Switch Mode

Chapter – 70

ပုတီးအမွေအနှစ်

Chapter – 70 ပုတီးအမွေအနှစ်

ဘိုင်ယုယု ဟာ ယခုအချိန်မှတော့ အပြစ်ပြောနေဖို့ အချိန်မရှိ တော့ပါဘူး ။
“နေရာကောင်းကောင်း အမြန်ရှာပြီး သေချာ သန့်စင်တော့”
ဘိုင်ယုယု ညွှန်ကြားနေပါတယ် ။ သူမ၏ ရေခဲလို အေးစက် စက် အသံမှာ စိုးရိမ်တဲ့ အရိပ်အယောင်များ ပါနေတဲ့ အတွက် ချန်ရှန် ရင်ထဲ နည်းနည်းနွေးသွားတယ် ။ သူရုတ်တရက်ပဲ ဘိုင် ယုယု က ဒီလောက် ခဏခဏ ပြောနေတဲ့ကြားထဲက အမှားလုပ် မိသောကြောင့် နည်းနည်းတော့ စိတ်ထဲ လိပ်ပြာမလုံသလို ခံစား မိပါတယ် ။
ချန်ရှန်ဟာ တောတောင်ထဲ နက်အောင် ၀င်လာခဲ့တယ် ။ ထို့နောက် သစ်ပင်မြင့်ကြီးတစ်ခုပေါ်တွင် လွှမ်းမိုးထားတဲ့ ချီဓာတ် များကို သန့်စင်ရန် ပြင်ဆင်ပါတယ် ။ ဒီချီဓာတ်တွေကို သူ့ကိုယ် ထဲ ၀င်လာတဲ့အခါ သူ့ကို ဆန့်ကျင်သလို ဖြစ်နေပါတယ် ။ အဘယ်ကြောင့်ဆိုသော် ဒီချီဓာတ်တွေဟာ သူ့ကိုယ်ပိုင် ချီဓာတ် များမဟုတ်ပါဘူး ဒါကြောင့် ဓာတ်မတည့် တာပါ ။ ကောင်းစွာ မသန့်စင်ဘူးဆိုပါက သေစေနိုင်တဲ့ထိ ဖြစ်စေမှာပါပဲ ။
ကံကောင်းစွာပင် အခြေနေအားလုံးဟာ သိပ်မဆိုးလို့ပါ ။ ဂျူဒူဇီဟာ အဆင့် ၁၀ ပညာရှင် ဖြစ်သော်လည်း သူ၏ စစ်မှန် သော ချီဓာတ်များမှာ လုံးဝ သန့်စင်နေခြင်းမရှိပေ ၊ ဒါ့အပြင် ချီဓာတ်များမှာ မည်သည့် စွမ်းအင်မျှ ပါဝင်ခြင်းလည်း မရှိပါ ။
ထိုက်ကျိ၏ ယင်နဲ့ယန် ပုံသေချပ်ကို ချန်ရှန်ဟာ လျင်မြန်စွာ ပင် လည်ပတ်စေလျက် ဒီမကောင်းတဲ့ ချီဓာတ်များအား သန့်စင် နေပါတယ် ။ ချက်ချင်းပဲ သန့်စင်တဲ့ အဖြူရောင် ချီဓာတ်တွေဟာ ထိုက်ကျိ ပုံသေချပ်ပေါ်မှာ ပေါက်ရောက်နေသော စစ်မှန်သော ချီ စွမ်းအင် အလုံး ၅ လုံးဆီသို့ စုသွားလေပါတော့တယ် ။
“အမတော် မေးယို ၊ ကျွန်တော် ဘာ ဆက်လုပ်ရမလဲ ၊ ကျွန် တော့ရဲ့ ချီဓာတ် အလုံး ၅ လုံးဟာ ဟိုချီဓာတ် အများကြီးကို လက် မခံနိုင်သလို ခံစားနေရတယ်”
ချန်ရှန် မေးလိုက်ပါတယ် ။
“၎င်းတို့ကို ဖိနှိပ်ထားပြီး ပုံပြောင်းလိုက် ၊ ချီဒြပ်စင်လုံး ၅ လုံး ကနေ တခြား ချီဒြပ်စင် ပုံစံ ၅ ခုပြောင်းလိုက်”
စုမေးယိုက ချက်ချင်း ပြန်ပြောပါတယ် ။
“ဒါဆို ကျွန်တော်က အဆင့် ၉ ကို ရောက်သွားတာလား ၊ စစ်မှန်သော ပုံစံ အဆင့်လေ”
ချန်ရှန် ပြန်မေးလိုက်ပါတယ် ။ ချီဓာတ်များကို ဖိနှိပ်ပြီး ပုံစံ တစ်ခုအဖြစ်ြောင်းလဲခြင်းဟာ အဆင့် ၉ ပညာရှင်များသာ လုပ် နိုင်ကြတာဖြစ်လို့ပါ ။
“မလောပါနဲ့ ၊ မင်းဟာ ချီဒြပ်စင် အလုံး ၅ လုံးကို ဖိနှိပ်လိုက် ၊ ပြီးရင် နတ်အတွင်းကျင့်စဉ် သင်္ကေတ ၄ ခုကိုလည်း ကျင့်ပြီး နောက်ဆုံး ဒီကျင့်စဉ်က မိုးပြာနဂါး၊ အဖြူရောင်ကျား ၊ အနီရင့် ငှက်နဲ့ အမည်းရောင်လိပ်ပုံစံတွေကို ပြောင်းလိုက်ပေါ့”
စုမေးယို က လမ်းညွှန်ပေးနေပါတယ် ။
ချန်ရှန်လည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ် ။
“ဒါပေမယ့် ကျွန်တော်မှ ဒီနတ်သားရဲလေးကောင်ရဲ့ ပုံစံ အစစ်အမှန်ကို မသိတာ ၊ အဲဒိ ပုံစံတွေ ဘယ်လိုပြောင်းရမှာလဲ ။ နောက်ပြီး ကျွန်တော့ရဲ့ အဓိက ကျင့်စဉ်က ထိုက်ကျိ ကျင့်စဉ် ၊ အဲဒါကြောင့် ကျွန်တော့ပုံပြောင်းမယ့် စစ်မှန်တဲ့ပုံဟာ ကျွန်တော့ ရဲ့ အဓိက ကျင့်စဉ်နဲ့ မဆက်နွယ်သင့်ဘူးလား”
“ဒီနတ် အတွင်းအား ကျင့်စဉ် သင်္ကေတ လေးခုဆိုတာ ထိုက်ကျိကျင့်စဉ်ရဲ့ အကိုင်းခွဲ တစ်ခုပဲ ။ ၎င်းတို့ ၂ ခုလုံးဟာ အဆင့် ၉ သိုင်းပညာအဆင့်ကို ၀င်ဖို့အတွက် တူညီ တဲ့ ဂါ ထာ ရွတ်ဆိုမှုပုံစံတွေ လုပ်ရတာပဲ ။ ဒါကြောင့် မင်းကို ငါအရင်က သင် ပေးထားတဲ့ နည်းလမ်းဂါထာတွေအတိုင်း လိုက်လုပ် ၊ မင်း ဒီ သင်္ကေတ လေး ခု ပုံကို ဖော်နိ်ုင်သွားလိမ့်မယ်”
စုမေးယို က ပြန်ပြောလိုက်တာပါပဲ ။
စုမေးယို ဘာပြောလဲဆိုတာကို နားထောင်ပြီးနောက် ချက်ချင်းပင် နတ်အတွင်းအားသင်္ကေတ လေးခုရဲ့ ဂါထာတစ်ခု ကို စဉ်းစားလိုက်ပါတယ် ။ ထို့နောက်ထိုက်ကျိ ကျင့်စဉ်ကိုပါ စကျင့်ပါတော့တယ် ။
ချန်ရှန်ဟာ ဂါထာလမ်းညွှန်ချက်များအတိုင်း ချက်ချင်းပင် စတင် ပြုလုပ်တယ် ။ သူ၏ ချီဓာတ်များကို စွမ်းအိုသိုလှောင်ရာ မှာ ပြန်လည် ရေးဆွဲ လည်ပတ်စေတယ် ။ သူပထမဆုံး မိုးပြာ နဂါး ပုံစံပြောင်းဖို့ ဆုံးဖြတ်လိုက်တယ် ။ ထို့နောက်မှာတော့ များ စွာသော ချီဓာတ်များကို ဒီပုံစံ ဖြစ်အောင် ဖိနှိပ်ခြင်း ကို စတင်ပါ တယ် ။ ဒီဖြစ်စဉ်အတွင်းမှာ များပြားလှသော ချီဓာတ်များဟာ အတူတကွ ဖိနှိပ်ခြင်းကို ခံရတယ် ။ အဘယ်ကြောင့်ဆိုသော် ဒီ ချီဓာတ်တွေဟာ အဆက်မပြတ် ပေါက်ကွဲ နေလို့ပါပဲ ။ ဒီလို အသေးစား ပေါက်ကွဲမှုများကြောင့် သူ၏ ချီဓာတ်များဟာ အရည်အသွေးပိုင်းဆိုင်ရာမှာ ပြောင်းလဲသွားပါတယ် ။ ပိုမိုပြီး ကောင်းမွန် အားကောင်းသွားစေတာပါပဲ ။
တစ်နေ့လုံး ကုန်ဆုံးသွားပြီးတော့ ချန်ရှန်၏ စွမ်းအင်သို လှောင်ရာအပေါ်မှာ ချီဓာတ်များဟာ မြွေများကဲ့သို့ ယိမ်းနွဲ့ နေကြ ပါတယ် ။ ယခုလက်ရှိမှာ ဒါဟာ အခြေခံပုံသာ ဖြစ်နေပြီး မိုးပြာ နဂါး၏ ပုံစံအပြည့် မပေါ်သေးပါဘူး ။
“မင်းရဲ့ ပုံစံဟာ တဖြည်းဖြည်းပေါ်လာပြီ ၊ ဒါပေမယ့် နောက်ဆုံး အဆင့်တော့ မရသေးဘူး ။ အဆင့် ၁၀ ရှိတဲ့ ပညာ ရှင်မှသာ ပုံအစစ်မှန်ကို ဖော်နိုင်မှာ ၊ ခုက မင်း ဒီ ချီ ဒြပ်စင် ၅ ခု ကို သေချာ ဖိနှိပ်ပြီး ပုံပြောင်း ၊ ပြီးမှ မင်းဟာမင်း အဆင့် ၉ ကို တက်လှမ်းဖို့ အားထုတ်ပေတော့”
စုမေးယို ပြောပြတာပါ ။
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်ကာ ဆက်လက် ကျင့်ကြံနေပါ တော့တယ် ။
နောက်တစ်နေ့ မနက်မှာတော့ နေရောင်ခြည်လေးများ ချန်ရှန်၏ ကိုယ်ပေါ်ရှိ အကိုင်းများ အရွက်များပေါ်သို့ ကျရောက် လျက်ရှိနေပါတယ် ။ ချန်ရှန် မျက်လုံးများ တဖြည်းဖြည်း ဖွင့် လိုက်ပါပြီ ။ ထို့နောက် သက်ပြင်းကို ဖြည်းညင်းစွာချပြီး ယခုထိ သူဟာ ပုံစံ ၂ မျိုးသာ ပုံဖော် ပြုလုပ်ရပါသေးတယ် ။
မိုးပြာနဂါး နှင့် အနီရင့် ငှက်တို့၏ ပုံစံဟာ တကယ်ကို ဝိုးတိုး ဝါးတားပါပဲ ။ ဒါပေမယ့် ၎င်းတို့ဟာ ချန်ရှန် သေချာကို ချီဓာတ် များအား ဖိနှိပ်လျက် ပုံဖော်ထားသောကြောင့် အရင်ကထက် တော့ ပိုမို အင်အားကောင်းလျက် ရှိနေပါတယ် ။
မူလက ချီဓာတ်အလုံးဟာ နေရာလွတ်ကြီးတစ်ခုမှာ ရှိနေ တဲ့ ပုတီးစေ့လေးလိုပါ ။ ထိုအထဲတွင်တော့ ရာပေါင်းများစွာသော အစေ့အရွယ် ချီဓာတ်များ ပါဝင်နေပါတယ် ။ ဒါပေမယ့် ယခုတော့ ထို ပုတီးလေးအတွင်းတွင် ထောင်ပေါင်းများစွာသော အစေ့လေးများဟာ တည်ရှိနေကြပါပြီ ။ ဒါပေမယ့် ဒါဟာ စစချင်း အဆင့်ပါပဲ ။ တကယ်လို့ တကယ်ကို ပုံစံအမှန်ရအောင်ပြု လုပ် မည်ဆိုပါက ထိုကဲ့သို့ အစေ့မျိုး သိန်းပေါင်းများစွာကို ရှိရမှာ ဖြစ်တယ် ။ ထိုကဲ့သို့ များပြားလှသော အစေ့များကို သေးငယ် လှတဲ့ နေရာလေးထဲမှာ ဖိနှိပ်ထားဖို့ လိုအပ်တာ ဖြစ်ပါတယ် ။
“ချီ ဓာတ် ပုံစံ ၂ ခုထဲပဲ”
ချန်ရှန် သူ၏ စွမ်းအင် သိုလှောင်ရာကို စစ်ဆေးပြီးနောက် အနည်းငယ် စိတ်ဓာတ် ကျသွားပါတယ် ။ မြွေပုံစံနဲ့ ငှက်ပုံစံ လေး တို့ဟာ သူ၏ ထိုက်ကျိပုံသေချပ်ပေါ်မှာ တည်ရှိနေကြတယ် ။
“လုံလောက်ပါပြီ ၊ ဒီကောင့်ရဲ့ ချီဓာတ်ဟာ တော်တော် မသန့်စင်ဘူး ၊ ဒါကို သန့်စင်ပြီး ဖိနှိပ်လိုက်တဲ့အတွက် ချီဓာတ် ဟာ သိပ်မကျန်တော့ဘူး”
စုမေးယို ပြောတာပါ ။
“ဟူးးး ၊ မင်းနောက်တစ်ခါ ဒါမျိုး ထပ်မလုပ်နဲ့”
ဘိုင်ယုယု ဒေါသတကြီး အော်နေတာပါ ။ ချန်ရှန် တစ်ကိုယ် လုံးပင် ကြက်သီးများ ထသွားလိုပါပဲ ။
ချန်ရှန်လည်း ချက်ချင်းပင် ပြုံးပြီး တောင်းပန်လိုက်ပါတယ် ။
“အမတော် ယုယု ၊ ကျွန်တော် မှားသွားပါတယ် ။ နောက် တစ်ခါ မဖြစ်စေရပါဘူး”
“မင်းနောက်တစ်ခါ မလုပ်ရဲဖူးဆိုတာ ငါသိပါတယ်”
ဘိုင်ယုယု ခပ်တိုးတိုး ပြောလိုက်တယ် ။
ချန်ရှန် ဟာ အဆင့် ၉ သို့ မ၀င်ရောက်သေးသော်လည်း ခုန က ချီဓာတ်များကို ဖိနှိပ်ပြီး ပေါက်ကွဲမှု များ ဖြစ်စေကာ အရည်သွေး ကောင်းမွန်လာတဲ့ အတွက် အားအင်များ ပိုမို ကောင်းလာသလို ခံစားနေရတယ် ။
ချန်ရှန်ဟာ ယခင်က သစ်ပင်ကြီးတစ်ပင်ကို ဆန်စေ့ အရွယ် ချီဓာတ်များဖြင့် လွင့်ထွက်အောင်ပြုလုပ်နိုင်ပါတယ် ။ ယခုတော့ ဒီလို ချီဓာတ်များဖြင့် သစ်ပင် ၁၀ ပင်ကို လွင့်ထွက်အောင် ပြုလုပ် နိုင်နေပါပြီ ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အခု သူ၏ ဆန်စေ့ အရွယ် ချီဓာတ်လေးများကိုဖြစ်လာသည်မှာ အရင်က ချီဓာတ် စေ့လေးများ အား ဖိနှိပ်ကာ အရည်အသွေး ကောင်း မွန်သွား စေသောကြောင့် ပါပဲ ။ ဒါဟာ သူလေ့ကျင့်ခဲ့ရခြင်းရဲ့ ရလဒ်ပါပဲ ။ ဒီလိုချီဓာတ်များဟာ အဆုံးမရှိ စွမ်းအင်တွေကို ပိုင်ဆိုင်ပါတယ် ၊ သူ့ရဲ့ ချီဓာတ်အရည်အသွေးကို ပိုမိုကောင်းမွန်စေချင်ပါက သူဒီ ထက်ပိုပြီး ချီဓာတ်များကို ဖိနှိပ်ရမှာပဲ ဖြစ်ပါတယ် ။
ချန်ရှန် မေးလိုက်တယ် ။
“အမတော် မေးယို ၊ နတ်အတွင်းအား သင်္ကေတလေးခု ကို အသုံးပြုပြီးကျွန်တော်က ပုံစံလေးခုကို ပြောင်းနိ်ုင်တယ်လေ ၊ အဲ တော့ ကျွန်တော့မှာက ချီဒြပ်စင် ၅ ခု ရှိတယ် ၊ မြေကြီးဓာတ်က ဘယ်ပုံစံ ကို ပြောင်းနိုင်တာလဲ”
“ထိုက်ကျိ ကျင့်စဉ်ထဲမှာ နတ်ဆင်ဆိုတာ ရှိတယ် ။ ဒါပေ မယ့် ငါ က အဲလိုပြောင်းရင် ကြာပန်းကိုပဲ ရွေးချယ်တယ်”
ဆင်တစ်ကောင်တဲ့လား ၊ ချန်ရှန်ဟာ နည်းနည်း တမျိုးတ မည် ကျေနပ်သွားတယ် ။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲမှာ ဆင်ဆိုတာ စွမ်းအားအကြီးဆုံး သားကောင်မဟုတ်ပါလား ။
ချန်ရှန်ဟာ သစ်ပင်ပေါ် ထိုင်နေတုန်းပါပဲ ။ အဘယ်ကြောင့် ဆိုသော် ဒီ နေရာဟာ ဂျူဒူဇီ ကျက်စားတဲ့ နယ်မြေဖြစ်တဲ့ အတွက် လုံခြုံနေတာကြောင့်ပါ ။ ထိုလူရဲ့ အိတ်အတွင်းမှာ မည်သည့် တန်ဖိုးကြီးပစ္စည်းများ ရှိလိုရှိငြား ကြည့်လိုက်မိတယ် ။
အထဲမှာတော့ ပစ္စည်းတော်တော် များများ ရှိနေတယ် ။ အဓိ က ပစ္စည်းတွေကတော့ အဆိပ်အပ်လို လက်နက်ပုန်းတွေပါပဲ ။ အဆိပ်မှုန့်များ ၊ အဆိပ်ဆေးပင်များလည်း ပါဝင်နေကြတယ် ။ တင်မကအဆိပ်ဖြေဆေးများ ဆေးများ ပါ ရှိနေပါသေးတယ် ။ နောက်ပြီး ငွေများလည်းပါကာ ဒါတွေက ချန်ရှန် အတွက် အသုံး ၀င်နေပါတယ် ။ အဘယ်ကြောင့်ဆိုသော် ချန်ရှန်ဟာ နောက် ထပ်ကြုံတွေ့ ရမယ့် အန္တရာယ်ခရီးလမ်းမှာ ဒီလိုအဆိပ်ပင်တွေ လက်နက်တွေ ဟာ တခြားလူတွေကို ကောင်းကောင်း ဒုက္ခ ပေး နိုင်လို့ပါပဲ ။ ဘယ်လိုတောင် လှပလှတဲ့ ကံကောင်းမှုတွေ ပေး စွမ်းသော တောအုပ်ကြီးပါလိမ့် . . . ။
ချန်ရှန် အိတ်ထဲမှာ လေးထောင့်ပုံ ကျောက် သေတ္တာလေး တစ်ခုကို လည်း တွေ့ လိုက်တယ် ။ ထိုအရာလေးကို ယူကာ ဖွင့် ကြည့်သော်လည်း ထူးဆန်းစရာကောင်းစွာပင် ဘယ်လိုမှ ဖွင့်မရ ပါ ။

“မင်းရဲ့ နတ်အတွင်းအား အာရုံတွေကို သုံးလိုက် ၊ အထဲမှာ တစ်ခုခု ရှိပုံပဲ ။ အားကောင်းလှတယ့် နတ်အတွင်းအားရုံရှိမှသာ ဖွင့်နိုင်လိမ့်မယ်”
စုမေးယို က ကွင်းထဲမှာ ရှိနေသော်လည်း အပြင်ကို မြင်နေ ရသဖြင့် လှမ်းပြောလိုက်တာပါ ။
ချန်ရှန်လဲ ချက်ချင်းပင် သူ၏ နတ်အတွင်းအား အာရုံများ အား သေတ္တာလေး အတွင်း ထည့်လိုက်ပါတယ် ။ ဒါပေမယ့် သူချက်ချင်းပဲ တွန့်သွားတယ် ။ ဒီသေတ္တာလေးဟာ တော်တော် နက်နဲပုံရပြီး ဒါတင်မက ၎င်းဟာ သူ၏ နတ်အတွင်းအာရုံများ ကို ပါ လွှမ်းမိုးနေသလိုပါပဲ ။ သူက သူ၏ အာရုံများကို ပြန်လည် စု စည်းသောအခါတောင်မှ သူတော်တော် အားစိုက်နေရတာကို တွေ့ ရပါတယ် ။
စက္ကန့်နည်းနည်းကြာပြီးနောက်မှာတော့ ချန်ရှန် မူးလာသလို ခံစားရတယ် ဒါပေမယ့် ဒီအချိန်မှာပဲ ထိုအရာလေးမှ သူ့ကို လွှမ်းမိုးမှုများ ရပ်တန့်သွားပြီး အလိုလိုပွင့်သွားပါတယ် ။ အထဲ မှာတော့ သစ်ကြားသီး အရွယ် ကျောက်ပုလဲလေးကို အဝါရောင် သားရေချပ်ပေါ်မှာ တင်ထားတာကို တွေ့ လိုက်ပါတယ် ။
ဒီချိန်မှာ ဘိုင်ယုယု နဲ့ စုမေးယိုတို့လည်း ထွက်လာကြပြီး ချန်ရှန်ဘေးက သစ်ပင်ရဲ့ ကိုင်းတစ်ခုပေါ်မှာ ရပ်လိုက်ကြပါ တယ် ။ ချန်ရှန်၏ လက်ထဲမှ အရာကိုလည်း ကြည့်နေကြပါ တော့တယ် ။
“ဒါက အမွေအနှစ်ပုတီး တစ်ခုပဲ ၊ မင်းရဲ့ အသိဟာ ဒီပုတီး ထဲ ရောက်သွားတာနဲ့ မင်းဟာ အထဲမှာ သတင်းစကားအချက် အလက်တွေ ရနိုင်လိမ့်မယ်”
စုမေးယိုက ပြောတာပါ ။ သူမဟာ ထို ပုတီးအောက်က သားရေချပ်ကို ဆွဲထုတ်လိုက်တယ် ။ ထိုသားရေချပ်ဟာ ခေါက် ချိုးများ ချိုးထားခြင်းဖြစ်ပြီး ဖြန့်လိုက်ပါက တော်တော် ကြီးပါပေ တယ် ။
“နောက်တချက်ကတော့ ဒီပုတီးမှာ တခြားလူတစ်ယောက် က ချန်ထားခဲ့တဲ့ အချက်အလက်တွေ ပါဝင်လေ့ရှိတယ်ပေါ့ ဟုတ် လား”
ချန်ရှန် မေးလိုက်တာပါ ။
“မှန်တယ် ၊ တချို့ ဂိုဏ်းချုပ်တွေဟာ ဒီနည်းကို သုံးကြတယ် ၊ နောက်ပြီး ဒီိဂိုဏ်းချုပ်တွေဟာ သူတို့ရဲ့ စွမ်းရည် ပညာမွေတွေ ကို ဒီထဲ ထည့်လေ့ရှိတယ် ။ ဒါကြောင့် ဒီအမွေခံပုတီးလေး တွေ ထဲမှာ သိုင်းစွမ်းရည် သို့မဟုတ် ဆေးပညာစွမ်းရည်တွေ ပါဝင်နိုင် တယ်”
ဘိုင်ယုယုက ပြောတာပါ ။
ချန်ရှန် ကျေနပ်သွားပါတယ် ။ ဒီဂျူဒူဇီ အနေနဲ့ ဒီလို တန်ဖိုး ကြီး ရတနာကို ပိုင်ဆိုင်လိမ့်မယ်လို့ မထင်မိခဲ့ပါ ။ သူချက်ချင်းပဲ ပုတီးလေးထဲ သူ၏ အာရုံများကို ထည့်လိုက်တယ် ။ ရုတ်တရက် များစွာသော အချက်အလက် အကြောင်းအရာများဟာ သူ၏ စိတ်ထဲသို့ ၀င်လာနေပါတော့တယ် ။ ထိုအချက်အလက်များကို သိလိုက်ရတဲ့အခါမှာတော့ ချန်ရှန် ၏ မျက်နာမှာ ပျော်ရွှင်မှုများ ယှက်သန်းသွားပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset