Switch Mode

Chapter – 73

အောင်မြင်မှု

Chapter – 73 အောင်မြင်မှု

ချန်ရှန်စိတ်ထဲမှ တီးတိုးရေရွတ်နေမိတယ် ။
“အမတော်ကို ခုနေတော့ ပျော်ခွင့်ပေးထားလိုက်မယ် ။ ခဏ တော့စောင့်နေ ၊ ကျွန်တော် အမတော် မရယ်နိုင်အောင် လုပ်ပြ မယ်”
သူလည်း ခဏနားပြီးနောက် ပြန်လည် စတင်ပါတယ် ။ ဒါပေ မယ့် ဒီတကြိမ်မှာ သူ နဂါးမီးတောက် မီးဖိုကို အသုံးမပြုတော့ပဲ သူ့အဖေပေးခဲ့တယ့် မီးဖို အမည်းလေးကို ထုတ်လိုက်ပါတယ် ။
“အိုးးး ၊ နဂါးမီးတောက် မီးဖိုက မင်းကို အချိန်ကုန်သက်သာ စေတယ်လေ ၊ ဒါနဲ့သာဆို မင်းတစ်နေကုန်လုပ်တောင် တစ်ကြိမ် ဆေးလုပ်လို့ ပြီးမှာမဟုတ်ဘူး”
စုမေးယို က ပြောလိုက်တာပါ ။
“မင်း ငါ့ခံစားချက်ကို ထည့်တွက်ပေးဖို့ မလိုအပ်ပါဘူး ၊ ကိစ္စ မရှိဘူးနော်”
ဘိုင်ယုယုက သူ့ကို အားနာပြီး နဂါးမီးတောက် မီးဖိုကို မသုံး တာ ဟုထင်သွားလို့ပါ ။
ချန်ရှန်ဟာ သူမတို့ကို ဂရုမစိုက်တော့ပဲ ဆေးလုပ်ခြင်းကို စ တင်ပါတော့တယ် ။
ညအချိန်မှာတော့ သော်တာလမင်း အလင်းရောင်ဟာ ကျောက်နံရံများကို ဖောက်ဝင်လာာ ဆေးဥယျာဉ်အတွင်းသို့ ဖြာ ဆင်းကျလျက်ရှိနေတယ် ။ စုမေးယို နဲ့ ဘိုင်ယုယု တို့ ညီအမ ၂ ယောက်ဟာ ပူးကပ်ပြီး အိပ်နေကြပါတယ် ။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေပြီး သူမတို့ ဒီလို လွတ်လွတ်လပ်လပ် အိပ်ရတာ မျိုးဟာ အလွန်ရှားပါးလှတယ့် အတွက် ဟောက်သံလေးတွေပင် ထွက်နေပါသေးတယ် ။
ချန်ရှန်ကတော့ ဆေးများ ပြုလုပ်လျက်ရှိနေရင်း အလှပဂေး ၂ ယောက် စွဲဆောင်မှုရှိစွာ အိပ်စက်နေကြပုံကို ကြည့်နေမိ ပါတယ် ။ သူ၏ စိတ်တွေလည်း ကမောက်ကမဖြစ်ကာ သူ၏ မီးဖို မှာလည်း ဒီလိုကြောင့်ပင် ပေါက်ကွဲတော့မလိုတောင် ဖြစ်နေ တယ် ။
“ငါညလယ်လောက်သာ အိပ်လို့ရရင် တကယ်ကောင်းမှာပဲ”
ချန်ရှန် စိတ်ထဲတွေးနေမိတယ် ။ တကယ်လို့ ဒီအတွေးကို သာ ဟို ညီအမ ၂ ယောက်သိပါက အထင်သေးသွားနိုင်ပါတယ်။
တစ်ရက်နဲ့တစ်ည ကုန်ဆုံးသွားပြီးနောက်မှာတောင် ချန်ရှန် ဟာ နောက်ဆုံးအဆင့်ကိုသာ ရောက်သေးတယ် ။ ဒါပေမယ့် အဆုံးမှာတော့ ကျရှုံးခဲ့ရလေပြန်ပါတယ် ။
ကျရှုံးခဲ့ရတယ့် အကြိမ်တွေကို ကြည့်ရင်း ချန်ရှန် တည်ငြိမ် အောင် မနည်းထိန်းနေရတယ် ။ သူ့မှာ ဆေးပင်တွေ အများကြီး ရှိတယ် ။ ခရမ်းရောင်အသီးဟာလည်း တစ်လုံးကို ၁၀ ကြိမ် ပြုလုပ်နိုင်ပြီး သူ့မှာ ရာနဲ့ချီပြီးရှိနေပါတယ် ။ ဒါတွေကုန်သွားတဲ့ အချိန်ထိတော့ မအောင်မြင်ပဲ နေမှာ မဟုတ်ဘူးလို့ ချန်ရှန် ယုံ ကြည်နေမိတယ် ။
စုမေးယို နဲ့ ဘိုင်ယုယု တို့ ကွင်းလေးထဲမှာ ရေမိုးချိုး အ၀တ် စားလဲကြပါတယ် ။ ချန်ရှန် တွေ့ ရသလောက် ဒီ ၂ ယောက်ဟာ တစ်နေ့ထဲမှာကို အ၀တ်အစားတွေ များစွာ လဲ ရတာကို ကြိုက် ကြပုံပဲ ။ နောက်ပြီး အ၀တ်အစားကို ဆင်တူလဲ မ၀တ်ကြပါ ။ ဒါတင်မက ဒီလိုဝတ်ဆင်ပြီး သူ့ကို ပြရတာ ပျော်ရွှင်နေကြပုံပါပဲ။
အမြဲတမ်း ချန်ရှန် သူတို့ ဒီလို အ၀တ်အစားလဲပြီး ထွက်လာတာ ကို မြင်တဲ့အခါ ချီးကျူးစကားများ ပြောဆိုလေ့ ရှိ ပါတယ် ။ ဒါပေမယ့် ဒီလို ပြောဆိုတဲ့စကားများဟာလည်း တစ် ကြိမ်နဲ့ တစ်ကြိမ် တူလေ့မရှိပါ ။ ဒီလိုလေး ပြောဆိုပေးတာက သူ မတို့ကို ပျော်ရွှင်စေမယ်ဆိုတာ သူသိနေတယ်လေ ။
ဒီမိန်းမလှ ၂ ယောက်ဟာ နှစ် တစ်ထောင်လောက်တော့ နေထိုင်ခဲ့ပြီးပြီဆိုတာ သူသိနေပါတယ် ။ ဒါပေမယ့် သူမတို့ဟာ မိန်းမ များသာ ဖြစ်ပြီး ဘာမှမဟုတ်ပါဘူး ၊ ဒီလို လှလှပပ ၀တ်စားရတာကို ကြိုက်နှစ်သက်ကာ ယောကျာ်းများစိတ်ကို ဖမ်း စားသော်လည်း သူမတို့မသိတာက ယောကျာ်း များ ဟာ သူမ တို့ ဘာမှ မ၀တ်တာကိုသာ ပို ကြည့်ချင်ကြတယ်ဆိုတာပါပဲ ။ (အေးလေ တော်တော် ပိန်းတာပဲ နော် :-P)
“အမတော် ယုယု ၊ အမတော် မေးယို ၊ ကျွန်တော် ဂိုဏ်းထဲ ၀င်ပြီးတဲ့အခါ အမတော်တို့ကို ပိုလှတဲ့ အ၀တ်တွေ ၀ယ်ပေးမယ် နော် ၊ ဒီလို နေရာတွေမှာ တခြားစတိုင်ပုံစံအမျိုးမျိုး ရှိမယ်လို့ ထင်တာပဲ”
ချန်ရှန် ရယ်မောရင်း ပြောဆိုပါတယ် ။
“ကောင်လေး ၊ မင်းက ဖားတဲ့နေရာ တော်တော် တော်တာ ပဲ ၊ ငါတို့ကို ဘယ်လို မြောက်ရမလဲဆိုတာ သိနေတယ်”
စုမေးယို ရယ်မောလျက် ပြောပါတယ် ။
“ကျေးဇူးပဲ”
ဘိုင်ယုယု က လေ သံ တီးတိုးဖြင့် ပြောပါတယ် ။ သူမ၏ အသံဟာ အေးစက်စက် ဖြစ်သော်လည်း နူးညံမှုများကိုတော့ ချန်ရှန် မြင်နေရပါတယ် ။
“အနားယူကြပါ ၊ ကျွန်တော့ စွမ်းအားတွေ တိုးတက်ဖို့ ကျွန် တော် အစွမ်းကုန် ကြိုးစားမှာပါ ။ အမတော်တို့ စွမ်းအားတွေ ပြန် ရဖို့ တတ်နိုင်သရွေ့ ကူညီပါ့မယ် ။ နောက် အမတော်တို့ ရန်သူ တော်တွေကိုလည်း အမြစ်ဖြတ်သုတ်သင်ပေးမယ် ။ ဒါကြောင့် ကျွန်တော် ၀ယ်ပေးတဲ့ အ၀တ်တွေ ၀တ်ပြီး ကမ္ဘာ ပတ်ပြီးသာ ပျော်ပျော်နေကြပါ”
ချန်ရှန် အလွန်စိတ်အားထက်သန်စွာဖြင့် ပြောလိုက်တယ် ။ စုမေးယိုနဲ့ ဘိုင်ယုယုတို့ တော်တော် ကျေနပ်သွားကြပါတယ် ။
သူမတို့ဟာ ယခု ပြင်းပြင်းထန်ထန် အတွင်းဒဏ်ရာရနေကြ တာ ဖြစ်ပြီး သူမတို့မှာ ရန်သူတော်တစ်ယောက်ရှိနေတယ် ဆိုတာ အားလုံးအသိပါပဲ ။ ဒီလို ပညာရှင် ၂ ယောက်ကိုတောင် ရှုံးနိမ့်သွားစေတဲ့ အစွမ်းထက်လှ သော ရန်သူတော်ကို သုတ် သင် နိုင်ဖို့ အတွက် သူမတို့ မျှော်လင့်ချက်ဟာ ချန်ရှန်ပါပဲ ။ သူမ တို့ မျက်လုံးထဲမှာ ချန်ရှန်ဆိုတာ စဉ်းစားတွေးခေါ်တတ်ပြီး တော် တဲ့ မောင်လေး တစ်ယောက်လိုပါပဲ ။ တခါတရံ သူမတို့ကို နှာဘူး ကျနေတာကလွဲလို့ပေါ့ 😛
နေ့တစ်နေ့ကို ထပ်မံ ကျော်ဖြတ်ပြီးတဲ့ အခါမှာတော့ ညီအမ ၂ ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပါတယ် ။ နေရောင် ခြည်အလင်းတန်းဟာ သူမတို့အပေါ် ကျရောက်တဲ့အခါမှာတော့ သူမတို့ ၏ လှပသောမျက်လုံးများကို ဖွင့်လိုက်ပါတော့တယ် ။ ဒီအချိန်မှာ ချန်ရှန်တစ်ယောက် သူ၏ မျက်လုံးများကို ပိတ်ထား ကာ အသည်းသန်ဖြစ်နေပုံကို တွေ့ လိုက်ကြရတယ် ။ ချွေးတရွှဲ ရွှဲ ဖြင့် ဆေးပြုလပ်နေတာ ဖြစ်ပြီး အရေးကြီးဆုံးအဆင့်ကို ရောက်ရှိ နေပုံပါပဲ ။
ဒါဟာ ၁၂ ကြိမ်မြောက် ချီဓာတ်ဆေိးု ပြုလုပ်နေတာဖြစ်ပြီး ဒီလို အခြေနေကို မြင်တွေ့ ရတယ့်အခါ စုမေးယို လန့်သွားတယ်။
ခဏကြာပြီးနောက် ချန်ရှန်ဟာ အသက်ကို ၀အောင်ရှူကာ မျက်လုံးများ ဖွင့်လိုက်တယ် ။ သူ၏ မျက်နာမှာ ပျော်ရွှင်မှုများ မြင်နေရတယ် ။ ချန်ရှန် အိပ်ယာထက်မှာ ထိုင်နေတဲ့ မိန်းမလှ ၂ ယောက်ကို ကြည့်လိုက်ပြီး ရယ်မော ပြောဆိုလိုက်ပါတယ် ။
“အမတော်တို့ ၊ မနက်စာ လတ်လတ် ဆတ်ဆတ်လေး ကို စားချင်ကြသလား ၊ ကျွန်တော် လုပ်ပြီးပြီ”
ပြောပြီးနောက် ချန်ရှန်ဟာ မီးဖိုအမည်းလေး၏ နှုတ်ခမ်း အား ဖွင့်လိုက်ပါတယ် ။ အထဲမှာတော့ စစ်မှန်သော ချီဓာတ်ဆေး ၅ လုံးကို ခရမ်းရောင်အလင်းတန်းများ ထွက်နေလျက် တွေ့ နိုင် ပါတယ် ။ ညီအမ ၂ ယောက် တော်တော် လန့် သွားကြတယ် ။ သူမတို့ ၏ လှပသော မျက်နာမှာ မယုံကြည်နိုင်မှုများ ပြည့်လျက် လျင်မြန်စွာပင် မီးဖိုဆီ လျှောက်လှမ်းလာကြပါတယ် ။ အထဲမှာ တော့ မနက်စာ ဆိုတာကို မြင်လိုက်ကြရပါတော့တယ် ။
ချန်ရှန်ဟာ တကယ်ပဲ ချီဓာတ်ဆေးတွေကို မနက်စာအဖြစ် စီမံထားနိုင်တာပါပဲ ။
“အမတော် မေးယို ၊ ကျွန်တော် ၁၂ ကြိမ်ပဲ မအောင်မြင် ခဲ့တာနော် နောက်ပြီး ရိုးရိုးမီးဖိုမှာပဲ လုပ်ခဲ့တာ ။ ကြည့်ရတာ ဆေးလုပ်ဖို့ သင်ယူတာမှာ အဆင့်နိမ့်မီးဖိုကို သုံးတာက ပိုပြီး သင့်တော် . . . ၊ ဟဟ . . . ဒီက မောင်ငယ်လေးတော့ ရှက် မိ နေပြီ ။ ကျွန်တော် ၇၂ ကြိ်မ်ဆိုတဲ့ အမှတ်အသားကို မရောက် နိုင် တော့ဘူးပေါ့”
ချန်ရှန် စပ်ဖြဲဖြဲ လုပ်လျက် ပြောပါတယ် ။ စုမေးယိုလည်း ဒီ ကောင်လေးရဲ့ ဖြူဖွေးလှတဲ့ သွားလေးတွေကို ရိုက်ချိုးချင် စိတ် ပေါက်နေပါပြီ ။
“ဒေါသတကယ်ထွက်မိတယ် လူနောက်လေး ၊ ငါ ၇၂ ကြိမ် ကျရှုံးခဲ့တဲ့ အချိန်တုန်းက အဲဒိအချိန်မှာ ပညာရှင် ငါ့ဆရာရဲ့ ချီးမွန်းဂုဏ်ပြုခြင်းကို ခံခဲ့ရတယ် ။ ဒါပေမယ့် မင်းက . . .”
စုမေးယို တတွတ်တွတ်ပြောလျက် မျက်နာကြီးစူပုပ်နေပေ မယ့် စိတ်ထဲမှာတော့ တော်တော် ပျော်နေတာပါ ။
“ဆက်ကြိုးစား ၊ အခု နဂါးမီးတောက် မီးဖိုကိုသုံး ၊ အချိန် ကုန် သက်သာအောင် ပြောနေတာ”
ဘိုင်ယုယု သွယ်လျလှပတဲ့ သူမ၏ လက်လေးဖြင့် ဆေးကို ကောက်ယူကာ ပါးစပ်ထဲထည့်လိုက်တယ် ။ ထို့နောက် သကြား လုံးစားသလို ဝါးနေပုံမှာ စွဲဆောင်မှု ရှိလှပါတယ် ။
တဖက်က စုမေးယိုဟာတော့ စူပုတ်လျက်ပါပဲ ။ အလှပဂေး ၂ ယောက်ဟာ အလွန်ချစ်စရာကောင်းလှတဲ့ ပုံစံများဖြင့် ရပ်နေ ကြပါတယ် ။ ချန်ရှန်တစ်ယောက် ကြည့်ရင်းမိန်းမောလျက် ထို မိန်းမလှ ၂ ယောက်အား သူ့လက်များဖြင့် ထွေးပွေ့ ခြင်စိတ်များ ကို မနည်းထိန်းထားရပါတယ် ။
သာမန်မီးဖိုဟာ တရက်ထက် ပိုကြာပါတယ် ။ ဒါပေမယ့် နဂါး မီးတောက် မီးဖိုနဲ့ ဆိုပါက နာရီဝက်သာ ကြာမှာပါ ။ အစက တော့ ဒီမီးဖိုနဲ့ မအောင်မြင်ခဲ့သော်လည်း ယခုအချိန်မှာတော့ သူ ဟာ ဆေးလုပ်နည်း ဖြစ်စဉ်တစ်ခုလုံးကို နားလည် သွားတဲ့အ တွက် ထပ်မံမကျရှုံးနိုင်တော့ပါဘူး ။
နေ့ဘက်မှာ ဆေးများပြုလုပ်ကာ ညဖက်တွင် ကျင့်စဉ်များ လေ့ကျင့်လျက်ပါ ။ ချန်ရှန်၏ ချီဓာတ်များ ပြည့်ဝလာမှုဟာ မနှိုင်း ယှဉ်နိုင်လောက်အောင်ကို လျင်မြန်နေပါတော့တယ် ။
နေ့တိုင်း သူဟာ အဆင့်န်ိမ့် ဝိဉာဉ်တော်ဆေးဖြစ်တဲ့ ချီဓာတ်ဆေးကို ၁၀ ကြိမ်ပြုလုပ်တဲ့အတွက် စုစုပေါင်း အလုံး ၅၀ ရရှိပါတယ် ။နေ့ ခင်းမှာတော့ သူဟာ ဒီဆေးတွေကို စားကာ ကျင့်စဉ်တွေကို ကျင့်ပြီး ဆေးအာနိသင်ကြောင့် ပိုမိုပြီး ချီဓာတ် များကို ဖိနှိပ်နိုင်နေပါတယ် ။
အချိန်တွေကုန်တာ မြန်လွန်းလှတယ် ။ ၃ လဆိုတယ့်အချိန် ဟာ မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားပါတယ် ။ နေ့စဉ် ချန် ရှန် ဟာ ဒီလို အစီအစဉ်များကို မှန်မှန်ပြုလုပ်နေရသော်လည်း အလှ ပဂေး ၂ ယောက်နဲ့အတူ ရှိနေခြင်းကြောင့် သ်ိပ်တော့ မပျင်းလှပါ။
ယခုတော့ ချန်ရှန်ဟာ သူ၏ စွမ်းအင်သိုလှောင်ရာတွင် နတ် အတွင်းအား သင်္ကေတ လေးခုရဲ့ စစ်မှန်သော ပုံစံ လေးခုလုံးကို ပုံဖော်နိုင်သွားပါပြီ ။ ထိုသင်္ကေတလေးခုဟာ ဝါးတားတား ပေါ်နေ ပြီး သူကျင့်စဉ်များ ဆက်လက်လေ့ကျင့်တဲ့အခါမှာတော့ အနည်း ငယ် ထင်ရှားစွာ ပေါ်လာတာကို မြင်ရပါတယ် ။ ဒါဟာ သူ့ကို နည်းနည်းတော့ စိတ်ကျေနပ်စေမိပါတယ် ။
ချန်ရှန်ဟာ ယခု အသက် ၁၇ နှစ် ရှိပါပြီ ။ အဆင့် ၉ ကို ၀င် ရောက်မယ့်ဆဲဆဲ ဖြစ်ကာ နောက်ဆုံးကျန်သည့် စစ်မှန်သော ပုံစံကို ပြုလုပ်နိုင်ပါက ထို အဆင့်သို့ ရောက်ရှိတော့မှာပဲ ဖြစ်ပါ တယ် ။
ချန်ရှန်၏ စွမ်းအင်သိုလှောင်ရာမှ ထိုက်ကျိ ယင် နဲ့ ယန် ပုံသေချပ်၏ အလယ်တွင် မြေကြီးချီဓာတ်တွေ ပြည့်နေတဲ့ အလုံး လေး တစ်ခု ရှိပါတယ် ။ ယခု ၎င်းအလုံးလေးဟာ များစွာ သော ချီဓာတ်တွေကို စုပ်ယူပြီး လျင်မြန်စွာ ကြီးထွားနေတာပါ ။ ဒါတင်မက တချိန်တည်းမှာပင် ဖိနှိပ်ထားခြင်း ခံနေရပြီး ပုံစံတစ်ခု အသွင် တဖြည်းဖြည်း ပေါ်လျက်ရှိတယ် ။ ဒီပုံစံကတော့ ဆင်ပုံစံ ပင်ဖြစ်ပါတယ် ။
တောင်ပတ်လည်က ဝိဉာဉ်တော် ချီဓာတ်များဟာ များစွာ ထွက်နေပြီး ဒီတောင်ကြားထဲကို ပျံနှ့ံနေလျက် ရှိသောကြောင့် ချန်ရှန်ဟာ စိတ်ကြိုက်ကို စုပ်ယူနေနိုင်ပါတယ် ။ ဆင်ပုံစံလေး ဟာ တဖြည်းဖြည်း ပုံပေါ်လာပြီး ယခု ချန်ရှန်ဟာ သူ၏ ကြီးမား လှသော နတ်အတွင်းအားအာရုံဖြင့် ၎င်း သားရဲသင်္ကေတ ၅ ခု ပုံ အား ပုံစံ တစ်ခုထဲဖြစ်အောင် ပြုလုပ်လျက်ရှိပါတယ် ။
“အောင်ပြီကွ”
ချန်ရှန် ကျယ်လောင်စွာ အော်လိုက်တယ် ။ ရုတ်တရက်ပဲ မမြင်နိုင်တဲ့ ချီလှိုင်းများဟာ သူ၏ ကိုယ်မှ ထွက်လာပါတယ် ။ ဒါဟာ အနှိုင်းမဲ့စကြာဝဠာ ချီဓာတ်ဖြစ်ပြီး သူလိုချင်တဲ့အတိုင်း ချီဒြပ်စင် ၅ ခုကို တစ်ခုထဲအဖြစ် ပေါင်းစပ်ကာ အနှိုင်းမဲ့စကြာဝ ဠာ အားအင်ကို ထုတ်လွှတ်နိုင်ပြီဖြစ်ပါတယ် ။
ချန်ရှန်ဟာ သားရဲငါးကောင်ရဲ့ သန္ဓေသားလောင်းလေးတွေ ကို ပုံစံပြောင်းကာ ဖိနှိပ်လျက် ထွက်လာသောချီဓာတ်များအား အနှိုင်းမဲ့ စကြာဝဠာ အင်အားအဖြစ် ပြောင်းလဲလိုက်ပြီး အဆင့် ၉ သိုင်းပညာရဲ့ တံခါးကြီးကို ချိုးဖျက်လိုက်ပါတော့တယ် ။
ချန်ရှန်ဟာ အသက် ၁၇ နှစ်နဲ့ မော်တယ်သိုင်းပညာ အဆင့် ၉ ကို တက်လှမ်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset