Switch Mode

Chapter – 206.3

ကျား ကင်းမြီးကောက်သော့်လော့

အပိုင်း ၂၀၆•၃

” ကျား ကင်းမြီးကောက်သော့်လော့ ”
°°°
” ကျန်းပန်က သူ့ရဲ့အင်အားကြီးတိုက်ကွက်တွေကို ထုတ်သုံးနေပြီ အဲ့ဒါသူ့ရဲ့သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ပဲ ကျားကင်းမြီးကောက်ဆိုတာက အမှောင်နတ်ဆိုးကျားရဲ့အမျိုးအစားထဲက တစ်မျိုးလို့ပြောလို့ရတယ်…ဒါပေမယ့် သူကအဲ့ဒီလောက်ကြီးအမှောင်ထုဖက်ရောက်နေတာမဟုတ်ဘူးလေ အမှောင်ထုနတ်ဆိုးကျားလား ကြောက်စရာမကောင်းပေမဲ့လဲ သွေးတွေနဲ့စိတ်၀ိညာဥ်တွေကို ဆက်တိုက်သောက်နေဖို့လိုနေသေးတယ် ”

” သူအခုသုံးပြီတိုက်ခိုက်နေတာတွေက သူသတ်ထားပြီစုပ်ယူထားတဲ့ ၀ိညာဥ်သားရဲကောင်တွေပဲ ဒါကကျန်းပန်ရဲ့ နာမည်ကြီးတိုက်ကွက်လို့ပြောလို့ရတယ်ရင်ဆိုင်ဖို့လဲခက်တယ်လေ ၀ိညာဥ်သားရဲကောင်တွေရဲ့၀ိညာဥ်တွေဆိုတာက ခန္ဓာကိုယ်တိုက်ခိုက်မှုတွေအားလုံးကို ခုခံနိုင်တယ်မဟုတ်လား ဒါ့အပြင် စိတ်၀ိညာဥ်တိုက်ခိုက်မှုတွေကိုလဲ လုပ်ဆောင်နိုင်သေးတယ်…အသုံးပြုတဲ့သူကျန်းပန်က သူ့ကိုယ်သူဘယ်၀ိညာဥ်သားရဲကောင်ပုံစံမဆိုအသွင်ပြောင်းပြီ အချိန်မရွေး​၀င်တိုက်နိုင်တယ် ”

ရန်ရှောင်ကျဲ့ရဲ့ အကဲဖြတ်သုံးသပ်မှုတွေက ဟို့ယွိဟောင်ရဲ့နားလည်သဘောပေါက်မှုတွေကို မြင့်မားလာစေခဲ့ပါပြီ။ သူလဲ ဒီတိုက်ခိုက်မှုတွေကိုကြည့်ရင်းစိတ်ထဲမှာမရိုးမရွဖြစ်နေခဲ့ပါတယ်။ သူ့အတွက်တော့ သော့်လော့ဆိုတဲ့အဆင့်အတန်းက အရမ်းအလှမ်းကွာနေခဲ့သလို ဒီအဆင့်ကိုရောက်ဖို့ဆိုတာကအဝေးကြီးလိုပါသေးတယ်။

ဒါပေမယ့် သူမကြောက်ဆုံးကတော့ စိတ်၀ိညာဥ်တိုက်ခိုက်မှုတွေပါပဲ။ သူက ကပ်ဆိုးအရှင်သခင်ရဲ့ တပည့်သားဖြစ်နေခဲ့သလို အောက်လမ်းပညာရဲ့နတ်ဘုရားဥပဒေသားက သူ့ခန္ဓာကိုယ်ထဲမှာရှိနေခဲ့ပြီးသားပါ။ ပြောရမယ်ဆိုရင် သူကိုယ်တိုင်းကလဲ အောက်လမ်းဆရာဖြစ်သလို အကယ်၍ သူလုပ်ချင်တယ်ဆိုရင် သေချာပေါက် မိစ္ဆာ၀ိညာဥ်ပညာရှင်တောင်လုပ်နိုင်ပါသေးတယ်။ ဒါပေါ့ အခုအချိန်အထိ သူလုပ်စရာကိစ္စမမြင်သေးပါဘူး။ သူကိုယ်တိုင်းလဲ မိစ္ဆာ၀ိညာဥ်ပညာရှင်မဖြစ်ချင်သေးပါဘူး။ သူလုပ်ချင်တာက မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကို သတ်ဖြတ်ချင်တာပါပဲ။

ရှန်လင်းအယ်လဲ အစောပိုင်းကလိုအသာစီးမရနိုင်တော့ပဲ နောက်တစ်ကြိမ်ကြိုးစားပြီ တိုက်ခိုက်နေရပြန်ပါတယ်။ တစ်ဖက်မှာရှိနေတဲ့ သားရဲကောင်လှိုင်းတွေကို သတ်ဖြတ်ရတာကရင်ဆိုင်ဖို့ခက်ခဲနေခဲ့တယ်။ ကျန်းပန် သတ်ဖြတ်ပြီစုပ်ယူထားတဲ့၀ိညာဥ်သားရဲကောင်တွေရဲ့၀ိညာဥ်တွေက သူတို့ရဲ့စိတ်၀ိညာဥ်အင်အားလဲရှိနေပါသေးတယ်။ ဒါ့အပြင် အဓိကတော့ အင်အားအကြီးဆုံးသားရဲကောင်ဆယ်နှစ်ကောင်ရဲ့၀ိညာဥ်တွေပါ။

ဒီသားရဲကောင်ဆယ်နှစ်ကောင်ရဲ့၀ိညာဥ်တွေက ကျန်းပန်ရဲ့ရှစ်ခုမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ သားရဲကောင်ဆယ်နှစ်ကောင်တမန်တော်တွေပါပဲ။

တမန်တော်ဆယ်နှစ်ကောင်က ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့၀ိညာဥ်ပညာရှင်တစ်ယောက်နဲ့ ညီမျှပါတယ်။ သူတို့တွေက ရှန်လင်းအယ်ကိုမခြိမ်းခြောက်နိုင်ပေမဲ့လဲ တားဆီးထားနိုင်ဖို့အတွက်တော့ အသာလေးပါ။ အကယ်၍ အဓိကသားရဲကောင်တွေတိုက်ခိုက်မယ်ဆိုရင် သူတို့က ပတ်၀န်းကျင်မှာရှိတဲ့ သာမန်သားရဲကောင်အားလုံးကို ၀ါးမြိုပြီသူတို့ကိုယ်သူတို့ အားဖြည့်ဖို့လဲလုပ်နိုင်ပါသေးတယ်။ ကျန်းပန်ကတော့ ကင်းမြီးကောက်ကျားအသွင်နဲ့ ဘေးကနေကြည့်နေခဲ့ရင်း သူခန္ဓာကိုယ်ကိုအနက်ရောင်တိမ်တိုက်တွေနဲ့ ဖုံးလွှမ်းလိုက်ပါပြီ။ စစ်မြေပြင်ကလဲ ပိုပြီးကျယ်ပြန့်လို့လာပါတော့တယ်။

ဟို့ယွိဟောင်ကတော့ ရန်ရှောင်ကျဲ့ရဲ့ အကာအကွယ်အောက်မှာရှိနေဆဲပါ။ ဒီတော့တစ်ဖက်မှာရှိနေတဲ့ ၀ိညာဥ်စွမ်းအားကဘယ်လောက်အားကောင်းလဲမသိနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကောင်းကင်တစ်၀က်ကတော့ အနက်ရောင်ပြောင်းသွားခဲ့ပါပြီ။ အစိမ်းရောင်အလင်းတန်းနဲ့ လျှပ်စီးတန်းတွေကလဲ အချိန်နဲ့အမျှတောက်ပလို့နေခဲ့ပါတယ်။ ဒီကောင်းကင်ကြီးက ကပ်ဆိုးတွေနဲ့အပြည့်ဖြစ်နေတယ်လို့ပြောရမှာပါပဲ။

ရန်ရှောင်ကျဲ့ကတော့ တစ်ဖက်ကောင်းကင်ကိုကြည့်ရင်း လှမ်းအော်လိုက်ပါတယ်။

” ဘာဖြစ်လို့အဲ့ဒီမှာပုန်းနေတာလဲ ထွက်လာခဲ့ပါ ကျန်းပန်တစ်ယောက်ထဲနဲ့ ငါနဲ့ရှန်လင်းအယ်ကို အနိုင်ယူဖို့ယုံကြည်ချက်ရှိမှာမဟုတ်မှန် ငါသိပါတယ် ”

” နဂါးနတ်ဘုရားသော့်လော့ရဲ့တပည့်သားပီသပါပေးတယ် အထင်ကြီးစရာကောင်းလိုက်တာ အာရုံခံနိုင်စွမ်းပဲ ”

အိုမင်းနေတဲ့အသံကြီးနဲ့အတူ အက်ကွဲကြောင်းတစ်ခုထဲကလေထဲမှာထွက်လာခဲ့ပါပြီ။ လူတစ်ယောက်ကလဲ အပြင်ကိုဖြည်းဖြည်းချင်းလျှောက်ပြီထွက်လာခဲ့ပါတယ်။

ဒီလူကလဲ အတော်ကိုအိုမင်းနေတဲ့သူပါပဲ။ ဒါပေမယ့် သူရုပ်သွင်ကတော့ ကျန်းပန်ထက်အများကြီးပိုပြီးကျော့ရှင်းသန့်ရပ်ပါတယ်။ ဒီလူကြီးရဲ့အရပ်က မြင့်မားလှသလို ငွေဖြူရောင်ဆံကေသာတွေကလဲ သပ်သပ်ရပ်ရပ်ဖြီးသင်လို့ထားခဲ့တယ်။ သူ့ရဲ့မျက်နှာက မွေးကင်းစကလေးတစ်ယောက်လို ပန်းနုရောင်သန်းနေခဲ့ပြီ ရှည်လျားတဲ့မျက်ခုံးတွေကတော့ မျက်နှာတစ်ဖက်တစ်ချက်ကိုကျနေခဲ့ပါတယ်။ အေးအေးဆေးဆေးလက်နောက်ပြစ်ထားပြီ လေထဲမှာအတားအဆီးမရှိတဲ့ မြေပြင်အတိုင်း အေးအေးဆေးဆေးလျှောက်လမ်းလို့နေခဲ့တယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားတစ်ခုကိုမှလဲ ထုတ်မထားခဲ့ပါဘူး။

ကျန်းပန်နဲ့ ရှန်လင်းအယ်တို့ရဲ့ ၀ိညာဥ်စွမ်းအားတွေတောင် သူ့အနားကိုရောက်ချိန်မှာ ပျက်စီးပျောက်ကွယ်လို့သွားခဲ့ရပါတယ်။

ရန်ရှောင်ကျဲ့ကတော့ ဒီလူကြီးကိုမြင်ချိန်မှာ ချက်ချင်းဆိုသလိုလေးနက်တည်ကြည်လို့သွားခဲ့ပါပြီ။ တစ်ဖက်လူက ပေါ်ပေါ်လာချင်အကြီးအကဲမုကို တိုက်ရိုက်ပြောနေလို့ပါပဲ။ သူလဲအဲ့ဒီလူကြီးကို မသိပါဘူး။

ရန်ရှောင်ကျဲ့ရဲ့ အဆင့်အတန်းအသက်အရွယ်နဲ့ဆိုရင် သူ့ဘ၀တစ်လျှောက် နာမည်ကြီးသော့်လော့တွေအများကြီးကို သူမြင်ဖူးသားပါ။ တစ်ဖက်လူဆီကနေ အန္တရာယ်အငွေ့အသက်ကိုခံစားနေခဲ့ရပေမဲ့ အဲ့ဒီလူကိုသိတောင်မသိနေပါဘူး။

တစ်ဖက်လူကြီးကတော့ ရန်ရှောင်ကျဲ့ရဲ့စိုးရိမ်တကြီးမျက်လုံးတွေကိုမြင်ချိန်မှာ ပြုံးနေခဲ့ပါတယ်။

” ငါတောင်ပေါ်ကနေထွက်မလာတာ အချိန်အတော်ကြာပြီ ဒီတော့ငါသူငယ်ချင်းတွေတော်တော်များများလဲ အခုတော့ဆုံးပါးသွားပြီပဲ အကြီးအကဲမုတောင်ဆုံးပါးသွားပြီဆိုမှတော့ နှမြောစရာကောင်းလိုက်တာ ငါဒီနေ့မင်းအတွက်ရောက်လာတာ အကြီးအကဲမုရဲ့တပည့်သားက သူ့ရဲ့အစွမ်းအစတွေကို အမွေဆက်ခံထားလားဆိုတာမြင်ချင်တယ်..ငါနာမည်က လုံရှောင်ယောင် မင်းငါ့ကိုမှတ်မိမလားဆိုတာတော့ ငါမသိဘူး ”

” လုံရှောင်ယောင်ကြီးလား ”
ရန်ရှောင်ကျဲ့ဒီနာမည်ကိုကြားချိန်မှာ တစ်ချက်တုန်သွားပါတော့တယ်။ ချက်ချင်းဆိုသလို လူတစ်ယောက်က သူ့စိတ်ထဲကို၀င်ရောက်လာခဲ့ပါပြီ။

” ဆရာကြီးက နဂါးဧကရာဇ်သော့်လော့ လုံရှောင်ယောင်လား အသက်ရှင်နေသေးတယ်ပေါ့ ”

” အသက်ရှင်နေသေးတယ်…ငါဘယ်လောက်ပဲအိုနေပါစေ အသက်တော့ရှိနေတုန်းပဲ မုအန်းကငါထက်စောစောဆုံးပါးသွားတာ နှမြောစရာကောင်းလှချေလား ”

ဒီစကားကိုပြောချိန်မှာ တကယ်ပဲနှမြေတသဖြစ်နေတဲ့ အရိပ်အငွေ့တွေက အထင်သားပေါ်လာခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ရန်ရှောင်ကျဲ့ရဲ့ဘေးနားမှာရှိနေခဲ့တာကြောင့် တစ်ဖက်လူရဲ့စိတ်ခံစားချက်တွေက အတုအယောင်မဟုတ်တာသိနေခဲ့တယ်။ ရန်ရှောင်ကျဲ့ရဲ့ အေးဆေးတည်ငြိမ်တဲ့အမူအရာက လုံး၀ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ကျန်းဟုန်ချန် သူတို့ကိုအလစ်၀င်တိုက်ဖို့ပို့လိုက်တဲ့အုပ်စုထဲမှာ ဒီလောက်ကြီးအင်အားကြီးတဲ့သူပါလာမယ်လို့ ရူးရူးသွပ်သွပ်မက်တဲ့အိပ်မက်တွေထဲမှာတောင် မတွေးခဲ့ဖူးပါဘူး။

လုံရှောင်ယောင်ဆိုတာ ဘယ်သူများလဲ ဒီလူကမုအန်းနဲ့အတူ မြင့်မြတ်တဲ့အမြွှာနဂါးနှစ်ကောင်ဆိုတဲ့ဂုဏ်သတင်းကို ပိုင်ဆိုင်ခဲ့တဲ့ အမှောင်ထုမြင့်မြတ်နဂါးပါ။ နဂါးဧကရာဇ်သော့်လော့ လုံရှောင်ယောင်နဲ့ နဂါးနတ်ဘုရားသော့်လော့မုအန်းတို့ဆိုတာက အဖြူရောင်နဲ့ အနက်ရောင်နဂါးအမြွှာတွေလို့ကျော်ကြားခဲ့ပါတယ်။

လုံရှောင်ယောင်ရဲ့သိုင်းပညာ၀ိညာဥ်က အမှောင်ထုမြင့်မြတ်နဂါးဖြစ်သလို အကြီးအကဲမုရဲ့တောက်ပရောင်စဥ်မြင့်မြတ်နဂါးနဲ့ လုံး၀ဆန့်ကျင်ဖက်ပါ။ အဆုံးစွန်းရောက်နေတဲ့ အမှောင်ထုနဲ့ အလင်းဆိုတာက နဂါးအမျိုးအစားသိုင်းပညာ၀ိညာဥ်တွေထဲမှာ အင်မတန်ကိုရှားပါးပါတယ်။ ဒါ့အပြင် သူတို့ရဲ့ကျင့်ကြံဆင့်တွေကလဲ အမြဲတမ်းပြိုင်ဘက်တွေအဖြစ်ရှိနေခဲ့တာပါ ဒါပေမယ့် တချို့သောအကြောင်းအရင်းတွေကြောင့် လုံရှောင်ယောင်က ဒီကမ္ဘာလောကကြီးရဲ့မျက်နှာပြင်ပေါ်ကနေ ရုတ်တရက်ကြီးခြေရာဖျောက်လို့သွားခဲ့ပါတယ်။ ဒီလောကကြီးကနေ လုံရှောင်ယောက်တစ်ယောက်ပျောက်ကွယ်သွားချိန်မှာ ရန်ရှောင်ကျဲ့က မွေးတောင်မမွေးသေးပါဘူး။ ဒီကြောင့် ဒီလူကြီးကိုသူ မတွေ့ဖူးတဲ့ကိစ္စက ပုံမှန်ပါပဲ။

ရန်ရှောင်ကျဲ့ကတော့ သူ့ဘာသာသူတည်ငြိမ်အောင်ထိန်းချုပ်နေရင်း ရှိသမျှခံစားချက်တွေအားလုံးကိုထိန်းသိမ်းကာ တလေးတစားနဲ့ဦးညွတ်လိုက်ပါတယ်။

” ဆရာကြီးလုံကို ဂါရ၀ပြုပါတယ်…ဒီလိုမျိုးသက်ရှိထင်ရှားတစ်နေ့မှာတွေ့ရမယ်လို့ ကျွန်တော်မတွေးထားခဲ့မိပါဘူး ”

လုံရှောင်ယောင်ကတော့ သက်ပြင်းချရင်းနဲ့သာ ပြောလာခဲ့တယ်။

” မုအန်းကိုလာမတွေ့၀ံ့တာငါပါ ငါတကယ်ပဲ သူ့ကိုအများကြီးစိတ်ပျက်စေခဲ့မိတယ်..သူဆုံးပါးသွားတာကြောင့်သာ မဟုတ်ဘူးဆိုရင် သေချာပေါက် ငါလဲလောကကြီးမှာမျက်နှာထွက်ပြ၀ံ့မှာမဟုတ်ဘူး…ဒါပေမယ့် တကယ်ပဲ သူဆုံးပါးသွားပြီတဲ့နောက် ငါအတော်ကြီးကို နောင်တရမိသား ငါဘ၀မှာဘယ်တုန်းကမှ သူ့ရှေ့ကိုထွက်လာပြီ တောင်းပန်ဖို့သတ္တိမရှိခဲ့ဖူးဘူး ”

ရန်ရှောင်ကျဲ့ကတော့ နှလုံးသားထဲမှာအတော်ကို ယာကျိယာကျိဖြစ်နေခဲ့ပါပြီ။

” ဆရာပြောခဲ့ဖူးတာကို ကျွန်တော်မှတ်မိတယ်..အဲ့ဒီအတိတ်နေ့ရက်တွေတုန်းကဆိုရင် ဆရာကြီးတို့နှစ်ယောက်က မိတ်ဆွေကောင်းတွေတဲ့ဆရာကြီးမှာအမှောင်ထုနဂါးသိုင်းပညာ၀ိညာဥ်တွေရှိပေမဲ့ အမြဲတမ်းမှန်ကန်ဖြောင့်မတ်တဲ့သူတစ်ယောက်လို့ ပြောခဲ့ဖူးပါတယ်…ဒီနေ့တော့ ”

လုံရှောင်ယောင်က ခေါင်းသာခါနေခဲ့တယ်။

” ငါတို့ကြားမှာဘာတွေဖြစ်ခဲ့လဲဆိုတာ မုအန်းကမင်းကိုမပြောပြခဲ့ဘူးလား…တကယ်ပဲ ငါသူငယ်ချင်းက ငါ့ကိုမျက်နှာသာရအောင်တော့ လုပ်ပေးခဲ့သား မေ့လိုက်ပါ မေ့လိုက်ပါ မုအန်းအတွက် လေးစားသမုထားပြီ မင်းတို့ရဲ့အသက်တွေကို ဒီနေ့ချမ်းသာပေးလိုက်မယ် ”

ဒီနေ့ဘာကြောင့်များ လုံရှောင်ယောင်က သူတို့ရန်သူဖြစ်လာလဲဆိုတာ ရန်ရှောင်ကျဲ့တွေးလို့တောင်မရပါဘူး။ လုံရှောင်ယောင်ရဲ့ပုံစံအရ ကြည့်ရတာသူလဲပြောမထွက်နိုင်တဲ့ပြဿနာတချို့ တက်နေပုံရပါတယ်။ ဒါကြောင့် ရန်ရှောင်ကျဲ့လဲ မျက်မှောင်ကြုတ်ကာရယ်မောလိုက်ပြီတဲ့နောက် ပြောလာခဲ့တယ်။

” ဆရာကြီးလုံက တကယ်ပဲလူငယ်တွေကို အနိုင်ကျင့်တော့မလို့လား ”

” လူတစ်ယောက်က ငါ့ကိုယုံယုံကြည်ကြည်နဲ့ ဒီတာ၀န်ပေးလိုက်တယ်လေ ဒီတော့ငါလဲကတိပေးထားရတဲ့အတိုင်း လုပ်ပေးရမှာပေါ့ ငါ့ဘ၀မှာအဲ့ဒီလူကို ကျေးဇူးကြွေးတင်နေခဲ့မိတယ်…ဒီတော့ရွေးချယ်စရာမရှိပဲ ဒီလူရဲ့လက်ထဲမှာအသုံးချခံနေရပြီးပြီ ဒီနေ့ဒီလိုလုပ်ကြရင်း ဘယ်လိုလဲ မင်းငါရဲ့တိုက်ခိုက်မှုသုံးကွက်ကို ခံယူလိုက် ပြီးရင်အဲ့ဒီကလေးလက်ထဲက လက်စွပ်ကို ငါလက်ထဲအပ်လိုက် ဒါဆိုရင် မင်းတို့အားလုံးသွားလို့ရပြီ မင်းတို့နှစ်ယောက်ကို အသက်ရှင်လျက်ချန်ထားပေးမယ်…ဒါပေမယ့် အဲ့ဒီကောင်မလေးကတော့ နေရစ်ခဲ့ရမယ် ”

ရန်ရှောင်ကျဲ့က အရမ်းကိုစိုးရိမ်လာခဲ့ပါတယ်။

” ဆရာလုံကျွန်တော်တို့က ”

လုံရှောင်ယောင်က လက်ကိုမြောက်လိုက်ချိန်မှာ သူတို့ပတ်လည်က လေဟာနယ်တစ်ခုလုံးတွန့်လိမ့်လို့သွားပါတော့တယ်။ ရန်ရှောင်ကျဲ့ပြီအောင်စကားတောင်ဆက်မပြောနိုင်တော့ပါဘူး။ တစ်ဖက်လူရဲ့မျက်လုံးက အေးစက်နေခဲ့သလို အပြာရောင်အလင်းတွေကလဲ သူ့မျက်လုံးအောက်ခြေကနေ ထိုးတက်လို့လာခဲ့ပါတယ်။

” ဆုံးဖြတ်ချက်က ချပြီသွားပြီ နောက်ထပ်ပြောစရာဘာမှမရှိတော့ဘူး..သတိထားကြည့်တော့ ”

သူပြောပြီတဲ့နောက် ညာဘက်လက်ကိုမြောက်ရင်း ရန်ရှောင်ကျဲ့ဆီကို လက်ညိုးထိုးလိုက်ပါတော့တယ်။

ရန်ရှောင်ကျဲ့ကတော့ ချက်ချင်းဆိုသလို ဟို့ယွိဟောင်ကို သူ့နောက်ဖက်မှာဆွဲသွင်းလိုက်ရင်း အဖြူရောင်အလင်းတန်းတွေအားလုံးကို ခန္ဓာကိုယ်ထဲကနေ ထုတ်လွှတ်ပါတော့တယ်။ နတ်မီးငှက်တစ်ကောင်ရဲ့အော်သံက ကောင်းကင်မှာပဲ့တင်ထပ်လာပြီတဲ့နောက် သူ့နောက်ကျောဖက်မှာရွှေရောင်နတ်မီးငှက်တစ်ကောင်က ပေါ်လာခဲ့ပါပြီ။

ရန်ရှောင်ကျဲ့က လက်မောင်းတွေကိုလှုပ်ရှားကာ စက်၀ိုင်းတစ်ခုလိုဆွဲလိုက်ရင်း လက်နှစ်ဖက်နဲ့အပြင်ကိုတွန်းလိုက်ပါတော့တယ်။ နတ်မီးငှက်ရဲ့အော်သံက အင်မတန်ကို စူးရှလွန်တာကြောင့် ဟို့ယွိဟောင်တောင်မှ သူ့ရဲ့စိတ်၀ိညာဥ်တွေပျက်စီးတော့မလိုဖြစ်သွားတာကို ခံစားလိုက်ရပါတယ်။ ကံကြမ္မာမျက်လုံးကလဲ အလိုအလောက်အသက်၀င်လာခဲ့ပြီ တစ်ကိုယ်လုံးက စိတ်၀ိညာဥ်စွမ်းအားတွေကိုထုတ်လွှတ်ရင် သူတစ်ကိုယ်လုံးရွှေရောင်အလင်းတန်းတွေနဲ့ ဖုံးကွယ်လိုက်ပါတော့တယ်။ ဒီအချိန်မှသာ သူ့ကိုယ်သူတည်ငြိမ်အောင်ပြန်ထိန်းလိုက်နိုင်တာပါ။

ကောင်းကင်မှာတော့ ကြီးမားတဲ့ဘောလုံးကြီးတစ်လုံးရှိနေတဲ့အတိုင်း လုံရှောင်ယောင်ကတော့ အဲ့ဒီဘောလုံးကြီးကို လက်ညိုးလေးနဲ့တောက်နေခဲ့တယ်။

သုံးမိီတာကျော်ကြီးမားတဲ့ အနက်ရောင်အပေါက်ကြီးကတော့ ရန်ရှောင်ကျဲ့အရှေ့မှာပေါ်လာခဲ့ပါပြီ။ မိစ္ဆာကြီးတစ်ကောင်ပါးစပ်ဖွင့်နေတဲ့အတိုင်း ရန်ရှောင်ကျဲ့နဲ့ ဟို့ယွိဟောင်တို့ကို မျိုချတော့မတတ်လှုပ်ရှားလို့နေခဲ့ပါတယ်။

ရန်ရှောင်ကျဲ့လက်၀ါးက ထွက်လာတဲ့အဖြူရောင်အလင်းတန်းတွေအားလုံးကလဲ အနက်ရောင်အပေါက်ထဲ၀င်သွားခဲ့ပါပြီ။ ပေါက်ကွဲသံဆယ်ခုနှစ်ချက်တိတိကောင်းကင်မှာထွက်ပေါ်လာပြီတဲ့နောက် ရန်ရှောင်ကျဲ့လဲ တစ်ကိုယ်လုံးတုန်ရီရင်း နောက်ဖက်မီတာတစ်ထောင်အထိကို လွှင့်ထွက်လို့သွားပါတော့တယ်။

” တောက်ပရောင်စဥ်နတ်မီးငှက်ပဲ မဆိုးဘူး မဆိုးဘူး မုအန်းရဲ့တိုက်ရိုက်တပည့်သားဖြစ်လာတာဘယ်အံ့ဩစရာရှိမလဲ ”

လုံရှောင်ယောင်က လိုက်ပြီမဖမ်းခဲ့သလို ခေါင်းသာညိတ်နေခဲ့ပါတယ်။

ရန်ရှောင်ကျဲ့ကတော့ လက်ရှိအချိန်မှာလုံး၀ကို တင်းမာတဲ့မျက်နှာထားရှိနေခဲ့ပါပြီ။ လူတစ်ယောက်က နာမည်ကိုအတုလုပ်လို့ရပေမဲ့ ကျင့်ကြံမှုကိုတော့အတုလုပ်လို့မရပါဘူး။ နဂါးဧကရာဇ်သော့်လော့တစ်ယောက်ရဲ့ ကျင့်ကြံမှုက သေချာပေါက်သူ့ဆရာနဲ့ အဆင့်တူမှာရှိနေခဲ့ပါတယ်။ ဒါ့အပြင် ထူးကဲသာလွန်သော့်လော့ဖြစ်တဲ့ခန္ဓာကိုယ်မျိုးနွယ်ခေါင်းဆောင် သုပုစီးတောင်မှ ဒီလူနဲ့ယှဥ်လို့မရနိုင်ပါဘူး။

” နောက်ထပ် နှစ်ခေါက်ကျန်သေးတယ် ”
လုံရှောင်ယောင်က ပြောလိုက်ပါတယ်။

” ကျွန်တော်တို့လူငယ်တွေကို အနိုင်ကျင့်ရတယ်ဆိုတာ သေချာပေါက် ကိစ္စကြီးတော့မဟုတ်ဘူးပဲ ”

အတော်လေးဒေါသထွက်နေတဲ့အသံတစ်သံက ဘေးကနေထွက်ပေါ်လာပါတော့တယ်။ လုံရှောင်ယောင်ကတော့ တိုက်ခိုက်တော့မလိုပြင်လိုက်ပေမဲ့ မျက်လုံးပြူးသွားခဲ့တယ်။

ဟို့ယွိဟောင်က အရှေ့ကိုထွက်လာခဲ့တာပါ သူကအတော်လေးစိတ်မကောင်းဖြစ်နေတဲ့မျက်လုံးတွေနဲ့ လုံရှောင်ယောင်ကိုစိုက်ကြည့်ရင်းပြောလာခဲ့တယ်။

” ခင်ဗျာ့က ကျွန်တော်ရဲ့ဆရာကိုပြောဖို့လုံး၀မထိုက်တန်ဘူး…ကျွန်တော်ဆရာရဲ့မိတ်ဆွေဖြစ်ဖို့မထိုက်သေးတယ်…ဒီလိုတိုက်ခိုက်မှုသုံးခုလုပ်ပြီ ဟန်ဆောင်မနေနဲ့ အကယ်၍ ကျွန်တော်ကိုဒီနေ့သတ်လိုက်မယ်ဆိုရင်တောင် အဲ့ဒီလက်စွပ်ကိုပြန်ရမှာမဟုတ်ဘူး…ကျွန်တော်ကို တခြားကမ္ဘာလောကကြီးဆီပို့လိုက်မယ်ဆိုရင်တောင် ဒီလက်စွပ်ကိုဘယ်တော့မှပေးမှာမဟုတ်ဘူး ”

ကျန်းဟုန်ချန်အနေနဲ့ ဒီလိုမျိုးအင်အားကြီးတဲ့လူတစ်ယောက်ရှာလာခဲ့မယ်လို့ ရန်ရှောင်ကျဲ့မထင်ခဲ့သလို ဟို့ယွိဟောင်လဲ ဒီလောက်အခက်အခဲတွေဖြစ်လာစေနိုင်မယ်လို့ မတွေးမိပါဘူး။

ရန်ရှောင်ကျဲ့ရဲ့လေသံအရ အကြီးအကဲမုရဲ့အဆင့်အတန်းတူတဲ့ကြောက်စရာကောင်းသူကို ရင်ဆိုင်ရပြီမှန်း နားလည်ခဲ့ရပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့လူဆိုတာက သူတို့အနေနဲ့ အသက်ဘေးကနေ လွှတ်အောင်ရှောင်ဖို့ အဆင်ပြေမှာမဟုတ်ပါဘူး။ လုံရှောင်ယောင်က အကြီးအကဲမုရဲ့နာမည်ကို ဆက်တိုက်ပြောနေခဲ့ပြီတဲ့နောက် ရန်ရှောင်ကျဲ့ကိုတောင်လွှင့်အောင်ရိုက်ထုတ်လိုက်တဲ့အတွက် ဆက်ပြီသည်းမခံထားနိုင်တော့ပဲ ဒေါသတကြီးနဲ့၀င်ပြောမိပါတော့တယ်။

အပိုင်း ၂၀၆•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset