Chapter – 72 ကြီးမားသောရိတ်သိမ်းမှု
မမျှော်လင့်စွာပဲ သံတံခါးကြီးနောက်မှာ ရှိနေတာကတော့ အ မည်းရောင် တောင်နံရံကြီး တစ်ခု ဖြစ်မနေပဲ ဆေးမြစ်များ ၊ ဆေး ပင်များ နဲ့ လှပသော တောင်ကြားချိုင့်ဝှမ်းတစ်ခုဟာ အလင်းရောင်များတောက်ပလျက် တည်ရှိနေတာပါပဲ ။
စုမေးယိုနဲ့ ဘိုင်ယုယုတို့ လျင်မြန်စွာပဲ ထွက်လာကြတယ် ။ ၎င်းတို့ ၂ ယောက် ဒီမြင်ကွင်းကို မြင်တဲ့အခါမှာတော့ သူတို့မျက် နာများဟာ မယုံကြည်နိုင်မှုများ ယှက်သန်းလာကြပါတော့တယ်။
“ဒီက ဆေးပင်တွေ အားလုံးဟာ နှစ်တစ်ထောင် အထက် တွေ ချည်းပဲ”
စုမေးယို က ပြောလိုက်တာပါ ။
နှစ်တစ်ထောင် ဂျင်ဆင်း ၊ နှစ်တစ်ထောင် ဝိဉာဉ်တော်မြက် ၊ နှစ်တစ်ထောင် နူးညံ့သော ဂျင်ဆင်း ၊ နှစ်တစ်ထောင် မြေ ဝိဉာဉ်တော် မြက် ၊ . . . ။ တချို့ သော ဆေးပင်များဟာ စိုက်ပျိုး နေကြ ဆေးပင်များဖြစ်သော်လည်း ဒါတွေအကုန်လုံးဟာ နှစ် တစ်ထောင် သက်တမ်းရှိ အပင်တွေ ဖြစ်ပြီး အားလုံးဟာ ကြီး ထွားလှသည့် အပင်ကြီးတွေဖြစ်နေတာပါ ။ ချန်ရှန် ခန့်မှန်းရသ လောက်တော့ ဆေးပင်စုစုပေါင်း ရာချီ ရှိနေတာပါတယ် ။
“ဆေးဖက်ဝင်သတ္တုသစ်သီးနဲ့ အကြောတစ်ထောင် အသီး စုစုပေါင်းက အလုံး ၂၀ ၊ ခရမ်းရောင် ဝိဉာဉ်တော် အသီးက အလုံး ၁၀၀ ၊ နောက် . . . ၊ ဟားဟား အီဖေကိုယ်တို့တော့ အိပ်မက်မက်နေသလားပဲ”
ချန်ရှန် အံ့သြမှုနဲ့ အတူ အော်လိုက်ပါတော့တယ် ။ နှလုံးတွေလည်း အရမ်းကို ခုန်နေလျက်ပါပဲ ။
ခရမ်းရောင် ဝိဉာဉ်တော် အသီးဟာ ဆေးဖက်ဝင် သတ္တု သစ်သီးလောက် တန်ဖိုးမကြီးလှသော်လည်း ဈေးကွက်မှာ ဈေးတော်တော် ကြီးတာပါ ။ ၎င်းဟာ ဝိဉာဉ်တော်ဆေးတွေကို ပြုလုပ်တဲ့နေရာမှာ သုံးတဲ့ အသီးအမျိုးစား တစ်မျိုးဖြစ်ပါတယ် ။
“ဟဟ ၊ မင်းက ဒီလို နည်းနည်းလေးတွေ့ တာကို ဘာလို့ အရမ်းပျော်နေရတာတုန်း ၊ ငတုံးပဲ”
ဘိုင်ယုယုက အေးစက်စက် ပြောပါတယ် ။
ချန်ရှန် သူ၏ နှုတ်ခမ်းများကို ကိုက်ကာ –
“အမတော်တို့ ရဲ့ မူလ အခြေနေက သာမန်မဟုတ်တာ ကျွန် တော်သိပါတယ် ။ ဒါကြောင့် အမတော်တို့ မျက်လုံးထဲမှာ ဒီလောက်က ဘာမှ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် ကျွန်တော့ အ တွက်ကတော့ ရတနာတွေလိုမျိုးပါပဲ”
“ကျွန်တော့ကို ဒီဆေးပင်တွေ အကုန်ခူးဖို့ မြန်မြန်ကူပေးပါ လား ၊ အဲဒါမှ ကျွန်တော် ဝိဉာဉ်တော် ဆေးတွေ ပြုလုပ်ဖို့ လုံ လောက်မှာ”
ချန်ရှန် စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် ။ ယခုလက်ရှိမှာ ဝိဉာဉ်တော်ဆေးတွေကို ဘယ်လို ပြုလုပ်ရတယ်ဆိုတာကို သူမသိပါဘူး ၊ သူအကြိမ်များစွာ ကျရှုံးမယ်ဆိုတာလဲ သိတယ် ။ ဒီဆေးဥယျာဉ်ကြီးထဲမှာ ဆေးပင်တွေ များစွာရှိနေတဲ့အတွက် သူလေ့ကျင့်ဖို့ တော်တော် အဆင်ပြေပါပြီ ။
ချန်ရှန် ဒီအလှအဂေး ၂ ယောက်ကို ဒီလိုခိုင်းတဲ့အတွက် ထို မိန်းမလှ ၂ ယောက်ဟာ သိပ်မကြည်ကြတော့ပါဘူး ။
“ငါက ယောကျာ်းတစ်ယောက်မဟုတ်ဘူး ၊ ဒီမိန်းမလှက နာ ကျင်အောင် လုပ်နိုင်တယ် ၊ ဒါပေမယ့် အလုပ်ကြမ်းတော့ မလုပ် နိုင်ဘူး”
စုမေးယိုဟာ ဒီလိုပြောနေသော်လည်း နှစ်တစ်ထောင် သက် တမ်းရှိတဲ့ အပင်တွေကို စခူးနေပါတော့တယ် ။
“ဟဟ ၊ ခုမှ စကားများမနေနဲ့တော့”
ဘိုင်ယုယုက လှောင်လိုက်တယ် ။ ချန်ရှန် လည်းပြောသာ ပြောလိုက်ရတာ ၊ ဒီ မိန်းမလှ ၂ ယောက်ကို မစော်ကားဝံ့ပါဘူး ။
နေ့တ၀က်လောက်ကုန်လွန်သွားချိန်မှာတော့ ဥယျာဉ်ထဲမှ နှစ်တစ်ထောင်သက်တမ်းရှိ အဓိက ဝိဉာဉ်တော် ဆေးပင် အားလုံးအား စုဆောင်းမိပြီး ဖြစ်ပါတယ် ။ ထိုအရာများအား စုမေးယိုနဲ့ ဘိုင်ယုယု တို့၏ ခိုနားရာ ကွင်းလေးထဲမှာပဲ သိမ်းထား လိုက်ပါတော့တယ် ။
“ခရမ်းရောင် ဝိဉာဉ်တော် အသီး ၁၂၀ ၊ ဆေးဖက်ဝင် သတ္တု သစ်သီး နဲ့ အကြောတစ်ထောင် သစ်သီး ၂၀ ကျော် ၊ ဟဟ ငါ အခြေခံတည်ဆောက်ရေးဆေးလုပ်ဖို့ လုံလုံလောက်လောက် ရပြီ”
ချန်ရှန် မျက်နာဟာ ပျားသကာလို ချိုနေတာကို တွေ့ နိုင်ပါ တယ် ။ ဒီ အခြေခံတည်ဆောက်ရေးဆေးဟာ စစ်မှန်တဲ့ သိုင်းပညာ ၀င်ရောက်နေတယ့် လူတွေ အတွက် အလွန်အသုံး ၀င်ပါတယ် ။ ဒီဆေးဟာ စစ်မှန်တဲ့ သိုင်းပညာဝင်ရောက်ပြီးသူ များ သောက်ရင်လည်း ၎င်းတို့၏ စွမ်းအားအဆင့်ကို မြင့်တင်ပေး နိုင်ပါသေးတယ် ။ ဒါဟာ တကယ်ပဲ အရမ်းအသုံးဝင်ကာ ထူးကဲ လှသော အနှိုင်းမဲ့ဆေး ပင် ဖြစ်ပါတော့တယ် ။
အဆင့်မြင့်ဝိဉာဉ်တော်ဒြပ်စင် ဆေးဟာ အရမ်းကို ဈေးကြီး ပါ တယ် ။ ခုနက အနှိုင်းမဲ့ဆေးဟာ ဒီ အဆင့်မြင့် ဝိဉာဉ်တော် ဒြပ်စင်ဆေး၏ အထက်မှာ ရှိနေတာပါ ။ ဒါကြောင့် ဒီဆေး၏ တန်ဖိုးရှိပုံကို ခန့်မှန်းနိုင်နေပါပြီ ။
ဘယ်လိုပဲဖြစ်ဖြစ် ချန်ရှန်ဟာ ဒီဆေးကို လုပ်ဖို့အတွက် စိုးရိမ်မှု မရှိပါဘူး ။ ဒီလို အဆင့်မြင့် ဝိဉာဉ်တော်ဆေးနဲ့ အနှိုင်း မဲ့ဆေးတို့ကို ဘယ်လိုပြုလုပ်ရတယ် ဆိုတာ သင်ကြားရန် အချိန် အကြာကြီး ကြာပါလိမ့်မယ် ။
ဆေးဥယျာဉ်အတွင်းမှာ တခြား နှစ်ရာချီ သက်တမ်းရှိတဲ့ ဆေးပင်တွေ လည်း ရှိပါသေးတယ် ။ ဒါပေမယ့် ချန်ရှန်ဟာ ၎င်း တို့ကို မခူးပါဘူး ။ သူ့မှာ နှစ်ထောင်ချီပြီး အရမ်းကို ကြီးမားတဲ့ ဆေးပင်တွေ ရရှိနေပြီးလို့ပဲ ဖြစ်ပါတယ် ။
“များစွာသော အစွမ်းထက်လှတဲ့ အရာတွေကို ဒီဥယျာဉ်ထဲ ခင်းကျင်းထားသလိုပဲ ၊ နေရောင်ခြည်ခြည်းပဲ ထူထည်းလှတဲ့ ကျောက်သားနံရံတွေကို ဖောက်ပြီး မ၀င်စေနိုင်ဘူး ။ ဒါပေမယ့် များပြားလှတဲ့ ဝိဉာဉ်တော် ချီဓာတ်တွေကို ဒီဥယျာဉ်ထဲက ဆေး ပင်တွေ ရှင်သန်နိုင်အောင် စုဆုံပေးထားတယ် ။ ဒီ ဥယျာဉ်ကို ဖန်တီးခဲ့သူဟာ ကျိန်းသေကို မော်တယ်သိုင်းလောက က ထွက် လာတဲ့လူပဲ ဖြစ်ရမယ်”
စုမေးယို လှပလှတဲ့ တောင်နံရံ ကို ကြည့်ရင်းပြောဆိုပါ တယ် ။
ဒီလို မော်တယ်သိုင်းလောက ဆိုတာ အာကာသ ကိုပါ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ စွမ်းအားရှိသူတွေပါ ။ ချန်ရှန်ဟာ ဒီလို အ ဆင့်ကို ကြိတ်ပြီး ဖြစ်ချင်နေပါတယ် ။ ဒါပေမယ့် သူ ဒီအဆင့် ကို ရောက်ဖို့ဆိုတာ ဘယ်နနှစ် ဘယ်နလကြာမယ်ဆိုတာကို မခန့် မှန်းနိုင်ဘူး ဖြစ်နေပါတယ် ။
“ချန်ရှန် ၊ မင်းဒီမှာပဲ အေးအေးဆေးဆေး ကျင့်ကြံလို့ရတယ် ၊ နောက်ကျ မင်းအဆင့် ၉ ရောက်သွားလိမ့်မယ် ။ မင်း လုပ်လို့ ပြီးရင် သိုင်းပညာဂိုဏ်းဆီ သွားကြတာပေါ့”
ဘိုင်ယုယုဟာ ရွှေရောင်များတောက်ပနေတယ့် ၀တ်စုံကို ၀တ်ဆင်ထားပြီး နေရောင်ခြည်က သူမအပေါ်ကျရောက်နေပုံမှာ ဒဏ္ဍာရီလာ ဧကရီ တစ်ပါးလိုပင် ကျက်သရေ ရှိလှပါတော့တယ်။
ချန်ရှန်ဟာ ဒီအ၀တ်အစားကို သူမအတွက် ၀ယ်ပေးခဲ့ခြင်း ဖြစ်ပါတယ် ။ သူမကလည်း ဒီအ၀တ်ကို အရမ်းကြိုက်ပုံရပြီး ယခု စုမေးယိုနဲ့ သူမတို့ဟာ လှပတဲ့ဒီလို အ၀တ်အစားများဝတ်ကာ နေ ရောင်အောက်မှာတောက်ပလို့နေလျက် ရှိကြပါတယ် ။ သူမ တို့ကို ကြည့်ရတာလည်း တော်တော်ပျော်နေပုံပါပဲ ။
ချန်ရှန်ဟာ ယခု တခြား ချီဒြပ်စင် ၃ ခုကို ပုံစံပြောင်းနိုင်ရန် အတွက် များပြားလှတယ့် ချီဓာတ်များ လိုအပ်နေပါတယ် ။ သူဟာ အဆင့် ၁၀ သိုင်းပညာရှင်အား လွှမ်းမိုးခဲ့တာဖြစ်ပြီး ဒါပေ မယ့် သူ၏ ချီဓာတ်ဒြပ်စင် ၂ ခုသာ ပုံပြောင်းရသေးတာ ဖြစ် တယ် ။ နောက်ချီဓာတ် ၃ ခုကို ပြောင်းဖို့ ဆိုရင် ဘယ်လောက် တောင်ချီဓာတ်များ လ်ိုမလဲဆိုတာကို ခန့်မှန်းနိုင်ပါတော့တယ် ။
ဒီဥယျာဉ်ထဲမှာရှိတယ့် ဝိဉာဉ်တော် ချီဓာတ်တွေဟာ တော်တော် လေး များပြားပါတယ် ။ ဒါတင်မက ချန်ရှန်မှာ ယင် နဲ့ ယန် နတ်အတွင်းအားများလည်း ရှိတယ် ။ ချန်ရှန် မျက်လုံးများ ပိတ်လိုက်ပါတယ် ။ ထို့နောက် သူ့ကိုယ်သူ ချီဓာတ်ပင်လယ်ကြီး ထဲရောက်နေသလို ပုံဖော်တွေးလိုက်တယ် ။ ဒါဟာ ဝိဉာဉ်တော် ချီဓာတ်များအား ပိုမို စုပ်ယူ နိုင်မှာဖြစ်ပြီး သူ အဆင့် ၉ ရောက်ဖို့ ဆိုတာ နည်းနည်းတော့ ကြာဦးမှာပါ ။
ပြင်ပလောကမှာရှိတယ့် အဆင့် ၉ ပညာရှင်များဟာ အ ဘယ်ကြောင့် အသက်ကြီးသူမျာား ဖြစ်နေလဲ ဆိုတာကို ယခု ချန်ရှန် သိလိုက်ပါပြီ ။ ပြင်ပလောကကမ္ဘာမှာ ဒီလို ဝိဉာဉ်တော် ချီဓာတ်များဟာ မရှိသလောက်ကို နည်းပါးလို့ပဲ ဖြစ်ပါတယ် ။
“အခုမင်း စစ်မှန်သော ချီ ဆေးကို ဘယ်လို လုပ်ရတယ်ဆို တာ စ သင်ကြား ရမယ့် အချိန်ပဲ ၊ နေ့အချိန်မှာ မင်းက ဆေးလုပ် ရမယ် ညမှာကျ ခုနကဆေးတွေကို စားရမှာပဲ ဖြစ်တယ် ။ တချိန် တည်းမှာပဲ မင်း ၎င်းစွမ်းအားတွေကို ခြေဖျက်နေတယ့် အချိန်မှာ ဝိဉာဉ်တော် ချီဓာတ်တွေကို ဆုပ်ယူရမယ်”
စုမေးယိုက သူကြုံတွေ့ ခဲ့ရတယ့် ချီဓာတ်ဆေး ပြုလုပ်ပုံကို ပြော ပါတယ် ။
သာမန် အဆင့်မြင့် ဆေးအမျိုးအစားဟာ များစွာသောချီ ဓာတ်များကို ထုတ်ပေးနိုင်ပါတယ် ။ ဒါတင်မက သိုင်းကျင့်စဉ်များ ကျင့် ခြင်းကိုလည်း တိုးတက်လျင်မြန်စေတယ် ။ ယခု ချီဓာတ် ဆေးဟာ အဆင့်မြင့် ဆေး ထက်ကို ပိုမိုကောင်းမွန်ပါတယ် ။ ၎င်း ဟာ အဆင့်နိမ့် ဝိဉာဉ်တော် ဆေးအမျိုးအစားဖြစ်ကာ သိုင်းပညာဂိုဏ်းများအကြားမှာ အထင်ရှားဆုံး အသုံးများဆုံး ဆေးလဲ ဖြစ်ပါတယ် ။
စစ်မှန်မှန်သော ဒြပ်စင်ဆေးဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေးအမျိုးအစားဖြစ်ပြီး ၎င်းဟာလည်း ချီဓာတ်များကို ထုတ် ပေး တာပါ ။ ဒါပေမယ့် ဒီဆေးဟာ ချီဓာတ်ဆေးထက် များစွာ ဈေးကြီး ကာ သာမန်လူအဖို့ မည်သို့မျှ မတတ်နိ်ုင်ပါချေ ။
ချီဓာတ်ဆေးကို ပြုလုပ်ဖို့ အဓိက ဆေးပင် တစ်မျိုးသာ လို အပ်ပါတယ် ။ ဒါကတော့ ခရမ်းရောင်ဝိဉာဉ်တော်သီးပါပဲ ။ ယခု ချန်ရှန်ဆီမှာ ဒီလိုအသီး ၁၂၀ ကျော်ကို ရှိနေတာဖြစ်ပြီး တခြား လိုအပ်တဲ့ ဆေးပင်တွေဟာလည်း အများအပြားကို ရှိနေပါတယ်။ တခြားလိုအပ်တဲ့ ဆေးပင်တွေဟာ ယေဘူယျ အား ဖြင့် နှစ် ၅၀၀ လောက်သက်တမ်း ရှိရမှာဖြစ်ပါတယ် ။ ဒါပေ မယ့် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတာတွေကို အသုံးပြု မည်ဆိုပါက အနည်းငယ်သာ အသုံးပြုရန် လိုအပ်မည်ဖြစ်ပြီး ၎င်း ဟာ အရမ်းကို အကျိုးသက်ရောက်မှု ရှိသွားစေမှာပဲ ဖြစ်ပါတော့ တယ် ။
ချန်ရှန် အသက်ကို ၀ အောင် ရှူကာ စုမေးယို ဖြတ်သန်းခဲ့ပုံ များအား သေချာစွာ မှတ်သားနေတယ် ။ ဒါပြီးနောက်မှာတော့ ဆေးပင်များကို အမျိုးတူရာစုကာ တစ်စုံစာစီတွေ ခွဲခြားလိုက်ပါ တယ် ။ ဒီလိုလုပ်ခြင်းအားဖြင့် သူအကြိမ်မည်မျှ ကျရှုံးခဲ့တယ် ဆို တာကို သိနိုင်မှာပါ ။
ချန်ရှန်သူ၏ နဂါးမီးတောက် မီးဖိုအား ထုတ်လိုက်တယ် ။ ချက်ချင်းပဲ ဘိုင်ယုယု ခပ်လှမ်းလှမ်းကို ထွက်သွားပါတယ် ။ ထို့ နောက်ခပ်လှမ်းလှမ်းမှ စုမေးယို နဲ့ အတူတူ ရပ်ကြည့်နေတယ် ။ သူတို့ ညီအမ ၂ ယောက်ရဲ့ ဆက်နွယ်မှုဟာ တော်တော် ကောင်းပါတယ် ။ ဘိုင်ယုယုဟာ အမြဲတမ်း အေးစက်စက် ဖြစ် ပေ မယ့် ချန်ရှန်နဲ့ စုမေးယို အပေါ်မှာ တော်တော် ကောင်းရှာ ပါ တယ် ။ သူများအမြင်မှာတော့ တမျိုးဖြစ်ချင် ဖြစ်နေနိုင်ပါတယ် ။
သူစတင် ပြုလုပ်ပြီး မကြာခင်မှာပဲ ကျရှုံးသွားပါတယ် ။ ဒုတိ ယ အကြိမ်မှာလည်း မအောင်မြင်ပြန်ပါဘူး ။ ဒီလိုနဲ့ ၁၀ ကြိမ် တိုင် တိုင် ကျရှုံးခဲ့ရပါတော့တယ် ။ သူ့ရဲ့ ဆေးပညာအဆင့်အ တန်းဟာ အလယ်လတ်သာ ရှိပြီး သူဟာ ဆေးပင်တွေအားလုံး ကို ဆေးအမှုန်များရအောင် ဖုတ် ၊ ပြီးတော့ ထိုအမှုန်တွေကို ချီ ဓာတ်များဖြင့် ပေါင်းစပ်တဲ့နေရာမှာ ကျရှုံးနေတာပါပဲ ။
“စောက်ကျိုးကိုနည်းရော ၊ ဒီ ခရမ်းရောင်ပန်းသီးစုတ်က ငါ့ လုပ်ထားသမျှတွေကို ဖျက်နေတော့တာပဲ ၊ ဟူးးးး . . . ငါအမြဲ တမ်း မအောင်မြင်ဖြစ်နေတယ် ။ ဒီအသီးက ငါ့ကို တော်တော် ဒုက္ခပေးပကွာ”
ချန်ရှန် ကျိန်ဆဲနေပါတော့တယ် ။ မလှမ်းမကမ်းမှ စုမေးယို တခစ်ခစ် ရယ်မောကာဖြင့် ပြောပါတယ် ။
“ဒီအဆင့်မြင့်ဆင့်ရဲ့ အဓိက ပါဝင်ပစ္စည်းနဲ့ အရန်ပစ္စည်းတို့ သဟဇာတ မဖြစ်တာဟာ ကျိန်းသေကို ကြုံရမယ့် အရာပဲ ၊ ဒါကို ဖြေရှင်းဖို့က တော်တော် ခက်တယ် ။ မင်းသေချာ စမ်းစစ်မှ ရမယ်”
စုမေးယို ဟာ သူမ၏ ဆေးပညာရပ် ပါရမီမှာ တော်တော် ဂုဏ်ယူနေသူတစ်ယောက်ဖြစ်ပြီး ယခု ချန်ရှန်၏ အရူးအမူး ဖြစ် နေတယ့် ပုံကို မြင်တော့ ထိုခံစားချက်မှာ ၂ ဆဖြစ်သွားသလိုပင်။ နောက်ပြီး ယခု ချန်ရှန် စိတ်ဓာတ်ကျနေတယ့် ပုံကိုမြင်ပြီး သဘောကျကာ ရယ်နေပါတော့တယ် ။
ချန်ရှန် လည်း စုမေးယို၏ လှပပြီး ချစ်စရာကောင်းလှတဲ့ အပြုံးလေးကို ကြည့်နေရုံကလွဲပြီး မတတ်နိုင်သောကြောင့် ထိုသို့ ကြည့်ရင်း သူ့စိတ်ထဲ ယားကျိကျိ ဖြစ်နေပါတယ် ။
“အမတော် မေးယို ရေ ၊ အမတော်တုန်းက ဘယ်နကြိမ် ကျရှုံးခဲ့လဲ”
ချန်ရှန် မေးလိုက်ပါတယ် ။
“မင်းက ငါ့ရဲ့ မှတ်ဉာဏ်ကို လာစမ်းတာလား ၊ ငါ့တုန်းက ၇၂ ကြိမ် တိတိပဲ”
စုမေးယိုက ပြောပါတယ် ။ သူမဟာ အကြိမ်ပေါင်းများစွာ မအောင်မြင်ခဲ့သော်လည်း သူမ ဒီအကြိမ်ရေကို ကျေနပ်ပါတယ်။ တခြားဆေးပညာရှင်တွေ ဆိုပါက အကြိမ်ရာပေါင်းများစွာ ကျရှုံး တာကြောင့်ပါပဲ ။ ဒီဆေးဆရာတွေဟာ သူတို့ ဘယ်နကြိမ်ကျ ရှုံး ခဲ့လဲဆိုတာကို ပြောရန်ပင် ရှက်နေနိုင်ကြပါတော့တယ် . . . ။