Chapter – 74 ၀င်ကြေး
ချန်ရှန်ဟာ သူ၏ စွမ်းအင်သိုလှောင်ရာမှာဖြစ်ပေါ်နေတဲ့ များစွာသောချီဓာတ်များအား ဖိနှိပ်ပြီး ပုံစံထွက်ပေါ်လာသော နတ်သားရဲ ၅ ခု ရဲ့ ပုံစံများကို ကြည့်ရင်း သက်ပြင်းချနေမိတယ်။ အားလုံးဟာအတိုင်းမရှိတဲ့ စစ်မှန်သာချီဓာတ်များ ဖြစ်နေလို့ပါပဲ ။ သာမန်အဆင့် ၁၀ ပညာရှင်ပင် သူ့ကို မမီနိုင်လောက်ပါဘူး ။ စစ်မှန်တဲ့ သိုင်းပညာရှင်များနဲ့ ယှဉ်မယ်ဆိုရင်တော့ မည်သို့ ရှိ မည်ကို သူကောက်ချက် မချနိုင်တော့ပါ ။
“တော်တယ် ကောင်လေး ၊ မင်း ခု အောင်မြင်သွားတာ ငါ့ရဲ့ အတိတ်ကိုတောင် သတိရစေမိတယ်”
စုမေးယို ခေါင်းညိမ့်ကာ ချစ်စဖွယ်ပြုံးပြီး ပြောပါတယ် ။
ချန်ရှန်လဲ ကိုယ့်ကိုကိုယ် ဂုဏ်ယူစွာ ပြုံးပြီး –
“အမတော်တို့ ၊ ကျွန်တော် အခု ဂိုဏ်းဝင်လို့ ရပြီလား ၊ နောက်ပြီး အမတော်တို့အတွက် အ၀တ်အစားသစ်တွေလည်း ထပ်ဝယ်နိုင်လောက်မှာပါ”
“လူနောက်လေး ၊ မင်းငါတို့ကို ဘယ်လိုပျော်အောင် လုပ်ရ မလဲဆိုတာ တကယ်ကို သိနေတာပဲ”
စုမေးယို ငြင်သာသော အသံလေးဖြင့် ပြောင်လိုက်ပါတယ်။
“မင်းသွားတယ် ပြီ ၊ ဒါပေမယ့် မင်း နည်းနည်းတော့ သတိ ထားရမယ် ။ ဒီဂိုဏ်းတွေထဲမှက ပုန်းနေတဲ့နဂါးတွေ နဲ့ ငုံ့လျိုးနေ တဲ့ ကျားတွေ ရှိတယ် ။ နောက်ပြီး သူတို့မျက်လုံးထဲမှာ ဒီလို အား လေးလောက်နဲ့ မင်းဟာ ပုရွတ်ဆိတ်လေးသာသာ ဖြစ်နေမှာပဲ”
ဘိုင်ယုယု က သတိပေးတာပါ ။ သူမတို့ဟာ ဒီဥယျာဉ်ထဲ မှာ နေထိုင်ရတာ အလွန်ပျော်ရွှင်ကြသော်လည်း ခုလည်း အရမ်းကို ပျော်နေပုံပါပဲ ။
စုမေးယို နဲ့ ဘိုင်ယုယု တို့ ကွင်းလေးထဲ ၀င်သွားကြတယ် ။ ချန်ရှန်လည်း ဥယျာဉ်ထဲမှ ထွက်လာပြီး တောင်ကြားထဲ ပြန် လည်ရောက်ရှိသွားတယ် ။ သူ၏ နောက်ကျောမှ မီးတောင်ပံ ထွက်လာတဲ့ အချိန်မှာတော့ သူ့ကိုယ်ဟာ နည်းနည်း လှုပ်သွား သလို ဖြစ်သွားတယ် ။ချန်ရှန်ဟာ အားပြင်းစွာ ခုန်လိုက်ပြီး လေထဲသို့ တော်တော် မြင့်မြင့်ထိကို တက်သွားကာ သူ၏ တောင်ပံများ တဖတ်ဖတ် ဖြင့် ကောင်းကင်ထဲ ရွက်လွှင့်နေပါ တော့တယ် ။
တောထဲ နက်သည်ထက် နက်စွာ ပျံသန်းခဲ့ပါတယ် ။ ဝိဉာဉ် တော်ချီဓာတ်များဟာ ပိုများသထက် များလာတာကို တွေ့ တဲ့ အခါ ချန်ရှန် အံ့သြသွားပါတယ် ။ သိုင်းပညာဂိုဏ်းဟာ ဝိဉာဉ် တော် ချီဓာတ်များ အရမ်းပေါတဲ့ နေရာမှာ ရှိတာကို ချန်ရှန် သိပါ တယ် ။ ဒါပေမယ့် ဘယ်လောက်ထိတောင် ပေါလဲဆိုတာကို တော့ သူမသိခဲ့ပါပေ ။ ခုတော့ သူကိုယ်တိုင်ကြုံတွေ့ လိုက်ရတဲ့ အခါမှာတော့ လူတွေဟာ ဘာကြောင့် ဒီဂိုဏ်းတွေကို ၀င်ချင်လဲ ဆိုတာ နားလည်သွားပါတော့တယ် ။
“ဒီနေရာက နတ်ဘုံနတ်နန်းလိုပါပဲလား”
ကျောက်သားနံရံကြီးကို ကြည့်ကာ ပြောမိပါတယ် ။ ကြီးမား လှသော မြစ်ကြီးတစ်စင်းဟာ အနီးနားမှာ စီးဆင်းနေပြီး တေးသီ ငှက်များဟာလည်း ကျက်စားနေကြပါတယ် ။ အဲဒိအစိမ်းရောင် တောအုပ်ကြီးရဲ့ အောက်ဖက်မှာတော့ များပြားလှတဲ့ ဝိဉာဉ် တော် ချီဓာတ်များ ရှိနေတာ ဖြစ်ပါတယ် ။
“ဟောဒိကမ္ဘာကြီးထဲမှာ သိုင်းပညာဂိုဏ်းတွေရဲ့ လွှမ်းမိုးမှု ဟာ အားအကြီးဆုံးပဲ ။ ဒီလို အားကြီးတဲ့ မျိုးနွယ်စုတွေ ဧကရာဇ် တွေလည်း ရှိကြပါတယ် ။ ဒါပေမယ့် သာမန်လူဟာ ဒီသိုင်းကျင့် စဉ်တွေကို မကျင့်နိုင်ကြဘူး ၊ ကျင့်နိုင်တဲ့လူတေ ဟာလည်း လက်ချိုးရေလို့ ရတယ်”
စုမေးယိုက ပြောပြပါတယ် ။ စုမေးယို ပြောတာကို နား ထောင်ပြီး ကမ္ဘာကြီးဟာ ဘယ်လိုတောင် ထူးဆန်းပြီး စွမ်းအား ကြီးတာပါလိမ့်ဟုတွေးကာ ချန်ရှန်တစ်ယောက် တွေဝေ နေပါ တော့တယ် ။
ဒီက သိုင်းပညာဂိုဏ်းတွေဟာ ရှေးဟောင်း အမွေအနှစ်တွေ ပဲ ။ ၎င်းတို့ဟာ လွန်ခဲ့တဲ့ နှစ်များစွာ အချိန်တွေတည်းက အမျိုး မျိုးသော ပုံစံများနဲ့ ပညာရှင်များက ဖန်တီးခဲ့ကြတာဖြစ်တယ် ။ အချိန်တွေ ကြာလာတာနဲ့ အမျှ ဒီဂိုဏ်းတွေဟာ ဖွံ့ ဖြိုးလာကြပြီး အင်အားကြီးထွားလာကြတယ် ။ လူများစွာဟာလည်း ၀င်ရောက် လာကြတဲ့အတွက် အင်အားတွေ များလာကြတာပဲ ၊ အကျိုး ဆက်အနေနဲ့ ဒီလို ပညာရှင်များဟာ တိမ်တွေလိုပဲ များပြားလှ တယ်”
ချန်ရှန် ပျံသန်းနေရင်း ရုတ်တရက် အောက်က အသံတစ်ခု ကြားလိုက်ရတယ် ။ သူလဲဆင်းလာပြီး ကြည့်လိုက်တဲ့ အခါမှာ တော့ လူတစ် ယောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံး မီး တောက်များ ထွက်နေသော ကြီးမားလှတဲ့ ကျွဲရိုင်းကြီး တစ်ကောင်နဲ့ တိုက်ခိုက် နေတာကို မြင်ရတယ် ။
ဒါဟာ မကောင်းဆိုးဝါး သားရဲကြီးပဲဖြစ်တယ် ။ ဒီအမျိုးအ စား အကောင်တွေဟာ ကောင်းကင်နဲ့ မြေကြီးကြားက ဝိဉာဉ် တော် ချီဓာတ်များကို ဘယ်လိုစုပ်ယူရမလဲဆိုတာ သိကြပါတယ်။ ဒီအကောင်တွေမှာ မွေးရာပါ ဝိဉာဉ်တော် အကြောများ ပါရှိပြီး ၎င်းအကောင်ကြီးရဲ့ အားအနည်းအများဟာ ပြသနာမရှိပါဘူး ။ ဒါပေမယ့် ၎င်းတစ်ကိုယ်လုံးကို ရတနာသိုက်ကြီးတစ်ခုလို သတ် မှတ်နိုင်ပါပေတယ် ။
ချန်ရှန် ထိုးဆင်းချကာ တိုက်ခိုက်နေတဲ့ မလှမ်းမကမ်းကို ရောက်လာတယ် ။ မီးတောက်နေတဲ့ ကျွဲရိုင်းကြီးဟာ ၁၈ ၁၉ နှစ် အရွယ် ခပ်၀၀ လူငယ်တစ်ယောက်နဲ့ တိုက်ခိုက်နေတာပါ ။ ထို လူငယ်ပုံစံဟာ တမျိုးတော့ တမျိုးပါပဲ ။
ထိုအချိန်မှာပဲ ခပ်၀၀ လူငယ်၏ မျက်ခုံးများ မြင့်တက်သွား တယ် ။ သူ့မျက်နာ ဟာ တဖက်က မီးတောက်နေတဲ့ ကျွဲရိုင်းကြီး ကိုရင်ဆိုင်ရင်း အရေးတကြီးပုံစံဖြစ်နေတယ် ။ သူ့ရဲ့ အားက မဆိုး လှပါဘူး ။ သူဟာ သတ္တုချီဓာတ်ကို လေ့ကျင့်ထားပုံရပြီး သိုင်းစွမ်းရည်ဟာလည်း ကောင်းမွန်ပါတယ် ။ သူ လက်သီး ထိုး လိုက်တဲ့အခါမှာ သူ၏ ချီဓာတ်များကို ထည့်သွင်းတာ မြင်နေရ ပါတယ် ။
“မိတ်ဆွေ ၊ ကျွန်တော့ အကူအညီ လိုသေးလား”
ချန်ရှန်ဟာ ဘေးနားရပ်ရင်း မေးလိုက်တယ် ။ သူဟာ ဒီ လူငယ်ရဲ့ အခြေက သိပ်မဆိုးလှတာကို တွေ့ ရပြီး အဆင့် ၉ လောက်တော့ ရှိမယ်လို့ ခန့်မှန်းမိတယ် ။
“နောင်ကြီး ကျွန်တော် ခုတော်တော် တိုက်ပြီးမှ ခင်ဗျားက ပေါ်လာတယ် ။ ဒါကို ကျွန်တော့အကူအညီလိုသေးလားလို့ ခင်ဗျားက မေးသေးတယ် ။ ခင်ဗျားက ကျွန်တော့ရဲ့ ဝေစုကို ခွဲ ချင်နေတာလား”
ဖက်တီး ရဲ့ စကားက ချန်ရှန် သွေးကြွသွားစေပါတယ် ။ မမျှော်လင့်စွာပဲ ဖက်တီးက ဒီအရာပေါ် ဈေးဆစ်နေပုံပဲ ။
“ကျွန်တော် ဘာ ဆု မှ လိုချင်လို့ မဟုတ်ပါဘူး ။ ဒီ သားရဲ မိစ္ဆာကြီး ဘယ်လောက် စွမ်းအားကြီးလဲလို့ ကြည့်ချင်တာပါ”
ချန်ရှန် ပြုံးပြီး ပြန်ပြောလိုက်ပါတယ် ။
“အဆင်မပြေဘူး ၊ ကဲထားလိုက်တော့ ၊ ကျွန်တော် ခင်ဗျား ကို ကျွဲ ခြေထောက်ပေးမယ်ဗျာ”
ဖက်တီးက ပြောလိုက်တာပါ ။ ချန်ရှန် တော်တော် အံ့သြ သွားတယ် ၊ တော်တော် ဂွကျသော ဖက်တီးပါပင် ။
“ကောင်းပြီ”
ချန်ရှန် ပြောရင်းဖြင့် ခြေတလှမ်းလှမ်းလိုက်ပါတယ် ။ မျက်စိ တမှိတ်အတွင်းမှာပင် မီးတောက်နေသော ကျွဲကြီး၏ နောက်သို့ ရောက်သွားတယ် ။ ချန်ရှန် ရွှေရောင် ချီအငွေ့ များပါဝင်သော လက်သီးကို ဆုပ်လိုက်ကာ ရွှေဖြူရောင် ကျားခေါင်းအဖြစ် ပြောင်းလဲလိုက်ပါတယ် ။
ချန်ရှန် အဖြူရောင်ကျား မုန်တိုင်း ဖြို လက်သီးကို သုံးလိုက် တာပါ ဒါတင်မက သတ္တုချီဓာတ် ကိုပါ အသုံးပြုလိုက်တာပါ ။ သူ၏ လက်သီးဟာ မီးတောက်ကျွဲကြီးရဲ့ ထူထဲလှသော အရေ ပြားကို ထိသွားပြီး မိုးကြိုးပစ်သံလို အသံကြီး ဆူညံသွားပါတယ်။ သူ၏ ရွှေရောင် ချီငွေ့ တွေဟာ လင်းလက်သွားပြီး ကျွဲကြီးရဲ့ ကိုယ်မှာ အပေါက်တစ်ခုအဖြစ် သွေးများ ကျလာတယ် ။ ဖက်တီး လည်း တော်တော်ကြီး အံ့သြသွားပါလေတော့တယ် ။
“နောင်ကြီး ၊ ဘာအကွက်များ သုံးလိုက်တာလဲဗျ ၊ တော်တော်ကို ပြင်းတာပဲဗျ”
ဖက်တီး အံ့သြမှုနဲ့ အတူ မေးပါတယ် ။ ဒီအချိန်မှာပဲ လက်သီး တစ်ချက်ဟာ ကျွဲကြီးရဲ့ ခေါင်းကို ထိသွားကာ ချီအငွေ့ များဟာ လွင့်ထွက်လာပါတယ် ။ ကျွဲကြီးမှာလည်း အသံ နက်ကြီးဖြင့် အော်မြည်လျက် ရှိပါတော့တယ် ။
ဒီလို ကျွဲကြီး ဒေါသထွက်နေတာကို ချန်ရှန် အခွင့်ကောင်း ယူကာ မိုးပေါက်များလို ပြင်းထန်လှတဲ့ မုန်တိုင်းဖြို ကျားလက် သီးများအား မျက်စိတမှိတ်အတွင်းမှာပင် ၁၀ ချက်မက ထိုးလိုက် ပါတယ် ။ ပြင်းထန်လှတဲ့ ချီအငွေ့ တွေဟာ ကျွဲကြီး၏ အရေပြား ထူထူ အောက်ကို ဖြတ်သန်းကာ အတွင်းကလီစာများကိုပါ ပျက် ဆီးသွားစေပါတော့တယ် ။ ဒေါသထွက်နေတဲ့ ကျွဲကြီး၏ ပါးစပ်မှ သွေးများအန်ထွက်လာပြီးနောက်မှာတော့ ထိုကျွဲကြီးဟာ လှုပ် ကို မလှုပ်နိုင်တော့ပါဘူး ။
ဒီအချိန်မှာ ဖက်တီးဟာ လက် ၂ ဖက် ကို တင်းတင်းဆုပ်ပြီး ခေါင်းပေါ်မြောက်လိုက်ပုံမှာ တူကြီး တစ်လက်နဲ့ ပင် တူနေပါ တယ် ။ သူ၏ ထို လက် ၂ ဖက်စုထားသော လက်သီးချက် ကျွဲ ကြီး၏ ခေါင်းပေါ်ကို ထုချလိုက်တဲ့ အခါမှာတော့ ပြင်းထန်လှ သော သတ္တုချီဓာတ်များဟာ ချီအငွေ့ များအဖြစ်သို့ ပြောင်းသွား ပါတယ် ။ မျက်စိတမှိတ်အတွင်းမှာပဲ မိုးခြိမ်းသံလို အသံများ ဖြစ် ပေါ်စေပြီး ချီလှိုင်းများဟာ အရပ်မျက်နာ အသီးသီးသို့ ပျံထွက် သွားပါတော့တယ် ။ ကျွဲကြီးဟာ သေဆုံးသွားခဲ့ရပါပြီ ။
“ခင်ဗျားရဲ့ လက်သီးတိုက်ကွက်က မိုက်ပ”
ချန်ရှန် ဟာ မြောက်ပြောပြီး ထိုလူရဲ့ စွမ်းအားကို ခန့်မှန်း ကြည့်နေမိတယ် ။ ဒီအရွယ်နဲ့ တော်တော် အံ့သြစရာပါပဲ ။
ဖက်တီး လည်း ပြုံးပြီး –
“ကျွန်တော်က ဇုရွန် ပါ ။ ဒီက နောင်ကြီးက ဘယ်သူများ ပါလဲ”
“ချန်ရှန် ပါ ၊ ကျွန်တော့်အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ် ။ ဒါကို ခင်ဗျားက နောင်ကြီးဆိုပြီး ကျွန်တော်က ကြီးသလို ခေါ် နေ တယ် ။ တကယ်က ကျွန်တော်က ခင်ဗျားထက်ငယ်ပါတယ်”
ချန်ရှန် လက်၂ ဖက်ဆုပ်ကာ ရယ်ရင်း ပြောလိုက်တယ် ။ ချန်ရှန်ဟာ တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ဆောင်နေသော ကြောင့် တခြားလူများဟာ သူ့ကို အသက်ကြီးတယ်လို့ ထင်နေ ကြခြင်း ဖြစ်ပါတယ် ။
ဇုရွန်က ရယ်ကျဲကဲဖြင့် –
“ငါက ကြီးတာကို မင်းကို ပိုကြီးသလို ခေါ်မိသွားတယ် ။ ဟီးး ဟီးး ၊ ငါမင်းကို ညီတော်လေး လို့ ခေါ်သင့်မယ် ထင်တယ်နော ၊ မင်းက ငါ့ထက် ၂ နှစ်ငယ်ပေမယ့် တော်တော် အံ့သြ စရာပဲ ။ မင်းဟာ ထင်ရှားတဲ့မျိုးနွယ် တစ်ခုခုကပဲ ဖြစ်ရမယ် ။ ဘယ်မျိုးနွယ်လဲဆိုတာတာ့ ငါမသိဘူး”
ချန်ရှန် ဒီ ဖက်တီးရဲ့ မျိုးရိုးဟာ စီးပွားရေး မျိုးရိုး ဖြစ်နိုင်တယ်လို့ ထင်မိတယ် ။ အဘယ်ကြောင့်ဆိုသော သူစကား တွေသာ ပြောနေတာ ခုနက ပေးမယ်ဆိုသော ကျွဲခြေထောက် ကိစ္စကို လုံးဝမပြောလို့ပါပဲ ။
“ကျွန်တော် က အပြင်လောက က လာတာပါ”
ချန်ရှန် အမှန်တိုင်းပြောလိုက်တယ် ။ ဖက်တီးကတော့ ကျွဲ သေကြီးနဲ့ အလုပ်ရှုပ်နေပါတယ် ။ ထို့နောက် ချန်ရှန်အား ခြေထောက် တစ်ဖက် လှီးပေးတယ် ။ သူလှီးပေးတယ့် ခြေ ထောက်ဟာ တကယ့်ကို သေးသေးလေးပါ ။ ချန်ရှန်ပင် ခဏတာ ဆွံ့အမိသွားတယ် ။
“ဒီတော့ မင်းက သိုင်းပညာဂိုဏ်းကို ၀င်ချင်တယ်ပေါ့”
ဇုရွန်က မေးလိုက်ပါတယ် ။ ကျွဲကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကိုလှီးဖြတ်ကာ သူ၏ အိတ်ထဲ ထည့်ပြီးနေပါပြီ ။
“အ ၊ ခင်ဗျားက ဒီစစ်မှန်သော သိုင်းပညာဂိုဏ်းက နောက် လိုက်တပည့် တစ်ယောက်လား”
ချန်ရှန် မေးလိုက်တယ် ။ ဇုရွန်ကလည်း ပြန်ပြောတယ် ။
“ကံကောင်းစွာပဲ ငါဟာ သိုင်းပညာဂိုဏ်းရဲ့ နောက်လိုက် တပည့် တစ်ယောက် ဖြစ်ခဲ့တယ် ။ မင်းရဲ့ အစွမ်းဟာ တော် တော်လေး ကောင်းပေမယ့် မင်း ဒီဂိုဏ်းထဲ ၀င်နိ်ုင်မှာ မဟုတ်ဘူး”
ဇုရွန်က ဂုဏ်ယူတဲ့ ပုံစံနဲ့ ပြောပါတယ် ။
“ဘာလို့လဲ”
ချန်ရှန် ထပ်မေးလိုက်တယ် ။
“ဘာလို့လဲဆိုတော့ မင်းမှာ ကျောထောက်နောက်ခံ မျိုးနွယ် မရှိဘူး ၊ နောက်မင်းသိသင့်တာက ဒီသိုင်းပညာအစစ်အမှန်ဂိုဏ်း ဟာ တခြား ဂိုဏ်းတွေနဲ့ မတူဘူး ၊ တခြားဂိုဏ်းတွေမှာ နောက် လိုက်အဖြစ် လက်ခံရင် ဂိုဏ်းကနေပြီး အကောင်းဆုံးထောက်ပံ့ မှုတွေ ရကြတယ် ။ ဒါပေမယ့် ငါတို့ ဂိုဏ်းကျ နောက်လိုက်ဖြစ်ဖို့ ၀င်ကြေးပေးရတယ်”
ဇုရွန် က ပြောပြပါတယ် ။သူ့မျက်နာမှာ အထင်သေးပုံစံ ပေါက်နေတယ် ။ ဒီလူက တော့ ကြွယ်ဝပုံပါပဲ ။
ချန်ရှန်ဟာ ဒီအကြောင်းအရာကို အရင်က ကြားဖူးပြီးသားပါ ၊ ဘာကြောင့် စုမေးယိုဟာ လန်ယုလန်ကို ဆေးဖက်ဝင်သတ္တု အသီးပေးလိုက်လဲဆိုတာကို သတိရသွားမိတယ် ။
“ခင်ဗျားဆိုလိုတာက ကျွန်တော်က ဒီဂိုဏ်းကို ၀င်ဖို့ မတတ် နိုင်ဖူးလို့ ပြောချင်တာလား”
ချန်ရှန် မေးလိုက်ပါတော့တယ် . . . ။