အပိုင်း ၂၀၇•၁
” လောင်းကြေးထပ်ထားတဲ့ တိုက်ပွဲ ”
°°°
” ညီငယ်လေး ပေါက်ကရတွေမပြောနဲ့ ဆရာကြီးလုံက ငါတို့ဆရာနဲ့အဆင့်အတူတူပဲ သူကအမှောင်ထုနဂါးကို ပိုင်ဆိုင်ထားတဲ့သူ နဂါးဧကရာဇ်သော့်လော့လို့ခေါ်တယ်…ဒါ့အပြင် ငါတို့ရဲ့လူလောကကြီးအတွက် အများကြီးစွမ်းဆောင်ပေးခဲ့တဲ့ ထိပ်တန်းစိတ်၀ိညာဥ်ပညာရှင်တွေထဲမှာ နောက်ဆုံးကျန်ရစ်နိုင်သူလဲဖြစ်နိုင်သေးတယ် ”
ရန်ရှောင်ကျဲ့က စိုးရိမ်တကြီးနဲ့ပြောလာခဲ့ပါတယ်။
” ညီငယ်လေးတဲ့လား မင်းက မုအန်းရဲ့တပည့်ပဲလား ”
လုံရှောင်ယောင်ကတော့ ဟို့ယွိဟောင်ရဲ့ပြောဆိုနေတဲ့စကားတွေကိုသိပ်ပြီအာရုံမစိုက်မိပါဘူး။ ဒါပေမယ့် သူသူ့ငယ်ချင်းတပည့်ဆိုတာ ကြားပြီချိန်မှာတော့ အံ့အားသင့်သွားခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ ခေါင်းမော့ရင်ကော့ရင်းနဲ့သာပြန်ဖြေလာခဲ့တယ်။
” ဟုတ်တယ် ငါကဆရာရဲ့နောက်ဆုံးတံခါးပိတ်တပည့်သားပဲ ဆရာကြီးက ငါထက် အနှစ်နှစ်ရာလောက်ပိုပြီးအသက်ကြီးတယ်ဆိုတာသိသာပါတယ်..ဒါပေမယ့် အကယ်၍ ငါနဲ့သာသက်တူရွယ်တူရှိခဲ့မယ်ဆိုရင် သေချာပေါက် ငါပြိုင်ဘက်မဟုတ်ဘူး…အကယ်၍ ဆရာသာသက်ရှိထင်ရှားရှိသေးတယ်ဆိုရင် အမျက်ဒေါသကျောင်းတော်ရဲ့ဘယ်သူကိုမှ လာတိုက်ခိုက်၀ံ့မယ်လို့ငါတော့ မထင်ဘူး”
ဟို့ယွိဟောင်က တမင်တကာဒေါသထွက်ပြနေတာမဟုတ်ပါဘူး။ ဒီနဂါးဧကရာဇ်သော့်လော့က သူတို့နှစ်ယောက်စလုံးကို တိုက်ခိုက်ဖို့စိတ်ကူးရှိမနေမှန်း သူပြောနိုင်ပါတယ်။ ရန်ရှောင်ကျဲ့ကတော့ ထူးကဲသာလွန်သော့်လော့ပါ။ အကယ်၍ လုံရှောင်ယောင်သာသူ့ကိုဘာမှအမှုမထားပဲတိုက်ခိုက်ခဲ့မယ်ဆိုရင် လက်ခံနိုင်ပါသေးတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကရောဘယ်လိုလဲ သူက အသက်နှစ်ဆယ်တောင်ပြည့်သေးတာမဟုတ်ပါဘူး။ လုံရှောင်ယောင်ကတော့ အသက်နှစ်ရာကျော်နေတဲ့ ကန့်သတ်မဲ့သော်လော့ဖြစ်နေခဲ့ပါတယ်။ တကယ်ပဲ အဲ့ဒီကလေးကိုတိုက်ရိုက်တိုက်ခိုက်မှာလား ဒါ့အပြင် တစ်ဖက်လူက အကြီးအကဲမုရဲ့မိတ်ဆွေဟောင်းကြီးလဲဖြစ်နေပါသေးတယ်။
ဒါကြောင့်သာ လုံရှောင်ယောင် တိုက်ခိုက်စေဖို့အတွက် သူအရှေ့ထွက်လာခဲ့တာပါ။ ရန်ရှောင်ကျဲ့ရဲ့အရှေ့တည့်တည့်မှာ၀င်ပိတ်လိုက်ပြီတဲ့နောက် သူဒေါသတကြီးနဲ့လဲ အော်ဟစ်နေပါသေးတယ်။
လုံရှောင်ယောင်ကတော့ မျက်မှောင်ကြုတ်လိုက်ရင်း ဟို့ယွိဟောင်ကို အာရုံစိုက်ပြီကြည့်နေခဲ့တယ်။ အထူးသဖြင့် သူအာရုံစိုက်နေတာကတော့ နဖူးပေါ်ကတတိယမျက်လုံးပါ။
” တတိယမျက်လုံးလား တကယ်ထူးခြားတယ်..သိုင်းပညာ၀ိညာဥ်နဲ့ခံစားချက်ပဲ ငါက အားနည်းတဲ့သူတွေကိုအနိုင်ကျင့်နေတယ်လို့မင်းပြောခဲ့တယ်လေ ဟုတ်ပြီလေအကယ်၍ မင်းငါ့ကိုတိုက်ခိုင်မယ်ဆိုရင် ဘယ်လိုလဲ မင်းလိုမျိုးအဆင့်ငါးဆယ်၀ိညာဥ်စွမ်းအားကိုပဲ ငါသုံးထားမယ်…အကယ်၍ ငါရပ်နေတဲ့နေရာကနေ နည်းနည်းလေးလှုပ်ရှားအောင်လုပ်လိုက်နိုင်မယ်ဆိုရင် မင်းနိုင်ပြီလို့ ငါသတ်မှတ်လိုက်မယ်..ငါမင်းရဲ့လက်ထဲက လက်စွပ်ကိုလဲမတောင်းတော့ဘူး…မုအန်းမသေဆုံးခင် ဒီလိုနောက်တပည့်သားတစ်ယောက် လက်ခံထားမယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူးလေ…မင်းနဲ့ပတ်သက်ပြီ သူဘာတွေများမြင်ခဲ့လဲဆိုတာ ငါသိချင်မိတယ် ”
ဟို့ယွိဟောင်က ရန်ရှောင်ကျဲ့ဖက်ကို ခေါင်းလှည့်လိုက်ပါတယ်။ဒါမျိုးကို သူမထင်ထားခဲ့ပါဘူး။ သူတစ်စုံတစ်ရာကိုတွေးလိုက်ပြီတဲ့နောက် ခေါင်းညိတ်လိုက်ပါတော့တယ်။
သူအစား ဟို့ယွိဟောင်က တိုက်ခိုက်ပေးတယ်ဆိုတာ ကောင်းမွန်တဲ့အရာပါပဲ။ နဂါးဧကရာဇ်သော့်လော့ရဲ့အဆင့်အတန်းနဲ့ဆိုရင် ဒီလိုမျိုးအများကြီးငယ်ရွယ်နေတဲ့ကလေးတစ်ယောက်ကို ထိခိုက်အောင်လုပ်ဖို့ဆိုတာအကြောင်းအရင်းမရှိပါဘူး။
အကယ်၍ သူတို့ရှုံးသွားမယ်ဆိုရင်တောင် ကျန်းဟုန်ချန်ဆီက ခြိမ်းခြောက်ပြီငွေညစ်ထားတဲ့ပစ္စည်းတွေအားလုံးကို ပြန်ပေးလိုက်ဖို့လိုပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်က အံ့ဖွယ်ရာကောင်းတဲ့ကိစ္စတွေကို ဖန်တီးတဲ့နေရာမှာအတော်ဆုံးဖြစ်မှန်း သူအပြည့်အ၀ယုံကြည်နေခဲ့တယ်။
အမြွှာသိုင်းပညာ၀ိညာဥ်ရှိသလို အဆုံးစွန်းရောက်သိုင်းပညာ၀ိညာဥ်လဲရှိတဲ့အတွက် နဂါးနတ်ဘုရားသော့်လော့သာ အဆင့်ငါးဆယ်၀ိညာဥ်ပညာရှင်ကိုပဲ ၀ိညာဥ်စွမ်းအားကိုသုံးထားမယ်ဆိုရင် သူ့မှာအခွင့်အရေးရှိနိုင်ပါတယ်။ အနည်းဆုံးတော့ နှောင့်နှေးအောင်လုပ်ဖို့ အခွင့်အရေးရသွားမှာပါ။
ဘာကြောင့်များသူတို့တွေဒီလိုမျိုးတမင်တကာနောက်ကျတဲ့အထိစောင့်ပြီမှ ထွက်ခွာခဲ့ရတာလဲဆိုရင် အရှေ့မှာရှိတဲ့ကျောင်းသားတွေနဲ့ အကွာအဝေးခွာထားဖို့တင်မဟုတ်ပါဘူး။ စစ်ကူတွေရောက်လာတာကို စောင့်ဆိုင်းနေတာလဲဟုတ်ပါသေးတယ်။ သူတို့တွေ အလစ်၀င်တိုက်ခံရနိုင်တယ်ဆိုတဲ့ကိစ္စကို ပြောပြီးချိန်ကထဲက လျှို့၀ှက်အချက်ပြမှုကိုပြုလုပ်ပြီးသားပါ။ စစ်ကူပေးမဲ့သူတွေက လမ်းတစ်၀က်မှာရောက်နေလောက်ပါပြီ။
ဟို့ယွိဟောင်က မြေပြင်ကိုလက်ညိုးထိုးရင်ပြောလိုက်ပါတယ်။
” အဲ့ဒီအောက်မှာဆင်းပြီ တိုက်ခိုက်ကြရအောင် ”
လုံရှောင်ယောင်လဲ ရုတ်တရက်သတိထားမိသွားပြီတဲ့နောက်မှသာ ရယ်မောလိုက်ပါတယ်။
” ငါမေ့နေလို့ မင်းမှမပျံနိုင်ပဲ ”
” ကောင်းပြီလေ သွားကြမယ် ”
ရန်ရှောင်ကျဲ့ကတော့ ဟိုအဝေးနေရာမှာရှိနေတဲ့ အနက်ရောင်မြူခိုတွေတစ်ရိပ်ရိပ်တက်လာနေတာကို ကြည့်ရင်းစိုးရိမ်နေခဲ့မိပါတယ်။ ရှန်လင်းအယ်ကို အများကြီးယုံကြည်ပေမဲ့လဲ တစ်ဖက်လူက လုံရှောင်ယောင်ရဲ့အကူအညီကိုရယူနိုင်တယ်ဆိုမှတော့ နောက်ထပ်သော့်လော့တစ်ယောက်ကိုလဲ ဖိတ်ခေါ်ကောင်းဖြစ်နိုင်လောက်တယ်။ အကယ်၍ နောက်ထပ်သော့်လော့တစ်ယောက်သာရှိမယ်ဆိုရင် ရှန်လင်းအယ်ကတော့ ပြဿနာတက်မှာပါ။ လုံရှောင်ယောင်ပြောတာကို ကြားပြီတဲ့နောက်မှာတော့ သူမကို အလွှတ်ပေးဖို့စိတ်ကူးမရှိမှန်းလဲသိသာနေခဲ့တယ်။
ဟို့ယွိဟောင်ကထက်မြက်တဲ့သူပါ ရန်ရှောင်ကျဲ့ရဲ့စိတ်ကို ချက်ချင်းနားလည်သွားခဲ့တဲ့အတွက် သူပြောလာခဲ့ပါတယ်။
” အကြဲအကဲလုံ လောင်းကြေးတစ်ခုလောက်ထပ်ရအောင် ဒါဆိုရင် ဘယ်လိုထင်လဲ ”
လုံရှောင်ယောင်ကတော့ ရယ်မောနေခဲ့ပါတယ်။
” လောင်းကြေးထပ်မယ်တဲ့လား ငါအတွက်တော့တကယ်သစ်ဆန်းတဲ့စကားလုံးပဲ ပြောကြည့်ပါဦး ”
” ကျောင်းအုပ်ရှန်လင်းအယ်နဲ့ ကျားကင်းမြီးကောက်သော့်လော့တို့ရဲ့တိုက်ပွဲကအခုလက်ရှိအချိန်မှာ မတိုးသာမဆုတ်သာအခြေအနေကို ရောက်နေတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်တယ်ဟုတ် ”
လုံရှောင်ယောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” မင်းပြောတာဟုတ်တယ် ဒီနှစ်ယောက်တိုက်ခိုက်တဲ့နေရာမှာနှစ်ဖက်စလုံးပြင်းပြင်းထန်ထန်ရသွားပြီ အဆုံးသတ်သွားနိုင်တယ် ”
” ကျွန်တော်က ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ ၀ိညာဥ်ဘုရင်မှန်း ကြည့်လိုက်ရုံနဲ့ပြောနိုင်မှာပါ အကယ်၍ သူတို့တိုက်ပွဲထဲကို ကျွန်တော်၀င်ရောက်သွားမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်မလဲထင်လဲ ”
” ကောင်စုတ်လေး မင်းတကယ်ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိတာပဲ ထူးကဲသာလွန်သော့်လော့တွေရဲ့ကြားက တိုက်ပွဲကိုမင်း၀င်ပါနိုင်မယ်လို့များ ထင်နေတာလား ”
ဟို့ယွိဟောင်လဲ ရယ်မောနေခဲ့ပေမဲ့ သူ့ရဲ့ရယ်သံကတော့ အများကြီးပိုပြီးကောက်ကျစ်ပါတယ်။ လုံရှောင်ယောင်ရဲ့ စိတ်၀င်စားမှုကို ဒီရယ်သံကပိုပြီးတိုးလာစေခဲ့တယ်။
” ဒါကြောင့်သာ လောင်းကြေးထပ်ချင်တာပါပဲ ကျောင်းအုပ်ရှန်ကို ဒီတိုက်ပွဲမှာကျွန်တော်ကူညီနိုင်မယ်လို့ ယုံကြည်တယ်..ကျွန်တော်သူတို့ကြားထဲကို၀င်ပြီ တစ်မိနစ်မပြည့်သေးခင်အချိန်မှာပဲ တိုက်ပွဲကအလှည့်အပြောင်းဖြစ်သွားလိမ့်မယ်…ကျွန်တော်နဲ့လောင်းကြေးထပ်၀ံ့လား ”
လုံရှောင်ယောင်ရဲ့အမူအရာကတော့ နောက်ဆုံးမှာပြောင်းလဲသွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကို အလေးအနက်ထားတဲ့အမူအရာနဲ့ သူကြည့်လာခဲ့ပါတယ်။
” ကလေးမင်းကဒီနေရာမှာ ကိုယ်အသက်ကိုယ်ရင်းပြီ လောင်းကြေးလာထပ်နေတာလား မင်းအနိုင်ရနိုင်ချေရှိတယ်ဆိုကို ငါလုံး၀မမြင်ရဘူး…ဒါ့အပြင် ငါရှေ့မှာလဲ ဘာလှည့်ကွက်မှလာလုပ်လို့လဲမရဘူး..ရန်ရှောင်ကျဲ့ကိုမှိီခိုလို့မရဘူး ”
ဟို့ယွိဟောင်ကတော့ မောက်မာမှုအပြည့်နဲ့သာ ပြောလာခဲ့ပါတယ်။
” ကျွန်တော်ရဲ့ကိုယ်ပိုင်စွမ်းအားကိုပဲ အသုံးပြုမှာ ဘယ်သူမှရဲ့အကူအညီကိုလဲမလိုအပ်ဘူး..ကျွန်တော်နဲ့လောင်းကြေးထပ်၀ံ့လား ကျွန်တော်မှာကြီးမားတဲ့တောင်းဆိုချက်လဲမရှိပါဘူး…အကယ်၍ ကျွန်တော်သာနိုင်ခဲ့မယ်ဆိုရင် ကျောင်းတော်ကိုသုံးယောက်လုံးလုံလုံခြုံခြုံပြန်ရောက်စေနိုင်ဖို့ကတိပေးပါ ဒါပေါ့ အစောပိုင်းအစီအစဥ်တွေက ပြောင်းမှာမဟုတ်ဘူး..အကယ်၍ သုံးကွက်အတွင်းမှာ ခင်ဗျာကိုရွေ့လျားအောင်မလုပ်နိုင်ဘူးဆိုရင် သေချာပေါက် ဒီလက်စွပ်ကိုပြန်ပြီးပေးမယ် ”
” ကောင်လေး မင်းကတကယ် ငါ့ကိုလိုက်ဖမ်းနေတာပဲ မင်းငါ့အတွက်ထောင်ချောက်ဆင်နေတယ်ဆိုတာ ငါမမြင်ပဲနေမလား ဒီလိုမျိုးစိတ်၀င်စားစရာကောင်းတဲ့ကိစ္စကို ငါမမြင်ရတာအတော်ကြာပြီ ကောင်းပြီလေ သူတို့ရဲ့တိုက်ပွဲကို တစ်မိနစ်မပြည့်ခင်အချိန်မှာ ဘယ်လိုအဆုံးသတ်မလဲကြည့်ရအောင် ”
သူပြောပြီတာနဲ့ နဂါးဧကရာဇ်သော့်လော့က ခုန်ပျံသွားခဲ့ပြီ မီတာထောင်ချီအကွာကိုရောက်ရှိလို့သွားပါတော့တယ်။ သူ့ရဲ့အဆင့်အတန်းနဲ့ဆိုရင် နတ်ဘုရားတစ်ပါးနဲ့တောင် သိပ်ပြီမကွာခြားပါဘူး။ လေဟာနယ်နဲ့ ၀ိညာဥ်စွမ်းအားတွေကို စိတ်ကြိုက်ထိန်းချုပ်နိုင်မှာပါ။
” ယွိဟောင် မင်းယုံကြည်ချက်ရှိလား ”
ရန်ရှောင်ကျဲ့က မေးလာခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ခေါင်းသာညိတ်ပြလိုက်ပါတယ်။ ရန်ရှောင်ကျဲ့လဲ ဘာမှဆက်မပြောတော့ပါဘူး။
အကယ်၍ တခြားကျောင်းသားတစ်ယောက်ဖြစ်မယ်ဆိုရင် ရန်ရှောင်ကျဲ့ကတော့ ဒီလူတွေခေါင်းပြတ်သွားပြီလို့ထင်မိမှာပါ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ မတူညီပါဘူး။ အံ့ဩစရာကောင်းတဲ့ကိစ္စတွေအများကြီးကို သူဖန်တီးခဲ့ပါတယ်။ ၀ိညာဥ်စက်ကွင်းသုံးကွင်းရရှိပြီချိန်ကထဲက တိုက်ကြီးရဲ့အဆင့်တက်ကျောင်းတော်လက်ရည်ယှဥ်ပွဲကို ပြောင်ပြန်လှန်းပြစ်ခဲ့တဲ့သူပါ သူ့ရဲ့စွမ်းရည်တွေကတကယ်ကိုသန်မာပါတယ်။
ဟို့ယွိဟောင်ရဲ့နောက်ကျောမှာရှိနေတဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်ကြီးက သူ့ရဲ့ထိန်းချုပ်အောက်မှာတင် လေထဲကိုရောက်သွားပါတော့တယ်။ နက်ရှိုင်းပြီ ရင်ခေါင်းထဲကနေလာတဲ့ ဂါတာမန္တန်ရွတ်ဖတ်သံတွေကို သူစတင်ရွတ်ဆိုလိုက်ပါပြီ။ ဒီအသံတွေက ထူးခြားတဲ့ကြိမ်းနှုန်းတွေနဲ့အတူ စည်းချက်ကျကျထွက်ပေါ်လို့နေခဲ့ပါတယ်။ ရန်ရှောင်ကျဲ့ကတော့ သူဘာတွေရွတ်ဆိုနေလဲဆိုတာ မသိပါဘူး။
ဟို့ယွိဟောင်ရဲ့မျက်လုံးကနေ မှိန်ဖျော့ဖျော့အဖြူရောင်အလင်းတန်းတွေက ထွက်လာပြီတဲ့နောက် သူမျက်လုံးတွေက လုံး၀ကိုမျက်သားအဖြူအဖြစ်ကို ပြောင်းသွားပါတော့တယ်။ ကောင်းကင်ကြီးကလဲ စတင်ပြီတောက်ပလို့လာခဲ့ပါပြီ။ ကျားကင်းမြီးကောက်သော့်လော့ရဲ့တိမ်တိုက်အမဲတွေကြောင့် ကောင်းကင်ကြီးက အတော်ကိုမှောင်မိုက်လို့နေခဲ့တာပါ။
ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ဂါတာရွတ်ဖတ်သံအောက်မှာ ပိုပိုပြီးတောက်ပလာပါတော့တယ်။
ရန်ရှောင်ကျဲ့က ဟို့ယွိဟောင်နဲ့အနီးစပ်ဆုံးနေရာကသူဖြစ်တာကြောင့် စွမ်းအားသက်ရောက်မှုကို အများဆုံးခံစားရပါတယ်။ အံ့ဩစရာကောင်းတဲ့ဆွဲငင်အားတွေက သူ့ခန္ဓာကိုယ်ထဲမှာရှိရှိသမျှအလင်းသတ္ထုတွေကို ဆွဲငင်လို့နေခဲ့ပါတယ်။
ရန်ရှောင်ကျဲ့က အကြီးအကဲမုရဲ့ မျိုးဆက်နဲ့တူညီတဲ့အလင်းအမျိုးအစားပါပဲ။ သူက တောက်ပရောင်စဥ်မြင့်မြတ်နဂါးမဟုတ်ပဲ တောက်ပရောင်စဥ်နတ်မိမယ်ငှက်ဖြစ်နေခဲ့တာကြောင့် အလင်းကိုအာရုံခံစွမ်းက အရမ်းကိုသန်မာပါတယ်။
အလင်းတန်းတွေက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ စုစည်းလို့လာပြီတဲ့နောက်ထူးခြားတဲ့အပြောင်းအလဲက ဖြစ်ပေါ်လာခဲ့ပါပြီ။ နက်ရှိုင်းတဲ့ရွတ်ဖတ်သံအောက်မှာ အဖြူရောင်အလင်းတန်းတွေက ရန်ရှောင်ကျဲ့တောင်နားမလည်နိုင်တဲ့ပုံစံတစ်မျိုးအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။
ဟို့ယွိဟောင်က ညာဘက်လက်ကိုမြောက်ရင်းတစ်ကိုယ်လုံးကို ရောင်စဥ်တန်းတွေပြည့်နှက်စေပြီတဲ့နောက်မှာတော့ သူ့ရဲ့ကံကြမ္မာမျက်လုံးတောင် အဖြူရောင်ပြောင်းသွားခဲ့ပါပြီ။ ဒါ့အပြင် သူ့နောက်ကျောဖက်မှာလဲ ဝေ၀ါးတဲ့ပုံရိပ်ယောင်တစ်ခုက ပေါ်လာပါတော့တယ်။ ဒါကတော့ လျှပ်စီးဧကရာဇ်ပါ ဆရာကိုပြန်တွေ့ရတာတကယ်ကောင်းတယ်။
ဟို့ယွိဟောင်က သူ့နောက်ဖက်မှာရှိတဲ့အရာတွေကိုမမြင်နိုင်ပေမဲ့လဲ စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် အာရုံခံမိပါတယ်။
” နေရောင်ခြည်ရဲ့စွမ်းပကားတွေ ငါဆီကိုဆင်းသက်လာစေ ”
ဟို့ယွိဟောင်က ကောင်းကင်ကိုမော့ကြည့်ရင်း အော်ဟစ်လိုက်ချိန်မှာတော့ အံ့ဖွယ်ရာကောင်းတဲ့မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ နေမင်းကြီးက သူ့ရဲ့ခေါ်သံကိုကြားတဲ့အတိုင်း အားကောင်းလွန်လှတဲ့အဖြူရောင်အလင်းတန်းကြီးတစ်ခုက ကောင်းကင်ကနေဆင်းသက်လို့လာရင်း ခန္ဓာကိုယ်ပေါ်ကျရောက်သွားခဲ့ပါတယ်။
လျှပ်စီးဧကရာဇ်ရဲ့ရုပ်သွင်ကလဲ ဟို့ယွိဟောင်ခန္ဓာကိုယ်နဲ့ပေါင်းစည်းလို့သွားပြီတဲ့နောက် အဝေးမှာရှိနေတဲ့၀ိညာဥ်သားရဲကောင်တွေဆီကို အဖြူရောင်အလင်းတန်းက တည့်တည့်မတ်မတ်ရောင်ပြန်လင်းသွားခဲ့ပါပြီ။
သူတို့ရဲ့ကြောက်စရာအော်သံတွေက ချက်ချင်းဆိုသလို ပေါ်ထွက်လို့လာပါတော့တယ်။ မရေမတွက်နိုင်တဲ့ ၀ိညာဥ်သားရဲကောင်တွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံနေရတာကြောင့် သူတို့ရဲ့အော်သံတွေက လေထဲမှာပဲ့တင်ထပ်လို့နေခဲ့ပါတယ်။
ရှန်လင်းအယ်ရဲ့ဘေးမှာရှိရှိသမျှ ၀ိညာဥ်သားရဲကောင်တွေအားလုံးက ပျောက်ကွယ်လို့သွားခဲ့ပြီ သူ့ရန်သူတော်သော့်လော့ရဲ့မူလခန္ဓာကိုယ်ကပေါ်ထွက်လို့လာခဲ့ပါတယ်။ ကျန်းပန်ကတော့ ခြောက်ခြားလို့နေခဲ့ပါပြီ။ နှလုံးသားထဲကပေါ်ထွက်လာခဲ့တဲ့ဒီထိတ်လန့်မှုက ကြီးမားလွန်လှသလို သူခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတဲ့ ၀ိညာဥ်သားရဲကောင်တွေအားလုံးက ထိန်းချုပ်မှုအောက်ကနေလွှတ်ပြီ နေရာအနှံ့ထွက်ပြေးနေကြတာကို ခံစားလိုက်ရပါတယ်။
ရှန်လင်းအယ်က ဒီအခွင့်အရေးကို အမိအရမယူနိုင်ဘူးဆိုရင် ဘယ်သူမှသူ့ကိုစစ်နတ်ဘုရားမလို့ ခေါ်မှာမဟုတ်တော့ပါဘူး။
ကြီးမားတဲ့အစိမ်းရောင်နဂါးကြီးက လေဟာနယ်ထဲမှာထွက်ပေါ်လို့လာခဲ့ပါပြီ။ ရှန်လင်းအယ်က နဂါးအော်သံတစ်ချက်ကိုပြုလိုက်ရင်း သူ့ရဲ့လက်ထဲကလက်နက်ကို အရှေ့ဆီတွန်းထုတ်လိုက်ပါတော့တယ်။ အစိမ်းရောင်လျှပ်စီးတန်းတွေက ကျန်းပန်ဆီကို တန်းတန်းမတ်မတ်ရိုက်ခတ်လိုက်ပါပြီ။
ဒါပေမယ့် ကျန်းပန်က ထူးကဲသာလွန်သော့်လော့ဖြစ်နေဆဲပါပဲ။ ဒီလိုအချိန်မျိုးမှာတော့ သူမကြောက်လန့်ခဲ့ပါဘူး။ ချက်ချင်းဆိုသလို နောက်ဖက်ကိုဆုတ်သွားခဲ့ပြီတဲ့နောက် ကိုးခုမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပါတယ်။ သူ့ရဲ့ကျားကင်းမြီးကောက် စစ်မှန်ခန္ဓာကိုယ်ကြီးကလဲ စတင်ကြီးမားကျယ်ပြန့်လို့လာခဲ့ပြီ မရေမတွက်နိုင်တဲ့အနက်ရောင်ပုံရိပ်တွေအဖြစ်ကိုခွဲထုတ်ကာပျံသန်းပါတော့တယ်။ ဒီပုံရိပ်တွေက သုံးပုံတစ်ပုံကတော့ အစိမ်းရောင်လျှပ်စီးတန်းတွေနဲ့ ထိတွေ့ချိန်မှာ အငွေ့ပျံလို့သွားခဲ့တယ်။ ကျန်းပန် နောက်တစ်ကြိမ်ပေါ်လာချိန်မှာတော့ ရာထောင်ချီအကွာကိုရောက်နေခဲ့ပါပြီ။ မျက်နှာကလဲဖြူဖျော့နေခဲ့သလို သွေးတွေကိုလဲအန်ထုတ်နေခဲ့ရပါတယ်။
ဒါပေမယ့် သူရှန်လင်းအယ်ဖက်ကိုလှည့်မကြည့်နိုင်ပဲ ကြောက်စရာကောင်းတဲ့အငွေ့အသက်တွေဆီကိုသာ လှည့်ကြည့်မိလိုက်တယ်။ ဟို့ယွိဟောင်ကတော့ အဖြူရောင်အလင်းတန်းတွေကိုပြန်သိမ်းလိုက်ပြီဖြစ်သလို ရန်ရှောင်ကျဲ့ဖက်ကိုလဲ ပြန်ရောက်လို့သွားခဲ့ပါပြီ။
အပိုင်း ၂၀၇•၁ ပြီး၏။