Chapter – 66 အနှိုင်းမဲ့နတ်နဂါးသိုင်းစွမ်းရည်
ဆောင်နန်မင်း ဘေးက ကိုယ်ရံတော် လေးယောက်ဟာ မျက်စိ တစ်မှိတ်အတွင်းမှာပဲ တောထဲပျောက်ကွယ်သွားတယ် ။
လေပြင်းတစ်ချက် ဝေ့သွားပြီး ချန်ရှန်ဟာ သူ့ပတ်လည်မှာ အမည်းရောင် အခိုးတွေများစွာဟာ ရုတ်တရက်ပေါ်လာတာကို တွေ့ လိုက်ရတယ် ။ ချန်ရှန်လည်း ချက်ချင်းပဲ သူ၏ ကိုယ်အား အားကောင်းသော ချီအကွာအကွယ် တစ်ခုကို ကာရံလိုက်တယ်။ တချိန်တည်းမှာပင် အသက်ကို ၀ အောင် ရှူလိုက်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒီအငွေ့ တွေဟာ အဆိပ်ငွေ့ တွေ ဆိုတာ အသေ အချာ သိလို့ပါပဲ ။
အဆိပ်ငွေ့ တွေ ချန်ရှန်ရှိတယ့် နေရာမှာ ချန်ရှန်အား အ ပြည့်လွှမ်းခြုံထားပါတော့တယ် ။ နေ့ခင်းကြောင်တောင် အချိန် မှာတောင် ပတ်ပတ်လည်တွင် အမည်းရောင်အခိုးများမှာ မည်း မှောင်လျက်ပါပဲ ။ ရုတ်တရက်ပဲ ချန်ရှန်ဟာ အရပ်လေးမျက်နာမှ များစွာသော အရာများ သူ့ဆီ လျင်မြန်စွာ ပျံဝဲလာသည်ကို အာရုံ ခံမိလိုက်ပါတယ် ။
ဒါတွေကတော့ ရေတွက်မရနိုင်လောက်သော မြှားများ နဲ့ အရွယ်အစားမျိုးစုံသော အပ်များပဲ ဖြစ်ပါတော့တယ် ။
မျိုးစုံသာ လက်နက်ပုန်းများဟာ ဆက်တိုက်ပင် အရပ်လေး မျက်နာမှ ပျံဝဲလျက် ရှိတယ် ။ တောနက်နက်ကြီးဟာ ယခုတော့ ပိုမို မှောင်မည်းကာ နက်သည်ထက် နက်လာသလိုပါပဲ ။ ဒါဟာ အဆိပ်တွေနဲ့ ပြည့်နေသော လက်နက်ပုန်း မိုးပေါက်များ ချန်ရှန် ဆီ ပျံဝဲလာနေသလိုပါပဲ ။
မူလက ချန်ရှန်ဟာ သူ့ပတ်လည်တွင် လူများစွာရှိနေမှန်း လေ့လာမိပေမယ့် ဒီလို အဆက်မပြတ်သော လက်နက်ပုန်းများ ဖြင့် ချုံခိုတိုက်ခိုက်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ ဘယ်လို ပဲ ဖြစ်ဖြစ် ဘယ်အခြေနေပဲ ရောက်နေပါစေ ကြောက်ရွံ့ စိတ် စိုးစဉ်း မျှ မရှိပါချေ ။
“ဆောင်နန်မင်း ငါသေတာကို ထိုင်ကြည့်ပြီး ၀မ်းသာတာမျိုး အဖြစ်မခံနိုင်ဘူး ။ ငါဟာ သာမန် အဆင့် ၈ သို့မဟုတ် ၉ ပဲရှိသေး တာ ထိခိုက်လို့ လုံးဝ မဖြစ်ဘူး”
ချန်ရှန် သူ၏ စိတ်ထဲ တွေးနေမိတာပါ ။ ရေတွက်လို့ မရနိုင် လောက်တယ့် လက်နက်ပုန်းတွေဟာ သူ့ဆီ ပျံသန်းပြေးလာနေ ကြပြီး ချန်ရှန်လဲ များစွာသော မမြင်နိုင်တဲ့ ချီဓာတ်တွေကို ချက် ချင်း သူ၏ကိုယ်မှ ထုတ်လိုက်ပါတော့တယ် ။
ဒါဟာ အနှိုင်းမဲ့ စကြာဝဠာ အားကို ချီဒြပ်စင် ၅ ခုပေါင်း စပ် ခြင်းဖြင့် ဖန်တီးလိုက်တာဖြစ်ပါတယ် ။ ဒီလို နက်ရှိုင်းစွာ ပြင်းထန် လှတဲ့ စွမ်းအားတွေအား ထုတ်လွှတ်လိုက်တဲ့ အခါမှာတော့ ဒီ လက်နက်ပျံတွေဟာ လေထဲ ရှေ့ တစ်လက်မမှ ဆက်မရွေ့ နိုင် တော့အောင်ကို ရပ်တန့်သွားကြပါတော့တယ် ။
မရေတွက်နိုင်လောက်တဲ့ မြားများနဲ့ အပ်များဟာ ချန်ရှန်၏ အနှိုင်းမဲ့ စကြာဝဠာ ခွန်အားကြောင့် ရပ်တန့်သွားရပါပြီ ။ ၎င်းတို့ ဟာ လေထဲ ရပ်တန့်ကာ တစ်ခုပေါ် တစ်ခု ထပ်လျက် ပြုတ်ကျ ကုန်ပါတယ် ။ ဒါဟာ ချန်ရှန်ရဲ့ ပတ်လည်မှာ အမည်းရောင်နံရံ ကြီး ကာရံထားသလိုပါပဲ ။
“ဟဲဟဲ ၊ လေမကျယ်ကြတော့ဘူးလား ၊ ဒါကတော့ ရေတွက် လို့ရပြီး လုံလောက်တဲ့ စွမ်းရည်ရှိတယ်ကွ”
ချန်ရှန် ရယ်မောကာ နေပါတယ် ။ သူဟာ ထိုက်ကျိကျင့်စဉ် ၏ အစွမ်းကို အသုံးပြုကာ စကြာဝဠာ စွမ်းအင်ဖြင့် မြားများအား ရပ်တန့်စေခဲ့တာပါပဲ ။
ဒီအချိန်မှာပဲ ချန်ရှန်ဟာ သူ့ပတ်လည်ရှိလူများ ထွက်ပြေး ကုန်ကျတာကို အာရုံခံမိပါတယ် ။ ရက်စက်သော အကြံတစ်ချက် ရလိုက်ပြီး ရုတ်တရက်ပဲ “ဘုန်းးးးးးးးး” ဟု အသံကြီးမည်ကာ စကြာဝဠာ အတွင်းအားများအား ဆူနာမီလှိုင်းကြီးတစ်ခုလို သူ၏ ကိုယ်မှ ခွဲထွက်စေလိုက်ပါတယ် ။ ဒီလိုကြီးများတဲ့ ရုတ်တရက် အားကြောင့် ထို လက်နက်ပုန်းများဟာ လွင့်ထွက်ပြီး အဆိပ်ငွေ့ များပါ အရပ်မျက်နာ မျိုးစုံကို ပြန့်ထွက်သွားပါတော့တယ် ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ချန်ရှန်ဟာ တောအုပ်မည်းကြီး တစ်ခုလုံးအား အလင်းဆောင်လိုက်ပါပြီ ။ ဒါတင်မက စွမ်းအင် လှိုင်းများဟာ တခုပြီးတခု ထွက်လျက် တောအုပ်ကြီးထဲမှ အသက် များစွာကို နှုတ်ယူနေပါတော့တယ် ။
“မင်းတို့စိုက်ပျိုးတာကို မင်းတို့ ရိတ်သိမ်းရတာပဲ”
ချန်ရှန် ခေါင်းခါလျက် သက်ပြင်းချလိုက်တယ် ။ သူဟာ ပြင်းထန်ပြီး အားကောင်းလှတယ့် ချီဓာတ်တွေကို သင့်တင့် လျှောက်ပတ်စွာ အသုံးပြုခဲ့တာ ဖြစ်ပြီး သူ့အတွက် ဒါဟာ ဘာမှ မဟုတ်ပါဘူး ။ ဒီလက်နက်ပုန်းတွေလောက်တော့ ဂရုကိုမစိုက် တာပါ ။
ချန်ရှန်ရဲ့ နောက်ကျောမှ မီးတောက် ၂ ခု ထွက်လာပါတယ်။ ဒီမှးတောက်တွေအား ကြီးမားသော အတောင်ပံကြီးများ အဖြစ် ပြောင်းလဲလိုက်တယ် ။ ဆောင်နန်မင်း ထွက်ပြေးတာကို မလွတ် မြောက်စေရန် ချန်ရှန်ဟာ အနီရင့်ရောင်ငှက်မီးတောင်ပံ များကို အသုံးပြုလိုက်တာ ဖြစ်ပါတယ် ။ ဒီမီးတောင်ပံတွေကို အသုံးပြု ခြင်းဖြင့် ချန်ရှန်ဟာ အပေါ်ကို တက်သွားကာ သိမ်းငှက်တစ် ကောင်လို ပျံသန်းနေပါတော့တယ် ။
ချန်ရှန်၏ အမြင်အာရုံများဟာလည်း သိမ်းငှက်တစ်ကောင် လိုပါပဲ ။ အမြင့်မှပျံသန်းနေတာတောင်မှ မြေကြီးပေါ်မှ အရာအား လုံးကို ရှင်းလင်းစွာ မြင်နိုင်နေပါတယ် ။ မကြာခင်မှာပဲ သူဟာ တောအုပ် အပြင်ဖက်လမ်းကိုရှိ သူမြင်းထားခဲ့ရာကို ပြန်ရောက် လာပါတယ် ။ ဒီလမ်းဟာ ဘုရင့်မြို့ တော်ကို ပြန်တဲ့လမ်းပါပဲ ။
ချန်ရှန်ဟာ သူ၏ နတ်အတွင်းအား အာရုံများဖြင့် အနီရင့် ငှက် မီးတောင်ပံများအား အသုံးပြု ပျံသန်းခဲ့တာဖြစ်ပြီး တော်တော် ကြမ်းကြမ်းကို အမြန်ပျံ ခဲ့တာပါ ။ ဆောင်နန်မင်းကို ဖမ်းမိနိုင်ဖို့ မစောင့်နိုင်တော့ပါဘူး ။
မြင်းကို ဒုန်းစိုင်းစီးလျက် ဆောင်နန်မင်း တစ်ယောက် ဟာ အရမ်းကို စိတ်လှုပ်ရှားနေတယ် ။ အဘယ်ကြောင့်ဆိုသော် သူဟာ သူ၏ အကြီးမားဆုံး ရန်သူတော်ကြီးကို ရှင်းပစ်လိ်ုက် နိုင်တာကြောင့်ပါပဲ ။ သူ့အဖေကလည်း သူ့ကို အာဏာကုန်လို လွှဲထားတာကြောင့် သူ့အစီအစဉ်တွေကို အကောင်အထည် ဖော်နိုင်ပါတော့မယ် ။ ဒီအချိန်မှာပဲ တစ်စုံတစ်ယောက် သူ၏ နာမည်ကို ခေါ်သံ ကြားလိုက်ပါတော့တယ် ။
“ဆောင်နန်မင်းး”
ချန်ရှန်ဟာ လေထဲမှ အော်လိုက်တာပါ ။
ဆောင်နန်မင်းဟာ သူနားကြားလွဲတယ်လို့ ထင်နေတယ် ။ ဒါပေမယ့် သူဟာ သူ့အထက်မှ ပီပီသသ အသံကို ထပ်မံ ကြား လိုက်ပါတယ် ။ သူနဲ့တကွ ကိုယ်ရံတော် ၄ ယောက်ဟာ သူတို့ ရဲ့ ခေါင်းတွေကို အပေါ်မော့ကြည့်လိုက်တယ် ။ သူတို့ ချက်ချင်းပင် မီးတောက်အတောင်ပံတစ်စုံကို ကောင်းကင်မှာ မြင် လိုက် ရ တယ် ။ ၎င်းအတောင်ပံများဟာ လူတစ်ယောက်၏ ကိုယ်မှထွက် နေတာဖြစ်ပြီး ထိုလူကတော့ ချန်ရှန်ပင် ဖြစ်ပါတော့တယ် ။
ချန်ရှန်၏ နောက်ကျောမှ ချီဓာတ်များဖြင့် ဖြစ်ပေါ်သော အ တောင်ပံများကို ကြည့်ရင်း ဆောင်နန်မင်း တစ်ယောက် သူ၏ ခေါင်းမှ ခြေဖဝါးတိုင်အောင် ကြက်သီးများပင် ထသွားတယ် ။ ချန် ရှန် အသက်ရှင်နေသေးတာပါလား ၊ ဒါတင်မက သူဟာ တန်ဖိုး မဖြတ်နိုင်တဲ့ စစ်မှန်သော ချီ စွမ်းအင်တွေကိုလည်း အသုံးပြုနေ တာပါတကား ။
ချန်ရှန်ဟာ ကောင်းကင်ပေါ်မှ ဒိုင်ဗင်ထိုးချလိုက်ပြီးနောက် ထိတ်လန့်ကြောက်ရွံ့ ဖွယ်ကောင်းလှသော မိုးပြာရောင်ချီဓာတ် များဟာ ရုတ်တရက် ထွက်ပေါ်လာပါတယ် ။ မကြာခင်မှာပဲ ကြီးမား လှတဲ့ ချီဓာတ် ပုံဆောင်ခဲတွေဟာ ဖြစ်ပေါ်လာတယ် ။ ဆောင်နန်မင်းတို့ဟာ ပြေးနေသော်လည်း ၎င်းတို့သည် သိမ်း ငှက်၏ ပါးစပ်ထဲတွင်ကိုက်ခံထားရသော ယုန်ငယ်လေးမျာ လိုပါ ပင် ။
ချန်ရှန် ဟာ ကြီးမားတဲ့ ချီဓာတ်ပုံဆောင်ခဲတွေကို ထုတ်ပြီး ပြင်းထန်စွာ ဆောင်နန်မင်းနဲ့ ကိုယ်ရံတော်များအား ပစ်ချလိုက် ပါတယ် ။ ဒါဟာ အဆင့် ၈ ပညာရှင်မှ ချီဓာတ်တွေဖြစ်ပြီး ၎င်းမှာ မိုးပြာရောင် လျှပ်စီးနဲ့ လေများ ပါဝင်ကြပါတယ် ။ ၎င်း၏ ကြောက် စရာကောင်းလှသောစွမ်းအားများရဲ့ အဟုန်ဟာ ဆောင်နန်မင်း နဲ့ ကိုယ်ရံတော် ၄ ဦးတို့အား မျက်တောင်တခတ်အတွင်းမှာပင် ဒဏ်ရာအပြင်းအထန် ရသွားစေပါတော့တယ် ။ မြင်းများရော လူများပါ မြေပေါ်တွင် များများဝပ်လျက် ရှိနေကြတယ် ။ မြင်းများ မှာ သေသွားကြပြီး လူများဟာတော့ မြေကြီးပေါ်တွင် သွေးများ ထွက်လျက် လူးလိမ့်နေကြပါတော့တယ် ။
ချန်ရှန်ဟာ ဓားရှည်ကြီးအား ကိုင်ရင်း ၎င်း တို့ အနီးကို ရောက်လာပါတယ် ။ ဆောင်နန်မင်း၏ ရှေ့ မှာပင် ကိုယ်ရံတော် များအား တစ်ယောက်ပြီး တစ်ယောက် ခေါင်းဖြတ်လိုက်တယ် ။ ဆောင်နန်မင်းဟာ သူ့ရှေ့ မှာ ဒီလို ထိတ်လန့်ဖွယ်မြင်ကွင်းကို ကြည့် ပြီး အတော်ကိုသွေးပျက်ကာ ကြောက်သေးများပင် ထွက် ကျ လာပါတော့တယ် ။
ချန်ရှန်ဟာ ဆောင်နန်မင်းအား တွေဝေခြင်းမရှိ သတ်နိုင် ပါတယ် ။ ဆောင်နန်မင်း တစ်ယောက်သေခြင်းကတော့ သူဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေပြီဆိုတာ သိလိ်ုက်တယ် ။ လေများမှာပင် သွေးညှီနံ့များ ရနေသလိုပါပင် ။ ခေါင်းပြတ် လေး ခုဟာ သူ့ရှေ့ မှာ ပြန့်ကျဲလို့နေပါတယ် ။ သူဟာသူ့ရှေ့ က သွေး ထွက်သံယိုမြင်ကွင်းကို ကြောက်တာထက် ချန်ရှန်၏ ကိုယ်မှ ချီ ဓာတ်များ ထွက်နေလျက် အေးစက်စက် မျက်နာဖြင့် အပြုံးကို ပို မို ကြောက်ရွံ့ မိနေပါတယ် ။
“ပြီးခဲ့တဲ့ သိုင်းပြိုင်ပွဲမှာတည်းက မင်းကို ငါ စိတ်တောင် မ၀င် စားခဲ့ဘူး ၊ ငါ့ကို သတ်ဖို့ ကြံနေမယ်လို့လည်း မထင်မိဘူး ၊ ခုတော့ ဟဟ”
ချန်ရှန် အေးစက်စွာ ပြောလိုက်တယ် ။
ဆောင်နန်မင်း၏ ချောမောလှပသော မျက်နာဟာ ရှုံ့ တွပြီး ငိုမလိုပါပဲ ။ တော်တော်လည်း ဒဏ်ရာရနေတာဖြစ်ပြီး ခုခံနိုင်ဖို့ ဆိုတာ 1% တောင် မရှိပါဘူး ။ စကားပြောတာကိုပင် ခက်ခဲ စွာ ဖြင့် –
“ချန်သခင်လေး ၊ ငါ . . .”
သူ၏ စကား မဆုံးခင်မှာပဲ ချန်ရှန်၏ ဓားဟာ ဆောင်နန်မင်း အား ခေါင်းတခြား ကိုယ်တခြား ပြုလုပ်လိုက်ပါတယ် ။ သရဖူ ဆောင်းမင်းသားကတော့ ချန်ရှန်ရဲ့ ခေါင်းဖြတ် ကွပ်မျက်ခြင်းကို ခံလိုက်ရပါပြီ ။
“စိတ်ကြီးဝင်နေတယ့်ကောင် ၊ အမြဲတမ်း သူများတွေရဲ့ စွမ်းအင်ကို ကုန်အောင် လုပ်နေတယ်”
ချန်ရှန် အထင်သေးဟန်ဖြင့် ပြောလိုက်တယ် ။ သူဟာ မင်း သားရဲ့ အိတ်ကို ယူပြီး အထဲကို ကြည့်လိုက်ပါတယ် ။ ငွေစကြီး ၁၀၀၀၀ ကို တွေ့လိုက်ရပြီး စာအုပ်အသစ်တစ်အုပ်ကိုလည်း မြင် ရပါတယ် ။
ချန်ရှန် ခပ်မြန်မြန်ပဲ စာအုပ်ကို ဆွဲထုတ်လိုက်ပြီး ဖွင့်ဖတ် လိုက်တယ် ။ သူဟာ “နဂါးသိုင်းစွမ်းရည်” ဆိုတဲ့ စာကို မြင်တဲ့ အခါ သူဟာ ချက်ချင်းပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားတယ် ။ သူဟာ ဆောင်နန်မင်း တစ်ယောက် ဒီစာအုပ်ကို သွားလေရာ သယ်သွားမယ်လို့ မထင်မိပါဘူး ။
ချန်ရှန်ဟာ စာအုပ်ကို ခပ်မြန်မြန်ပင် သူ၏ မမြင်နိုင်သော ကွင်းလေးထဲသို့ထည့်လိုက်တယ် ။ စုမေးယိုနဲ့ ဘိုင်ယုယု တို့အား လေ့လာ စေရန်ပါ ။
ရှေးဟောင် နဂါးသိုင်းစွမ်းရည် ဟာ နတ်ကျင့်စဉ် တစ်ခု လို့ သတ်မှတ်လို့ ရပါတယ် ။ ၎င်းဟာ အရမ်းကို စွမ်းအားကြီးပြီး စုမေးယိုနဲ့ ဘိုင်ယုယုတို့တောင် တော်တော် စိတ်ဝင်စားနေကြ တယ် ။
“ဒါက ပြည့်စုံတဲ့ နဂါးသိုင်းစွမ်းရည် အပိုင်းတစ်ခုပဲ ၊ အဓိက အပိုင်းကတော့ အသုံးပြုသူဟာ သူ့ရဲ့ ချီဓာတ်တွေကို နဂါးငွေ့ အဖြစ် ဘယ်လိုပြောင်းလဲရမလဲဆိုတာ လမ်းညွှန်ထားတာ ၊ နောက်ပြီး ဒီနဂါးငွေ့ နဲ့ အသုံးပြုသူဟာ စွမ်းရည်တွေကို ထုတ် နိုင်မယ် ။ ၎င်းကတော့ မင်းဒီမတိုင်ခင် အသုံးပြုခဲ့တဲ့ နဂါးငွေ့ လက်သီးပဲ ။ ဒီ နဂါးငွေ့ လက်သီး လို့ခေါ်တယ့် တိုက်ကွက်ကို မင်း ဆောင်နန်မင်းဆီက ခိုးပြီး သူ့ကို ပြန်တိုက်ခိုက်ခဲ့တာက သိပ် မပြည့်စုံသေးဘူး ။ နောက်တစ်ခုက ဆောင်နန်မင်းလည်း ဒီတိုက်ကွက်ကို ကောင်းကောင်းလေ့ကျင့်ထားပုံ မရတဲ့အတွက် မကျွမ်းကျင်လှပေဘူး”
စုမေးယိုက စိတ်လှုပ်ရှားသလို ပုံဖြင့် ရှင်းပြပါတယ် ။
“ဒီလို တန်ဖိုးရှိပြီး ကောင်းလှတယ့် တိုက်ကွက်ရှိနေတာကို တောင် ကောင်းကောင်းမလေ့ကျင့်ခဲ့တာ ၊ ဒီမင်းသားကတော့ တကယ့် အမှိုက်ကောင်ပဲ”
ရေခဲမိန်းကလေး ဘိုင်ယုယု စာအုပ်ကို ကြည့်ရင်း ပြောနေ ပါတယ် ။ ဒါဟာ လက်ရေးမူ ဖြစ်သော်လည်း တော်တော် အသေးစိတ် ရေးထားတာပါ ။
ချန်ရှန်ဟာ သင့်တော်တဲ့ သိုင်းကျင့်စဉ်တွေနဲ့ မကြုံရ သေး ပါဘူး ။ နတ်အတွင်းအားကျင့်စဉ် သင်္ကေတ ၄ ခုထဲမှာလည်း ကျင့်စဉ်ဟာ အနည်းငယ်သာ ပါပါတယ် ။ ဒါတင်မက ဒီထဲက တချို့ ဟာ ၎င်းတို့ရဲ့ သက်ရောက်မှုတွေကို ပြင်းထန်ဖို့ ချီဓာတ် တွေကို များစွာ အသုံးပြုရပါတယ် ။ ချန်မျိုးနွယ်ပိုင် သိုင်းကျင့်စဉ် တွေ ရှိသော်လည်း ချန်ရှန်ဟာ ဒီနည်းတွေကို သ်ိပ် သဘောမ တွေ့ ခဲ့ပါဘူး ။
“အမတော် မေးယို ၊ ဒီ နဂါးသိုင်းစွမ်းရည် နဲ့ မိုးပြာနတ်နဂါး ကျင့်စဉ်မှာ ကွာခြားချက် ရှိလား”
ချန်ရှန် မေးလိုက်တာပါ ။
“သိပ်ကို ကွဲပြားခြားနားတာပေါ့ ။ နဂါးသိုင်းစွမ်းရည်က နဂါး ကြီး ကိုယ်တိုင် တီထွင်ခဲ့တာ ၊ မိုးပြာနဂါးကတော့ လူတစ်ဦးက နဂါးနဲ့ သဘောတူညီချက်လုပ်ပြီး တီထွင်ခဲ့တာပဲ ။ ရှေးဟောင်း ဒဏ္ဍာရီတွေ အရ ဒီနဂါးသိုင်းစွမ်းရည်ဟာ နဂါးတစ်ကောင်ရဲ့ ကြောက်စရာ စွမ်းအားတွေကို အပြည့်အ၀ ပြသနိုင်တယ် လို့ ဆို ကြတယ် ။ ဆိုလိုတာက တခြားနဂါးတွေကို သတ်နိုင်တယ် ဆို တာပဲ ။ ၎င်းဟာ အနှိုင်းမဲ့နတ်နဂါးသိုင်းစွမ်းရည်လို့လဲ ခေါ်ကြ တယ် ။”
စုမေးယိုက ရှင်းပြတာပါ ။
အနှိုင်းမဲ့ နတ်နဂါး သိုင်းစွမ်းရည် ဆိုသည့်အတိုင်း မည်သည့် နဂါးသိုင်းကိုမဆို ယှဉ်နိုင်သော အစွမ်းရှိပေသည် ။ ချန်ရှန်လည်း ဒီကျင့်စဉ်ဟာ တော်တော်ကို အစွမ်းထက်တာကို လက်ခံမိပါတယ် ။
“ဒါကြောင့် ၊ နဂါးသိ်ုင်းစွမ်းရည် အပိုင်းအစတွေကို ကမ္ဘာ တစ်ခုလုံးမှာ ပြန့်နှံစေလိုက်ကြတယ် ။ ဒီအပိုင်းအစတွေသာ စု ဆောင်းနိုင်ပြီး ပေါင်းစပ်မိမယ် ဆိုရင်တော့ . . .”
ချန်ရှန် ရုတ်တရက် စိတ်လှုပ်ရှားလာပါတယ် ။ ဒါပေမယ့် လည်း ဒါကို အောင်မြင်ဖို့ အရမ်းကို ခက်ခဲမယ်ဆိုတာ သိနေ ပါတော့တယ် . . . ။