Chapter – 67 သိုင်းဝိဉာဉ်တော်
ချန်ရှန် ဟာ ဆောင်နန်မင်း နဲ့ ကိုယ်ရံတော် လေးယောက်တို့ အား မီးတောက်ဖြင့် ခန္ဓာကိုယ်အား မီး ရှို့ လိုက်တယ် ။ ဒါပေမယ့် သူ့ကို အံ့သြစေတယ့် အရာကတော့ မီးတောက်တွေဟာ ၎င်းတို့ ကို ပြာအဖြစ် ပြောင်းသွား စေ သော်လည်း ၂ ပေ လောက်ရှည် သော ရွှေရောင်လှိုင်းလိုအစင်း လေးဟာ တောက်ပ လျက် ကျန် နေပါတယ် ။
“ဒါဘာလဲ”
ချန်ရှန် မသေချာသလို ပြောလိုက်မိတယ် ။ ထို့နောက် စုမေး ယိုနဲ့ ဘိုင်ယုယုတို့ကို ခေါ်မေးလိုက်ပါတယ် ။
စုမေးယိုနဲ့ ဘိုင်ယုယု တို့ဟာ အမည်းရောင်ခေါင်းစွပ် ကိုယ် စီ ၀တ်ဆင်ထားကြပြီး ကွင်းလေးထဲမှ ထွက်လာပါတယ် ။ ဒီ ၀တ်စုံအနေအထားကတော့ သူတို့ကို ဘယ်သူမှ ကောင်းစွာ မမြင်နိုင်သော ပုံပါပဲ ။
“ဒါသိုင်းဝိဉာဉ်တော်များလား”
ဘိုင်ယုယု ရဲ့ ရေခဲအသံဖြစ်ပြီး အံ့သြမှုတွေ အသံမှာပါဝင် နေတာကို တွေ့ ရပါတယ် ။
စုမေးယိုက ထိုင်ချပြီး သူမခေါင်းကို ညိမ့်ကာ အသေချာကို ပြန်ပြောတယ် ။
“ဟုတ်တယ် သိုင်းဝိဉာဉ်တော်ပဲ”
“သိုင်းဝိဉာဉ်တော် ဆိုတာဘာလဲဗျ”
ချန်ရှန် ဒီ အကြောင်းကို တခါမျှ မကြားဖူးပါ ။
“ဒီအရာ မှာ ပြောမပြနိုင်တဲ့ ထူးခြားမှုတွေ ပါတယ် ။ ဒါဟာ ကောင်းကင်နဲ့ မြေကြီးက ဖြစ်တည်တဲ့ ချီ ဓာတ်တွေကပေါက်ဖွား လာတာ ဖြစ်တယ် ။ တကယ်လို့ ရေခဲသိုင်းဝိဉာဉ်တော်ဟာ မင်းလက်မှာ လာပေါင်းရင် မင်းက မီးဓာတ်ထုတ်တဲ့ ချီဓာတ် ပိုင်ရှင် ဖြစ်တောင်မှ ဒီ ရေခဲသိုင်းဝိဉာဉ်တော်ကို ဖြတ်သွားရင် ရေခဲ ချီဓာတ် ပိုင်ရှင် ဖြစ်သွားလိမ့်မယ်”
စုမေးယိုက ရှင်းပြတယ် ။
ချန်ရှန် တော်တော် အံ့သြသွားပါတယ် ။
“အမတော် ပြောချင်တာက တစ်စုံတစ်ယောက်ဟာ မီး ချီ ဓာတ် မထုတ်လုပ်နိင်ရင်တောင် ဒီလို မီးသိုင်းဝိဉာဉ်တော်နဲ့ သူ့ လက်မှာ ပေါင်းစပ်လိုက်ရင် အဲဒိလူက မီးချီဓာတ်တွေကို များစွာ ထုတ် လွှတ်နိုင်မယ် အဲလိုလား”
ဘိုင်ယုယု က ၀င်ပြောပါတယ် ။
“ဟုတ်တယ် ၊ ဒါကြောင့် ဒီလို သိုင်းဝိဉာဉ်တွေဟာ အရမ်း ကို တန်ဖိုးရှိပြီး သိုင်းဝိဉာဉ်တော်တစ်ခုကို ဘာ ဓာတ်စွမ်းရည် ရှိမှန်းကို ငါတို့ သေချာ မပြောနိုင်ဘူး”
ချန်ရှန် ဟာ ဒီ မှော်ဆန်တဲ့ အကြောင်းအရာကို ခုမှ ပထမ ဆုံးအကြိမ် ကြားဖူးတာပါ ။ ဒါကိုကြည့်ချင်းအားဖြင့် ဘယ် လောက် ရှားပါးတယ်ဆိုတာကို သိနိုင်ပါတယ် ။ ဒါပေမယ့် ဘာ လို့ ဆောင်နန်မင်းမှာ ဒါရှိနေရတာပါလိမ့် ။
“မင်းမှာက ဒီလို သိုင်းဝိဉာဉ်တော် ရှိတာက သ်ိပ်တော့ အသုံးဝင်မှာမဟုတ်ဘူး ဘာလို့လဲ ဆိုတော့ မင်းဟာ ချီဒြပ်စင် ၅ ခုကို ထုတ်လွှတ်နိုင်နေတာလေ ။ ဒါပေမယ့် နောက်ကျ မင်း ဒါ ကို ရောင်းဖို့ဖြစ်ဖြစ် သိမ်းထားလိုက် ။ တချိန်မှာ အရေးကြီးတဲ့ အရာတွေနဲ့ အလဲအလှယ် လုပ်လို့ ရနိုင်တယ် ။
ချန်ရှန် လေအံတောင်ကို ပျံသန်းခဲ့တယ် ။ ဆောင်နန်မင်း ကို သတ်ခြင်းဟာ သူ့အတွက် သိုင်းကျင့်စဉ်တစ်ခုကိုသာမက သိုင်း ဝိဉာဉ်တော်တစ်ခုကိုပါ ရရှိခဲ့ပါတယ် ။ ဒါဟာ အကျိုး အ မြတ် တော်တော် ကြီးကြီးကို ရလိုက်တာပါပဲ ။
သူ၏ ကွင်းအတွင်းရှိ စုမေးယို အား မေးလိုက်ပါတယ် ။
“အမတော် မေးယို ၊ ဒီ သိုင်းဝိဉာဉ်တော် အကြောင်း ကျွန်တော့ကို ပြောပြနိုင်မာလား ၊ ဒါက ကျွန်တော့အတွက် တကယ်ပဲ အသုံးမ၀င်တာလားဗျ”
စုမေးယို က ပြန်ပြောပါတယ် ။
“ဒီလိုတော့ မဟုတ်ပါဘူး ။ ဒီလို သိုင်းဝိဉာဉ်တော် တွေဟာ များစွာ ရှိကြတယ် ။ ထပ်ပြောရမယ်ဆို သားရဲ တွေက ဖြစ်တဲ့ သားရဲသိုင်းဝိဉာဉ်တော် တွေလို ဟာမျိုးတွေလဲ ရှိတယ် ။ ဒါက လည်း အရမ်းကို ရှားပါးပါပေတယ် ။ မင်းနဲ့အသင့်တော်ဆုံးက တော့ မီးသိုင်းဝိဉာဉ်တော်ပဲဖြစ်တယ် ။ ၎င်းက မီးတောက်ရဲ့ သဘာဝကို အမျိုးမျိုးပြောင်းလဲပေးနိုင်တယ် ။ ဒီလို မျိုး ဖြစ်တဲ့ အတွက် ၎င်း မီးသိုင်းဝိဉာဉ်တော်ဟာ ဆေးညာအတွက်လည်း များစွာ အထောက်အပံ့ ဖြစ်တယ်ကွ ။”
“မီးဝိဉာဉ်တော်တွေဟာ အရမ်းကို ရှားပါးတယ် ။ ငါ့ဆရာ ဆီမှာ တစ်ခုရှိတာကို တွေ့ ဖူးတာကလွဲရင် ဘယ်သူမှာမှ မတွေ့ ခဲ့ဖူးသေးဘူး ။ ဒါပေမယ့် အင်အားကြီးလှတယ့် တစ်ကိုယ်တော် သိုင်းပညာရှင်တွေ အချို့ မှာတော့ တစ်ခု တွေ ရှိကြတယ်လို့ ကော လ ဟာ လ တွေ ပျံ့ ဖူးတယ်”
ချန်ရှန် နည်းနည်း အံ့သြသွားတယ် ။ စုမေးယို ရဲ့ ပါးစပ်က ဒီလို ဝိဉာဉ်တော် ရှိတဲ့လူဟာ သိုင်းပညာရှင်များစွာထဲမှ တစ် ယောက်ထဲသာ ဖြစ်လို့ပါ ။
လေအံတောင်ဟာ သိပ်မမြင့်လှသော်လည်း တကယ်ကို ကြီးမားလှတယ့် ကျောက်တောင်ကြီးတစ်ခု ဖြစ်ပါတယ် ။ အပေါ် မှာတော့ အိမ်များစွာကို ဆောက်လုပ်ထားပြီး တောင်၏ ထိပ်တည့်တည့်မှာ နန်းတော်ကြီးတစ်ခုကို တည်ဆောက်ထား ပါ တယ် ။ ချန်ရှန်ဟာ ဒီလိုနေရာမျိုးမှာ အမှောင်အင်အားစုတို့ ဒီ လို အင်အားကောင်းစွာ စုနေကြမယ်လို့ မထင်ခဲ့မိပါ ။
ချန်ရှန် သူ့အဖေကို တော်တော် လေးစားမိသွားတယ် ။ အဆင့် ၈ လေးနဲ့ ဒီလို အင်အားကြီးလှတဲ့ အုပ်စုကြီးထဲကို ၀င် သွားပြီး အဓိက ဂိုဏ်းဝင်တွေကို သတ်နိုင်ခဲ့လို့ပါ ။
တောင်ခြေမှာ တော့ ခုနက ချန်တျန်းဟူ တိုက်ခိုက်သွားမှု ကြောင့် ကင်းထောက် အမြောက်အများချထားပါတယ် ။ ဒါပေ မယ့် ချန်ရှန် အတွက်ကတော့ ပြသနာမရှိပါ ။ သူ့အဖေဟာ အရင် က အဆင့်မြင့် ပညာရှင် တော်တော်များများကို သတ်ထားပြီး ဖြစ် တယ့်အတွက် ချန်ရှန်ဟာ စိတ်လက်ပေါ့ပါးနေပါတယ် ။
ဒီဂျူဒူဂိုဏ်းဟာ အဆိပ်လူးထားတဲ့ လက်နက်ပုန်များကို အမျိုးမျိုးအသုံးပြုကြတဲ့ ကြောက်စရာဂိုဏ်းဆိုတာ ချန်ရှန် သိ ပါ တယ် ။ ဒါပေမယ့်လည်း သူဟာ ကြိုတင် ကာကွယ်မှု များ လုပ် နိုင်သောကြောင့် ဒီဂိုဏ်းကို ကြောက်ရွံ့ မိခြင်း မရှိပေ ။
ဒါမတိုင်ခင်က ချန်ရှန်ဟာ ထောင်ပေါင်းများစွာသော လက်နက်ပုန်းများကို ကာကွယ်ခဲ့တာပါ ။ ဒါပေမယ့်လည်း တစ်ခု မျှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး ။
ဂိုဏ်းသား တစ်ယောက်ဟာ ချန်ရှန် တောအုပ်ထဲက ထွက် လာပြီး တောင်ဆီ လာနေတာကို တွေ့ သွားတယ် ။ ချက်ချင်းပင် ခါးမှ ဓားကို ထုတ်လိုက်ပြီး အော်ပြောလိုက်ပါတယ် ။
“မင်းဘယ်သူလဲ”
“ချန်ရှန်”
ဂျူဒူဂိုဏ်းသားတို့ ရုပ်ရည် ကြည့်ကောင်းလှသော လူငယ် တစ်ယောက် ဖမ်းစားတတ်တဲ့ ချီဓာတ်တွေ ထွက်လျက် ပြော တာကို မြင်တဲ့အခါ ဆူညံသွားကြပါတော့တယ် ။ ဒီလူငယ်ဟာ လူပြောများနေတယ့် ချန်ရှန်ဆိုတာ သူတို့တွက် သံသယ ဖြစ် ဖွယ် မရှိတော့ပါ ။
ချန်ရှန်၏ မျက်လုံးများဟာ အမဲလိုက်ခြင်းနဲ့ ဆိုင်သော ချီ ဓာတ်များ များစွာ ပါဝင်လျက်ပါ ။ ရုတ်တရက်ပဲ ထိုလူတွေဟာ သူတို့လက် ၂ ဖက်တွေမှ အရွယ်အစားစုံလင်လှသော သံအပ် များစွာကို လျင်မြန်စွာ ပစ်လွှတ်လိုက်ကြတယ် ။ တောက်ပနေ တဲ့ နေအလင်းရောင်အောက်မှာ ၎င်းအပ်များဟာ အအေးငွေ့ များ ရောင်ပြန်ဟပ်နေကြပါတယ် ။
ချန်ရှန် မျှော်လင့်ထားသလိုပါပဲ ။ ဒီဂိုဏ်းသားအများစုဟာ လက်နက်ပုန်းများသာ အသုံးပြုလေ့ရှိကြပါတယ် ။ သာမန် သိုင်း ပညာရှင်ဆိုပါက ဒီလိုတိုက်ခိုက်မှုမျိုးအား ခုခံနိုင်ရန် ခက်ခဲလှ ပြီး ဒီလူတွေရဲ့ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံရနိုင်ပါတယ် ။
ဒါပေမယ့် ချန်ရှန်အဖို့တော့ အရေးမဟုတ်လှပါ ။ သူ၏မျက် ခုံးများ မြင့်တက်သွားပြီး မီးငွေ့ ချီဓာတ်များဟာ သူ၏ ကိုယ်မှ ထွက်လာပါတယ် ။ ခန္ဓာကိုယ်ပတ်လည်အား အကာကွယ်တစ်ခု ဖြစ်ပေါ်စေလျက် ၀င်လာသမျှ အပ်များဟာ ချန်ရှန်၏ အကာ ကွယ်မှာ ရပ်တန့်သွားရပါတော့တယ် ။
ချန်ရှန်ဟာ ချွန်မြလှတဲ့ အပ်များကို ကြည့်ရင်း အေးစက် စက် ပြုံးလိုက်မိတယ် ။ ထို့နောက် ပြင်းထန်လှသော နတ်အတွင်းအားများကို ထုတ်လွတ်လိုက်ကာ ထိုအပ်များအား ဂိုဏ်းသားများထံသို့ ပြန်လည် လွင့်ထွက်သွားစေလိုက်ပါတယ် ။
“ဒီလို သံအပ်တွေ ပစ်နေတာ တော်တော် လွယ်နေတယ် ဟုတ်လား ၊ ဒီမှာ ငါလည်း မင်းတို့ကို ပြန်ပစ်ပြီနော်”
ချန်ရှန် လှောင်လိုက်ကာ မရေတွက်နိုင်သော အပ်များကို မိုးသီးများကြွေသလို ဂျူဒူဂိုဏ်းသားများဆီသို့ ပြန်ပစ်လိုက်ပါ တော့တယ် ။
ဒီအချိန် ထိုလူများလည်း ဘယ်လိုမှ မလုပ်နိုင်တော့ပဲ အပ် များစွာဟာ ၎င်းတို့အား ထိမှန်လျက် ဖြူကောင်များလိုပင် ဖြစ် သွားကြပါတယ် ။
ထို့နောက်မှာတော့ ချန်ရှန်ဟာ မချိမဆန့် ဖြစ်နေတယ့် လူ လေးငါးဆယ် လောက်ကို သူ့ရှေ့ မှာ တွေ့ လိုက်တယ် ။ ၎င်းတို့ မှာ စိုက်ဝင်နေတယ့် အပ်များဟာ အမည်းရောင်ပြောင်းသွားပြီး သူတို့ခန္ဓာကိုယ်သည်လည်း သွေးမည်းများအဖြစ် အရည်ပျော် သလို ဖြစ်လာသော ကြောင့် စူးစူးဝါးဝါးကို အော်ဟစ်နေကြ ပါ တော့တယ် ။
သွေးတွေဟာ အဆိပ်တွေနဲ့ ပြည့်နေပြီး ခန္ဓာကိုယ် တစ်ခု လုံးသာမက အ၀တ်များပါ အရည်ပျော်ကုန်ကြပါတယ် ။ မည်မျှ အဆိပ်ပြင်းလဲဆိုတာ ပြသနေပါတော့တယ် ။
“ဒီဂိုဏ်းကိုတော့ ဆက်တည်ရှိခွင့် မပေးနိုင်တော့ဘူး”
ချန်ရှန် မျက်မှောင်ကြုတ်လျက် ပြောလိုက်ပါတယ် ။ သူဟာ မီးဓာတ်များစွာထုတ်ပြီး သွေးများကို မီးရှို့ လိုက်ပြီးနောက်တောင် ထိပ်ဆီသို့ ပျံသန်းသွားပါတော့တယ် ။
ခုနက ဂိုဏ်းသားများနဲ့ ချန်ရှန်တို့ တိုက်ခိုက်မှုကြောင့် တောင်ထိပ်ရှိ အချက်ပေး ခေါင်းလောင်းများ မြည်သွားပါတယ် ။ ချန်ရှန်ဟာ သူ့ကိုတွေ့သွားကြပြီဆိုတာ သိလိုက်တယ် ဒါပေမယ့် တောင်ထိပ်ကို သွားနေတုန်းပါပဲ ။
တောင်ထိပ်ရောက်တယ့် အခါမှာတော့ အံ့သြစရာကောင်း တာက ဘယ်သူမှမရှိနေတာပါပဲ ။ သူနန်းတော်ထဲ ၀င်သွားတဲ့ အခါ ခန်းမကြီးထဲတွင် အမည်းရောင် ၀တ်ရုံအပြည့် ၀တ်ထား သော လူတစ်ယောက်ကို တွေ့ လိုက်ရပါတယ် ။ ဒါပေမယ့် ရုတ် တရက်ပဲ ထိုလူ၏ နောက်မှ များစွာသော လူအုပ်ကြီးဟာ ထိုလူ ကို ဝိုင်းလျက် ထွက်ပေါ်လာကြတယ် ။ ထောင်ဂဏန်းကျော် လောက်ကို ရှိနိုင်ပါတယ် ။
“မင်း အဖေ သေပြီလား”
ဆံပင်ဖြူဖြူ လူကောင်သေးသေးလေးဖြင့် ရုပ်ဆိုးလှသော အဖိုးကြီးတစ်ယောက်ထွက်လာကာ နားဝင်ဆုိးလှသော အသံ ကြီးဖြင့် မေးပါတယ် ။
“နိုး ပါ ။ ကောင်းကောင်းကြီး အသက်ရှင်နေတယ်”
ချန်ရှန် တည်ငြိမ်စွာ ပြန်ပြောလိုက်ပါတယ် ။ ထိုရုပ်ဆိုးဆိုး လူကြီး၏ မျက်လုံးများ အနည်းငယ် ပြူးကာသွားပါတယ် ။ ချန်ရှန်တစ်ယောက် ဒီလူကြီးဟာ ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ တွေးမိလိုက်ပါတယ် ။
“ဟဟ ၊ ဒီကိစ္စ နဲ့ ပတ်သတ်ပြီး မင်းက ဒီကို အသေခံဖို့ လာ တယ်ပေါ့ ၊ ဟုတ်လား”
ခေါင်းဆောင်ဖြစ်ဟန် တူသူက အေးစက်စွာ ပြောတယ် ။ သူ ချန်ရှန်ကို ကြည့်တဲ့အကြည့်ဟာ သနားစရာ သေခါနီးလူတစ် ယောက်အား ကြည့်နေသလို ပုံဖြင့် ကြည့်နေတာပါ ။
“ကျွန်တော် ဒီကိုလာတာ သေဖို့မဟုတ်ဘူး ၊ ခင်ဗျား အသက်ကို ယူချင်လို့”
ချန်ရှန်ဟာ ခနဲ့တဲ့တဲ့ ပြောလိုက်တယ် ။ သူ့မျက်နာနဲ့ လေသံ ဟာ တော်တော် အလျင်စလို ဖြစ်နေပုံပါပဲ . . . ။