Switch Mode

Chapter – 71

လမ်းသစ်

Chapter – 71 လမ်းသစ်

“ဒီထဲမှာ ဘာရှိတာလဲ”
စုမေးယို ချန်ရှန်ကို ကြည့်ကာ ပျော်ရွှင်နေတဲ့ပုံနဲ့ မေးမြန်းပါ တယ် ။
“ဟဲဟဲ ၊ ဒါက မြေပုံကြမ်းတစ်ခုလိုပါပဲ ၊ ဒီထဲမှာ လက်နက် ပညာရှင် ရဲ့ အတွေ့ အကြုံတွေပါတယ်”
ချန်ရှန် ရယ်မောရင်း ပြောတယ် ။ လက်နက်ပညာရှင်တွေ ဟာ ဆေးပညာရှင်တွေထက် ပိုမိုရှားပါးပါတယ် ။ တချို့ အဆင့် နိမ့် လက်နက်ပညာရှင်တွေကတော့ နေရာတိုင်းမှာ တွေ့ နိုင်ပါ တယ် ။ ဒါပေမယ့် တကယ်ကို ကျွမ်းကျင် ထူးချွန်တဲ့ ပညာရှင် ကတော့ တော်တော်ကိုရှားတာပါ ။ ဒီလိုပညာရှင်မျိုးဟာ အရမ်း ကို စွမ်းအားကြီးတယ့် လက်နက်များကို ပြုလုပ်နိုင်ကြပြီး ၎င်းတို့ ရဲ့ ကျော်ဇောမှုဟာလည်း ဆေးပညာရှင်များနဲ့ ထပ်တူပါပဲ ။
ဒီလမ်းညွှန်ချက် မြေပုံကြမ်းကို ချန်ရှန် မြင်တဲ့အခါမှာတော့ သူ့ကိုသူ ကျွမ်းကျင်တဲ့လက်နက်ပညာရှင်တစ်ယောက် ဖြစ်လာ တော့ မယ်လို့ တော်တော်ကို ယုံကြည်ချက်ရှိနေပါတယ် ။ ခုထိ တော့ ဆေးပညာရပ်ထဲမှာပဲ သူပိုမို ကြိုးစားမိနေတာပါ ။
စုမေးယို ပုတီးလေးကို ယူပြီးနောက် တချက်ကြည့်လိုက် တယ် ။ ထို့နောက် ချစ်စဖွယ် အပြုံးလေးဖြင့် –
“ဒါကတကယ်ကို ကောင်းတဲ့ အရာလေးပဲ ၊ ဒီထဲမှာ တန်ဖိုး ရှိလှတဲ့ လက်နက်ပြုလုပ်နည်း စနစ်တွေ ပါဝင်တယ် ။ ဒါတင်မက ရုပ်ပုံတွေပါပါဝင်တယ် ဒါကြောင့် မင်းကောင်းကောင်း ကြိုးစားပြီး ဒီအခွင့်အရေးကို အသုံးချပေတော့”
“ဒါပေ့ါဗျာ”
ချန်ရှန်လည်း အပြုံးလေးနဲ့ ပြန်ပြောလိုက်တယ် ။
“ဒီ သားရေချပ်မှာ ဘာတွေ ဆွဲထားတာလဲ”
“ဒါက မြေပုံတစ်ချပ်ပဲ”
စုမေးယိုက ပြောရင်းဖြင့် ပုတီးလေးအား ဘိုင်ယုယု ကြည့်နိုင်စေရန် ပေးလိုက်တယ် ။
“ဘာမြေပုံလဲ”
ချန်ရှန် ခပ်မြန်မြန် မေးလိုက်ပါတယ် ။
“ဆေးဥယျာဉ်တစ်ခုကို လမ်းညွှန်ထားတာ ၊ ဒါပေမယ့် ဒီဥယျာဉ်ကို ဖွင့်ဖို့က သော့တစ်ခုလိုတယ် ။ ဒီလိုသော့ ကို ပြု လုပ်တယ့်နည်းက ဒီပုတီးထဲမှာရှိတယ်”
စုမေးယို ပြောလိုက်တယ် ။
ချန်ရှန်လဲ ခုနက ပုတီးထဲမှ မှတ်ထားတဲ့ အချက်အလက် များကို ပြန်စဉ်းစားလိုက်တယ် ။ ချက်ချင်းပဲ မှတ်မိသွားပါတယ်။ ဒီအရာကို ပြုလုပ်မယ့် ပစ္စည်းတွေဟာ ရှာရ အရမ်းလွယ်ပြီး ခက်ခဲတယ့်အပိုင်းကတော့ ဒီသော့ပေါ်မှာ ရှုပ်ထွေးလှတဲ့ ဝိဉာဉ် တော် အကြောပုံစံ ရိုက်နှပ်ရခြင်းပဲ ဖြစ်ပါတယ် ။
“ဒီသော့က ငါ့လက်ထဲမှာ ၊ မြေပုံကို ဖွင့်လိုက်နေတုန်း ကျသွားတာပဲ”
ဘိုင်ယုယုက သူမဆီမှ လက်ချောင်းအရွယ် ရွှေရောင်တွေ ထွက်ပြီး တောက်ပနေတယ့် သော့လေးကို ပြပါတယ် ။ ဒီ ဝိ ဉာဉ် တော် အကြောလေးတွေမှာ ပြောမပြနိုင်တဲ့ စွမ်းအားတွေ ခိုအောင်းနေပြီး ခုနက ပုံစံကွက်တွေဟာလည်း မရေတွက်နိုင် သော လက်နက်ပြုလုပ်သူတွေ ရဲ့ နှစ်ပေါင်းများစွာ လေ့လာ စမ်း စစ်ချက်တွေကနေ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ် ။
လက်နက်ဆန်းတွေမှာ ဒီလို အကြောပုံစံတွေ ပါတတ်ပါ တယ် ။ ချန်ရှန်၏ ထူးကဲလေးနက်လှတယ့် နဂါးမီးတောက် မီးဖို ရဲ့ အတွင်းကော အပြင်မှာပါ ဒီလိုအကြောများ ရှုပ်ထွေးစွာ ပါဝင် ပါတယ် ။ ဒါအချက်ကပဲ ဒီ နဂါးမီးတောက် မီးဖိုရဲ့ ဒီလိုမျိုး အစွမ်း ထက်လှတယ့် အစွမ်းတွေ ရှိရခြင်း၏ အကြောင်းရင်းပါပဲ ။
ဒီလို ဝိဉာဉ်တော် အကြောတွေဟာ ပစ္စည်းများပြုလုပ်နေ တုန်းမှာ သေချာကို အနုစိတ် ထည့်သွင်းရတာပါ ။ အဲလိုလုပ်နိုင် ပါက အောင်မြင်သော ပစ္စည်း အဖြစ် ရရှိပြီးဒါကို လုပ်တာဟာ မခက်ခဲပါဘူး ။ ဒီအချက်ကပဲ ဒီလို လက်နက်ပြုလုပ်သူများ အများအပြား ရှိနေရခြင်း၏ အကြောင်းရင်းပါပဲ ။
“ဒီအရာ ကို ကြည့်ရတာ နှစ်တော်တော် ကြာနေပုံပဲ ၊ တကယ်လို့ ဆေးဥယျာဉ်သာ အဲဒိနေရာမှာ ရှိနေဦးမယ်ဆို ဆေး ပင်တွေ ဟာ လည်း တော်တော် ကြီးနေလောက်ပြီ”
စုမေးယို ရယ်ပြီး ပြောပါတယ် ။
ချန်ရှန်လည်း သူ၏ ခေါင်းကို ညိမ့်လျက် ပြန်မေးလိုက်လေ တယ် ။
“အဲဒိဆေးဥယျာဉ်က ဘယ်မှာလဲ”
“အဲဒါက စစ်မှန်ပြီး တကယ်ကို အင်အားကောင်းတဲ့ သိုင်းပ ညာဂိုဏ်းကို သွားရာလမ်းမှာပဲ ၊ ကြည့်ရတာ မင်းတော့ ဒီဂိုဏ်း ကို စောစော သွားရတော့မယ် ထင်တယ် ။ ဒီဥယျာဉ်မှာကလဲ ဆေးပင်တွေ အများကြီးရှိတော့ မင်း အဆင့် ၉ ကို ၀င်နိုင်မှာပဲ”
စုမေးယို က ပြောတာပါ ။
နောက်ဆုံးတော့ သိုင်းပညာအစစ်အမှန် ဂိုဏ်းတစ်ခုကို သွားရတော့ မှာပါလား . . . ။
ချန်ရှန် တော်တော် လေး စိတ်လှုပ်ရှားသွားပါတယ် ။
“ခုကျွန်တော်ပြန်ပြီး အဖေ့ကို သွားနှုတ်ဆက်လိုက်မယ်”
ချန်မျိုးနွယ်ဆီကို ပြန်လာပြီးနောက် ချန်ရှန်ဟာ ပထမဆုံး ချန်တျန်းဟူဆီ သွားပါတယ် ။ ချန်ရှန်ဒီလို ဘေးမသီရန်မခပဲ ပြန် လာတာကို တွေ့ တဲ့အခါ ချန်တျန်းဟူ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပါတယ် ။
“ကောင်းတယ်ကွာ ၊ မင်းပြန်လာနိုင်ပြီပေါ့”
ချန်တျန်းဟူ မျက်နာဟာ ချစ်ခြင်းမေတ္တာများ အပြည့်ဖြင့် ပါပဲ ။
“အဖေ ၊ အဖေ့အခြေအနေက တော်တော် ပြန်သက်သာနေ ပါပြီ ၊ ဒါက အဆိပ်ဖြေဆေးပဲ ၊ ဒါကိုသောက်လိုက်ရင် အဖေ အမြန်ဆုံး ပြန်ကောင်းလာလိမ့်မယ် ။”
ချန်ရှန် အပြုံးလေးဖြင့်ပြောကာ ပုလင်းလုံးတစ်လုံးအား ချန်တျန်းဟူအား ပေးလိုက်ပါတယ် ။ ဒီပုလင်းအား ဂျူဒူဇီ အိတ် ထဲမှ ရရှိခဲ့တာဖြစ်ပြီး ၎င်းဟာ အဓိကအားဖြင့် အဆိပ်များစွာကို ဖြေဖျောက်စေနိုင်တယ့် အစွမ်းရှိတာပါ ။
ချန်တျန်းဟူဟာ ချန်ရှန် လေမည်းဂိုဏ်းနဲ့ ဘယ်လို ရင်ဆိုင် ခဲ့လဲဆိုတာကို မမေးပါဘူး ။ အဆိပ်ပုလင်းယူလာပြီး အေးဆေး စွာ ပြန်လာတာကို ကြည့်ချင်းအားဖြင့် လေမည်းဂိုဏ်းဆိုတာ နောက် မရှိနိုင်တော့ဘူးဆိုတာ သူသိနေပါတယ် ။
“အဖေ ၊ ခု ကျွန်တော် ထွက်ခွာရမယ့် အချိန်ရောက်ပြီ”
ချန်ရှန်ဟာ ဒီစကားကို အပြုံးလေးဖြင့် ပြောနေသော်လည်း သူ့နှလုံးသားထဲမှာတော့ တော်တော် ၀မ်းနည်းနေပါတယ် ။
ချန်တျန်းဟူ သက်ပြင်းအနည်းငယ် ချပြီး အပြုံးလေးဖြင့်ပင် ပြန်ပြောပါတယ် ။
“ကောင်းတယ် ၊ မင်းသွားသင့်ပါတယ် ။ မင်းသွားရင် အဲဒိမှာ မင်းရဲ့ စွမ်းအားကို အပြည့်အ၀ နားလည် သွားလိမ့်မယ် ၊ နောက် ပြီး ငါတို့ ချန်မျိုးနွယ်ကိုလည်း ဘုရင့်မြို့ တော်မှာ ခြေကုပ်ယူနိုင် အောင် လုပ်ပေးသွားတယ် ။ မင်းက ငါတို့ မျိုးနွယ် အတွက် တော်တော်ကို ပေးဆပ်ခဲ့ပါပေတယ်”
“အဖေ ၊ ကျွန်တော် သွားပြီနော်”
ချန်ရှန် မတ်တပ် ရပ်လိုက်ပါတယ် ၊ ချန်တျန်းဟူနားသွား ကာ တချက် ဖက်လိုက်ပါတော့တယ် ။
“အ ၊ မင်း အရွယ်ရောက်လာတာတော့ အမှန်ပဲ ၊ ငါလဲသက် သာနေပါပြီ ၊ ဂရုစိုက်ပါကွာ”
ချန်တျန်းဟူ တော်တော် ၀မ်းနည်းနေပါတယ် ။ ချန်ရှန်၏ ကျောကို ပုတ်ရင်း ချန်ရှန်သာ ဒီသိုင်းပညာဂိုဏ်းတွေထဲ ရောက် သွားပါက နှစ်ပေါင်းများစွာကြာမှ ပြန်လာနိုင်မည်ကို စဉ်းစားရင်း စိတ်မကောင်း ဖြစ်နေပါတော့တယ် ။
ချန်ရှန် ဟာချန်တျန်းဟူကို အဆင့်မြင့် ဆေးတချို့ ပေးကာ ချန်မျိုးနွယ်မှ ထွက်လာခဲ့ပါတယ် ။ ထို့နောက်မှာတော့ ဆေးဘု ရင်ခန်းမကို ဦးတည်ထွက်လာခဲ့ပြီး ချန်လုဇောင်နဲ့ မန်ဘိုအား နှုတ်ဆက်ကာ သိုင်းပညာဂိုဏ်းကြီးဆီသို့ စတင်ရွက်လွှင့် ပါ တော့တယ် ။
ချန်ရှန်ဟာ ထွက်လာရင်း ၀မ်းနည်းမိနေပါတယ် ။ ဒါပေမယ့် သူဟာ နောင်တချိန်မှာ ၎င်းမျိုးနွယ်နှင့် ပြန်ဆုံဖို့ ရှေ့ ဆက်ကြိုး စားသွားမှာဖြစ်ပြီး ထိုအချိန်တွင် သူအဖေနဲ့တကွ ချန်မျိုးနွယ် တစ်ခုလုံးဟာ လောကကြီးတစ်ခုလုံးကို ကိုင်လှုပ်နိုင်မယ်လို့ ယုံကြည်နေပါတော့တယ် ။
ချန်ရှန်ဟာ ပြင်ပလောကမှာ အင်အားအကြီးဆုံးမြို့ တော် ကြီး ဖြစ်တယ့် ဘုရင့်မြို့ တော်ကြီးကို အဝေးတစ်နေရာမှ ကြည့်နေပါတယ် ။ ဒီမြို့ ကြီးထဲမှာ အင်အားကြီးပညာရှင်များစွာ ရှိပေမယ့်လည်း ဂိုဏ်းအတွင်းမှ ပညာရှင်များနဲ့ နှိုင်းယှဉ်ရင် တော့ ဒီလူများဟာ ဘာမှ မဟုတ်တော့သလိုပါပဲ ။
“ရှန်းရှန်း ရေ ၊ ငါလာပြီနော်”
လီပေါင်း ၁၀၀၀၀ လောက်အကွာက တောင်ကြီးကို ကြည့် ရင်း ချန်ရှန်ဟာ လက်သီးဆုပ်လိုက်တယ် ၊ ထို့နောက်မှာတော့ မြင်းကို ကဆုန်စိုင်းလျက် စီးသွားပါတော့တယ် ။
ဒီသိုင်းပညာဂိုဏ်းကို သွားချင်ပါက ချန်ရှန်ဟာ ယခုမြင်တွေ့ ရသော တောတောင်ကြီးကို ဖြတ်သန်းရမည် ဖြစ်ပြီး ဒီထဲမှာ တော့ တောကောင် သားရဲမိစ္ဆာကြီးများဟာ ကျက်စားလေ့ ရှိ ကြ ပါတယ် ။ သွားရမည့် ခရီးက ရှည်ကာ အန္တရာယ်မှာလည်း အလွန်ကို များလှပါတယ် ။ ဒါပေမယ့် ဒီအရာတွေကို ကျော် ရင် တော့ ဝိဉာဉ်တော် ချီဓာတ်များ ပေါများစွာ ရှိနေပြီး သိုင်းပညာ ဂိုဏ်းကြီး တည်ရှိနေတယ့် နေရာကို ရောက်မှာပဲ ဖြစ်ပါတော့ တယ် ။
ပြင်ပ လောက နဲ့ ဒီ သိုင်းပညာရှင်များလောက ကို ဒီတောင် ကြီးက ကျယ်ဝန်းစွာ ကာရံထားတာဖြစ်ပြီး မည်သို့သော အားနည်းသည့်လူမျှ ဒီလိုကျယ်ဝန်းလှပြီး အန္တရာယ်ရှိလှသော တောင်ကြီးကို ဖြတ်သန်းသွားနိ်ုင်မှာမဟုတ်ပါဘူး ။
“အမတော် မေးယို ၊ မရဏနဂါး နတ်သိုင်းစွမ်းရည် ကို ဘယ်လိုလုပ်ရလဲ ၊ အဲဒိတိုက်ကွက်က ကောင်းလား”
ချန်ရှန်မေးလိုက်ပါတယ် ။ သူဟာ ချက်ချင်းတွေပဲ စွမ်းအား ကြီးလှတဲ့ သိုင်းကျင့်စဉ်တွေကို လိုချင်နေတာပါ ။
“စိတ်လျော့ပါဦး ၊ ငါနဲ့ ငါ့အမ ဒီစာအုပ်ကို သေချာ လေ့လာ တာကို စောင့်ဦး ၊ ပြီးမှ ငါတို့ ဒီ နဂါးသိုင်းစွမ်းရည်တွေကို ဘယ်လို လုပ်ရမလဲဆိုတာ သင်ပေးမယ် ။ ဒါကြောင့် မစိုးရိမ်နဲ့”
စုမေးယို ပြန်ပြောလိုက်တာပါ ။
ဒီလို အလှပဂေးလေး ၂ ယောက်အား အဖော်အဖြစ် ရှိခြင်း ဟာ ချန်ရှန်အဖို့ တော်တော် ပျော်စရာပါ ။ ၎င်းတို့ဟာ သူ၏ ဆရာ များသာမက အမြဲတမ်းလည်း စိတ်ရှည်ရှည်ဖြင့် ကျင့်စဉ် နည်းလမ်းများကို ညွှန်ကြားပြသပေးကြသူတွေပါ ။
ချန်ရှန် ဟာ ဆေးဥယျာဉ်သို့ သွားရာလမ်းကို မှတ်ထားပြီး သားပါ ။ တောင်ခြေတောအစကို ၀င်တာနဲ့ လမ်းကြောင်းကို လွယ်လွယ်ပဲ ရှာနိုင်ပါတယ် ။
ဒီဆေးဥယျာဉ်ကို မြန်မြန်ရှာဖို့ ချန်ရှန်ဟာ အနီရင့်ငှက် ၏ မီးတောင်ပံများကို အသုံးပြုကာ ကောင်းကင်ပေါ် ပျံတက်လိုက် ပါတယ် ။ သူဟာ ဒီအနီရင့်ငှက်၏ ပုံစံကို စွမ်းအင်သိုလှောင်ရာ မှာ ဖြစ်ပေါ်စေထားတဲ့အတွက် ယခု သူ၏ ချီဓာတ်များမှာ ပိုမို အားကောင်းနေပါတယ် ။ ဒါကြောင့် သူ၏ ချီဓာတ်များ ကုန်ဆုံး သွားမှာကို စိုးရိမ်ခြင်း မရှိနေပါဘူး ။
သူပျံသန်းနေတာကို မည်သူမျှ မမြင်စေရန်အတွက် ချန်ရှန် ဟာ တိမ်တိုက်များထဲသို့ ၀င်ရောက်ကာ ပျံသန်းလိုက်ပါတယ် ။
သူပျံနေတယ့် အမြန်နှုန်းဟာ အရမ်းမြန်ပါတယ် ။ ခဏလေး ဖြင့်ပင် ဒီတောင်ကြီးရဲ့ တောနက်နက်ထဲသို့ ၀င်လာခဲ့ပါပြီ ။ ဒါ တင်မက ဒီနည်းလမ်းဟာ တချို့ သော သားရဲမိစ္ဆာများ၏ ရန်မှ လည်း ကာကွယ်နိုင်နေပါတယ် ။ သူဟာ ဒီအကောင်တွေကို မကြောက်သော်လည်း ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြသနာ များကို ရှောင်ရှားရန် ဒီနည်းလမ်းက သင့်တော်လှပါတယ် ။
ဆေးဥယျာဉ် တည်နေရာဟာ အရမ်းကို အန္တရာယ်များပြီး တောင်ထဲမှာ လွယ်လွယ်ရှာမတွေ့ နိုင်ပါဘူး ။ ချန်ရှန်ဟာ ၃ ရက် တိုင်တိုင် လမ်းပေါ်မှာ ခရီဆက်နေပါတယ် ။ ဒီအချိန်တွေ အတွင်း မှာ သူဟာ တောင်ကြားချိုင့်ဝှမ်းတစ်ခုကို တွေ့ ပါသေးတယ် ။ ဒါပေမယ့် ထိုနေရာမှာလည်း ဘာမှ မရှိပါဘူး ။
ချန်ရှန်ဟာ ကောင်းကင်ပေါ်မှ ဆင်းလာပြီး ဒီ ချိုင့်ဝှမ်းထဲ လာခဲ့ပါတယ် ။ ဒီနေရာရဲ့ ရှုခင်းဟာ အလွန်ကို လှပသော်လည်း တောင်ကြားထဲ ပေါက်ရောက်နေသော အဆိပ်ပင်များစွာ ရှိသောကြောင့် အဆိပ်ငွေ့ များ ပျံ့ နေပါတော့တယ် ။
ထိုချိုင့်ဝှမ်းထဲတွင် မြေပုံထဲ တွင် ပါသည့်အတိုင်းပင် ဂူတစ် ခု ရှိနေပါတယ် ။ ဒါပေမယ့် ချန်ရှန်ဟာ တော်တော်ကို လှည့် ပတ် ကြည့်မှ သာ ဂူကို ရှာတွေ့ ခဲ့တာဖြစ်ပြီး ပေါင်းပင်တွေ နေတာ ကြောင့်လဲ ကောင်းကောင်းမြင်နိုင်တာပဲ ဖြစ်ပါတယ် ။ ဓားရှည် တလက်ဖြင့် အပင်များအား ရှင်းလင်းကာ မီးဒုတ်တစ်ခုအား ကိုင် လျက် သတိထားပြီး ၀င်ရောက်ခဲ့ပါတယ် ။
“ဒီနေရာကပျောက်နေတာ ၊ မြေပုံမှာသာ မပါရင် ရှာတွေ့ ဖို့ က မဖြစ်နိုင်သလောက်ပဲ”
ချန်ရှန် ရေရွတ်လိုက်တာပါ ။ ဒီဆေးဥယျာဉ်က ဘယ်လို ဖြစ် လို့ ဒီဂူထဲရောက်နေလဲဆိုတာကို သူစဉ်းစားမရပါဘူး ။
ဂူထဲသို့ အတန်ကြာဝင်လာပြီးနောက် ရှေ့ မှာ သံတံခါးကြီး တစ်ခု ပိတ်ထားတာကို မြင်လိုက်ရပါတယ် ။ သူဟာ ဒါကို ဖွင့်ဖို့ အမျိုးမျိုးကြိုးပမ်းပါတယ် ။ ဒါပေမယ့်လည်း လှုပ်အောင်ပင် မ လုပ်နိုင်ခဲ့ပါဘူး ။ မည်မျှပင် အားစိုက်ထုတ်ကာ ဖွင့်ပါသော်လည်း တံခါးကော တောင်ပါ တုတ်တုတ်မျှ မလှုပ်ပေ ။ သာမန် တောင် ဆိုပါက အစိတ်စိတ် အမွှာမွှာပင် ကွဲသွားလိမ့်မည် ဖြစ်ပါတယ် ။
“ဒီတံခါးက မင်းအားတွေကို ကုန်အောင် လုပ်နေသလိုပဲ ၊ ရိုးရိုးတန်းတန်းပဲ သော့နဲ့ ဖွင့်စမ်းပါ”
စုမေးယိုက ပြောတာပါ ။
ချန်ရှန်ဟာ တံခါးမှာရှိတဲ့ သော့ပေါက်အား လျင်မြန်စွာ ရှာ တွေ့ သွားပါတယ် ။ သူ သော့အား ထည့်လိုက်ကာ လှည့် လိုက် ပါတယ် ။ “ချက်” ဆိုသည့်အသံလေး အား ကြားလိုက်ရပြီး နောက် တံခါးကြီးဟာ တဖြည်းဖြည်း ချင်း ပွင့်လာတယ် ။ အထဲ မှ မျက်စိကျိန်းလောက်သည့် အလင်းများဟာ စူးရှလျက် . . . ။
တံခါးပွင့်သွားတာနဲ့ အတူ အထဲက မြင်ကွင်းကြောင့် ချန်ရှန် တစ်ယောက် ကြက်သေသေသွားပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset