Switch Mode

Chapter – 68

ဂျူဒုဇီ

Chapter – 68 ဂျူဒုဇီ

ဒါကိုနားထောင်ပြီးနောက်မှာတော့ ဂျူဒူဂိုဏ်း ခေါင်းဆောင် ဟာ ရယ်စရာ ပျက်လုံးတစ်ခု ကြားရသကဲ့သို့ ရယ်နေပါတယ် ။ သူ့ ကို ၀န်းရံလျက်ရှိတယ့် အမည်းရောင်ဝတ်ရုံဝတ် လူများဟာ လည်း လိုက်ရယ် ကြတယ် ။ ၎င်းတို့၏ ရယ်သံမှာ ရုပ်ဆိုး အကျည်းတန် လှပြီး ကျောချမ်းချင်စရာပါပဲ ။
“မင်းအဖေက ဒီကို ဒီတိတ်တိတ်လေး လာတဲ့အတွက် ငါတို့ ဟာ အကျအဆုံးများခဲ့တယ် ။ ငါတို့သာ ကြိုတင် ခန့်မှန်းနိုင်ခဲ့ရင် သူသေတာ ကြာပေ့ါ ။ ခု မင်းကျ ငါတို့စီစဉ်ထားတိုင်းအတဲ့ အ တိုင်း ကွက်တိလာတာပဲ ။ အဲဒါကြောင့် မင်းတော့ သေပြီပေါ့”
ခေါင်းဆောင်က မနှစ်မြို့ ဖွယ် ရယ်လျက် ပြောပါတယ် ။
“မင်း ဒီကိုလာနိုင်တာဟာ ဆောင်နန်မင်းနဲ့ မတွေ့ ခဲ့လို့ပဲ ၊ ဒါဟာ မင်းအတွက် ကံကောင်းခြင်းပေါ့ ။ ဒါပေမယ့် ခု ဒီကိုလာ တာဟာ သေဖို့လာတာနဲ့ အတူတူပဲ ။ မင်းကို ဒီတိုင်း လွယ်လွယ် နဲ့တော့ မသေခိုင်းသေးပါဘူး ။ ငါ့အဆိပ်နဲ့ ဖြည်းဖြည်းချင်း သတ် မယ် ။ မင်း ကို အသုံးချပြီး ချန်မျိုးနွယ်ကိုတောင် . . .”
ချန်ရှန် ဟာ သူ့ကို ကြားဖြတ်ပြီး ပြောလိုက်တယ် ။
“ကျွန်တော်က ဆောင်နန်မင်းနဲ့ တွေ့ ပြီးပြီ ၊ အဲဒါကြောင့် မို့ လည်း ဒီ လေကြီးတဲ့ ဂိုဏ်းရဲ့ အကြောင်းတွေ သိတာ ၊ ဒါပေမယ့် ခုကြည့်ရတာ ထင်သလောက်လည်း မဟုတ်ပါဘူး ။”
ချန်ရှန် ရဲ့ စကားဟာ ခေါင်းဆောင်ကို ရုတ်တရက် တုန် လှုပ်သွားစေပါတယ် ။ မယုံနိုင်သော အကြည့်များဖြင့် ချန်ရှန် အား ကြည့်ကာ –
“ကောင်လေး ၊ မင်းက စွမ်းအားကြီးတာတော့ ငါသိပါတယ် ၊ ဒါပေမယ့် ဒီလောက် ရာပေါင်းများစွာသော ဂျူဒူ ဂိုဏ်းသားတွေ ရဲ့ ပိတ်ဆို့ ၀န်းရံတိုက်ခိုက်မှုကို ခံခဲ့ရတာတောင် အသက် ရှင် နိုင်သေးတဲ့အချက်က မင်းဟာ အဆင့် ၁၀ ရှိနေတာများလား”
“ခင်ဗျားတို့ရဲ့ အဆိပ်အပ်ပစ်တဲ့ အတတ်ကတော့ မဆိုးဘူး ဆိုတာ ၀န်ခံပါတယ် ။ လှပတဲ့ ရက်စက်မှု တစ်မျိုးပါပဲ ။ ဒါပေ မယ့် ကျွန်တော့ မျက်လုံးထဲမှာတော့ ကလေးတွေ ဆော့နေသ လိုပဲ”
မူလက အပြုံးမျက်နာဖြင့် ရှိနေသော ချန်ရှန်ဟာ ရုတ်တရက် အပြုံးများ ပျောက်ကွယ်သွားကာ သတ်ဖြတ်ချင် သော အရိပ်အယောင်များ ဖုံးလွှမ်းလျက် ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော်က အဆင့် ၁၀ တော့မဟုတ်ဘူး ဒါပေမယ့် အဆင့် ၁၀ ရှိတယ့် ပညာရှင်ကို သတ်နိုင်တယ်”
ပြောပြီးနောက် ချက်ချင်းပင် ချန်ရှန်၏ လက်တစ်ဖက်မှ မမြင်နိုင်သော ချီငွေ့ များထွက်လာပြီး စကြာဝဠာစွမ်းအင်ကို ပြု လုပ်လိုက်ပါတယ် ။ ရန်သူများ၏ နတ်အတွင်းအား အာရုံသာ အားကောင်းမှု မရှိပါက ဒီကြောက်စရာ ချီဓာတ်များအား မြင်နိုင် မှာ မဟုတ်ပါဘူး ။
ဂိုဏ်းသားများဟာ ချန်ရှန်၏ လက်သီးဟာ ပြင်းထန်စွာ ထိုးလိုက်တဲ့အမူအရာကို တွေ့ တဲ့အခါ နောက်ကျသွားခဲ့ပါပြီ ။ လက်သီးဟာ အရမ်းကို မြန်ဆန်ကာ မှော်ဆန်လှတဲ့ အားတွေ လေထဲ ဖြတ်သန်းလျက် ပေါက်ကွဲမှုများလည်း ဖြစ်ပေါ်နေတယ်။ မြေကြီးတစ်ခုလုံးကို ဒီကြီးမားတဲ့ အားကြီးက ပွတ်ဆွဲသွားကာ အက်ကွဲကုန်ပါတယ် ။ ဖြတ်သန်းရာတလျှောက် ထိမိသော အရာအားလုံး ပြိုကွဲပျက်ဆီးပြီး နန်းတော် ခန်းမကြီး တစ်ခုလုံးကို လှုပ်ခါစေလိုက်ပါတေ့ာတယ် ။
ချန်ရှန်ရဲ့ လက်သီးဟာ မျက်စိတစ်မှိတ်အတွင်းတွင် ထွက် လာတာဖြစ်ပြီး ထိပ်က လူကြီးရဲ့ ရင်အုံကို ရိုက်ခတ်သွားပါတယ်။ ဒါပေမယ့် ချန်ရှန်ကို အံ့သြသွားစေတယ့် အချက်ကတော့ ၎င်း ခေါင်းဆောင်ဖြစ်သူဟာ ပျံသန်းချင်း ရှောင်တိမ်းခြင်းမရှိ ပဲ အဲ ဒိအစား ချီငွေ့ များထုတ်ကာ ချန်ရှန်၏ ပြင်းထန်လှသော စွမ်း အားကို ခုခံနေလို့ပါပဲ ။
“မင်းးးးးး”
ဂိုဏ်းခေါင်းဆောင် ဟာ ချန်ရှန် ဒီလို ရုတ်တရက် ပြင်းထန် လှတဲ့ အစွမ်းနဲ့ ချန်ရှန် တိုက်ခိုက်လိ့မ်မယ်လို့ မထင်လိုက်မိခဲ့ ပါဘူး ။ သူ့စိတ်ထဲမှာ ဒီစွမ်းအားဟာ အဆင့် ၁၀ ပညာရှင်တွေ အဖို့ ခံနိုင်လိမ့်မယ်လို့ တွေးမိပါတယ် ။ သွေးတွေ ပါးစပ်မှ ထွက်ကျ လာပြီး ချန်ရှန်ရဲ့ လက်သီးဟာ သူ့ကို တော်တော် ဒဏ် ရာရသွားစေပါတော့တယ် ။
“တိုက်ကြ ၊ သူ့ကို သတ်”
အသံထွက်လာတာနဲ့ ချန်ရှန်၏ လက်သီးဟာ ရုတ်တရက် ရွှေရောင် အဖြစ်ပြောင်းသွားပြီး စစ်မှန်သော ချီဓာတ်များ သွေးကြောများထဲ စီးဆင်းနေပုံဟာ အထင်းသားပါပဲ ။ သူရပ်နေ တယ့် မြေကြီးဟာလည်း ကျွံဝင်သွားပြီး များစွာသော ချီဓာတ်တွေ ဟာ တောက်လောင်နေပါတယ် ။ ချန်ရှန်နောက် တစ်ကြိမ် လက်သီးထပ်ထိုးလိုက်ပြန်ပါပြီ ။
“နဂါးငွေ့ လက်သီး”
သူဟာ ဒီလက်သီးကို အနှိုင်းမဲ့ စကြာဝဠာ ချီဓာတ်ကို အသုံး ပြုပြီး ထိုးလိုက်တာဖြစ်သောကြောင့် စွမ်းအားအရမ်းကြီး ပါတယ် ။ ဒီလက်သီးဟာ မရဏနဂါးနတ်သိုင်းစွမ်းရည်ထဲမှာ ပါ ၀င်တာပဲ ဖြစ်ပါတယ် ။
“ရပ်စမ်း ၊ ငါ့ဟာ ရာချီတဲ့ အဆိပ်ဂိုဏ်းရဲ့ . . .”
သူဟာ စကားကိုတောင် ဆုံးအောင် မပြောလိုက်ရပါဘူး ။ ချန်ရှန်၏ ရွှေရောင်အခိုးအငွေ့ ဘောလုံးကြီးတစ်ခုလို လက်သီး ဟာ ပြင်းထန်စွာပဲ ခေါင်းဆောင်၏ ခေါင်းကို ထိမှန်သွားပါ တော့ တယ် ။
များစွာသော အားပြင်းလှတဲ့ ချီဓာတ်များပါဝင်သောကြောင့် ထိ မှန်သွားသော ခေါင်းဟာ တစစီဖြစ်လျက် မျက်စိတမှိတ်အ တွင်းမှာပဲ အသားတုံကြီးတစ်ခုအဖြစ် လွင့်ထွက်သွားပါတယ် ။ တချိန်တည်းမှာပင် မရေတွက်နိုင်လောက်သော အဆိပ်မြား များ အပ်များဟာ ချန်ရှန်၏ ကိုယ်ဆီသို့ ပျံသန်းလာကြပါတော့တယ် ။
ချန်ရှန် ဟာ ဒီမြားတွေကို ပထမဆုံး ရင်ဆိုင်ဖို့မကြိုးစားပါ ။ ဒီမြားတွေမှာ ချီဓာတ်တွေ ပါဝင်နေမှာကို သိပါတယ် ။ သူအေး ဆေး ကာကွယ်နိုင်မည်ဆိုတာကိုလည်း သိပါတယ် ။
ဒီမြားတွေကို ချီဓာတ်တွေသုံးပြီး ဖျက်ဆီးမလား ၊ ဒါမှမ ဟုတ် ဒီ မြားတွေကို ထိန်းချုပ်ပြီး ရင်ဆိုင်မလား ဆိုတာပါပဲ ။
ချန်ရှန်ဟာ လုံလောက်တဲ့ နတ်အတွင်းအားအာရုံတွေရှိပြီး သူဟာ ထိုစွမ်းအားကို ထုတ်လွှတ်လိုက်တယ် ။ မရေတွက်နိုင် လှတယ့် လက်နက်ပုန်းပျံတွေဟာ ပတ်ပတ်လည်မှ လှပစွာ ပျံ သန်းလာကြသော်လည်း သူ့အတွက် ကောင်းကောင်း ထိန်းချုပ် နိုင်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်လုံးထဲတွင် ၎င်း တို့ဟာ ဖြည်းညင်းစွာ လာနေလို့ပါပဲ ။
ဒီချိန်မှာတော့ ချန်ရှန်ဟာ အရင်လို ခုခံကာကွယ်ဖို့ မည်သည့် ချီဓာတ်မျှ မသုံးပဲ နတ်အတွင်းအား အာရုံ တစ်ခုထဲကို သာ သုံးပြီး မြားတွေကို ရပ်စေပြီး လေထဲတွင် တန့်နေစေ စေ လိုက်ပါတယ် ။
“ဟဟ ၊ မင်းတို့ ဒီတမျိုးပဲ တိုက်တတ်တာလား”
ချန်ရှန် အေးစက်စွာ ပြောလိုက်ပြီး သူ၏ ကိုယ်မှ ကြောက်စ ရာ ချီဓာတ်တွေက်ို ထုတ်လွှတ်လိုက်ပါတယ် ။ ဒီချီဓာတ်တွေ ဟာ လောင်ကျွမ်းစေတဲ့သတ္တိရှိပြီး ကြီးမားသော မီးလှိုင်းလုံးကြီးတွေ ဟာ သူ့ပတ်လည်မှာရှိတယ့် အရာအားလုံးကို လောင်ကျွမ်းသွား စေပါ တယ် ။ မျက်စိတမှိတ်အတွင်းမှာပင် ဒီ သံအပ်တွေအားလုံး ဟာ လောင်ကျွမ်းသွားရပါတော့တယ် ။
ဂိုဏ်းတစ်ခုလုံး ရှော့ဖြစ်သွားတယ် ။ သူတို့လက်နက်ဟာ အရမ်းအစွမ်းထက်တယ်လို့ ထင်ခဲ့ကြတာပါ ၊ ဒါပေမယ့် ခုက မမျှော်လင့်စွာပဲ ချန်ရှန်ဖြစ်နေပါတယ် ။ သူတို့၏ ဒုတိယအကြိမ် ထပ်ပစ်ဖို့ ပြင်ဆင်နေတုန်းမှာပင် ချန်ရှန်ဟာ မီးပင်လယ် အတွင်း မှ ရုတ်တရက် ပျောက်ကွယ်သွားတယ် ။
အပေါ်ကို မော့ကြည့်လိုက်တယ့်အခါမှာတော့ ကြီးမားတဲ့ လောင်ကျွမ်းနေသော ပုံဆောင်ခဲတစ်ခုဟာ အပုချီဓာတ်များ အား လှိုင်းလိုမျိုး ထုတ်နေပါတယ် ။ တောင်ကြီးတစ်ခု ၎င်းတို့ ပေါ် ပြိုကျတော့မလိုပင် ။
“ဘုန်းးးးးးး . . . ဘုန်း . . . ဘုန်းးးးး”
ကြီးမားလှတဲ့ လောင်ကျွမ်းနေသော ပုံဆောင်ခဲကြီးဟာ ဖိချ လိုက်ပြီး ကျယ်လောင်ပြင်းထန်လှတဲ့ ပေါက်ကွဲမှု များ နဲ့အတူ ရာပေါင်းများစွာသော ဂိုဏ်းသားများဟာ ဟောခန်းအတွင်းမှာ ပိပြားလျက် နံပြားလှိမ့်သလိုပင် ဖြစ်ကာ အသားစများ ပြန့်ကျဲ ကုန်ပါတော့တယ် ။
ချန်ရှန်ဟာ နောက်တစ်ခါ သူ၏ ဇု ချီဓာတ်များကို ထုတ်လိုက်ကာ ကြီးမားတဲ့ ပုံဆောင်ခဲအဖြစ် ပုံပြောင်းလိုက်ပါ တယ် ။ ဒီခန်းမကြီးထဲမှ ဂျင်ဒူ ဂိုဏ်းတစ်ခုလုံးဟာ ဒီပေါက် ကွဲမှုနဲ့အတူ အသတ်ခံလိုက်ရပါပြီ ။
သိုင်းပညာ အဆင့် ၁၀ ပညာရှင်များ၏ မျက်လုံးထဲတွင် သာမန်လူများမှာ ပုရွတ်ဆိတ်များလိုပါပဲ ။ အဆင့် ၁၀ ဟာ အဆင့် ၈ လောက်တောင် မသန်မာဘူးလို့ ချဲ့ကားပြောဆိုတာ မဟုတ်ပေငြားလဲ ချန်ရှန် ကတော့ သက်သေပင် ။ ချန်ရှန်မှာ အဆင့် ၈ ဖြစ်သော်လည်း များစွာသောစွမ်းရည်များ ရှိကာ နတ် အတွင်းအားများလည်း ရှိနေသောကြောင့် အဆင့် ၉ ပညာရှင် အား သတ်နိုင်ရုံမက အဆင့် ၁၀ ကိုပါ ခြိမ်းခြောက်နိုင်နေတာပါ။
ချန်ရှန် ခန်းမ အပြင်ဖက်ကို ထွက်လာပြီးနောက် အပြင်ကို ရောက်တဲ့အခါမှာတော့ ကြောက်စရာ စွမ်းအားကို တခါထပ် အသုံးပြုပြီး တောင်ကို ပြိုကွဲစေလျက် လေအံတောင်ထိပ်မှ အရာ အားလုံးကို လုံးဝ ဖျက်ဆီးလိုက်ပါတော့တယ် ။
လေအံတောင်မှ ဆင်းလာရင်း ချန်ရှန်ဟာ ချက်ချင်းပဲ ထိုက် ကျိ ကျင့်စဉ်ကို အားထုတ်လျက် သူ၏ ချီဓာတ်များကို သိမ်းလိုက် ပါတယ် ။ ဆိုလိုသည်မှာ ဒီလိုအုပ်စုလိုက် သတ်ဖြတ်လာတဲ့ အ တွက် သူဟာ ချီဓာတ်များထွက်နေသော လူသားမိစ္ဆာနဲ့ပင် တူ နေလို့ဖြစ်ပါတော့တယ် ။
ချန်ရှန် တောင်မှ ဆင်းလာပြီးနောက် တောထဲ ၀င်လာခဲ့ပါ တယ် ။ ခဏကြာသော် သူ့ရှေ့ မှာ သက်လတ်ပိုင်းအရွယ် လူတစ် ယောက်ကို တွေ့ လိုက်ရပါတယ် ။ဒီလူဟာ အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်လျက် မုတ်ဆိတ်မွှေးအချို့ မေးစေ့တွင် ပေါက်နေသော သာမန်လူလိုပဲ ဖြစ်ပါတယ် ။
ဒါပေမယ့် ချန်ရှန်ဟာ ဒီလူကို တွေ့တဲ့အခါ ကြောက်ရွံ့ တဲ့ စိတ် ဖြစ်ပေါ်လာမိပါတယ် ။ ထိုလူဟာ သူ့အနားမှာ ရောက်နေပါ ပြီ ။ ဒါတင်မက ချန်ရှန်ဟာ ထိုလူ၏ အားအင်ကို မှန်းဆမရနိုင်ပဲ သူအလိုလိုသိတာကတော့ ဒီလူဟာ အရမ်း အန္တရာယ်ရှိတဲ့ ပုံရိပ် တစ်ခုဆိုတာပါပဲ ။
“ဒီလို အပြင်လောကမှာ ဒီလို ထူးချွန်လှတယ့် ပညာရှင်မျိုး ရှိလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး ။ ပျံသန်းနိုင်တဲ့ အတောင်ပံ ချီဓာတ်မျိုးရှိရုံတင်မက အံ့သြစရာ ဆေးပညာစွမ်းရည်ကိုလဲ ပိုင် ဆိုင်ထားသေးတယ် ။ မင်းရဲ့ အားဟာ တော်တော်ကောင်းလို့ မင်းသာ စစ်မှန်တဲ့ သိုင်းပညာကို ရသွားရင် အထူးချွန်ဆုံးသော လူငယ် ဖြစ်သွားမှာ အမှန်ပဲ”
ထိုလူက မျက်နာသေဖြင့် သူ၏အသံမှာလဲ ခံစားချက်တစ်စ တောင် ပါဝင်လျက်မရှိပဲ ပြောတာပါ ။
“ခင်ဗျား ဘယ်သူလဲ”
ချန်ရှန် သတိအနေအထားဖြင့် ကြည့်ရင်း မေးလိုက်ပါတယ်။
ထိုလူမှ အေးစက်စက် ပြုံးကာ ပြန်ပြောတယ် ။
“ငါ့နာမည်က ဂျူဒူဇီ ၊ မင်းဖျက်ဆီးခဲ့ ဂျူဒူဂိုဏ်းရဲ့ တည် ထောင်သူပဲ ။”
ချန်ရှန် သူ့စိတ်ထဲ အံ့သြသွားပါတယ် ။ ဒီလူဟာ ဒီနေရာမှာ အကြာကြီး ရှိနေခဲ့တာဖြစ်ပြီး သူတည်ထောင်ခဲ့တဲ့ ဂိုဏ်းကို ဖျက်ဆီးတာကို သူကိုယ်တိုင်ကြည့်နေပြီး ဘာမှ မလုပ်ခဲ့ဘူး ။
ဒါကိုကြည့်ချင်းအားဖြင့် ထိုလူဟာ ချန်ရှန် သူ၏ ချီဓာတ်များ သုံးပြီးပြန်လာတာကို စောင့်နေခြင်းဖြစ်ပြီး သူနဲ့ လွယ်ကူစွာ ရင် ဆိုင်နိုင်ဖို့ ရည်ရွယ်ချက် ရှိနေတာပါပဲ ။ သူ့ဂိုဏ်းကိုတောင် အ ပျက်ဆီးခံကာ ချန်ရှန် ကို စောင့်တယ်ဆိုကတည်းက သူ့အပေါ် ဘယ်လိုတောင် အရေးတကြီးအဖြစ် သတ်မှတ်သလဲ တွေ့ နိုင်ပါ တယ် ။
“အဆင့် ၁၀ ပါလား”
ချန်ရှန် ဘုရားတမိပါတယ် ။
“အမြင်အာရုံကောင်းပါပေတယ်”
ဂျူဒူဇီ အေးစက်စွာ ပြုံးပြီး တောင်ထိပ်က လောင်ကျွမ်းနေ သော နန်းတော်ကို ကြည့်နေပါတယ် ။ ထို့နောက် ပမာမခန့် အမူ အရာဖြင့် –
“ဒီကမ္ဘာမှာ ငါ့အတွက်က ဂျူဒူဂိုဏ်းနဲပ တ်သတ်ပြီး ဘာမှ ခံစားမှု မရှိဘူး ။ ငါက ဒီဂိုဏ်းကို အပန်းဖြေရုံသက်သက်ပဲ ထောင်ခဲ့တာ ၊မင်းဟာ ချီဓာတ်တွေအများကြီးသုံးခဲ့ပြီးပြီ ။ အနား ယူတော့ ၊ ငါမင်းကို မသတ်ပါဘူး ၊ မင်းကို အဆိပ်တစ်ရာ ဂိုဏ်း ကိုသာ ခေါ်သွားပြီး ဂိုဏ်းရဲ့ အဓိက သက်ကြီးဝါကြီးကို လက် ဆောင် အဖြစ်ပေးမယ် နောက်ပြီး သူတို့ကလည်း မင်းကို အရမ်း သဘောကျလိမ့်မယ် ။ ဒါပေမယ့် ဒီမတိုင်ခင်မှာ မင်းငါ့ကို တချို့ အရာတွေ ပေးရမယ် ၊ ဒါမှ မဟုတ်ရင်တော့ ရှင်လျက်နဲ့သေတာ ဘယ်လိုမျိုးလဲဆိုတာ မင်းသိအောင် လုပ်ပေးမယ်”
ဂျူဒူဇီ ဟာ ရက်စက်တဲ့ ပုံစံနဲ့ ရှည်လျားစွာ ပြောလိုက်ပါ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset