Chapter – 69 အံ့အားသင့်ခြင်း
ရန်သူဟာ အဆင့် ၁၀ ဖြစ်ပြီး ဒါဟာ ချန်ရှန်အတွက် အဆင့် ၁၀ ကျွမ်းကျင် ပညာရှင်နဲ့ ပထမဆုံး ရင်ဆိုင်တွေ့ ဆုံရတာပါပဲ ။ ဒါတင်မက ထိုပညာရှင်ဟာ ဂိုဏ်းတစ်ခုရဲ့ နောက်လိုက်တပည့် တစ်ယောက် ဖြစ်နေပါသေးတယ် ။ ဒါပေမယ့် ကြောက်စိတ်တ စက်မှ သူ့စိတ်ထဲမ၀င်မိပါ ။ ဒါပေမယ့် စိတ်လှုပ်ရှားနေတယ် ။ အဘယ်ကြောင့်ဆိုသော် ဒီလို သင့်တော်တဲ့ ပြိုင်ဖက်ကောင်း တစ်ယောက်ကို မဆုံတွေ့ ခဲ့ဘူးလို့ပါပဲ ။
“ခင်ဗျားက ကျွန်တော့် ကို ဘာလုပ်စေချင်တာလဲ ၊ အရှုံး ပေးစေချင်တာလား”
ချန်ရှန်မေးလိုက်ပါတယ် ။ သူ သိပ်စိတ်မရှည်တော့သော် လည်း အရမ်းကို တည်ငြိမ်နေပုံကို ပြုလုပ်ထားတုန်းပါပဲ ။ ဒါကြောင့်ပဲ ထိုလူဟာ နည်းနည်းတော့ အံ့သြသွားတယ် ။
“အကြောတစ်ထောင် အသီး ၊ နှစ်တစ်ထောင် သားရဲဆေး ၊ ငရဲဝိဉာဉ်တော်မြက် ၊ မင်းရဲ့ သိုင်းကျင့်စဉ် ၊ နောက်ဆုံး မင်းရဲ့ ရှိသမျှဆေးတွေ အကုန် ငါ့ကိုပေးပါ ။”
ဂျူဒူဇီ၏ မျက်လုံးများဟာ လောဘများဖြင့် ပြည့်နေပါတယ်။ ဒီလို ဂိုဏ်းတစ်ခုထဲက လူအတွက်တောင် ဒီအရာတွေဟာ အ လွန် တန်ဖိုးရှိလှပြီး ဘ၀မှာ တစ်ခါမျှ မရနိုင်သော အရာတွေမို့ လို့ ပါပဲ ။
“ခင်ဗျား ကိုယ်တိုင် လာ ယူလှည့်”
ချန်ရှန် နှုတ်ခမ်းကို တင်းတင်း စေ့လိုက်တယ် ။ ခနဲ့တဲ့တဲ့ အပြုံးတစ်ခု သူ့မျက်နာမှာ မြင်နိုင်ပြီး ထိုမျက်နာမှ ချက်ချင်းပင် စစ်ပွဲအရိပ်အယောင်များ ယှက်သန်းလာပြီး သူ၏ ခန္ဓာကိုယ်မှ လည်း အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များ ထွက်လာ ပါတော့ တယ် ။
ချန်ရှန်၏ အမူအရာ ပြောင်းသွားတာကို ကြည့်ရင်း ဂျူဒူဇီ လန့်သွားတယ် ။
“ဟဟ ၊ အတွေ့ ကြုံမရှိတဲ့ကောင်လေး ၊ မင်းလို ချာတိတ်က ငါနဲ့ ကစားချင်တယ်ပေါ့”
ဂျူဒူဇီ လက်ကို လှုပ်ရမ်းပြီး အင်္ကျီ လက်ကြားမှ အမည်းရောင်အဆိပ်ငွေ့ များအား ရုတ်တရက် ပစ်လိုက်ပါတယ်။ ၎င်းတို့ဟာ လေပြင်းများအဖြစ် ချန်ရှန်ဆီ တိုက်ခတ်သွားကာ ဒီလောက်နီးနီးလေးဖြင့် ချန်ရှန်ဟာ ရှောင်တိမ်းချိန် မရလိုက်ပါ ဘူး ။ မျက်စိတမှိတ်အတွင်းမှာပင် အမည်းရောင်အဆိပ်ငွေ့ တွေ ပါဝင်သော လေပြင်းများ တိုက်ခတ်ခြင်းကို ခံလိုက်ရပါတော့ တယ် ။
“ကောင်လေး ၊ အဆိပ်တစ်ရာ ဂိုဏ်းဆိုတာ မိစ္ဆာဂိုဏ်း ၅ ခု ထဲက တစ်ဂိုဏ်းဖြစ်ပြီး အဆိပ်မှာ အထူးကျွမ်းကျင်ကြတယ် ။တ ခြား သိုင်းစွမ်းရည်တွေတော့ မည်မည်ရရ မရှိကြဘူး ။ ဒါကြောင့် သူတို့သုံးတဲ့ အဆိပ်ကို ရင်ဆိုင်နိုင်ရင် မင်းသူတို့ကို အေးဆေး အနိုင်ယူနိုင်မယ်”
ချန်ရှန်စိတ်ထဲ ဘိုင်ယုယ လေသံ ထွက်ပေါ်လာပါတယ် ။
အရင်က ချန်ရှန်ဟာ ဒီ အလှအဂေး ၂ ယောက်ထံမှ များစွာ သော အဆိပ်ခုခံနည်း နည်းလမ်းများကို သင်ကြားခဲ့ပြီးသားပါ ။ ဒီအချက်ကြောင့်ပဲ ကောင်းမွန်လှတဲ့ သစ်သားချီဓာတ်များ ချန်ရှန်၏ ကိုယ်တစ်ခုလုံးမှ ထွက်ပေါ်လာပါတယ် ။ အဆိပ်ငွေ့ အမှုန်များဟာ စိမ့်ဝင်နေတုန်းပါပဲ ။ သူ၏ ချီဓာတ်သာ လုံလောက်တဲ့ ခိုင်မာမှုမရှိပါက ဒီအဆိပ်လေတွေကို ခုခံနိုင်မှာ မဟုတ်ပဲ အဆိပ်မိစေတော့မှာပါ ။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီအဆိပ်ဂိုဏ်း၏ အဆိပ် ဘယ်လောက်ကြောက်စရာကောင်းလဲ ဆိုတာ သိသာပါတယ် ။
ချန်ရှန်၏ ကိုယ်ဟာ ရုတ်တရက် အဆိပ်အခိုးအငွေ့ များ ထိ သွားသောကြောင့် တုန်သွားတယ် ။ ဂျူဒူဇီဟာ ခပ်လှမ်းလှမ်းမှ အဆိပ်များ ပစ်နေခြင်းဖြစ်သော်လည်း ချန်ရှန် ခြေတလှမ်းဖြင့် သူ၏ ရှေ့ သို့ ရောက်ရှိသွားပါတယ် ။ သူလည်း ပါးစပ်ကို ဟ လျက် ဟိန်းဟောက်လိုက်တယ် ။မိုးပြာနဂါး ဟောက်သံဟာ လျှပ်စီးချီဓာတ်များနဲ့ အတူ ထွက်သွားပြီး အဆိပ်ငွေ့ များနဲ့ ဂျူဒူ ဇီကို တိုက်ခတ်သွားပါတော့တယ် ။
ချန်ရှန် ဟာ မိုးပြာနဂါး ဟောက်သံ ကို ပြုလုပ်ပြီးတဲ့အခါမှာ တော့ နဂါးငွေ့ လက်သီး တိုက်ကွက်ကို ထုတ်လိုက်တယ် ။ သူ၏ စစ်မှန်သော ချီဓာတ်များကို နဂါးငွေ့ များအဖြစ်ပြောင်းလဲကာ ဒီ နဂါးငွေ့ များကို အသုံးပြုပြီး ကောင်းကင်ကျားမုန်တိုင်းဖြိုလက် သီးအား ပြုလျက်လျက် ထိုးလိုက်ပါတယ် ။ ဒီ ကြောက်စရာ နဂါး ချီအငွေ့ တွေကို ထုတ်လွှတ်ပြီးနောက်မှာတော့ ချီ ငွေ့ ပေါက်ကွဲ မှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်လျက် ရှိနေပါတော့တယ် ။
ဂျူဒူဇီ ချန်ရှန်ဟာ သူ၏ အဆိပ် တိုက်ခိုက်မှုကို ခုခံရုံသာမ က လျင်မြန်သော အရှိန်ဖြင့် တန်ပြန်တိုက်ခိုက်လိ့်မ်မယ်လို့ မမျှော်လင့်မိပါဘူး ။ ဒါတင်မက ဒီလိုကြောက်စရာ ချီဓာတ်တွေ ဟာ မျက်စိတမှိတ်အတွင်းမှာပဲ သူ၏ အဆိပ်ငွေ့ များဟာ လွင့် ပြယ်ကုန်ရုံသာမက ဒါဇင်ပေါင်းများစွာသော ချန်ရှန်၏ လက်သီး များဟာ လည်းသူ၏ ကိုယ်ကို လာရောက်ထိမှန်ပါတော့တယ် ။ လက်သီးတစ်ချက်ဆီဟာ သူ၏ ကိုယ်ကို ထိမှန်ပြီး ကြောက်မက် ဖွယ် ချီ ပေါက်ကွဲမှုတွေကို ဖြစ်ပေါ်နေစေလျက် မြေကြီးကို တောင် တုန်လှုပ်နေစေပါတယ် ။ ဒီလိုလှုပ်ခတ်မှုကြောင့် အနီး အနား အပင်များမှ သစ်ရွက်များဟာ ကြွေကျကုန်ကာ ဂျူဒူဇီ ၏ ပါးစပ်မှ သွေးများ အန်လာပါတော့တယ် ။
ဂျူဒူဇီဟာ အဆင့် ၁၀ ပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ သူသည် အဆိပ်များအား အသုံးပြုသူ တစ်ယောက် ဖြစ်သော် လည်း သူ၏ ချီဓာတ်များဟာ အားကောင်းပါတယ် ။ ဒါကြောင့် သူဟာ သူ၏ ချီဓာတ်များကို ထိန်းချုပ်မှုကောင်းကောင်း လုပ်နေ တုန်းပါ ။ ချန်ရှန်၏ ပြင်းထန်လှပြီး ကြောက်မက်ဖွယ် လက်သီး များကို သူ၏ ချီဓာတ်များဖြင့် လျင်မြန်စွာ ခုခံနေရပါတော့တယ် ။
“ကောင်းပြီ ကောင်လေး ၊ ငါမင်းကို အထင်သေးသွားမိခဲ့ တယ် ။ ဒါပေမယ့် ငါ့ကိုလည်း သိပ်တော့ အထင်မသေးနဲ့”
ဂျူဒူဇီဟာ ပြောရင်းပင် ဒါဇင်ပေါင်းများစွာသော ကတ္တရာ လို အနက်ရောင် အဆိပ်ဓားများကို လေနဲ့အတူ ချန်ရှန်အား ပစ်လိုက် ပါတယ် ။
ချန်ရှန် လျင်မြန်စွာပင်သူ၏ ချီဓာတ်များကို ဖယ်ထုတ်လိုက် ပြီး သူ၏ ရှေ့ တွင် အငွေ့ နံရံတစ်ခု ထုတ်လွှတ်လိုက်ပါတယ် ။ ဓားပျံများကို ပိတ်ဆို့ရန်အတွက်ပါ ။ ဒါပေမယ့် ဒီဓားပျံဟာ အရင် အဆိပ်အပ်များလို ခုခံရင်ဆိုင်ဖို့ မလွယ်ကူပါဘူး ။ အံ့သြဖွယ် ကောင်းစွာပဲ ဒီဓားပျံတွေဟာအဆိပ်တွေ ပါဝင်နေတာဖြစ်ပြီး ချန် ရှန်၏ အငွေ့ နံရံကို ဖြည်းညင်းစွာ ဖောက်ဝင်ခဲ့ပါတယ် ။ မနီးမ ဝေးမှ ဂျူဒူဇီဟာ ဒီဓားများကို သူ၏ နတ်အတွင်းအား အာရုံများ ဖြင့် ထိန်းချုပ်နေတာပါပဲ ။
“ကောင်လေး ၊ မင်းက ပျော့ပါတယ် ကွာ ၊ ပေါက်ကွဲတော့”
ဂျူဒူဇီ ခနဲ့တဲ့တဲ့ ပြောလိုက်ပြီး တချိန်တည်းမှာပင် ဓားများ ဟာ ပေါက်ကွဲ ကုန်ပါတယ် ။ ပြင်းထန်ပြီး စွမ်းအား ကြည့်ဝ လှတဲ့ ချီအငွေ့ တွေဟာ ထွက်လာပြီး ၎င်းတို့ဟာ ဓားပျံများအား အထူး စွမ်းအင်ဖြင့် ပုံပြောင်းလိုက်တာပဲ ဖြစ်ပါတယ် ။ မမျှော်လင့်စွာပဲ ထိုဓားများအတွင်းတွင် ချီဓာတ်များကို ဖိသ်ိပ်ထည့်ထားတာဖြစ် ပြီး ဒါကြောင့် ၎င်းတို့ ပေါက်ကွဲသောအခါ ချန်ရှန်၏ ချီငွေ့ နံ၇ံ ဟာ လည်း ကွယ်ပျောက်သွားပြီး ဒါတင်မက အမည်းရောင် အဆိပ်အငွေ့ မျာားလည်း ထွက်လာပါတော့တယ် ။
ဒီ ဂျူဒူဇီ ကတော့ တကယ်ကို ဉာဏ်နီဉာဏ်နက်များလှ ပါတယ် ။ သူ့ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ဆိုတာ တော်တော်ကြီးကို မလွယ်ကူတာပါ ။ တခြား အဆင့် ၁၀ ရှိတဲ့ ပညာရှင်တောင် ကျိန်း သေကို အသတ်ခံရနိုင်ပါတယ် ။
“ငါတို့ ၂ ယောက်လုံး ကြုံခဲ့ရတဲ့ လူတွေဟာ ကွဲပြားကြတယ် မင်းကြုံခဲ့တဲ့ လူတွေကို မင်းဟာ လွယ်လွယ် အနိ်ုင်ရရှိတာဟာ ငါ့ မျက်လုံးထဲ ဘယ်လိုမှ မနေဘူး”
ပြောပြောဆိုဆိုဖြင့် ဂျူဒူဇီ ချန်ရှန် နားကို လျှောက်လာပါ တယ် ။ ခုနက ဓားပျံများ ပေါက်ကွဲမှုဟာ ချန်ရှန်ကို လွင့်ထွက် သွားစေတာပါ ။
ဂျူဒူဇီဟာ ချန်ရှန်တော့ တော်တော် ဒဏ်ရာရသွားပြီး အဆိပ်မိသွားပြီ ထင်ထားတာပါ ။ ချန်ရှန်မှ ရုတ်တရက် ခုန်ထ လာကာ သူ့ဆီသို့ လျှပ်စီးလို အဟုန်ဖြင့် တဟုန်ထိုး လာမယ်လို့ မမျှော်လင့်ခဲ့မိဘူး ။ ချန်ရှန်၏ ညာဖက်လက်ဟာ နဂါးလက် သည်းအဖြစ် ပြောင်းလဲသွားပြီး ဒီ ချွန်ထက်လှသည့် လက်သည်း များဟာ သူ၏ မိုးပြာနဂါး ချီငွေ့ များကို အသုံးပြုထားခြင်း ဖြစ်ကာ ခိုင်ခံ့ပါသည်ဆိုသည့် အတားဆီးမှန်သမျှကို ဖျက် ဆီး စေနိ်ုင်ပါ တယ် ။
မိုးကြိုးပစ်ချလိုက်သလိုပဲ ချန်ရှန်ဟာ ရုတ်တရက် ထိုလူ အား သုတ်လိုက်တယ် ။ ဂျူဒူဇီဟာ လုံးဝ အကာကွယ်မဲ့ပြီး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး ။ သူ၏ ချီဓာတ်များကို အသုံးပြုပြီး ၀င်လာမယ့် ရန်သူ၏ တိုက်ခိုက်မှုအား လျော့ချခြင်းမပြုလုပ်နိုင်သည့်အ တွက် ချန်ရှန်၏ မိုးပြာနဂါး လက်သည်း၏ တိုက်ခတ်မှုအောက် ကျရောက်သွားရပါတယ် ။ အံ့သြမှုဟာ ခြေဖျားမှ ငယ်ထိပ်တိုင် တက်ဆောင့်သွားပါတော့တယ် ။
“လွှမ်းမိုးစေတယ့် မိစ္ဆာ စွမ်းအား”
ချန်ရှန်ဟာ စိတ်ထဲမှု ရေရွတ်လျက် ဘိုင်ယုယု သင်ပေး ထားသော ကြောက်မက်ဖွယ် မိစ္ဆာစွမ်းရည်ကို အသုံးပြုကာ အဆင့် ၁၀ ရှိတဲ့ ဂျူဒူဇီအား ညှို့ ယူလိုက်ပါတော့တယ် ။
ဂျူဒူဇီဟာ စိတ်ထဲ တော်တော် လန့်သွားတယ် ။ သူ၏ အား ကောင်းလှသော ချီဓာတ်များဟာ လျင်မြန်စွာပင် သူ၏ ဒဏ်ရာ များမှတဆင့် စိမ့်ထွက်နေသလို ခံစားလိုက်ရတယ် ။ ချန်ရှန်၏ ချောမောလှပတယ့် မျက်နာမှာ ရုတ်ချည်းပင် အပြာရောင် အကြောများ ထလာတာကို သူမြင်လိုက်တယ် ။ ဒါတင်မက သူ၏ ချီဓာတ်များဟာလည်း ဒီအပြာရောင် အကြောများထဲ ကို ပြောင်း ထည့်ပေးနေတာကိုပါ ခံစားမိလိုက်ပါတော့တယ် ။
ချန်ရှန်ဟာ ဂျူဒူဇီ၏ ချီဓာတ်များကို ပြောင်းယူနေပါတယ် ။ ဂျူဒူဇီဟာ ချန်ရှန်၏ ယခုလို စွမ်းရည်မျိုးကို မိစ္ဆာဂိုဏ်းတွေမှာ သာ လျို့ ဝှက်စွာ သုံးကြတာကို သိပါတယ် ။ ဒါကြောင့် တော် တော်ကြီးကို ထိတ်လန့်ကာ နေပါတော့တယ် ။
“မင်းးးးးးးးးးးးး”
ဂျူဒူဇီ လည်း နောက် ဓားတစ်ချောင်းကို ချန်ရှန်ဆီသို့ အရူး တစ်ယောက်လို ပစ်လိုက်ပါတယ် ။ ဒါပေမယ့် ချန်ရှန်ဟာ ခုလို မိစ္ဆာစွမ်းအင် မသုံးခင်ကတည်းက သူ၏ အပြင်းထန်ဆုံးသော ချီ အငွေ့ အကာကွယ်ကို ပတ်ပတ်လည်မှာ ထုတ်လွှတ်ထားတာပါ ။ အဘယ်ကြောင့်ဆိုသော် သူဟာ ဒီမိစ္ဆာစွမ်းရည်သုံးနေတုန်း တခုခု ဖြစ်ပါက သူ၏ ကိုယ်ပိုင်ချီဓာတ်များကို ထုတ်သုံးရန် ခက် ခဲသောကြောင့်ပဲ ဖြစ်ပါတယ် ။
အထိန်းအကွတ်မရှိတဲ့ ချီဓာတ်များဟာ ချန်ရှန်၏ အတွင်း ကိုယ်ကို ဖုံးလွှမ်းလာနေပါပြီ ။ ဒီအရာများကြောင့် သူ၏ စွမ်းအင် သိုလှောင်ရာမှာ နာကျင်မှုများ ဖြစ်ပေါ်ပေမယ့် တဖက်မှာလည်း ဂျူဒူဇီ ရဲ့ အခြေအနေဟာ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး သူ၏ အား မှာလည်း နည်းသည်ထက်နည်းလာပါပြီ ။ မျက်စိတမှိတ်အတွင်း မှာပင် သူ၏ ချီဓာတ်တ၀က်လောက်ဟာ ကုန်ဆုံးသွားရပါတော့ တယ် ။
ချန်ရှန်ဟာ သူ၏ ညာဖက်လက်အား ဂျူဒူဇီ၏ ဗိုက်ပေါ်မှ ဖယ်လိုက်ပြီး ဘယ်ဘက်ဖက်ဖြင့် ပြင်းထန်စွာ ထိုးချလိုက်ပါ တယ် ။ ချီဓာတ်များစိမ့်ထွက်လျက် ဂျူဒူဇီ၏ ပိန်ပိန်ပါးပါး ကိုယ် အား ကျိုးကြေသွားစေပါတော့တယ် ။
ဂျူဒူဇီဟာ မသေတော့မသေသေးပါဘူး ။ မျက်နာမှာတော့ ကြောက်ရွံ့ မှု ၊ ဒေါသဖြစ်မှု ၊ စိတ်အားငယ်မှုများ တစ်ချိန်ထဲ ခံစားနေရပြီး –
“မင်းးးးးး . . . ငါ့ကို ဘာလုပ်လိုက်တာလဲ . . . ငါ့ရဲ့ . . . ငါ့ရဲ့ ချီဓာတ်တွေ မရှိတော့ဘူး . . . ဒါ ငါနှစ် ဒါဇင်ပေါင်းများစွာ . . . လေ့ကျင့်ခဲ့တာ . . . သွား . . .”
“သေလိုက်တော့”
ချန်ရှန်ဟာ လေထဲ လက်သီးတစ်လုံးဖြစ်သွင်းလိုက်ပြီး ၎င်း လက်သီးမှ ချီဓာတ်များကို အမည်းရောင် ချီငွေ့ များအဖြစ် ပြောင်းလဲကာ ဂျူဒူဇီ၏ ကိုယ်အား ထိုးလိုက်ပါတယ် ။ သူ၏ ကိုယ် အပေါ်ပိုင်းဟာ ပေါက်ကွဲထွက်ပြီး အပိ်ုင်းပိုင်း အစစ ဖြစ် သွားပါတော့တယ် ။
ချန်ရှန်ဟာ ဂျူဒူဇီ၏ အိတ်အား ကောက်ယူလိုက်ပြီး လွှတ် ပစ်လိုက်တယ် ။ သူဟာ ကောင်းကောင်း မတ်တပ်မရပ်နိုင်သလို ကို ဖြစ်နေပါတယ် ။ သူ၏ စွမ်းအင်းသိုလှောင်ရာနဲ့ အတွင်း ကလီ စာ များဟာ အနာတရဖြစ်နေကာ မျက်နာ မှာလည်း ဖြူဖတ် ဖြူ လျော် ဖြစ်နေပါတော့တယ် ။
“ကောင်လေး ၊ ငါမင်းကို မှာထားတယ်လေ ။ မင်းရဲ့ စွမ်းအား နဲ့ အဆင့်ကွာတဲ့ လူကို မလွှမ်းမိုးပါနဲ့ဆို ၊ မင်းဒီလွှမ်းမိုးထားတဲ့ ချီဓာတ်တွေကို မထိန်းချုပ်နိုင်ရင် မင်းခန္ဓာကိုယ်ဟာ ပေါက်ကွဲ ပြီး သေလိမ့်မယ်”
ဘိုင်ယုယု အော်လိုက်တယ် ။ သူမအသံဟာ ဒေါသအ ပြည့်ဖြင့် ဖြစ်သော်လည်း စိုးရိမ်မှု အနည်းငယ်ပါပုံပါပဲ ။
“အမတော် ယုယု ၊ မစိုးရိမ်ပါနဲ့ ။ ကျွန်တော့မှာ ထိန်းချုပ် နိုင် စွမ်းရှိပါတယ်”
ချန်ရှန်ဟာ ထိုက်ကျိကျင့်စဉ်ကို ပြုလုပ်ပြီး ဒီ လွှမ်းမိုးထားတဲ့ ချီဓာတ်များကို သန့်စင်သည်ထက် သန့်စင်အောင် ပြုလုပ်ပါ တယ် ။ ဆေးများစွာကိုလည်း သောက်ကာ ဒီချီဓာတ်သန့်စင်မှု မှာ ထိရောက်စွာ အထောက်အပံ့ဖြစ်စေရန် ပြုလုပ်လျက် ရှိနေ ပါတော့တယ် . . . ။