Switch Mode

Chapter – 13.2

" ထူးဆန်း ရေ ဆေးလုံး "

Chapter – 13.2 ” ထူးဆန်း ရေ ဆေးလုံး ”
°°°
” မင်းအဘိုးအေးကြီးကိုသွားပြီ လှည့်စားပါလား အကယ်၍ မင်းငါနဲ့ လောင်းကြေးထပ်ချင်တယ်ဆိုရင်တောင် မင်းရှုံးတာကိုတော့ လက်ခံရမယ်လေ ငါ့ကို မင်းအကြွေးတင်နေတဲ့ ထူးဆန်းရေဆေးလုံး ပေးတော့ ”

ပေ့ပေ့က သူ့ရဲ့နဂါးလက်သည်းကို အသုံးချပြီး ရှုစန်းရှီရဲ့ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် တုန်ခါသွားစေခဲ့ပါတယ်။

ပေ့ပေ့က သူ့ကို အနိုင်ရဖို့အတွက် သူကိုယ်တိုင်း လှည့်စားပေးမဲ့သူ အရှေ့မှာရပ်မိတာကို ရှုစန်းရှီဘယ်လိုများ သိနိုင်မှာလဲ။

အမှန်ပါပဲ ရှုစန်းရှီ ခံစားလိုက်ရတဲ့ နာကျင်မှုကတော့ ဟို့ယွိဟောင်ရဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးနဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုပါ။ ဟို့ယွိဟောင်ရဲ့ ကျင့်ကြံဆင့်က မမြင့်ပေမဲ့ သူ့ရဲ့စွမ်းအင်နှစ်ခု ပေါင်းစည်းတိုက်ခိုက်မှုက ရှုစန်းရှီကို တခဏတာ သတိလစ်သွားစေခဲ့ပါတယ်။ ဒါကလဲ ရှုံးနှိမ့်မှုကို ဖြစ်စေခဲ့တယ်။

ဟို့ယွိဟောင်က ရှူစန်းရှီနဲ့ မီတာသုံးဆယ်အနားလောက်မှာ ရှိနေခဲ့တာပါ။ သူ့အတွက် တိုက်ခိုက်မှုက အကောင်းဆုံးနေရာပါပဲ။ စွမ်းရည်နှစ်ခုစလုံးကို ထုတ်သုံးနေရုံတင်မကပဲ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ မျှဝေမှုကိုပါ ပေ့ပေ့ကို ကူညီပေးဖို့ သူသုံးထားပါသေးတယ်။ ဒါကြောင့်လဲ ရှုစန်းရှီရဲ့ အားအနည်းနေရာကို ရှာတွေ့နိုင်ခဲ့တာပါ။

ဟို့ယွိဟောင်က ၀ိညာဥ်ပညာရှင် ဖြစ်လာကထဲကစပြီး အကောင်းဆုံးအထောက်အပံ့ပြုမှုတွေကိုပဲ လုပ်ခဲ့ပါတယ်။ သူက လက်ရှိအချိန် ၀ိညာဥ်စွမ်းအားသုံးခုကို ဆက်တိုက်သုံးခဲ့ပြီး နှစ်ယောက်စလုံးရဲ့ ရလဒ်ကို အမြန်အဆုံးသတ်ပေးနိုင်ခဲ့တယ်။

ထန်ယာ့က ပေ့ပေ့ကို ပြိုင်ပွဲမစခင် လုပ်ပြခဲ့တဲ့ လက်ဟန်တွေက ဟို့ယွိဟောင်ကူညီမယ်ဆိုတာကို ပြောပြတာပါပဲ။ ဒါကြောင့် ပေ့ပေ့လဲ ရှုစန်းရှီကို အခွင့်အရေးကောင်းရှာပြီ အမြန်အလဲထိုးနိုင်ခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုကြောင့် သူဒီလိုလုပ်နိုင်တာပါ။

ပေ့ပေ့နဲ့ ဟို့ယွိဟောင်တို့ရဲ့ ပေါင်းစည်းမှုရလဒ်က အနိုင်ကို အမြန်ဆုံးရရှိစေခဲ့ပါတယ်။

ထန်ယာ့ရဲ့ ပေ့ပေ့ကလွဲပြီ ဒီနယ်မြေထဲမှာ ၀မ်သုန့်တစ်ယောက်သာ ဒါကို သိနိုင်ခဲ့ပါတယ်။ ပေ့ပေ့ သူ့ရဲ့ ၀ိညာဥ်စွမ်းရည်ကိုသုံးချိန်မှာ သူ့ရဲ့၀ိညာဥ်စက်ကွင်းက ခြေထောက်အောက်ကို ရောက်ရှိလို့လာခဲ့ပါတယ်။ အဲ့ဒီ၀ိညာဥ်စက်ကွင်းက အပေါ်ကိုတက်မလာခဲ့တာ တစ်ခုပဲရှိပြီး ၀မ်သုန့်အာရုံမခံနိုင်စရာ အကြောင်းမရှိပါဘူး။

၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ မျက်၀န်းထဲမှာ ရွှေရောင်အလင်းတန်းတွေ မှိန်ဖျော့ဖျော့တောက်ပနေတာကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ အဲ့ဒီအလင်းတန်းတွေက တစ်စထက်တစ်စ ပိုပြီး အားကောင်းလို့လာခဲ့တယ်။ နောက်ဆုံးမှာတော့ ခရမ်းရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လို့လာခဲ့ပြီး ချက်ချင်းဆိုသလို ရှုစန်းရှီလဲ ပြဿနာတက်ရပါတော့တယ်။ အဲ့ဒီနောက် သူလဲ ၀မ်သုန့်ဘက်ကို စောင်းလိုက်မိတယ်။

၀မ်သုန့်လဲ ဟို့ယွိဟောင်ကို မသိလိုက်မသိဘာသာနဲ့ စောင့်ကြည့်နေခဲ့တဲ့အတွက် သူသတိထားမိချိန်မှာတော့ ပြိုင်ပွဲက ပြီးသွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ သူ့စွမ်းရည်ကို သုံးပြီးပြီချင် ချက်ချင်းဆိုသလို သတိလစ်သွားတော့တာပါ။

” သူဘာဖြစ်တာလဲ ”

၀မ်သုန့်က အထိတ်တလန့်နဲ့ မေးလာခဲ့ပါတယ်။ ထန်ယာ့ကလဲ ဟို့ယွိဟောင် ပြိုလဲသွားတာကို မြင်ချိန်မှာ မျက်လုံးပြူးသွားတော့တယ်။ ဒါကြောင့် သူ့ခန္ဓာကိုယ်ကို ခပ်မြန်မြန် စစ်ဆေးရင်း သက်ပြင်းချလိုက်ပါတော့တယ်။

” ၀ိညာဥ်စွမ်းအား အသုံးများပြီတော့ အားကုန်သွားတာ ဘာမှမဖြစ်ဘူး သွားကြမယ် ”

ကိစ္စတွေ ဆိုးမလာခင် ရန်သူနယ်မြေထဲက ထွက်ခွာတာအကောင်းဆုံးပါပဲ။ ဒါ့အပြင် ထန်ယာ့ကိုယ်တိုင်းကလဲ စိတ်ထဲမှာပဟေဠိဖြစ်နေဆဲပါ။ ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုက ဘယ်လိုကြောင့်များ ဒီလောက်တောင် အားကောင်းလာနိုင်ရတာလဲ။ ပေ့ပေ့ရဲ့ မူလအစီအစဥ်က ဒီစွမ်းအားကို အသုံးပြုပြီ တခဏတာ ထောက်ပံ့ပေးဖို့ပါ။

ပေ့ပေ့နဲ့ ရှုစန်းရှီတို့ ကျင့်ကြံဆင့်က အတူတူနီးပါးလောက်ပဲရှိပါတယ်။ အခွင့်အရေးကို အကောင်းဆုံးဆုပ်ကိုင်နိုင်တဲ့သူကသာ အနိုင်ရဖို့များမှာပါ။ ဒါပေမယ့် တစ်ချက်ထဲနဲ့ အနိုင်ရမယ်လို့ သူမတောင် မတွေးမိပါဘူး။

ဟို့ယွိဟောင်ကတော့ အရမ်းကို မောပန်းနေခဲ့ပါပြီ။ တစ်နေ့တာလုံးလုံး ခန္ဓာကိုယ်လေ့ကျင့်မှုလုပ်ရတဲ့အပြင် ၀ိညာဥ်စွမ်းရည်ကိုလဲ အကြိမ်ကြိမ် အသုံးပြုနေခဲ့ရတာကြောင့် ပြင်းထန်တဲ့မောပန်းမှုက သူ့ကို သတိလစ်သွားစေခဲ့ပါတယ်။ ဒါ့အပြင် အချိန်အတော်ကြာတဲ့အထိလဲ နိုးလာနိုင်မှာမဟုတ်ဘူး။ ဒါက သူ့ခန္ဓာကိုယ်ရဲ့ အလိုအလောက် ခုခံကာကွယ်မှုစနစ်ပါပဲ။

ထန်ယာ့နဲ့ ၀မ်သုန့်က ဟို့ယွိယောင်ကို သယ်ပြီးသူတို့အခန်းဆီ ပြန်ခေါ်လာခဲ့ပါတယ်။ သူတို့အခန်းဆီ ရောက်ရောက်ချင်းပဲ ပေ့ပေ့ကလဲ သူတို့အနားကို ရောက်လာခဲ့တယ်။

သူ့၀ိညာဥ်စွမ်းအားကို အသုံးပြုပြီ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်သက်သာစေအောင် ကူညီပေးလိုက်ပါတယ်။ အဲ့ဒီနောက် ကြွေပုလင်းတစ်ပုလင်းကို ထုတ်ယူလို့လာခဲ့ရင်း ဆေးတစ်လုံးကို ထုတ်ချလိုက်ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ပါးစပ်ထဲကို ဆေးလုံးထည့်ပေးလိုက်တယ်။

” ညီငယ်လေး ကျေးဇူးပြုပြီ သူ့ကို ဂရုစိုက်ပေးပါဦး ”

အတန်းကြီးတွေကို အတန်းငယ်တွေရဲ့ အခန်းထဲ၀င်ခွင့်မပေးဘူး ဒါက ကျောင်းတော်ရဲ့ စည်းမျဥ်းပဲ ဒါတွေကြောင့်သာ ပေ့ပေ့က ၀မ်သုန့်ကို အကူအညီတောင်းရတာပါ။

၀မ်သုန့်ကတော့ ခဏတာ စိတ်ညစ်လို့သွားပါတော့တယ်။ သူက အတော်ကို မြင့်မားတဲ့မိသားစုက လာခဲ့တာကြောင့် ကိစ္စတွေအများကြီးကို သိထားခဲ့တယ်။ ပေ့ပေ့ ထုတ်ယူလိုက်တဲ့ဆေးလုံးကို သူရှင်းရှင်းလင်းလင်း မြင်ပြီသားပါ။ အဲ့ဒီအပြာရင့်ရောင်ဆေးလုံးက ချယ်ရီသီးတစ်လုံးလိုအရွယ်အစားရှိပါတယ်။ ဒါ့အပြင် ပုံသဏ္ဍာန်မျိုးစုံနဲ့ သွေးကြောတွေလို အရာတွေလဲ အပေါ်မှာရှိနေခဲ့တယ်။ သူ့ကို ထည့်ထားတဲ့ပုလင်းတောင်မှ မြူခိုတွေအပြည့် ဖြစ်နေခဲ့တာ​ပါ။ ဒါ့အပြင် မွှေးပျံ့တဲ့ ရနံ့ကလဲ စိတ်ကိုလန်းဆန်းစေပါတယ်။

အဲ့ဒါ ထူးဆန်းရေဆေးလုံးမလား မဖြစ်နိုင်တာပဲ ၀မ်သုန့် ချက်ချင်းဆိုသလို ငြင်းပယ်လိုက်မိပါတယ်။ သူတင်မကပဲ ၀င်ပေါက်မှာ ပျင်းပျင်းရိရိ လှဲနေတဲ့ အဘိုးကြီးတောင် မျက်လုံးပွင့်လာခဲ့ပါတယ်။

ထန်ယာ့က ၀မ်သုန့်ကို မေးလိုက်ပါတယ်။

” ချစ်စရာကလေးလေး ယွိဟောင် နိုးလာပြီဆိုရင် မနက်ဖြန်ငါး၀ယ်ဖို့ သတိပေးဦးနော် အစ်မပြန်လာခဲ့မယ်…ဒါ့အပြင် အစောပိုင်းတုန်းက ပေးခဲ့သလိုမျိုး အစုံလိုက်တွေပေးမယ်လို့ ပြောပေးဦး ”

ပေ့ပေ့ကတော့ စိတ်မကြည်လက်မကြည်နဲ့ ပြောလိုက်ပါတယ်။

” မင်းကတော့လေ စားဖို့ပဲ သိတယ်…ဒီနေ့ ငါညီငယ်လေး မထိခိုက်တော့ဘူး ”

ထန်ယာ့က ချက်ချင်းဆိုသလို ပြောလိုက်ပါတယ်။

” ငါ့ကို အဲ့ဒီလေသံနဲ့ လာမပြောနဲ့ ရှုစန်းရှီ ဘာတွေလုပ်နေလဲဆိုတာ သိပြီသားမလား အဲ့ဒီကောင်က ကျောက်တုံးလိုမာကျောနေတဲ့ကောင် သူက နင်နဲ့လဲ ယှဥ်လို့ရတယ်…အခုမှအခွင့်ရေးကောင်းကို ယူထားပြီ ငါ့ကိုကြီးအပြစ်တင်မနေနဲ့လေ ”

ပေ့ပေ့ကတော့ တကယ်ကိုရိုးသားဖြူစင်တဲ့မျက်နှာနဲ့သာ ပြောလာခဲ့ပါတယ်။

” အကယ်၍ တစ်ယောက်ယောက်ကသာ ငါ့ကို လက်ဆောင်ပေးချင်တယ်ဆိုရင် ငါလဲလက်ခံရုံကလွဲပြီ ဘာတတ်နိုင်မှာလဲ ငါတို့ညီငယ်လေးရဲ့ ကံက အတော်လေးကောင်းနေပေးလို့ပေါ့ ပြန်သွားပြီ ကျင့်ကြံရအောင် ငါမှတ်မိသလောက်အရကတော့ အကယ်၍ ငါသာ ရှုစန်းရှီကို အနိုင်ယူနိုင်မယ်ဆိုရင် တစ်စုံတစ်ယောက်က ငါ့ကိုနမ်းမယ်လို့ ပြောထားသေးတယ်နော် ကတိတော့တည်ရမယ်မလား ”

ထန်ယာ့ကတော့ လျှာထုတ်ပြရင်း ပြောလာခဲ့ပါတယ်။

” သူ့ကိုယ်သူ ဂရုမစိုက်နိုင်တဲ့အထိ ရိုက်ပြစ်လို့ပြောထားတာလေ အဲ့ဒီလိုလုပ်လို့လား မလုပ်နိုင်ဘူးဆိုရင်သွားတော့ ”

အဲ့ဒီအချိန်မှာ ၀မ်သုန့်က ရုတ်တရက်မေးလာခဲ့ပါတယ်။

” အစ်မကြီးထန်ယာ့ ကျေးဇူးပြုပြီ ကျွန်တော်ရဲ့ မေးခွန်းကို စဥ်းစားပေးပါဦး ကျွန်တော်တကယ် ထန်မျိုးနွယ်ကို၀င်ချင်တယ် ”

ထန်ယာ့က ခေါင်းညိတ်ရင်း လက်ကိုဝှေ့ရမ်းပြလိုက်ပါတယ်။

ပေ့ပေ့ကတော့ စဥ်းစားနေခဲ့တယ်။ အဲ့ဒီနောက် ၀မ်သုန့်ကို ပြုံးပြလိုက်ရင်း ထန်ယာ့ကို ပြန်ဆွဲခေါ်သွားခဲ့ပါပြီ။

၀မ်သုန့်ကလဲ ဟို့ယွိဟောင်ကို ပြန်ချီပြီ သယ်လာရင်း အိပ်ယာပေါ် တင်လိုက်ပါတယ်။ ဟို့ယွိဟောင်ကို ပေ့ပေ့ ကျွေးခဲ့တဲ့ဆေးလုံးကတော့ သူ့စိတ်ထဲမှာ ရှိနေဆဲပါ။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို စိုက်ကြည့်ရင်း သူ့ဘာသာသူ ပြောနေခဲ့ပါတယ်။

” ငါကတော့ မမြင်သင့်တဲ့အရာကို မြင်မိလို့ မျက်လုံးတွေဆေးရတော့မယ်…ဒီလိုမာတောင့်နေတဲ့ အိပ်ယာပေါ်မှာ အိပ်ရတာ နင့်ထိုက်နဲ့နင့်ကံပဲ ”

သူပြောပြီတဲ့နောက် သူအိပ်ယာအိအိလေးပေါ်ကို ပြန်ခုန်တက်သွားပါတော့တယ်။ တင်ပလ္လင်ခွေချိတ်ရင်းစတင်ပြီး တရားထိုင်ကာ သူကျင့်ကြံတယ်။ ခန္ဓာကိုယ်လေ့ကျင့်ကြံမှုကြောင့် သူ့ခန္ဓာကိုယ်က အများကြီးတိုးတက်လာတာကို သူခံစားမိသားပါ။

ဟို့ယွိဟောင်က ဒီတစ်ကြိမ်မှာ အရမ်းကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေခဲ့ပါတယ်။ ထန်မျိုးနွယ်ကို ၀င်ရောက်ချိန်ကစပြီး ထူးဆန်းကောင်းကင်နည်းလမ်းကိုသာ ဆက်တိုက်ဆိုသလိုသာ ကျင့်ကြံနေခဲ့တာကြောင့် သူတကယ်တမ်း နှစ်နှစ်ခြိုက်ခြိုက်အိပ်တယ်ဆိုတာ ဒါပထမဆုံးအကြိမ်ပါပဲ။

သူ့ရဲ့အိပ်မက်ထဲမှာကတော့ ရေကန်ကြီးတစ်ကန်ထဲမှာ နစ်မြုပ်လို့နေခဲ့ပါတယ်။ ဒီခံစားချက်က အရမ်းကို သက်သောက်သက်သာ ရှိလွန်တာကြောင့် သူလဲ ပျော်ရွှင်ပြီ အော်မိတော့တယ်။

၀မ်သုန့်ကတော့ ဟို့ယွိဟောင်ကို မျက်လုံးဖွင့်ပြီ ပြန်ကြည့်နေခဲ့ပါပြီ။ လေထဲကို အားကောင်းတဲ့ စိတ်၀ိညာဥ်စွမ်းအားတစ်ချို့ ထွက်ပေါ်လာတာ သူ့ခံစားလိုက်မိလို့ပါ။

ဒီ၀ိညာဥ်စွမ်းအားက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ထဲကနေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့ပါတယ်။ ညအချိန်ဖြစ်တာကြောင့် မှိန်ဖျော့ဖျော့အပြာရောင်အလင်းတန်းက အမှောင်ထဲမှာ ထင်ထင်ရှားရှားကို မြင်နေခဲ့ရတယ်။

၀မ်သုန့်လဲ သူအိပ်ယာပေါ်က ခုန်ဆင်းလိုက်ပြီ ဟို့ယွိဟောင်ရဲ့ဘေးမှာသာ တိတ်တဆိတ်ထိုင်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့အရေပြားက အရောင်တောက်လာလိုက် ပြန်မှိန်သွားလိုက်နဲ့ ဆက်တိုက်ဖြစ်နေတာကို မြင်လိုက်ရပါတယ်။ ဒီလိုအရာတောက်ပလာချိန်မှာ လေတစ်ချို့က သူ့ရဲ့မွှေးညင်းပေါက်ထဲကနေ ထွက်ပေါ်လို့လာခဲ့တယ်။ အဲ့ဒီလို ထွက်ပေါ်လာတဲ့အရာက သူ့အာရုံခံမိတဲ့၀ိညာဥ်စွမ်းအားပါပဲ။ ဒါ့အပြင် မှိန်ဖျော့ဖျော့ အပြာရောင်မြူခိုတွေက ၀င်လိုက်ထွက်လိုက် လုပ်နေရင်းနဲ့ ပိုလို့ အရောင်မည်းမှောင်လာခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ မွှေးပျံ့တဲ့အနံ့ကတော့ လေထဲမှာဖြည်းဖြည်းချင်းဆိုသလို အားနည်းသွားခဲ့ပါပြီ။

အပိုင်း ၁၃•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset