ရတယ် ။ ဒါပေမယ့် ၂၀၀၀၀၀ ငွေစအကြီးဟာ လည်း သူမျှော်လင့်ထားသလောက်ပါပဲ ။
ဇုရွန်ဟာ ပွဲစား အသေးစား တစ်ယောက် ဖြစ်သော်လည်း ချန်ရှန်ဟာ ရင်းရင်းနီးနီး ပြောဆိုနေမိတယ် ။ ချန်ရှန်ဟာ အခု ဒီ လောကအကြောင်းကို ပိုမို နားလည်လာနေပါပြီ ။ ဒီဒေသကို “ပြင်းထန်သောသိုင်းပညာစီရင်စု” လို့ ခေါ်ကြတယ် ။ ပြင်းထန် သော သိုင်းပညာဂိုဏ်း၏ အုပ်ချုပ်တရားစီရင်ခွင့် အောက်မှာ ရှိ သော ကြီးမားတဲ့ နယ်မြေတစ်ခုပဲ ဖြစ်ပါတယ် ။၎င်းဟာ အရမ်း ကျယ်ဝန်းကာ မျိုးစုံသော စွမ်းအားများလည်း ရှိကာ ဂိုဏ်းရဲ့ ပစားပေးခြင်းကို ခံထားရတာပါ ။ ၎င်းဂိုဏ်းအတွက်လဲ အကာ အကွယ် သဘောမျိုးအနေဖြင့် ရှိနေပါတော့တယ် ။
“ညီတော် ချန် ၊ အနာဂတ်မှာ ခရမ်းရောင်ဝိဉာဉ်တော် အသီးကို အရူးတစ်ယောက်လိုမျိုး မစားပါနဲ့ ။ ဒီက ဆေးဆရာ တွေသာမြင်ရင် လူတိုင်းမင်းကို လိုက်ရိုက်ကြလိမ့်မယ်”
ဇုရွန် တိုက်တိုက်တွန်းတွန်း ပြောနေပါတယ်။ ခုနက ချန်ရှန် စားခဲ့တဲ့ အချိန်မှာ သူ့နှလုံးသားတွေ ကွဲကြေကုန်သလိုပါပဲ ။
ချန်ရှန် အတွက်ကတော့ အရေးမကြီးလှပါဘူး ၊ သူဟာ နဂါး တံတွေးကျင့်စဉ်ကို အသုံးပြုပြီး ဒီလိုအသီးမျိုးကို အချိန်တိုတိုနဲ့ ဖန်တီးနိုင်လို့ပါပဲ ။
“နောင်တော် ဇု ၊ ခု ကျွန်တော် ဂိုဏ်းကို ၀င်လို့ရမှာလား”
ချန်ရှန် ရယ်မောကာ မေးလိုက်တယ် ။
ဇုရွန်လည်း စပ်ဖြဲဖြဲဖြင့် –
“ငါ့ကို အသီး ၁၀ လုံးရောင်းရင်တော့ ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် မင်းဂိုဏ်းရဲ့ ဆုံးဖြတ်မှုကို ခံရယူရဦးမယ် ။ ဒါဂိုဏ်း တိုင်းရဲ့ ထုံးစံပဲ ။”
ချန်ရှန်လည်း ဖက်တီးနောက်လိုက်ကာ မြို့ ထဲ ၀င်လာခဲ့ တယ် ။ ဒီမြို့ ကိုတော့ ရှန်မန် မြို့ တော်လို့ ခေါ်ပါတယ် ။ ဒီမြို့ ကနေ ဂိုဏ်းဆီသို့ သိပ်မဝေးတော့ပါ ။ ဒီဂိုဏ်းကို ၀င်ချင်တဲ့ လူ တော်တော် များများဟာ ဒီနေရာမှာ နေကြလေ့ရှိတယ် ။
ထိုနေရာကို ရောက်တော့ ချန်ရှန်လဲ ထိုလူနဲ့ လမ်းခွဲ ကြပါ တယ် ။ ဇုရွန်ကတော့ ချန်ရှန် ပြန်ရမယ်လို့ ပြောသွားတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီဂိုဏ်းဟာ အရည်အချင်းမပြည့်မီတဲ့ လူ တွေကို ၀င်ခွင့်မပေးတာကြောင့်ပါပဲ ။
“ကောင်းကင်ဝင်ပေါက် ၊ အင်း ဒါက ဂိုဏ်းကို ၀င်တဲ့ လမ်း လားမသိဘူး”
ချန်ရှန် မြို့ ၀င်ပေါက်နားမှာ မတ်တပ်ရပ်ကာ ကြီးမားထင် ရှားသော စာလုံးကြီးကို ကြည့်ရင်း ရေရွတ်မိတယ် ။
မြို့ ထဲကို ၀င်လာတဲ့ အခါမှာတော့ ဖြောင့်ဖြူးတဲ့ လမ်းကြီး ကို မြင်တွေ့ နိုင်ပါတယ် ။ ဒီအလမ်းအဆုံးမှာတော့ ကြီးမားပြီး ခမ်းနားလှတဲ့ အဆောက်အအုံကြီးများတည်ရှိနေပုံဟာ မြို့ တစ် ခု အလားပါပဲ ။ ဒါကတော့ ပြင်းထန်တဲ့သိုင်ပညာဂိုဏ်းပဲ ဖြစ်ပါ တော့တယ် ။
“ညီတော်လေး ၊ ဒါက အဆင့် ၆ သာမန်အဆင့် လက်နက်ပါ၊ လျော့ဈေးနဲ့ သလင်းကျောက် ၉၉၉ တုံးပဲပေး”
ဆိုင်တစ်ခုဝင်ပေါက်ရှေ့ က လူတစ်ယောက်ဟာ ချန်ရှန်ဆီ ဝှေ့ ယမ်းပြရင်း အော်ပြောနေပါတယ် ။ ချန်ရှန်လိုပင် တခြားလူ များစွာဟာလည်း မြို့ ထဲယောင်လည်လည်ဖြင့် လိုက်ကြည့်နေ ကြပါတယ် ။ အများစုဟာ ယခုမှ ပထမဆုံးအကြိမ်ရောက်ဖူးတဲ့ တော သားများသာဖြစ်ပြီး ၎င်းတို့ကို အများဆုံး လိမ်လည်ကြ ပုံ ပါပဲ ။
လက်နက်များနဲ့ ချပ်ဝတ်တန်ဆာ များကို သာမန် အဆင့် ၊ ဝိဉာဉ်တော် အဆင့် နဲ့ ထူးကဲလေးနက်သော အဆင့်ဆိုပြီး ပိုင်း ခြားနိုင်ပါတယ် ။ အများအားဖြင့် ဒီအဆင့်တွေကို ၉ ဆင့်ခွဲ ထား ကြတယ် ။ သာမန်အဆင့် လက်နက်များဟာ အဆင့်အနိမ့်ဆုံး ဖြစ်ပြီး ၎င်းတို့ဟာ ဘယ်လက်နက်က အသင့်တော်ဆုံးရယ်လို့ မရှိပဲ အသုံးများတဲ့ လက်နက်များသာဖြစ်ကာ သန်ရာသန်ရာကို ၀ယ်ယူကြပါတယ် ။ ဒါပေမယ့် အဆင့် ၆ ရှိတဲ့ သာမန်အဆင့် လက်နက်ကိုတော့ မဆိုးဘူးဟု ပြောလို့ရပါတယ် ။
“ညီတော်လေး ၊ ဆေးတွေဘာတွေ ၀ယ်ချင်သေးလား ၊ ဒီမှာ အဆင့်မြင့် မော်တယ် အဆင့် ဒြပ်စင်ဆေးကို သလင်းကျောက် ၅၅ လုံးနဲ့ ၀ယ်နိုင်မယ်နော် ၊ ၂ လုံး ၀ယ်ရင် တော့ ၁၀၀ ပဲပေး”
ဆေးဆိုင်တစ်ဆိုင်မှ အသက်ကြီးကြီးလူကြီးက အော်နေ တာပါ ။
ချန်ရှန်ဟာ ဒီစီရင်စုမှာ ဆေးဆိုင်များဟာ ချောင်ကြိုချောင် ကြားတိုင်းနဲ့ စီရင်စုရဲ့ ထောင့်တိုင်းမှာ တည်ရှိနေတာကို သတိ ထားမိပါတယ် ။ ချန်ရှန် နည်းနည်းတော့ အံ့သြမိသွားတယ် ။ ဒါနဲ့ ပဲ ချန်ရှန်တစ်ယောက် ရပ်ပြီး မေးလိုက်တယ် ။
“ခရမ်းရောင် ဝိဉာဉ်တော် သစ်သီးများ ရှိပါသလား”
“ဒါပေါ့ ၊ ရှိပ ။ သလင်းကျောက် ၃၀၀ ပဲပေး”
ထို အသက်ကြီးကြီးလူကြီးက ပြန်ဖြေတယ် ။
ချန်ရှန် ပါးစပ်အဟောင်းသားဖြင့် ဆွံ့ အသွားတယ် ။ ဟို ဖက်တီးကတော့ သူ့ကို တကယ် အရူးလုပ်ခဲ့တာပါပဲ ။ စစချင်းမှာ ၁၀ တုံးဖြင့်ပင် ၀ယ်နေချင်သေးပါတယ် ။ ဒီလောကမှာ ဆေးများ ဟာ တောင်ပိုင်းအင်ပါယာမှာထက် ပိုမိုဈေးကြီးမြင့်တာကို ချန် ရှန် သိခဲ့ပါပြီ ။
ဒါက သူ့အတွက် ကောင်းပါတယ် ။ သူဟာ ဆေးပညာရှင် တစ်ယောက်ပင် မဟုတ်ပါလော ၊ ယခုတော့ ချန်ရှန် အဖြူရောင် သလင်းကျောက်ပုံကြီးကိုပင် မြင်နေရသလိုပါပဲ ။ ဒီနေရာမှာ ချီဓာတ်ဆေး တစ်လုံးအား ကျောက်တုံး ၅၀၀ ဖြင့်ရောင်းနေတာ ကိုတွေ့ ရပြီး ဒါတင်မက ပစ္စည်းကလည်း အကန့်အသတ်ဖြင့် သာ ရောင်းချနေကြတာပါ ။
ချန်ရှန်လည်း မြို့ ထဲ လှည့်လည်ကြည့်ရှုပြီး ထို့နောက် ချီဓာတ် ဆေး အချို့ ကိုလည်း ရောင်းချခဲ့ပါသေးတယ် ။ မကြာမီ မှာပင် သူ့လက်ထဲတွင် ကျောက်တုံး ၃၀၀၀ လောက် ရရှိနေပါပြီ။ ဒီလောက်ဆိုရင်တော့ ဂိုဏ်းထဲဝင်ရန် တော်တော် လုံလောက်စွာ စုမိနေပြီလို့ သူထင်နေပါတယ် ။သူ့မှာ စုမေးယိုနှင့် ဘိုင်ယုယု တို့ ၏ ပညာမွေများ ပေးခြင်းကို ခံရသော်လည်း ဒီဂိုဏ်းမှ တခြား သော အရာများစွာကို သင်ယူချင်ကြောင့် ဂိုဏ်းသို့ ၀င်ချင်နေရ ခြင်း ဖြစ်ပါတယ် ။ ဒါတင်မက ဂိုဏ်းနောက်လိ်ုက် တပည့် တစ် ယောက်ဖြစ်ပါက ပြိုင်ပွဲများစွာကို ၀င်ပြိုင်နိုင်မည် ဖြစ်ပြီး အနိုင် ရရှိလျှင် ဂိုဏ်းရဲ့ ဆုချီးမြှင့်ခြင်းကိုလည်း ခံရမှာ ဖြစ်ပါတယ် ။
ချန်ရှန်ဟာ မလှမ်းမကမ်းမှ တံခါးကြီးဆီသို့ လျှောက်လာခဲ့ တယ် ။ တံခါးကြီးက ပွင့်နေပြီး လူများစွာ ထွက်လာကြပါတယ် ။ ဒီရက်တချို့ မှာ သိုင်းပညာဂိုဏ်းဟာ သူတို့၏ တောင်ပေါ် ၀င် ပေါက်ကို ဖွင့်ထားကာ နောက်လိုက်အသစ်များ စုဆောင်းနေ တာ ဖြစ်တယ် ။ ဒါကြောင့် များစွာသော လူတွေဟာ ဂိုဏ်းထဲဝင် ဖို့လာကြတာဖြစ်ပြီး ဒါပေမယ့် ဒီလူတွေဟာ သူတို့ရဲ့ ကံဇာတာ ကို လာစမ်းစစ်နေကြသလိုပါပဲ ။ ကံကောင်းပြီးများ ဂိ်ုဏ်းထဲ ရောက်နိုင်မလားဟု စမ်းသပ်နေကြပုံပါ ။
ချန်ရှန် တံခါးကြီးကနေ ၀င်သွားကာ အုပ်များကာရံထား သော လမ်းအတိုင်း လျှောက်သွားပါတယ် ။ မနီးမဝေးမှာတော့ သိုင်းပညာဂိုဏ်းကြီးကို အထပ် ၂၀ လောက်မြင့်တဲ့ နံရံမြင့်ကြီး ဖြင့် ပတ်လည် ကာရံထားတာကို တွေ့ လိုက်ရတယ် ။ ချန်ရှန် ဟာ အရင်ကတည်းက ဒီသိုင်းပညာဂိုဏ်းကြီးဟာ တောင်ထိပ် မှာ တည်ဆောက်ထားမယ်ဆိုတာကို ယုံကြည်နေပြီးသားပါပဲ ။
ချန်ရှန် ကြီးမားလှတဲ့ ၀င်ပေါက်ကြီးရှေ့ မှာ မတ်တပ်ရပ်ကာ “ပြင်းထန်သောသိုင်းပညာဂိုဏ်းနတ်ဗိမာန်တော်” ဆိုသည့် စာတန်းကြီးကို ကြည့်နေပါတယ် ။ ချန်ရှန် စိတ်ထဲ ရဲရင့်မှု တွေ တောင် ၀င်ရောက်လာသလိုပါပဲ ။ ဒီတံခါးကြီးကတော့ ပိတ်ထား တုန်းပင် ၊ ဒါပေမယ့် တံခါးငယ်လေးတော့ ပွင့်လျက် ရှိနေပါ တော့တယ် ။
ဒီတံခါးငယ်လေးရှေ့ မှာတော့ ရှည်လျားလှတဲ့ လူတန်းကြီး ရှိနေပြီး ဝိဉာဉ်တော် သွေးကြောများကို စမ်းသပ်ခံနေကြတာပါ။ ဒီဝိဉာဉ်တော် သွေးကြောရှိမှသာ အရည်အချင်း ပြည့်မီတာ ဖြစ်ျြားကို စမ်းသပ်ခံနေကြတာပါ။ ဒီဝိဉာဉ်တော် သွေးကြောရှိမှသာ အရည်အချင်း ပြည့်မီတာ ဖြစ် ပွင့်လျက် ရှိနေပါ တော့တယ် ။်ပီး ဒီလိုအရည်အချင်းရှိပြီး သလင်းကျောက်တုံးများ မရှိ လျှင်လည်း ဂိုဏ်းက လက်မခံပြန်ပါဘူး ။
ဒီဝိဉာဉ်တော်သွေးကြောကိုတော့ အဝိုင်းပုံ အချပ်ပြားပေါ် တွင်မတ်တပ်ရပ်ခြင်းဖြင့် စစ်ဆေးကြတယ် ။ ဒီအပြားဝိုင်းပေါ်မှာ အစီအရင်တွေ ပြုလုပ်ထားပါတယ် ။ လူကိုယ်အတွင်းမှာရှိတဲ့ ဝိဉာဉ်တော် သွေးကြောကို ရှာဖွေတာ ဖြစ်ပြီး ထိုသို့ပြုလုပ်ပါက ကွဲပြားခြားနားလှတဲ့ အငွေ့ တွေ ထွက်လာမှာပါ ။ ဒါကို ကြည့်ပြီး ထွက်ပေါ်လာတဲ့ တန်ဖိုးကို အကဲဖြတ်ကာ ဆုံးဖြတ်ကြတာ ဖြစ်ပါ တော့တယ် . . . ။